ယုံ ကြည် ခြင်း သည် မျှော် လင့် ရာ များ၌ စိတ် ချ ခြင်း၊ မျက် ကွယ် ရာ များ ကို မျက် မှောက် ပြု ခြင်း ဖြစ်၏။
သို့ နှင့် အ ညီ ယုံ ကြည် ခွင့် သည် ကြား နာ ခြင်း ကြောင့်၊ ကြား နာ ခွင့် လည်း ခ ရစ် တော် သ တင်း ကြောင့် သာ ဖြစ် ၏။
တစ် ဦး ကား ထို ဝိ ညာဉ် တော် အ တိုင်း အ သိ ပ ညာ စ ကား ကို လည်း ကောင်း၊ တစ် ဦး ကား ထို ၀ိ ညာဥ် တော် ကြောင့် ယုံ ကြည် ခွင့် ကို လည်း ကောင်း၊ တစ် ဦး ကား တစ် ဆူ တည်း သော ထို ၀ိ ညာဥ် တော် ကြောင့် ကု သ ခွင့် ဆု ကျေး ဇူး ကို လည်း ကောင်း၊
သင် တို့ ယုံ ကြည် ခြင်း နည်း ကြ သော ကြောင့် တည်း။ သင် တို့ တွင် မုံ ညင်း စေ့ ခန့် မျှ ယုံ ကြည် ခြင်း ရှိ လျှင် ဤ တောင် အား ဤ အ ရပ် မှ ထို အ ရပ် သို့ ရွှေ့ လော့ ဟု ဆို သော် ရွေ့ လိမ့် မည်။ သင် တို့ မ တတ် စွမ်း နိုင် သော အ ရာ မည် သည် မျှ ရှိ မည် မ ဟုတ်။ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ၏။
သင် တို့ သည် ယုံ ကြည် ခြင်း အား ဖြင့် ကျေး ဇူး တော် ကြောင့် ကယ် တင် ရာ ရောက် ခဲ့ ကြ သည် မှာ ကိုယ့် အ စွမ်း ကြောင့် မ ဟုတ်။ ကိုယ့် အ ကျင့် ကြောင့် လည်း မ ဟုတ်။ မည် သူ မျှ ဂုဏ် မ တင် မိ စေ ရန် ဘု ရား သ ခင့် ဆု ကျေး ဇူး တော် ကြောင့် တည်း။
တတ် နိုင် လျှင် ဟူ၍ ဆို ရက် ပေ စွ။ ယုံ ကြည် သော သူ့ အား အ ရာ ခပ် သိမ်း ကို တတ် နိုင် သည် ဟု
ဘု ရား သ ခင့် ထံ ချဉ်း ကပ် လို သူ သည် ကိုယ် တော် ရှိ တော် မူ ကြောင်း ကိုလည်း ကောင်း၊ လိုက် ရှာ သူ တို့ အား အ ကျိုး ပေး တော် မူ ကြောင်း ကိုလည်း ကောင်း ယုံ ကြည် ရ မည်။ ယုံ ကြည် ခြင်း မ ရှိ လျှင် စိတ် တော် နှင့် တွေ့ ရာ မ ရောက် နိုင် ချေ။
ယေ ရှု က သင် တို့၌ သံ သ ယ ကင်း သော ယုံ ကြည် ခြင်း ရှိ လျှင် သ ဖန်း ပင် ကို ပြု ခဲ့ သည့် နည်း တူ ပြု နိုင် ရုံ မျှ မ က ဤ တောင် အား နေ ရာ ရင်း မှ ကျွတ်၍ ပင် လယ် တွင် ကျ လော့ ဟု ဆို သော် ဆို တိုင်း ဖြစ် လိမ့် မည်။ယုံ ကြည် လျက် လျှောက် တောင်း သ မျှ ကို လည်း ရ ကြ လိမ့် မည် ဟု မိန့် တော် မူ၏။
သို့ ဖြစ်၍ ယုံ ကြည် ခြင်း အား ဖြင့် ဖြောင့် မတ် ရာ ရောက် သော ကြောင့် ငါ တို့ သည် ဘု ရား သ ခင် ရှေ့ တော်၌ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ငြိမ် သက် ခြင်း ကို ခံ စား ကြ ကုန် အံ့။
သင် တို့ အ နက် တစ် ယောက် ယောက် ၌ ဉာဏ် ပ ညာ ယုတ် လျော့ လျှင် အ ပြစ် မ တင် ဘဲ သူ ခပ် သိမ်း တို့ အား ကြွယ် ဝ စွာ သ နား တော် မူ သော ဘု ရား သ ခင့် ထံ တောင်း လျှောက် စေ။ သ နား တော် မူ လိမ့် မည်။ယုံ မှား သံ သ ယ အ လျှင်း မ ရှိ ဘဲ ယုံ ကြည် လျက် တောင်း လျှောက် စေ။ ယုံ မှား သံ သ ယ ရှိ သူ သည် လေ ပြင်း တိုက် ခတ် သော ပင် လယ် လှိုင်း နှင့် တူ သ ဖြင့် စိတ် ဒွိ ဟ ရှိ လျက်၊
ထို အ ရှင် ကို သင် တို့ မ မြင် ဘူး လျက် ပင် ချစ် ရာ ယ ခု မ မြင် ဘဲ ယုံ ကြည် သ ဖြင့် နှုတ် မ မြွက် နိုင် အောင် ဘုန်း ကြီး သော ပီ တိ နှင့် ရွှင် လန်း လျက်၊အ သက် ဝိ ညာဉ် ကယ် တင် ခြင်း တည်း ဟူ သော သင် တို့ ယုံ ကြည် ခြင်း အ ကျိုး ကို ခံ စား ရ ကြ ၏။
ယေ ရှု က ဘု ရား သ ခင် ကို ယုံ ကြည် ခြင်း ရှိ ကြ လော့။မည် သူ မ ဆို ကိုယ် ဆို တိုင်း ဖြစ် မည် ဟု သံ သ ယ စိတ် ကင်း သော ယုံ ကြည် ခြင်း ရှိ လျှင် ဤ တောင် အား နေ ရာ ရင်း မှ ကျွတ်၍ ပင် လယ် တွင် ကျ လော့ ဟု ဆို သော် ဆို တိုင်း ဖြစ် မည် ငါ အ မှန် ဆို ၏။ထို ကြောင့် ငါ ဆို ပြန် သည် ကား သင် တို့ လျှောက် တောင်း သ မျှ ကို ရ ပြီ ဟု ယုံ ကြည် လော့။ ရ ကြ လိမ့် မည်။
ကိုယ် တော် သည် ဘုန်း တော် ကြွယ် ဝ သည့် အ တိုင်း ဝိ ညာဉ် တော် အား ဖြင့် သင် တို့ အ ဇ္ဈ တ္တ လူ ကို ခွန် အား နှင့် သန် စွမ်း စေ တော် မူ ပါ မည့် အ ကြောင်း၊ယုံ ကြည် ခြင်း အား ဖြင့် သင် တို့ စိတ် နှ လုံး၌ ခ ရစ် တော် စံ နေ တော် မူ ပါ မည့် အ ကြောင်း မေ တ္တာ တ ရား၌ အ မြစ် စွဲ ခြင်း၊ တိုက် မြစ် ချ ခြင်း ခံ ရ သော သင် တို့ သည်၊
အ ရှင် ဘု ရား က၊ သင် တို့ တွင် မုံ ညင်း စေ့ ခန့် မျှ ယုံ ကြည် ခြင်း ရှိ လျှင် ဤ ပိုး စာ ပင် အား အ မြစ် ပါ ကျွတ် ၍ ပင် လယ် ထဲ၌ ပေါက် လော့ ဟု ဆို သော် နား ထောင် လိမ့် မည်။
ဘု ရား သ ခင်၏ က တိ တော် ကို ယုံ မှား သံ သ ယ ကင်း လျက်၊ ဘုန်း တော် ကို ချီး မြှောက် လျက်၊ က တိ တော် အ တိုင်း ဆောင် ရွက် တော် မူ နိုင် ကြောင်း စိတ် လုံး လုံး ချ၍ ယုံ ကြည် ခြင်း တိုး တက် သ ဖြင့်၊
က တိ ထား သော အ ရှင် သည် သ စ္စာ တည် တော် မူ သော ကြောင့် ငါ တို့ ဝန် ခံ ရာ မျှော် လင့် ခွင့် ကို မ ယိမ်း မ ယိုင် စွဲ မြဲ ခြင်း၊
ခ ရစ် တော် နှင့် အ တူ ကား တင် ခံ ပြီး ဖြစ် လျက် ငါ့ ကိုယ် တိုင် အ သက် ရှင် တော့ မည် မ ဟုတ်။ ငါ၌ ခ ရစ် တော် ရှင် နေ တော် မူ၏။ ရုပ် ခ န္ဓာ၌ ယ ခု ငါ ရှင် သည် မှာ ငါ့ အား ချစ်၍ ငါ့ အ တွက် ကိုယ် ကို စွန့် တော် မူ သော ဘု ရား သ ခင့် သား တော် ကို ယုံ ကြည် ခြင်း ကြောင့် ရှင်၏။
ဖြောင့် မတ် သူ သည် ယုံ ကြည် ခြင်း အား ဖြင့် အ သက် ရှင် လိမ့် မည် ဟူ သော ကျမ်း ချက် အ ရ ဘု ရား သ ခင်၏ ဖြောင့် မတ် တော် မူ ခြင်း သည် အ ဆင့် ဆင့် တိုး တက် သော ယုံ ကြည် ခြင်း ဖြင့် သ တင်း တော် မြတ်၌ ထင် ရှား လျက် ရှိ၏။
ငါ့ သ မီး အား ယူ လော့။ သင်၏ ယုံ ကြည် ခြင်း သည် သင့် ကို ကျန်း မာ စေ ပြီ ဟု မိန့် တော် မူ သည့် အ တိုင်း ပင် ထို အ ချိန် နာ ရီ က စ၍ ကျန်း မာ လေ၏။
မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။
ယေရှုက သင်ယုံလျှင် ဘုရားသခင့်ဘုန်းတော်ကိုမြင်ရလိမ့်မည် ငါဆိုခဲ့ပြီမဟုတ်လောဟု မိန့်တော်မူ၏။
အ သို့ ဆို သော် ယ နေ့ ဗျာ ဒိတ် တော် သံ ကို ကြား ရ စဉ် အ မျက် တော် တိုက် ကြ သော အ ခါ ကဲ့ သို့ သင် တို့ စိတ် မ ခဲ ယဉ်း စေ ကြ နှင့် ဟူ သော အ ချက် ရှိ သေး ခိုက် ငါ တို့ စိတ် ချ ရာ အ ကြောင်း ရင်း ကို ဆုံး ခန်း တိုင် စွဲ မြဲ လျှင် ခ ရစ် တော် နှင့် ဆက် ဆံ ခွင့် ရ ကြ ၏။
ပြေး ပွဲ မြတ်၌ ငါ့ လုံ့ လ ထုတ် ပြီ။ တာ အ ဆုံး တိုင် ရောက် ပြီ။ ယုံ ကြည် ခြင်း တ ရား ကို စောင့် ထိန်း ခဲ့ ပြီ။
ယုံ ကြည် ခြင်း အား ဖြင့် ငါ တို့ သည် ဘု ရား သ ခင့် အ မိန့် တော် အ တိုင်း လော က ဓာတ် များ ပေါ် ရ လျက် မျက် မှောက် ရှိ ရာ များ ဖြစ် ပွား ခဲ့ ကြောင်း နား လည် ရ ကြ၏။
အ ကျွန်ုပ် သည်၊ ကြောက် ရွံ့ နေ ရ သော ကာ လ တွင်၊ ကိုယ် တော်၌ ကိုး စား ပါ မည်။ဘု ရား သ ခင် ကို အ မှီ ပြု၍၊ က တိ တော် ကို ချီး မွမ်း မည်။ ကြောက် ရွံ့ ခြင်း ကင်း လျက်၊ ဘု ရား သ ခင်၌ ကိုး စား ပြီး ဖြစ် သူ ငါ့ ကို၊ လူ တို့ မည် သို့ ပြု နိုင် သ နည်း။
စောင့် နေ လျက်၊ ယုံ ကြည် ခြင်း တ ရား တော်၌ ရပ် တံ့ လျက် ယောက်ျား ဘာ ဝ အား ထုတ် လျက်၊ ရဲ ရင့် လျက် နေ ကြ လော့။
ညီ အစ် ကို တို့၊ သင် တို့ ယုံ ကြည် ခြင်း အ လွန် တိုး ပွား သည့် ပြင် အ ချင်း ချင်း တို့ အား အ သီး အ သီး တို့ မေ တ္တာ ကြွယ် ဝ သည့် အ တွက် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ထိုက် လျော် သည့် အ တိုင်း ငါ တို့ အ စဉ် ချီး မွမ်း ရ ကြ ၏။
ပျင်း ရိ ခြင်း မ ရှိ ဘဲ ယုံ ကြည် ခြင်း၊ စိတ် ရှည် ခြင်း ကြောင့် က တိ တော် အ တိုင်း အ မွေ ခံ ရ သူ တို့ ပုံ စံ ကို လိုက် သူ များ ဖြစ် စေ လို၏။
ယုံ ကြည် ခြင်း နှင့် ပြည့် စုံ သော ပ ဌ နာ ဖြင့် သူ နာ ချမ်း သာ ရ လျက် အ ရှင် ဘု ရား သည် ထ စေ တော် မူ သည့် ပြင် ပြစ် မှား မိ ခဲ့ လျှင် လည်း ဖြေ လွှတ် တော် မူ လိမ့် မည်။
သင် တို့ ဘောင် တွင် လူ ရှိ သ မျှ အား ငါ ခံ စား ရ သော ကျေး ဇူး တော် ကြောင့် ထပ် ဆို သည် ကား၊ ကိုယ် ကို ထင် သင့် သည် ထက် လွန်၍ မ ထင် ဘဲ အ သီး အ သီး တို့ အား ဘု ရား သ ခင် ဝေ မျှ တော် မူ သော ယုံ ကြည် ခြင်း ပ မာ ဏ အ တိုင်း သင့် လျော် စွာ ထင် ကြ လော့။
ယေရှုကလည်း သင်သည်ငါ့ကိုမြင်ရသောကြောင့်ယုံကြည်လေစွ။ မမြင်ဘဲလျက်ယုံကြည်သူတို့၌ မင်္ဂလာရှိသည်ဟုမိန့်တော်မူ၏။
ထို စ ကား ကို ယေ ရှု ကြား သော် အံ့ သြ တော် မူ၍ ဤ မျှ လောက် ယုံ ကြည် ခြင်း ကို ဣ သ ရေ လ လူ မျိုး တွင် မ တွေ့ စ ဘူး ငါ အ မှန် ဆို ၏၊
သူ ရှင် တို့ နေ ရာ တွင်၊ ထာ ဝ ရ ဘု ရား၏ ကောင်း မြတ် တော် မူ ခြင်း ကို မြင် ရ ပါ မည် ဟု ယုံ ကြည် ရင်း မ ဟုတ် လျှင်၊ အား လျော့ ပါ လေ ပြီ။ထာ ဝ ရ ဘု ရား ကို စောင့် မျှော် လျက်၊ အား ယူ၍ ရဲ ရင့် သော စိတ် ရှိ လော့။ ထာ ဝ ရ ဘု ရား ကို စောင့် မျှော် ဦး လော့။
ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။
ယေ ရှု က မ ကြောက် လင့်၊ ယုံ ကြည် ခြင်း သာ ရှိ လော့၊ သူ ငယ် မ ကျန်း မာ လိမ့် မည် ဟု မိန့် တော် မူ ပြီး လျှင်၊
ဘိုး ဘေး တို့ သည် ထို သ တင်း ကို ကြား ရ ခဲ့ သည့် နည်း တူ ငါ တို့ လည်း ကြား ရ ကြ ပြီ။ ကြား ရ သော ထို သူ တို့၌ မှာ မူ ယုံ ကြည် ခြင်း မ ပါ သော ကြောင့် ကြား ရ သော သ တင်း သည် အ ကျိုး မ ရှိ။
မာ န ကြီး သော သူ နှင့် မု သာ သုံး သော သူ တို့ ဘက် သို့ မ လိုက် ဘဲ၊ ထာ ဝ ရ ဘု ရား၌ ကိုး စား သော သူ သည် မင်္ဂ လာ ရှိ၏။
ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။
ယုံ ကြည် ခြင်း ပြေး ပွဲ တာ မြတ်၌ လုံ လ ထုတ် လော့။ သက် သေ အ များ တို့ ရှေ့၊ ကောင်း မွန် စွာ သင် ဝန် ခံ သည့် အ တိုင်း ခေါ် ထား တော် မူ ရင်း ထာ ဝ ရ အ သက် ကို စွဲ ကိုင် လော့။
ထို အ ခါ ယေ ရှု က အ ချင်း မိန်း မ၊ သင်၏ ယုံ ကြည် ခြင်း သည် အား ကြီး စွ တ ကား သင် အ လို ရှိ သည့် အ တိုင်း ဖြစ် စေ ဟု မိန့် တော် မူ သ ဖြင့် ထို အ ချိန် နာ ရီ က စ၍ သ မီး ကျန်း မာ လေ၏။
မာရ် နတ်၏ မီး မြှား ဟူ သ မျှ ကို ကာ သတ် နိုင် ရန် ယုံ ကြည် ခြင်း ဒိုင်း လွှား ကို လည်း ကိုင် လျက်၊
ငြိမ် ဝပ် စွာ နေ ကြ စေ။ ငါ သည် ဘု ရား သ ခင် ဖြစ် ကြောင်း သိ မှတ် ကြ စေ။ လူ မျိုး ခြား တို့ တွင် ဘုန်း ပွင့် မည်။ မြေ ကြီး ပေါ် မှာ ဘုန်း ပွင့် မည်။
ဘုရားသခင့်အမှုတော်မှာ စေလွှတ်တော်မူသူ့ကိုယုံကြည်ခြင်းတည်းဟု ယေရှုပြန်၍မိန့်တော်မူလျှင်၊
သင် တို့ သည် သူ သေ တို့ ထဲ မှ ကိုယ် တော် ကို ရှင် ပြန် ထ မြောက် စေ၍ ဘုန်း ပွင့် စေ တော် မူ သော ဘု ရား သ ခင် အား ယုံ ကြည် ကြ သည့် အ လျောက် သင် တို့ ယုံ ကြည် ခြင်း နှင့် မျှော် လင့် ခြင်း လည်း ဘု ရား သ ခင် နှင့် ဆိုင် သ တည်း။
ယုံ ကြည် ခြင်း နည်း ပါး သူ တို့၊ ယ နေ့ ရှိ၍ နက် ဖြန် မီး ဖို ထဲ သို့ ရောက် သော တော ပင် ကို ဘု ရား သ ခင် သည် ထို သို့ ဆင် ယင် တော် မူ လျှင် သင် တို့ ကို သာ၍ ဆင် ယင် တော် မူ မည် မ ဟုတ် လော။
စိတ် ဧ လျက် သွား တော့၊ သင့် ယုံ ကြည် ခြင်း သည် သင့် ကို ကယ် ပြီ ဟု မိန်း မ အား မိန့် ပြန် တော် မူ၏။
ထို သူ ရှိ သ မျှ တို့ သည် က တိ ထား တော် မူ ရာ များ ကို မ ခံ စား ရ ဘဲ အ ဓွန့် ရှည် စွာ က မျှော် မြင် အား ရ လျက် မြေ ကြီး ပေါ် တွင် ဧည့် သည် အာ ဂ န္တု မျှ သာ ဖြစ် ကြောင်း ဝန် ခံ ပြီး နောက် ယုံ ကြည် လျက် သေ လွန် ကြ၏။
အ ချင်း လူ မျိုး တော်၊ ဘု ရား သ ခင်၌ အ ခါ ခပ် သိမ်း ကိုး စား လျက်၊ ရှေ့ တော် ၌ စိတ် နှ လုံး ကို သွန် ပြ ကြ လော့။ ဘု ရား သ ခင် သည် ငါ တို့ အ ဖို့ ခို လှုံ ရာ ဖြစ် တော် မူ ၏။
သို့ ရာ တွင် အ ရှင် ယေ ရှု ကို ရှင် ပြန် ထ မြောက် စေ တော် မူ သော ကိုယ် တော် သည် ငါ တို့ ကို လည်း ယေ ရှု အ လိုက် ထ မြောက် စေ လျက် သင် တို့ နှင့် တ ကွ ဆက် သွင်း တော် မူ မည့် အ ကြောင်း သိ ကြ သည့် အ လျောက် ယုံ ကြည် ပြီး ဖြစ်၍ ငါ ကြား ပြော ခဲ့ သည် ဟူ သော ကျမ်း ချက် အ ရ ငါ တို့ လည်း ထို သို့ သော ယုံ ကြည် ခြင်း စိတ် ရှိ သ ဖြင့် ယုံ ကြည်၍ ကြား ပြော ကြ ၏။
ထာ ဝ ရ ဘု ရား ၌ ကိုး စား သူ တို့ သည်၊ မ လှုပ် မ ရှား ရ ဘဲ တည် မြဲ တည် ရာ ဇိ အုန် တောင် ကဲ့ သို့ ဖြစ် ကြ ၏။
ငါ၏ ခို လှုံ ရာ၊ ငါ၏ ခံ တပ်၊ ငါ ကိုး စား ရာ ဘု ရား သ ခင် ပေ တည်း ဟု၊ ထာ ဝ ရ ဘု ရား အား ငါ ဝန် ခံ မည်။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ စွမ်း အား၊ ငါ့ ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ၏။ ကိုယ် တော်၌ ခို လှုံ ခဲ့ သည့် အ တိုင်း အ ထောက် အ မ ခံ ရ၏။ ငါ့ စိတ် ရွှင် လန်း၍ ကိုယ် တော် ကို သီ ဆို ချီး မွမ်း မည်။
ခ ရစ် တော် ယေ ရှု၌ လှီး ဖြတ် ခြင်း မင်္ဂ လာ ရှိ မ ရှိ အ ကျိုး မ ပေး နိုင်။ ချစ် ခြင်း မေ တ္တာ ကို ပြု ပြင် သော ယုံ ကြည် ခြင်း သာ လျှင် ပေး နိုင် ၏။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ ကျောက် တောင်၊ ငါ့ ခံ တပ်၊ ငါ့ ကို ကယ် လွှတ် သော အ ရှင်၊ ငါ့ ဘု ရား သ ခင်၊ ငါ ခို လှုံ ရာ ကျောက် စွယ်၊ ငါ့ ဒိုင်း လွှား၊ ငါ့ ကယ် တင် ရာ ဦး ချို၊ ငါ့ ရဲ တိုက် ဖြစ် တော် မူ ၏။
သားတော်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရ၏။ သားတော်အားမလိုက်မနာသူမူကား ထာဝရအသက်ကိုတွေ့မြင်ခွင့်မရဘဲ ဘုရားသခင့်အမျက်တော်ဒဏ်တည်သူဖြစ်သတည်း။
ငါ တို့ အ ပေါ်၌ ဘု ရား သ ခင် သက် တော် မူ သော ချစ် ခြင်း မေ တ္တာ ကို ငါ တို့ သိ မြင် ယုံ ကြည် ခဲ့ ကြ ပြီ။ ဘု ရား သ ခင် သည် ချစ် ခြင်း မေ တ္တာ ဖြစ် တော် မူ သည် နှင့် အ ညီ ချစ် ခြင်း မေ တ္တာ၌ တည် သူ သည် ဘု ရား သ ခင်၌ တည် လျက် ဘု ရား သ ခင် လည်း ထို သူ၌ တည် တော် မူ၏။
လူ သည် ပ ညတ် တ ရား အ လိုက် အ ကျင့် အား ဖြင့် မ ဟုတ်၊ ယုံ ကြည် ခြင်း အား ဖြင့် ဖြောင့် မတ် ရာ ရောက် သည် ဟု မှတ် ရ ၏။
ထို အ ရှင် သည် ရွှင် လန်း ရန် အ ကြောင်း ကို မျှော် ထောက်၍ အ ရှက် မ ငဲ့ ဘဲ ကား တင် ခံ ပြီး လျှင် ဘု ရား သ ခင့် ရာ ဇ ပ လ္လင် ယာ ဘက် တော် တွင် စံ တော် မူ၏။
ထို သို့ ဆို သော် ယုံ ကြည် ခြင်း တ ရား ၌ တည် နေ သူ သင် တို့ ယုံ ကြည် ခြင်း ကို စိုး မိုး ၍ မ ဟုတ်။ သင် တို့ ရွှင် လန်း ခြင်း ကို ကူ ညီ ထောက် ပံ့ လို ၍ ငါ တို့ ဆို ကြ ၏။
စိတ် နှ လုံး တည် ကြည် သော သူ့ ကို၊ ကိုယ် တော် ၌ ကိုး စား သည် နှင့်၊ လုံ ခြုံ စွာ စောင့် ထိန်း တော် မူ၏။ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ နိ ယ မ ကျောက် တောင် ဖြစ် တော် မူ သော ကြောင့်၊ ကိုယ် တော်၌ အ စဉ် အ မြဲ ကိုး စား ကြ လော့။
ထို အ ရှင် အား ဖြင့် လည်း ယ ခု ငါ တို့ တည် နေ ရာ ကျေး ဇူး တော် သို့ ယုံ ကြည် ခြင်း ကြောင့် တိုး ဝင် ခွင့် ရ သည့် ပြင် ဘု ရား သ ခင့် ဘုန်း တော် ကို မျှော် လင့် လျက် ရွှင် လန်း ရ ကြ၏။
ထာ ဝ ရ ဘု ရား ထံ မှ ဆင့် ဆို ချက် ပြည့် စုံ မည် ကို ယုံ ကြည် ပြီး ဖြစ် သော သင်၌ မင်္ဂ လာ ရှိ သည် ဟု အ သံ ကျယ် စွာ ဟစ် လျက် မြွက် ဆို၏။
ရှေ့ တော် တွင် ငါ တို့ ရ ရှိ သော ရဲ ရင့် ခြင်း မှာ အ လို တော် နှင့် အ ညီ ငါ တို့ တောင်း လျှောက် လေ ရာ ရာ၌ နား ညောင်း တော် မူ ကြောင်း တည်း။
ငါ့ ကို ခွန် အား နှင့် ပြည့် စေ တော် မူ သော အ ရှင်၌ ငါ သည် အ ရာ ခပ် သိမ်း ကို စွမ်း ဆောင် နိုင်၏။
အ ရှင် ယေ ရှု ကို ယုံ ကြည် လော့။ သို့ ပြု လျှင် သင် နှင့် အိမ် သူ အိမ် သား တို့ ပါ ကယ် တင် တော် မူ ခြင်း သို့ ရောက် ရ ကြ လိမ့် မည် ဟု ပြန် ဆို ပြီး နောက်၊
ဗိုလ် ခြေ တို့ အ ရှင် အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော်၌ ကိုး စား သော သူ သည် မင်္ဂ လာ ရှိ ပါ၏။
ထို အ ရှင်၌ ငါ တို့ သည် ယုံ ကြည် ခြင်း အား ဖြင့် စိတ် ချ လျက် ရဲ ရင့် စွာ တိုး ဝင် ခွင့် ရ ကြ၏။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် အား ရှာ ဖွေ သူ တို့ ကို စွန့် ထား တော် မ မူ သော ကြောင့်၊ နာ မ တော် အ ကျွမ်း ဝင် သူ တို့ သည်၊ ကိုယ် တော် ၌ ကိုး စား ကြ လိမ့် မည်။
သို့ ရာ တွင် ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ငါ တို့ အား အောင် မြင် ခွင့် သ နား တော် မူ သော ဘု ရား သ ခင်၏ ကျေး ဇူး တော် သည် ကြီး လှ ပေ ၏။
ခ ရစ် တော် ထဲ သို့ ဗ တ္တိ ဇံ မင်္ဂ လာ ခံ သ မျှ သော သင် တို့ သည် ခ ရစ် တော် ကို ဝတ် ဆင် ပြီး ဖြစ် သည့် အ တိုင်း ယုံ ကြည် ခြင်း အား ဖြင့် ခ ရစ် တော် ယေ ရှု၌ ဘု ရား သ ခင့် သား များ ဖြစ် ကြ ၏။
သို့ ဖြစ်၍ လည်း မည် သူ မ ဆို ခ ရစ် တော်၌ ရှိ တည် လျှင် လူ သစ် ဖြစ် လျက် ဟောင်း သော အ ရာ များ ပျောက် လွင့်၍ အ သစ် ဖြစ် လေ ပြီ။
ဘု ရား သ ခင် သည်၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ပေ တည်း။ ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ ငါ၏ စွမ်း အား၊ ငါ ကျူး ဧ ဖွဲ့ ဆို ရာ၊ ငါ့ ကို ကယ် တင် ရာ အ ကြောင်း ဖြစ် စေ တော် မူ သ ဖြင့်၊ ကြောက် ရွံ့ ခြင်း ကင်း ၍ ကိုး စား ပါ မည် ဟု မြွက် ဆို လျက်၊
ထာ ဝ ရ ဘု ရား၌ ကိုး စား လျက်၊ ကောင်း မှု ပြု လော့။ နေ ပြည်၌ နေ လျက်၊ သ စ္စာ တ ရား၌ ကျက် စား လော့။
ငါဧကန်အမှန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည်ငါပြုသောအမှုများကိုလည်းကောင်း၊ ထိုထက်ကြီးမြတ်သောအမှုများကိုလည်းကောင်း၊ ပြုရလိမ့်မည်။
ယုံ ကြည် ခြင်း အား ဖြင့် ထို ပု ဂ္ဂိုလ် တို့ သည် နိုင် ငံ များ ကို အောင် နိုင် ခွင့်၊ ဖြောင့် မှန် စွာ စီ ရင် ခွင့်၊ က တိ တော် များ ကို ခံ စား ခွင့်၊ ခြင်္သေ့ များ ကို နှုတ် ပိတ် ခွင့်၊မီး အ ရှိန် ကို ငြိမ်း ခွင့်၊ ဓား ဘေး လွတ် ခွင့်၊ ခွန် အား နည်း သည့် အ ဖြစ် မှ ခွန် အား ကြီး ခွင့်၊ စစ် ရေး ၌ စွမ်း ရည် သ တ္တိ ရှိ ခွင့်၊ လူ မျိုး ခြား တပ် များ ကို တွန်း လှန် ခွင့် ရ ကြ၏။
အ သို့ ဆို သော် ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် မှန် ကန် ၍၊ အ မှု တော် ရှိ သ မျှ လည်း၊ သ စ္စာ နှင့် ညီ ညွတ် ၏။
မြင့် မြတ် သော ဘု ရား၏ အ တွင်း ဌာ န တော်၌ နေ ထိုင် သော သူ သည်၊ အ န န္တ တန် ခိုး ရှင်၏ အ ရိပ် ကို ခို လှုံ ရ လိမ့် မည်။သင့် ထံ ဘေး တစ် မျိုး မျှ မ ချဉ်း၊ နေ ထိုင် ရာ သို့ ကပ် ရော ဂါ တစ် မျိုး မျှ မ သင့် ရ။သွား လေ ရာ ရာ၌ သင့် ကို စောင့် ထိန်း ကြ စေ ရန်၊ စေ တ မန် တော် တို့ အား မှာ ထား တော် မူ သည့် အ တိုင်း၊ကျောက် ခဲ နှင့် ခြေ ကို မ ခိုက် မိ စေ ရန်၊ ချီ ပင့် ရ ကြ လိမ့် မည်။သင် သည် ခြင်္သေ့ နှင့် မြွေ ဆိုး များ ကို နင်း၍၊ ခြင်္သေ့ ပျို နှင့် န ဂါး တို့ ကို ကျော် ရ လိမ့် မည်။ငါ၌ စွဲ လမ်း သော ကြောင့်၊ သူ့ ကို ငါ ကယ် လွှတ်၍၊ ငါ့ နာ မ ကို သိ ကျွမ်း သော ကြောင့်၊ ချီး မြှောက် မည်။ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။တင်း တိမ် ဖွယ် အ သက် ရှည် စွာ သ နား ၍၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ကို ဖော် ပြ မည်။ငါ၏ ခို လှုံ ရာ၊ ငါ၏ ခံ တပ်၊ ငါ ကိုး စား ရာ ဘု ရား သ ခင် ပေ တည်း ဟု၊ ထာ ဝ ရ ဘု ရား အား ငါ ဝန် ခံ မည်။
သင် ၏ ယုံ ကြည် ခြင်း သည် သင့် ကို ကျန်း မာ စေ ပြီ ဟု မိန့် တော် မူ သ ဖြင့် ချက် ခြင်း စ က္ခု အ လင်း ရ ၍၊
ယေ ရှု သည် ထို စ ကား ကို အ ရေး မ ယူ ဘဲ ဓ မ္မာ ရုံ အုပ် အား မ ကြောက် နှင့်။ ယုံ ကြည် ခြင်း သာ ရှိ လော့ ဟု မိန့် တော် မူ ပြီး လျှင်၊
ပါ ရ မီ သုံး ပါး တည်း ဟူ သော ယုံ ကြည် ခြင်း၊ မြော် လင့် ခြင်း၊ ချစ် ခြင်း မူ ကား တည် လျက် နေ၏။ ထို သုံး ပါး တွင် ချစ် ခြင်း မေ တ္တာ သည် အ ထူး အ မြတ် ဖြစ် သ တည်း။
ဘု ရား သ ခင် သည် ကြောက် ရွံ့ စေ သော ဝိ ညာဉ် ကို မ ဟုတ်။ အ စွမ်း သ တ္တိ၊ ချစ် ခြင်း မေ တ္တာ၊ ဆုံး မ သော သ တိ ရှိ စေ သော ဝိ ညာဉ် ကို ငါ တို့ အား သ နား တော် မူ၏။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ လင်း၊ ငါ့ ကယ် တင် ရာ ကယ် တင် ကြောင်း ဖြစ် တော် မူ သ ဖြင့်၊ မည် သူ့ ကို ကြောက် ရ အံ့ နည်း။ ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ သက် ၏ ခို လှုံ ရာ ဖြစ် တော် မူ သ ဖြင့်၊ မည် သူ့ ကို ရွံ့ ရ အံ့ နည်း။
ထို သို့ ကိုယ် တော် အား ဖြင့် ငါ တို့ နှစ် မျိုး လုံး သည် ဝိ ညာဉ် တော် တစ် ပါး၌ အ ဘ ခ မည်း တော့် ထံ တိုး ဝင် ခွင့် ရ ကြ သည့် အ လျောက်၊
သေ ခြင်း နှင့် ရှင် ခြင်း သော် လည်း ကောင်း၊ စေ တ မန် တော် နှင့် နတ် မင်း များ သော် လည်း ကောင်း၊ ပ စ္စု ပ္ပန် နှင့် အ နာဂတ် အ ရာ များ သော် လည်း ကောင်း၊ တန် ခိုး ရှင် များ သော် လည်း ကောင်း၊ ဘ ဝဂ် နှင့် အ ဝီ စိ သော် လည်း ကောင်း၊ဖန် ဆင်း ထား သော အ ရာ မည် သည် မ ဆို ငါ တို့ ကို အ ရှင် ခ ရစ် တော် ယေ ရှု၌ ရှိ သော ဘု ရား သ ခင်၏ မေ တ္တာ တော် မှ မ ကွာ စေ နိုင် ဟူ၍ ငါ စိတ် ချ သ တည်း။
ထာ ဝ ရ ဘု ရား သည်၊ ကိုယ် တော် ကို သ စ္စာ နှင့် ဟစ် ခေါ် သူ၊ ပ ဌ နာ ပြု သူ အ ပေါင်း တို့ အ နီး အ ပါး ၌ ရှိ နေ တော် မူ၏။ခန့် ညား သူ တို့ အ လို ဆ န္ဒ ကို ပြည့် စေ လျက်၊ ဟစ် ခေါ် သံ ကို ကြား နာ၍ ကယ် လွှတ် တော် မူ လိမ့် မည်။
အ န္တိ မ ကာ လ၌ ထင် ရှား ရန် အ သင့် ရှိ သော ကယ် တင် တော် မူ ခြင်း ခံ စား ကြ စေ ရန်၊ ယုံ ကြည် သူ သင် တို့ ကို လည်း တန် ခိုး တော် အား ဖြင့် ဘု ရား သ ခင် ကွယ် ကာ စောင့် ရှောက် တော် မူ လေ ပြီ။
ငါ တို့ အ ရှင် တည်း ဟူ သော သား တော် ယေ ရှု ခ ရစ် နှင့် ပေါင်း သင်း ဆက် ဆံ ခွင့် ရှိ စေ ခြင် ငှာ သင် တို့ ကို ခေါ် ထား တော် မူ ခဲ့ သော ဘု ရား သ ခင် သည် သ စ္စာ စောင့် တော် မူ၏။
ဘု ရား သ ခင် သည်၊ ငါ တို့ ခို လှုံ ရာ၊ ငါ တို့ စွမ်း အား ဖြစ် လျက်၊ ဒု က္ခ ရောက် သည့် ကာ လ၊ တွေ့ လွယ် သော အ ထောက် အ မ ဖြစ် တော် မူ ပါ ၏။ငြိမ် ဝပ် စွာ နေ ကြ စေ။ ငါ သည် ဘု ရား သ ခင် ဖြစ် ကြောင်း သိ မှတ် ကြ စေ။ လူ မျိုး ခြား တို့ တွင် ဘုန်း ပွင့် မည်။ မြေ ကြီး ပေါ် မှာ ဘုန်း ပွင့် မည်။ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည်၊ ငါ တို့ နှင့် အ တူ ရှိ လျက်၊ ယာ ကုပ် ၏ ဘု ရား သ ခင် သည်၊ ငါ တို့ ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ ပါ ၏။သို့ ဖြစ်၍၊ ပ ထ ဝီ သည် ရွေ့ လျက်၊ တောင် များ လည်း ပင် လယ် ဗ ဟို ထဲ သို့ ကျ ရောက် သော် လည်း ကောင်း၊ ပယ် လယ် ရေ သည် ပွက် ဆူ အော် ဟစ် လျက်၊ လှိုင်း အိ ထ သ ဖြင့်၊ တောင် များ လှုပ် ရှား သော် လည်း ကောင်း၊ ငါ တို့ သည် ကြောက် လန့် ကြ မည် မ ဟုတ်။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ ပေါ် တွင် အ ထိန်း အ ကျောင်း ဖြစ် တော် မူ ၍၊ ငါ၌ လို လေ သေး မ ရှိ ရ။စိမ်း လန်း သော စား ကျက် များ၌ ငါ့ ကို ဝပ် နေ စေ၍၊ ငြိမ် သက် ရာ မြစ် ရေ ချောင်း ရေ များ အ နီး ဆောင် သွား တော် မူ၏။ငါ့ အ သက် ဝိ ညာဉ် ကို အား ဖြည့် လျက်၊ နာ မ တော် အ တွက် လမ်း ဖြောင့် များ၌ ဆောင် ယူ တော် မူ၏။သေ မင်း အ ရိပ် ကျ ရာ ချိုင့် ကို ပင် ငါ လျှောက် သွား ရ သော် လည်း၊ ဘေး အ န္တ ရာယ် ကို ကြောက် ရွံ့ မည် မ ဟုတ်။ ကိုယ် တော် သည် အကျွန်ုပ် နှင့် အ တူ ရှိ နေ ၏။ လှံ တံ တော်၊ တောင် ဝေး တော် ဖြင့် နှစ် သိမ့် စေ တော် မူ ပါ ၏။
သင့် အ မူ အ ရာ ကို၊ ထာ ဝ ရ ဘု ရား အား လွှဲ အပ် လော့။ အ ကြံ အ စည် များ သည်၊ အ ထ မြောက် လိမ့် မည်။
သို့ ဖြစ်၍ ငါ ဆို သည် ကား မည် သည့် အ ရာ ကို စား ရ မည်။ မည် သည့် အ ရာ ကို သောက် ရ မည် ဟူ၍ ကိုယ့် အ သက် အ တွက် မ စိုး ရိမ် ကြ နှင့်။ မည် သည့် အ ရာ ကို ဝတ် ရ မည် ဟူ၍ ကိုယ် ခ န္ဓာ အ တွက် လည်း မ စိုး ရိမ် ကြ နှင့်။ အ သက် သည် အ စား အ သောက် ထက်၊ ကိုယ် ခ န္ဓာ သည် အ ဝတ် ထက် မြတ် သည် မ ဟုတ် လော။စိုက် ပျိုး ခြင်း၊ ရိတ် သိမ်း ခြင်း၊ ကျီ သွင်း ခြင်း ကင်း သော လေ သ တ္တ ဝါ များ ကို ကောင်း ကင် ဘုံ ရှင် သင် တို့ အ ဘ ကျွေး မွေး တော် မူ ကြောင်း ရှု ကြည့် ကြ လော့။ သင် တို့ သည် ထို သ တ္တ ဝါ များ ထက် သာ၍ မြတ် သည် မ ဟုတ် လော့။သင် တို့ တွင် မည် သူ သည် စိုး ရိမ် ခြင်း အား ဖြင့် ကိုယ့် အ ရပ် အ မောင်း ကို တစ် တောင် တိုး စေ နိုင် သ နည်း။
ထာ ဝ ရ ဘု ရား ကို၊ ငါ ရှာ ဖွေ ရာ၊ ကိုယ် တော် နား ညောင်း ၍၊ ငါ ကြောက် ဖွယ် ရှိ သ မျှ မှ ကယ် လွှတ် တော် မူ ၏။
ဖြောင့် မတ် သူ သည် ကိုး ရာ မဲ့ လျက်၊ သူ့ သား မြေး တို့ လည်း တောင်း စား လျက် နေ ရ ကြ သည် ကို၊ ငယ် ရွယ် စဉ် မှ စ၍၊ ယ ခု အို မင်း သည့် ကာ လ တိုင် အောင်၊ ငါ မ မြင် ရ စ ဖူး။
လော ဘ ကင်း၍ ကိုယ် ပိုင် ပ စ္စည်း နှင့် ရောင့် ရဲ ကြ လော့။ အ သို့ ဆို သော် ငါ သည် သင့် ကို မည် သည့် အ ခါ မျှ စွန့် ထား မည် မ ဟုတ် ဟု မိန့် တော် မူ ချက် ရှိ သ ဖြင့်၊
အို သိုး အုပ် ငယ်၊ မ ကြောက် နှင့်။ သင် တို့ အ ဘ သည် နိုင် ငံ တော် ကို ပေး ခြင်း ငှာ အ လို ရှိ တော် မူ၏။
ဘု ရား မဲ့ နေ သူ တို့ ကို ဖြောင့် မတ် ရာ ရောက် စေ သော အ ရှင် အား ကိုယ် ကျင့် ကင်း လျက် ယုံ ကြည် သူ၌ မူ ကား ယုံ ကြည် ခြင်း ကို ဖြောင့် မတ် ခြင်း ဟု မှတ် တော် မူ ၏။
တ ပည့် တော် တို့ သည် အ ခါ ခပ် သိမ်း စိတ် အား မ လျော့ ပဲ ပ ဋ္ဌ နာ ပြု သင့် ကြောင်း ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ၊လူ နှစ် ဦး သည် ပ ဋ္ဌ နာ ပြု ရန် ဗိ မာန် တော် သို့ တက် ကြ ရာ တစ် ဦး ဖာ ရိ ရှဲ၊ တစ် ဦး အ ခွန် ကောက် ဖြစ်၏။ဖာ ရိ ရှဲ သည် ရပ် လျက် အို ဘု ရား သ ခင်၊ ကျွန်ုပ် သည် သူ တစ် ထူး တို့ ကဲ့ သို့ လု ယက် သူ၊ မ တ ရား သူ၊ သူ့ သား အိမ် ရာ ကို ပြစ် မှား သူ မ ဟုတ် ပါ။ ဤ အ ခွန် ကောက် ကဲ့ သို့ ပင် မ ဟုတ် သော ကြောင့် ကျေး ဇူး တော် ကို ချီး မွမ်း ပါ ၏။ခု နစ် ရက် တွင် နှစ် ကြိမ် အ စာ ရှောင် ခြင်း၊ ရ သ မျှ အ နက် ဆယ် ဖို့ တစ် ဖို့ လှူ ခြင်း ပြု တတ် ပါ သည် ဟု အ သီး အ ခြား ပ ဋ္ဌ နာ ပြု ၏။အ ခွန် ကောက် မူ ကား အ ဝေး က ရပ် လျက် ကောင်း ကင် သို့ မြော်၍ မျှ မ ကြည့် ဝံ့ ဘဲ အို ဘု ရား သ ခင်၊ အ ပြစ် သား ဖြစ် သူ အ ကျွန်ုပ် ကို သ နား တော် မူ ပါ ဟု ရင် တီး လျက် လျှောက် ၏။ငါ ဆို သည် ကား ထို အ ခွန် ကောက် သည် အိမ် သို့ ပြန် သော် ဖာ ရိ ရှဲ ထက် ဖြောင့် မတ် ရာ ရောက် လေ ပြီ။ အ သို့ ဆို သော် ကိုယ် ကို ချီး မြှောက် သူ တိုင်း နှိမ့် ချ ခံ ရ လိမ့် မည်။ နှိမ့် ချ သူ မူ ကား ချီး မြှောက် ခံ ရ လိမ့် မည် ဟု မိန့် တော် မူ ၏။ထို နောက် တို့ တော် မူ စေ ခြင်း ငှာ သူ ငယ် တို့ ကို ကိုယ် တော့် ထံ ဆောင် ခဲ့ ကြ သော် တ ပည့် တော် တို့ မြင် သော် ဆုံး မ ကြ သည် နှင့်၊ယေ ရှု သည် သူ ငယ် တို့ ကို ခေါ်၍ သူ ငယ် တို့ ကို ငါ့ ထံ လာ စေ ကြ လော့။ မ ဆီး တား ကြ နှင့်။ ဘု ရား သ ခင့် နိုင် ငံ တော် သည် ထို သို့ သော သူ တို့၏ နိုင် ငံ ဖြစ်၏။မည် သူ မ ဆို၊ ဘု ရား သ ခင့် နိုင် ငံ တော် ကို သူ ငယ် ကဲ့ သို့ မ ခံ ယူ လျှင် ဝင် ရ မည် မ ဟုတ် ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ၏။ထို အ ခါ အ ရာ ရှိ တစ် ဦး က၊ ကောင်း မွန် သော ဆ ရာ၊ ထာ ဝ ရ အ သက် ကို အ ပိုင် ရ ခြင်း ငှာ မည် သို့ ပြု ရ ပါ မည် နည်း ဟု မေး သော်၊ယေ ရှု က ငါ့ ကို ကောင်း မွန် သည် ဟု အ ဘယ့် ကြောင့် ဆို သ နည်း။ ဘု ရား သ ခင် မှ တစ် ပါး ကောင်း မွန် သူ မ ရှိ။မြို့ တစ် မြို့ တွင် ဘု ရား သ ခင် ကို မ ကြောက်၊ လူ့ မျက် နှာ ကို မ ထောက် သော တ ရား သူ ကြီး တစ် ဦး ရှိ ရာ၊သူ့ သား အိမ် ရာ ကို မ ပြစ် မှား နှင့်၊ သူ့ အ သက် ကို မ သတ် နှင့်၊ သူ့ ဥ စ္စာ ကို မ ခိုး နှင့်၊ မု သာ သက် သေ မ ခံ နှင့်၊ မိ ဘ ကို ရို သေ သ မှု ပြု လော့ ဟူ သော ပ ညတ် တော် များ ကို သင် သိ ပြီ ဟု မိန့် တော် မူ သည့် ကာ လ၊ထို ပ ညတ် တော် ရှိ သ မျှ ကို ငယ် စဉ် က ပင် စောင့် ရှောက် ပါ ပြီ ဟု လျှောက် ပြန် သော်၊ယေ ရှု ကြား တော် မူ၍ စ ရိုက် တစ် ပါး လို သေး သည်။ ပိုင် သ မျှ ကို ရောင်း ချ ပြီး လျှင် သူ ဆင်း ရဲ တို့ အား ဝေ ငှ ပေး ကမ်း လော့။ သို့ မှ ကောင်း ကင် ဘုံ တွင် ရ ရှိ လိမ့် မည်။ ငါ့ နောက် သို့ လည်း လိုက် လာ လော့ ဟု မိန့် တော် မူ ၏။ထို စ ကား ကို ကြား လျှင် များ စွာ ကြွယ် ဝ သူ ဖြစ် သော ကြောင့် အ လွန် နှ လုံး မ သာ ဖြစ် ၏။ထို သူ့ ကို ရှု မြင်၍ ယေ ရှု က ဥ စ္စာ ပ စ္စည်း ကြွယ် ဝ သူ တို့ သည် ဘု ရား သ ခင့် နိုင် ငံ တော် သို့ ဝင် ခဲ လှ စွ တ ကား။သူ ဌေး သူ ကြွယ် သည် ဘု ရား သ ခင့် နိုင် ငံ တော် သို့ ဝင် ရန် ထက် ကု လား အုပ် သည် အပ် န ဖား ကို လျှို ရန် လွယ် ကူ သည် ဟု မိန့် တော် မူ သော်၊ကြား သော သူ တို့ က သို့ ဖြစ် လျှင် ကယ် တင် ခြင်း သို့ မည် သူ ရောက် နိုင် အံ့ နည်း ဟု မေး လျှောက် ကြ ရာ၊လူ မ တတ် နိုင် သော အ ရာ များ ကို ဘု ရား သ ခင် တတ် နိုင် တော် မူ သည် ဟု ဖြေ ဆို တော် မူ ၏။ထို ကာ လ ပေ တ ရု က၊ တ ပည့် တော် တို့ သည် ပိုင် ဆိုင် ရာ များ ကို စွန့် ခဲ့ ပြီး လျှင် နောက် တော် က လိုက် ကြ ပါ ပြီ ဟု လျှောက် သော်၊ဘု ရား သ ခင့် နိုင် ငံ တော် အ တွက် ကြောင့် အိမ်၊ မ ယား၊ ညီ အစ် ကို၊ မိ ဘ၊ သား သ မီး များ ကို စွန့် ခဲ့ လျှင် ယ ခု ကာ လ တွင် အ ဆ များ စွာ ကို လည်း ကောင်း၊ နောင် ဘ ဝ တွင် ထာ ဝ ရ အ သက် ကို လည်း ကောင်း မ ရ ဘဲ နေ ရ သူ မ ရှိ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ ၏။ထို မြို့ နေ မု ဆိုး မ တစ် ယောက် သည် အ ကြိမ် ကြိမ် လာ၍ ကျွန် မ၏ တ ရား ဘက် ပေါ် တွင် စီ ရင် ပါ ဟု လျှောက် ထား သော်၊ကိုယ် တော် သည် တစ် ဆယ့် နှစ် ပါး တို့ ကို အ ထံ တော် သို့ ခေါ်၍ ယေ ရု ရှ လင် မြို့ ရောက် ငါ တို့ သွား ကြ သည့် အ လျောက် ပ ရော ဖက် တို့ ဖြင့် ရေး ထား သ မျှ သည် လူ သား ၌ ပြည့် စုံ လိမ့် မည်။လူ့ သား သည် လူ မျိုး ခြား တို့ ထံ ပို့ အပ် ခံ၍ သ ရော် ခြင်း၊ ဆဲ ရေး ခြင်း၊ တံ တွေး ထွေး ခြင်း များ ကို ခံ ရ ပြီး လျှင်၊ထို သူ တို့ သည် ရိုက် နှက်၍ အ သေ သတ် ကြ လိမ့် မည်။ သို့ ရာ တွင် သုံး ရက် လည် သော နေ့၌ ရှင် ပြန် ထ မြောက် လိမ့် မည် ဟု မိန့် တော် မူ သော် လည်း၊မည် သည် ကို မျှ နား မ လည် သည့် ပြင် ထို သူ တို့၌ မိန့် တော် မူ သည့် စ ကား ဝှက် ထား လျက် နေ သည့် အ တိုင်း အ ဓိ ပ္ပါယ် မ ရ ကြ ချေ။ယေ ရိ ခေါ မြို့ အ နီး ရောက် တော် မူ သော် လမ်း နံ ဘေး တွင် ထိုင် နေ သော မျက် မ မြင် သူ တောင်း စား တစ် ယောက် သည်၊လူ အ မြောက် အ မြား သီ သွား ကြ သည် ကို ကြား၍ မည် သို့ ဖြစ် ကြောင်း မေး မြန်း သော်၊နာ ဇ ရက် မြို့ သား ယေ ရှု လျှောက် ကြွ သည် ကို ကြား ပြော ကြ သ ဖြင့်၊ဒါ ဝိဒ် မင်း သား တော် ယေ ရှု၊ သ နား တော် မူ ပါ ဟု အော် ဟစ် သည့် ကာ လ၊ဆိတ် ဆိတ် နေ စေ ရန် ရှေ့ တော် က သွား သူ တို့ ဆုံး မ ကြ သော် လည်း ဒါ ဝိဒ် မင်း သား တော်၊ သ နား တော် မူ ပါ ဟု တိုး တက်၍ အော် ဟစ်၏။မ စီ ရင် လို ဘဲ ကာ လ အ တန် ရှိ နေ ပြီး နောက် ငါ သည် ဘု ရား သ ခင် ကို မ ကြောက်၊ လူ့ မျက် နှာ ကို မ ထောက် သော် လည်း ဤ မု ဆိုး မ သည် ငါ့ ကို ဒု က္ခ ရှာ၍၊ထို အ ခါ ယေ ရှု သည် ရပ် တန့် လျက် အ ထံ တော် သို့ ခေါ် ခဲ့ စေ ရန် အ မိန့် ရှိ တော် မူ သည့် အ လျောက် ချဉ်း လာ သော်၊ကိုယ် တော် က မည် သို့ ပြု စေ လို သ နည်း ဟု မေး တော် မူ ရာ အ ရှင် ဘု ရား၊ စ က္ခု အ လင်း ရ လို ပါ သည် ဟု ပြန် လျှောက် သည့် အ တိုင်း လင်း စေ။သင် ၏ ယုံ ကြည် ခြင်း သည် သင့် ကို ကျန်း မာ စေ ပြီ ဟု မိန့် တော် မူ သ ဖြင့် ချက် ခြင်း စ က္ခု အ လင်း ရ ၍၊ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မြှောက် လျက် နောက် တော် က လိုက် လေ၏။ လူ ပ ရိ သတ် မြင် သော် ဘု ရား သ ခင် ကို ချီး မွမ်း ထော မ နာ ပြု ကြ ကုန် ၏။မ ပြတ် လာ လျက် မ နှောင့် ရှက် စေ ခြင်း ငှာ သူ့ အ မှု ကို စီ ရင် မည် ပြ ဌာန်း သည် ဟု မိန့် တော် မူ၏။၎င်း ပြင် အ ရှင် ဘု ရား က၊ မ ဖြောင့် မတ် သော ထို တ ရား သူ ကြီး၏ ပြ ဌာန်း ချက် ကို နာ ယူ ကြ လော့။နှောင့် နှေး တော် မူ သော ကိုယ် တော့် ထံ နေ့ ညဉ့် မ ပြတ် ဟစ် လျက် နေ သော ရွေး ကောက် တော် မူ သူ တို့ အ မှု ကို ဘု ရား သ ခင် စီ ရင် တော် မူ မည် မ ဟုတ် လော။အ လျင် အ မြန် စီ ရင် တော် မူ လိမ့် မည် ငါ ဆို၏။ သို့ ရာ တွင် လူ့ သား ကြွ ရောက် သည့် ကာ လ ဤ မြေ ကြီး ပေါ် တွင် ယုံ ကြည် ခြင်း ကို တွေ့ မြင် ရ မည် လော ဟု မိန့် တော် မူ၏။
ငါ တို့ အ ထောက် အ မ၊ ငါ တို့ ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ သော ထာ ဝ ရ ဘု ရား ကို၊ စိတ် ပါ လျက် စောင့် မျှော် နေ ကြ ပြီ။သန့် ရှင်း သော နာ မ တော် ၌ ကိုး စား ကြ သော ကြောင့်၊ ကိုယ် တော် ၌ စိတ် ရွှင် လန်း ရကြ မည်။
ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ နိ ယ မ ကျောက် တောင် ဖြစ် တော် မူ သော ကြောင့်၊ ကိုယ် တော်၌ အ စဉ် အ မြဲ ကိုး စား ကြ လော့။
နာမတော်ကိုယုံကြည်သူတို့တည်းဟူသော လက်ခံသူဟူသမျှတို့အား၊ ဘုရားသခင်၏ သားဖြစ်ထိုက်သောအခွင့်ကိုသနားတော်မူ၏။
စိုး စဉ်း မျှ မ စိုး ရိမ် ပဲ ကျေး ဇူး တော် ကို ချီး မွမ်း လျက် တောင်း လျောက် ပ ဌာ နာ ပြု ချက် များ ဖြင့် လို လေ ရာ ရာ ကို ဘု ရား သ ခင် ရှေ့ ဖော် ပြ ကြ လော့။သို့ ပြု လျင် ဉာဏ် ဟူ သ မျှ ထက် လွန် ကဲ သော ဘု ရား သ ခင် ငြိမ် သက် ခြင်း သည် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့၏ စိတ် နှ လုံး နှင့် အ ကြံ အ စည် များ ကို ကွယ် ကာ စောင့် ရှောက် လိမ့် မည်။
သူ သည် စွန့် ကြဲ ပြီ၊ နွမ်း ပါး သူ တို့ အား ပေး ကမ်း ပြီ၊ သူ့ ဖြောင့် မတ် ခြင်း သည် ကာ လ အ စဉ် တည်၏ ဟူ သော ကျမ်း ချက် အ ရ သင် တို့ သည် အ ခါ ခပ် သိမ်း စည်း စိမ် ချမ်း သာ လုံ လောက် သ ဖြင့် ကောင်း မှု အ မျိုး မျိုး ကို ပြု ရ စေ ခြင်း ငှာ ဆု ကျေး ဇူး အ မျိုး မျိုး နှင့် ဘု ရား သ ခင် ကြွယ် ဝ စေ တော် မူ နိုင် ၏။
အ ချို့ တို့ သည် ရ ထား တပ်၌ လည်း ကောင်း၊ အ ချို့ တို့ သည် မြင်း တပ်၌လည်း ကောင်း၊ အား ကိုး ချီး မွမ်း တတ် ကြ၏။ ငါ တို့ မူ ကား၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ နာ မ တော် ၌ အား ကိုး ချီး မွမ်း ကြ မည်။
လာ ခဲ့ ဟု မိန့် တော် မူ သည့် အ တိုင်း ပေ တ ရု သည် လှေ ပေါ် က ဆင်း ပြီး လျှင် ယေ ရှု ထံ ရောက် ရန် ရေ ပေါ် တွင် လျှောက် သွား၏။ယော ဟန် က ထို မိန်း မ ကို မ သိမ်း မ ယူ အပ် ဟု ကန့် ကွက် သည် ကို ထောက်၍ ဟေ ရုဒ် မင်း သည် နောင် တော် ဖိ လိ ပ္ပု ကြင် ရာ ဟေ ရော ဒိ အ တွက် ကြောင့် ယော ဟန် ကို ဖမ်း ဆီး ချည် နှောင်၍ ထောင် ချ ခဲ့ ပြီ။သို့ ရာ တွင် လေ ပြင်း ထန် သည် ကို မြင် သော် ကြောက် ရွံ့၍ နစ် မြုပ် ဆဲ ရှိ သ ဖြင့် ကယ် တော် မူ ပါ အ ရှင် ဘု ရား ဟု အော် ဟစ် သော ကြောင့်၊ယေ ရှု သည် ချက် ခြင်း လက် ဆန့်၍ ကိုင် တော် မူ လျက် ယုံ ကြည် ခြင်း နည်း ပါး သူ၊ အ ဘယ့် ကြောင့် ယုံ မှား သ နည်း ဟု မိန့် တော် မူ၏။
မျှော် လင့် လျက် ပင် ကယ် တင် ခြင်း သို့ ငါ တို့ ရောက် ကြ၏။ မျှော် လင့် ရာ သည် မျက် မှောက် တွင် ရှိ လျှင် မျှော် လင့် ရာ မ မည်။ မျက် မှောက် ရှိ အ ရာ ကို မည် သူ မျှော် လင့် အံ့ နည်း။
ကိုယ် ခ န္ဓာ တော် တစ် ပါး၊ ဝိ ညာဉ် တော် တစ် ပါး၊ အ ရှင် ဘု ရား တစ် ပါး၊ ယုံ ကြည် ခြင်း တ ရား တစ် ပါး၊ ဗ တ္တိ ဇံ မင်္ဂ လာ တစ် ပါး၊
ငါ သည် တောင် တန်း သို့ မျှော် ကြည့် လျက် နေ၏။ မ စ ခြင်း ကို မည် သည့် အ ရပ် မှ ရ ပါ အံ့ နည်း။မိုး မြေ ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား အ ထံ တော် မှ၊ မ စ ခြင်း ကို ရ ပါ လိမ့် မည်။
ဤ လော က ကို အောင် မြင် သော သူ သည် မည် သူ နည်း။ ယေ ရှု ကို ဘု ရား သ ခင့် သား တော် ဖြစ် သည် ဟု ယုံ ကြည် သူ မ ဟုတ် လော။
အို အ ရှင် ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည်၊ အ ကျွန်ုပ် မျှော် လင့် ရာ၊ ငယ် ရွယ် က စ၍၊ အ ကျွန်ုပ် ကိုး စား ရာ ဖြစ် တော် မူ ပါ ၏။
ကျမ်း ချက် အ ဆို မှာ အာ ဗြ ဟံ သည် ဘု ရား သ ခင် ကို ယုံ ကြည် သ ဖြင့် သူ၏ ယုံ ကြည် ခြင်း ကို ဖြောင့် မတ် ခြင်း ဟု မှတ် တော် မူ သည် ဟူ ၍ တည်း။
ခ ရစ် တော် မူ ကား အိမ် တော် ပေါ် တွင် သား အ ဖြစ် သ စ္စာ စောင့် တော် မူ၏။ ငါ တို့ သည် ရဲ ရင့် စွာ ဂုဏ် တင် ကြ ရာ မျှော် လင့် ခြင်း အ ကြောင်း ကို ဆုံး ခန်း တိုင် စွဲ မြဲ လျှင် ထို အိမ် တော် ပင် ဖြစ် ကြ၏။
ထာ ဝ ရ ဘု ရား ၏ ကောင်း မြတ် တော် မူ ခြင်း အ ရ သာ ကို ဝင် စား သိ မြင် ကြ လော့။ ကိုယ် တော်၌ ခို လှုံ သူ သည် မင်္ဂ လာ ရှိ ၏။
ရေး နှင့် သ မျှ ကျမ်း ချက် သည် ငါ တို့ တည် ကြည် ခြင်း အား ဖြင့် လည်း ကောင်း၊ ကျမ်း ဂန် တော် ကြောင့် ရ သော နှစ် သိမ့် ခြင်း အား ဖြင့် လည်း ကောင်း၊ မျှော် လင့် ခွင့် ရှိ ကြ စေ ရန် သွန် သင် ခြင်း အ ဖို့ ရေး ထား လျက် ရှိ ၏။
မ စွန့် မ ပယ် ဘဲ ငါ ရွေး ချယ် သည့် အ လျောက်၊ သင် နှင့် အ တူ ငါ ရှိ သ ဖြင့်၊ မ ကြောက် လင့်။ ငါ သည် သင်၏ ဘု ရား သ ခင် ဖြစ် သော ကြောင့်၊ မ စိုး ရိမ် နှင့်။ သင့် ကို ခိုင် ခံ့ စွာ ထောက် မ မည့် ပြင်၊ အောင် ပွဲ ရ ညာ လက် ရုံး ဖြင့် ထောက် ပင့် လိမ့် မည်။
ရွှင် လန်း စွာ မျှော် လင့် လျက်၊ ဒု က္ခ ရောက် ရာ၌ တည် တံ့ လျက်၊ အ မြဲ ပ ဌ နာ ပြု လျက်၊ ဆင်း ရဲ သော တ ပည့် တော် တို့ အား ပေး ကမ်း လျက်၊ ဧည့် ဝတ် ပြု လျက် နေ ကြ လော့။
ယေရှုက ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ ဇီဝအသက်လည်းဖြစ်၏။ ငါ့ကိုယုံကြည်သူသည် သေသော်လည်းရှင်လိမ့်မည်။
ပ ညတ် တော် များ ကို စောင့် ရှောက် လျက် နှစ် သက် တော် မူ ဖွယ် ရာ များ ကို ပြု ကျင့် ကြ သော ကြောင့် တောင်း လျှောက် သ မျှ ကို အ ထံ တော် မှ ရ ကြ လိမ့် မည်။
စိတ် နှ လုံး စင် ကြယ် သော သူ တို့၌ မင်္ဂ လာ ရှိ၏။ ထို သူ တို့ သည် ဘု ရား သ ခင် ကို ဖူး မြင် ရ ကြ လ တ္တံ့။
ကောင်း မှု ကို လက် မ လွတ် ဘဲ ပြု ကြ ကုန် အံ့။ အား လျော့ ခြင်း ကင်း လျှင် အ ချိန် စေ့ သော် ငါ တို့ ရိတ် သိမ်း ကြ ရ လိမ့် မည်။
ကိုယ် တော် က လည်း သင် တို့ ယုံ ကြည် ခြင်း သည် အ ဘယ် မှာ နည်း ဟု မေး တော် မူ ရာ ကြောက် ရွံ့ အံ့ သြ၍ ဤ သူ ကား မည် သူ နည်း။ လေ နှင့် ရေ ပင် အ မိန့် ရှိ က နား ထောင် ရ ပါ သည် တ ကား ဟု အ ချင်း ချင်း ပြော ဆို ကြ ၏။
ငါ တို့ မူ ကား နေ့ ဆိုင် သူ များ ဖြစ် သော ကြောင့် ယုံ ကြည် ခြင်း၊ ချစ် ခြင်း ရင် အုပ် ကို ဆင် ယင် လျက်၊ ကယ် တင် ခြင်း ဆိုင် ရာ မျှော် လင့် ခြင်း မောက် ရှု ကို ဆောင်း လျက်၊ သ တိ နှင့် နေ ကြ ကုန် အံ့။
ကြောက် ရွံ့ လျက် နေ ပြန် စေ ရန် ကျွန့် အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို သင် တို့ ခံ ရ ကြ သည် မ ဟုတ်။ အ ဗ္ဗ၊ အ ဘ ဟု ခေါ် စေ သော သား အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို ခံ ရ ကြ ပြီး သည် နှင့် အ ညီ၊
အို အ ရှင် ဘု ရား၊ ကိုယ် တော် သည် သ နား သော သ ဘော၊ ကျေး ဇူး ပြု သော သ ဘော၊ စိတ် ရှည် သော သ ဘော၊ က ရု ဏာ နှင့် သ စ္စာ ကြွယ် ဝ သော သ ဘော ရှိ သော ဘု ရား ဖြစ် တော် မူ ပါ ၏။
ကိုယ် တော် က ယုံ ကြည် ခြင်း နည်း ပါး သူ တို့၊ အ ဘယ် ကြောင့် ကြောက် ကြ သ နည်း ဟု မိန့် တော် မူ ပြီး လျှင် ထ၍ လေ နှင့် ရေ ကို ဆုံး မ တော် မူ သ ဖြင့် အ လွန် ငြိမ် ဝပ် ရ လေ ၏။
သို့ ဖြစ်၍ ခ ရစ် တော် သည် ခ မည်း တော်၏ ဘုန်း တန် ခိုး တော် ကြောင့် သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် တော် မူ သည့် နည်း တူ ငါ တို့ လည်း အ သစ် အ သက် ရှင် လျက် ကျင့် ကြံ ပြု မူ အံ့ သော ငှါ သေ တော် မူ ခြင်း ထဲ သို့ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ခြင်း ဖြင့် ကိုယ် တော် နှင့် အ တူ သင်္ဂြိုဟ် ခံ ရ ကြ ၏။
အ ရှင် ဘု ရား အား တ မန် တော် တို့ က တ ပည့် တော် တို့ ယုံ ကြည် ခြင်း ကို တိုး ပွား စေ တော် မူ ပါ ဟု လျှောက် ကြ သော်၊အ ရှင် ဘု ရား က၊ သင် တို့ တွင် မုံ ညင်း စေ့ ခန့် မျှ ယုံ ကြည် ခြင်း ရှိ လျှင် ဤ ပိုး စာ ပင် အား အ မြစ် ပါ ကျွတ် ၍ ပင် လယ် ထဲ၌ ပေါက် လော့ ဟု ဆို သော် နား ထောင် လိမ့် မည်။
သင် တို့ အ တွက် ကြောင့် ကြ တော် မူ သော ကြောင့် သင် တို့ စိုး ရိမ် ခြင်း ရှိ သ မျှ ကို ကိုယ် တော့် အ ပေါ် သို့ လွှဲ တင် ကြ လော့။
ဖြောင့် မတ် သူ သည် ယုံ ကြည် ခြင်း အား ဖြင့် အ သက် ရှင် လိမ့် မည် ဟု ကျမ်း ဆို ရှိ သည့် အ ပြင် ပ ညတ် များ အ လိုက် ပြု ကျင့် သူ သာ အ သက် ရှင် လိမ့် မည် ဟူ သော ကျမ်း တစ် ချက် ရှိ သည့် အ လျောက် ပ ညတ် တ ရား တော် သည် ယုံ ကြည် ခြင်း တ ရား နှင့် မ တော် မ စပ်၊ ပ ညတ် တ ရား ကြောင့် မည် သူ မျှ ဘု ရား သ ခင် ရှေ့ ဖြောင့် မတ် ရာ မ ရောက် နိုင် ကြောင်း ထင် ရှား ၏။