Biblia Todo Logo
ကျမ်းစာ အပိုဒ်များ

- ကြော်ငြာတွေ -

အမျိုးအစား

ပျော်ပျော်နေပါအချစ်ခင်မင်ရင်းနှီးမှုချီးမွမ်းကိုးကွယ်ခြင်း။မင်းသောက်တယ်။မိဘများကောင်းချီးပေးတယ်။မင်္ဂလာဆောင်အားပေးစကားမွေးနေ့မျှော်လင့်ချက်ဧဝံဂေလိဟောပြောပါ။ယုံကြည်ခြင်း။ခွန်အားနာရေးကူညီမှုအသင်းလူငယ်တွေအိမ်ထောင်ရေးအမျိုးသမီးမရဏကလေးတွေပူဇော်သက္ကာဆုတောင်းဆောရီးကယ်တင်ခြင်းကျန်းမာရေးသန့်ရှင်းခြင်း။ထာဝရအသက်စွမ်းအားဘုရားယေရှုဝိညာဉ်ရေးရာ အမှန်တရားလိုအပ်သောအချိန်များကောင်းမွန်ခြင်းဆုတောင်းမေတ္တာပို့သပါတယ်။အစာရှောင်ခြင်းထူးခြားသောနေ့များကျေးဇူးတင်ခြင်းနာခံခြင်းအခွင့်အလမ်းတိုင်းဘုရားစည်းကမ်းချက်များသဘာဝငြိမ်းချမ်းခြင်းကျော်ကြားသောလှပသောတနင်္ဂနွေနေ့ထူးခြားသောဖြစ်ရပ်များဝန်ကြီးဌာနများဧည်နာကျင်မှုနှင့်ခက်ခဲခြင်း။ပျော်ရွှင်ခြင်းဒုစရိုက်နှင့် စွဲလမ်းမှုပရောဖက်ပြုချက်ငွေကြေးလိင်ပိုင်းဆိုင်ရာအကြောင်းအရာများအပြစ်တရားသိခြင်းခက်ခဲသောကျမ်းပိုဒ်များအလွတ်ကျက်ဘဝအဆင့်ဆင့်ဆုတောင်းတောင်းဆိုချက်များဖိတ်စာအားပေးစကားခရစ္စမတ်ယုံကြည်မှုသမ္မာကျမ်းစာကတိတော်များအကာအကွယ်သန့်ရှင်းသောဝိညာဉ်တော်ရုပ်တုကိုးကွယ်ခြင်း။

ဦးစာအုပ်

စိတ်သစ်လူသစ်သန့်ရှင်းစင်ကြယ်မှုဘုရားသခင်ထံ အိမ်ကို အပ်နှံခြင်းသန့်ရှင်းခြင်းလမ်းစဉ်တရားမျှတမှုကို ရှာဖွေခြင်းဘုရားသခင်ကို ရိုသေလေးစားခြင်းစိတ်အသစ်ပြုပြင်ခြင်းစိတ်ခံစားမှုကျန်းမာရေးဘုရားသခင်တောင်းဆိုတဲ့ သန့်ရှင်းမှုအကြောင်းဘုရားရှိခိုးကျောင်းများဘုရားသခင်၏ သန့်ရှင်းမြင့်မြတ်ခြင်းအကြောင်းသန့်ရှင်းခြင်းအကြောင်းသန့်ရှင်းခြင်းအကြောင်းဗျာဒိတ်ကျမ်းထဲက သူတော်စင်တွေအကြောင်းသန့်ရှင်းသောပစ္စည်းများအကြောင်းသန့်ရှင်းခြင်းမရှိဘဲ ဘုရားသခင်ကို မည်သူမျှ မမြင်ရသန့်ရှင်းသူများ စည်းလုံးညီညွတ်ရေးအဝတ်အစားဘိသိက်ခံယူခြင်းစိတ်ထားဖြူစင်ခြင်း

150 ကျမ်းစာမှ တရားမျှတခြင်းအတွက် စကားများ

150 ကျမ်းစာမှ တရားမျှတခြင်းအတွက် စကားများ


မဿဲ 5:6

ဖြောင့် မတ် ခြင်း ကို ဆာ ငတ် သော သူ တို့၌ မင်္ဂ လာ ရှိ၏။ ထို သူ တို့ သည် ဝ ပြော ရကြ လ တ္တံ့။

သုတ္တံကျမ်း။ 11:5

စုံ လင် သူ တို့၏ ဖြောင့် မတ် ခြင်း သည်၊ သွား ရာ လမ်း ကို ညီ ညွှတ် စေ၏။ လူ ဆိုး မူ ကား၊ ကိုယ့် ဆိုး သွမ်း ခြင်း အား ဖြင့် လဲ တတ် ၏။

ဆာ​လံ 15:1-2

အို ထာ ဝ ရ ဘု ရား၊ တဲ တော်၌ တည်း ခို ရ သူ၊ သန့် ရှင်း သော တောင် တော် ပေါ်၌ နေ ထိုင် ရ သူ ကား၊ မည် သူ ပါ နည်း။စုံ လင် စွာ ကျင် လည် လျက်၊ ဖြောင့် မတ် စွာ ပြု ကျင့် လျက်၊ စိတ် ပါ ကိုယ် ရောက် မှန် ကန် စွာ ပြော ဆို သူ၊

သုတ္တံကျမ်း။ 21:21

ဖြောင့် မတ် ခြင်း တ ရား နှင့် က ရု ဏာ တ ရား ကို လိုက် ရှာ သော သူ သည်၊ အ သက် ရှင် ခြင်း၊ ဖြောင့် မတ် ခြင်း၊ အ သ ရေ ရှိ ခြင်း များ ကို တွေ့ တတ်၏။

မဿဲ 6:33

ဘု ရား သ ခင့် နိုင် ငံ တော် နှင့် ဖြောင့် မတ် ခြင်း တ ရား တော် ကို ဦး စွာ ရှာ ကြ လော့၊ ထို အ ရာ အ လုံး စုံ ကို ထပ် မံ သ နား တော် မူ လိမ့် မည်။

၁ တိ 6:11

သင် မူ ကား အို ဘု ရား သ ခင့် လူ ယုံ တော်၊ ထို အ ရာ များ ကို ကြဉ် ရှောင်၍ ဖြောင့် မတ် ခြင်း၊ ကြည် ညို ခြင်း၊ ယုံ ကြည် ခြင်း၊ ချစ် ခြင်း၊ တည် ကြည် ခြင်း၊ သိမ် မွေ့ ခြင်း များ ကို လိုက် ရှာ လော့။။

သုတ္တံကျမ်း။ 4:18

ဖြောင့် မတ် သူ တို့၏ လမ်း သည်၊ နေ့ ခင်း တိုင် အောင် တိုး တက် ၍၊ ထွန်း တောက် သော အ လင်း သ ဖွယ် ဖြစ် ၏။

ဆာ​လံ 106:3

အ ခါ ခပ် သိမ်း ၌ တ ရား စောင့် ထိန်း ၍၊ ဖြောင့် မတ် စွာ ကျင့် ကြံ သူ တို့ သည် မင်္ဂ လာ ရှိ ၏။

ဖိ​လိပ္ပိ 4:8

အ ဆုံး စ ကား မှာ ညီ အ ကို တို့ မှန် ကန် သော အ ရာ၊ ကြည် ညို ဖွယ် သော အ ရာ၊ သင့် လျော် သော အ ရာ၊ စင် ကြယ် သော အ ရာ၊ နှစ် သက် ဖွယ် သော အ ရာ၊ အ သ ရေ ရှိ သော အ ရာ များ ကို၄င်း၊ ပါ ရ မီ အ ပါး ပါး ဂုဏ် အ ပါး ပါး ကို၄င်း၊

ဆာ​လံ 23:3

ငါ့ အ သက် ဝိ ညာဉ် ကို အား ဖြည့် လျက်၊ နာ မ တော် အ တွက် လမ်း ဖြောင့် များ၌ ဆောင် ယူ တော် မူ၏။

ရော​မ 12:2

ယ ခု ခေတ် ကာ လ နှင့် အ သွင် တူ ခြင်း မ ရှိ ဘဲ မည် သည့် အ ရာ မှာ ဘု ရား သ ခင့် အ လို တော် အ တိုင်း ကောင်း မွန် စုံ လင်၍ နှစ် သက် တော် မူ ရာ ဖြစ် ကြောင်း ပိုင်း ခြား သိ မြင် ရ အံ့ သော ငှါ စိတ် သ ဘော အ သစ် ရ လျက် ပုံ သ ဏ္ဌာန် ပြောင်း ခြင်း ရှိ ကြ လော့။

ဟေ​ရှာ​ယ 33:15-16

ဖြောင့် မတ် စွာ ကျင် လည် တတ် သူ၊ ဟုတ် မှန် စွာ ပြော ဆို တတ် သူ၊ ညှဉ်း ပန်း ခြင်း အ ခ ကို ရွံ့ ရှာ တတ် သူ၊ တံ စိုး ကို မ ခံ ဘဲ လက် လှန် တတ် သူ၊ သွေး သွန်း ပြစ် မ ကြား အောင် နား အုပ် တတ် သူ၊ အ ဆိုး ကို မ မြင် အောင် မျက် စိ ပိတ် တတ် သူ တို့ တည်း။ထို သို့ သော သူ သည် မြင့် ရာ၌ နေ ထိုင် လျက်၊ ခို လှုံ ရာ ကျောက် တောင် တွင် ခံ တပ် သ ဖွယ် ရ လျက်၊ အ စာ အာ ဟာ ရ ကို ခံ စား ၍ သောက် ရေ ကို လည်း အ မြဲ ရ လိမ့် မည်။

ဆာ​လံ 84:11

ထာ ဝ ရ ဘု ရား သ ခင် သည်၊ နေ နှင့် ဒိုင်း လွှား ဖြစ် တော် မူ ၏။ ထာ ဝ ရ ဘု ရား သည်၊ ကျေး ဇူး တော် နှင့် ဘုန်း အ သ ရေ ကို သ နား၍၊ စုံ လင် စွာ ကျင့် ကြံ သူ တို့ အား၊ ကောင်း သော အ ရာ ကို ငြင်း တော် မူ မည် မ ဟုတ်။

ရော​မ 6:13

ကိုယ် အင်္ဂါ များ ကို လည်း ဒု စ ရိုက် လက် နက် အ ဖြစ် အ ပြစ် တ ရား အား ဆက် သ လျက် မ နေ ကြ လင့်။ သင် တို့ ကိုယ် ကို သူ သေ တို့ အ ထဲ မှ ရှင် ပြန် သူ့ အ ဖြစ် ဖြင့် လည်း ကောင်း၊ ကိုယ် အင်္ဂါ များ ကို သု စ ရိုက် လက် နက် အ ဖြစ် ဖြင့် လည်း ကောင်း၊ ဘု ရား သ ခင် အား ဆက် သ ကြ လော့။

၁ ကော 15:34

ပြစ် မှား လျက် မ နေ ဘဲ ဖြောင့် မတ် စွာ နိုး ကြား ကြ လော့။ အ ချို့ တို့ သည် ဘု ရား သ ခင် နှင့် အ ကျွမ်း အ ဝင် ကင်း ကြ လေ စွ။ ဤ သို့ ဆို သည် ကား သင် တို့ ရှက် စေ ရန် တည်း။

ဆာ​လံ 37:30

ဖြောင့် မတ် သူ သည်၊ နှုတ် ဖြင့် ဉာဏ် ပ ညာ အ ကြောင်း မြွက် ဆို လျက်၊ လျှာ ဖြင့် မျှ တ ခြင်း အ ကြောင်း ပြော ဆို တတ်၏။

၂ ကော 5:21

ဘု ရား သ ခင် သည် ငါ တို့ ကို ခ ရစ် တော် ကြောင့် ကိုယ် တော်၏ ဖြောင့် မတ် တော် မူ ခြင်း ဖြစ် စေ ရန် အ ပြစ် ကင်း သော ထို အ ရှင် ကို ငါ တို့ အ တွက် အ ပြစ် ဖြစ် စေ တော် မူ ပြီ တ ကား။

သုတ္တံကျမ်း။ 3:3-4

မေ တ္တာ ကျေးဇူး နှင့် သ စ္စာ တ ရား ကို မ စွန့် မ ကွာ စေ ဘဲ၊ လည် ၌ ဆွဲ ချည် ၍၊ နှ လုံး တည်း ဟူ သော ပု ရ ပိုက် ပေါ် တွင် ရေး သား လော့။သင်၌ အ ဆိုး မ ပြု သူ့ ကို၊ အ ကြောင်း မဲ့ ခိုက် ရန် မ ပြု လင့်။ကြမ်း ကြုတ် သူ ကို မ ငြူ စူ ဘဲ၊ သူ့ အ ကျင့် တစ် စုံ တစ် ရာ ကို လည်း မ ရွေး မလိုက် နှင့်။လိမ် လည် သော သူ တို့ သည်၊ ထာ ဝ ရ ဘု ရား ၏ မျက် မှောက် တော် တွင် စက် ဆုပ် ရွံ ရှာ ဖွယ် ဖြစ် လျက်၊ ဖြောင့် မှန် သော သူ တို့ ကား၊ ကိုယ် တော် နှင့် အ ကျွမ်း ဝင် ကြ ၏။ဆိုး သွမ်း သူ တို့ ၏ အိမ် ၌ ထာ ဝ ရ ဘု ရား ထံ မှ အ မင်္ဂ လာ တည်၏။ ဖြောင့် မတ် သူ တို့၏ နေ ထိုင် ရာ ကို ကား၊ မင်္ဂ လာ ပေး တော် မူ ၏။မ ထီ လေး စား ပြု သူ တို့ အား၊ လေး စား တော် မ မူ။ စိတ် နှိမ့် ချ သူ တို့ ကို ကား၊ ကျေး ဇူး သ နား တော် မူ ၏။ပ ညာ ရှိ တို့ သည် ဘုန်း အ သ ရေ ကို အ ပိုင် ရ၍၊ လူ မိုက် တို့၌ ချီး မြှောက် ခြင်း ကား၊ ရှုတ် ချ ခြင်း သာ ဖြစ် ရ လိမ့် မည်။သို့ မှ ဘု ရား သ ခင် ရှေ့၊ လူ့ ရှေ့ မှာ၊ မျက် နှာ သာ ရ ၍၊ ဂုဏ် အ သ ရေ ရှိ လိမ့် မည်။

၁ ယော 2:29

ကိုယ် တော် ဖြောင့် မတ် တော် မူ ကြောင်း သိ ကြ သည် နှင့် အ ညီ ဖြောင့် မတ် စွာ ပြု ကျင့် သူ တိုင်း လည်း ကိုယ် တော် အား ဖြင့် ဖွား ရ ကြောင်း သိ ကြ လော့။

မဿဲ 5:10

ဖြောင့် မတ် ခြင်း ကြောင့် ညှဉ်း ပန်း ခံ ရ သော သူ တို့၌ မင်္ဂ လာ ရှိ၏၊ ကောင်း ကင် နိုင် ငံ တော် သည် ထို သူ တို့ နိုင် ငံ ဖြစ် ၏။

၁ သက် 5:22

အ ဆိုး ဟူ သ မျှ ကို ကြဉ် ရှောင် လော့။

သုတ္တံကျမ်း။ 21:3

ပူ ဇော် သ က္ကာ ကို နှစ် သက် တော် မူ သည် ထက်၊ တ ရား သ ဖြင့် ဖြောင့် မှန် ရာ စောင့် ခြင်း ကို၊ ထာ ဝ ရ ဘု ရား နှစ် သက် တော် မူ၏။

ဟေ​ရှာ​ယ 51:7

ဖြောင့် မတ် ခြင်း ကို သိ ကျွမ်း လျက်၊ တ ရား တော် ကို နှ လုံး သွင်း သော သင် တို့ နာ ခံ ကြ လော့။ လူ တို့ ကဲ့ ရဲ့ ဆဲ ရဲ ခြင်း အ တွက် ကြောက် ရွံ့ စိတ် ပျက် ခြင်း မ ရှိ ကြ လင့်။

ဆာ​လံ 11:7

ဖြောင့် မတ် တော် မူ သည့် အ လျောက်၊ ဖြောင့် မတ် ခြင်း ကို နှစ် သက် တော် မူ သော ထာ ဝ ရ ဘု ရား၏ မျက် နှာ တော် ကို၊ ဖြောင့် မတ် သူ သာ ဖူး မျှော် ရ လိမ့် မည်။

ဆာ​လံ 25:21

စုံ လင် ခြင်း နှင့်၊ ဖြောင့် မတ် ခြင်း သည်၊ ကိုယ် တော့် အား စောင့် မျှော် သူ အ ကျွန်ုပ် ကို ထိန်း သိမ်း ပါ စေ။

ဆာ​လံ 119:9

လူ ပျို သည် ကိုယ့် အ လေ့ အ လာ ကို မည် သည့် နည်း နာ ဖြင့် သန့် စင် စေ နိုင် မည် နည်း ဟူ မူ ကား၊ နှုတ် က ပတ် တော် အ တိုင်း စောင့် ရှောက် ခြင်း ပေ တည်း။

ဧ​ဖက် 5:1-2

ထို ကြောင့် ချစ် တော် မူ သော သား သ မီး များ အ ဖြစ် ဘု ရား သ ခင့် ပုံ စံ တော် ကို လိုက် လျက်၊မည် သည့် အ ရာ ကို အ ရှင် ဘု ရား နှစ် သက် တော် မူ ကြောင်း စံ ချ လျက်၊အ ကျိုး မဲ့ သော မှောင် မိုက် အ ကျင့် များ နှင့် မ ဆက် ဆံ သည် သာ မ က ၎င်း အ ပြစ် ကို ဖော် ပြ ကြ လော့။ထို သူ တို့ သည် လျှို့ တ ဝှက် ပြု ကျင့် တတ် သော အ မှု များ ကို ပြော ရုံ မျှ ပင် ရှက် ဖွယ် ဖြစ်၏။သို့ ရာ တွင် မည် သည့် အ မှု မ ဆို အ ပြစ် ပေါ် သည့် ကာ လ အ လင်း အား ဖြင့် ထင် ရှား၏။ ထင် ရှား စေ သော အ ရာ ခပ် သိမ်း သည် အလင်း ဖြစ်၏။သို့ နှင့် အ ညီ အိပ် နေ သူ နိုး၍ သူ သေ တို့ အ ထဲ မှ ထ မြောက် လော့။ ခ ရစ် တော် သည် သင့် အ ပေါ် တွင် ထွန်း လင်း တော် မူ လိမ့် မည် ဟု အ ဆို ရှိ၏။သို့ ဖြစ်၍ မည် သို့ ကျင့် ကြံ ပြု မူ သည် ကို ပ ညာ မဲ့ သူ ကဲ့ သို့ မ ဟုတ်၊ ပ ညာ ရှိ သူ ကဲ့ သို့ သ တိ နှင့် ကြည့် ရှု လျက်၊ယ ခု ခေတ် ကာ လ ဆိုး သွမ်း သော ကြောင့် အ ခါ အ ခွင့် ကို ဝယ် ယူ ကြ လော့။ဉာဏ် မ မဲ့ ဘဲ အ ရှင် ဘု ရား၏ အ လို တော် မည် သို့ ဖြစ် ကြောင်း နား လည် ကြ လော့။ပျော် ကြူး မှု ဖြစ် စေ တတ် သော စ ပျစ် ရည် နှင့် မူး ယစ် ခြင်း မ ရှိ ဘဲ ဝိ ညာဉ် တော် နှင့် ပြည့် ဝ လျက်၊ကျူး ဧ ချက်၊ ထော မ နာ ပြု ချက်၊ ဓ မ္မ ဂီ တ အ မျိုး မျိုး အား ဖြင့် တစ် ဦး ကို တစ် ဦး ရွတ် ခြင်း၊ အ ရှင် ဘု ရား အား စိတ် မ နော တွင် ကျူး ဧ သီ ဆို ခြင်း၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ နာ မ တော် ကို အ မှီ ပြု၍ အ ဘ ဘု ရား သ ခင့် ကျေး ဇူး တော် ကို အ ရာ ခပ် သိမ်း အ တွက် အ စဉ် ချီး မွမ်း ခြင်း များ ကို ပြု သည့် ပြင်၊သင် တို့ ကို ချစ်၍ ဘု ရား သ ခင့် စိတ် တော် ပြေ ဖွယ် ရ နံ့၊ ပူ ဇော် ရာ အ လှူ ဝ တ္ထု အ ဖြစ် ငါ တို့ အ တွက် ကိုယ် ကို စွန့် တော် မူ သော ခ ရစ် တော့် နည်း တူ မေ တ္တာ တ ရား၌ ကျင့် ကြံ ကြ လော့။

သုတ္တံကျမ်း။ 13:6

အ လေ့ အ လာ စုံ လင် သော သူ့ ကို၊ ဖြောင့် မတ် ခြင်း စောင့် ရှောက် တတ်၏။ အ ပြစ် သား ကို ကား၊ ဆိုး သွမ်း ခြင်း မှောက် လှန် တတ်၏။

ဆာ​လံ 119:2

သက် သေ ခံ တော် မူ ချက် များ ကို စောင့် ထိန်း လျက်၊ ကိုယ် တော် ကို စိတ် နှ လုံး အ ကြွင်း မဲ့ ရှာ ဖွေ သူ တို့ သည် မင်္ဂ လာ ရှိ ကြ၏။

ဆာ​လံ 37:27-28

ဒု စ ရိုက် ကို ကြဉ်၍၊ သု စ ရိုက် ကို ယှဉ် လျက်၊ ကာ လ အ စဉ် နေ ထိုင် လော့။ထာ ဝ ရ ဘု ရား သည်၊ တ ရား သ ဖြင့် စောင့် ခြင်း ကို၊ နှစ် သက်၍၊ ကြည် ညို သူ တို့ ကို စွန့် ထား တော် မ မူ။ ကာ လ အ စဉ် ထိန်း သိမ်း တော် မူ၏။ လူ ဆိုး၏ သား မြေး တို့ မူ ကား၊ ပယ် ရှား ခံ ရ ကြ လိမ့် မည်။

တိ​တု 2:12

ငါ တို့ သည် ဘု ရား တ ရား မဲ့ နေ ခြင်း နှင့် လော ကီ တပ် မက် ခြင်း များ ကို ငြင်း ပယ် လျက် မင်္ဂ လာ နှင့် ပြည့် စုံ သော မြော် လင့် ရာ ဘုန်း တော် မြင့် မြတ် သော ဘု ရား သ ခင် နှင့် ငါ တို့ ကယ် တင် ရှင် ခ ရစ် တော် ယေ ရှု၏ ဘုန်း တော် ထင် ရှား မည် ကို တောင့် တ လျက် ယ ခု ကာ လ၌ ဣ န္ဒြေ စောင့် ခြင်း၊ ဖြောင့် မတ် ခြင်း၊ ဘု ရား တ ရား ကြည် ညို ခြင်း နှင့် နေ ထိုင် ကြ စေ ရန် သွန် သင် ခဲ့ လေ၏။

မိက္ခာ 6:8

အ ချင်း လူ၊ ပြု ထိုက် သော ကောင်း မှု ကို၊ ထာ ဝ ရ ဘု ရား ဖော် ပြ တော် မူ ခဲ့ ပြီ။ တ ရား စောင့် ခြင်း၊ ကျေး ဇူး ပြု ခြင်း၊ ကိုယ့် ဘု ရား သခင် နှင့် အ တူ စိတ် နှိမ့် ချ စွာ သွား လာ ခြင်း များ မှ တစ်ပါး၊ မည် သို့ အ လို ရှိ တော် မူ သေး သ နည်း။

ဆာ​လံ 112:4

ဖြောင့် မှန် သူ တို့ အ ဖို့၊ မှောင် မိုက် ထဲ မှာ အ လင်း တော် ပေါ် ထွန်း၍၊ ကျေး ဇူး ပြု သော သ ဘော၊ သ နား သော သ ဘော၊ ဖြောင့် မတ် သော သ ဘော ရှိ ကြ၏။

မဿဲ 7:7

တောင်း ကြ လော့၊ ရ လိမ့် မည်။ ရှာ ကြ လော့၊ တွေ့ လိမ့် မည်။ ခေါက် ကြ လော့၊ ပွင့် လိမ့် မည်။

၁ ယော 3:7

သူ ငယ် တို့၊ မည် သူ မျှ သင် တို့ ကို မ လှည့် ဖြား စေ နှင့်။ ဖြောင့် မတ် စွာ ပြု ကျင့် သူ သည် ကိုယ် တော် ဖြောင့် မတ် တော် မူ သည့် နည်း တူ ဖြောင့် မတ် ၏။

ဆာ​လံ 40:8

အ လို တော် ကို ဆောင် ရွက် ရန် နှစ် သက် ပါ၏။ တ ရား တော် လည်း၊ အ ကျွန်ုပ် စိတ် နှ လုံး ထဲ၌ ရှိ သည် ဟု အ ကျွန်ုပ် ဝန် ခံ ပါ၏။ အို ထာ ဝ ရ ဘု ရား၊ သိ တော် မူ သည့် အ တိုင်း အ ကျွန်ုပ် သည် နှုတ် ကို မ ချုပ် တည်း ဘဲ၊ ပ ရိ သတ် ကြီး၌ ဖြောင့် မတ် တော် မူ ခြင်း သ တင်း ကို ကြော် ငြာ ပါ ပြီ။

ဧ​ဖက် 4:22-24

ထို သို့ မ သင် ကြား ဘဲ အ ထက် အ ပြု အ ကျင့် ဖြစ် သော လှည့် စား ခြင်း လော ဘ အ လိုက် ပျက် ယွင်း တတ် သော လူ ဟောင်း ကို ချွတ် ပယ် စေ ရန် လည်း ကောင်း၊စိတ် အ ကြံ အ စည် အ သစ် ရ စေ ရန် လည်း ကောင်း၊သ မ္မာ တ ရား ဆိုင် ရာ ဖြောင့် မတ် သန့် ရှင်း ခြင်း အား ဖြင့် ဘု ရား သ ခင့် အ လို တော် နှင့် အ ညီ ဖန် ဆင်း သော လူ သစ် ကို ဝတ် ဆင် စေ ရန်လည်း ကောင်း သင် ကြား ကြ လေ ပြီ။

၂ တိ 2:22

ပျို ရွယ် သူ တို့ တပ် မက် ခြင်း များ ကို ကြဉ် ရှောင် လျက် အ ရှင် ဘု ရား ထံ စင် ကြယ် သော စိတ် နှ လုံး ဖြင့် ပ ဌ နာ ပြု သူ တို့ နှင့် တ ကွ အ သင့် အ တင့် နေ ခြင်း မှ စ၍ ဖြောင့် မတ် ခြင်း၊ ယုံ ကြည် ခြင်း၊ ချစ် ခြင်း များ ကို လိုက် ရှာ လော့။

သုတ္တံကျမ်း။ 2:7-8

တ ရား နည်း လမ်း ကို ကြည့် ရှု၍၊ ကြည် ညို သူ တို့၏ အ လေ့ အ လာ ကို စောင့် ထိန်း ရန်၊ ဖြောင့် မှန် သူ တို့ အ ဖို့ အ မျှော် အ မြင် ပညာ ကို သိမ်း ဆည်း လျက်၊ ရိုး သား သူ တို့ အ တွက် ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ၏။

ဆာ​လံ 119:11

ကိုယ် တော် ကို မ ပြစ် မှား မိ စေ ရန်၊ ဗျာ ဒိတ် တော် ကို နှ လုံး တွင် သို ထား ပါ ပြီ။

မဿဲ 6:1

ကိုယ့် ကောင်း မှု ကို ထင် ရှား လို သည့် အ ကြံ နှင့် လူ တို့ ရှေ့ မ ပြု မိ စေ ရန် သ တိ မူ ကြ လော့။ ပြု မိ လျှင် ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ ထံ မှ အ ကျိုး ဆက် မ ခံ ရ။

သုတ္တံကျမ်း။ 10:2

ဆိုး သွမ်း ခြင်း ကို ပြု ၍ ရ သော ဘ ဏ္ဍာ သည်၊ အ ကျိုး မဲ့ ဖြစ်၏။ ဖြောင့် မတ် ခြင်း မူ ကား၊ သေ ခြင်း မှ ကယ် လွှတ် တတ် ၏။

ဆာ​လံ 37:5-6

သင့် အ မှု ကို ထာ ဝ ရ ဘု ရား အား လွှဲ အပ်၍ ကိုး စား လျှင်၊ ကိုယ် တော် သည် စီ ရင် ရာ၊သင်၏ ဖြောင့် မတ် ခြင်း ကို အ လင်း ရောင် ကဲ့ သို့လည်း ကောင်း၊ တ ရား သ ဖြင့် စောင့် ခြင်း ကို မွန်း တည့် ရောင် ခြည် ကဲ့ သို့လည်း ကောင်း၊ ထင် ပေါ် စေ တော် မူ လိမ့် မည်။

ဟေ​ရှာ​ယ 61:10

ငါ သည် ထာ ဝ ရ ဘု ရား ကြောင့် အား ရ ဝမ်း မြောက် ၍၊ ငါ ၏ ဘု ရား သ ခင် ကြောင့် စိတ် ရွှင် လန်း လိမ့် မည်။ မင်္ဂ လာ ဆောင် သ တို့ သား သည် ဦး ဗောင်း ဆင် သ ကဲ့ သို့ လည်း‌ ကောင်း၊ မင်္ဂ လာ ဆောင် သ တို့ သ မီး သည် အ ဝတ် တန် ဆာ ဆင် ယင် သ ကဲ့ သို့ လည်း‌ ကောင်း၊ ကယ် တင် ခြင်း အ ဝတ် တန် ဆာ နှင့် ငါ့ ကို ဆင် ယင် လျက်၊ အောင် မြင် ခြင်း ဝတ် လုံ နှင့် ခြုံ တော် မူ ပြီ။

ယာ​ကုပ် 4:17

အ ကောင်း ကို သိ လျက် မ ပြု ဘဲ နေ သူ၌ အ ပြစ် သင့်၏။

သုတ္တံကျမ်း။ 12:28

ဖြောင့် မတ် ခြင်း တ ရား လမ်း၌ အ သက် တည်၍၊ သေ ဘေး နှင့် လွတ် ကင်း ချမ်း သာ ရ ၏။

ရော​မ 13:13-14

အ လင်း ဆိုင် ရာ လက် နက် စုံ ကို ဆင် ယင် ကြ သည့် ပြင် ပျော် ပါး၍ မူး ယစ် ခြင်း၊ မှား ယွင်း၍ ကာ မ ဂုဏ် လိုက် စား ခြင်း၊ ခိုက် ရန် ဖြစ်၍ ဆိုင် ပြိုင် ခြင်း များ ကို ရှောင် လျက် နေ့ အ ခါ နှင့် သင့် လျော် သော အ ကျင့် အ ကြံ များ ကို ပြု မူ ကြ ကုန် အံ့။ရုပ် ခ န္ဓာ အ ဖို့၊ ဆိုင် ရာ တပ် မက် ခြင်း များ အ လို့ ငှါ တင် ရင် မ ကြံ စည် ဘဲ အ ရှင် ယေ ရှု ခ ရစ် ကို ဝတ် ဆင် ကြ လော့။

ဧ​ဖက် 6:14

ထို သို့ သ စ္စာ စောင့် ခြင်း ကို ခါး စည်း လျက်၊ ဖြောင့် မတ် ခြင်း ရင် အုပ် ကို ဆင် ယင် လျက်၊

ဆာ​လံ 119:1

အ လေ့ အ လာ၌ စုံ လင် လျက်၊ ထာ ဝ ရ ဘု ရား၏ တ ရား တော် ကို လျှောက် လိုက် သူ တို့ သည် မင်္ဂ လာ ရှိ ကြ ၏။

၁ ပေ 3:14

အ ကယ်၍ ဖြောင့် မတ် ခြင်း အ တွက် ဒု က္ခ ခံ ရ လျှင် မင်္ဂ လာ ရှိ၏။ ချင်း တို့ ကြောက် ရွံ့ ရာ ကို ကြောက် ရွံ့ ထိတ် လန့် ခြင်း မ ရှိ ဘဲ

၂ တိ 3:16-17

ဘု ရား သ ခင့် ဗျာ ဒိတ် တော် ကျမ်း ဂန် ရှိ သ မျှ သည် ဘု ရား သ ခင့် လူ ယုံ တော် စုံ လင်၍ ကောင်း မှု အ မျိုး မျိုး အ ဖို့ အ သင့် ရှိ စေ အံ့ သော ငှါ သင် ကြား ခြင်း၊ အ ပြစ် ဖော် ပြ ခြင်း၊ ပဲ့ ပြင် ခြင်း၊ ဖြောင့် မတ် အောင် ဆုံး မ ခြင်း များ၌ အ ကျိုး ရှိ၏။

၁ ကော 1:30

သို့ ရာ တွင် ကိုယ် ကို ဂုဏ် တင် လို သူ ကား ထာ ဝ ရ ဘု ရား ကြောင့် ဂုဏ် တင် စေ ဟု ကျမ်း ချက် အ ရ ဖြစ် စေ ခြင်း ငှာ ဖြောင့် မတ် ခြင်း၊ သန့် ရှင်း ခြင်း၊ ရွေး နုတ် ခြင်း များ တည်း ဟူ သော ပ ညာ တော် အ ဖြစ် ငါ တို့ အ ဖို့ ဘု ရား သ ခင် ထား တော် မူ သော ခ ရစ် တော် ယေ ရှု၌ တည် နေ ခွင့် ကို သင် တို့ သည် ဘု ရား သ ခင် ကြောင့် ရ ရှိ ကြ ၏။

ဆာ​လံ 5:8

အို ထာ ဝ ရ ဘု ရား၊ တပ် ပုန်း များ ကြောင့်၊ ဖြောင့် မတ် တော် မူ ခြင်း အ တိုင်း လမ်း ပြ လျက်၊ အ ကျွန်ုပ် မျက် မှောက်၌ နည်း လမ်း တော် ကို ဖြောင့် စေ တော် မူ ပါ။

သုတ္တံကျမ်း။ 15:9

လူ ဆိုး၏ အ လေ့ အ လာ သည်၊ ထာ ဝ ရ ဘု ရား၏ မျက် မှောက် တော်၌၊ စက် ဆုပ် ရွံ ရှာ ဖွယ် ဖြစ်၏။ ဖြောင့် မတ် ခြင်း တ ရား ကို လိုက် ရှာ သော သူ့ ကို ကား၊ နှစ် သက် တော် မူ၏။

မဿဲ 5:8

စိတ် နှ လုံး စင် ကြယ် သော သူ တို့၌ မင်္ဂ လာ ရှိ၏။ ထို သူ တို့ သည် ဘု ရား သ ခင် ကို ဖူး မြင် ရ ကြ လ တ္တံ့။

သုတ္တံကျမ်း။ 20:7

ဖြောင့် မတ် သော သူ သည်၊ ရိုး သား စွာ လျှောက် လိုက် သ ဖြင့်၊ ဆင်း သက် သော သား မြေး တို့၌ မင်္ဂ လာ ရှိ၏။

ရော​မ 6:22

ယ ခု မှာ မူ သင် တို့ သည် အ ပြစ် တ ရား မှ လွတ် လျက် ဘု ရား သ ခင်၏ ကျွန် အ ဖြစ် သို့ ရောက် သော ကြောင့် သန့် ရှင်း ခြင်း အ လို့ ငှါ အ ကျိုး ခံ စား ရ သည် ပြင် အ ဆုံး၌ ထာ ဝ ရ အ သက် ရ ကြ လိမ့် မည်။

ဆာ​လံ 34:15

ထာ ဝ ရ ဘု ရား သည် ဖြောင့် မတ် သူ တို့ ကို မျက် မှောက် ပြု လျက်၊ အော် ဟစ် သံ ကို လည်း နား ညောင်း တော် မူ ၏။

၂ ကော 6:14

မ ယုံ ကြည် သူ တို့ နှင့် ဘက် မ ညီ ဘဲ တမ်း ပိုး တင် မ ခံ ကြ လင့်။ ဖြောင့် မတ် ခြင်း နှင့် မ တ ရား ခြင်း သည် မည် သို့ ဖက် စပ် နိုင် အံ့ နည်း။ အ လင်း နှင့် မှောင် မိုက် သည် မည် သို့ ဆက် ဆံ နိုင် အံ့ နည်း။

သုတ္တံကျမ်း။ 12:3

ဒု စ ရိုက် အား ဖြင့် လူ သည်၊ ဆောက် တည် ရာ မ ရ။ ဖြောင့် မတ် သော သူ တို့၏ အ မြစ် မူ ကား၊ မ ရွေ့ ရ။

၁ သက် 4:7

ဘု ရား သ ခင် သည် ငါ တို့ ကို ညစ် ညူး ရာ သို့ မ ဟုတ်၊ သန့် ရှင်း ရာ သို့ ခေါ် ထား တော် မူ ၏။

၁ ယော 1:7

အ လင်း၌ ကိုယ် တော် တည် နေ တော် မူ သည့် နည်း တူ အ လင်း ၌ သွား လာ လျှင် မူ ကား အ ချင်း ချင်း ဆက် ဆံ ခွင့် ရ ကြ လျက် သား တော် ယေ ရှု၏ အ သွေး တော် သည် အ ပြစ် အ မျိုး မျိုး နှင့် ငါ တို့ ကို စင် ကြယ် စေ ၏။

ဆာ​လံ 25:9

စိတ် နှိမ့် ချ သော သူ တို့ ကို တ ရား လမ်း၌ ပို့ ဆောင်၍၊ နည်း လမ်း တော် ကို လည်း၊ သွန် သင် တော် မူ လိမ့် မည်။

ဧ​ဖက် 5:8-9

သင် တို့ သည် မှောင် မိုက် ဖြစ် ဖူး သော် လည်း ယ ခု မှာ အ ရှင် ဘု ရား အား ဖြင့် အ လင်း ရောက် သော ကြောင့် အ လင်း ရ သူ များ အ ဖြစ် ကျင့် ကြံ ပြု မူ ကြ လော့။အ လင်း၏ အ ကျိုး ကား ကျေး ဇူး ပြု ခြင်း၊ ဖြောင့် မတ် ခြင်း၊ မှန် ကန် ခြင်း အ မျိုး မျိုး တည်း။

သုတ္တံကျမ်း။ 4:27

ဝဲ ယာ သို့ မ တိမ်း မ ယိမ်း ဘဲ၊ ဆိုး သွမ်း ခြင်း မှ လည်း ခြေ ဦး လှည့် လော့။

ဟေ​ဗြဲ 10:38

ငါ၏ ဖြောင့် မတ် သူ သည် ယုံ ကြည် ခြင်း အား ဖြင့် အ သက် ရှင် ရ သော် လည်း တွန့် ဆုတ် က ငါ သည် သူ၌ နှစ် သက် သော စိတ် ရှိ မည် မ ဟုတ် ဟု ဗျာ ဒိတ် တော် ရှိ ရာ၊

ဆာ​လံ 1:6

ထာ ဝ ရ ဘု ရား သည် ဖြောင့် မတ် သူ တို့ လမ်း ကို သိ ကျွမ်း တော် မူ၏။ လူ ဆိုး တို့ လမ်း မူ ကား၊ ပျောက် ဆုံး ရ မည်။

ဟေ​ရှာ​ယ 5:16

ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မှာ မူ တ ရား စီ ရင် ခြင်း အား ဖြင့် မြင့် မြတ် သည် ဟူ၍ လည်း‌ ကောင်း၊ သန့် ရှင်း တော် မူ သော ဘုရား သည် ဖြောင့် မတ် ခြင်း အား ဖြင့် သီး သန့် သည် ဟူ၍ လည်း‌ ကောင်း၊ ထင် ရှား စေ တော် မူ ၏။

သုတ္တံကျမ်း။ 21:2

ကိုယ် အ လေ့ အ လာ ရှိ သ မျှ ဖြောင့် မှန် သည် ဟု၊ လူ သူ ထင် မြင် သော် လည်း၊ စိတ် နှ လုံး ကို ကား၊ ထာ ဝ ရ ဘု ရား ချိန် တော် မူ၏။

ရော​မ 5:1

သို့ ဖြစ်၍ ယုံ ကြည် ခြင်း အား ဖြင့် ဖြောင့် မတ် ရာ ရောက် သော ကြောင့် ငါ တို့ သည် ဘု ရား သ ခင် ရှေ့ တော်၌ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ငြိမ် သက် ခြင်း ကို ခံ စား ကြ ကုန် အံ့။

ဆာ​လံ 37:18-19

စုံ လင် သူ တို့၏ နေ့ ရက် ကာ လ ကို၊ ထာ ဝ ရ ဘု ရား သိ မြင် တော် မူ သည့် အ တိုင်း၊ သူ တို့ ပိုင် ရာ သည်၊ ကာ လ အ စဉ် တည် ရ လိမ့် မည်။ဒု က္ခ ကာ လ၌ အ ရှက် မ ကွဲ ရ ဘဲ၊ အ စာ ခေါင်း ပါး ရာ ကာ လ ရောင့် ရဲ ကြ လိမ့် မည်။

ဆာ​လံ 106:15

သူ တို့ အ တွင်း ၌ ပိန် ကြုံ စေ သော ဝေ ဒ နာ ကို သွင်း တော် မူ ၏။

ဧ​ဖက် 5:11

အ ကျိုး မဲ့ သော မှောင် မိုက် အ ကျင့် များ နှင့် မ ဆက် ဆံ သည် သာ မ က ၎င်း အ ပြစ် ကို ဖော် ပြ ကြ လော့။

ဆာ​လံ 101:6

ပြည် တော် ရှိ သ စ္စာ စောင့် သူ တို့ ကို၊ ရှု ကြည့် ၍ ခ စား ခွင့်၊ စုံ လင် သော အ လေ့ အ လာ၌ ကျင် လည် သူ့ ကို၊ အ မှု ဆောင် ခွင့် ပေး ပါ မည်။

၁ ယော 2:1

ငါ့ သူ ငယ် တို့၊ သင် တို့ မ ပြစ် မှား ကြ စေ ရန် ဤ အ ကြောင်း အ ရာ များ ကို သင် တို့ ထံ ငါ ရေး လိုက်၏။ မည် သူ မ ဆို ပြစ် မှား မိ လျှင် ငါ တို့ အ ပြစ် များ မ က တစ် လော က လုံး၏ အ ပြစ် ပြေ ရာ ပြေ ကြောင်း ဖြစ် သည့် ဖြောင့် မတ် တော် မူ သော ယေ ရှု ခ ရစ် သည် ခ မည်း တော့် အ ပါး တွင် ငါ တို့ အ မှု ဆောင် အ ဖြစ် တည် တော် မူ၏။

သုတ္တံကျမ်း။ 14:34

ဖြောင့် မတ် ခြင်း သည်၊ ပြည် သူ ပြည် သား တို့ ကို ထွန်း ကား စေ၏။ ဒု စ ရိုက် မှု ကား၊ ကျိုး ယုတ် ရှက် ကွဲ စေ တတ် ၏။

မဿဲ 7:21

ငါ့ ကို အ ရှင် ဘု ရား၊ အ ရှင် ဘု ရား ဟု လျှောက် သော သူ တိုင်း ကောင်း ကင် နိုင် ငံ တော် သို့ ဝင် ရ မည် မ ဟုတ်။ ကောင်း ကင် ဘုံ စံ ငါ့ ခ မည်း တော်၏ အ လို ကို ဆောင် ရွက် သူ သာ လျှင် ဝင် ရ လိမ့် မည်။

ဆာ​လံ 34:19

ဖြောင့် မတ် သူ ၏ ဒု က္ခ များ ပြား သော် လည်း၊ ရှိ သ မျှ မှ ထာ ဝ ရ ဘု ရား ကယ် လွှတ် တော် မူ ၏။

ဟေ​ရှာ​ယ 58:8

ထို သို့ ပြု လျှင် သင့် အ လင်း သည် အ ရုဏ် ကဲ့ သို့ ပေါ် ထွက်၍၊ ကျန်း မာ ခြင်း လည်း အ လျင် အ မြန် ရောက် လိမ့် မည်။ သင့် ဖြောင့် မတ် ခြင်း အ ကြောင်း သည်၊ ရှေ့ က ချီ ကြွ၍ ငါ ဘု ရား သ ခင် ဘုန်း တော် လည်း၊ တပ် မ သ ဖွယ် ဖြစ် လိမ့် မည်။

ရော​မ 12:1

ထို ကြောင့် ညီ အစ် ကို တို့၊ ဘု ရား သ ခင့် က ရု ဏာ တော် ကို ထောက်၍ ငါ နှိုး ဆော် တိုက် တွန်း သည် မှာ၊ ဘု ရား သ ခင် နှစ် သက် တော် မူ ဖွယ် သန့် ရှင်း သော သ က္ကာ၊ ရှင် သော ပူ ဇော် သ က္ကာ အ ဖြစ် သင် တို့ ကိုယ် ခ န္ဓာ များ ကို ဉာဏ် ဆိုင် ရာ ဝတ် ဖြစ် သည့် အ လျောက် ဆက်ကပ် ကြ လော့။

မဿဲ 5:16

ထို နည်း တူ သင် တို့၏ ကောင်း မှု များ ကို မြင်၍ ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ၏ ဘုန်း တော် ကို ချီး မြှောက် ကြ စေ ရန် ကိုယ့် အ လင်း ကို လူ တို့ ရှေ့ လင်း စေ ကြ လော့။

ဆာ​လံ 85:13

ဖြောင့် မတ် ခြင်း သည် ရှေ့ တော် က ချီ သွား၍၊ ခြေ တော် လှမ်း ရာ လမ်း ၌ ပို့ လိမ့် သ တည်း။

ယာ​ကုပ် 3:18

ဖျန် ဖြေ သူ တို့ ကြဲ သော အ သင့် အ တင့် မျိုး မှ ဖြောင့် မတ် ခြင်း အ သီး ဖြစ် ထွန်း လိမ့် သ တည်း။

ဟေ​ဗြဲ 12:11

ပဲ့ ပြင် ခြင်း ဟူ သ မျှ ကို ခံ ရ စဉ် ဝမ်း မြောက် ဖွယ် မ ဟုတ်။ ဝမ်း နည်း ဖွယ် ဟု ထင် မှတ် ကြ သော် လည်း ပဲ့ ပြင် ခြင်း ဖြင့် လေ့ ကျက် ပြီး မှ ဖြောင့် မတ် ခြင်း တည်း ဟူ သော ငြိမ် သက် ရာ အ ကျိုး ဖြစ် ထွန်း တတ် ၏။

ဆာ​လံ 18:20

ငါ့ ဖြောင့် မတ် ခြင်း အ လျောက်၊ ထာ ဝ ရ ဘု ရား သည် အ ကျိုး ကို သ နား တော် မူ၏။ ငါ့ လက် များ စင် ကြယ် သည့် အ လျောက်၊ ဆပ် ပေး တော် မူ၏။

ဧ​ဖက် 4:1

သို့ ဖြစ်၍ အ ရှင် ဘု ရား၌ အ ကျဉ်း သား ဖြစ် သူ ငါ က သင် တို့ သည် မေ တ္တာ နှင့် အ ချင်း ချင်း သည်း ခံ လျက် ဝိ ညာဉ် တော် ပေး သော တ ဝ တည်း အ ဖြစ် ကို ရန် ကင်း ခြင်း အ ဖွဲ့ အ နှောင် အား ဖြင့် စောင့် ထိန်း ရန် စေ တ နာ ထက် သန် လျက် ခပ် သိမ်း သော နှိမ့် ချ ခြင်း၊ သိမ် မွေ့ ခြင်း၊ စိတ် ရှည် ခြင်း နှင့် တ ကွ ခေါ် ထား တော် မူ ရာ အ ဖြစ် အ နေ နှင့် ထိုက် လျော် စွာ ကျင့် ကြံ ကြ စေ ရန် နှိုး ဆော် ပါ ၏။

၁ ပေ 2:24

အ ပြစ် နှင့် လွတ် ခွင့် ဖြောင့် မတ် ခြင်း အ ဖို့ အ သက် ရှင် ခွင့် ကို ငါ တို့ ရ ကြ စေ ရန် ကား တိုင် ပေါ် ၌ ကိုယ် ခ န္ဓာ တော် တွင် ငါ တို့ အ ပြစ် ဝန် ကို ကိုယ် တော် တိုင် သည် ပိုး တော် မူ ရာ ဒဏ် ချက် တော် များ ကြောင့် သင် တို့ သက် သာ ရ ကြ ၏။

သုတ္တံကျမ်း။ 16:8

မ တ ရား သ ဖြင့် ရ သော အ စီး အ ပွား များ စွာ ထက်၊ တ ရား သ ဖြင့် ရ သော အ နည်း ငယ် သည် သာ၍ မြတ် ၏။

မဿဲ 5:48

ကောင်း ကင် ဘုံ ရှင် သင် တို့ အ ဘ စုံ လင် တော် မူ သည့်နည်း တူ သင် တို့ လည်း စုံ လင် ခြင်း ရှိ ကြ ရ မည်။

ဟေ​ရှာ​ယ 54:14

သင် သည် ဖြောင့် မတ် ခြင်း ၌ တည် လျက်၊ ညှဉ်း ပန်း ခြင်း နှင့် ဝေး သည် ဖြစ် ၍ မ ကြောက် ရ။ ဖျက် ဆီး ခြင်း နှင့် ကင်း ဝေး သည် ဖြစ် ၍၊ မ သင့် မ ရောက် ရ။

သုတ္တံကျမ်း။ 28:6

ရိုး ဖြောင့် စွာ လိုက် သော သူ ဆင်း ရဲ သည်၊ လမ်း နှစ် ခွ ကို ကောက် ကျစ် စွာ လိုက် သော သူ ကြွယ် ထက်၊ သာ၍ မြတ် ၏။

ဆာ​လံ 15:5

ငွေ တိုး ချ ခြင်း၊ အ ပြစ် ကင်း သူ့ တစ် ဘက် ၌ လာဘ် ယူ ခြင်း မ ပြု သူ ပေ တည်း။ ထို သို့ ပြု ကျင့် သူ သည် ရွေ့ ရ တော့ မည် မ ဟုတ် ပါ။

ရော​မ 13:7

အ ခွန် ခံ ထိုက် သူ့ အား အ ခွန်၊ အ ကောက် ခံ ထိုက် သူ့ အား အ ကောက်၊ ခန့် ညား ထိုက် သူ့ အား အ ခန့် အ ညား၊ ရို သေ ထိုက် သူ့ အား အ ရို အ သေ ကို မင်း အ သီး အ သီး အား ပေး သင့် သည့် အ လျောက် ဆက် ပေး ကြ လော့။

ကော​လော​သဲ 3:12

ထို့ ကြောင့် ဘု ရား သ ခင် ရွေး ကောက် မြတ် နိုး၍ သီး သန့် ထား တော် မူ သူ များ အ ဖြစ် ဖြင့် အ သည်း စွဲ သ နား ခြင်း၊ က ရု ဏာ ပြ ခြင်း၊ နှိမ့် ချ ခြင်း၊ သိမ် မွေ့ ခြင်း၊ စိတ် ရှည် ခြင်း များ ကို ဝတ် ဆင် ကြ လော့။

ဆာ​လံ 119:172

ပ ညတ် တော် ရှိ သ မျှ သည် ဖြောင့် မတ် သော ကြောင့်၊ နှုတ် က ပတ် တော် အ ကြောင်း၊ လျှာ ဖြင့် ကြွေး ကြော် ရ ပါ စေ သော။

၁ ပေ 3:15

ခ ရစ် တော် ကို အ ရှင် အ ဖြစ် သင် တို့ စိတ် နှ လုံး တွင် သီး သန့် ကြ လော့။ သင် တို့၌ တည် ရှိ သော မျှော် လင့် ခြင်း အ ကြောင်း မေး မြန်း သူ တိုင်း အား ဖြေ ဆို ရန် အ ခါ ခပ် သိမ်း အ သင့် ရှိ နေ ရ သည် မှာ

ဆာ​လံ 7:10

သ ဘော ဖြောင့် သူ တို့ ကို ကယ် တင် တော် မူ သော ဘု ရား သ ခင် သည်၊ ငါ့ ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ ၏။

ယာ​ကုပ် 5:16

သို့ နှင့် အ ညီ ရော ဂါ ကင်း ပျောက် ရန် တစ် ယောက် ကို တစ် ယောက် အ ပြစ် ဝန် ချ လျက် တစ် ယောက် အ ဖို့ တစ် ယောက် ပ ဌ နာ ပြု ကြ လော။ သူ တော် ကောင်း၏ အ သ နား တော် ခံ ချက် သည် ဒိ ဋ္ဌ ဓ မ္မ အ ကျိုး များ စွာ ဖြစ် ထွန်း စေ တတ်၏။

၁ ယော 3:10

ထို သို့ သော အား ဖြင့် ဘု ရား သ ခင့် သား သ မီး တို့ နှင့် မာရ် နတ်၏ သား သ မီး တို့ ထင် ရှား ကြ၏။ ဖြောင့် မတ် စွာ မ ပြု ကျင့် သူ၊ ညီ အစ် ကို ချင်း မ ချစ် သူ သည် ဘု ရား သ ခင့် ဘက် တော် သား မ ဟုတ်။

သုတ္တံကျမ်း။ 15:8

လူ ဆိုး တို့၏ ပူ ဇော် သ က္ကာ သည်၊ ထာ ဝ ရ ဘု ရား၏ မျက် မှောက် တော်၌ စက် ဆုပ် ရွံ့ ရှာ ဖွယ်၊ သူ တော် ကောင်း တို့၏ ဆု တောင်း ပ ဌ နာ မူ ကား၊ နှစ် သက် တော် မူ ဖွယ် ဖြစ် ၏။

၂ ပေ 1:5-7

ထို အ ကြောင်း ကြောင့် သင် တို့ ယုံ ကြည် ခြင်း အ ပေါ် တွင် စွမ်း ရည် ကောင်း ခြင်း ကို လည်း ကောင်း၊စွမ်း ရည် ကောင်း ခြင်း အ ပေါ် တွင် သိ ကျွမ်း ခြင်း ကို လည်း ကောင်း၊ သိ ကျွမ်း ခြင်း အ ပေါ် တွင် ချုပ် တည်း ခြင်း ကို လည်း ကောင်း၊ ချုပ် တည်း ခြင်း အ ပေါ် တွင် တည် ကြည် ခြင်း ကိုလည်း ကောင်း၊ တည် ကြည် ခြင်း အ ပေါ် တွင် ဘု ရား တ ရား ကြည် ညို ခြင်း ကို လည်း ကောင်း၊ထို ကြည် ညို ခြင်း အ ပေါ် တွင် သင်္ဂ ဟ ဝတ် ကြေ ခြင်း ကိုလည်း ကောင်း၊ သင်္ဂ ဟ ဝတ် ကြေ ခြင်း အ ပေါ် တွင် မေ တ္တာ ရှိ ခြင်း ကို လည်း ကောင်း အ နည်း နည်း အား ဖြင့် လုံ့ လ ထုတ်၍ ထပ် ဆင့် ကြ လော့။

ဆာ​လံ 37:3

ထာ ဝ ရ ဘု ရား၌ ကိုး စား လျက်၊ ကောင်း မှု ပြု လော့။ နေ ပြည်၌ နေ လျက်၊ သ စ္စာ တ ရား၌ ကျက် စား လော့။

၁ ကော 13:6

အ ဓ မ္မ ကြောင့် မ ရွှင် လန်း ဘဲ သ မ္မာ ဓ မ္မ ကြောင့် ရွှင် လန်း၍ အ ရာ ရာ ကို ရပ် ခံ လျက်၊

ဟေ​ရှာ​ယ 1:16-17

စင် ကြယ် အောင် ဆေး ကြော ကြ လော့။ဒု စ ရိုက် ကို ဖြတ်၍ သု စ ရိုက် ကို ပြု ရန် လေ့ လာ ကြ လော့။ တ ရား စောင့် ရန် ရှာ ကြံ လျက်၊ ကြမ်း ကြုတ် သူ ကို ပဲ့ပြင် လျက်၊ ဖ သက် ဆိုး ကို ငဲ့ ညှာ စီ ရင်၍၊ မု ဆိုး မ အ မှု ကို လည်း ရှေ့ ဆောင် ကြ လော့ ဟု မိန့် တော် မူ ၏။

တိ​တု 3:14

ငါ တို့ ညီ အစ် ကို တို့ လည်း ပြု အပ် လေ ရာ ရာ နှင့် စပ်၍ အ သီး မ မဲ့ စေ ရန် ရိုး ဖြောင့် စွာ အ လုပ် အ ကိုင် သင် ကြ စေ။

ဆာ​လံ 92:12-13

သူ တော် ကောင်း တို့ သည်၊ စွန် ပ လွံ ပင် ကဲ့ သို့ ပွင့် လန်း လျက်၊ လေ ဗ နုန် သစ် က တိုး ပင် ကဲ့ သို့ ကြီး ပွား လျက်၊ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် တွင် ကောက် စိုက် ရာ၊ ငါ တို့ ဘု ရား သ ခင့် တံ တိုင်း တော် များ အ တွင်း ပွင့် လန်း၍၊ အ သက် ကြီး သော ကာ လ ၌၊

သုတ္တံကျမ်း။ 3:7

ဉာဏ် ကောင်း သည် ဟု အ ထင် အ မြင် မ ရှိ စေ နှင့်။ ထာ ဝ ရ ဘု ရား ကို ခန့် ညား၍ ဒု စ ရိုက် ကို ကြဉ် ရှောင် လော့။

ကော​လော​သဲ 1:10

ဘု ရား သ ခင် နှင့် ကျွမ်း ဝင် ခွင့် ကြောင့် တိုး ပွား လျက် ကောင်း မှု အ သီး အ မျိုး မျိုး ကို သိ သည့် အ လျောက် အ ရှင် ဘု ရား နှင့် ထိုက် လျော် စွာ ကျင့် ကြံ သ ဖြင့်၊

ဆာ​လံ 19:14

အ ကျွန်ုပ်၏ ကျောက် တောင် တော်၊ ရွေး နုတ် ပိုင် ရှင်၊ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ်၏ နှုတ် ထွက် စ ကား များ နှင့် စိတ် ဆင် ခြင် ချက် များ သည်၊ မျက် မှောက် တော်၌ လက် ခံ တော် မူ ဖွယ် ဖြစ် ပါ စေ သော။

ရော​မ 8:1

ယ ခု မှာ ခ ရစ် တော် ယေ ရှု၌ တည် နေ သူ တို့ အ ပေါ် တွင် အ ပြစ် စီ ရင် ချက် သင့် ရောက် သည် မ ဟုတ်။

၁ တိ 6:12

ယုံ ကြည် ခြင်း ပြေး ပွဲ တာ မြတ်၌ လုံ လ ထုတ် လော့။ သက် သေ အ များ တို့ ရှေ့၊ ကောင်း မွန် စွာ သင် ဝန် ခံ သည့် အ တိုင်း ခေါ် ထား တော် မူ ရင်း ထာ ဝ ရ အ သက် ကို စွဲ ကိုင် လော့။

မဿဲ 16:27

လူ့ သား သည် ခ မည်း တော်၏ ဘုန်း တော် ကို ဆောင် လျက် စေ တ မန် တော် တို့ နှင့် တ ကွ ကြွ လာ မည့် ကာ လ လူ အ သီး အသီး တို့ အား အ ပြု အ မူ အ လျောက် ဆပ် ပေး တော် မူ လိမ့် မည်။

ဟေ​ဗြဲ 11:6

ဘု ရား သ ခင့် ထံ ချဉ်း ကပ် လို သူ သည် ကိုယ် တော် ရှိ တော် မူ ကြောင်း ကိုလည်း ကောင်း၊ လိုက် ရှာ သူ တို့ အား အ ကျိုး ပေး တော် မူ ကြောင်း ကိုလည်း ကောင်း ယုံ ကြည် ရ မည်။ ယုံ ကြည် ခြင်း မ ရှိ လျှင် စိတ် တော် နှင့် တွေ့ ရာ မ ရောက် နိုင် ချေ။

သုတ္တံကျမ်း။ 21:8

အ ပြစ် ရှိ သူ၏ အ လေ့ အ လာ သည်၊ ကွေ့ ကောက်၏။ သူ တော် စင် ပြု သော အ မှု ကား၊ ဖြောင့် မှန်၏။

မဿဲ 25:21

အ ရှင် က တော် လှ ပေ ပြီ။ သ စ္စာ ရှိ သော ငါ့ ကျွန် ကောင်း၊ နည်း ပါး ရာ အ ပေါ်၌ သင် သ စ္စာ ရှိ သည် ဖြစ်၍ များ ပြား ရာ အ ပေါ် တွင် ငါ ခန့် ထား မည်။ သင့် အ ရှင် ၏ ရွှင် လန်း ခြင်း ကို ဝင် စား လော့ ဟု ပြန် ဆို ၏။

ဆာ​လံ 119:137

အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် ဖြောင့် မတ် တော် မူ၍၊ ဆုံး ဖြတ် တော် မူ ချက် များ လည်း၊ ဖြောင့် မှန် ပါ၏။

ယာ​ကုပ် 1:27

ငါ တို့ အ ဘ ဘု ရား သ ခင် ရှေ့ တော်၌ သန့် ရှင်း စင် ကြယ် သော ဝတ် မှာ ဒု က္ခ ရောက် နေ သော ဘ သက် ဆိုး နှင့် မု ဆိုး မ တို့ ကို ကြည့် ရှု ပြု စု ခြင်း၊ ဤ လော က အ စွန်း နှင့် ကင်း စင် အောင် ကိုယ် ကို စောင့် ထိန်း ခြင်း များ တည်း။

ရော​မ 2:6-7

ကိုယ် တော် သည် လူ အ သီး အ သီး အ ပြု အ မူ အ လျောက် ဆပ် ပေး တော် မူ သည် မှာ တည် ကြည် စွာ သု စ ရိုက် ပြု လျက်၊ဘုန်း ပွင့် ခြင်း၊ အ သ ရေ ရှိ ခြင်း၊ သင်္ခါ ရ ကင်း ခြင်း အ ဖြစ် ကို ရှာ သော သူ တို့ အား ထာ ဝ ရ အ သက် ကိုလည်းကောင်း၊

ဧ​ဖက် 2:10

ရှေး မ ဆွ က ဘု ရား သ ခင် စီ မံ ထား တော် မူ သည့် ကောင်း မှု များ ကို ငါ တို့ သည် လိုက် လျှောက် ကျင့် ဆောင် စေ ရန် ခ ရစ် တော် ယေ ရှု အား ဖြင့် ဖန် ဆင်း ပြု ပြင် တော် မူ သူ များ ဖြစ် ကြ​၏။

ဆာ​လံ 9:8

တစ် လော က လုံး ကို ဖြောင့် မတ် စွာ ဆုံး ဖြတ် လျက်၊ လူ အ မျိုး မျိုး တို့ ကို မျှ တ စွာ စီ ရင် တော် မူ လိမ့် မည်။

၁ ယော 3:22

ပ ညတ် တော် များ ကို စောင့် ရှောက် လျက် နှစ် သက် တော် မူ ဖွယ် ရာ များ ကို ပြု ကျင့် ကြ သော ကြောင့် တောင်း လျှောက် သ မျှ ကို အ ထံ တော် မှ ရ ကြ လိမ့် မည်။

လုကာ 6:45

စိတ် နှ လုံး ပြည့် လျှံ သည့် အ တိုင်း နှုတ် က မြွက် တတ် သည် ဖြစ်၍၊ ကောင်း သော သူ သည် ကောင်း သော ကိုယ့် စိတ် ဘ ဏ္ဍာ ထဲ မှ ကောင်း သော အ ရာ များ ကို ထုတ် တတ်၏။ မ ကောင်း သော သူ လည်း မ ကောင်း သော ကိုယ့် ဘ ဏ္ဍာ ထဲ က မ ကောင်း သော အ ရာ များ ကို ထုတ် တတ်၏။

ဟေ​ရှာ​ယ 55:6-7

ထာ ဝ ရ ဘု ရား ကို တွေ့ ကြုံ ခွင့် ရ သည့် အ ခိုက်၊ ရှာ ဖွေ ကြ လော့။ နီး စပ် တော် မူ သည့် အ ခိုက်၊ ပ ဌ နာ ပြု ကြ လော့။လူ ဆိုး သည် ကိုယ့် နည်း လမ်း ကို လည်း‌ ကောင်း၊ မ တ ရား သူ လည်း ကိုယ့် အ ကြံ အ စည် များ ကို လည်း‌ ကောင်း၊ စွန့် ပယ်၍ က ရု ဏာ သက် လ တ္တံ့ သော ထာ ဝ ရ ဘု ရား၊ ကြွယ် ဝ စွာ ချမ်း သာ ပေး လ တ္တံ့ သော ငါ တို့ ဘု ရား သ ခင် ထံ တော် သို့၊ ပြန် လာ ကြ စေ။

မဿဲ 7:14

အ သက် ရှင် ရာ သို့ ရောက် သော တံ ခါး နှင့် လမ်း မူ ကား ကျဉ်း မြောင်း သော ကြောင့် တွေ့ မြင် သူ နည်း လှ၏။

ယာ​ကုပ် 1:22

ကိုယ် ကို လှည့် စား၍ တ ရား တော် ကို ကြား ရုံ မျှ သာ မ ဟုတ်။ လိုက် နာ သူ များ ဖြစ် ကြ လော့။

ဆာ​လံ 33:5

ဖြောင့် မတ် ခြင်း နှင့် တ ရား စောင့် ခြင်း ကို နှစ် သက် တော် မူ၍၊ ထာ ဝ ရ ဘု ရား ၏ မေ တ္တာ ကျေး ဇူး တော် နှင့်၊ မြေ တစ် ပြင် လုံး ပြည့် လျက် ရှိ ၏။

မဿဲ 7:12

ထို ကြောင့် ကိုယ် ကို ပြု စေ လို သ မျှ အ တိုင်း သူ တစ် ထူး တို့ အား ပြု ကြ လော့။ ဤ သည် ကား ပ ည တ္တိ ကျမ်း၊ ပ ရော ဖက် ကျမ်း များ အ လို တည်း။

၁ ယော 2:6

ကိုယ် တော်၌ တည် နေ သည် ဟု ဆို သူ သည် ကိုယ် တော် ကျင့် ကြံ တော် မူ သည့် နည်း တူ ကျင့် ကြံ သင့် ၏။

သုတ္တံကျမ်း။ 10:9

စုံ လင် စွာ လျှောက် လိုက် သော သူ သည်၊ စိတ် ချ လျက် သွား ရ၏။ ကောက် ကျစ် လျက် လျှောက် လိုက် သော သူ၏ သ ဘော ကား၊ ထင် ရှား လိမ့် မည်။

ဆာ​လံ 24:4-5

သန့် စင် သော လက်၊ စင် ကြယ် သော စိတ် ရှိ လျက်၊ အ န တ္တ ကို မ စွဲ မ လမ်း၊ လှည့် ဖြား ၍ သ စ္စာ မ မူ သူ ပေ တည်း။ထို သူ သည်၊ ထာ ဝ ရ ဘု ရား အ ထံ တော် မှ ကောင်း ကြီး မင်္ဂ လာ ကိုလည်း ကောင်း၊ ကိုယ့် ကယ် တင် ပိုင် ရှင် ဘု ရား သ ခင့် အ ထံ တော် မှ ဖြောင့် မတ် ခြင်း ကို လည်း ကောင်း၊ ခံ ယူ ရ လိမ့် မည်။

ရော​မ 6:12

ထို ကြောင့် ကိုယ် ခ န္ဓာ၏ တပ် မက် ခြင်း ကို လိုက် နာ စေ ရန် သင် တို့၏ အ နိ စ္စ ခ န္ဓာ၌ အ ပြစ် တ ရား မင်း မ မူ စေ လင့်။

ဟေ​ဗြဲ 13:5

လော ဘ ကင်း၍ ကိုယ် ပိုင် ပ စ္စည်း နှင့် ရောင့် ရဲ ကြ လော့။ အ သို့ ဆို သော် ငါ သည် သင့် ကို မည် သည့် အ ခါ မျှ စွန့် ထား မည် မ ဟုတ် ဟု မိန့် တော် မူ ချက် ရှိ သ ဖြင့်၊

ဂ​လာ​တိ 5:16

ငါ ဆို သည် ကား ဝိ ညာဉ် တော် အား ဖြင့် လျှောက် လိုက် ကြ လော့။ သို့ ပြု လျင် ရုပ် ခ န္ဓာ တပ် မက် ခြင်း ကို မ ပြည့် စေ ဘဲ ရှိ ကြ လိမ့် မည်။

ဆာ​လံ 118:19-20

ဖြောင့် မတ် ခြင်း ဝင်း တံ ခါး များ ကို ဖွင့် ပေး ကြ၊ ငါ ဝင် လျက် ထာ ဝ ရ ဘု ရား ၏ ကျေး ဇူး တော် ကို ချီး မွမ်း ပါ မည်။က ရု ဏာ တော် သည် ကာ လ အ စဉ် တည် သည် ဟု၊ ဣ သ ရေ လ လူ မျိုး တို့ မြွက် ဆို ကြ ပါ စေ။ထာ ဝ ရ ဘု ရား၏ တံ ခါး တော် ဖြစ် သည့် အ လျောက်၊ သူ တော် ကောင်း တို့ ဝင် ရ ကြ ၏။

ဧ​ဖက် 5:15-16

သို့ ဖြစ်၍ မည် သို့ ကျင့် ကြံ ပြု မူ သည် ကို ပ ညာ မဲ့ သူ ကဲ့ သို့ မ ဟုတ်၊ ပ ညာ ရှိ သူ ကဲ့ သို့ သ တိ နှင့် ကြည့် ရှု လျက်၊ယ ခု ခေတ် ကာ လ ဆိုး သွမ်း သော ကြောင့် အ ခါ အ ခွင့် ကို ဝယ် ယူ ကြ လော့။

ဆာ​လံ 119:133

ဗျာ ဒိတ် တော် လမ်း၌၊ အ ကျွန်ုပ် ခြေ ရာ များ ကို စီ စဉ် တော် မူ၍၊ ဒု စ ရိုက် အုပ် စိုး ခြင်း ကို အ လျှင်း မ ခံ ရ ပါ စေ နှင့်။

ကော​လော​သဲ 3:5

သို့ ဖြစ်၍ မြေ ကြီး ပေါ် ရှိ သင် တို့ ကိုယ် အင်္ဂါ ပ ယော ဂ များ တည်း ဟူ သော မ တ ရား မေ ထုန် ပြု ခြင်း၊ ညစ် ညူး ခြင်း၊ ကိ လေ သာ လိမ်း ကျံ ခြင်း၊ မ ကောင်း တပ် မက် ခြင်း၊ ရုပ် ပွား ကိုး ကွယ် ခြင်း ဖြစ် သော လော ဘ ရှိ ခြင်း များ ကို ကွပ် မျက် ကြ လော့။

၂ တိ 2:15

သ မ္မာ တ ရား တော် ကို မှန် ကန် စွာ ပိုင် ခြား လျက် ရှက် ကြောက် ရန် အ ကြောင်း မ ရှိ သော အ မှု တော် ဆောင်၊ စံ တော် မီ သူ အ ဖြစ်၊ ဘု ရား သ ခင့် ရှေ့ တော် တွင် ကိုယ် ကို ဆက် သ ရန် လုံ့ လ ထုတ် လော့။

ဆာ​လံ 37:34

ထာ ဝ ရ ဘု ရား ကို စောင့် မျှော် ၍၊ နည်း လမ်း တော် ကို စောင့် ရှောက် လော့။ နေ ပြည် ကို အ ပိုင် ရ စေ ခြင်း ငှာ၊ သင့် ကို ချီး မြှောက် တော် မူ လိမ့် မည်။ လူ ဆိုး တို့ ပယ် ရှား ရာ ခံ ရ သည် ကို သင် သိ မြင် ရ လ တ္တံ့။

ဟေ​ဗြဲ 10:24

မေ တ္တာ နှင့် ကောင်း မှု ကို လုံ့ လ ထုတ် အံ့ သော ငှာ တစ် ယောက် ကို တစ် ယောက် ထောက် ထား ခြင်း၊

သုတ္တံကျမ်း။ 14:12

လမ်း တစ် လမ်း သည်၊ လူ့ မျက် မှောက်၌ ဖြောင့် မှန် ဟန် ရှိ သော် လည်း၊ အ ဆုံး၌၊ သေ ရ ခြင်း လမ်း ဖြစ် ၏။

ဦးစာအုပ်

စိတ်သစ်လူသစ်သန့်ရှင်းစင်ကြယ်မှုဘုရားသခင်ထံ အိမ်ကို အပ်နှံခြင်းသန့်ရှင်းခြင်းလမ်းစဉ်တရားမျှတမှုကို ရှာဖွေခြင်းဘုရားသခင်ကို ရိုသေလေးစားခြင်းစိတ်အသစ်ပြုပြင်ခြင်းစိတ်ခံစားမှုကျန်းမာရေးဘုရားသခင်တောင်းဆိုတဲ့ သန့်ရှင်းမှုအကြောင်းဘုရားရှိခိုးကျောင်းများဘုရားသခင်၏ သန့်ရှင်းမြင့်မြတ်ခြင်းအကြောင်းသန့်ရှင်းခြင်းအကြောင်းသန့်ရှင်းခြင်းအကြောင်းဗျာဒိတ်ကျမ်းထဲက သူတော်စင်တွေအကြောင်းသန့်ရှင်းသောပစ္စည်းများအကြောင်းသန့်ရှင်းခြင်းမရှိဘဲ ဘုရားသခင်ကို မည်သူမျှ မမြင်ရသန့်ရှင်းသူများ စည်းလုံးညီညွတ်ရေးအဝတ်အစားဘိသိက်ခံယူခြင်းစိတ်ထားဖြူစင်ခြင်း
ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ