Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 1:21

Judson Bible

ထို​သို့​လျှင်​ရေ​သည် တိ​ရ​စ္ဆာန်​အ​မျိုး​အ​လိုက်​များ​ပြား​စွာ မွေး​ဖွား​၍၊ ငါး​ကြီး​အ​စ​ရှိ​သော အ​သက်​ရှင်​၍ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ပျံ​တတ်​သော​ငှက်​မျိုး​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဘု​ရား​သ​ခင်​ဖန်​ဆင်း​၍၊ ထို​အ​မှု​အရာ​ကောင်း​သည်​ကို မြင်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ထို​အ​မှု​အ​ရာ​ကောင်း​သည်​ကို ဘု​ရား​သ​ခင်​မြင်​တော်​မူ​၍၊

တ​စ်​ဖန်​ဘု​ရား​သ​ခင်​က၊ အ​သက်​ရှင်​၍ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​တို့​ကို ရေ​သည်​များ​ပြား​စွာ မွေး​ဖွား​စေ။ ငှက်​တို့​လည်း မြေ​ပေါ် မိုး​ကောင်း​ကင်​မျက်​နှာ​ကြက်​ပြင်​ဝယ်​ပျံ​စေ​ဟု အ​မိန့်​တော်​ရှိ​၏။

ဘု​ရား​သ​ခင်​က​လည်း၊ များ​ပြား​စွာ မွေး​ဖွား​ကြ​လော့။ ပင်​လယ်​ရေ​များ​ကို ပြည့်​စေ​ကြ​လော့။ ငှက်​တို့​လည်း မြေ​ပေါ်​၌ များ​ပြား​စေ​သ​တည်း​ဟု ထို​တိ​ရ​စ္ဆာန်​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​၍၊

ထို​သို့ ဘု​ရား​သ​ခင်​သည် သား​ရဲ​မျိုး၊ သား​ယဉ်​မျိုး၊ မြေ​ပေါ်​မှာ တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး​အ​ပေါင်း​တို့​ကို ဖန်ဆင်း​၍၊ ထို​အ​မှု​အ​ရာ​ကောင်း​သည်​ကို မြင်​တော်​မူ​၏။

ဘု​ရား​သ​ခင်​သည် မိ​မိ​ဖန်​ဆင်း​သ​မျှ​သော​အ​ရာ​တို့​ကို​ကြည့်​ရှု​လျှင်၊ အ​လွန်​ကောင်း​သည်​ကို မြင်​တော်​မူ​၍၊ ည​ဉ့်ဦး​နှင့် နံ​နက်​သည် ဆ​ဋ္ဌ​မ​နေ့​ရက်​ဖြစ်​လေ​၏။

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​တိ​ရ​စ္ဆာန်​တို့​နှင့်၊ မိုး​ကောင်း​ကင်​ငှက်​အ​ပေါင်း​တို့​ကို မြေ​ဖြင့်​ဖန်​ဆင်း​တော်​မူ​ပြီး​လျှင်၊ လူ​သည် အ​ဘယ်​သို့​ခေါ်​ဝေါ်​သ​မုတ်​မည်​ကို​သိ​ခြင်း​ငှာ၊ လူ​ရှိ​ရာ​သို့​ဆောင်​ခဲ့​တော်​မူ၏။ လူ​သည်​လည်း အ​သက်​ရှင်​သော​သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို ခေါ်​ဝေါ်​သ​မုတ်​သည်​အ​တိုင်း၊ နာ​မည်​အ​သီး​အ​သီး​ရှိ​ကြ​၏။

ငှက်​လည်း​အ​မျိုး​အ​လိုက်၊ သား​လည်း​အ​မျိုး​အ​လိုက်၊ တွား​တတ်​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​လည်း အ​မျိုး​အ​လိုက်၊ အ​ထီး​အ​မ၊ အ​စုံ​တို့​သည် အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ၊ သင့်​ထံ​သို့ လာ​ကြ​လိမ့်​မည်။

သား​ရဲ​မျိုး၊ သား​ယဉ်​မျိုး၊ မြေ​ပေါ်​မှာ​တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး၊ ပျံ​တတ်​သော​ကြက်​ငှက်​မျိုး၊

သင်​ထံ​မှာ အ​သက်​ရှင်​သော တိ​ရ​စ္ဆာန်၊ ငှက်​များ၊ သား​များ၊ မြေ​ပေါ်၌​တွား​တတ်​သော​တိ​ရ​စ္ဆာန်​များ​တို့​သည်၊ မြေ​ပေါ်​မှာ​သား​ကို​မွေး၍ အ​လွန်​တိုး​ပွား​များ​ပြား​မည်​အ​ကြောင်း၊ ထို​တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​ကို ကိုယ်​နှင့်​အ​တူ ထုတ်​ဆောင်​လော့​ဟု၊ နော​ဧ​ကို​မိန့်​တော်​မူ၏။

သား​များ၊ တွား​တတ်​သော​တိ​ရ​စ္ဆာန်​များ၊ ငှက်​များ၊ မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သ​မျှ​သော အ​မျိုး​မျိုး​အ​ပေါင်း​တို့​သည်​လည်း၊ သင်္ဘော​ထဲ​က​ထွက်​ဆင်း​ကြ၏။

မြေ​တိ​ရ​စ္ဆာန်၊ မိုး​ကောင်း​ကင်​ငှက်​အ​စ​ရှိ​သော၊ မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သ​မျှ​နှင့်၊ ပင်​လယ်​ငါး​အ​ပေါင်း​တို့​သည်၊ သင်​တို့​ရှေ့​မှာ ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​သ​ဘော​ရှိ​ရ​ကြ​လိမ့်​မည်။ ထို​တိ​ရိ​စ္ဆာန်​တို့​ကို သင်​တို့​လက်၌​ငါ​အပ်၏။

သင်​တို့​သည် သား​ကို​ဖွား၍ များ​ပြား​ကြ​လော့။ မြေ​ပေါ်​မှာ အ​လွန်​မွေး​ဖွား၍ များ​ပြား​ကြ​လော့​ဟု မိန့်​တော်​မူ၏။

သား​မျိုး​နှင့် မိုး​ကောင်း​ကင်​ငှက်​တို့​ကို မေး​မြန်း​လော့။ သူ​တို့​သည် ဟော​ပြော​သွန်​သင်​ကြ​လိမ့်​မည်။

အောက်​အ​ရပ်၌ သင်္ချိုင်း​သား​တို့​နှင့်​တ​ကွ ရေ​များ​နှင့် ရေ၌​နေ​သော​သူ​များ​တို့​သည် တုန်​လှုပ်​ကြ၏။

ငါ​သည် ပင်​လယ်​ဖြစ်​သ​လော။ န​ဂါး​ဖြစ်​သ​လော။ ထို​သို့​ဖြစ်​သော​ကြောင့် ငါ့​ကို အ​စောင့်​ထား​တော်​မူ​ရ​သ​လော။

မြေ​ကြီး၌​ရှိ​သော​အ​ရာ၊ ငါး​ကြီး​များ၊ နက်​နဲ​ရာ​အ​ရပ်​များ၊

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သား​ကို​ဖွား၍ အ​လွန်​တိုး​ပွား​များ​ပြား​သ​ဖြင့်၊ အ​လွန်​အား​ကြီး​၍ တစ်​ပြည်​လုံး၌ နှံ့​ပြား​ကြ​လေ၏။

မြစ်​သည်​လည်း​များ​စွာ​သော ဖား​တို့​ကို​ဖွား​၍၊ သူ​တို့​သည်​သင်​၏​အိမ်၌​လည်း​ကောင်း၊ အိပ်​ခန်း၌​လည်း​ကောင်း၊ အိပ်​ရာ​ပေါ်၌​လည်း​ကောင်း၊ သင်၏​ကျွန်​တို့​အိမ်၌​လည်း​ကောင်း၊ သင်၏​လူ​တို့​အ​ပေါ်၌​လည်း​ကောင်း၊ သင်၏​မီး​ဖို၌​လည်း​ကောင်း၊ မုန့်​နယ်​သော​ခွက်၌​လည်း​ကောင်း တက်​ကြ​လိမ့်​မည်။

အ​ချင်း​လူ​သား၊ သင်​သည် အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​အ​တွက် မြည်​တမ်း​ခြင်း​ကို​ပြု၍ ပြော​ဆို​ရ​မည်​မှာ၊ သင်​သည် လူ​မျိုး​တို့​တွင် ခြင်္သေ့​ပျို​ကဲ့​သို့ ဖြစ်၏။ အိုင်၌​နေ​သော မိ​ကျောင်း​ကဲ့​သို့​လည်း​ဖြစ်၍၊ မြစ်​တို့​ကို ကူး​သွား​လျက်၊ ခြေ​ဖြင့် ရေ​ကို​လှုပ်​ရှား​လျက် မြစ်​ရေ​ကို နောက်​စေ၏။

ယော​န​ကို မျို​စေ​ခြင်း​ငှာ ငါး​ကြီး​ကို ထာ​ဝ​ရ​ဘု​ရား​ခန့်​ထား​တော်​မူ​သည်​နှင့်​အ​ညီ၊ ယော​န​သည် ငါး၏​ဝမ်း​ထဲ​မှာ သုံး​ရက်​ပတ်​လုံး နေ​ရ၏။

ထို​အ​ခါ ငါး​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​ခံ၍ ယော​န​ကို ကုန်း​ပေါ်​သို့ အန်​လေ၏။

ယော​န​သည် ငါး​ကြီး​ဝမ်း​ထဲ​မှာ သုံး​ရက်​နေ​ရ​သ​ကဲ့​သို့၊ လူ​သား​သည် မြေ​ကြီး​ထဲ​မှာ သုံး​ရက်​နေ​ရ​လ​တ္တံ့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ