သေ မင်း အ ရိပ် ကျ ရာ ချိုင့် ကို ပင် ငါ လျှောက် သွား ရ သော် လည်း၊ ဘေး အ န္တ ရာယ် ကို ကြောက် ရွံ့ မည် မ ဟုတ်။ ကိုယ် တော် သည် အကျွန်ုပ် နှင့် အ တူ ရှိ နေ ၏။ လှံ တံ တော်၊ တောင် ဝေး တော် ဖြင့် နှစ် သိမ့် စေ တော် မူ ပါ ၏။
မ စွန့် မ ပယ် ဘဲ ငါ ရွေး ချယ် သည့် အ လျောက်၊ သင် နှင့် အ တူ ငါ ရှိ သ ဖြင့်၊ မ ကြောက် လင့်။ ငါ သည် သင်၏ ဘု ရား သ ခင် ဖြစ် သော ကြောင့်၊ မ စိုး ရိမ် နှင့်။ သင့် ကို ခိုင် ခံ့ စွာ ထောက် မ မည့် ပြင်၊ အောင် ပွဲ ရ ညာ လက် ရုံး ဖြင့် ထောက် ပင့် လိမ့် မည်။
သင် တို့ အ တွက် ကြောင့် ကြ တော် မူ သော ကြောင့် သင် တို့ စိုး ရိမ် ခြင်း ရှိ သ မျှ ကို ကိုယ် တော့် အ ပေါ် သို့ လွှဲ တင် ကြ လော့။
ဖြောင့် မတ် သူ တို့ အော် ဟစ် ရာ၊ ထာ ဝ ရ ဘု ရား သည် နား ညောင်း လျက်၊ ဒု က္ခ ရှိ သ မျှ မှ ကယ် လွှတ် တော် မူ၏။ထာ ဝ ရ ဘု ရား သည် ကြေ ကွဲ သော နှ လုံး ရှိ သူ တို့ အ နီး ရှိ နေ ၍၊ ကြေ မွ သော စိတ် ရှိ သူ တို့ ကို ကယ် တော် မူ ၏။
ဘု ရား သ ခင် ကြောင့် ငါ တို့ ခံ ရ သော နှစ် သိမ့် ခြင်း အား ဖြင့် မည် သည့် ဒု က္ခ မ ဆို ခံ နေ ရ သူ တို့ ကို နှစ် သိမ့် စေ ခွင့် ရှိ အံ့ သော ငှာ ငါ တို့ ခံ သ မျှ သော ဒု က္ခ၌ နှစ် သိမ့် စေ တော် မူ သည့် အ လျောက် က ရု ဏာ သက် တော် မူ သော အ ဘ၊ နှစ် သိမ့် ခြင်း အ မျိုး မျိုး ပေး တော် မူ သော ဘု ရား၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ခ မည်း တော် ဘု ရား သခင် ၌ မင်္ဂ လာ ရှိ ၏။
နှ လုံး ကြေ ကွဲ သော သူ တို့ ကို နှစ် သိမ့် စေ လျက်၊ သူ တို့ ဒဏ် ရာ များ ကို ပတ် စည်း တော် မူ၏။
ကိုယ့် ဝန် ကို ထာ ဝ ရ ဘု ရား အား လွှဲ အပ် လော့။ ထောက် မ တော် မူ လိမ့် မည်။ သူ တော် ကောင်း ကို မည် သည့် ကာ လ မျှ၊ ရွှေ့ သွား စေ ခွင့် ပြု တော် မူ မည် မ ဟုတ်။
ပင် ပန်း သူ ဝန် လေး သူ အ ပေါင်း တို့၊ ငါ့ ထံ လာ ကြ လော့။ ငါ သည် ချမ်း သာ စေ မည်။ငါ့ ထမ်း ပိုး ကို ထမ်း၍ ငါ့ ထံ မှ သင် ကြ လော့။ ငါ သည် သိမ် မွေ့ နှိမ့် ချ သော စိတ် ရှိ၏။ အ သက် ဝိ ညာဉ် ချမ်း သာ ရာ ကို လည်း သင် တို့ တွေ့ ကြ လိမ့် မည်။ကိုယ် တော် သည် ကြွ လာ ရ မည့် အ ရှင် လော။ အ ခြား မျှော် လင့် ရ ဦး မည် လော့ ဟု မေး လျှောက် စေ သည့် အ တိုင်းငါ့ ထမ်း ပိုး သည် ထမ်း လွယ် လျက် ငါ့ ဝန် လည်း ပေါ့ သည် ဟူ၍ မိန့် တော် မူ၏။
စိုး စဉ်း မျှ မ စိုး ရိမ် ပဲ ကျေး ဇူး တော် ကို ချီး မွမ်း လျက် တောင်း လျောက် ပ ဌာ နာ ပြု ချက် များ ဖြင့် လို လေ ရာ ရာ ကို ဘု ရား သ ခင် ရှေ့ ဖော် ပြ ကြ လော့။သို့ ပြု လျင် ဉာဏ် ဟူ သ မျှ ထက် လွန် ကဲ သော ဘု ရား သ ခင် ငြိမ် သက် ခြင်း သည် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့၏ စိတ် နှ လုံး နှင့် အ ကြံ အ စည် များ ကို ကွယ် ကာ စောင့် ရှောက် လိမ့် မည်။
မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။
ဘု ရား သ ခင် သည်၊ ငါ တို့ ခို လှုံ ရာ၊ ငါ တို့ စွမ်း အား ဖြစ် လျက်၊ ဒု က္ခ ရောက် သည့် ကာ လ၊ တွေ့ လွယ် သော အ ထောက် အ မ ဖြစ် တော် မူ ပါ ၏။
မြစ် များ ကို ကူး သွား ရ လျှင် လွှမ်း မိုး ခြင်း၊ မီး၌ သွား ရ လျှင် ပူ လောင် ခြင်း၊ မီး လျှံ သင့် ခြင်း များ ကို ခံ ရ မည် မ ဟုတ်။
ငါ့ အ သက် ဝိ ညာဉ် သည်၊ ဘု ရား သ ခင်၌ သာ ငြိမ် ဝပ် စွာ နေ ရ၏။ ကယ် တင် ရာ အ ကြောင်း သည်၊ အ ထံ တော် မှ ရောက် လာ၏။အ ညှဉ်း အ ပန်း ၌ ကိုး စား ခြင်း အ လု အ ယက် ကြောင့် ဝင့် ဝါ ခြင်း မ ပြု ကြ နှင့်။ တိုး ပွား သည့် ပ စ္စည်း များ ကို မ စွဲ လမ်း ကြ လင့်။ဘု ရား သ ခင် သည် တစ် ကြိမ် တည်း ဗျာ ဒိတ် ပေး တော် မူ သည် မှာ၊ တန် ခိုး သည် ဘု ရား သ ခင် နှင့် စပ် ဆိုင် သည်။အို အ ရှင် ဘု ရား၊ က ရု ဏာ လည်း ကိုယ် တော် နှင့် စပ် ဆိုင် ပါ သည် ဟူ သော နှစ် ချက် ကို ငါ ကြား ရ၏။ ကိုယ် တော် သည် လူ အ သီး အ သီး တို့ အား၊ ကိုယ့် အ ကျင့် အ လျောက် ဆပ် ပေး တော် မူ ပါ ၏။ကိုယ် တော် သာ လျှင်၊ ငါ့ အ ဖို့ ကျောက် တောင်၊ ကယ် တင် ရာ အ ကြောင်း၊ ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ၍၊ များ စွာ ရွေ့ ရ မည် မ ဟုတ်။
အ ခြင်း အ ရာ ဟောင်း များ လွင့် သွား ပြီ ဖြစ် သော ကြောင့် သေ ခြင်း မှ စ၍ မြည် တမ်း ခြင်း၊ ဟစ် ကြွေး ခြင်း၊ နာ ကျင် ခြင်း ရှိ ရ တော့ မည် မ ဟုတ် ဟု မြွက် ဆို သည် ကို ငါ ကြား ရ ၏။
အ ချင်း မိုး ကောင်း ကင်၊ ကျူး ဧ လော့။ အ ချင်း မြေ ပ ထ ဝီ၊ ရွှင် လန်း လော့။ အ ချင်း တောင် များ တို့၊ ကျူး ဧ ကြွေး ကြော် ကြ လော့။ ငါ ထာ ဝ ရ ဘု ရား သည် လူ မျိုး တော် ကို နှစ် သိမ့် စေ၍၊ ဆင်း ရဲ ခံ ရ သော လူ မျိုး တော် ကို က ရု ဏာ သက် တော် မူ ဦး မည်။
ငြိမ်သက်ခြင်းကို သင်တို့နှင့်ငါထားခဲ့၏။ လောကသားတို့ပေးကြသည့်နည်းတူမဟုတ်။ ကိုယ့်ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ နှလုံးမသာခြင်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။
၎င်း ပြင် အ ကြံ တော် နှင့် အ ညီ ခေါ် ထား တော် မူ သူ၊ ဘု ရား သ ခင် ကို ချစ် ကြည် မြတ် နိုး သူ တို့ ကောင်း ကျိုး အ လို့ ငှါ အ ရာ ခပ် သိမ်း ဝိုင်း ညီ ပြု စု လျက် ရှိ ကြောင်း၊
ဒု က္ခ ရောက် သည့် ကာ လ၊ ချမ်း သာ ရ ရန် အ ကြောင်း မှာ၊ ဗျာ ဒိတ် တော် ကြောင့် အ သက် ရှင် ခွင့် ရ ခြင်း တည်း။
ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ကိုယ် တော် တိုင် နှင့် ငါ တို့ ကို ချစ် ၍ ကျေး ဇူး တော် ကြောင့် ထာ ဝ ရ နှစ် သိမ့် ခွင့်၊ ချမ်း သာ စွာ မျှော် လင့် ခွင့် များ ကို သ နား တော် မူ သော၊ငါ တို့ အ ဘ ဘု ရား သ ခင် သည် သင် တို့ စိတ် နှ လုံး များ ကို နှစ် သိမ့် စေ၍ ကောင်း သော အ ကျင့် အ ကြံ အ ပြော အ ဆို ရှိ သ မျှ၌ အား ပေး တော် မူ ပါ စေ သော။
လော ဘ ကင်း၍ ကိုယ် ပိုင် ပ စ္စည်း နှင့် ရောင့် ရဲ ကြ လော့။ အ သို့ ဆို သော် ငါ သည် သင့် ကို မည် သည့် အ ခါ မျှ စွန့် ထား မည် မ ဟုတ် ဟု မိန့် တော် မူ ချက် ရှိ သ ဖြင့်၊ထာ ဝ ရ ဘု ရား မ စ တော် မူ သည့် အ လျောက် ငါ မ ကြောက် မ ရွံ့။ လူ သည် ငါ့ ကို မည် သို့ ပြု နိုင် အံ့ နည်း ဟု ရဲ ရင့် စွာ ငါ တို့ ဆို ရ ကြ ၏။
အ ကျွန်ုပ် အ သွေး အ သား နှင့် နှ လုံး ယို ယွင်း ရ သော် လည်း၊ ဘု ရား သ ခင် သည်၊ အ ကျွန်ုပ် စိတ် နှ လုံး ၏ ကျောက် တောင်၊ အကျွန်ုပ် ၏ ဝေ ပုံ၊ အ စဉ် ဖြစ် တော် မူ ၏။
အ မိ သည် သား ကို နှစ် သိမ့် စေ သည့် နည်း တူ၊ သင် တို့ ကို ငါ နှစ် သိမ့် စေ သ ဖြင့်၊ ယေ ရု ရှ လင် မြို့ တွင်း ၌ ပင် နှစ် သိမ့် ခွင့် ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ၏။
၎င်း ပြင် ညီ အစ် ကို တို့၊ မျှော် လင့် ခြင်း ကင်း သော ကြွင်း ရစ် သူ တို့ ကဲ့ သို့ မ ပူ ပန် စေ ရန်၊ အိပ် ပျော် သူ တို့ နှင့် စပ် လျဉ်း၍ သင် တို့ မ သိ ဘဲ မ နေ စေ လို။ယေ ရှု သည် အ သေ ခံ ပြီး နောက် ရှင် ပြန် ထ မြောက် တော် မူ ကြောင်း ငါ တို့ ယုံ လျှင် ယေ ရှု အား ဖြင့် အိပ် ပျော် သူ တို့ ကို လည်း ကိုယ် တော် နှင့် တ ကွ ထို နည်း တူ ဘု ရား သ ခင် ပို့ ဆောင် တော် မူ လိမ့် မည်။
မြင့် မြတ် သော ဘု ရား၏ အ တွင်း ဌာ န တော်၌ နေ ထိုင် သော သူ သည်၊ အ န န္တ တန် ခိုး ရှင်၏ အ ရိပ် ကို ခို လှုံ ရ လိမ့် မည်။သင့် ထံ ဘေး တစ် မျိုး မျှ မ ချဉ်း၊ နေ ထိုင် ရာ သို့ ကပ် ရော ဂါ တစ် မျိုး မျှ မ သင့် ရ။သွား လေ ရာ ရာ၌ သင့် ကို စောင့် ထိန်း ကြ စေ ရန်၊ စေ တ မန် တော် တို့ အား မှာ ထား တော် မူ သည့် အ တိုင်း၊ကျောက် ခဲ နှင့် ခြေ ကို မ ခိုက် မိ စေ ရန်၊ ချီ ပင့် ရ ကြ လိမ့် မည်။သင် သည် ခြင်္သေ့ နှင့် မြွေ ဆိုး များ ကို နင်း၍၊ ခြင်္သေ့ ပျို နှင့် န ဂါး တို့ ကို ကျော် ရ လိမ့် မည်။ငါ၌ စွဲ လမ်း သော ကြောင့်၊ သူ့ ကို ငါ ကယ် လွှတ်၍၊ ငါ့ နာ မ ကို သိ ကျွမ်း သော ကြောင့်၊ ချီး မြှောက် မည်။ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။တင်း တိမ် ဖွယ် အ သက် ရှည် စွာ သ နား ၍၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ကို ဖော် ပြ မည်။ငါ၏ ခို လှုံ ရာ၊ ငါ၏ ခံ တပ်၊ ငါ ကိုး စား ရာ ဘု ရား သ ခင် ပေ တည်း ဟု၊ ထာ ဝ ရ ဘု ရား အား ငါ ဝန် ခံ မည်။
သေ ခြင်း နှင့် ရှင် ခြင်း သော် လည်း ကောင်း၊ စေ တ မန် တော် နှင့် နတ် မင်း များ သော် လည်း ကောင်း၊ ပ စ္စု ပ္ပန် နှင့် အ နာဂတ် အ ရာ များ သော် လည်း ကောင်း၊ တန် ခိုး ရှင် များ သော် လည်း ကောင်း၊ ဘ ဝဂ် နှင့် အ ဝီ စိ သော် လည်း ကောင်း၊ဖန် ဆင်း ထား သော အ ရာ မည် သည် မ ဆို ငါ တို့ ကို အ ရှင် ခ ရစ် တော် ယေ ရှု၌ ရှိ သော ဘု ရား သ ခင်၏ မေ တ္တာ တော် မှ မ ကွာ စေ နိုင် ဟူ၍ ငါ စိတ် ချ သ တည်း။
နိမ့် ကျ သူ တို့ ကို နှစ် သိမ့် စေ သော ဘု ရား သ ခင် သည် တိ တု ရောက် လာ ခြင်း အား ဖြင့် ငါ တို့ ကို နှစ် သိမ့် စေ တော် မူ သည် သာ မ က၊
သူ ရှင် တို့ နေ ရာ တွင်၊ ထာ ဝ ရ ဘု ရား၏ ကောင်း မြတ် တော် မူ ခြင်း ကို မြင် ရ ပါ မည် ဟု ယုံ ကြည် ရင်း မ ဟုတ် လျှင်၊ အား လျော့ ပါ လေ ပြီ။ထာ ဝ ရ ဘု ရား ကို စောင့် မျှော် လျက်၊ အား ယူ၍ ရဲ ရင့် သော စိတ် ရှိ လော့။ ထာ ဝ ရ ဘု ရား ကို စောင့် မျှော် ဦး လော့။
ကျွန် တော် မျိုး အား က တိ ထား တော် မူ သည့် အ တိုင်း၊ မေ တ္တာ ကျေး ဇူး တော် ကြောင့် ချမ်း သာ ရ စေ တော် မူ ပါ။
အ ကျင့် ဓ လေ့ များ ကို ငါ သိ မြင်၏။ သို့ ရာ တွင် သက် သာ စေ၍ လမ်း ပြ လျက်၊ သူ့ ဘက် ပါ ညည်း တွား ရ သူ တို့ နှင့် တ ကွ နှစ် သိမ့် ခွင့် ရှိ စေ ဦး မည်။ထော မ နာ ပြု ခြင်း ကို ငါ ပြု ပြင် ၏။ ဝေး ကွာ သော သူ နှင့် နီး စပ် သော သူ၌ ချမ်း သာ ရှိ သည် ဟု ငါ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် အ တိုင်း သက် သာ စေ လိမ့် မည်။
ငါ့ ကို ခွန် အား နှင့် ပြည့် စေ တော် မူ သော အ ရှင်၌ ငါ သည် အ ရာ ခပ် သိမ်း ကို စွမ်း ဆောင် နိုင်၏။
သင်တို့သည် ငါ၌ငြိမ်သက်ခြင်းရှိကြစေရန် ထိုသို့ငါဟောခဲ့ပြီ။ ဤလောက၌ ဆင်းရဲဒုက္ခရောက်သော်လည်းအားယူကြလော့။ ငါသည် ဤလောကကိုအောင်ပြီဟု မိန့်တော်မူ၏။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ ကျောက် တောင်၊ ငါ့ ခံ တပ်၊ ငါ့ ကို ကယ် လွှတ် သော အ ရှင်၊ ငါ့ ဘု ရား သ ခင်၊ ငါ ခို လှုံ ရာ ကျောက် စွယ်၊ ငါ့ ဒိုင်း လွှား၊ ငါ့ ကယ် တင် ရာ ဦး ချို၊ ငါ့ ရဲ တိုက် ဖြစ် တော် မူ ၏။
ငါ သာ လျှင် သင် တို့ ကို နှစ် သိမ့် စေ သော အ ရှင် ပေ တည်း။ မိုး ကောင်း ကင် ကို ကြက် လျက်၊ မြေ ပ ထ ဝီ ကို တည် ထောင်၍၊ သင့် ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား ကို သ တိ မ ရ ဘဲ၊ သေ တတ် သော လူ၊ မြက် ပင် အ ဖြစ် ရောက် တတ် သော လူ့ သား တို့ ကို ကြောက် ရွံ့ ခြင်း၊ ဖျက် ဆီး ရန် လေး တင် လျက် နှိပ် စက် သူ တို့ ၏ ဒေါ သ ကြောင့် အ စဉ် မ ပြတ် တုန် လှုပ် ခြင်း ရှိ သော သင် သည်၊ မည် သို့ သော သူ ဖြစ် သ နည်း။ နှိပ် စက် သူ တို့ ဒေါ သ အ ဘယ် မှာ နည်း။
သို့ ဖြစ် လျှင် ဤ အ ကြောင်း အ ရာ များ ကို ထောက် သော် မည် သို့ ဆို ရ အံ့ နည်း။ ဘု ရား သ ခင် သည် ငါ တို့ ဘက်၌ ရှိ တော် မူ လျှင် တစ် ဘက်၌ ရှိ ဝံ့ သူ ကား မည် သူ နည်း။
ထာ ဝ ရ ဘု ရား ကို၊ ငါ ရှာ ဖွေ ရာ၊ ကိုယ် တော် နား ညောင်း ၍၊ ငါ ကြောက် ဖွယ် ရှိ သ မျှ မှ ကယ် လွှတ် တော် မူ ၏။
ဘု ရား သ ခင် သည်၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ပေ တည်း။ ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ ငါ၏ စွမ်း အား၊ ငါ ကျူး ဧ ဖွဲ့ ဆို ရာ၊ ငါ့ ကို ကယ် တင် ရာ အ ကြောင်း ဖြစ် စေ တော် မူ သ ဖြင့်၊ ကြောက် ရွံ့ ခြင်း ကင်း ၍ ကိုး စား ပါ မည် ဟု မြွက် ဆို လျက်၊
ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ပေါ် တော် မူ ခြင်း ကို စောင့် မြော် လျက် နေ သော သင် တို့၌ ခ ရစ် တော့် အ ကြောင်း သက် သေ ခံ ချက် အ တည် ရှိ သ ဖြင့် ဆု ကျေး ဇူး တော် တစ် စုံ တစ် ရာ မျှ မဲ့ လျက် မ နေ သည် ဖြစ်၍ ကိုယ် တော် အား ဖြင့် ဟော ပြော ခွင့် ထိုး ထွင်း ခွင့် အ မျိုး မျိုး နှင့် ကြွယ် ဝ ကြ သည့် အ လျောက် ခ ရစ် တော် ယေ ရှု၌ ခံ စား ကြ ရ သော ဘု ရား သ ခင့် ကျေး ဇူး တော် အ တွက် သင် တို့ နှင့် စပ်၍ ဘု ရား သ ခင့် ကျေး ဇူး တော် ကို အ စဉ် ငါ ချီး မွမ်း၏။
အ တူ ကြွ လျက် ဦး ဆောင် တော် မူ သော ထာ ဝ ရ ဘု ရား သည် သင့် ကို မည် သည့် အ ခါ မျှ စွန့် ထား တော် မ မူ သော ကြောင့် ကြောက် ရွံ့ တုန် လှုပ် ခြင်း ကင်း လော့ ဟူ၍ တည်း။
ကိုယ် တော် သည် အ ကျွန်ုပ် ကွယ် ကာ ရန်၊ အ ကျွန်ုပ် ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ သည့် အ လျောက်၊ နှုတ် က ပတ် တော် ကို စောင့် မျှော် လျက် နေ ပါ၏။
သို့ ဖြစ်၍ မည် သည့် အ ရာ ကို စား ရ မည်။ မည် သည့် အ ရာ ကို သောက် ရ မည်။ မည် သည့် အ ရာ ကို ဝတ် ရ မည် ဟူ၍ မ စိုး ရိမ် ကြ နှင့်။ထို အ ရာ အ လုံး စုံ ကို လူ မျိုး ခြား တို့ ရှာ ကြံ တတ် ကြ၏။ သင် တို့၌ ကား လို သော အ ရာ များ ဖြစ် ကြောင်း ကို ကောင်း ကင် ဘုံ ရှင် သင် တို့ အ ဘ သိ တော် မူ သ တည်း။ဘု ရား သ ခင့် နိုင် ငံ တော် နှင့် ဖြောင့် မတ် ခြင်း တ ရား တော် ကို ဦး စွာ ရှာ ကြ လော့၊ ထို အ ရာ အ လုံး စုံ ကို ထပ် မံ သ နား တော် မူ လိမ့် မည်။ထို့ ကြောင့် နက် ဖြန် နေ့ အ ဖို့ မ စိုး ရိမ် ကြ နှင့်။ နက် ဖြန် နေ့ က ပင် ကိုယ့် အ ဖို့ စိုး ရိမ် လိမ့် မည်။ တစ် ရက် နှင့် ဆိုင် သော ဒု က္ခ သည် ထို ရက် အ ဖို့ တော် လောက် ၏။
အ နိ စ္စ တည် လျက် မျက် မှောက် ရှိ ရာ များ ကို မ ဟုတ်။ နိ စ္စ တည် လျက် မျက် မှောက် မ ရှိ ရာ များ ကို သာ ထောက် ရှု ကြ သော ငါ တို့၌ ပေါ့ ဆ သော ဇင်္ဂ မ ဒု က္ခ သည် ကဲ လွန် ထူး မြတ် ကြီး လေး သော ထာ ဝ ရ ဘု ရား ဘုန်း အ သ ရေ အ ကျိုး ကို ဖြစ် ထွန်း စေ သ တည်း။
သူတို့ကို ငါ့အားသနားတော်မူသောခမည်းတော်သည် သူခပ်သိမ်းထက်ကြီးမြတ်တော်မူ၍ လက်တော်တွင်းမှမည်သူမျှမလုမယူနိုင်။
သို့ ဖြစ်၍ အ ချင်း ချင်း နှစ် သိမ့် စေ လျက် တစ် ဦး ကို တစ် ဦး ဆောက် တည် ရင်း အ တိုင်း ဆောက် တည် ကြ ဦး လော့။
စိတ် နှ လုံး တည် ကြည် သော သူ့ ကို၊ ကိုယ် တော် ၌ ကိုး စား သည် နှင့်၊ လုံ ခြုံ စွာ စောင့် ထိန်း တော် မူ၏။
အ တောင် တော် နှင့် ဖုံး အုပ်၍၊ တောင် ပံ အောက် ခို လှုံ ခွင့် ပြု တော် မူ သည့် အ တိုင်း၊ သ စ္စာ တော် သည် ဒိုင်း ရှည် နှင့် ဒိုင်း လုံး ဖြစ် ၏။
ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။
မီး ဖြင့် စံ ချ ပြီး သော ပျက် စီး တတ် သည့် ရွှေ ထက် မြတ်၍ စံ တော် မီ သင် တို့ ယုံ ကြည် ခြင်း သည် ယေ ရှု ခ ရစ် ပေါ် တော် မူ သည့် ကာ လ ချီး မွမ်း ဂုဏ် တင်၍ အ သ ရေ ပေး တော် မူ ဖွယ် ဖြစ် စေ ခြင်း ငှါ အ ထပ် ထပ် ဝမ်း နည်း ဖွယ် သော စုံ စမ်း ခြင်း ကို ယ ခု တစ် ခ ဏ မျှ ခံ သင့် သော် လည်း ထို ကာ လ ကို ထောက်၍ များ စွာ ရွှင် လန်း ကြ၏။
ထို မျှ မ က ဒု က္ခ ရောက် ခြင်း ဖြင့် တည် ကြည် ခွင့်၊ တည် ကြည် ခြင်း ဖြင့် စံ တော် မီ ခွင့်၊ စံ တော် မီ ခြင်း ဖြင့် စောင့် မျှော် ခွင့် ဖြစ် ပွား သည် ကို သိ မှတ် သည် နှင့် ဒု က္ခ ရောက် ရာ၌ လည်း ငါ တို့ ရွှင် လန်း ရ ကြ၏။ငါ တို့ ခံ ရ သည့် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင့် မေ တ္တာ တော် ကို ငါ တို့ စိတ် နှ လုံး ထဲ၌ သွန်း လောင်း ပြီး ဖြစ်၍ ထို စောင့် မျှော် ခြင်း ကြောင့် စိတ် ပျက် ရ တော့ မည် မ ဟုတ်။
ထာ ဝ ရ ဘု ရား သည်၊ ကိုယ် တော် အား ခန့် ညား ၍၊ က ရု ဏာ တော် ကို စောင့် မျှော် သူ တို့ ကို မျက် မှောက် ပြု လျက်၊ သေ ဘေး မှ ကယ် လွှတ် ခြင်း၊အ စာ ခေါင်း ပါး သည့် ကာ လ၊ အ သက် ရှင် ခြင်း ကို ပေး တော် မူ ၏။
ငါ့ လူ မျိုး တို့ ကို နှစ် သိမ့် ချမ်း သာ ခြင်း ရ စေ ကြ လော့။ လ မိုင်း အ ဖြစ် စေ့ ကုန် ပြီ။ ဒု စ ရိုက် အ တွက် ဆပ် ပေး ခဲ့ ပြီ။ အ ပြစ် ရှိ သ မျှ အ တွက်၊ ငါ ထာ ဝ ရ ဘု ရား လက် တော် မှ၊ နှစ် ဆ ဒဏ် ခံ ပြီး ဖြစ် ကြောင်း၊ ယေ ရု ရှ လင် မြို့ အား မေ တ္တာ စ ကား ဖြင့် ကြော် ငြာ ကြွေး ကြော် ကြ လော့ ဟု၊ သင် တို့ ဘု ရား သ ခင် မိန့် တော် မူ၏။
ခ ရစ် တော် ခံ တော် မူ သော ဒု က္ခ သည် ငါ တို့၌ များ ပြား သည့် နည်း တူ ခ ရစ် တော် ကြောင့် ငါ တို့ ခံ ရ သော နှစ် သိမ့် ခွင့် လည်း များ ပြား၏။
ရေး နှင့် သ မျှ ကျမ်း ချက် သည် ငါ တို့ တည် ကြည် ခြင်း အား ဖြင့် လည်း ကောင်း၊ ကျမ်း ဂန် တော် ကြောင့် ရ သော နှစ် သိမ့် ခြင်း အား ဖြင့် လည်း ကောင်း၊ မျှော် လင့် ခွင့် ရှိ ကြ စေ ရန် သွန် သင် ခြင်း အ ဖို့ ရေး ထား လျက် ရှိ ၏။
အို ငါ့ စိတ် ဝိ ညာဉ်၊ အ ဘယ့် ကြောင့် ညှိုး ငယ် ရ သ နည်း။ အ တွင်း၌ အ ဘယ့် ကြောင့် မ ငြိမ် မ ဝပ် ရှိ ရ သ နည်း။ ဘု ရား သ ခင် ကို မျှော် လင့် လော့။ ငါ့ အား မျက် နှာ သာ ပေး တော် မူ သော ငါ့ ဘု ရား သ ခင် ကို ချီး မွမ်း ရ ဦး မည်။
မေ လ ခိ ဇေ ဒက် နည်း တူ ထာ ဝ ရ ပ ရော ဟိတ် မင်း ဖြစ် ပြီး လျှင် ငါ တို့ ရှေ့ ဆောင် ဖြစ် သော ယေ ရှု ဝင် ရောက် တော် မူ နှင့် ရာ ကန့် လန့် ကာ အ တွင်း ငါ တို့ စိတ် ဝိ ညာဉ်၏ ကျောက် ဆူး အ ဖြစ် ငါ တို့ ရ ရှိ သည့် မြဲ မြံ တည် ကြည် သော ထို မျှော် လင့် ရာ လည်း ဝင် ရောက် လျက် ရှိ၏။
ထာ ဝ ရ ဘု ရား နုတ် တော် မူ သော သူ တို့ သည် ပြန် လာ ရာ၊ ရွှင် လန်း ခြင်း သ ရ ဖူ ကို အ မြဲ ဆောင်း ၍၊ ဇိ အုန် မြို့ သို့ ကြွေး ကြော် လျက် လာ ရာက် ကြ လိမ့် မည်။ ဝမ်း မြောက် ခွင့်၊ ရွှင် လန်း ခွင့် ရ သ ဖြင့်၊ ပူ ဆွေး ခြင်း၊ မြည် တမ်း ခြင်း သည် ဆုတ် ပြေး ရ လ တ္တံ့။
ငါ့ အ သ နား တော် ခံ သံ ကို ကြား နာ တော် မူ သော ထာ ဝ ရ ဘု ရား အား၊ ငါ ချစ် ခင် ကြည် ညို ပါ ၏။စိတ် ဒု က္ခ ကြီး စွာ ရောက် လေ စွ ဟု ဆို သည့် ပြင်၊ လူ ခပ် သိမ်း သည် မု သာ အိုး များ ဖြစ် ကြောင်း၊အ လန့် တ ကြား ပြော မိ သော် လည်း၊သ ဒ္ဓါ ယုံ ကြည် ခြင်း ရှိ သော ငါ သည်၊ ထာ ဝ ရ ဘု ရား ပြု တော် မူ သော ကျေး ဇူး ရှိ သ မျှ ကို မည် သို့ ဆပ် ရ အံ့ နည်း။ကယ် တင် ခြင်း ဆိုင် ရာ ခွက် ကို ကိုင်၍၊ ထာ ဝ ရ ဘု ရား၏ နာ မ တော် အား ပ ဌ နာ ပြု ခြင်း၊လူ မျိုး တော် အ ပေါင်း တို့ ရှေ့၊ ထာ ဝ ရ ဘု ရား အား သ စ္စာ ဝတ် များ ကို ဖြေ ခြင်း ပြု ပါ မည်။ကြည် ညို သူ တို့ သေ ဒဏ် ကို ထာ ဝ ရ ဘု ရား နှ မြော တော် မူ သည့် အ လျောက်၊ ကိုယ် တော် ၏ ကျွန်၊ကိုယ် တော့် ကျွန် မ သား ဖြစ် သူ၊ ကျွန် တော် မျိုး ၏ အ ချည် အ နှောင် များ ကို ကိုယ် တော် ဖြည် တော် မူ ပါ ပြီ။ အို ထာ ဝ ရ ဘု ရား၊ရှေ့ တော် ၌ ချီး မွမ်း ရာ သ က္ကာ ကို ပူ ဇော် လျက်၊ ထာ ဝ ရ ဘု ရား ၏ နာ မ တော် အား ပ ဌ နာ ပြု ပါ မည်။အို ယေ ရု ရှ လင် မြို့၊ သင်၏ ဗ ဟို၊ ထာ ဝ ရ ဘု ရား ဗိ မာန် တော် တံ တိုင်း အ တွင်း၊လူ မျိုး တော် အ ပေါင်း တို့ ရှေ့၊ ထာ ဝ ရ ဘု ရား အား သ စ္စာ ဝတ် များ ကို ဖြေ ပါ မည်။ ဟာ လေ လု ယ။နား တော် ကို ညောင်း တော် မူ သော ကြောင့်၊ အ သက် ထက် ဆုံး ပ ဌ နာ ပြု ပါ မည်။
ယေရှုက ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ ဇီဝအသက်လည်းဖြစ်၏။ ငါ့ကိုယုံကြည်သူသည် သေသော်လည်းရှင်လိမ့်မည်။မည်သူမဆိုအသက်ရှင်လျက် ငါ့ကိုယုံကြည်လျှင် အဘယ်ကာလမျှသေတော့မည်မဟုတ်။ ဤစကားကို ယုံသလောဟုမေးတော်မူရာ၊
သို့ ရာ တွင်၊ ထာ ဝ ရ ဘု ရား သည် သင် တို့ ကို သ နား ခွင့် ရ စေ ရန် ဆိုင်း လင့် တော် မူ လိမ့် မည်။ က ရု ဏာ သက် ခွင့် ရ စေ ရန် မြင့် မြတ် ရာ တွင် စံ တော် မူ ဦး မည်။ ထာ ဝ ရ ဘု ရား သည် တ ရား ရှင် ဘု ရား ဖြစ် တော် မူ သည့် အ လျောက်၊ ကိုယ် တော် ကို စောင့် စား သူ အ ပေါင်း တို့၌ မင်္ဂ လာ ရှိ ကြ ၏။
ထို ကာ လ၊ မြည် တမ်း ခြင်း အ စား ရွှင် လန်း ခြင်း၊ ဝမ်း နည်း ခြင်း အ စား ဝမ်း မြောက် ခြင်း များ ကို ငါ ပေး လျက်၊ နှစ် သိမ့် စေ သည့် အ လျောက်၊ လူ ပျို လူ အို တို့ သည်၊ အ ပျို တို့ နှင့် တ ကွ၊ ရွှင် လန်း စွာ က ခုန် ကြ မည့် ပြင်၊
ဘု ရား သ ခင့် သား သ မီး များ ဟု ငါ တို့ အ ခေါ် ခံ ရ စေ ရန် ခ မည်း တော် သည် ငါ တို့ အ ပေါ်၌ မည် မျှ မေ တ္တာ ရှိ တော် မူ ကြောင်း ဆင် ခြင် ကြ လော့။ သား သ မီး များ မု ချ ဖြစ် သော ကြောင့် ဤ လော က သား တို့ သည် ကိုယ် တော် မှန်း မ သိ၍ ငါ တို့ ကို မ သိ မ မှတ် ကြ။
သို့ ဖြစ်၍ ခ ရစ် တော် ကြောင့် နှိုး ဆော် ခြင်း၊ မေ တ္တာ တ ရား ကြောင့် တိုက် တွန်း ခြင်း၊ ဝိ ညာဉ် တော် နှင့် ပေါင်း သင်း ဆက် ဆံ ခြင်း၊ အ သည်း စွဲ သ နား ခြင်း အ ရာ ရာ ကို ရ ရှိ လျင်၊သို့ ဖြစ်၍ ချစ် သူ တို့၊ အ ခါ ခပ် သိမ်း လိုက် နာ တတ် ကြ သည့် အ တိုင်း ပင် ငါ ပါ ရှိ သည် ဟု မှတ်၍ မ ဟုတ်။ ယ ခု ကွာ လျက် ရှိ သော် လည်း ကိုယ့် ကယ် တင် ရေး ကို ကြောက် ရွံ့ တုန် လှုပ် စွာ ကြိုး စား ပြု ပြင် ကြ လော့။သ ဘော ပေါက်၍ ဆောင် ရွက် ကြ စေ ခြင်း ငှါ သင် တို့ စိတ် ထဲ၌ စေ တ နာ တော် အ လျောက် ပြု ပြင် တော် မူ သော အ ရှင် ကား ဘု ရား သ ခင် ပေ တည်း။သင် တို့ သည် အ ပြစ် မဲ့ ရာ၊ ရန် ကင်း ရာ ရောက် လျက် ကောက် ကျစ် စဉ်း လဲ သော လူ့ ဘောင် တွင် ဘု ရား သ ခင်၏ စင် ကြယ် သော သား သ မီး များ အ ဖြစ် နှင့် အ သက် ဆိုင် ရာ တ ရား တော် ကို ကိုင် ပြ လျက် ဤ လော က၌ အ လင်း အိမ် များ သ ဖွယ် ထင် ရှား ကြ သ ဖြင့် ငါ ဆောင် ရွက် ခြင်း၊ ကြိုး စား ခြင်း၊ အ ကျိုး မဲ့ မ ဖြစ် စေ ဘဲ ခ ရစ် တော်၏ နေ့ တော် တွင် ဂုဏ် တင် ခွင့် ရ စေ ခြင်း ငှာ အ ရာ ခပ် သိမ်း ကို ညည်း ညူ ခြင်း၊ ငြင်း ဆန် ခြင်း ကင်း လျက် ဆောင် ရွက် ကြ လော့။သင် တို့ ဝတ် ပြု၍ ပူ ဇော် ရာ ယုံ ကြည် ခြင်း အ ပေါ် တွင် သွန်း လောင်း ရာ အ ဖြစ် ပူ ဇော် ခံ ရ လျှင် ငါ သည် ဝမ်း မြောက် လျက် သင် တို့ နှင့် အ တူ ရွှင် လန်း မည်။သင် တို့ လည်း ဝမ်း မြောက် လျက် ငါ နှင့် အ တူ ရွှင် လန်း ကြ လော့။သို့ ရာ တွင် သင် တို့၏ အ ဖြစ် အ နေ ကို ငါ သိ သ ဖြင့် စိတ် သက် သာ ခွင့် ရ ခြင်း ငှာ တိ မော သေ ကို မ ကြာ မီ လွှတ် လိုက် မည် ဟု အ ရှင် ယေ ရှု ၌ ငါ အောက် မေ့ ၏။တစ် သ ဘော တည်း၊ တစ် မေတ္တာ တည်း၊ တစ် စိတ် တည်း၊ တစ် ညီ တစ် ညွတ် တည်း နှင့် ငါ့ ရွှင် လန်း ခြင်း အ ကြောင်း ကို စုံ လင် ကြ စေ လော့။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ လင်း၊ ငါ့ ကယ် တင် ရာ ကယ် တင် ကြောင်း ဖြစ် တော် မူ သ ဖြင့်၊ မည် သူ့ ကို ကြောက် ရ အံ့ နည်း။ ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ သက် ၏ ခို လှုံ ရာ ဖြစ် တော် မူ သ ဖြင့်၊ မည် သူ့ ကို ရွံ့ ရ အံ့ နည်း။
က တိ ထား သော အ ရှင် သည် သ စ္စာ တည် တော် မူ သော ကြောင့် ငါ တို့ ဝန် ခံ ရာ မျှော် လင့် ခွင့် ကို မ ယိမ်း မ ယိုင် စွဲ မြဲ ခြင်း၊
ချစ် ခြင်း မေ တ္တာ၌ ကြောက် ရွံ့ ခြင်း မ ရှိ။ ကြောက် ရွံ့ ခြင်း၌ ပြစ် ဒဏ် ပါ သည့် အ လျောက် စုံ လင် သော ချစ် ခြင်း မေ တ္တာ ဖြင့် ကြောက် ရွံ့ ခြင်း ဖဲ တတ် ၏။ ကြောက် ရွံ့ သူ သည် ချစ် ခြင်း မေ တ္တာ ၌ မ စုံ လင် သေး။
ယ ခု မှာ ခ ရစ် တော် ယေ ရှု၌ တည် နေ သူ တို့ အ ပေါ် တွင် အ ပြစ် စီ ရင် ချက် သင့် ရောက် သည် မ ဟုတ်။သင် တို့၌ ခ ရစ် တော် တည် လျှင် မူ ကား ကိုယ် ခ န္ဓာ သည် ပြစ် မှား ခြင်း ကြောင့် အ သေ ဖြစ် သော် လည်း နာမ် ခ န္ဓာ သည် ဖြောင့် မတ် ခြင်း ကြောင့် အ သက် ဖြစ်၏။၎င်း ပြင် ယေ ရှု ကို သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် စေ တော် မူ သော အ ရှင်၏ ဝိ ညာဉ် တော် သည် သင် တို့၌ ကိန်း ဝပ် လျှင် ခ ရစ် တော် ယေ ရှု ကို သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် စေ သော ထို အ ရှင် သည် သင် တို့၌ ကိန်း ဝပ် သော ဝိ ညာဉ် တော် ကြောင့် သင် တို့၏ အ နိ စ္စ ခ န္ဓာ များ ကို ပင် ရှင် စေ တော် မူ လိမ့် မည်။သို့ ဖြစ်၍ ညီ အစ် ကို တို့၊ ငါ တို့၌ တာ ဝန် ရှိ သည် မှန် သော် လည်း ရုပ် ခ န္ဓာ အ လျောက် နေ ထိုင် ရန် မ ဟုတ်။သင် တို့ သည် ရုပ် ခ န္ဓာ အ လျောက် နေ ထိုင် လျှင် သေ ရ ကြ မည်။ နာမ် ခ န္ဓာ အား ဖြင့် ကိုယ် ခ န္ဓာ၏ အ ကျင့် များ ကို သတ် လျှင် မူ ကား အ သက် ရှင် ကြ လိမ့် မည်။ဘု ရား သ ခင့် ဝိ ညာဉ် တော် အ ပို့ အ ဆောင် ခံ ရ သ မျှ သော သူ တို့ သည် ဘု ရား သ ခင့် သား များ ဖြစ် ကြ၏။ကြောက် ရွံ့ လျက် နေ ပြန် စေ ရန် ကျွန့် အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို သင် တို့ ခံ ရ ကြ သည် မ ဟုတ်။ အ ဗ္ဗ၊ အ ဘ ဟု ခေါ် စေ သော သား အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို ခံ ရ ကြ ပြီး သည် နှင့် အ ညီ၊ဘု ရား သ ခင့် သား များ ငါ တို့ ဖြစ် ကြောင်း ကို ငါ တို့ ဝိ ညာဉ် နှင့် အ တူ ဝိ ညာဉ် တော် ပင် သက် သေ ခံ တော် မူ၏။သား မှန် က အ မွေ ခံ ဖြစ် ရုံ မျှ မ ဟုတ်။ ဘုန်း တော် ကို ခ ရစ် တော် နှင့် ခံ စား ခွင့် ရ ရန် ဒု က္ခ တော်၌ ဆက် ဆံ ကြ လျှင် ဘု ရား သ ခင့် အ မွေ တော် ခံ၊ ခ ရစ် တော် နှင့် အ မွေ စား ဘက် များ လည်း ဖြစ် ကြ သ တည်း။ငါ တို့၌ ပွင့် မည့် ဘုန်း တော် ကို ထောက် သော် ယ ခု ကာ လ ခံ ရ သော ဒု က္ခ များ ကို အ မှု မ ထား ထိုက် ဟု ငါ မှတ် ယူ၏။ဘု ရား သ ခင့် သား တို့ ပွင့် ခြင်း ကို ဖန် ဆင်း တော် မူ ရာ များ ပင် တောင့် တ စောင့် မျှော် လျက် နေ ကြ၏။အ သက် ရှင် ခြင်း ဆိုင် ရာ ဝိ ညာဉ် တော် တ ရား သည် အ ပြစ် တ ရား နှင့် သေ ခြင်း တ ရား မှ ခ ရစ် တော် ယေ ရှု အား ဖြင့် ငါ့ ကို လွတ် စေ လေ ပြီ။
ပင် ပန်း သူ့ ကို အား ပေး၍ စွမ်း ရည် မဲ့ သူ ကို လည်း ခွန် အား တိုး တက် စေ တော် မူ၏။ကြွေး ကြော် သူ၏ စ ကား သံ ကား၊ ထာ ဝ ရ ဘု ရား ကြွ တော် မူ ရာ လမ်း ကို၊ သဲ တော၌ ရှင်း လင်း ကြ လော့။ ငါ တို့ ဘု ရား သ ခင် အ ဖို့ လမ်း မ တော် ကို၊ သဲ က န္တာ ရ၌ ညီ ညွတ် စေ ကြ လော့။ပျို ရွယ် သူ တို့ ပင် ပန်း မော ဟိုက်၍ လု လင် တို့ လဲ ကျ ကြ သော် လည်း။ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။
လူ့ ခြေ ရာ များ ကို၊ ထာ ဝ ရ ဘု ရား တည် စေ လျက်၊ လျှောက် လိုက် ရာ လမ်း ကို နှစ် သက် ရာ၊သူ့ လက် ကို ထာ ဝ ရ ဘု ရား ကိုင် ဆွဲ တော် မူ သ ဖြင့်၊ ခ လုတ် တိုက် မိ သော် လည်း လဲ ကျ တော့ မည် မ ဟုတ်။
သင့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ ကယ် ဆယ် မည့် ရဲ မက် သ ဖွယ်၊ သင့် အ လယ် တွင် စံ နေ တော် မူ၍၊ သင့် အ တွက် ကြောင့် အား ရ ရွှင် လန်း ခြင်း၊ မေ တ္တာ သက်၍ ဆိတ် ဆိတ် နေ ခြင်း၊ ကျူး ဧ လျက် ကြွေး ကြော် ခြင်း ကို ပြု တော် မူ လိမ့် မည် ဟု ဆို ရ ကြ လ တ္တံ့။
အ ပြစ် နှင့် လွတ် ခွင့် ဖြောင့် မတ် ခြင်း အ ဖို့ အ သက် ရှင် ခွင့် ကို ငါ တို့ ရ ကြ စေ ရန် ကား တိုင် ပေါ် ၌ ကိုယ် ခ န္ဓာ တော် တွင် ငါ တို့ အ ပြစ် ဝန် ကို ကိုယ် တော် တိုင် သည် ပိုး တော် မူ ရာ ဒဏ် ချက် တော် များ ကြောင့် သင် တို့ သက် သာ ရ ကြ ၏။
ရွှင် လန်း စွာ မျှော် လင့် လျက်၊ ဒု က္ခ ရောက် ရာ၌ တည် တံ့ လျက်၊ အ မြဲ ပ ဌ နာ ပြု လျက်၊ ဆင်း ရဲ သော တ ပည့် တော် တို့ အား ပေး ကမ်း လျက်၊ ဧည့် ဝတ် ပြု လျက် နေ ကြ လော့။
တ ရား တော် ကို နှစ် သက် သူ တို့ သည်၊ ခ လုတ် မ တိုက် ရ ဘဲ၊ ကြီး စွာ သော ငြိမ် သက် ခြင်း ရှိ၏။
ငါ့ လူ မျိုး ချင်း တို့ သည် လုံ ခြုံ ရာ အ ရပ်၊ စိတ် ချ ရာ ဌာ န၊ ချမ်း သာ ရာ သိုက် မြုံ၌၊ နေ ထိုင် ခွင့် ရှိ ကြ လိမ့် မည်။
ထာ ဝ ရ ဘု ရား သည်၊ ကိုယ် တော် ကို သ စ္စာ နှင့် ဟစ် ခေါ် သူ၊ ပ ဌ နာ ပြု သူ အ ပေါင်း တို့ အ နီး အ ပါး ၌ ရှိ နေ တော် မူ၏။
ငါ တို့၌ ပွင့် မည့် ဘုန်း တော် ကို ထောက် သော် ယ ခု ကာ လ ခံ ရ သော ဒု က္ခ များ ကို အ မှု မ ထား ထိုက် ဟု ငါ မှတ် ယူ၏။
အ ကျွန်ုပ် သည်၊ ကြောက် ရွံ့ နေ ရ သော ကာ လ တွင်၊ ကိုယ် တော်၌ ကိုး စား ပါ မည်။ဘု ရား သ ခင် ကို အ မှီ ပြု၍၊ က တိ တော် ကို ချီး မွမ်း မည်။ ကြောက် ရွံ့ ခြင်း ကင်း လျက်၊ ဘု ရား သ ခင်၌ ကိုး စား ပြီး ဖြစ် သူ ငါ့ ကို၊ လူ တို့ မည် သို့ ပြု နိုင် သ နည်း။
သင် ၌ နေ ဝင် ခြင်း၊ လ ကွယ် ခြင်း ရှိ တော့ မည် မ ဟုတ်။ ထာ ဝ ရ ဘု ရား သည် သင့် အ ဖို့ နိ ယ မ အ လင်း ဖြစ် လျက်၊ သင့် မြည် တမ်း ရာ နေ့ ရက် ကာ လ ကုန် လွန် လိမ့် မည်။
ငါသည်စပျစ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ ငါနှင့်ကင်းက မည်သည်ကိုမျှသင်တို့မတတ်နိုင်။ မည်သူမဆိုငါ၌တည်၍ ငါလည်းထိုသူ၌တည်လျှင် များစွာသီးတတ်၏။
ထာ ဝ ရ ဘု ရား ၌ ကိုး စား သူ တို့ သည်၊ မ လှုပ် မ ရှား ရ ဘဲ တည် မြဲ တည် ရာ ဇိ အုန် တောင် ကဲ့ သို့ ဖြစ် ကြ ၏။ယေ ရု ရှ လင် မြို့ ကို တောင် တန်း ကာ ရံ သ ကဲ့ သို့၊ လူ မျိုး တော် ကို ယ ခု မှ စ၍ ကာ လ အ စဉ်၊ ထာ ဝ ရ ဘု ရား ကာ ရံ တော် မူ ၏။
ငါ ထာ ဝ ရ ဘု ရား သည် ဇိ အုန် မြို့ ဆိုး ကုန်း ရှိ သ မျှ ကို ငြိမ်း ချမ်း စေ လျက်၊ ဆိုင် ရာ သဲ တော ကို ဧ ဒင် ဥ ယျာဉ် ကဲ့ သို့ လည်း ကောင်း၊ သဲ က န္တာ ရ ကို ထာ ဝ ရ ဘု ရား ၏ ခြံ တော် ကဲ့ သို့ လည်း ကောင်း၊ ဖြစ် စေ တော် မူ ပြီး ဖြစ်၍၊ အား ရ ရွှင် လန်း ခြင်း၊ ကျေး ဇူး တော် ကို ချီး မွမ်း ခြင်း၊ ကျူး ဧ သီ ဆို ခြင်း များ နှင့် ကြုံ ကြိုက် လိမ့် မည်။
ငါ သည် တောင် တန်း သို့ မျှော် ကြည့် လျက် နေ၏။ မ စ ခြင်း ကို မည် သည့် အ ရပ် မှ ရ ပါ အံ့ နည်း။မိုး မြေ ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား အ ထံ တော် မှ၊ မ စ ခြင်း ကို ရ ပါ လိမ့် မည်။
ငါ တို့ အား နည်း ခြင်း များ တွင် မ သက် ဝင် နိုင် သော ပ ရော ဟိတ် မင်း ကို မ ဟုတ်။ အ ပြစ် ကင်း လျက် အ ချက် ချက် တွင် ငါ တို့ ကဲ့ သို့ စုံ စမ်း ခံ တော် မူ ခဲ့ သော ပ ရော ဟိတ် မင်း ကို ရ ရှိ ကြ သည် ဖြစ်၍၊က ရု ဏာ တော် ကို ခံ လျက် ထောက် မ သင့် သော အ ချိန်၌ ကျေး ဇူး တော် ကို ရ ခြင်း ငှာ ကျေး ဇူး ရာ ဇ ပ လ္လင် တော် သို့ ရဲ ရင့် စွာ ချဉ်း ကပ် ကြ ကုန် အံ့။
သို့ ရာ တွင် ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ငါ တို့ အား အောင် မြင် ခွင့် သ နား တော် မူ သော ဘု ရား သ ခင်၏ ကျေး ဇူး တော် သည် ကြီး လှ ပေ ၏။
ထာ ဝ ရ ဘု ရား ကို ငါ စောင့် နေ မျှော် လင့် ရာ ကိုယ် တော် သည် ငါ့ ဘက် သို့ ငဲ့၍၊ အော် ဟစ် သံ ကို ကြား လျက်၊ဖြောင့် မတ် တော် မူ ခြင်း ကို၊ စိတ် နှ လုံး အ တွင်း ကွယ် ဝှက် ခြင်း၊ မေ တ္တာ ကျေး ဇူး တော် နှင့် သ စ္စာ တော် ကို၊ ပ ရိ သတ် တော် ကြီး ထံ မှ ထိမ် ချန် ခြင်း မ ပြု ဘဲ၊ သ စ္စာ တော် နှင့် ကယ် တင် တော် မူ ခြင်း အ ကြောင်း ကို ဖော် ပြ ခဲ့ ပါ ပြီ။အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် လည်း၊ က ရု ဏာ တော် များ ကို၊ အ ကျွန်ုပ် ထံ မှ ချုပ် ချယ်၍ ထား တော် မူ မည် မ ဟုတ် ပါ။ မေ တ္တာ ကျေး ဇူး တော် နှင့် သ စ္စာ တော် သည်၊ အ စဉ် ထိမ်း သိမ်း ပါ လိမ့် မည်။မ ရေ မ တွက် နိုင် သော ဘေး ဥ ပဒ် များ သည်၊ အ ကျွန်ုပ် ကို ဝန်း ရံ လျက်၊ အ ကျွန်ုပ်၏ ဒု စ ရိုက် များ သည်၊ ကိုယ် ကို အုပ် မိ သ ဖြင့် မျှော် ၍ မျှ မ ကြည့် နိုင် ပါ။ အ ကျွန်ုပ် ဆံ ပင် ထက် များ ပြား၍၊ စိတ် ပျက် လျက် ရှိ နေ ပါ၏။အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို သ နား၍ ကယ် လွှတ် တော် မူ ပါ။ အို ထာ ဝ ရ ဘု ရား၊ အ မြန် ကြွ၍ မ စ တော် မူ ပါ။အ ကျွန်ုပ် အ သက် ကို ဖျက် ဆီး ရန် ရှာ ကြံ သူ တို့ သည်၊ တစ် လုံး တည်း အ ရှက် ကွဲ၍၊ ကျိုး ယုတ် ကြ ပါ စေ သော။ ဘေး အ န္တ ရာယ် ကို ရှာ ကြံ သူ တို့ လန်၍၊ အ သ ရေ ပျက် ကြ ပါ စေ သော။ဟေ့ ဟေ့ ဟု ဆို တတ် သူ တို့ သည်၊ အ ရှက် ကွဲ၍ ထိတ် လန့် ကြ ပါ စေ သော။ကိုယ် တော် ကို လိုက် ရှာ သူ ရှိ သ မျှ တို့ မှာ၊ ကိုယ် တော်၌ ရွှင် လန်း ဝမ်း မြောက် လျက်၊ ကယ် တင် ရာ အ ကြောင်း ကို နှစ် သက် သ မျှ သူ တို့ လည်း၊ ထာ ဝ ရ ဘု ရား သည် ကြီး မြတ် တော် မူ စေ သ တည်း ဟု၊ အ စဉ် မ ပြတ် မြွက် ဆို ကြ ပါ စေ သော။အ ကျွန်ုပ် မူ ကား၊ ဆင်း ရဲ နွမ်း ပါး လျက် ရှိ နေ ရ သော် လည်း၊ အ ရှင် ဘု ရား သ တိ ရ တော် မူ၏။ ကိုယ် တော် သည်၊ အ ကျွန်ုပ် ကို ထောက် မ ကယ် လွှတ် သော အ ရှင် ဖြစ် တော် မူ ပါ၏။ အို အ ကျွန်ုပ်၏ ဘု ရား သ ခင်၊ ဆိုင်း လင့် တော် မ မူ ပါ နှင့်။ရွှံ့ နွံ နှင့် ကြောက် မက် ဖွယ် ဗွက် ထဲ မှ ဆယ် ယူ ပြီး လျှင်၊ ကျောက် တောင် ပေါ်၌ ရပ် စေ၍၊ ခြေ ရာ များ ကို မြဲ စေ တော် မူ၏။
အို ယာ ကုပ် အ မျိုး၊ ဣ သ ရေ လ အ နွယ်၊ သင့် ကို ဖန် ဆင်း ပြု ပြင် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ မ ကြောက် လင့်၊ သင့် ကို ငါ ရွေး နုတ် ပြီ၊ အ မည် ဖြင့် ခေါ် ပြီ၊ သင် သည် ငါ ပိုင် ဆိုင် ရာ ဖြစ် သည် နှင့် အ ညီ ရေ ဘေး အ တွင်း ကူး သွား ရ လျှင် ငါ ပါ ရှိ မည်။
ကိုယ် တော် ကို အ ကျွန်ုပ်၏ အ သက် ဝိ ညာဉ် ထက် ကြပ် လိုက် ရှာ ရာ၌၊ ညာ လက် တော် ဖြင့် လှမ်း ကိုင် တော် မူ ပါ ၏။
သို့ ဖြစ်၍ ငါ့ ဘု ရား သ ခင် သည် ဘုန်း တော် ကြွယ် ဝ တော် မူ သည့် အ တိုင်း သင် တို့ အ လို ရှိ သ မျှ ကို ခ ရစ် တော် ယေ ရှု အား ဖြင့် ပြည့် စုံ စေ တော် မူ လိမ့် မည်။
အို အ ရှင် ဘု ရား၊ ကိုယ် တော် သည် သ နား သော သ ဘော၊ ကျေး ဇူး ပြု သော သ ဘော၊ စိတ် ရှည် သော သ ဘော၊ က ရု ဏာ နှင့် သ စ္စာ ကြွယ် ဝ သော သ ဘော ရှိ သော ဘု ရား ဖြစ် တော် မူ ပါ ၏။
ကြောက် ရွံ့ လျက် နေ ပြန် စေ ရန် ကျွန့် အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို သင် တို့ ခံ ရ ကြ သည် မ ဟုတ်။ အ ဗ္ဗ၊ အ ဘ ဟု ခေါ် စေ သော သား အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို ခံ ရ ကြ ပြီး သည် နှင့် အ ညီ၊ဘု ရား သ ခင့် သား များ ငါ တို့ ဖြစ် ကြောင်း ကို ငါ တို့ ဝိ ညာဉ် နှင့် အ တူ ဝိ ညာဉ် တော် ပင် သက် သေ ခံ တော် မူ၏။
သူ ငယ် တို့၊ ဘု ရား သ ခင့် ဘက် တော် သား ဖြစ် သော သင် တို့၌ တည် တော် မူ သော အ ရှင် သည် ဤ လော က၌ တည် သော အ ရှင် ကြီး ထက် ကြီး မြတ် တော် မူ သော ကြောင့် ထို သူ တို့ ကို သင် တို့ အောင် ကြ လေ ပြီ။
ဒု က္ခ များ ၌ အ ကျွန်ုပ် ကျင် လည် ရ သော် လည်း၊ ကိုယ် တော် သည် ရှင် ပြန် စေ လျက်၊ ဆန့် တန်း သော လက် ရုံး တော် ဖြင့် ရန် သူ တို့ အမျက် ဒေါ သ ငြိမ်း စေ၍၊ ညာ လက် ရုံး တော် ဖြင့် ကယ် တော် မူ လိမ့် မည်။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ကို စောင့် မြော် ကြ သည့် အ တိုင်း၊ အ ကျွန်ုပ် တို့ အ ပေါ် သို့ က ရု ဏာ သက် တော် မူ ပါ။ နံ နက် တိုင်း၊ လူ မျိုး တော်၏ လက် ရုံး ဖြစ် လျက်၊ ဒု က္ခ ရောက် သော အ ခါ၊ အ ကျွန်ုပ် တို့၏ ကယ် တင် ရာ ကယ် တင် ကြောင်း ဖြစ် တော် မူ ပါ။
ထာ ဝ ရ ဘု ရား သည် ဘေး ဟူ သ မျှ မှ ကွယ် ကာ ၍၊ သင့် အ သက် ကို စောင့် ထိန်း တော် မူ လိမ့် မည်။ထာ ဝ ရ ဘု ရား သည် သင့် ထွက် သွား ခြင်း နှင့် ဝင် လာ ခြင်း ကို၊ ယ ခု မှ စ၍ ကာ လ အ စဉ်၊ စောင့် ထိန်း တော် မူ လိမ့် မည်။
ခ ရစ် တော် အား ဖြင့် ထာ ဝ ရ ဘုန်း တော် ကို ဝင် စား စေ ရန် သင် တို့ ကို ခေါ် ထား တော် မူ သော ကျေး ဇူး အ မျိုး မျိုး အ ရှင် ဘု ရား သ ခင် သည် တစ် ခ ဏ မျှ ဒု က္ခ ခံ ပြီး သော သင် တို့ ကို ကိုယ် တော် တိုင် စုံ လင် တည် ကြည် စေ၍ အား ဖြင့် တည် ထောင် တော် မူ လိမ့် မည်။
စာ က လေး နှစ် ကောင် ကို ပိုက် ဆံ တစ် ပြား နှင့် ရောင်း ကြ သည် မ ဟုတ် လော။ သင် တို့ အ ဘ ခွင့် ပြု တော် မ မူ ဘဲ တစ် ကောင် မျှ မြေ သို့ မ ကျ ရ။ဖိ လိ ပ္ပု နှင့် ဗာ သော လ မဲ၊ သော မ နှင့် အ ခွန် ကောက် မဿဲ၊သင် တို့၏ ဦး ဆံ ရှိ သ မျှ ကို ပင် ရေ တွက် လျက် ထား တော် မူ၏။သို့ ဖြစ်၍ မ ကြောက် ကြ နှင့်။ စာ က လေး အ များ ထက် သင် တို့ သည် မြတ်၏။
ခ ရစ် တော်၏ မေ တ္တာ တော် နှင့် ငါ တို့ ကို မည် သူ ကွာ စေ အံ့ နည်း။ ကိုယ် တော့် အ တွက် ကြောင့် အ ကျွန်ုပ် တို့ သည်၊ တစ် နေ့ လုံး ကွပ် မျက် ခံ လျက် နေ ရ ကြ ပါ၏။ သတ် ရန် ထား သော သိုး များ ကဲ့ သို့ အ မှတ် ခံ ရ ကြ ပါ သည် ဟု ကျမ်း ဆို ရှိ သည့် အ တိုင်း ဒု က္ခ ရောက် ခြင်း၊ ကျဉ်း ကျပ် ခြင်း၊ ညှဉ်း ပန်း ခြင်း၊ ငတ် မွတ် ခြင်း၊ အ ဝတ် မဲ့ ခြင်း၊ အ န္တ ရာယ် တွေ့ ခြင်း၊ ဓား ဘေး သင့် ခြင်း များ ကွာ စေ မည် လော။ငါ တို့ သည် ထို အ တိုင်း ခံ ရ လျက် ပင် ငါ တို့ ကို ချစ် တော် မူ သော အ ရှင် ကြောင့် အ ထူး အောင် မြင် ရ ကြ၏။သေ ခြင်း နှင့် ရှင် ခြင်း သော် လည်း ကောင်း၊ စေ တ မန် တော် နှင့် နတ် မင်း များ သော် လည်း ကောင်း၊ ပ စ္စု ပ္ပန် နှင့် အ နာဂတ် အ ရာ များ သော် လည်း ကောင်း၊ တန် ခိုး ရှင် များ သော် လည်း ကောင်း၊ ဘ ဝဂ် နှင့် အ ဝီ စိ သော် လည်း ကောင်း၊ဖန် ဆင်း ထား သော အ ရာ မည် သည် မ ဆို ငါ တို့ ကို အ ရှင် ခ ရစ် တော် ယေ ရှု၌ ရှိ သော ဘု ရား သ ခင်၏ မေ တ္တာ တော် မှ မ ကွာ စေ နိုင် ဟူ၍ ငါ စိတ် ချ သ တည်း။
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် အ ပေါ်၌ က ရု ဏာ သက်၍ သ နား တော် မူ ပါ။ ကိုယ် တော်၌ အ ကျွန်ုပ်၏ အ သက် ခို လှုံ ပါ၏။ ဘေး ဒု က္ခ များ လွန် သွား သည့် တိုင် အောင်၊ အ တောင် တော် အောက် ၌ အ ကျွန်ုပ် ခို လှုံ ပါ မည်။က ရု ဏာ တော် သည် မိုး ကောင်း ကင် တိုင် အောင် လည်း ကောင်း၊ သ စ္စာ တော် သည် အာ ကာ သ တိုင် အောင် လည်း ကောင်း၊ မှီ ပါ ၏။အို ဘု ရား သ ခင်၊ မိုး ကောင်း ကင် ထက်၊ ချီး မြှင့် ခြင်း ခံ လျက်၊ မြေ တစ် ပြင် လုံး ထက်၊ ဘုန်း တော် ထင် ပေါ် ပါ စေ သော။ငါ သည်၊ မြင့် မြတ် သော ဘု ရား သ ခင့် ထံ၊ ငါ့ အ မှု ထ မြောက် စေ တော် မူ သော ဘု ရား ထံ အော် ဟစ် ပါ မည်။
သူ တို့ ခံ ရ သ မျှ ဒု က္ခ ကို၊ ကိုယ် တော် တိုင် ခံ ရာ ရောက် တော် မူ၍၊ မျက် နှာ တော် တ မန် သည် သူ တို့ ကို ကယ် တင်၏။ မေ တ္တာ ကရု ဏာ တော် ရှိ သည့် အ တိုင်း၊ ရွေး နုတ် သည့် ပြင်၊ ရှေး ကာ လ ပတ် လုံး၊ ချီ ပိုက် ဆောင် ယူ တော် မူ လျက် ပင်၊
ဒု က္ခ ရောက် သည့် နေ့ ရက်၌ ကိုယ် တော် သည်၊ ငါ့ ကို မ ဏ္ဍပ် တော် ထဲ၌ ဖုံး ကွယ် ခြင်း၊ တဲ တော် အ တွင်း၌ ဝှက် ထား ခြင်း ပြု လျက်၊ ကျောက် တောင် ပေါ် သို့ တင် မြှောက် ထား တော် မူ လိမ့် မည်။
ငါ့ သူ ငယ် တို့၊ သင် တို့ မ ပြစ် မှား ကြ စေ ရန် ဤ အ ကြောင်း အ ရာ များ ကို သင် တို့ ထံ ငါ ရေး လိုက်၏။ မည် သူ မ ဆို ပြစ် မှား မိ လျှင် ငါ တို့ အ ပြစ် များ မ က တစ် လော က လုံး၏ အ ပြစ် ပြေ ရာ ပြေ ကြောင်း ဖြစ် သည့် ဖြောင့် မတ် တော် မူ သော ယေ ရှု ခ ရစ် သည် ခ မည်း တော့် အ ပါး တွင် ငါ တို့ အ မှု ဆောင် အ ဖြစ် တည် တော် မူ၏။
တောင် များ ရွှေ့ ၍၊ ကုန်း များ လှုပ် ရှား ရ သော် လည်း၊ ငါ၏ မေ တ္တာ ကျေး ဇူး သည်၊ သင် မှ မ ရွှေ့။ မ ဟာ မိတ် ပ ဋိ ညာဉ် တော် လည်း၊ မ လှုပ် မ ရှား ရ ဟု သင့် အား က ရု ဏာ သက် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
ဖြောင့် မတ် သူ တို့ ၏ ကယ် တင် ရာ ကယ် တင် ကြောင်း သည်၊ ထာ ဝ ရ ဘု ရား ထံ မှ ဖြစ်၏။ ဒု က္ခ ရောက် ရာ ကာ လ၌၊ ကိုယ် တော် သည်၊ သူ တို့ ခို လှုံ ရာ ဖြစ် တော် မူ ၏။ထာ ဝ ရ ဘု ရား၌ မွေ့ လျော် လျှင်၊ စိတ် လို ဖတ် ရှိ ရာ များ ကို သ နား တော် မူ လိမ့် မည်။ထာ ဝ ရ ဘု ရား သည်၊ သူ တို့ ကို မ စ ကယ် နုတ်၍၊ ကိုယ် တော်၌ ခို လှုံ ကြ သော ကြောင့်၊ လူ ဆိုး တို့ လက် မှ ကယ် နုတ် လွတ် မြောက် စေ တော် မူ ၏။
ငါ သာ လျှင် ငါ ဖြစ် သည့် အ လျောက်၊ သင် တို့ အို မင်း၍ ဆံ ဖြူ သည့် တိုင် အောင်၊ ထမ်း ဆောင် မည်။ ငါ ဖန် ဆင်း ခဲ့ သည့် အ လျောက် ချီ ဆောင် ဦး မည်။ ငါ သည် ထမ်း ဆောင်၍ လွှတ် မြောက် စေ လိမ့် မည်။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ ဘက်၌ ရှိ နေ တော် မူ သည့် အ လျောက်၊ ငါ မ ကြောက် မ ရွံ့၊ လူ သည် ငါ့ ကို မည် သို့ ပြု နိုင် အံ့ နည်း။
သို့ ဖြစ်၍ ထို မျှ လောက် ထူ ထပ် သော သက် သေ ခံ တို့ ဝန်း ဝိုင်း ကြ သ ဖြင့် ဝန် ရှိ သ မျှ နှင့် ပတ် ရစ် သော ပြစ် မှု ကို ပယ် ရှား ပြီး လျှင် ယုံ ကြည် ခြင်း တ ရား ကို အ စ အ ဆုံး စီ ရင် တော် မူ သော အ ရှင် ယေ ရှု ကို မျက် မှောက် ပြု လျက် ငါ တို့ တာ ကို တည် ကြည် စွာ ပြေး ကြ ကုန် အံ့။ဆို ခဲ့ သော အ ဖ တို့ သည် သင့် လျော် သည် ဟု ထင် မြင် တိုင်း နေ့ ရက် အ နည်း ငယ် ပဲ့ ပြင် ခဲ့ ကြ၏။ ကိုယ် တော် မူ ကား သန့် ရှင်း စေ တော် မူ ခြင်း ကို ဆက် ဆံ ခွင့် ရ ကြ စေ ရန် ငါ တို့ အ ကျိုး ငှာ ပဲ့ ပြင် တော် မူ၏။ပဲ့ ပြင် ခြင်း ဟူ သ မျှ ကို ခံ ရ စဉ် ဝမ်း မြောက် ဖွယ် မ ဟုတ်။ ဝမ်း နည်း ဖွယ် ဟု ထင် မှတ် ကြ သော် လည်း ပဲ့ ပြင် ခြင်း ဖြင့် လေ့ ကျက် ပြီး မှ ဖြောင့် မတ် ခြင်း တည်း ဟူ သော ငြိမ် သက် ရာ အ ကျိုး ဖြစ် ထွန်း တတ် ၏။သို့ ဖြစ်၍ အား လျော့ သော လက် နှင့် နုန့် နဲ သော ဒူး ဆစ် များ ကို တည့် မတ် စေ ကြ လော့။ခြေ ဆွံ့ သူ တို့ သည် အ ဆစ် မ လွဲ ဘဲ သန် စွမ်း ခွင့် ရ ကြ စေ ရန် သင် တို့ ခြေ ကြွ ရာ လမ်း ကို လည်း ညီ ညွတ် စေ ကြ လော့။သူ ခပ် သိမ်း တို့ နှင့် အ သင့် အ တင့် နေ ခြင်း ကို လည်း ကောင်း၊ ထာ ဝ ရ ဘု ရား ကို ဖူး မြင် ရ စေ သော သန့် ရှင်း ခြင်း ကိုလည်း ကောင်း လိုက် ရှာ ကြ လော့။မည် သူ မျှ ဘု ရား သ ခင့် ကျေး ဇူး တော် နှင့် ကင်း၍ မ နေ စေ ခြင်း ငှာ လည်း ကောင်း၊ အ ခါး အ ဆိပ် ဖြစ် ပွား စေ သော အ မြစ် အ ညွန့် ပေါက်၍ နှောင့် ယှက် သ ဖြင့် အ များ ကို ညစ် ညူး ရာ မ ရောက် စေ ခြင်း ငှာ လည်း ကောင်း၊မ တ ရား သော မေ ထုန် ပြု သူ သြ ရ သ ရိုက် ရာ ကို တစ် နပ် စာ နှင့် ရောင်း ချ သော ဧ သော ကဲ့ သို့ တ ရား လွတ် သူ မ ရှိ စေ ခြင်း ငှာ လည်း ကောင်း သ တိ မူ ကြ လော့။ဧ သော သည် နောက် မှ ကောင်း ကြီး မင်္ဂ လာ အ မွေ ကို ခံ လို၍ မျက် ရည် ကျ လျက် တောင်း လျှောက် သော် လည်း နောင် တ ရ ခွင့် မ ရှိ ဘဲ ငြင်း ပယ် ခံ ရ သည် ကို သင် တို့ သိ ကြ၏။သင် တို့ သည် စမ်း သပ် နိုင် သော တောင်၊ မီး တောက် ခြင်း၊ မှောင် ခြင်း၊ မိုက် ခြင်း၊ မုန် တိုင်း ကျ ခြင်း၊ တံ ပိုး မှုတ် ခြင်း တောင်၊ဗျာ ဒိတ် တော် သံ ကြား သူ တို့ သည် တိ ရ စ္ဆာန် ပင် တောင် ကို ထိ မိ လျှင် ခဲ ပစ် သတ် ဒဏ် ခံ စေ ဟူ သော အ မိန့် တော် ကို မ နာ ခံ ဝံ ကြ သော ကြောင့် ထပ် မံ မိန့် တော် မ မူ စေ ရန် တောင်း ပန် ကြ ရာ ဗျာ ဒိတ် တော့် တောင်၊ထို အ ရှင် သည် ရွှင် လန်း ရန် အ ကြောင်း ကို မျှော် ထောက်၍ အ ရှက် မ ငဲ့ ဘဲ ကား တင် ခံ ပြီး လျှင် ဘု ရား သ ခင့် ရာ ဇ ပ လ္လင် ယာ ဘက် တော် တွင် စံ တော် မူ၏။
ရွှင် လန်း သော နှ လုံး သည်၊ ကာ ယ သန် မာ ခြင်း အ ကြောင်း၊ ကြေ ကွဲ သော စိတ် မူ ကား၊ အ ရိုး ခြောက် ခန်း ခြင်း အ ကြောင်း ဖြစ် ၏။
ကိုယ် တော် သည်၊ မြည် တမ်း ခြင်း ကို က ခုန် ခြင်း ဖြစ် စေ တော် မူ ပါ ပြီ။ အ ကျွန်ုပ် ၏ လျှော် တေ ကို ချွတ်၍၊ ဝမ်း မြောက် ခြင်း နှင့် ခါး စည်း တော် မူ ပါ ပြီ။
ငါ တို့ သည် သင် တို့ အား မေ တ္တာ ပွား များ ကြွယ် ဝ သည့် နည်း တူ သင် တို့ လည်း အ ချင်း ချင်း တို့ အား လည်း ကောင်း၊ လူ ခပ် သိမ်း တို့ အား လည်း ကောင်း၊ ပွား များ ကြွယ် ဝ ကြ စေ ခြင်း ငှာ အ ရှင် ဘု ရား ပြု ပြင် တော် မူ ပါ စေ သော။သို့ မှ အ ရှင် ယေ ရှု သည် သီး သန့် ထား တော် မူ သူ ရှိ သ မျှ နှင့် တ ကွ ကြွ လာ တော် မူ သည့် ကာ လ ငါ တို့ အ ဘ ဘု ရား သ ခင့် ရှေ့ တော် တွင် သင် တို့ စိတ် နှ လုံး များ ကို အ ပြစ် မဲ့ လျက် သန့် ရှင်း စွာ တည် ကြည် စေ တော် မူ လိမ့် မည်။
ငါ တို့ အ သက် ရှင် သည် မှာ အ ရှင် ဘု ရား အ ဖို့ ရှင်၏။ သေ သည် မှာ လည်း အ ရှင် ဘု ရား အ ဖို့ သေ၏။ ရှင် သည် ဖြစ် စေ၊ သေ သည် ဖြစ် စေ အ ရှင် ဘု ရား ပိုင် ဆိုင် တော် မူ ရာ ဖြစ် ကြ၏။
ထာ ဝ ရ ဘု ရား ကို တွေ့ ကြုံ ခွင့် ရ သည့် အ ခိုက်၊ ရှာ ဖွေ ကြ လော့။ နီး စပ် တော် မူ သည့် အ ခိုက်၊ ပ ဌ နာ ပြု ကြ လော့။လူ ဆိုး သည် ကိုယ့် နည်း လမ်း ကို လည်း ကောင်း၊ မ တ ရား သူ လည်း ကိုယ့် အ ကြံ အ စည် များ ကို လည်း ကောင်း၊ စွန့် ပယ်၍ က ရု ဏာ သက် လ တ္တံ့ သော ထာ ဝ ရ ဘု ရား၊ ကြွယ် ဝ စွာ ချမ်း သာ ပေး လ တ္တံ့ သော ငါ တို့ ဘု ရား သ ခင် ထံ တော် သို့၊ ပြန် လာ ကြ စေ။
အ သက် ရှင် ခြင်း ထက်၊ မေ တ္တာ ကျေး ဇူး တော် ကောင်း မြတ် သည့် အ တွက်၊ ကိုယ် တော် ကို နှုတ် မြွက် ချီး မွမ်း သည် နှင့် အ ညီ၊အ သက် ထက် ဆုံး ဩ ဘာ ဆက် ခြင်း၊ နာ မ တော် အား ဖြင့် လက် အုပ် ချီ ခြင်း ပြု လျက်၊
ဘု ရား သ ခင် သည် ကြောက် ရွံ့ စေ သော ဝိ ညာဉ် ကို မ ဟုတ်။ အ စွမ်း သ တ္တိ၊ ချစ် ခြင်း မေ တ္တာ၊ ဆုံး မ သော သ တိ ရှိ စေ သော ဝိ ညာဉ် ကို ငါ တို့ အား သ နား တော် မူ၏။
ထာ ဝ ရ ဘု ရား ၏ ကောင်း မြတ် တော် မူ ခြင်း အ ရ သာ ကို ဝင် စား သိ မြင် ကြ လော့။ ကိုယ် တော်၌ ခို လှုံ သူ သည် မင်္ဂ လာ ရှိ ၏။
ဤ သို့ လူ မ တတ် နိုင်။ ဘု ရား သ ခင် မူ ကား အ ရာ ခပ် သိမ်း ကို တတ် နိုင် တော် မူ သည် ဟု ဖြေ ဆို တော် မူ ၏။
ငါ သည် ထာ ဝ ရ ဘု ရား ကြောင့် အား ရ ဝမ်း မြောက် ၍၊ ငါ ၏ ဘု ရား သ ခင် ကြောင့် စိတ် ရွှင် လန်း လိမ့် မည်။ မင်္ဂ လာ ဆောင် သ တို့ သား သည် ဦး ဗောင်း ဆင် သ ကဲ့ သို့ လည်း ကောင်း၊ မင်္ဂ လာ ဆောင် သ တို့ သ မီး သည် အ ဝတ် တန် ဆာ ဆင် ယင် သ ကဲ့ သို့ လည်း ကောင်း၊ ကယ် တင် ခြင်း အ ဝတ် တန် ဆာ နှင့် ငါ့ ကို ဆင် ယင် လျက်၊ အောင် မြင် ခြင်း ဝတ် လုံ နှင့် ခြုံ တော် မူ ပြီ။
ဆို ခဲ့ သော အ ဖ တို့ သည် သင့် လျော် သည် ဟု ထင် မြင် တိုင်း နေ့ ရက် အ နည်း ငယ် ပဲ့ ပြင် ခဲ့ ကြ၏။ ကိုယ် တော် မူ ကား သန့် ရှင်း စေ တော် မူ ခြင်း ကို ဆက် ဆံ ခွင့် ရ ကြ စေ ရန် ငါ တို့ အ ကျိုး ငှာ ပဲ့ ပြင် တော် မူ၏။ပဲ့ ပြင် ခြင်း ဟူ သ မျှ ကို ခံ ရ စဉ် ဝမ်း မြောက် ဖွယ် မ ဟုတ်။ ဝမ်း နည်း ဖွယ် ဟု ထင် မှတ် ကြ သော် လည်း ပဲ့ ပြင် ခြင်း ဖြင့် လေ့ ကျက် ပြီး မှ ဖြောင့် မတ် ခြင်း တည်း ဟူ သော ငြိမ် သက် ရာ အ ကျိုး ဖြစ် ထွန်း တတ် ၏။
အို ထာ ဝ ရ ဘု ရား၊ အ မှု တော် အား ဖြင့် အ ကျွန်ုပ် ကို ဝမ်း မြောက် စေ တော် မူ သည် ဖြစ်၍၊ လက် တော့် အ မှု ရှိ သ မျှ ကြောင့် ကြွေး ကြော် ပါ မည်။
ဘုရားသခင်သည် သားတော်ကိုယုံကြည်သူတိုင်းမပျက်စီးဘဲ ထာဝရအသက်ရစေခြင်းငှာ၊ ဧကပုတ္တသားတော်ကိုအပ်ပေးသည့်တိုင်အောင် ဤလောကသားတို့အား မေတ္တာသက်တော်မူ၏။
ညဉ့် ကုန်၍ နေ့ တော် ရောက် လု ပြီ။ ထို ကြောင့် မှောင် မိုက် ဆိုင် ရာ အ ကျင့် တန် ဆာ များ ကို ပယ် ပြီး လျှင်၊
အ သို့ ဆို သော်၊ ဣ သ ရေ လ အ မျိုး ၏ သန့် ရှင်း သော အ ရှင် ထာ ဝ ရ ဘု ရား သ ခင် က၊ သင် တို့ ပြောင်း လဲ၍ နား နေ သ ဖြင့် ဘေး လွတ် ခွင့်၊ ငြိမ် သက် စွာ စိတ် ချ သ ဖြင့် ခွန် အား ကြီး ခွင့် ရ ကြ လိမ့် မည် ဟု မိန့် တော် မူ ခဲ့ သော် လည်း အ လို မ ရှိ ဘဲ၊
က ရု ဏာ တော် ကြောင့်၊ ဝမ်း မြောက် ရွှင် လန်း ပါ မည်။ ကိုယ် တော် သည်၊ အ ကျွန်ုပ် ဆင်း ရဲ ခြင်း ကို ရှု မြင် လျက်၊ အ သက် ဒု က္ခ များ ကို သိ မှတ် တော် မူ ၍၊
ဘု ရား သ ခင့် အ ပါး တော် တွင် ထို သို့ စိတ် ချ ခွင့် ကို ခ ရစ် တော် အား ဖြင့် ငါ တို့ ရ ကြ ၏။ထို သို့ ဆို သော် ကိုယ့် သ တ္တိ သ ဖွယ် ထင် မှတ်၍ အ မှု ကို ကိုယ် တိုင် တတ် စွမ်း သည် ဟု မ ဆို လို။ ငါ တို့ တတ် စွမ်း ခြင်း မှာ ဘု ရား သ ခင် မှ ဖြစ် ၏။
သင် တို့ သည် ရွှင် လန်း စွာ ချီ ထွက် လျက်၊ ချမ်း သာ စွာ ပို့ ဆောင် တော် မူ ရာ ခံ ရ ကြ လိမ့် မည်။ တောင် ကြီး တောင် ငယ် များ သည်၊ သင် တို့ ရှေ့ ကျူး ဧ ကြွေး ကြော် ၍၊ တော ရှိ အ ပင် ဟူ သ မျှ လည်း၊ လက် ခုတ် တီး ကြ လိမ့် မည်။
ထာ ဝ ရ ဘု ရား ကို စောင့် မျှော် လျက်၊ အား ယူ၍ ရဲ ရင့် သော စိတ် ရှိ လော့။ ထာ ဝ ရ ဘု ရား ကို စောင့် မျှော် ဦး လော့။
သား တော် ရင်း ကို မ ငြင်း ဘဲ ငါ တို့ ရှိ သ မျှ အ ဖို့ အပ် တော် မူ လိုက် သော အ ရှင် သည် သား တော့် ပြင် အ ရာ ရာ ကို မ ပေး ဘဲ မည် သို့ နေ တော် မူ အံ့ နည်း။
အ ချင်း ငါ့ အ သက် ဝိ ညာဉ်၊ ဘု ရား သ ခင်၌ သာ ငြိမ် ဝပ် စွာ နေ လော့။ ငါ စောင့် မျှော် ရာ အ ကြောင်း သည် အ ထံ တော် မှ ရောက် လာ ၏။ကိုယ် တော် သာ လျှင်၊ ငါ့ အ ဖို့ ကျောက် တောင်၊ ကယ် တင် ရာ အ ကြောင်၊ ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ၍၊ ငါ ရွေ့ ရ မည် မ ဟုတ်။ငါ ကယ် တင် ခွင့် နှင့် ဂုဏ် ရောက် ခွင့် သည် ဘု ရား သ ခင်၌ တည် လျက် ရှိ၏။ ငါ့ ကို အား ပေး သော ကျောက် တောင်၊ ငါ ခို လှုံ ရာ ကား၊ ဘုရား သ ခင်၌ တည် လျက် ရှိ ၏။အ ချင်း လူ မျိုး တော်၊ ဘု ရား သ ခင်၌ အ ခါ ခပ် သိမ်း ကိုး စား လျက်၊ ရှေ့ တော် ၌ စိတ် နှ လုံး ကို သွန် ပြ ကြ လော့။ ဘု ရား သ ခင် သည် ငါ တို့ အ ဖို့ ခို လှုံ ရာ ဖြစ် တော် မူ ၏။
ယခုမှာ သူတို့ကိုအကျွန်ုပ်၏ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံကြစေရန် ကိုယ်တော့်ထံမလာမီဤလောက၌ ထိုသို့အကျွန်ုပ်တောင်းလျှောက်ပါ၏။
သိုး တော် စု ကို သိုး ထိန်း သ ဖွယ် ထိန်း ကျောင်း၍၊ သိုး သား ငယ် များ ကို ချီ ပွေ့ သည့် ပြင်၊ နို့ ငင် သိုး မ များ ကို ဖြည်း ညှင်း စွာ မောင်း နှင် တော် မူ လိမ့် တ ကား။
မျက် ရည် ကျ လျက် မျိုး ကြဲ သူ တို့ သည်၊ ကြွေး ကြော် လျက် ရိတ် သိမ်း ရ ကြ ပါ စေ သော။မျိုး စေ့ ၏ ဝန် ကို ငို ကြွေး လျက် ထမ်း သွား သော သူ သည်၊ ကောက် လှိုင်း များ ကို ကြွေး ကြော် လျက် ထမ်း ဝင် ရ ပါ စေ သော။
မ ဟာ က ရု ဏာ တော် နှင့် အ ညီ သူ သေ တို့ အ ထဲ ယေ ရှု ခ ရစ် ရှင် ပြန် ထ မြောက် ခြင်း အား ဖြင့် ရှင် သေ မျှော် လင့် ရာ ကို လည်း ကောင်း၊ ဖောက် ပြန် ညစ် ညူး ပျောက် လွင့် ခြင်း ကင်း သော ပိုင် ရာ ကို လည်း ကောင်း ခံ စား ကြ စေ ခြင်း ငှာ ငါ တို့ ကို အ သစ် ဖြစ် ပွား စေ တော် မူ သော ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ၏ ခ မည်း တော် ဘု ရား သ ခင် ၌ မင်္ဂ လာ ရှိ၏။ ထို ပိုင် ရာ ကို သင် တို့ အ ဖို့ ကောင်း ကင် ဘုံ တွင် ရန် ထား တော် မူ သည့် အ လျောက်
သို့ နှင့် အ ညီ ယုံ ကြည် ခွင့် သည် ကြား နာ ခြင်း ကြောင့်၊ ကြား နာ ခွင့် လည်း ခ ရစ် တော် သ တင်း ကြောင့် သာ ဖြစ် ၏။
ထာ ဝ ရ ဘု ရား သ ခင် သည်၊ နေ နှင့် ဒိုင်း လွှား ဖြစ် တော် မူ ၏။ ထာ ဝ ရ ဘု ရား သည်၊ ကျေး ဇူး တော် နှင့် ဘုန်း အ သ ရေ ကို သ နား၍၊ စုံ လင် စွာ ကျင့် ကြံ သူ တို့ အား၊ ကောင်း သော အ ရာ ကို ငြင်း တော် မူ မည် မ ဟုတ်။
ပိုး မွှား ချေး ညှော် စား လျက် သူ ခိုး ထွင်း ဖောက် ခိုး ယူ တတ် ရာ ဤ မြေ ကြီး ပေါ် တွင် ဘ ဏ္ဍာ များ ကို သို မှီး၍ မ ထား ကြ နှင့်။ထို့ ကြောင့် သင် လှူ ဒါန်း သော အ ခါ လူ တို့ ထံ မှ ဂုဏ် ပ ကာ သ န ရ ခြင်း ငှာ ဓ မ္မာ ရုံ များ၊ လမ်း များ တွင် သီ လ ကြောင် တို့ တီး မှုတ် လေ့ ရှိ ကြ သည့် နည်း တူ သင့် ရှေ့ မ တီး မ မှုတ် စေ နှင့်။ ထို သူ တို့ မှာ လှူ သော အ ကျိုး ကို ခံ ရ ကြ ပြီ၊ ငါ အ မှန် ဆို၏။ပို့ မွှား ချေး ညှော် စား ခြင်း၊ သူ ခိုး ထွင်း ဖောက် ခိုး ယူ ခြင်း ကင်း ရာ ကောင်း ကင် ဘုံ တွင် သာ သို မှီး၍ ထား ကြ လော့။အ သို့ ဆို သော် သင့် ဘ ဏ္ဍာ ရှိ ရာ အ ရပ် သို့ သင့် စိတ် စွဲ ရောက် လိမ့် မည်။
သူခိုးဖြစ်သူသည် ခိုးယူသတ်ဖြတ်ဖျက်ဆီးရန်သာ လာရောက်တတ်၏။ ငါမူကား အသက်ကိုရစေ၍ ကြွယ်ဝစေခြင်းငှါရောက်လာခဲ့ပြီ။
ယုံ ကြည် ခြင်း အား ဖြင့် သင် တို့ စိတ် နှ လုံး၌ ခ ရစ် တော် စံ နေ တော် မူ ပါ မည့် အ ကြောင်း မေ တ္တာ တ ရား၌ အ မြစ် စွဲ ခြင်း၊ တိုက် မြစ် ချ ခြင်း ခံ ရ သော သင် တို့ သည်၊သိ မီ ခြင်း ငှာ မ စွမ်း နိုင် သော ခ ရစ် တော်၏ မေ တ္တာ တော့် အ နံ၊ အ လျား၊ အ မြင့်၊ အ နက် ကို သီး သန့် ထား တော် မူ သူ အ ပေါင်း တို့ နှင့် တ ကွ နား လည် သိ မြင် နိုင် ရန် ဉာဏ် သ တ္တိ ရှိ သ ဖြင့် ဘု ရား သ ခင် ပြည့် စုံ သည် နှင့် အ မျှ ပြည် စုံ စေ တော် မူ ပါ မည့် အ ကြောင်း များ ကို အ သ နား တော် ခံ ပါ ၏။
ဖြောင့် မှန် သူ တို့ အ ဖို့၊ မှောင် မိုက် ထဲ မှာ အ လင်း တော် ပေါ် ထွန်း၍၊ ကျေး ဇူး ပြု သော သ ဘော၊ သ နား သော သ ဘော၊ ဖြောင့် မတ် သော သ ဘော ရှိ ကြ၏။
ရုပ် ခ န္ဓာ ကို စွဲ လမ်း ခြင်း လည်း သေ ခြင်း ဖြစ် သည့် နည်း တူ နာမ် ခ န္ဓာ ကို စွဲ လမ်း ခြင်း သည် အ သက် ရှင် ခြင်း နှင့် ငြိမ် သက် ခြင်း ဖြစ်၏။
ကျမ်း ချက် အ ရ ဘု ရား သ ခင် ကို ချစ် ကြည် မြတ် နိုး သူ တို့ အ ဖို့ ပြင် ဆင် တော် မူ သော အ ရာ၊ လူ့ မျက် စိ ဖြင့် မ မြင်၊ နား ဖြင့် မ ကြား၊ စိတ် ဖြင့် မ ထင် စ ဘူး သော အ ရာ များ ဖြစ် သော် လည်း၊
ထာ ဝ ရ ဘု ရား သည် အ ရာ ခပ် သိမ်း တို့ အား ကောင်း မွန် လျက်၊ အ မှု အ ရာ တော် ဟူ သ မျှ အ ပေါ် တွင် က ရု ဏာ သက် တော် မူ ၏။