တစ်နေ့တာ ပြီးဆုံးတိုင်း ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ဆုတောင်းပြီး ကောင်းချီးတောင်းခံတာက ကောင်းမွန်တဲ့ အလေ့အကျင့်ပါ။ ညဆိုရင် နေ့စဉ်ပြဿနာတွေ၊ ကိုယ့်ရဲ့အားနည်းချက်တွေ၊ စိတ်ဖိစီးမှုတွေ၊ နေမကောင်းဖြစ်တာတွေကြောင့် စိတ်ညစ်ရတတ်တယ် မဟုတ်လား။
ယေရှုက လှေပေါ်မှာ အိပ်ပျော်နေတုန်း တမန်တော်တွေနဲ့အတူ ရှိနေခဲ့တဲ့ အဖြစ်အပျက်လေးကို သတိရကြည့်ပါ။ အိပ်ရာဝင်ခါနီး ကျမ်းစာဖတ်တာက စိတ်ချမ်းသာစွာ အိပ်ပျော်နိုင်အောင် ကူညီပေးပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို စိတ်ထဲမှာ သိမ်းဆည်းထားတာက ခရစ်တော်ရဲ့ ငြိမ်သက်ခြင်းကို ခံစားရစေပြီး ကိုယ့်ရဲ့အခြေအနေတွေကို ပြောင်းလဲပေးနိုင်ပါတယ်။
ယေရှုက တမန်တော်တွေနဲ့အတူ လှေပေါ်မှာ ရှိနေပြီး မုန်တိုင်းကို ငြိမ်းစေခဲ့သလိုပဲ သင့်အနားမှာလည်း ရှိနေတယ်ဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် စိတ်မပူပါနဲ့။
အို ဘု ရား သ ခင်၊ ကိုယ် တော်၌ အ ကျွန်ုပ် ခို လှုံ သည် ဖြစ်၍၊ ထိန်း သိမ်း တော် မူ ပါ။အ သို့ ဆို သော်၊ ကိုယ် တော် သည် အ ကျွန်ုပ် အ သက် ဝိ ညာဉ် ကို၊ မ ရ ဏာ့ နိုင် ငံ တွင် ပစ် ထား တော် မူ မည် မ ဟုတ်။ ကြည် ညို သူ့ ကို ပုပ် ပျက် ခြင်း နှင့် ကြုံ ကြိုက် စေ တော် မူ မည် မ ဟုတ်။အ သက် လမ်း ကို အ ကျွန်ုပ် အား၊ ကိုယ် တော် သိ ကျွမ်း စေ တော် မူ မည်။ ရှေ့ တော်၌ တင်း တိမ် ဖွယ် အား ရ ခွင့်၊ ညာ ဘက် တော်၌ ကာ လ အ စဉ် ပျော် မွေ့ ခွင့် တည် ရှိ လှ ပေ ၏။ကိုယ် တော် မှ တစ် ပါး၊ ချမ်း သာ ရာ ချမ်း သာ ကြောင်း မ ရှိ။ အ ကျွန်ုပ် အ ရှင် ပေ တည်း ဟု ထာ ဝ ရ ဘု ရား အား လည်း ကောင်း၊ ငါ နှစ် သက် မွေ့ လျော် ရာ လူ မြတ် ပေ တည်း ဟု၊ မြေ ကြီး ပေါ် ရှိ သန့် ရှင်း သူ တို့ အား လည်း ကောင်း ငါ ဝန် ခံ ခဲ့ ပြီ။
ငါ့ အ သက် ဝိ ညာဉ် သည်၊ ဘု ရား သ ခင်၌ သာ ငြိမ် ဝပ် စွာ နေ ရ၏။ ကယ် တင် ရာ အ ကြောင်း သည်၊ အ ထံ တော် မှ ရောက် လာ၏။
စိတ် နှ လုံး တည် ကြည် သော သူ့ ကို၊ ကိုယ် တော် ၌ ကိုး စား သည် နှင့်၊ လုံ ခြုံ စွာ စောင့် ထိန်း တော် မူ၏။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သာ လျှင် အ ကျွန်ုပ် ကို လုံ ခြုံ စွာ နေ ထိုင် စေ တော် မူ သည် ဖြစ်၍၊ စိတ် ချ စွာ လှဲ လျက် အိပ် ပျော် ပါ တော့ မည်။
ထာ ဝ ရ ဘု ရား စောင့် မ တော် မူ သော ကြောင့်၊ ငါ လှဲ၍ အိပ် ပျော် ပြီး နောက် နိုး မြဲ နိုး ရ ၏။
ကိုယ် တော် သည် သင့် ခြေ ကို ချော် စေ ခြင်း၊ သင့် ကို စောင့် ထိန်း သော အ ရှင် သည် ငိုက် မျည်း ခြင်း ပြု တော် မ မူ စေ လင့်။ကြည့် လော့။ ဣ သ ရေ လ လူ မျိုး ကို စောင့် ထိန်း သော အ ရှင် သည်၊ ငိုက် မျည်း ခြင်း၊ ကျိန်း စက် ခြင်း ရှိ တော် မူ သည် မ ဟုတ်။
မြင့် မြတ် သော ဘု ရား၏ အ တွင်း ဌာ န တော်၌ နေ ထိုင် သော သူ သည်၊ အ န န္တ တန် ခိုး ရှင်၏ အ ရိပ် ကို ခို လှုံ ရ လိမ့် မည်။သင့် ထံ ဘေး တစ် မျိုး မျှ မ ချဉ်း၊ နေ ထိုင် ရာ သို့ ကပ် ရော ဂါ တစ် မျိုး မျှ မ သင့် ရ။သွား လေ ရာ ရာ၌ သင့် ကို စောင့် ထိန်း ကြ စေ ရန်၊ စေ တ မန် တော် တို့ အား မှာ ထား တော် မူ သည့် အ တိုင်း၊ကျောက် ခဲ နှင့် ခြေ ကို မ ခိုက် မိ စေ ရန်၊ ချီ ပင့် ရ ကြ လိမ့် မည်။သင် သည် ခြင်္သေ့ နှင့် မြွေ ဆိုး များ ကို နင်း၍၊ ခြင်္သေ့ ပျို နှင့် န ဂါး တို့ ကို ကျော် ရ လိမ့် မည်။ငါ၌ စွဲ လမ်း သော ကြောင့်၊ သူ့ ကို ငါ ကယ် လွှတ်၍၊ ငါ့ နာ မ ကို သိ ကျွမ်း သော ကြောင့်၊ ချီး မြှောက် မည်။ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။တင်း တိမ် ဖွယ် အ သက် ရှည် စွာ သ နား ၍၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ကို ဖော် ပြ မည်။ငါ၏ ခို လှုံ ရာ၊ ငါ၏ ခံ တပ်၊ ငါ ကိုး စား ရာ ဘု ရား သ ခင် ပေ တည်း ဟု၊ ထာ ဝ ရ ဘု ရား အား ငါ ဝန် ခံ မည်။
သင် တို့ အ တွက် ကြောင့် ကြ တော် မူ သော ကြောင့် သင် တို့ စိုး ရိမ် ခြင်း ရှိ သ မျှ ကို ကိုယ် တော့် အ ပေါ် သို့ လွှဲ တင် ကြ လော့။
ထာ ဝ ရ ဘု ရား ကို၊ ငါ ရှာ ဖွေ ရာ၊ ကိုယ် တော် နား ညောင်း ၍၊ ငါ ကြောက် ဖွယ် ရှိ သ မျှ မှ ကယ် လွှတ် တော် မူ ၏။
သို့ ပြု လျင် ဉာဏ် ဟူ သ မျှ ထက် လွန် ကဲ သော ဘု ရား သ ခင် ငြိမ် သက် ခြင်း သည် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့၏ စိတ် နှ လုံး နှင့် အ ကြံ အ စည် များ ကို ကွယ် ကာ စောင့် ရှောက် လိမ့် မည်။
စိုး စဉ်း မျှ မ စိုး ရိမ် ပဲ ကျေး ဇူး တော် ကို ချီး မွမ်း လျက် တောင်း လျောက် ပ ဌာ နာ ပြု ချက် များ ဖြင့် လို လေ ရာ ရာ ကို ဘု ရား သ ခင် ရှေ့ ဖော် ပြ ကြ လော့။သို့ ပြု လျင် ဉာဏ် ဟူ သ မျှ ထက် လွန် ကဲ သော ဘု ရား သ ခင် ငြိမ် သက် ခြင်း သည် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့၏ စိတ် နှ လုံး နှင့် အ ကြံ အ စည် များ ကို ကွယ် ကာ စောင့် ရှောက် လိမ့် မည်။
အို ငါ့ အ သက် ဝိ ညာဉ်၊ ငြိမ်း ချမ်း ရာ သို့ ပြန် လော့။ ထာ ဝ ရ ဘု ရား သည် သင့် ကို ကြွယ် ဝ စွာ သ နား ၍၊
ပင် ပန်း သူ ဝန် လေး သူ အ ပေါင်း တို့၊ ငါ့ ထံ လာ ကြ လော့။ ငါ သည် ချမ်း သာ စေ မည်။ငါ့ ထမ်း ပိုး ကို ထမ်း၍ ငါ့ ထံ မှ သင် ကြ လော့။ ငါ သည် သိမ် မွေ့ နှိမ့် ချ သော စိတ် ရှိ၏။ အ သက် ဝိ ညာဉ် ချမ်း သာ ရာ ကို လည်း သင် တို့ တွေ့ ကြ လိမ့် မည်။ကိုယ် တော် သည် ကြွ လာ ရ မည့် အ ရှင် လော။ အ ခြား မျှော် လင့် ရ ဦး မည် လော့ ဟု မေး လျှောက် စေ သည့် အ တိုင်းငါ့ ထမ်း ပိုး သည် ထမ်း လွယ် လျက် ငါ့ ဝန် လည်း ပေါ့ သည် ဟူ၍ မိန့် တော် မူ၏။
ငြိမ်သက်ခြင်းကို သင်တို့နှင့်ငါထားခဲ့၏။ လောကသားတို့ပေးကြသည့်နည်းတူမဟုတ်။ ကိုယ့်ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ နှလုံးမသာခြင်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။
ငြိမ် သက် ခြင်း အ ရှင် ကိုယ် တော် တိုင် ပင် သင် တို့ အား အ နည်း နည်း ဖြင့် ငြိမ် သက် ခြင်း ကို အ စဉ် သ နား တော် မူ ပါ စေ သော။ အ ရှင် ဘု ရား သည် သင် တို့ ရှိ သ မျှ နှင့် အ တူ တည် တော် မူ ပါ စေ သော။
အ လုပ် ကြမ်း လုပ် ကိုင် သူ သည်၊ အ စာ ဝ သည် ဖြစ် စေ၊ မ ဝ သည် ဖြစ် စေ၊ အိပ်၍ ပျော် တတ်၏။ သူ ဌေး မူ ကား၊ ကြွယ် ဝ ခြင်း ကြောင့် အိပ်၍ မ ပျော် နိုင် ချေ။
ဤ သူ ဆင်း ရဲ အော် ဟစ် ၍၊ ထာ ဝ ရ ဘု ရား သည် နား ညောင်း လျက်၊ ဒု က္ခ ရှိ သ မျှ မှ ကယ် တော် မူ ၏။
ဗိုလ် ခြေ တို့ အ ရှင် အို ထာ ဝ ရ ဘု ရား၊ နာ မ တော် ဖြင့် သ မုတ် ခံ သည့် အ လျောက်၊ အ ကျွန်ုပ် တွေ့ ၍ သုံး ဆောင် ရာ ဗျာ ဒိတ် တော် သည်၊ စိတ် အား ရ ရွှင် လန်း ရာ အ ကြောင်း ဖြစ် လှ ပါ ၏။
ငါ့ခမည်းတော်ဘုံဗိမာန်တော်တွင် နေထိုင်ရာအများရှိ၏။ မရှိခဲ့လျှင် သင်တို့နေရာဌာနကိုပြင်ဆင်ရန် ငါသွားသည်ဟုဆိုမည်လော။
စော စော ထ လျက်၊ ညဉ့် နက် မှ အိပ် လျက်၊ ပင် ပန်း ခံ၍ စား သောက် သော် လည်း၊ အ ချည်း နှီး ဖြစ်၏။ နှစ် သက် တော် မူ သော သူ့ အား၊ အိပ် ပျော် ခွင့် ကို သ နား တော် မူ ၏။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ ပေါ် တွင် အ ထိန်း အ ကျောင်း ဖြစ် တော် မူ ၍၊ ငါ၌ လို လေ သေး မ ရှိ ရ။စိမ်း လန်း သော စား ကျက် များ၌ ငါ့ ကို ဝပ် နေ စေ၍၊ ငြိမ် သက် ရာ မြစ် ရေ ချောင်း ရေ များ အ နီး ဆောင် သွား တော် မူ၏။ငါ့ အ သက် ဝိ ညာဉ် ကို အား ဖြည့် လျက်၊ နာ မ တော် အ တွက် လမ်း ဖြောင့် များ၌ ဆောင် ယူ တော် မူ၏။
ငြိမ် ဝပ် စွာ နေ ကြ စေ။ ငါ သည် ဘု ရား သ ခင် ဖြစ် ကြောင်း သိ မှတ် ကြ စေ။ လူ မျိုး ခြား တို့ တွင် ဘုန်း ပွင့် မည်။ မြေ ကြီး ပေါ် မှာ ဘုန်း ပွင့် မည်။
တ ရား တော် ကို နှစ် သက် သူ တို့ သည်၊ ခ လုတ် မ တိုက် ရ ဘဲ၊ ကြီး စွာ သော ငြိမ် သက် ခြင်း ရှိ၏။
မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။
ငါ့ အ သက် ဝိ ညာဉ် သည်၊ ဘု ရား သ ခင်၌ သာ ငြိမ် ဝပ် စွာ နေ ရ၏။ ကယ် တင် ရာ အ ကြောင်း သည်၊ အ ထံ တော် မှ ရောက် လာ၏။အ ညှဉ်း အ ပန်း ၌ ကိုး စား ခြင်း အ လု အ ယက် ကြောင့် ဝင့် ဝါ ခြင်း မ ပြု ကြ နှင့်။ တိုး ပွား သည့် ပ စ္စည်း များ ကို မ စွဲ လမ်း ကြ လင့်။ဘု ရား သ ခင် သည် တစ် ကြိမ် တည်း ဗျာ ဒိတ် ပေး တော် မူ သည် မှာ၊ တန် ခိုး သည် ဘု ရား သ ခင် နှင့် စပ် ဆိုင် သည်။အို အ ရှင် ဘု ရား၊ က ရု ဏာ လည်း ကိုယ် တော် နှင့် စပ် ဆိုင် ပါ သည် ဟူ သော နှစ် ချက် ကို ငါ ကြား ရ၏။ ကိုယ် တော် သည် လူ အ သီး အ သီး တို့ အား၊ ကိုယ့် အ ကျင့် အ လျောက် ဆပ် ပေး တော် မူ ပါ ၏။ကိုယ် တော် သာ လျှင်၊ ငါ့ အ ဖို့ ကျောက် တောင်၊ ကယ် တင် ရာ အ ကြောင်း၊ ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ၍၊ များ စွာ ရွေ့ ရ မည် မ ဟုတ်။
ဗျာ ဒိတ် တော် လမ်း၌၊ အ ကျွန်ုပ် ခြေ ရာ များ ကို စီ စဉ် တော် မူ၍၊ ဒု စ ရိုက် အုပ် စိုး ခြင်း ကို အ လျှင်း မ ခံ ရ ပါ စေ နှင့်။
ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။
ဒု က္ခ များ ၌ အ ကျွန်ုပ် ကျင် လည် ရ သော် လည်း၊ ကိုယ် တော် သည် ရှင် ပြန် စေ လျက်၊ ဆန့် တန်း သော လက် ရုံး တော် ဖြင့် ရန် သူ တို့ အမျက် ဒေါ သ ငြိမ်း စေ၍၊ ညာ လက် ရုံး တော် ဖြင့် ကယ် တော် မူ လိမ့် မည်။
မ စွန့် မ ပယ် ဘဲ ငါ ရွေး ချယ် သည့် အ လျောက်၊ သင် နှင့် အ တူ ငါ ရှိ သ ဖြင့်၊ မ ကြောက် လင့်။ ငါ သည် သင်၏ ဘု ရား သ ခင် ဖြစ် သော ကြောင့်၊ မ စိုး ရိမ် နှင့်။ သင့် ကို ခိုင် ခံ့ စွာ ထောက် မ မည့် ပြင်၊ အောင် ပွဲ ရ ညာ လက် ရုံး ဖြင့် ထောက် ပင့် လိမ့် မည်။
အ ကြံ ပေး တော် မူ သော ထာ ဝ ရ ဘု ရား ကို ဩ ဘာ ပြု ပါ မည်။ ညဉ့် တိုင်း၊ ငါ့ နှ လုံး ကျောက် ကပ် ဆုံး မ ပါ၏။ငါ သည် ထာ ဝ ရ ဘု ရား ကို၊ အ စဉ် မျက် မှောက် ပြု ပါ ပြီ။ ငါ့ လက်ျာ ဘက်၌ ရှိ နေ တော် မူ သော ကြောင့်၊ ငါ ရွေ့ ရ မည် မ ဟုတ် ပါ။
ထာ ဝ ရ ဘု ရား ရှေ့၊ ဆိတ် ဆိတ် နေ၍ စောင့် မျှော် လော့။ မ ကောင်း သော အ ကြံ အောင်၍ အ မှု ထ မြောက် ရ သူ ကြောင့် စိတ် မျက် ခြင်း မ ရှိ လင့်။
ငါ့ စ ကား ကို နာ ခံ သော သူ မူ ကား၊ စိုး ရိမ် ခြင်း ကင်း လျက်၊ ဘေး ရန် ကို မ ကြောက် ဘဲ ငြိမ် သက် စွာ နေ ရ လိမ့် မည်။
အ ဆုံး စ ကား မှာ ညီ အ ကို တို့ မှန် ကန် သော အ ရာ၊ ကြည် ညို ဖွယ် သော အ ရာ၊ သင့် လျော် သော အ ရာ၊ စင် ကြယ် သော အ ရာ၊ နှစ် သက် ဖွယ် သော အ ရာ၊ အ သ ရေ ရှိ သော အ ရာ များ ကို၄င်း၊ ပါ ရ မီ အ ပါး ပါး ဂုဏ် အ ပါး ပါး ကို၄င်း၊
မ ကောင်း သ တင်း ကို မ ကြောက် ဘဲ၊ ထာ ဝ ရ ဘု ရား ၌ ကိုး စား သ ဖြင့်၊ စိတ် နှ လုံး တည် ကြည် ပါ ၏။
ငါ သည် စိတ် ပါ ကိုယ် ရောက် ထာ ဝ ရ ဘု ရား ကို စောင့် မျှော် တ သ လျက်၊ က တိ တော် ကို မျှော် လင့် ပါ ၏။
ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့ အ ဖို့ ဘု ရား သ ခင် အ လို တော် ရှိ သည့် အ တိုင်း အ စဉ် ရွှင် လန်း ခြင်း၊ မ ပြတ် ပ ဌ နာ ပြု ခြင်း၊ အ ရာ ရာ တွင် ကျေး ဇူး တော် ချီး မွမ်း ခြင်း များ ကို ပြု ကြ လော့။
ကိုယ့် ဝန် ကို ထာ ဝ ရ ဘု ရား အား လွှဲ အပ် လော့။ ထောက် မ တော် မူ လိမ့် မည်။ သူ တော် ကောင်း ကို မည် သည့် ကာ လ မျှ၊ ရွှေ့ သွား စေ ခွင့် ပြု တော် မူ မည် မ ဟုတ်။
ထို့ ကြောင့် နက် ဖြန် နေ့ အ ဖို့ မ စိုး ရိမ် ကြ နှင့်။ နက် ဖြန် နေ့ က ပင် ကိုယ့် အ ဖို့ စိုး ရိမ် လိမ့် မည်။ တစ် ရက် နှင့် ဆိုင် သော ဒု က္ခ သည် ထို ရက် အ ဖို့ တော် လောက် ၏။
ကောင်း မှု ကို လက် မ လွတ် ဘဲ ပြု ကြ ကုန် အံ့။ အား လျော့ ခြင်း ကင်း လျှင် အ ချိန် စေ့ သော် ငါ တို့ ရိတ် သိမ်း ကြ ရ လိမ့် မည်။
ထာ ဝ ရ အ ရှင် ဘု ရား သ ခင် မိန့် တော် မူ ကြောင်း ကြား ပါ ရ စေ။ မိုက် မဲ ရာ သို့ နောင် မ ပြန် ကြ လျှင်၊ ကြည် ညို သော လူ မျိုး တော် အား၊ ငြိမ် သက် ခြင်း သ တင်း ကို မိန့် တော် မူ လိမ့် မည်။
ရွှင် လန်း စွာ မျှော် လင့် လျက်၊ ဒု က္ခ ရောက် ရာ၌ တည် တံ့ လျက်၊ အ မြဲ ပ ဌ နာ ပြု လျက်၊ ဆင်း ရဲ သော တ ပည့် တော် တို့ အား ပေး ကမ်း လျက်၊ ဧည့် ဝတ် ပြု လျက် နေ ကြ လော့။
အ ကျဉ်း အ ကျပ် သို့ ရောက် သ ဖြင့်၊ ထာ ဝ ရ ဘု ရား ထံ အော် ဟစ် ကြ သော်၊ဆင်း ရဲ ဒု က္ခ ထဲ က ထုတ် ဆောင် လျက်၊ လှိုင်း တံ ပိုး ငြိမ်း ရ အောင် လေ ပြင်း ကို ရပ် စဲ စေ တော် မူ ပြီး လျှင်၊ ထို သို့ ငြိမ်း ခွင့် ကြောင့် ရွှင် လန်း သူ တို့ ကို၊စု သိမ်း လာ သော သူ၊ ရွေး နုတ် တော် မူ သော သူ တို့ သည် ချီး မွမ်း ကြ စေ။လို ရာ ဆိပ် ကမ်း သို့ ပို့ ဆောင် တော် မူ ၏။
ထာ ဝ ရ ဘု ရား သည် ကြေ ကွဲ သော နှ လုံး ရှိ သူ တို့ အ နီး ရှိ နေ ၍၊ ကြေ မွ သော စိတ် ရှိ သူ တို့ ကို ကယ် တော် မူ ၏။
အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် တို့၏ အ မှု ရှိ သ မျှ ကို၊ ကိုယ် တော် တိုင် စီ ရင် တော် မူ သည့် အ လျောက်၊ အ ကျွန်ုပ် တို့ အား ငြိမ် သက် ခြင်း ကို စီ မံ တော် မူ ပါ။
ငြိမ် သက် သော နှ လုံး သည်၊ ကိုယ် ကာ ယ အ သက် ရှင် ရာ အ ကြောင်း၊ ငြူ စူ ခြင်း မူ ကား၊ အ ရိုး များ၏ ဆွေး မြေ့ ရာ အ ကြောင်း ဖြစ်၏။
ချစ် ခြင်း မေ တ္တာ၌ ကြောက် ရွံ့ ခြင်း မ ရှိ။ ကြောက် ရွံ့ ခြင်း၌ ပြစ် ဒဏ် ပါ သည့် အ လျောက် စုံ လင် သော ချစ် ခြင်း မေ တ္တာ ဖြင့် ကြောက် ရွံ့ ခြင်း ဖဲ တတ် ၏။ ကြောက် ရွံ့ သူ သည် ချစ် ခြင်း မေ တ္တာ ၌ မ စုံ လင် သေး။
ထာ ဝ ရ ဘု ရား၌ ကိုး စား လျက်၊ ကောင်း မှု ပြု လော့။ နေ ပြည်၌ နေ လျက်၊ သ စ္စာ တ ရား၌ ကျက် စား လော့။ဖြောင့် မတ် သူ သည်၊ နှုတ် ဖြင့် ဉာဏ် ပ ညာ အ ကြောင်း မြွက် ဆို လျက်၊ လျှာ ဖြင့် မျှ တ ခြင်း အ ကြောင်း ပြော ဆို တတ်၏။စိတ် နှ လုံး ထဲ၌ ကိုယ့် ဘု ရား သ ခင့် တ ရား တော် တည် ရှိ၍၊ ခြေ တစ် လှမ်း မျှ မ ချော် ရ။လူ ဆိုး သည် ဖြောင့် မတ် သူ့ ကို ချောင်း မြောင်း၍၊ အ သက် အ န္တ ရာယ် ရှာ ကြံ သော် လည်း၊သူ့ လက် တွင် အပ် နှင်း ခြင်း၊ ဆုံး ဖြတ် ချိန် တွင် ပြစ် ဒဏ် စီ ရင် ခြင်း ကို၊ ထာ ဝ ရ ဘု ရား ပြု တော် မူ မည် မ ဟုတ်။ထာ ဝ ရ ဘု ရား ကို စောင့် မျှော် ၍၊ နည်း လမ်း တော် ကို စောင့် ရှောက် လော့။ နေ ပြည် ကို အ ပိုင် ရ စေ ခြင်း ငှာ၊ သင့် ကို ချီး မြှောက် တော် မူ လိမ့် မည်။ လူ ဆိုး တို့ ပယ် ရှား ရာ ခံ ရ သည် ကို သင် သိ မြင် ရ လ တ္တံ့။အ စိုး တ ရ ပြု လျက်၊ ပေါက် ရင်း အ ရပ် တွင် စိမ်း လန်း သော သစ် ပင် ကဲ့ သို့ ကြီး ပွား လျက် လူ ဆိုး နေ သည် ကို၊ ငါ မြင် ရ ပြီး နောက်၊တစ် ဖန်၊ သူ့ နေ ထိုင် ရာ သို့ သီ သွား၍ ကြည့် လျှင်၊ သူ မ ရှိ။ ရှာ သော် လည်း မ တွေ့ ရ။စုံ လင် သူ့ ကို မှတ် လျက်၊ ဖြောင့် မတ် သူ့ ကို ရှု ကြည့် လော့။ ရန် ငြိမ်း သော ထို သူ ၌ အ မျိုး အ နွယ် ရှိ ၏။ကျူး လွန် သူ တို့ မူ ကား၊ တစ် စု တည်း ပျက် စီး လျက်၊ အ မျိုး အ နွယ် ပါ ပယ် ရှား ခံ ရ ကြ လ တ္တံ့။ဖြောင့် မတ် သူ တို့ ၏ ကယ် တင် ရာ ကယ် တင် ကြောင်း သည်၊ ထာ ဝ ရ ဘု ရား ထံ မှ ဖြစ်၏။ ဒု က္ခ ရောက် ရာ ကာ လ၌၊ ကိုယ် တော် သည်၊ သူ တို့ ခို လှုံ ရာ ဖြစ် တော် မူ ၏။ထာ ဝ ရ ဘု ရား၌ မွေ့ လျော် လျှင်၊ စိတ် လို ဖတ် ရှိ ရာ များ ကို သ နား တော် မူ လိမ့် မည်။
သို့ ဖြစ်၍ ငါ ဆို သည် ကား မည် သည့် အ ရာ ကို စား ရ မည်။ မည် သည့် အ ရာ ကို သောက် ရ မည် ဟူ၍ ကိုယ့် အ သက် အ တွက် မ စိုး ရိမ် ကြ နှင့်။ မည် သည့် အ ရာ ကို ဝတ် ရ မည် ဟူ၍ ကိုယ် ခ န္ဓာ အ တွက် လည်း မ စိုး ရိမ် ကြ နှင့်။ အ သက် သည် အ စား အ သောက် ထက်၊ ကိုယ် ခ န္ဓာ သည် အ ဝတ် ထက် မြတ် သည် မ ဟုတ် လော။
ငါ တို့ ဝန် ကို၊ နေ့ စဉ် ထမ်း တော် မူ သော အ ရှင် ဘု ရား၊ ငါ တို့ ကို ကယ် တင် ပိုင် ရှင် ဘု ရား သ ခင် သည်၊ မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။
ဖြောင့် မတ် စွာ ဆုံး ဖြတ် တော် မူ ချက် များ ကြောင့်၊ သန်း ခေါင် ယံ၌ ပင်၊ အ ကျွန်ုပ် ထ၍ ကျေး ဇူး တော် ကို ချီး မွမ်း ပါ မည်။
လူ သည်၊ ကိုယ့် အ လေ့ အ လာ များ ကို ကြံ စည် ရ သော် လည်း၊ ခြေ လှမ်း များ ကို၊ ထာ ဝ ရ ဘု ရား စီ စဉ် တော် မူ၏။
၎င်း ပြင် အ ကြံ တော် နှင့် အ ညီ ခေါ် ထား တော် မူ သူ၊ ဘု ရား သ ခင် ကို ချစ် ကြည် မြတ် နိုး သူ တို့ ကောင်း ကျိုး အ လို့ ငှါ အ ရာ ခပ် သိမ်း ဝိုင်း ညီ ပြု စု လျက် ရှိ ကြောင်း၊
ညဉ့် အ ခါ ရောက် သော ဘေး အ န္တ ရာယ် ကို လည်း ကောင်း၊ နေ့ အ ခါ ပစ် သော မြှား ကိုလည်း ကောင်း၊မှောင် အ ချိန် လှည့် လည် သော ကပ် ရော ဂါ ကို လည်း ကောင်း၊ မွန်း တည့် အ ချိန် ဖျက် ဆီး သော ဘေး ဥ ပဒ် ကို လည်း ကောင်း၊ သင် ကြောက် ရ မည် မ ဟုတ်။
ဘု ရား သ ခင် သည်၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ပေ တည်း။ ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ ငါ၏ စွမ်း အား၊ ငါ ကျူး ဧ ဖွဲ့ ဆို ရာ၊ ငါ့ ကို ကယ် တင် ရာ အ ကြောင်း ဖြစ် စေ တော် မူ သ ဖြင့်၊ ကြောက် ရွံ့ ခြင်း ကင်း ၍ ကိုး စား ပါ မည် ဟု မြွက် ဆို လျက်၊
ရွှင် လန်း သော နှ လုံး သည်၊ ကာ ယ သန် မာ ခြင်း အ ကြောင်း၊ ကြေ ကွဲ သော စိတ် မူ ကား၊ အ ရိုး ခြောက် ခန်း ခြင်း အ ကြောင်း ဖြစ် ၏။
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ကို စိ စစ် လျက် စိတ် နှ လုံး ကို သိ မှတ် တော် မူ ပါ။ စစ် ဆေး လျက် အ ကြံ အ စည် များ ကို သိ မှတ် တော် မူ ပါ။ဆိုး သွမ်း သော အ လေ့ အ လာ တစ် စုံ တစ် ရာ ရှိ မ ရှိ ကို ရှု ကြည့် ၍၊ ထာ ဝ ရ လမ်း တော် ထဲ ၌ လမ်း ပြ တော် မူ ပါ။
မေ တ္တာ နှင့် ကောင်း မှု ကို လုံ့ လ ထုတ် အံ့ သော ငှာ တစ် ယောက် ကို တစ် ယောက် ထောက် ထား ခြင်း၊အ ချို့ တို့ ဓ လေ့ အ တိုင်း စည်း ဝေး ဝတ် ကို မ လှပ် ထား ဘဲ နေ့ တော် နီး ကြောင်း သင် တို့ မျှော် မြင် သည့် အ လျောက် အ ချင်း ချင်း အား အ ထူး နှိုး ဆော် ခြင်း များ ကို ပြု ကြ ကုန် အံ့။
ခ ရစ် တော် အား ဖြင့် ထာ ဝ ရ ဘုန်း တော် ကို ဝင် စား စေ ရန် သင် တို့ ကို ခေါ် ထား တော် မူ သော ကျေး ဇူး အ မျိုး မျိုး အ ရှင် ဘု ရား သ ခင် သည် တစ် ခ ဏ မျှ ဒု က္ခ ခံ ပြီး သော သင် တို့ ကို ကိုယ် တော် တိုင် စုံ လင် တည် ကြည် စေ၍ အား ဖြင့် တည် ထောင် တော် မူ လိမ့် မည်။
အ မျက် တော် သည် တစ် ခ ဏ မျှ၊ ကျေး ဇူး တော် သည် တစ် သက် ပတ် လုံး တည် ၏။ ညဉ့် အ ခါ၌ ငို ကြွေး ခြင်း ဝင် ရောက် တည်း ခို သော် လည်း၊ နံ နက် ထ သော်၊ ရွှင် လန်း ရ ၏။
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် အော် ဟစ် သံ ကို ကြား၍၊ ပ ဌ နာ ကို နား ညောင်း တော် မူ ပါ။စိတ် ညှိုး ငယ် သော အ ခါ၊ မြေ ကြီး အ စွန်း အ ဖျား မှ၊ အ ကျွန်ုပ် အော် ဟစ် ပါ မည်။ တက်၍ မ ရောက် နိုင် သော ကျောက် တောင် တော် သို့ ပို့ တော် မူ ပါ။
ထို ကြောင့် ညီ အစ် ကို တို့၊ ဘု ရား သ ခင့် က ရု ဏာ တော် ကို ထောက်၍ ငါ နှိုး ဆော် တိုက် တွန်း သည် မှာ၊ ဘု ရား သ ခင် နှစ် သက် တော် မူ ဖွယ် သန့် ရှင်း သော သ က္ကာ၊ ရှင် သော ပူ ဇော် သ က္ကာ အ ဖြစ် သင် တို့ ကိုယ် ခ န္ဓာ များ ကို ဉာဏ် ဆိုင် ရာ ဝတ် ဖြစ် သည့် အ လျောက် ဆက်ကပ် ကြ လော့။
ကိုယ် တော် သည် အ ကျွန်ုပ် ပုန်း ကွယ် ရာ ဖြစ် တော် မူ ပါ၏။ ဆင်း ရဲ ဒု က္ခ မှ ထိန်း သိမ်း လျက်၊ အောင် မြင် ရာ သီ ချင်း များ နှင့် ဝန်း ရံ စေ တော် မူ ပါ လိမ့် မည်။
မြစ် များ ကို ကူး သွား ရ လျှင် လွှမ်း မိုး ခြင်း၊ မီး၌ သွား ရ လျှင် ပူ လောင် ခြင်း၊ မီး လျှံ သင့် ခြင်း များ ကို ခံ ရ မည် မ ဟုတ်။
ဝိ ညာဉ် တော့် ဆိုင် ရာ အ သီး မူ ကား ချစ် ခြင်း၊ ရွှင် လန်း ခြင်း၊ ငြိမ် သက် ခြင်း၊ စိတ် ရှည် ခြင်း၊ က ရု ဏာ ပြ ခြင်း၊ ကျေး ဇူး ပြု ခြင်း၊ သစ္စာ တည် ခြင်း၊ သိမ် မွေ့ ခြင်း၊ ကိုယ် ကို ချုပ် တည်း ခြင်း များ တည်း။
အို ထာ ဝ ရ ဘု ရား၊ ကယ် တင် တော် မူ ခြင်း ကျေး ဇူး ကို အ ကျွန်ုပ် တ သ၍၊ တ ရား တော်၌ လည်း၊ မွေ့ လျော် ပါ ၏။
သို့ ဖြစ်၍ ငါ့ ဘု ရား သ ခင် သည် ဘုန်း တော် ကြွယ် ဝ တော် မူ သည့် အ တိုင်း သင် တို့ အ လို ရှိ သ မျှ ကို ခ ရစ် တော် ယေ ရှု အား ဖြင့် ပြည့် စုံ စေ တော် မူ လိမ့် မည်။
ညှိုး ငယ် သူ၏ နေ့ ရှိ သ မျှ သည်၊ ဆိုး ယုတ် ၏။ ရွှင် လန်း သော စိတ် ရှိ သူ မူ ကား၊ အ စဉ် သ ဘင် သ ဖွယ် ဖြစ် ၏။
အ ချင်း ငါ့ အ သက် ဝိ ညာဉ်၊ ဘု ရား သ ခင်၌ သာ ငြိမ် ဝပ် စွာ နေ လော့။ ငါ စောင့် မျှော် ရာ အ ကြောင်း သည် အ ထံ တော် မှ ရောက် လာ ၏။
သို့ ဖြစ်၍ ထို မျှ လောက် ထူ ထပ် သော သက် သေ ခံ တို့ ဝန်း ဝိုင်း ကြ သ ဖြင့် ဝန် ရှိ သ မျှ နှင့် ပတ် ရစ် သော ပြစ် မှု ကို ပယ် ရှား ပြီး လျှင် ယုံ ကြည် ခြင်း တ ရား ကို အ စ အ ဆုံး စီ ရင် တော် မူ သော အ ရှင် ယေ ရှု ကို မျက် မှောက် ပြု လျက် ငါ တို့ တာ ကို တည် ကြည် စွာ ပြေး ကြ ကုန် အံ့။
ငြိမ် သက် ခြင်း အ ရှင် ဘု ရား သ ခင် သည် သင် တို့ ကို ကိုယ် တော် တိုင် လုံး လုံး သန့် ရှင်း စေ တော် မူ ပါ စေ သော။ သင် တို့ နာမ် ဝိ ညာဉ်၊ စိတ် သ ဘော၊ ကိုယ် ခ န္ဓာ သုံး ပါး လုံး ကို ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ကြွ လာ တော် မူ သည့် ကာ လ အ ပြစ် မဲ့ အောင် စောင့် ထိန်း တော် မူ ပါ စေ သော။
စာ က လေး နှစ် ကောင် ကို ပိုက် ဆံ တစ် ပြား နှင့် ရောင်း ကြ သည် မ ဟုတ် လော။ သင် တို့ အ ဘ ခွင့် ပြု တော် မ မူ ဘဲ တစ် ကောင် မျှ မြေ သို့ မ ကျ ရ။
ထာ ဝ ရ ဘု ရား၏ ကျေး ဇူး တော် ကို၊ စိတ် နှ လုံး အ ကြွင်း မဲ့ ချီး မွမ်း လျက်၊ အံ့ ဖွယ် ရာ အ မှု တော် ရှိ သ မျှ ကို ဖော် ပြ ပါ မည်။အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် အား ရှာ ဖွေ သူ တို့ ကို စွန့် ထား တော် မ မူ သော ကြောင့်၊ နာ မ တော် အ ကျွမ်း ဝင် သူ တို့ သည်၊ ကိုယ် တော် ၌ ကိုး စား ကြ လိမ့် မည်။လူ သတ် မှု ကို စစ် ဆေး တော် မူ သော အ ရှင် သည်၊ ဆင်း ရဲ သား တို့ အော် ဟစ် သံ ကို သ တိ မ လစ် ဘဲ၊ မှတ် သား တော် မူ သော ကြောင့်၊ ဇိ အုန် မြို့၌ စံ နေ တော် မူ သော ထာ ဝ ရ ဘု ရား ထံ ကျူး ဧ လျက်၊ အ မှု တော် များ ကို၊ လူ မျိုး တို့ ဘောင် တွင် ဖော် ပြ ကြ လော့။သေ ခြင်း တံ ခါး များ မှ၊ အ ကျွန်ုပ် ကို ချီ ကြွ တော် မူ သော အို ထာ ဝ ရ ဘု ရား၊ သ နား တော် မူ ၍၊ မုန်း ထား သူ တို့ ကြောင့် ခံ ရ သော ဒု က္ခ ကို ရှု မြင် တော် မူ ပါ။သို့ မှ ဂုဏ် တော် အ ပေါင်း ကို အ ကျွန်ုပ် ဖော် ပြ ပါ မည်။ သ တို့ သ မီး ဇိ အုန် မြို့ တံ ခါး များ ၌၊ ကယ် တင် တော် မူ ခြင်း ကို အ ကြောင်း ပြု ၍ ရွှင် လန်း ပါ မည်။လူ မျိုး ခြား တို့ သည်၊ တူး လုပ် သော တွင်း ၌ နစ် မြုပ် လျက်၊ ဝှက် ထား သော ပိုက် တွင် ခြေ မိ လျက် ရှိ နေ ပါ ပြီ။ထာ ဝ ရ ဘု ရား သည် တ ရား သ ဖြင့် ဆုံး ဖြတ် လျက်၊ လူ ဆိုး ကို ကိုယ့် လက် ဖြစ် ကျော့ ကွင်း ၌ မိ စေ လျက် ထင် ရှား တော် မူ ပါ ပြီ။ဘု ရား သ ခင် ကို မေ့ လျော့ သူ လူ မျိုး ခြား ရှိ သ မျှ တည်း ဟူ သော လူ ဆိုး တို့ သည်၊ မ ရ ဏာ့ နိုင် ငံ သို့ ပြန် ရ ကြ မည်။နွမ်း ပါး သော သူ တို့ ကို၊ အ စဉ် မေ့ လျော့ ၍ နေ တော် မူ မည် မ ဟုတ်။ သူ ဆင်း ရဲ တို့ ၏ စောင့် မျှော် ခြင်း လည်း၊ အ စဉ် ပျက် ရ မည် မ ဟုတ်။အို ထာ ဝ ရ ဘု ရား၊ နိုး ထ ၍ လူ ကို အ နိုင် ပေး တော် မ မူ ပါ နှင့်။ လူ မျိုး ခြား တို့ ကို၊ ရှေ့ တော် ၌ တ ရား ဆုံး ဖြတ် တော် မူ ပါ။မြင့် မြတ် သော အ ရှင်၊ ကိုယ် တော်၌ အား ရ ရွှင် လန်း လျက်၊ နာ မ တော် ဂုဏ် တော် ကို ကျူး ဧ ပါ မည်။
ကိုယ် တော် သည် အ ကျွန်ုပ် ကွယ် ကာ ရန်၊ အ ကျွန်ုပ် ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ သည့် အ လျောက်၊ နှုတ် က ပတ် တော် ကို စောင့် မျှော် လျက် နေ ပါ၏။
လူ တို့ ခံ ရ သော စုံ စမ်း ခြင်း မျိုး မှ တစ် ပါး သင် တို့ မ ခံ ခဲ့ ရ။ ဘု ရား သ ခင် သည် သ စ္စာ နှင့် ပြည့် စုံ သည့် အ လျောက် သင် တို့ ခံ ရပ် နိုင် သည် ထက် စုံ စမ်း စေ ခွင့် ပြု တော် မ မူ မည့် ပြင် စုံ စမ်း ခံ ရာ တွင် ခံ ရပ် နိုင် ကြ စေ ရန် လွတ် ရာ လွတ် ကြောင်း ကို ပြု ပြင် တော် ဦး မည်။
အို ငါ့ စိတ် ဝိ ညာဉ်၊ အ ဘယ့် ကြောင့် ညှိုး ငယ် ရ သ နည်း။ အ တွင်း၌ အ ဘယ့် ကြောင့် မ ငြိမ် မ ဝပ် ရှိ ရ သ နည်း။ ဘု ရား သ ခင် ကို မျှော် လင့် လော့။ ငါ့ အား မျက် နှာ သာ ပေး တော် မူ သော အ ရှင် ကို၊ ငါ ချီး မွမ်း ခွင့် ရ ဦး မည်။
အ လေ့ အ လာ၌ စုံ လင် လျက်၊ ထာ ဝ ရ ဘု ရား၏ တ ရား တော် ကို လျှောက် လိုက် သူ တို့ သည် မင်္ဂ လာ ရှိ ကြ ၏။
ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။
ငါ တို့ သည် ထို အ တိုင်း ခံ ရ လျက် ပင် ငါ တို့ ကို ချစ် တော် မူ သော အ ရှင် ကြောင့် အ ထူး အောင် မြင် ရ ကြ၏။
ထာ ဝ ရ ဘု ရား ကား၊ ငါ၏ ရဲ တိုက်၊ ငါ့ ဘု ရား သ ခင် ကား၊ ငါ ခို လှုံ ရာ ကျောက် တောင် ပေ တည်း။
သူ့ လက် ကို ထာ ဝ ရ ဘု ရား ကိုင် ဆွဲ တော် မူ သ ဖြင့်၊ ခ လုတ် တိုက် မိ သော် လည်း လဲ ကျ တော့ မည် မ ဟုတ်။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ စွမ်း အား၊ ငါ့ ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ၏။ ကိုယ် တော်၌ ခို လှုံ ခဲ့ သည့် အ တိုင်း အ ထောက် အ မ ခံ ရ၏။ ငါ့ စိတ် ရွှင် လန်း၍ ကိုယ် တော် ကို သီ ဆို ချီး မွမ်း မည်။
ဘု ရား သ ခင် သည်၊ ငါ တို့ ခို လှုံ ရာ၊ ငါ တို့ စွမ်း အား ဖြစ် လျက်၊ ဒု က္ခ ရောက် သည့် ကာ လ၊ တွေ့ လွယ် သော အ ထောက် အ မ ဖြစ် တော် မူ ပါ ၏။ငြိမ် ဝပ် စွာ နေ ကြ စေ။ ငါ သည် ဘု ရား သ ခင် ဖြစ် ကြောင်း သိ မှတ် ကြ စေ။ လူ မျိုး ခြား တို့ တွင် ဘုန်း ပွင့် မည်။ မြေ ကြီး ပေါ် မှာ ဘုန်း ပွင့် မည်။ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည်၊ ငါ တို့ နှင့် အ တူ ရှိ လျက်၊ ယာ ကုပ် ၏ ဘု ရား သ ခင် သည်၊ ငါ တို့ ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ ပါ ၏။သို့ ဖြစ်၍၊ ပ ထ ဝီ သည် ရွေ့ လျက်၊ တောင် များ လည်း ပင် လယ် ဗ ဟို ထဲ သို့ ကျ ရောက် သော် လည်း ကောင်း၊ ပယ် လယ် ရေ သည် ပွက် ဆူ အော် ဟစ် လျက်၊ လှိုင်း အိ ထ သ ဖြင့်၊ တောင် များ လှုပ် ရှား သော် လည်း ကောင်း၊ ငါ တို့ သည် ကြောက် လန့် ကြ မည် မ ဟုတ်။
ဘု ရား သ ခင် ကြောင့် ငါ တို့ ခံ ရ သော နှစ် သိမ့် ခြင်း အား ဖြင့် မည် သည့် ဒု က္ခ မ ဆို ခံ နေ ရ သူ တို့ ကို နှစ် သိမ့် စေ ခွင့် ရှိ အံ့ သော ငှာ ငါ တို့ ခံ သ မျှ သော ဒု က္ခ၌ နှစ် သိမ့် စေ တော် မူ သည့် အ လျောက် က ရု ဏာ သက် တော် မူ သော အ ဘ၊ နှစ် သိမ့် ခြင်း အ မျိုး မျိုး ပေး တော် မူ သော ဘု ရား၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ခ မည်း တော် ဘု ရား သခင် ၌ မင်္ဂ လာ ရှိ ၏။
ဟာ လေ လု ယ။ ထာ ဝ ရ ဘု ရား ကို ခန့် ညား၍၊ ပ ညတ် တော် များ ကို အ ထူး နှစ် သက် သူ သည် မင်္ဂ လာ ရှိ၏။လူ ဆိုး တို့ မြင် ၍ ဝမ်း နည်း ခြင်း၊ အံ ခဲ လျက် ပျောက် လွင့် ခြင်း ခံ ရ ကြ လိမ့် မည်။ လူ ဆိုး တို့ အ လို ဆ န္ဒ ကား၊ ပျက် စီး ရ လ တ္တံ့။သူ့ အ နွယ် သည်၊ မြေ ကြီး ပေါ် တွင် တန် ခိုး ကြီး လျက်၊ ဖြောင့် မှန် သူ တို့ အ ဆက် သည်၊ ကောင်း ကြီး ခံ ရ ကြ လိမ့် မည်။သူ့ အိမ်၌ ဥ စ္စာ ဓ န ကြွယ် ဝ၍၊ သူ့ ဖြောင့် မတ် ခြင်း လည်း ကာ လ အ စဉ် တည် ၏။
စိတ် ပူ ဆွေး ၍ ယို ကျ မ တတ် ရှိ သော အ ကျွန်ုပ် ကို၊ နှုတ် က ပတ် တော် အ တိုင်း တည် မြဲ စေ တော် မူ ပါ။
ကိုယ် တော် ပင် အ ကျွန်ုပ် ခို လှုံ ရာ၊ ရန် သူ တို့ ရှေ့ ခိုင် ခံ့ သော ရဲ တိုက် ဖြစ် တော် မူ ပါ ၏။
ထာ ဝ ရ ဘု ရား၏ နာ မ တော် သည်၊ ခိုင် ခံ့ သော ရဲ တိုက် သ ဖွယ် ဖြစ်၍၊ ဖြောင့် မတ် သော သူ ပြေး ဝင် လျက် လုံ ခြုံ စွာ နေ ရ ၏။
အို ထာ ဝ ရ ဘု ရား၊ နည်း တော် များ ကို ညွှန် ပြ၍၊ လမ်း တော် များ ကို သွန် သင် တော် မူ ပါ။ကိုယ် တော် သည်၊ အ ကျွန်ုပ် ကို ကယ် တင် သော ဘု ရား သ ခင် ဖြစ် တော် မူ သည့် အ လျောက်၊ နေ့ ရှိ သ မျှ အ ကျွန်ုပ် စောင့် မျှော် သော ကြောင့်၊ သ စ္စာ တော် နှင့် ပို့ ဆောင်၍၊ သွန် သင် တော် မူ ပါ။
စိတ် နှ လုံး စင် ကြယ် သော သူ တို့၌ မင်္ဂ လာ ရှိ၏။ ထို သူ တို့ သည် ဘု ရား သ ခင် ကို ဖူး မြင် ရ ကြ လ တ္တံ့။
ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ခ မည်း တော် ဘု ရား သ ခင် ဘုန်း တော် ကို တစ် စိတ် တည်း၊ တစ် သံ တည်း ချီး မွမ်း ခွင့် ရှိ စေ ခြင်း ငှါ တည် ကြည် ခြင်း နှင့် နှစ် သိမ့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သင် တို့ အား ခ ရစ် တော် ယေ ရှု၏ ပုံ စံ တော် အ လိုက် တစ် သ ဘော တည်း အ ဖြစ် ကို သ နား တော် မူ ပါ စေ သော။
လူ ကို ကြောက် ရွံ့ ခြင်း သ ဘော သည်၊ ကျော့ မိ ရာ အ ကြောင်း ဖြစ်၏။ ထာ ဝ ရ ဘု ရား အား ကိုး စား သော သူ မူ ကား၊ စိတ် ချ စွာ နေ ရ လိမ့် မည်။
မြစ် နား တွင် စိုက် ထား၍၊ အ ရွက် မ ညှိုး ဘဲ၊ ရာ သီ အ လျောက် အ သီး သီး သော သစ် ပင် နှင့် တူ လိမ့် မည်။ ကြံ တိုင်း အောင် လျက် ဆောင် တိုင်း မြောက် လိမ့် မည်။
သို့ ဖြစ်၍ အို အ ရှင် ဘု ရား၊ အ ကျွန်ုပ် သည် မည် သည့် အ ရာ ကို စောင့် စား နေ ရ ပါ သ နည်း။ ကိုယ် တော်၌ သာ လျှင် မျှော် လင့် ခြင်း ရှိ ပါ၏။
ထာ ဝ ရ ဘု ရား သည် ငါ့ အ မှု ထ မြောက် စေ တော် မူ လိမ့် မည်။ အို ထာ ဝ ရ ဘု ရား၊ က ရု ဏာ တော် သည် ကာ လ အ စဉ် တည် သည့် အ လျောက်၊ လက် တော် ဖြင့် စီ ရင် သော အ မှု အ ရာ များ ကို စွန့် ပစ် တော် မ မူ ပါ နှင့်။
တောင် များ ရွှေ့ ၍၊ ကုန်း များ လှုပ် ရှား ရ သော် လည်း၊ ငါ၏ မေ တ္တာ ကျေး ဇူး သည်၊ သင် မှ မ ရွှေ့။ မ ဟာ မိတ် ပ ဋိ ညာဉ် တော် လည်း၊ မ လှုပ် မ ရှား ရ ဟု သင့် အား က ရု ဏာ သက် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
အ ကျွန်ုပ်၏ ကျောက် တောင် တော်၊ ရွေး နုတ် ပိုင် ရှင်၊ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ်၏ နှုတ် ထွက် စ ကား များ နှင့် စိတ် ဆင် ခြင် ချက် များ သည်၊ မျက် မှောက် တော်၌ လက် ခံ တော် မူ ဖွယ် ဖြစ် ပါ စေ သော။