ထို နည်း တူ လူ ငယ် တို့၊ လူ ကြီး ဖြစ် သူ တို့ အ နော် အ တာ ကို ခံ လျက် နေ ကြ လော့။ ဘု ရား သ ခင် သည် မာ န ကြီး သူ တို့ ကို ခု ခံ၍ စိတ် နှိမ့် ချ သူ တို့ အား ကျေး ဇူး သ နား တော် မူ သော ကြောင့် စိတ် နှိမ့် ချ ခြင်း တန် ဆာ ကို အ ချင်း ချင်း တို့ ရှေ့ ရှိ သ မျှ တို့ ဆင် ကြ လော့။
အ ချင်း သူ ငယ် တို့၊ လာ ရောက် နား ထောင် ကြ။ ထာ ဝ ရ ဘု ရား အား ခန့် ညား ခြင်း ဝတ် ကို၊ ငါ သွန် သင် မည်။
ငါ့ သား၊ ထာ ဝ ရ ဘု ရား၏ ဆုံး မ ခြင်း ကို ပေါ့ ပေါ့ ဆ ဆ မ ပြု ဘဲ၊ ပဲ့ ပြင် ခြင်း ကို လည်း၊ ရွံ့ ရှာ ဖွယ် မ မှတ် နှင့်။အ ဘ သည် နှစ် သက် သော သား ကို ဆုံး မ သည့် နည်း တူ ပင်၊ ထာ ဝ ရ ဘု ရား လည်း၊ ချစ် တော် မူ သော သူ့ ကို ဆုံး မ တော် မူ၏။
ငါ့ ကို ချစ် ကြည် မြတ် နိုး လျက် ပ ညတ် တော် များ ကို လည်း စောင့် ရှောက် သူ တို့ အ မျိုး အနွယ် အ ထောင် အ သောင်း တို့ အ ပေါ် က ရု ဏာ သက် သော ဘု ရား ဖြစ် ၏။
အ ကျွန်ုပ် တို့ သား များ သည်၊ ပျို ရွယ် စဉ် ကြီး ပွား သော ပျိုး ပင် များ ကဲ့ သို့ လည်း ကောင်း၊ သ မီး များ သည် နန်း တော် သုံး ပွတ် ပြီး ထောင့် တိုင် များ ကဲ့ သို့ လည်း ကောင်း၊ ဖြစ် လျက်၊ ကျီ ကျ များ သည်၊
အိမ် မှ စ သော စီး ပွား ချမ်း သာ သည်၊ အ ဘ ထံ ရ သော အ မွေ အ နှစ် ဖြစ်၏။ သ တိ ပ ညာ ရှိ သော မ ယား မူ ကား၊ ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ ရာ ဖြစ်၏။
ချို သာ စွာ တုံ့ ပြန် ချက် သည်၊ ဒေါ သ ကို လွှဲ ရှောင် တတ်၏။ ကြမ်း တမ်း သော စ ကား မူ ကား၊ အ မျက် ကို နှိုး ဆော် တတ် ၏။
ငါ တို့ အ ပေါ်၌ ဘု ရား သ ခင် သက် တော် မူ သော ချစ် ခြင်း မေ တ္တာ ကို ငါ တို့ သိ မြင် ယုံ ကြည် ခဲ့ ကြ ပြီ။ ဘု ရား သ ခင် သည် ချစ် ခြင်း မေ တ္တာ ဖြစ် တော် မူ သည် နှင့် အ ညီ ချစ် ခြင်း မေ တ္တာ၌ တည် သူ သည် ဘု ရား သ ခင်၌ တည် လျက် ဘု ရား သ ခင် လည်း ထို သူ၌ တည် တော် မူ၏။
လွန် ကဲ သော နည်း လမ်း ကို ငါ ပြ ဦး မည် မှာ ငါ သည် လူ တို့ နှင့် စေ တ မန် တော် တို့ ဘာ သာ စ ကား ထူး ပြော ဆို သော် လည်း၊ မေ တ္တာ မ ရှိ လျှင် ပဲ့ တင် ခတ် သော ကြေး စည်၊ အ သံ မြည် သော လင်း ကွင်း မျှ ဖြစ် လေ ပြီ။
ခွန် အား နှင့် ဂုဏ် အ သ ရေ ကို ဆင် ယင် ရ သ ဖြင့်၊ နောက် နောင် ထောက် ရှု၍၊ ရယ် ရွှင် ခွင့် ရှိ၏။ဉာဏ် ပ ညာ နှင့် ယှဉ်၍ နှုတ် မြွက် သည့် ပြင်၊ က ရု ဏာ တ ရား လည်း လျှာ တွင် တည်၏။
မုန်း ထား ခြင်း သည်၊ ရန် ဖြစ် စေ ရန် မွှေ နှောက် တတ်၏။ ချစ် ခြင်း မေ တ္တာ မူ ကား၊ လွန် ကျူး မှု ရှိ သ မျှ ကို ဖုံး အုပ် တတ်၏။
အစ် ကို ရှိ သ မျှ ကို လည်း နမ်း ၍ အ တူ ငို ကြွေး ကြ ပြီး နောက် သူ နှင့် ရော နှော ပြော ဆို ကြ ကုန် ၏။
သူ ခပ် သိမ်း တို့ နှင့် အ သင့် အ တင့် နေ ခြင်း ကို လည်း ကောင်း၊ ထာ ဝ ရ ဘု ရား ကို ဖူး မြင် ရ စေ သော သန့် ရှင်း ခြင်း ကိုလည်း ကောင်း လိုက် ရှာ ကြ လော့။
သို့ ဖြစ်၍ ဘု ရား သ ခင်၏ ဘုန်း တော် ထင် ရှား စေ ရန် ခ ရစ် တော် သည် သင် တို့ ကို လက် ခံ တော် မူ သည့် နည်း တူ အ ချင်း ချင်း လက် ခံ ကြ လော့။
အချင်းချင်းချစ်ကြလော့ ဟူသောပညတ်တော်သစ်ကို သင်တို့အားငါပေး၏။ ငါသည် သင်တို့ကိုချစ်သည့်နည်းတူပင် သင်တို့လည်းအချင်းချင်းချစ်ကြလော့။
အ သက် ပျို စဉ် ရ သော သား သ မီး တို့ သည်၊ သူ ရဲ ကိုင် ဆောင် သော မြှား ကဲ့ သို့ ဖြစ် ၏။မြှား ကျည် တောက် အ ပြည့် သား သ မီး ရ သော သူ တို့ သည်၊ ရန် သူ တို့ နှင့် တံ ခါး ဝ ၌ နှုတ် ပြိုင် ရာ၊ အ ရှက် မ ကွဲ ရ သ ဖြင့်၊ မင်္ဂ လာ ရှိ ကြ ၏။
ဖြောင့် မတ် သော သူ သည်၊ ရိုး သား စွာ လျှောက် လိုက် သ ဖြင့်၊ ဆင်း သက် သော သား မြေး တို့၌ မင်္ဂ လာ ရှိ၏။
သင့် သား သ မီး အ ပေါင်း တို့ သည်၊ ငါ ထာ ဝ ရ ဘု ရား ၏ တ ပည့် သား ဖြစ် လျက်၊ များ ပြား စွာ ချမ်း သာ ရ ကြ လိမ့် မည်။
သား သ မီး ဖြစ် သူ တို့၊ သင့် လျော် သည့် အ တိုင်း အ ရှင် ဘု ရား အ လို တော် နှင့် အ ညီ မိ ဘ စ ကား ကို နား ထောင် ကြ လော့။
ထို ကြောင့် ကိုယ် ကို ပြု စေ လို သ မျှ အ တိုင်း သူ တစ် ထူး တို့ အား ပြု ကြ လော့။ ဤ သည် ကား ပ ည တ္တိ ကျမ်း၊ ပ ရော ဖက် ကျမ်း များ အ လို တည်း။
မေ တ္တာ နှင့် သ မ္မာ တ ရား ကို စွဲ မြဲ လျက် ဦး ထိပ် တည်း ဟူ သော ခ ရစ် တော်၌ အ နည်း နည်း အား ဖြင့် ကြီး ပွား ရ ကြ ၏။
သို့ ဖြစ်၍ လည်း မည် သူ မ ဆို ခ ရစ် တော်၌ ရှိ တည် လျှင် လူ သစ် ဖြစ် လျက် ဟောင်း သော အ ရာ များ ပျောက် လွင့်၍ အ သစ် ဖြစ် လေ ပြီ။
နှ လုံး ကြေ ကွဲ သော သူ တို့ ကို နှစ် သိမ့် စေ လျက်၊ သူ တို့ ဒဏ် ရာ များ ကို ပတ် စည်း တော် မူ၏။
ရွှင် လန်း စွာ မျှော် လင့် လျက်၊ ဒု က္ခ ရောက် ရာ၌ တည် တံ့ လျက်၊ အ မြဲ ပ ဌ နာ ပြု လျက်၊ ဆင်း ရဲ သော တ ပည့် တော် တို့ အား ပေး ကမ်း လျက်၊ ဧည့် ဝတ် ပြု လျက် နေ ကြ လော့။
တုံ့ ပြန်၍ အ ဆိုး မ ပြု မ ကဲ့ ရဲ့ ဘဲ ကောင်း ကြီး မင်္ဂ လာ ကို အ မွေ ခံ စေ ရန် ခေါ် ထား တော် မူ သူ များ ဖြစ် သော ကြောင့် ကောင်း ကြီး ပေး ကြ လော့။
အ ဘ သည်၊ သား သ မီး များ ကို သ နား စုံ မက် သည့် နည်း တူ၊ ထာ ဝ ရ ဘု ရား သည်၊ ခန့် ညား သူ တို့ ကို သ နား စုံ မက် တော် မူ၏။
အ ဆုံး စ ကား မှာ အ ရှင် ဘု ရား အား ဖြင့်လည်း ကောင်း၊ အ စွမ်း သ တ္တိ တော် အား ဖြင့်လည်း ကောင်း၊ ခွန် အား ကြီး လျက် မာရ် နတ် ပ ရိ ယာယ် များ ကို ရပ် ခံ နိုင် ရန်၊
ကောင်း မှု ကို လက် မ လွတ် ဘဲ ပြု ကြ ကုန် အံ့။ အား လျော့ ခြင်း ကင်း လျှင် အ ချိန် စေ့ သော် ငါ တို့ ရိတ် သိမ်း ကြ ရ လိမ့် မည်။
မိ ခင် သည် ရင် သွေး ဖြစ် သော နို့ စို့ သူ ငယ် ကို၊ က ရု ဏာ ကင်း သည့် တိုင် အောင်၊ အ မှတ် မ ရ ဘဲ နေ နိုင် သ လော။ အ မှတ် မ ရ ဘဲ နေ နိုင် စေ ကာ မူ၊ ငါ ကား သင့် ကို အ မှတ် မ ရ ဘဲ မ နေ နိုင်။
ညီ အစ် ကို တို့၊ လွတ် ခွင့် အ ဖို့ သင် တို့ ကို ခေါ် ထား တော် မူ သည် မှန်၏။ သို့ ရာ တွင် ထို လွတ် ခွင့် ကို ရုပ် ခ န္ဓာ သွေး ဆောင် ရာ သွေး ဆောင် ကြောင်း မ ဖြစ် စေ ဘဲ ချစ် ခြင်း မ တ္တာ အား ဖြင့် အ ချင်း ချင်း တို့ ထံ ကျွန် ခံ ကြ လော့။
အ မှု တော် များ ကို လူ မျိုး အ ဆက် ဆက် ချီး မွမ်း လျက်၊ တန် ခိုး တော် များ ကို ကြား ပြော ကြ ပါ လိမ့် မည်။
ထာ ဝ ရ ဘု ရား ကို ခန့် ညား လျက်၊ နည်း လမ်း တော် များ ၌ လျှောက် လိုက် သူ တိုင်း၊ မင်္ဂ လာ ရှိ ပါ စေ သော။
စိုး ရိမ် သော စိတ် သည်၊ ကိုယ် ကို ညှိုး ငယ် စေ တတ်၏။ ကျေး ဇူး စ ကား မူ ကား၊ ရွှင် လန်း စေ တတ် ၏။
ချို သော စ ကား များ သည်၊ ပျား လ ပို့ ကဲ့ သို့ ဖြစ် သ ဖြင့် အ သက်၌ အေး မြ၍၊ အ ရိုး သန် မာ ခြင်း အ ကြောင်း လည်း ဖြစ် ၏။
ငါ့ ကို ခွန် အား နှင့် ပြည့် စေ တော် မူ သော အ ရှင်၌ ငါ သည် အ ရာ ခပ် သိမ်း ကို စွမ်း ဆောင် နိုင်၏။
မေ တ္တာ သည် ကြွေ ကျ တော့ မည် မ ဟုတ်။ ဟော ပြော ဉာဏ် ဖြစ် လျင် ပ ပျောက် ခြင်း၊ ဘာ သာ စ ကား ထူး ဖြစ် လျင် ရပ် စဲ ခြင်း၊ အ သိ ပ ညာ ဖြစ် လျှင် ကွယ် ပျောက် ခြင်း ကို ခံ ရ တော့ မည်။
အ ပေါင်း အ ဖော် များ သော သူ သည်၊ ကိုယ် ကျိုး မ ရှိ သော် လည်း၊ ညီ အစ် ကို ရင်း ချာ ထက်၊ ခင် တွယ် တတ် သော မိတ် ဆွေ ရှိ သေး ၏။
ဖွယ် ရာ ခြင်း သည်၊ လှည့် စား၍၊ အ ဆင်း လှ ခြင်း လည်း၊ အ ချည်း နှီး ဖြစ် တတ်၏။ ထာ ဝ ရ ဘု ရား ကို ခန့် ညား သော မိန်း မ မူ ကား၊ ချီး မွမ်း ခံ ရ လိမ့် မည်။
ကြောက် ရွံ့ လျက် နေ ပြန် စေ ရန် ကျွန့် အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို သင် တို့ ခံ ရ ကြ သည် မ ဟုတ်။ အ ဗ္ဗ၊ အ ဘ ဟု ခေါ် စေ သော သား အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို ခံ ရ ကြ ပြီး သည် နှင့် အ ညီ၊
ကိုယ် တော့် ထံ မှ ငါ တို့ ရ ရှိ သော ပ ညတ် တော် မှာ ဘု ရား သ ခင် ကို ချစ် သူ သည် ညီ အစ် ကို ချင်း ကို လည်း ချစ် ရ မည် ဟူ၍ တည်း။
အ ပေါင်း အ ဖော်၌ ဆောက် တည် ခြင်း ကောင်း ကျိုး ရှိ စေ ရန် သူ့ စိတ် တွေ့ တိုင်း ပြု ကြ ကုန် အံ့။
မေတ္တာ သည် စိတ် ရှည် လျက် ကျေး ဇူး ပြု တတ်၏။ မေ တ္တာ သည် ငြူ စူ ခြင်း၊ ထောင် လွှား ခြင်း၊ ဝင့် ဝါ ခြင်း၊မ သင့် မ လျော် ပြု ကျင့် ခြင်း၊ ကိုယ့် အ ကျိုး ကို ရှာ ခြင်း၊ စိတ် တို ခြင်း၊ နစ် နာ မှု ကို အ ရေး ယူ ခြင်း များ နှင့် ကင်း သည့် ပြင်၊အ ဓ မ္မ ကြောင့် မ ရွှင် လန်း ဘဲ သ မ္မာ ဓ မ္မ ကြောင့် ရွှင် လန်း၍ အ ရာ ရာ ကို ရပ် ခံ လျက်၊အ ရာ ရာ ကို ယုံ ကြည် လျက်၊ အ ရာ ရာ ကို မြော် လင့် လျက်၊ အ ရာ ရာ ကို သည်း ခံ လျက် နေ၏။
မည် သူ မ ဆို ကိုယ့် အိမ် သူ အိမ် သား တို့ မှ စ၍ ဆွေ မျိုး သား ချင်း တို့ ကို မ ကြည့် ရှု လျှင် ယုံ ကြည် ခြင်း တ ရား ကို ငြင်း ဆန် သူ၊ သာ သ နာ ပ ထက် ဆိုး သူ ဖြစ် လေ ပြီ။
ဆူ ဖြိုး သော နွား တစ် ကောင် ကို၊ အ ချင်း ချင်း မုန်း ထား သော စိတ် နှင့် စား ရ သည် ထက်၊ ဟင်း ရွက် တစ် နပ် စာ ကို ချစ် ခြင်း မေတ္တာ နှင့် စား ရ ခြင်း သည်၊ သာ၍ မြတ်၏။
ညီ အစ် ကို တို့ သည်၊ အ တူ နေ ထိုင် ခွင့် ရ ကြ သည် မှာ၊ အ လွန် ကောင်း မြတ်၍ တင့် တယ် လှ ပါ သည် တ ကား။
ကိုယ့် အိမ် သူ အိမ် သား တို့ ကို နှောင့် ရှက် သော သူ သည်၊ လေ ကို အ ပိုင် ရ လိမ့် မည်။ လူ မိုက် လည်း၊ နှ လုံး ရည် ကောင်း သူ့ ထံ၌ ကျွန် ခံ ရ လိမ့် မည်။
သင်္ဂ ဟ ဝတ် ကို ပြု မြဲ ပြု ကြ လော့။ ဧည့် ဝတ် အား ဖြင့် အ ချို့ တို့ သည် စေ တ မန် တော် များ ကို မ မှတ် ဘဲ ဧည့် ခံ ကြ ပြီး ဖြစ်၍ ထို ဝတ် ကို မ လစ် လပ် ကြ နှင့်။
ယ နေ့ ငါ ဆင့် ဆို သော ထို အ ချက် ကို ပင်၊ နှ လုံး သွင်း သည့် ပြင်၊ သား သ မီး တို့ အား လည်း အာ ဂုံ ဆောင် စေ ၍၊အိမ် မှာ ထိုင် နေ စဉ်၊ လမ်း လျှောက် စဉ်၊ အိပ် ရာ ဝင် စဉ်၊ နိုး ထ စဉ်၊
သို့ ဖြစ်၍ လင် မ ယား သည် နှစ် ဦး မ ဟုတ်။ တစ် သား တည်း ဖြစ် သည် နှင့် ဘု ရား သ ခင် တွဲ ဖက် တော် မူ သော သူ တို့ ကို လူ မ ခွဲ မ ခွာ ရ ဟု မိန့် တော် မူ ၏။
မေ တ္တာ ရှိ လျှင် အ ပေါင်း အ ဖော် အား မည် သည့် မ ကောင်း ကို မျှ ပြု မည် မ ဟုတ်။ သို့ ဖြစ်၍ မေ တ္တာ ရှိ ခြင်း သည် ပ ညတ် တ ရား ကို အ ပြည့် အ စုံ စောင့် ရှောက် ရာ စောင့် ရှောက် ကြောင်း ဖြစ် ၏။
သင် တို့ အ သီး အ သီး မှာ မူ မ ယား ကို ကိုယ် နှင့် အ မျှ ချစ် ကြ လော့။ မ ယား လည်း လင် ကို ရို သေ ကြ စေ။
ညီ အစ် ကို ချင်း အ ဖြစ် သင်္ဂ ဟ ဝတ် အ တိုင်း တစ် ယောက် ကို တစ် ယောက် ချစ်၍ ကိုယ့် ထက် ဂုဏ် တင် လျက်၊
အ ထူး ဆို သော် မေ တ္တာ သည် များ ပြား သော အ ပြစ် ကို ဖုံး အုပ် သည် ဖြစ်၍ အ ချင်း ချင်း မေ တ္တာ သ ဘော ကို တောင့် တ ကြ လော့။
လင် ဖြစ် သူ တို့၊ ခ ရစ် တော် သည် အ သင်း တော် ကို မင်္ဂ လာ ခံ ချက် နှင့် တ ကွ သုံး သပ် ရေ၌ သန့် ရှင်း စင် ကြယ် စေ၍ အ စွန်း အ ကွက် အ တွန့် အ ရှုန့် ကင်း လျက် သန့် ရှင်း စင် ကြယ် သော အ ဖြစ် ဖြင့် ကိုယ် တော် တိုင် အား ဘုန်း ကြီး စွာ ဆက် သ အံ့ သော ငှါ ချစ် ခင်၍ ကိုယ် ကို စွန့် တော် မူ သည့် နည်း တူ မ ယား ကို ချစ် ကြ လော့။
အ ဘ ဖြစ် သူ တို့၊ သား သ မီး ကို အ မျက် မ တိုက် ဘဲ အ ရှင် ဘု ရား နှင့် အ ညီ ဆုံး မ ပဲ့ ပြင် လျက် မွေး မြူ ကြ လော့။
သူ ငယ် ကို၊ သွား အပ် သော လမ်း၌ စ ထွင် လေ့ ကျက် စေ လျှင်၊ အို သော အ ခါ၌ ပင်၊ မ လွှဲ ဘဲလျှောက် လိုက် လိမ့် မည်။
မည် သူ့ အ ပေါ် တွင် မ ဆို အ ပြစ် တင် ရန် ရှိ လျှင် သင် တို့ ကို အ ရှင် ဘု ရား ချမ်း သာ ပေး တော် မူ သည့် နည်း တူ တစ် ဦး ကို တစ် ဦး သည်း ခံ လျက် အ ချင်း ချင်း တို့ အား ချမ်း သာ ပေး ကြ လော့။
မိတ် ဆွေ ဖြစ် သူ သည်။ အ ခါ ခပ် သိမ်း ချစ် တတ်၏။ ညီ အစ် ကို လည်း၊ ဒု က္ခ ကို ကွယ် ကာ ရန် မွေး ဖွား ပြီး ဖြစ်၏။
ချစ် သူ တို့၊ ငါ တို့ သည် အ ချင်း ချင်း ချစ် ကြ ကုန် အံ့။ ချစ် ခြင်း မေ တ္တာ သည် ဘု ရား သ ခင် မှ ဖြစ် လျက် မေ တ္တာ ရှိ သူ တိုင်း ဘု ရား သ ခင် အား ဖြင့် ဖွား ရ သူ ဘု ရား သ ခင် နှင့် ကျွမ်း ဝင် သူ ဖြစ်၏။
သား သ မီး ဖြစ် သူ တို့၊ အ ရှင် ဘု ရား ရှေ့ နှစ် သက် ဖွယ် ဖြစ် သည့် အ တိုင်း မိ ဘ စ ကား ကို အ ရာ ရာ တွင် နား ထောင် ကြ လော့။
ထို အ ကြောင်း ကြောင့် ယောက်ျား သည် မိ ဘ ထံ မှ ထွက် ခွာ ၍ မ ယား နှင့် စုံ ဖက် သ ဖြင့် ထို သူ တို့ သည် တစ် သား တည်း ဖြစ် ရ လိမ့် မည်။
ငါ တို့ သည် သင် တို့ အား မေ တ္တာ ပွား များ ကြွယ် ဝ သည့် နည်း တူ သင် တို့ လည်း အ ချင်း ချင်း တို့ အား လည်း ကောင်း၊ လူ ခပ် သိမ်း တို့ အား လည်း ကောင်း၊ ပွား များ ကြွယ် ဝ ကြ စေ ခြင်း ငှာ အ ရှင် ဘု ရား ပြု ပြင် တော် မူ ပါ စေ သော။
သို့ ရာ တွင် သင် တို့ သိ စေ လို သည် မှာ ယောက်ျား တိုင်း၏ အ ထွဋ် အ ထိပ် သည် ခ ရစ် တော်၊ မိန်း မ ၏ အ ထွဋ် အ ထိပ် သည် ယောက်ျား၊ ခ ရစ် တော်၏ အ ထွဋ် အ ထိပ် သည် ဘု ရား သ ခင် ပေ တည်း။
ဘု ရား သ ခင် ကို မည် သူ မျှ မ မြင် စ ဘူး သော် လည်း ငါ တို့ အ ချင်း ချင်း ချစ် ကြ လျှင် ဘု ရား သ ခင် သည် ငါ တို့၌ တည် တော် မူ လျက် ကိုယ် တော် ကို ချစ် ခြင်း လည်း ငါ တို့၌ စုံ လင် ပြီ။
ဖန် ဆင်း ထား သော အ ရာ မည် သည် မ ဆို ငါ တို့ ကို အ ရှင် ခ ရစ် တော် ယေ ရှု၌ ရှိ သော ဘု ရား သ ခင်၏ မေ တ္တာ တော် မှ မ ကွာ စေ နိုင် ဟူ၍ ငါ စိတ် ချ သ တည်း။
ပါ ရ မီ သုံး ပါး တည်း ဟူ သော ယုံ ကြည် ခြင်း၊ မြော် လင့် ခြင်း၊ ချစ် ခြင်း မူ ကား တည် လျက် နေ၏။ ထို သုံး ပါး တွင် ချစ် ခြင်း မေ တ္တာ သည် အ ထူး အ မြတ် ဖြစ် သ တည်း။
နှ လုံး ရည် ကောင်း သော မိန်း မ သည်၊ လင်၌ ဦး ရစ် သ ဖွယ်၊ အ ရှက် ခွဲ သော မိန်း မ ကား၊ လင်၌ အ ရိုး များ ဆွေး မြေ့ ဖွယ် ဖြစ် ၏။
ဧ သော သည် တွေ့ ဆုံး ခြင်း ငှါ ပြေး လာ၍ လည် ရှက် ဖက် ယမ်း နမ်း ရှုပ် လျက် နှစ် ဦး သား တို့ ငို ကြွေး ကြ ကုန် ၏။
အ ပေါင်း အ ဖော် ကို ကိုယ် နှင့် အ မျှ ချစ် လော့ ဟူ သော အ ချက် သည် သ ဘော တူ သော ဒု တိ ယ ပညတ် ဖြစ် သည်။
အိမ့် အ တွင်း တွင်၊ မ ယား သည် အ သီး သီး သော စ ပျစ် ပင် ကဲ့ သို့ လည်း ကောင်း၊ စား ပွဲ ပတ် လည် တွင်၊ သား သ မီး တို့ သည် သံ လွင် အနွယ် များ ကဲ့ သို့လည်း ကောင်း၊ ဖြစ် ကြ ပါ စေ သော။
ရွှင် လန်း သူ တို့ နှင့် ရွှင် လန်း ခြင်း၊ ငို ကြွေး သူ တို့ နှင့် ငို ကြွေး ခြင်း ပြု ကြ လော့။
သို့ ဖြစ် ၍၊ ဟော ရပ် တောင်၌ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ ခ စား ကြ သော နေ့ ရက် ကာ လ၊ ဒိ ဋ္ဌ မြင် ရ သော အ ချက် များ ကို မ မေ့ မ လျော့၊ တစ် သက် ပတ် လုံး စိတ် နှ လုံး နှင့် မ ကွေ မ ကွာ စေ ခြင်း ငှါ၊ စိတ် ပါ ကိုယ် ရောက် သ တိ ပြု လျက်၊ သား မြေး တို့ အား သွန် သင် ကြ လော့။ ထို ကာ လ ထာ ဝ ရ ဘု ရား က ဤ လူ မျိုး ကို ငါ့ ရှေ့ တွင် စု ရုံး စေ လော့။ မြေ ပေါ်၌ အ သက် တည် သ မျှ ကာ လ ပတ် လုံး ငါ့ ကို ခန့် ညား ရန် သင် ကြား ရ မည့် ပြင်၊ သား သ မီး တို့ အား လည်း သွန် သင် ခြင်း ငှါ၊ ဗျာ ဒိတ် တော် ချက် ကို ကြား နာ စေ မည် ဟု ငါ့ အား မိန့် တော် မူ သည့် အ တိုင်း၊
မေ တ္တာ နှင့် ကောင်း မှု ကို လုံ့ လ ထုတ် အံ့ သော ငှာ တစ် ယောက် ကို တစ် ယောက် ထောက် ထား ခြင်း၊
ဘု ရား သ ခင် က မိ ဘ ကို ရို သေ သ မှု ပြု လော့။ မိ ဘ ကို ဆဲ ဆို သူ သည် သေ ဒဏ် ခံ စေ ဟု ပ ညတ် တော် မူ သော် လည်း
တ ယောက် ဝန် ကို တ ယောက် ထမ်း ဆောင် သ ဖြင့် ခ ရစ် တော်၏ တ ရား တော် ကို ပြည့် စုံ စေ က ရ လော့။
သူ တော် ကောင်း၏ အ ဘ သည်၊ အား ရ ဝမ်း မြောက် လိမ့် မည်။ ပ ညာ ရှိ သော သား ကို ရ သော သူ လည်း၊ ရွှင် လန်း ရ လိမ့် မည်။
သင့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ပေး သ နား သော ပြည်၌ တာ ရှည် စေ ရန် မိ ဘ ကို ရို သေ သ မှု ပြု လော့။
ထို သို့ ပင် လင် ဖြစ် သူ တို့ သည် ကိုယ့် ခ န္ဓာ အ ဖြစ် မ ယား ကို ချစ် သင့်၏။ မ ယား ကို ချစ် သူ သည် ကိုယ် ကို ချစ် ရာ ရောက် ၏။
နှ လုံး ရည် ကောင်း သော မိန်း မ ကို၊ မည် သူ တွေ့ ရ သ နည်း။ ထို မိန်း မ သည် ပ တ္တ မြား ထက် လွန်၍ ထိုက် တန်၏။
ထို နည်း တူ လင် ဖြစ် သူ တို့ သင် တို့ ပ ဌ နာ များ ကို ကန့် ကွက် ခြင်း မ ရှိ စေ ရန် အား နည်း သူ အ ဖြစ် မိန်း မ နှင့် အ တူ အ သိ ပ ညာ အ လျောက် နေ ထိုင်၍ အ သက် ဆိုင် ရာ ကျေး ဇူး တော် ကို အ မွေ စား ဘက် အ ဖြစ် ထောက် ထား၍ လေး မြတ် ကြ လော့။
ထာ ဝ ရ ဘု ရား၏ က ရု ဏာ တော် သက် ခြင်း နှင့်၊ ဖြောင့် မတ် တော် မူ ခြင်း မှာ မူ၊ ကိုယ် တော် ကို ခန့် ညား လျက်၊ ပ ဋိ ညာဉ် တော် ကို စောင့် ထိန်း လျက်၊ ဥ ပ ဒေ သ တော် များ ကို သ တိ ရ၍ လိုက် နာ သူ တို့ အ ပေါ်၌၊ သား စဉ် မြေး ဆက်၊ ရှေး ကာ လ က နောင် ကာ လ တိုင် အောင်၊ တည် လျက် ရှိ ပေ ၏။
ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သူ သည်၊ ခိုင် ခံ့ သော ကိုး စား ရာ ကို လည်း ကောင်း၊ သား တို့ လည်း ခို လှုံ ရာ ကို လည်း ကောင်း၊ ရ ကြ ၏။
တစ် ဦး ကို တစ် ဦး ထောက် ထား ညှာ တာ လျက် သင် တို့ ကို ခ ရစ် တော်၌ ဘု ရား သ ခင် ချမ်း သာ ပေး တော် မူ သည့် နည်း တူ အ ချင်း ချင်း တို့ အား ချမ်း သာ ပေး ကြ လော့။
အ ထူး ဆို သော် စုံ လင် ခြင်း အ ဖွဲ့ အ နှောင် တည်း ဟူ သော မေ တ္တာ တ ရား ကို ဝတ် ဆင် ကြ လော့။
ထို့ ကြောင့် ဘု ရား သ ခင် ရွေး ကောက် မြတ် နိုး၍ သီး သန့် ထား တော် မူ သူ များ အ ဖြစ် ဖြင့် အ သည်း စွဲ သ နား ခြင်း၊ က ရု ဏာ ပြ ခြင်း၊ နှိမ့် ချ ခြင်း၊ သိမ် မွေ့ ခြင်း၊ စိတ် ရှည် ခြင်း များ ကို ဝတ် ဆင် ကြ လော့။