Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 1:14

Judson Bible

တ​စ်​ဖန်​ဘု​ရား​သ​ခင်​က၊ နေ့​နှင့်ည​ကို ပိုင်း​ခြား​စေ​ခြင်း​ငှာ မိုး​ကောင်း​ကင်​မျက်​နှာ​ကြက်​၌ အ​လင်း​အိမ်​တည်​စေ။ နိ​မိတ်​လ​က္ခ​ဏာ၊ ချိန်း​ချက်​သော​အ​ချိန်၊ နေ့​ရက်​အ​ပိုင်း​အ​ခြား၊ နှစ်​အပိုင်း​အ​ခြား​ဖို့​ဖြစ်​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

43 ပူးပေါင်းရင်းမြစ်များ  

ထို​အ​မှု​အ​ရာ​ကောင်းသည်​ကို ဘု​ရား​သ​ခင်​မြင်​တော်​မူ​၍၊ ညဉ့်​ဦး​နှင့်နံ​နက်​သည် တ​တိ​ယ​နေ့​ရက် ဖြစ်​လေ​၏။

မိုး​ကောင်း​ကင်​မျက်​နှာ​ကြက်​၌​တည်​၍ မြေ​ကြီး​လင်း​စ​ရာ အ​လင်း​အိမ်​ဖြစ်​စေ​ဟု၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း​ဖြစ်​လေ​၏။

မြေ​ကြီး​မ​ကုန်​မီ​တိုင်​အောင် မျိုး​စေ့​ကြဲ​ရ​သော​ကာ​လ၊ အ​သီး​အ​နှံ​ကို​သိမ်း​ရ​သော​ကာ​လ၊ ချမ်း​သော​ကာ​လ၊ ပူ​သော​ကာ​လ၊ နွေ​ကာ​လ၊ ဆောင်း​ကာ​လ​မ​ပြတ်​ရ​ဟု အ​မိန့်​တော်​ရှိ၏။

ငါ၏​သက်​တံ​ကို မိုး​တိမ်၌​ငါ​ထား၏။ ထို​သက်​တံ​သည် မြေ​ကြီး​နှင့် ငါ​ပြု​သော​ပ​ဋိ​ညာဉ်၏ သက်​သေ​ဖြစ်​လိမ့်​မည်။

ဗိုလ်​ခြေ​တော်​တို့​ကို ရေ​တွက်​နိုင်​သ​လော။ အ​လင်း​တော်​သည် အ​ဘယ်​သူ​ကို မ​လင်း​ဘဲ​နေ​သ​နည်း။

လ​သော်​လည်း အ​လင်း​မ​ရှိ။ ကြယ်​သော်​လည်း ရှေ့​တော်၌ မ​ဖြူ​စင်။

ညဉ့်​ဦး​ယံ​ကြယ်​တို့​သည် မိုက်​ပါ​စေ။ ထို​ည​သည် အ​လင်း​ကို​တောင့်​တ၍ မ​ရ​ပါ​စေ​နှင့်။ နံ​နက်​မိုး​လင်း​ကို မ​မြင်​ပါ​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊

ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်၍ စီ​ရင်​တော်​မူ​သည်​နှင့်​အ​ညီ၊ ယ​နေ့​တိုင်​အောင် အ​မြဲ​နေ​ကြ​ပါ၏။

နေ​လ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ ထွန်း​လင်း​သော ကြယ်​အ​ပေါင်း​တို့၊ ချီး​မွမ်း​ကြ​လော့။

ထို​အ​ရာ​တို့​ကို ကာ​လ​အ​စဉ်​အ​ဆက် အ​မြဲ​တည်​စေ​တော်​မူ၍၊ မ​ပျက်​ရ​သော​ဓ​မ္မ​တာ​ကို စီ​ရင်​တော်​မူ၏။

သန့်​ရှင်း​ရာ​ဌာ​န​တော်၌ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​လော့။ ဘုန်း​တော်​ထင်​ရှား​ရာ ကောင်း​ကင်​မျက်​နှာ​ကြက်​ပေါ်​မှာ ချီး​မွမ်း​ကြ​လော့။

လ​ဆန်း​နေ့၊ လ​ပြည့်​နေ့၊ ပွဲ​သ​ဘင်​နေ့၌ တံ​ပိုး​မှုတ်​ကြ။

အ​ထက်​သို့ မျှော်​ကြည့်​ကြ​လော့။ ထို​အ​ရာ​တို့​ကို အ​ဘယ်​သူ ဖန်​ဆင်း​သ​နည်း။ ထို​သူ​သည် သူ​တို့​အ​လုံး​အ​ရင်း​ကို အ​ရေ​အ​တွက်​အား​ဖြင့် ထုတ်​ဆောင်​တော်​မူ၏။ အ​လုံး​စုံ​တို့​ကို နာ​မည်​ဖြင့်​ခေါ်​တော်​မူ၏။ ခွန်​အား​ကြီး၍ တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော​ကြောင့်၊ တစ်​စုံ​တစ်​ခု​မျှ မ​ပေါ်​ဘဲ​မ​နေ​ရ။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သာ​သ​နာ​ပ​လူ​တို့၏​ဘာ​သာ​ဓ​လေ့၌ မ​ကျင်​လည်​ကြ​နှင့်။ သာ​သ​နာ​ပ​လူ​တို့ ထိတ်​လန့်​ကြောက်​တတ်​သော မိုး​ကောင်း​ကင်​နိ​မိတ်​တို့​မှ မ​ထိတ်​လန့် မ​ကြောက်​ကြ​နှင့်။

နေ့​အ​ချိန်၌ လင်း​စ​ရာ​ဖို့ နေ​ကို​ခန့်​ထား၍၊ ည​အ​ချိန်၌ လင်း​စ​ရာ​ဖို့ လ​နှင့်​ကြယ်​တို့​ကို စီ​ရင်​တော်​မူ​ထ​သော၊ သ​မု​ဒ္ဒ​ရာ​ကို​ဆုံး​မ၍ လှိုင်း​တံ​ပိုး​ကို ဟုန်း​စေ​တော်​မူ​ထ​သော၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဟူ​သော​ဘွဲ့​နာ​မ​ရှိ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​ထား​သော​နေ့​ပ​ဋိ​ညာဉ်​နှင့် ည​ပ​ဋိ​ညာဉ်​တ​ရား​ကို သင်​တို့​သည် ဖျက်၍၊ နေ့​ည​အ​ပိုင်း​အ​ခြား မ​ရှိ​စေ​ခြင်း​ငှာ တတ်​နိုင်​လျှင်၊

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ နေ့​နှင့် ည​အ​ဖို့ ငါ၏​ပ​ဋိ​ညာဉ် မ​ရှိ​လျှင်​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​တ​ရား​တို့​ကို ငါ​မ​စီ​ရင်​လျှင်​လည်း​ကောင်း၊

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ရှေ့​သို့ မျက်​နှာ​ပြု​သော အ​တွင်း​တံ​တိုင်း တံ​ခါး​ကို အ​လုပ်​လုပ်​သော​နေ့ ခြောက်​ရက်​ပတ်​လုံး ပိတ်​ထား​ရ​မည်။ ဥ​ပုသ်​နေ့​နှင့် လ​ဆန်း​နေ့၌ ဖွင့်​ထား​ရ​မည်။

လ​ဆန်း​နေ့၌ အ​ပြစ်​မ​ပါ​သော နွား​ထီး​တစ်​ကောင်၊ သိုး​သ​ငယ်​ခြောက်​ကောင်၊ သိုး​ထီး​တစ်​ကောင်​ကို ပူ​ဇော်​ရ​မည်။

သူ​တို့​ရှေ့​မှာ မြေ​ကြီး​လှုပ်​လိမ့်​မည်။ မိုး​ကောင်း​ကင်​လည်း တုန်​ခိုက်​လိမ့်​မည်။ နေ​နှင့် လ​သည် မိုက်၍၊ ကြယ်​တို့​သည် မ​ထွန်း​လင်း​ဘဲ နေ​ကြ​လိမ့်​မည်။

နေ​နှင့် လ​သည် မိုက်​လိမ့်​မည်။ ကြယ်​တို့​သည်​လည်း မ​ထွန်း​လင်း​ဘဲ နေ​ကြ​လိမ့်​မည်။

ခိ​မ​ကြယ်​စု​နှင့် ခ​သိ​လ​ကြယ်​ကို ဖန်​ဆင်း​ထ​သော၊ သေ​မင်း​အ​ရိပ်​ကို နံ​နက်​အ​လင်း ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ နေ့​အ​လင်း​ကို ည​အ​မိုက်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​ထ​သော၊ ပင်​လယ်​ရေ​ကို​ခေါ်၍ မြေ​ပေါ်​မှာ သွန်း​လောင်း​ထ​သော၊ ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​ထ​သော၊

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ​အ​ခါ မွန်း​တည့်​အ​ချိန်၌ ငါ​သည် နေ​ကို​ဝင်​စေ​မည်။ ကြည်​လင်​သော​နေ့၌ မြေ​ကြီး​ကို မိုက်​စေ​မည်။

ယ​ခု ဖွား​မြင်​သော ယု​ဒ​ရှင်​ဘု​ရင်​သည်၊ အ​ဘယ်​မှာ ရှိ​တော်​မူ​သ​နည်း။ အ​ရှေ့​ပြည်၌ သူ၏​ကြယ်​ကို ငါ​တို့ မြင်​ရ​သည်​ဖြစ်၍ ဖူး​တွေ့​ပူ​ဇော်​ခြင်း​ငှာ ရောက်​လာ​ပြီ​ဟု မေး​မြန်း​ပြော​ဆို​ကြ၏။-

ထို​ကာ​လ၏ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​နောက် ရုတ်​ခ​နဲ နေ​သည်​မိုက်​လိမ့်​မည်။ လ​သည် အ​ရောင်​ကို​မ​ပေး။ ကြယ်​တို့​သည် ကောင်း​ကင်​မှ ကျ​ကြ​လိမ့်​မည်။ ကောင်း​ကင်​တန်​ခိုး​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။-

ထို​ကာ​လ၏ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​နောက်​မှ နေ​သည် မိုက်​လိမ့်​မည်။ လ​သည် အ​ရောင်​မ​ပေး။

နေ​အ​ရောင် ကွယ်​ပျောက်​လေ၏။ ဗိ​မာန်​တော်၏ ကု​လား​ကာ​သည် နှစ်​ဖြာ​ကွဲ​လေ၏။-

မိုး​ကောင်း​ကင်​ကို​မျှော်၍၊ နေ၊ လ၊ ကြယ်​များ​တည်း​ဟူ​သော မိုး​ကောင်း​ကင်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို မြင်​သော​အ​ခါ၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ မိုး​ကောင်း​ကင်​အောက်၌ ရှိ​သ​မျှ​သော​လူ​မျိုး​တို့​အား ဝေ​ငှ​ပေး​ကမ်း​တော်​မူ​သော ထို​တန်​ဆာ​တို့​ကို ဝတ်​ပြု​ကိုး​ကွယ်​စေ​ခြင်း​ငှာ၊ သူ​တစ်​ပါး​တို့​သည် သွေး​ဆောင်၍ မ​ရ​နိုင်​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။

ဆ​ဋ္ဌ​မ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ ငါ​ကြည့်​လျှင် ကြီး​စွာ​သော မြေ​လှုပ်​ခြင်း​ဖြစ်၏။ နေ​သည် အ​မွေး​ဖြင့်​ရက်​သော အ​ဝတ်​ကြမ်း​ကဲ့​သို့ မည်း၏။ လ​အ​လုံး​သည် အ​သွေး​ကဲ့​သို့ ဖြစ်၏။-

စ​တု​တ္ထ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ နေ​သုံး​စု​တစ်​စု၊ လ​သုံး​စု​တစ်​စု၊ ကြယ်​သုံး​စု​တစ်​စု​ကြတ်၍ သုံး​စု​တစ်​စု မိုက်​လေ၏။ နေ့​သုံး​စု​တစ်​စု၊ ည​သုံး​စု​တစ်​စု​သည် အ​လင်း​မ​ရှိ၊-

သူ​သည် အ​နက်​ဆုံး​သော​တွင်း​ကို ဖွင့်​လျှင်၊ ကြီး​စွာ​သော မီး​ဖို၏​အ​ခိုး​ကဲ့​သို့​သော အ​ခိုး​သည် တွင်း​ထဲ​က တက်​လေ၏။ ထို​တွင်း၏ မီး​ခိုး​ကြောင့်၊ နေ​နှင့် အာ​ကာ​သ​ကောင်း​ကင်​သည် မှောင်​မိုက်​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ