မြေကြီး၌ လင်းစေခြင်းငှာလည်းကောင်း၊ နေ့နှင့် ညကိုအုပ်စိုး၍ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားစေခြင်းငှာလည်းကောင်း၊ မိုးကောင်းကင်မျက်နှာကြက်၌ ဘုရားသခင် ထားတော်မူ၏။
ငါ၏သက်တံကို မိုးတိမ်၌ငါထား၏။ ထိုသက်တံသည် မြေကြီးနှင့် ငါပြုသောပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။
သင်သည် တစ်သက်လုံးတွင် တစ်ခါမျှ နံနက်ကို မှာထားဖူးသလော။ မိုးသောက်လင်းကို နေရာချဖူးသလော။
အိုအကျွန်ုပ်တို့၏ ဘုရားရှင်ထာဝရဘုရား၊ နာမတော်သည် မြေကြီးတစ်ပြင်လုံး၌ အလွန်ကြီးမြတ်တော်မူ၏။ ဘုန်းအာနုဘော်တော်သည် မိုးကောင်းကင်ပေါ်မှာ တည်လျက်ရှိပါ၏။
လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏မိုးကောင်းကင်ကိုလည်းကောင်း၊ ပြင်ဆင်တော်မူသောလနှင့် ကြယ်များကိုလည်းကောင်း၊ အကျွန်ုပ်ဆင်ခြင်သော်၊
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါထားသောနေ့ပဋိညာဉ်နှင့် ညပဋိညာဉ်တရားကို သင်တို့သည် ဖျက်၍၊ နေ့ညအပိုင်းအခြား မရှိစေခြင်းငှာ တတ်နိုင်လျှင်၊
ထာဝရဘုရားမိန့်တော်မူသည်ကား၊ နေ့နှင့် ညအဖို့ ငါ၏ပဋိညာဉ် မရှိလျှင်လည်းကောင်း၊ မိုးကောင်းကင်နှင့် မြေကြီးတရားတို့ကို ငါမစီရင်လျှင်လည်းကောင်း၊
မှာတော်မူသော ဗျာဒိတ်တော်အချက်ကား၊ သင်သည် မြေကြီးစွန်းတိုင်အောင် ကယ်တင်ခြင်းကို ပြုစိမ့်သောငှာ၊ သင့်ကို တစ်ပါးအမျိုးသားတို့လင်းစရာဖို့ ငါခန့်ထား၏ဟု ဗျာဒိတ်တော်ရှိသည်ဟု ရဲရင့်စွာ ပြောဆိုကြ၏။-