ကမ္ဘာဦး 1:24Judson Bibleတစ်ဖန်ဘုရားသခင်က၊ မြေသည် အသက်ရှင်သောသတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကိုလည်းကောင်း၊ တွားတတ်သောတိရစ္ဆာန်တို့ကိုလည်းကောင်း၊ သားရဲမျိုးတို့ကိုလည်းကောင်း၊ မွေးဖွားစေဟုအမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရအရှင်ဘုရားသခင်သည် မြေတိရစ္ဆာန်တို့နှင့်၊ မိုးကောင်းကင်ငှက်အပေါင်းတို့ကို မြေဖြင့်ဖန်ဆင်းတော်မူပြီးလျှင်၊ လူသည် အဘယ်သို့ခေါ်ဝေါ်သမုတ်မည်ကိုသိခြင်းငှာ၊ လူရှိရာသို့ဆောင်ခဲ့တော်မူ၏။ လူသည်လည်း အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ်သမုတ်သည်အတိုင်း၊ နာမည်အသီးအသီးရှိကြ၏။