Biblia Todo Logo
ကျမ်းစာ အပိုဒ်များ

- ကြော်ငြာတွေ -


အမျိုးအစား

ပျော်ပျော်နေပါအချစ်ခင်မင်ရင်းနှီးမှုချီးမွမ်းကိုးကွယ်ခြင်း။မင်းသောက်တယ်။မိဘများကောင်းချီးပေးတယ်။မင်္ဂလာဆောင်အားပေးစကားမွေးနေ့မျှော်လင့်ချက်ဧဝံဂေလိဟောပြောပါ။ယုံကြည်ခြင်း။ခွန်အားနာရေးကူညီမှုအသင်းလူငယ်တွေအိမ်ထောင်ရေးအမျိုးသမီးမရဏကလေးတွေပူဇော်သက္ကာဆုတောင်းဆောရီးကယ်တင်ခြင်းကျန်းမာရေးသန့်ရှင်းခြင်း။ထာဝရအသက်စွမ်းအားဘုရားယေရှုဝိညာဉ်ရေးရာ အမှန်တရားလိုအပ်သောအချိန်များကောင်းမွန်ခြင်းဆုတောင်းမေတ္တာပို့သပါတယ်။အစာရှောင်ခြင်းထူးခြားသောနေ့များကျေးဇူးတင်ခြင်းနာခံခြင်းအခွင့်အလမ်းတိုင်းဘုရားစည်းကမ်းချက်များသဘာဝငြိမ်းချမ်းခြင်းကျော်ကြားသောလှပသောတနင်္ဂနွေနေ့ထူးခြားသောဖြစ်ရပ်များဝန်ကြီးဌာနများဧည်နာကျင်မှုနှင့်ခက်ခဲခြင်း။ပျော်ရွှင်ခြင်းဒုစရိုက်နှင့် စွဲလမ်းမှုပရောဖက်ပြုချက်ငွေကြေးလိင်ပိုင်းဆိုင်ရာအကြောင်းအရာများအပြစ်တရားသိခြင်းခက်ခဲသောကျမ်းပိုဒ်များအလွတ်ကျက်ဘဝအဆင့်ဆင့်ဆုတောင်းတောင်းဆိုချက်များဖိတ်စာအားပေးစကားခရစ္စမတ်ယုံကြည်မှုသမ္မာကျမ်းစာကတိတော်များအကာအကွယ်သန့်ရှင်းသောဝိညာဉ်တော်ရုပ်တုကိုးကွယ်ခြင်း။

ဦးစာအုပ်

ဘုရားသခင်၏ ရုပ်တုဆင်းတုများအပေါ် စီရင်ခြင်းဘုရားသခင်၏တရားတော်နှင့် မှော်ပညာယုံတမ်းစကားနှင့် မှားယွင်းသော အယူအဆများနတ်ကိုးကွယ်မှုအတွက် ပူဇော်သက္ကာများယုံကြည်မှုအစွဲများရုပ်တုကိုးကွယ်မှုနှင့် မှားယွင်းသောနတ်ဘုရားများကို ငြင်းပယ်ခအောက်လမ်းပညာဝိညာဉ်ရေးရာ ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းမျဝိညာဉ်ရေးရာ လှည့်ဖြားမှုများဘုရားအတုများကိုဖော်ထုတ်ခြင်းနတ်ကိုးကွယ်မှု အမှားအယွင်းများအဆောင်လက်ဖွဲ့တွေကို အားကိုးတာရဲ့ အန္တရာယ်များအစွဲအလမ်းတွေကို ဖြတ်တောက်နည်းဗေဒင်ဟောခြင်း၏ မှားယွင်းသော ယုံကြည်မှုများယုံကြည်ကိုးကွယ်မှု ဓလေ့ထုံးစံများမှော်အတတ်နှင့် နတ်ဝိဇ္ဇာ အယူမှားများယုံကြည်ကိုးကွယ်မှု ၊ ဆန်တေးရီးယားဗေဒင်ပညာနှင့် ဟောကိန်းအပရမေတ္တာအယူမှားများကို စွန့်လွှတ်ရန်ဘုရားသခင်၏ ရုပ်တုကိုးကွယ်မှုကို ငြင်းပယ်ခြင်းဘုရားသခင်၏တန်ခိုး နှင့် မှော်အတတ်အောက်လိုက်စရာမဟုတ်တဲ့ မှော်ပညာတွေရဲ့ အန္တရာယ်များဝိညာဉ်နှင့် နတ်ဝင်သည်များ၏ မဟုတ်မမှန်ဇာတ်လမ်းများဝိညာဉ်ခေါ်ခြင်းရုပ်တုကိုးကွယ်မှု ပပျောက်ရေးနှင့် ယဇ်ပလ္လင်များ ဖျက်ဆီးခြင်းအတုအယောင်ပရောဖက်များနှင့် လှည့်စားမှုများမှော်အတတ်၏သွေးဆောင်မှုကို တွန်းလှန်နည်းမှော်အတတ်ပညာ ဆိုးကျိုးများကို ငြင်းဆန်ကြပါစို့ဘုရားရှင်မှတပါး အခြားကိုးကွယ်ရာများကို စွန့်လွှတ်ခြင်း၏ အရေးမှော်အတတ်နှင့် ဂါထာမန္တန်များ၏ အလွဲသုံးစားမှုများဘုရားသခင်ကိုသာ ယုံကြည်ကိုးကွယ်ပါမှော်အတတ်ပညာ တားမြစ်ချက်ဗေဒင်ဟောစာတမ်းနှင့် နက္ခတ်ဗေဒင်များ၏ လှည့်ဖြားမှုများ

101 ကျမ်းစာမှာ ပါတဲ့ ရုပ်တုဆင်းတုတွေကို ရှောင်ရှားရမယ့် အကြောင်း

101 ကျမ်းစာမှာ ပါတဲ့ ရုပ်တုဆင်းတုတွေကို ရှောင်ရှားရမယ့် အကြောင်း


ထွက်​မြောက် 20:3-5

ငါ မှ တစ်ပါး အ ခြား သော ဘု ရား များ ကို မ ကိုး ကွယ် နှင့်။ရုပ် ပွား ဆင်း တု ကို လည်း ကောင်း၊ အ ထက် ကောင်း ကင်၊ အောက် မြေ ကြီး၊ မြေ ကြီး အောက် ရေ ထု ၌ ရှိ သော အရာ ၏ ပုံ သ ဏ္ဌာန် ကို လည်း ကောင်း မ လုပ် နှင့်။ ရှိ မ ခိုး၊ ဝတ် မ ပြု နှင့်။အ သို့ ဆို သော်၊ သင့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား သည် မ ရှု စိတ် သော ဘု ရား၊ ငါ့ ကို မုန်း ထား သော သူ တို့ အ မျိုး အ စဉ် တ တိ ယ စ တု တ္ထ အ ဆက် တိုင် အောင် ဘိုး ဘေး တို့ ပြစ် မှု ကို သား မြေး မြစ် တို့ အ ပေါ် တင်၍ စီ ရင် သော ဘု ရား၊

တ​ရား​ဟော 5:8-9

အ ထက် ကောင်း ကင်၊ အောက် မြေ ကြီး၊ မြေ ကြီး အောက် ရေ ထု၌ ရှိ သော အ ရာ၏ ပုံ သဏ္ဌာန် အ တူ၊ ရုပ် ပွား ဆင်း တု ကို မ လုပ် နှင့်။ ရှိ မ ခိုး၊ ဝတ် မ ပြု နှင့်။အ သို့ ဆို သော်၊ သင့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား သည် မ ရှု ဆိတ် သော ဘု ရား၊ ငါ့ ကို မုန်း ထား သော သူ တို့ အ မျိုး အ စဉ်၊ တတိ ယ၊ စ တု တ္ထ အ ဆက် တိုင် အောင်၊ ဘိုး ဘေး တို့ ပြစ် မှု ကို သား မြေး မြစ် တို့ အ ပေါ် တင်၍ စီ ရင် သော ဘု ရား၊

ဟော​ရှေ 13:2

ယ ခု တိုင် အောင် ထို သူ တို့ သည်၊ ပြစ် မှား မြဲ ပြစ် မှား လျက်၊ ကိုယ့် သ ဘော အ တိုင်း ပန်း တည်း တို့ လက် ဖြင့် ရုပ် ပွား များ ကို၊ ငွေ ဖြင့် သွန်း လုပ်၍၊ ထို အ ရာ များ အား၊ တင် လျှောက် ကြ သည် တ ကား။ ယဇ် ဆ ရာ တို့ လည်း နွား ရုပ် ကို ပင်၊ နမ်း ရှုတ် ဦး ညွတ် တတ် ကြ ၏။

ယေ​ရ​မိ 51:17

ဇီ ဝ သက် မဲ့၊ အ ချည်း နှီး ဖြစ် သော ကိုယ့် ရုပ် ပွား ဆင်း တု ကို ထောက်၍၊ ပန်း ထိမ် တိုင်း အ ရှက် ရ သည့် ပြင်၊ လူ ခပ် သိမ်း တို့ လည်း ဉာဏ် ပ ညာ၊ အ သိ ပ ညာ ကင်း ပျောက် ရာ ရောက် ကြ၏။

ယေ​ဇ​ကျေ​လ 6:4

ယဇ် ပ လ္လင် များ ဆိတ် ညံ ခြင်း၊ နေ မင်း တိုင် များ ကျိုး ပဲ့ ခြင်း ခံ ရ လိမ့် မည်။ ငါ သည် ရုပ် ပွား ဆင်း တု များ ရှေ့ လုပ် ကြံ ခံ ရ သူ၊

ယေ​ရ​မိ 16:18

စက် ဆုပ် ဖွယ် ရုပ် တု အ သေ ကောင် များ ဖြင့်၊ ပြည် တော် ကို ညစ် ညူး စေ လျက်၊ ရွံ ရှာ ဖွယ် ရာ ဘု ရား များ ဖြင့် လည်း၊ ပိုင် တော် မူ ရာ ကို ပြည့် စေ ကြ သော ဒု စ ရိုက် ပြစ် မှု အ တွက်၊ နှစ် ဆ တင် ရင် ဆပ် ပေး မည် ဟု၊ ငါ ထာ ဝ ရ ဘုရား မိန့် ဆို သည် ဟူ ၍ တည်း။

ဟေ​ရှာ​ယ 2:20

ထို နေ့ ရက် ကာ လ မြေ ကြီး ကို လှုပ် ရှား ရန် ထ တော် မူ သော်၊ သွန်း လုပ် ကိုး ကွယ် ခဲ့ သော ရွှေ ရုပ် တု၊ ငွေ ရုပ် တု များ ကို ပွေး၊ လင်း နို့ နေ ရာ သို့ ပစ် ခဲ့ ကြ ပြီး လျှင်၊ ဘုန်း အာ နု ဘော် ကြီး၍ ကြောက် မက် ဖွယ် သော ထာ ဝ ရ ဘု ရား၏ မျက် မှောက် တော် မှ ကျောက် ကြား နှင့် ကျောက် ချပ် များ သို့ ပြေး ဝင် ကြ လိမ့် သ တည်း။

ယေ​ရ​မိ 50:2

ဗာ ဗု လုန် မြို့ သည် သိမ်း ယူ ခြင်း၊ ဗေ လ ဘု ရား သည် အ ရှက် ကွဲ ခြင်း၊ မေ ရော ဒပ် ဘု ရား လည်း လှုပ် ရှား ခြင်း ခံ ရ ပြီ။ ဆိုင် ရာ ရုပ် ပွား ဆင်း တု များ သည်၊ အ ရှက် ရ၍ လှုပ် ရှား ခံ ရ ပြီ။ မြောက် ပိုင်း မှ ချီ တက် လာ သော လူ မျိုး သည်၊ ထို ပြည် ကို ဆိတ် ညံ ရာ ဖြစ် စေ သ ဖြင့်၊ လူ သူ တိ ရ စ္ဆာန် ထွက် သွား ကြ ပြီ ဟု၊ လူ မျိုး ခြား တို့ တွင် အ လံ စိုက် ထူ လျက်၊ မ ထိမ် မ ချန် ကြော် ငြာ ဖော် ပြ ကြ လော့။

ဆာ​လံ 31:6

အ ကျွန်ုပ် သည်၊ မု သာ အ န တ္တ ကို ဂ ရု ပြု သူ တို့ အား မုန်း ထား လျက်၊ ထာ ဝ ရ ဘု ရား၌ ကိုး စား ပါ ၏။

၄ ရာ 10:26

ဗာ လ၏ ဗိ မာန် ရှိ ကျောက် တိုင် များ ကို ထုတ် ယူ မီး တိုက် ကြ ၏။

ဆာ​လံ 81:9

အ ခြား ဘု ရား ကို မ ကိုး ကွယ် နှင့်။ လူ မျိုး ခြား ဘု ရား ကို ရှိ မ ခိုး နှင့်။

တ​ရား​ဟော 31:16

ဘိုး ဘေး တို့ နှင့် အ တူ သင် အိပ် ပျော် ပြီး နောက် ဤ လူ မျိုး သည် ဝင် ရောက် နေ ထိုင် ရာ ပြည် ရှိ ခြား နား သော ဘု ရား များ နှင့် ထ ကြွ မှား ယွင်း လျက်၊ ငါ့ ကို စွန့် ပယ်၍ ငါ ဖွဲ့ ခဲ့ သော ပ ဋိ ညာဉ် တော် ကို ဖောက် ကျော် ကြ လိမ့် မည်။

ဟေ​ရှာ​ယ 45:16

ရုပ် ပွား ကို ထု လုပ် သူ အ ပေါင်း တို့ သည် ကျိုး ယုတ် ရှက် ကွဲ၍ ရှုတ် ချ ခြင်း သို့ ရောက် ကြ လိမ့် မည်။

ယေ​ရ​မိ 10:5

လူ မ ထမ်း ဘဲ မ ရွေ့ နိုင်၊ စ ကား မ ပြော နိုင် သော၊ သ ခွား ခင်း ရှိ ငှက် ချောက် တိုင် ကဲ့ သို့ ဖြစ် သည် တ ကား။ မ ကောင်း ကျိုး၊ ကောင်း ကျိုး မ ပေး နိုင် သော ကြောင့်၊ မ ကြောက် ရွံ့ ကြ နှင့် ဟု မိန့် တော် မူ၏။

ယေ​ရ​မိ 32:29

တိုက် လျက် နေ သော ခါ လ ဒဲ တပ် သား တို့ ဝင် ရောက် ပြီး လျှင်၊ ဗာ လ နတ် အား မီး ဖြင့် ပူ ဇော် ခြင်း၊ အ ခြား ဘု ရား များ အား သွန်း လောင်း ရာ သ က္ကာ တင် သ ခြင်း များ ကို၊ အ မျက် တော် တိုက် အောင် အ မိုး ပျဉ် တွင် ပြု ကြ ရာ တိုက် အိမ် များ မှ စ၍ တစ် မြို့ လုံး ကို၊ မီး ရှို့ ကျွမ်း လောင် စေ ကြ မည်။

၄ ရာ 23:24

ယော ရှိ မင်း သည် ဗိ မာန် တော်၌ ပ ရော ဟိတ် ဟိ လ ခိ တွေ့ သော ပ ည တ္တိ ကျမ်း ချက် များ ကို အ တည် ပြု အံ့ သော ငှါ ယေ ရု ရှ လင် မြို့ မှ စ၍ ယု ဒ တစ် ပြည် လုံး၌ တွေ့ ရှိ သ မျှ က ဝေ၊ မှော် ဆ ရာ၊ တေ ရပ် အ ရုပ် နှင့် အ ခြား ရုပ် တု မှ စ သော စက် ဆုပ် ဖွယ် ဘု ရား အ မျိုး မျိုး ကို ဖွဲ ပြာ ဖြစ် စေ လေ၏။

ယေ​ရ​မိ 8:2

၎င်း တို့ မြတ် နိုး ဝတ် ပြု လိုက် ရှာ တောင်း လျှောက် ရှိ ခိုး ခဲ့ ကြ သော နေ လ နှင့် တ ကွ၊ က မ္ဘာ့ တန် ဆာ ရှိ သ မျှ အောက် မြေ အ ပြင် တွင်၊ စု ပုံ မြှုပ် နှံ ခြင်း မ ပြု ဘဲ၊ မြေ ဩ ဇာ အ ဖြစ် ခင်း ထား ကြ လိမ့် မည်။

တ​ရား​ဟော 32:21

ဘု ရား မ စစ် ဖြင့် မ ရှု ဆိတ် တော် မူ ခြင်း ကိုလည်း ကောင်း၊ အ န တ္တ များ ဖြင့် အ မျက် တော် တိုက် ခြင်း ကိုလည်း ကောင်း၊ ပြု ကြ သည့် အ လျောက်၊ ငါ လည်း လူ မျိုး မ စစ် ဖြင့် မ ရှု ဆိတ် ခြင်း၊ ယုတ် မာ သော လူ မျိုး ခြား ဖြင့် အ မျက် တိုက် ခြင်း ကို ပြု တော် မူ လိမ့် မည်။

ဆာ​လံ 78:58

ရုပ် ပွား ဆင်း တု များ ဖြင့် ရှု စိတ် တော် မ မူ ခြင်း ကို ဖြစ် စေ ကြ ၏။

ယေ​ရ​မိ 44:23

ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် သံ ကို နာ ခံ ခြင်း၊ ပ ညတ် တ ရား တော် နှင့် ထုံး ဖွဲ့ တော် မူ ချက်၊ သက် သေ ခံ တော် မူ ချက် များ အ တိုင်း လိုက် လျှောက် ခြင်း မ ပြု ဘဲ၊ မီး ဖြင့် ပူ ဇော်၍၊ ထာ ဝ ရ ဘု ရား အား ပြစ် မှား ကြ သော ကြောင့်၊ ယ နေ့ သင့် သော ဘေး သည် ရောက် လေ ပြီ ဟု ဆို ၏။

ဟေ​ရှာ​ယ 46:9

အ တိတ် ကာ လ ဖြစ် ဖူး သော အ ရာ များ ကို သ တိ ရ ကြ လော့။ ငါ သာ လျှင် ဘု ရား သ ခင် ဖြစ်၏။ အ တု မ ရှိ သော ဘု ရား ပေ တည်း။

ယေ​ဇ​ကျေ​လ 36:18

သို့ ဖြစ်၍၊ နေ ပြည် ပေါ် တွင် အ သွေး ကို သွန်း လျက်၊ ရုပ် ပွား များ ဖြင့် မ သန့် ရာ ရောက် စေ ကြ သော ကြောင့်၊ ငါ သည် ဒေါ သ ကို သွန်း လောင်း လျက်၊

ယေ​ရ​မိ 11:17

သင့် ကို စိုက် ပျိုး ခဲ့ သော ဗိုလ် ခြေ တို့ အ ရှင်၊ ငါ ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ အ မျိုး သား နှင့် ယု ဒ အ မျိုး သား တို့ ပါ၊ ဗာ လ နတ် အား မီး ဖြင့် ပူ ဇော်၍ အ မျက် တော် တိုက် အ ဆိုး ပြု ကြ သော ကြောင့်၊ သင့် အ ပေါ် တွင် သင့် ရန် ဘေး ကို ပြ ဋ္ဌာန်း ခဲ့ ပြီ။

တ​ရား​ဟော 6:14

လူ မျိုး ဘောင် တွင် စံ နေ တော် မူ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် မ ရှု ဆိတ် သော ဘု ရား ဖြစ် တော် မူ သည့် အ လျောက်၊ အ မျက် တော် ထား လျက် မြေ ပြင် မှ ပယ် ရှား တော် မူ မည် ကို စိုး ၍၊ သင် တို့ ပတ် ဝန်း ကျင် ရှိ လူ မျိုး တို့ ဘု ရား များ အ နက်၊ အ ခြား ဘု ရား များ နောက် သို့ မ လျှောက် မ လိုက် ကြ ရ။

၃ ရာ 16:31

နေ ဗတ် သား ယေ ရော ဗောင် မင်း ၏ ပြစ် မှု များ အ တိုင်း လိုက် သည် ကို အ ပ္ပ ၀ဇ္ဇ ဟု ထင် မှတ် သည့် ပြင် ဇိ ဒုန် ဘုရင် ဧ သ ဗာ လ မင်း သ မီး တော် ယေ ဇ ဗေ လ ကို မိ ဖု ရား မြှောက် သည့် အ လျောက် ဗာ လ နတ် အား ဝတ် ပြု ရှိ ခိုး ၍

ဆာ​လံ 96:4

ထာ ဝ ရ ဘု ရား သည် ကြီး မြတ်၍ အ လွန် ချီး မွမ်း ခြင်း၊ ဘု ရား ဟူ သ မျှ ထက် ခန့် ညား ခြင်း ကို ခံ ထိုက် တော် မူ ၏။

၁ ကော 8:6

ငါ တို့ အ ဖို့ မူ ကား ရှိ ရှိ သ မျှ၏ မူ လ ရင်း ငါ တို့ ပန်း တုံး တိုင် သ ဖွယ် တည် တော် မူ သည့် ခ မည်း တော် တည်း ဟူ သော ဘု ရား တစ် ဆူ တည်း နှင့် ငါ တို့ မှ စ၍ ရှိ ရှိ သ မျှ ကို ဖြစ် စေ တော် မူ သည့် ယေ ရှု ခ ရစ် တည်း ဟူ သော အ ရှင် တစ် ပါး တည်း သာ ရှိ တော် မူ သ တည်း။

ယေ​ဇ​ကျေ​လ 20:7

အိ ဂျစ် ပြည် ရှိ ရုပ် ပွား များ နှင့် ကိုယ် ကို မ ညစ် ညူး စေ ဘဲ၊ အ သီး အ သီး ဖူး မြင် သော စက် ဆုပ် ဖွယ် ရုပ် တု များ ကို စွန့် ပစ် ကြ လော့။ ငါ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေ တည်း ဟု မိန့် ဆို သော် လည်း၊

ဟေ​ရှာ​ယ 41:24

သင် တို့ လည်း အ သေး အ နုပ်၊ အ မှု လည်း အ လ ဟဿ ဖြစ် သ ဖြင့် သင် တို့ ကို ရွေး ချယ် သော သူ တို့ သည် စက် ဆုပ် ရွံ ရှာ ဖွယ် ဖြစ် ကြ သည် တ ကား။

ယေ​ရ​မိ 8:19

ဘု ရင် မင်း မြတ် တည်း ဟူ သော ထာ ဝ ရ ဘု ရား သည်၊ ဇိ အုန် မြို့၌ စံ နေ တော် မ မူ သ လော ဟူ ၍ လည်း‌ ကောင်း၊ စ ပါး ရိတ် ချိန် လွန် ပြီ။ အ သီး ဆွတ် ချိန် ကုန် ပြီ။ ငါ တို့ မှာ မူ၊ ဘေး လွတ် ရာ မ ရောက် သေး ဟူ၍ လည်း‌ ကောင်း၊ ဝေး ကွာ ရာ ပြည် မှ ငါ၏ အ မျိုး သ တို့ သ မီး ဟစ် လေ ပြီ။ ရုပ် ပွား ဆင်း တု များ၊ ခြား နား သော ဘု ရား ရုပ် များ ဖြင့်၊ အ ဘယ့် ကြောင့် အ မျက် တော် တိုက် ခဲ့ ကြ သ နည်း။

ဟေ​ရှာ​ယ 44:20

ပြာ ကို သာ စား တတ် သော ထို သူ သည် လှည့် စား ခံ ရ သော စိတ် ကြောင့် လမ်း လွဲ၍ ကိုယ့် အ သက် ကို မ ကယ် နိုင်။ ညာ လက် ဖြင့် မိစ္ဆာ အ ယူ ကို စွဲ ကိုင် သည် မ ကိုင် သည် ဟု မ တွေး တော တတ် ချေ။

၁ ရာ 12:21

အ လ ဟဿ အ ကျိုး မဲ့ ဖြစ် လျက် မ ကယ် နိုင် သော ဘု ရား များ နောက် သို့ လမ်း လွဲ၍ မ လိုက် ကြ နှင့်။

ဟေ​ရှာ​ယ 42:17

ရုပ် ပွား ဆင်း တု တို့ အား၊ အ ကျွန်ုပ် တို့ ဘု ရား ဟု ဝန် ခံ လျက် ကိုး စား သူ တို့ မူ ကား ဆုတ် လန် ခြင်း၊ ကြီး စွာ အ ရှက် ကွဲ ခြင်း ကို ခံ ရ ကြ လိမ့် မည်။

ဆာ​လံ 31:19

ကိုယ် တော် ကို ခန့် ညား သူ တို့ အ ဖို့ သို ထား ၍၊ ကိုး စား သူ တို့ အ ဖို့ လူ သား တို့ ရှေ့ တွင် စီ မံ သော ဆု ကျေး ဇူး သည်၊ ကြီး လှ သည် တ ကား။

ဟေ​ရှာ​ယ 48:5

ကိုယ့် ရုပ် ပွား ဆင်း တု ဘု ရား စီ မံ ပြု လုပ် ပြီ ဟု၊ သင် ဆို ခွင့် မ ရ စေ ရန်၊ မ ဖြစ် ပျက် မီ၊ ယ မန် က ပင်၊ ငါ ကြား ပြော ဖော် ပြ လေ ပြီ။

ယေ​ရ​မိ 11:13

အို ယု ဒ ပြည်၊ သင့် မြို့ ရွာ များ ပြား သည် နှင့် အ မျှ သင့် ဘု ရား များ ပြား လေ စွ။ ယေ ရု ရှ လင် မြို့ ရှိ လမ်း မြောက် မြား သည် နှင့် အ မျှ လည်း၊ ရှက် ကြောက် ဖွယ် ဗာ လ နတ် အား၊ မီး ဖြင့် ပူ ဇော် ရာ ပ လ္လင် အ မြောက် အ မြား ကို တည် ကြ လေ စွ။

ဟေ​ရှာ​ယ 44:6

ဣ သ ရေ လ လူ မျိုး ကို ရွေး နုတ် သော ဘု ရင်၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား ငါ သည် အာ ဒိ က ဖြစ်၏။ အ န္တိ မ လည်း ဖြစ်၏။ ငါ မှ တစ် ပါး အ ခြား သော ဘု ရား မ ရှိ။

ဒံ​ယေ​လ 3:18

ကယ် တော် မ မူ သော် လည်း ဘု ရင် မင်း မြတ်၏ ဘု ရား တို့ ကို ကျွန် တော် မျိုး တို့ မ ကိုး ကွယ်၊ တည် ထား တော် မူ သော ရွှေ ရုပ် တု ကို လည်း ရှိ မ ခိုး ကြောင်း သိ တော် မူ ပါ ဟု တင် လျှောက် ကြ ၏။

ယေ​ရ​မိ 7:18

အ ခြား ဘု ရား များ အား သွန်း လောင်း ရာ သ က္ကာ၊ နတ် မိ ဖု ရား အား ခဲ ဖွယ် သ က္ကာ များ ကို တင် သ ရ အံ့ သော ငှာ၊ သူ ငယ် တို့ ထင်း ခွေ ခြင်း၊ အဖ တို့ မီး မွေး ခြင်း၊ အ မိ တို့ မုန့် နယ် ခြင်း များ ကို၊ စိတ် တော် မ သာ မ ယာ လို သော သ ဘော နှင့် ပြု လုပ် ကြ ၏။

ဂ​လာ​တိ 5:19-21

ရုပ် ခ န္ဓာ ဆိုင် ရာ အ ကျင့် များ တည်း ဟူ သော မေ ထုန် မှီ ဝဲ ခြင်း၊ ညစ် ညူး ခြင်း၊ ကာ မ ဂုဏ် လိုက် စား ခြင်း၊နား ထောင် ကြ ဦး။ ငါ ပေါ လု ဆို သည် ကား သင် တို့ သည် လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ ယူ လျှင် ခ ရစ် တော် ကြောင့် အ ကျိုး မ ရှိ။ရုပ် ပွား ကိုး ကွယ် ခြင်း၊ နတ် ဟော ခြင်း၊ ရန် ညိုး ဖွဲ့ ခြင်း၊ ခိုက် ရန် ဖြစ် ခြင်း၊ ပြိုင် ဆိုင် ခြင်း၊ အ မျက် ထွက် ခြင်း၊ ဖီ ဆန် ခြင်း၊ အ ယူ ခြား နား ခြင်း၊ ဂိုဏ်း ကွဲ ခြင်း၊ ငြူ စူ ခြင်း၊မူး ယစ် ခြင်း၊ ပျော် ပါး ခြင်း မှ စ၍ အ မျိုး တူ အ ကျင့် များ သည် ထင် ရှား လျက် ရှိ ကြ၏။ ငါ ပြော ဆို ခဲ့ သည့် အ တိုင်း ဆို ဦး မည် မှာ ထို ကဲ့ သို့ သော အ ကျင့် များ ကို ပြု ကျင့် သူ တို့ သည် ဘု ရား သ ခင့် နိုင် ငံ တော် ကို အ ပိုင် ရ ကြ မည် မ ဟုတ်။

ထွက်​မြောက် 20:3-4

ငါ မှ တစ်ပါး အ ခြား သော ဘု ရား များ ကို မ ကိုး ကွယ် နှင့်။ရုပ် ပွား ဆင်း တု ကို လည်း ကောင်း၊ အ ထက် ကောင်း ကင်၊ အောက် မြေ ကြီး၊ မြေ ကြီး အောက် ရေ ထု ၌ ရှိ သော အရာ ၏ ပုံ သ ဏ္ဌာန် ကို လည်း ကောင်း မ လုပ် နှင့်။ ရှိ မ ခိုး၊ ဝတ် မ ပြု နှင့်။

ထွက်​မြောက် 34:14

မ ရှု စိတ် အ မည် တော် ရှိ သော ငါ ထာ ဝ ရ ဘု ရား သည်၊ မ ရှု စိတ် သော ဘု ရား ဖြစ် တော် မူ သော ကြောင့် အ ခြား ဘု ရား ကို ရှိ မ ခိုး ကြ ရ။

ဟေ​ရှာ​ယ 57:13

သင် အော် ဟစ် သော အ ခါ၊ ဆည်း ပူး ရာ ရုပ် တု များ ကယ် ပါ စေ။ ထို အ ရာ ရှိ သ မျှ ကို လေ တိုက် ၍ ဆောင် သွား လိမ့် မည်။ ငါ၌ အား ထား သူ မူ ကား၊ နေ ပြည် ကို အ ပိုင် ရ လျက်၊ သန့် ရှင်း သော ငါ့ တောင် တော် ကို လည်း ပိုင် ရ လိမ့် မည်။

ဆာ​လံ 135:15-18

လူ မျိုး ခြား တို့ ရုပ် ပွား များ သည်၊ လူ့ လက် ဖြင့် လုပ် သော ရွှေ ငွေ ဆင်း တု ဖြစ် သ ဖြင့်၊နှုတ် ရှိ လျက် ပင်၊ ပြော ဆို ခွင့်၊ မျက် စိ ရှိ လျက် ပင်၊ ရှု မြင် ခွင့်၊နား ရှိ လျက် ပင်၊ ကြား နာ ခွင့် မ ရှိ သည့် ပြင်၊ ခံ တွင်း ၌ လည်း ထွက် သက် ဝင် သက် မ ရှိ။ထု လုပ် သော သူ တို့ သည်၊ ကိုး စား သ မျှ သူ တို့ ပါ၊ ထို့ အ တူ ဖြစ် ကြ ပါ စေ သော။

၁ ရာ 7:3

ရှ မွေ လ က၊ ထာ ဝ ရ ဘု ရား အား စိတ် လုံး လုံး ပြန် သည် မှန် က ထို ဘု ရား ကို သာ ဝတ် ပြု ရန် စိတ် နှ လုံး ပြင် ဆင် လျက် အာ ရှ တ ရက် နတ် မှ စ၍ ထူး ခြား သော ဘု ရား များ ကို စွန့် ပယ် ကြ လော့။ ကိုယ် တော် သည် ဖိ လိ တ္တိ လူ မျိုး တို့ လက် တွင်း မှ သင် တို့ ကို ကယ် ဆယ် ပါ လိမ့် မည် ဟု ဣ သ ရေ လ တစ် မျိုး လုံး အား ဟော ပြ သည် နှင့် အ ညီ ဣ သ ရေ လ အ မျိုး သား တို့ သည် ဗာ လ နတ်၊

ယေ​ရ​မိ 2:28

သင့် လက် ဖြစ် ဘု ရား များ ကား အ ဘယ် မှာ နည်း။ ဒု က္ခ တွေ့ သော အ ခါ တတ် နိုင် လျှင်၊ ထ ကြွ ကယ် မ ကြ လေ စေ။ အို ယု ဒ ပြည်။ သင့် မြို့ ရွာ များ ပြား သည် နှင့် အ မျှ၊ သင့် ဘု ရား များ ပြား လေ စွ။

ဟော​ရှေ 14:8

အ ကျွန်ုပ် သည် ရုပ် ပွား ဆင်း တု များ နှင့် မည် သို့ ဆိုင် သေး သ နည်း ဟု လျှောက် ဆို သော ဧ ဖ ရိမ် အား အာ ရုံ ပြု သော ငါ က၊ ငါ သည် စိမ်း လန်း သော ထင်း ရူး ပင် သ ဘွယ် ဖြစ်၏။ ကျေး ဇူး တော် ကို ခံ ရ သော ကြောင့် အ သီး နှင့် ပြည့် စုံ လိမ့် မည် ဟု တုံ့ ပြန် လိမ့် မည်။

၄ ရာ 17:35

ထာ ဝ ရ ဘု ရား သည် ယာ ကုပ် အ မျိုး သား တို့ နှင့် ပ ဋိ ညာဉ် ဖွဲ့၍ မိန့် မှာ တော် မူ ခဲ့ သည် မှာ အ ခြား ဘု ရား များ ကို ခန့် ညား၊ ရှိ ခိုး၊ ဝတ် ပြု၊ ပူ ဇော် ခြင်း မ ပြု ရ။

ဟ​ဗက္ကုတ် 2:18

ရုပ် ပွား သည်၊ ထု လုပ် သော ပန်း ပု ကိုယ် ၌ လည်း ကောင်း၊ ဆင်း တု နှင့် မိ စ္ဆာ ဟော ဘု ရား တို့ သည်၊ စ ကား မ ပြော နိုင် သော အ ရာ များ ကို အား ကိုး ၍ သွန်း လုပ် သော ပန်း တည်း၌ လည်း ကောင်း မည် သည့် အ ကျိုး ပေး နိုင် သ နည်း။

ယေ​ရ​မိ 16:20

လူ သည် အ တု မျှ သာ ဖြစ် သော ဘု ရား များ ကို၊ ကိုး ကွယ် ရန် လုပ် အပ် ပါ သ လော။

တ​ရား​ဟော 12:3

ယဇ် ပ လ္လင် များ ကို ဖြို လှဲ ခြင်း၊ ကျောက် တိုင် များ ကို ချိုး ဖဲ့ ခြင်း၊ တံ ခွန် တိုင် များ ကို မီး တိုက် ခြင်း၊ ရုပ် တု ဘု ရား များ ကို ခုတ် လှဲ ခြင်း ပြု၍၊ အ မည် ကို ပင် ထို နေ ရာ မှ ပယ် ဖျက် ကြ ရ မည်။

၁ ယော 5:21

သူ ငယ် တို့၊ ရုပ် ပွား များ မှ ကိုယ် ကို စောင့် ထိန်း ကြ လော့။

တ​ရား​ဟော 4:23-24

သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် သင် တို့ နှင့် ဖွဲ့ တော် မူ ခဲ့ သော ပ ဋိ ညာဉ် ကို မ မေ့ မ လျော့။ ပ ညတ် ထား တော် မူ ခဲ့ သော တစ် စုံ တစ် ရာ၏ ပုံ သဏ္ဌာန် အ တူ၊ ရုပ် ပွား ဆင်း တု ကို မ လုပ် ခြင်း ငှါ၊ သ တိ မူ ကြ လော့။သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ ကျွမ်း လောင် သော မီး၊ မ ရှု ဆိတ် သော ဘု ရား ဖြစ် တော် မူ ၏။

ထွက်​မြောက် 23:13

ငါ မိန့် ဆို သ မျှ ကို သ တိ ပြု ကြ လော့။ အ ခြား သော ဘု ရား တို့ နာ မ ကို သ တိ မ မူ နှင့်။ နှုတ် ဖြင့် မျှ မ ပြော မ ကြား နှင့်။

တ​ရား​ဟော 7:25-26

ချင်း တို့ ရုပ် တု ဘု ရား များ ကို မီး တိုက် လျက်၊ ကျော့ မိ ရာ မ ရောက် ခြင်း ငှာ၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ ရွံ ရှာ ဖွယ် ဖြစ် သော မွမ်း မံ သည့် ရွှေ ငွေ ကို တပ် မက် ၍ မ သိမ်း မ ယူ ကြ နှင့်။မြေ လှန် ဖွယ် ရာ ဖြစ် သော ကြောင့်၊ လုံး လုံး စက် ဆုပ် ရွံ ရှာ လျက်၊ ထို ရွံ ရှာ ဖွယ် ကဲ့ သို့ မြေ လှန် ရာ ကိုယ် တိုင် မ ပါ မ ရောက် အောင်၊ အိမ် တွင်း သို့ မ သွင်း ကြ ရ။

ဆာ​လံ 115:4-8

သူ တို့ ရုပ် ပွား များ ကား၊ လူ့ လက် ဖြင့် ထု လုပ် ပြီး ရွှေ၊ ငွေ၊ များ ဖြစ် သည် နှင့်၊နှုတ် ရှိ လျက် ပင်၊ ပြော ဆို ခွင့်၊မျက် စိ ရှိ လျက် ပင်၊ ရှု မြင် ခွင့်၊ နား ရှိ လျက် ပင်၊ ကြား နာ ခွင့်၊ နှာ ခေါင်း ရှိ လျက် ပင်၊ အ နံ့ ရ ခွင့်၊ လက် ရှိ လျက် ပင်၊ ဆုပ် ကိုင် ခွင့်၊ခြေ ရှိ လျက် ပင်၊ လျှောက် သွား ခွင့်၊ လည် ချောင်း ဖြင့် လည်း မြွက် ဆို ခွင့် ရှိ ကြ သည် မ ဟုတ်။ထု လုပ် သူ တို့ သည် ကိုး စား သ မျှ သူ တို့ ပါ၊ ထို အ တူ ဖြစ် ကြ ပါ စေ သော။

ဟေ​ရှာ​ယ 42:8

ငါ သည် ယေ ဟော ဝါ ဖြစ်၏။ နာ မ တော် ကား ထို သို့ ပင် တည်း။ ငါ့ ဘုန်း တော် ကို သူ တစ် ထူး အား လည်း‌ ကောင်း၊ ငါ့ ဂုဏ် တော် ကို ရုပ် ပွား ဆင်း တု အား လည်း‌ ကောင်း၊ လွှဲ အပ် မည် မ ဟုတ်။

ယေ​ရ​မိ 10:14-15

ဇီ ဝ သက် မဲ့၊ အ ချည်း နှီး ဖြစ် သော ကိုယ့် ရုပ် ပွား ဆင်း တု ကို ထောက် ၍၊ ပန်း ထိမ် တိုင်း အ ရှက် ရ သည့် ပြင်၊ လူ ခပ် သိမ်း တို့ လည်း၊ ဉာဏ် ပ ညာ အ သိ ပ ညာ ကင်း ပျောက် ရာ ရောက် ကြ ၏။ထို ရုပ် တု များ သည်၊ အ န တ္တ အ မှု၊ ကဲ့ ရဲ့ ရာ အ မှု ဖြစ် လျက်၊ ဒဏ် စီ ရင် ခြင်း ကို ခံ ရ သည့် ကာ လ၊ ပျက် စီး ကြ လိမ့် မည်။

၁ ကော 10:14

သို့ ဖြစ်၍ ချစ် သူ တို့၊ ရုပ် ပွား ကိုး ကွယ် မှု ကို ကြဉ် ရှောင် ကြ လော့။

ဝတ်​ပြု 19:4

ရုပ် ပွား ဆင်း တု များ သို့ မ လွှဲ ရ။ ဘု ရား ရုပ် များ ကို မ သွန်း မ လုပ် ကြ ရ။ ငါ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေ တည်း။

ဆာ​လံ 106:36

ညွှတ် ကွင်း အ ဖြစ် မိ ကြ ရာ၊ ရုပ် ပွား များ ကို ဝတ် ပြု သည့် ပြင်၊

ဟေ​ရှာ​ယ 46:7

ထို ရုပ် တု သည် ထမ်း ဆောင် ခြင်း၊ ချီ ဆောင် ခြင်း ခံ လျက် ချ ထား ရာ မှ မ ရွေ့ နိုင် ဘဲ၊ တည် မြဲ တည် ရ၏။ ခေါ် သော် လည်း မ ထူး။ ဒု က္ခ ရောက် သော် လည်း မ ကယ် နိုင် ချေ။

ယေ​ရ​မိ 11:12

ထို ဒု က္ခ တွေ့ သည့် ကာ လ၊ ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ မှ စ၍၊ ယု ဒ ပြည် မြို့ သူ ရွာ သား တို့ သည် မီး ဖြင့် ပူ ဇော် လေ့ ရှိ သော ဘု ရား များ သို့ သွား ရောက် အော် ဟစ် ကြ သော် လည်း၊ ကယ် မ ခြင်း မ ရှိ။

တ​ရား​ဟော 27:15

ထာ ဝ ရ ဘု ရား ရွံ ရှာ တော် မူ ဖွယ်၊ လူ၏ လက် ဖြစ် ရုပ် ပွား ဆင်း တု ကို သွန်း ထု လျက် လျှို့ တ ဝှက် တည် ထား သူ ကား၊ အ မင်္ဂ လာ ရှိ သည် ဟု ကြော် ငြာ ကြ သော်၊ အာ မင် ဟူ၍ လူ ပ ရိတ် ဥဿုံ ဝန် ခံ ကြ စေ။

ဆာ​လံ 97:7

ရုပ် ပွား များ ကို ဝတ် ပြု သူ၊ အ တု များ ကြောင့် ဝါ ကြွား သူ အ ပေါင်း တို့ သည်၊ ရှက် ကြောက် ကြ စေ။ ဘု ရား ဟူ သ မျှ တို့၊ ထာ ဝ ရ ဘုရား ကို ရှိ ခိုး ကြ လော့။

ဟေ​ရှာ​ယ 45:20

လူ မျိုး ခြား တို့ အ နက် လွတ် မြောက် ခဲ့ သော သင် တို့၊ စု ရုံး လာ ရောက် ချဉ်း ကပ် ကြ လော့။ ကယ် တင် ပိုင် ခွင့် မ ရှိ သော ဘု ရား ကို ပ ဌ နာ ပြု လျက်၊ သစ် တုံး ဖြစ် သော ရုပ် ပွား ဆင်း တု ကို ပင့် ဆောင် တတ် သူ တို့ သည်၊ အ သိ ဉာဏ် မ ရှိ ကြ ချေ။

ယေ​ဇ​ကျေ​လ 20:39

အို ဣ သ ရေ လ အ မျိုး သား တို့၊ သင် တို့ ကို ရည် လျက် အ ရှင် ထာ ဝ ရ ဘု ရား က၊ အ သီး အ သီး တို့၏ ရုပ် ပွား များ ကို သွား၍ ဝတ် ပြု ကြ ဦး၊ နောင် ကာ လ၌ ကား၊ အ လှူ ဒါ န နှင့် ရုပ် ပွား များ ဖြင့်၊ သန့် ရှင်း သော နာ မ တော် ကို မ ရှုတ် ချ ဘဲ၊ အ မိန့် တော် ကို နာ ခံ ရ ကြ လိမ့် တ ကား။

၄ ရာ 21:11

တိုင်း ရင်း သား အာ မော ရိ လူ မျိုး တို့ ဆိုး သွမ်း မှု ထက် ရွံ ရှာ ဖွယ် ပြု လျက် ကိုယ့် ရုပ် တု များ ဖြင့် ယု ဒ အ မျိုး ကို ပြစ် မှား စေ သော ကြောင့်

ယေ​ရ​မိ 2:13

ငါ့ လူ မျိုး တော် သည်၊ စမ်း တွင်း ဖြစ် သော ငါ့ ကို စွန့် ပယ် သည့် အ မှု၊ ရေ မ လုံ သော ကန်၊ ပေါက် ပျက် သော ကန် များ ကို တူး ဖော် သည့် အ မှု၌၊ အ ပြစ် နှစ် မျိုး ကို ပြု ခဲ့ ကြ လေ စွ။

ဟေ​ရှာ​ယ 44:17

ကျန် တစ် ဝက် ကို ကိုယ့် ဘု ရား အ ဖြစ် ရုပ် ပွား ဆင်း တု လုပ် ပြီး လျှင် ပျပ် ဝပ် ရှိ ခိုး ရာ ကိုယ် တော် သည် အ ကျွန်ုပ် ဘု ရား ဖြစ် တော် မူ ပါ၏။ ကယ် တော် မူ ပါ ဟူ၍ လည်း‌ ကောင်း ဆို လေ့ ရှိ သည် တ ကား။

ဆာ​လံ 96:5

လူ မျိုး ခြား တို့၏ ဘု ရား ဟူ သ မျှ သည်၊ အ တု မျှ သာ ဖြစ် ကြ၏။ ထာ ဝ ရ ဘု ရား မူ ကား၊ မိုး ကောင်း ကင် ကို ဖန် ဆင်း တော် မူ ၏။

တ​ရား​ဟော 4:35

ထာ ဝ ရ ဘု ရား သည် ဘု ရား သ ခင် မှန် ကြောင်း၊ ကိုယ် တော့် ပြင် အ ခြား မ ရှိ ကြောင်း ကို သိ သာ စေ ခြင်း ငှါ၊ သင် တို့ အား သာ လျှင် ဖော် ပြ ပြီး ဖြစ် ၏။

တ​ရား​ဟော 11:16

သင် တို့ အ ပေါ် တွင် ထာ ဝ ရ ဘု ရား အ မျက် တော် ထား လျက်၊ မိုး မ ရွာ အောင် ပိတ် ဆို့ သည် နှင့် မြေ အ သီး အ နှံ မ ထွက် သည့် အ တွက် ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော ပြည် ကောင်း မှ အ ဆော တ လျင် ပျက် ပြား ရ မည် ကို စိုး၍၊ စိတ် ဝိ တက် ရှိ လျက် လမ်း လွဲ သ ဖြင့်၊ အ ခြား ဘု ရား များ ကို ဝတ် မ ပြု၊ ရှိ မ ခိုး ခြင်း ငှါ၊ သ တိ ပြု ကြ လော့။

ထွက်​မြောက် 23:24

သူ တို့ ဘု ရား များ ကို ရှိ မ ခိုး၊ ဝတ် မ ပြု နှင့်။ အ ကျင့် ဓ လေ့ အ တိုင်း မ ကျင့် နှင့်။ သူ တို့ ကို အ ကုန် အ စင် ဖြို လှဲ၍ ကျောက် တိုင် များ ကို လည်း လုံး လုံး ချိုး ဖျက် ကြ ရ မည်။

ဟေ​ရှာ​ယ 2:18

ရုပ် တု များ လုံး လုံး ပ ပျောက် ကြ မည့် ပြင်၊

ယေ​ဇ​ကျေ​လ 14:6

သို့ နှင့် အ ညီ၊ ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို ရ ဦး မည် မှာ၊ အ ရှင် ထာ ဝ ရ ဘု ရား က ပြန် လာ ကြ လော့။ ကိုယ့် ရွံ့ ရှာ ဖွယ် ရုပ် ပွား ဆင်း တု များ မှ၊ မျက် နှာ လွှဲ၍ လှည့် ခဲ့ ကြ လော့။

၁ ကော 8:4

သို့ ဖြစ်၍ ရုပ် ပွား အား ပူ ဇော် ပြီး သော အ သား သုံး ဆောင် မှု ကို ထောက်၍ ဆို သော် ဤ လော က တွင် ရုပ် ဘု ရား မ ရှိ ကြောင်း ကို လည်း ကောင်း၊ တစ် ဆူ တည်း ပြင် ဘု ရား မ ရှိ ကြောင်း ကို လည်း ကောင်း ငါ တို့ သိ ကြ ၏။

ထွက်​မြောက် 20:23

ငါ မှ တစ် ပါး၊ ကိုး ကွယ် ရန် ငွေ ဘု ရား၊ ရွှေ ဘု ရား များ ကို မ လုပ် ကြ နှင့်။

ဟေ​ရှာ​ယ 30:22

ငွေ မံ ဆင်း တု၊ ရွှေ မွမ်း ရုပ် ပွား များ ကို မ သန့် ဟု မှတ်၍၊ သွား လေ တော့ ဟု ဆို လျက်၊ ရွံ ရှာ ဖွယ် ရာ ကဲ့ သို့ ပစ် လိုက် ကြ သ ဖြင့်၊

ယေ​ရ​မိ 3:9

လော် လည် သော ပြည် တန် ဆာ လုပ် မှု ဖြင့်လည်း‌ ကောင်း၊ ကျောက် ရုပ် သစ် ရုပ် များ နှင့် မှား ယွင်း မှု ဖြင့် လည်း‌ ကောင်း၊ နေ ပြည် ကို ညစ် ညူး စေ လျက် ပင်၊

သူ​ကြီး 10:14

သင် တို့ ရွေး ချယ် သော ဘု ရား များ ထံ သွား၍ အော် ဟစ် ကြ လော့။ ဒု က္ခ ရောက် သော အ ခါ သူ တို့ ပင် ကယ် ကြ စေ ဟု ဣ သ ရေ လ အ မျိုး သား တို့ အား မိန့် တော် မူ လျှင်၊

ရော​မ 1:22-23

ပ ညာ ရှိ သည် ဟု ကိုယ် ကို ဂုဏ် တင် လျက် လူ မိုက် အ ဖြစ် ရောက်၍၊သင်္ခါ ရ ကင်း သော ဘု ရား သ ခင့် ဘုန်း တော် အ စား၊ သင်္ခါ ရ ဖြစ် သော လူ၊ ငှက်၊ ခြေ လေး ချောင်း တိ ရ စ္ဆာန် နှင့် တွား တတ် သော သ တ္တ ဝါ တို့၏ ပုံ သ ဏ္ဌာန် ကို လဲ ယူ ကြ လေ စွ။

ဗျာ​ဒိတ် 21:8

ကြောက် ရွံ့ သူ၊ သ စ္စာ မဲ့ သူ၊ ရွံ့ ရှာ ဖွယ် ပြု သူ၊ လူ သတ် ဖြစ် သူ၊ မ တ ရား မေ ထုန် ကျင့် သူ၊ နတ် ဟော သူ၊ ရုပ် ပွား ကိုး ကွယ် သူ မှ စ ၍ မု သာ သုံး သူ ဟူ သ မျှ ကား ဒု တိ ယ သေ ခြင်း တည်း ဟူ သော တောက် လောင် ရာ ကန့် မီး အိုင် တွင် ဆိုင် ရာ ဝေ ပုံ ခံ ရ ကြ လ တ္တံ့ ဟု ငါ့ အား မိန့် တော် မူ၏။

တ​ရား​ဟော 12:29-31

သင် တို့ ဝင် ရောက် ပိုင် ယူ မည့် ပြည် ရှိ လူ မျိုး ခြား တို့ ကို သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပယ် ဖျက် တော် မူ သည့် အ လျောက်၊ တိုက် ယူ ပြီး လျှင် နေ ထိုင် ခွင့် ရ ကြ သည့် ကာ လ၊ယဇ် ပ လ္လင် များ ကို ဖြို လှဲ ခြင်း၊ ကျောက် တိုင် များ ကို ချိုး ဖဲ့ ခြင်း၊ တံ ခွန် တိုင် များ ကို မီး တိုက် ခြင်း၊ ရုပ် တု ဘု ရား များ ကို ခုတ် လှဲ ခြင်း ပြု၍၊ အ မည် ကို ပင် ထို နေ ရာ မှ ပယ် ဖျက် ကြ ရ မည်။သင် တို့ ရှေ့ ပယ် ရှား ခံ ပြီး သော လူ မျိုး တို့ ထုံး နည်း သို့ ကျော့ မိ ရာ မ ရောက် ရန်လည်း ကောင်း၊ ထပ် တူ ပြု လို သ မှု၊ ထို လူ မျိုး ခြား တို့ သည် ကိုယ့် ဘု ရား များ ကို မည် သို့ ဝတ် ပြု ကြ သ နည်း ဟူ၍ ချင်း တို့ ဘု ရား များ အ ကြောင်း မ မေး မြန်း ရန်လည်း ကောင်း၊ သ တိ မူ ကြ လော့။ထာ ဝ ရ ဘု ရား မုန်း ထား ရွံ ရှာ တော် မူ သ မျှ အ တိုင်း၊ ကိုယ့် ဘု ရား များ ကို ဝတ် ပြု လျက်၊ သား သ မီး များ ကို ပင် မီး ဖြင့် ဆက် ကပ် ကြ သော ကြောင့် ချင်း တို့ ထုံး နည်း အ လိုက်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ဝတ် မ ပြု ကြ လင့်။

ယေ​ရ​မိ 10:3-5

တော သစ် ပင် ကို ရွေး ခုတ် ခြင်း၊ စူး ဆောက် ဖြင့် ပန်း ပု ထု လုပ် ခြင်း၊ ရွှေ ငွေ ဖြင့် ခြယ် လှယ် ခြင်း၊ မ လဲ စေ ခြင်း ငှာ၊ တူ ဖြင့် သံ မှို နှက် ခြင်း အ မှု ဖြစ် သော၊ လူ မျိုး ခြား တို့၏ ထုံး တမ်း သည်၊ အ န တ္တ ဖြစ် ၏။လူ မ ထမ်း ဘဲ မ ရွေ့ နိုင်၊ စ ကား မ ပြော နိုင် သော၊ သ ခွား ခင်း ရှိ ငှက် ချောက် တိုင် ကဲ့ သို့ ဖြစ် သည် တ ကား။ မ ကောင်း ကျိုး၊ ကောင်း ကျိုး မ ပေး နိုင် သော ကြောင့်၊ မ ကြောက် ရွံ့ ကြ နှင့် ဟု မိန့် တော် မူ၏။

ဟေ​ရှာ​ယ 46:1-2

ဗေ လ ဘု ရား သည် ဦး ညွှတ် ခြင်း၊ နေ ဗော ဘု ရား သည် ပျပ် ဝပ် ခြင်း ပြု ရ၏။ ၎င်း ရုပ် တု များ ကို သား ယဉ် တိ ရ စ္ဆာန် များ ပေါ် တွင် တင် ကြ သည့် အ လျောက်၊ သင် တို့ ပင့် ဆောင် တတ် ကြ သော အ ရာ များ ကို ဝန် အ ဖြစ် မော ဟိုက် စွာ ရုန်း သွား ကြ ရ၏။အ စ က ပင် အ ဆုံး ကို လည်း‌ ကောင်း၊ အ တိတ် က ပင် အ နာ ဂတ် အ ရာ များ ကိုလည်း‌ ကောင်း၊ ဖော် ပြ ခြင်း။ ငါ့ အ ကြံ တည်၍ အ လို ရှိ သ မျှ ကို ပြီး မြောက် စေ မည် ဟု မိန့် မြွက် ခြင်း၊အ လို တော် အ တိုင်း ပြီး မြောက် စေ ရန်၊ ဝေး ကွာ သော အ ရှေ့ မျက် နှာ မှ၊ ငှက် ရဲ သ ဖွယ် ဖြစ် သူ့ အား ခေါ် ခြင်း များ ကို ငါ ပြု၏။ မု ချ အား ဖြင့်၊ ငါ မိန့် ခဲ့ သည့် အ တိုင်း ဖြစ် စေ လိမ့် မည်။ ပြ ဌာန်း ခဲ့ သည့် အ တိုင်း စီ ရင် လိမ့် မည်။ဖြောင့် မတ် ခြင်း နှင့် ဝေး ကွာ လျက်၊ စိတ် ရဲ ဝံ့ သူ တို့၊ နာ ခံ ကြ လော့။အောင် မြင် တော် မူ ခြင်း ကို ငါ ချဉ်း ကပ် စေ ပြီ။ ဝေး ကွာ သည် မ ဟုတ်။ ကယ် တင် တော် မူ ခြင်း လည်း ဆိုင်း လင့် မည် မ ဟုတ်။ ဇိ အုန် တောင်၌ ကယ် တင် တော် မူ ခြင်း ကို လည်း‌ ကောင်း၊ ဣ သ ရေ လ လူ မျိုး တို့၌ ဘုန်း တော် ကို လည်း‌ ကောင်း ငါ တည် စေ မည်။ထို ဝန် ကို လွတ် မြောက် ခွင့် မ ပြု နိုင် ဘဲ၊ ဦး ညွှတ် ပျပ် ဝပ် လျက် ပင် သုံ့ ပန်း ခံ ရ လေ စွ တ ကား။

ကော​လော​သဲ 3:5

သို့ ဖြစ်၍ မြေ ကြီး ပေါ် ရှိ သင် တို့ ကိုယ် အင်္ဂါ ပ ယော ဂ များ တည်း ဟူ သော မ တ ရား မေ ထုန် ပြု ခြင်း၊ ညစ် ညူး ခြင်း၊ ကိ လေ သာ လိမ်း ကျံ ခြင်း၊ မ ကောင်း တပ် မက် ခြင်း၊ ရုပ် ပွား ကိုး ကွယ် ခြင်း ဖြစ် သော လော ဘ ရှိ ခြင်း များ ကို ကွပ် မျက် ကြ လော့။

၂ ကော 6:16-17

ဘု ရား သ ခင့် ဗိ မာန် တော် နှင့် ရုပ် ပွား ဆင်း တု များ သည် မည် သို့ ဆိုင် အံ့ နည်း။ ငါ သည် သူ တို့ ဘောင် တွင် ကိန်း ဝပ် လျက် စင်္ကြံ ကြွ ရာ သူ တို့ ဘု ရား သ ခင် ဖြစ် မည်။ သူ တို့ လည်း ငါ့ လူ မျိုး ဖြစ် လိမ့် မည် ဟု ဘု ရား သ ခင့် ဗျာဒိတ် တော် ရှိ သည့် အ တိုင်း ပင် ငါ တို့ သည် အ သက် ရှင် သော ဘု ရား သ ခင့် ဗိ မာန် တော် ဖြစ် ကြ ၏။ထို ကြောင့် သူ တို့ ဘောင် မှ ထွက်၍ မ သန့် ရာ ကို မ ထိ ဘဲ သီး ခြား နေ ကြ လော့ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ ငါ သည် သင် တို့ ကို လက် ခံ ပြီး လျှင်၊

သုတ္တံကျမ်း။ 3:5-6

ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။

မဿဲ 6:24

တစ် ဦး ကို မုန်း ၍ တစ် ဦး ကို ချစ် ခြင်း၊ တစ် ဦး ကို လိုက် နာ၍ တစ် ဦး ကို မ လေး မြတ် ခြင်း မ ပြု ဘဲ၊ သ ခင် နှစ် ဦး ထံ မည် သူ မျှ အ စေ မ ခံ နိုင် သည့် နည်း တူ သင် တို့ သည် ဘု ရား သ ခင်၏ အ စေ၊ ဓ န၏ အ စေ နှစ် ရပ် ကို မ ခံ နိုင် ကြ။

ယာ​ကုပ် 4:4

အ ချင်း မျောက် မ ထား သူ တို့၊ ဤ လော က နှင့် မိတ် ဖွဲ့ ခြင်း သည် ဘု ရား သ ခင် ကို ရန် ဘက် ပြု ခြင်း ဖြစ် ကြောင်း မ သိ ကြ လော။ သို့ ဖြစ်၍ မည် သူ မ ဆို ဤ လော က နှင့် မိတ် ဖြစ် လို လျှင် ဘု ရား သ ခင် ကို ရန် ဘက် ပြု သူ ဖြစ် လိမ့် မည်။

ဖိ​လိပ္ပိ 3:18-19

အ ထက် က ကြိမ် ဖန် များ စွာ ငါ ပြော ခဲ့ သည့် ပြင် ယ ခု လည်း မျက် ရည် ကျ လျက် ပြော ရ သည့် အ တိုင်း အ များ တို့ သည် ခ ရစ် တော်၏ ကား တိုင် တော် ကို ရန် မူ၍ လျှောက် လိုက် ကြ လေ စွ။ဤ မြေ ကြီး အ ရေး များ ကို ဂ ရု စိုက် သော ထို သူ တို့ အ ဆုံး သည် ပျက် စီး ခြင်း၊ ဘု ရား လည်း အူ မ တောင့် ခြင်း ဖြစ် လျက် ကိုယ့် အ ရှက် ကွဲ ရာ၌ ဝါ ကြွား တတ် ကြ၏။

သုတ္တံကျမ်း။ 14:27

ထာ ဝ ရ ဘု ရား ကို ခန့် ညား ခြင်း သည်၊ သေ မင်း၏ ညွှတ် ကွင်း မှ လွှဲ ရှောင် ရန် အ သက် စမ်း ရေ ဖြစ်၏။

ဆာ​လံ 16:4

ဖောက် ပြန် သူ တို့၏ စိတ် ဒု က္ခ တိုး ပွား လိမ့် မည်။ ငါ သည် ထို သူ တို့ ဆက် သ သော အ သွေး သ က္ကာ များ ကို ဆက် သ ခြင်း၊ သူ တို့ နာ မ များ ကို နှုတ် မြွက် ခြင်း ပြု မည် မ ဟုတ်။

ဧ​ဖက် 5:11

အ ကျိုး မဲ့ သော မှောင် မိုက် အ ကျင့် များ နှင့် မ ဆက် ဆံ သည် သာ မ က ၎င်း အ ပြစ် ကို ဖော် ပြ ကြ လော့။

ယေ​ရ​မိ 14:22

လူ မျိုး ခြား တို့ ၏ အ တု ဘု ရား များ အ နက်၊ မိုး ရွာ စေ နိုင် သော ဘု ရား ရှိ သ လော။ မိုး လည်း အ လျောက် ဘာ သာ ရွာ နိုင် သ လော။ ကိုယ် တော် သာ လျှင် အ ကျွန်ုပ် တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖြစ် သည် မ ဟုတ် ပါ လော။ ထို အ ခြင်း အ ရာ ဟူ သ မျှ ကို စီ မံ တော် မူ သော ကိုယ် တော် အား၊ အ ကျွန်ုပ် တို့ စောင့် မြော် ကြ ပါ၏။

မဿဲ 10:34-36

ဤ မြေ ကြီး ပေါ် တွင် ရန် ငြိမ်း ခြင်း ကို စေ လွှတ် ရန် ငါ ရောက် လာ သည် ဟု မ အောက် မေ့ ကြ နှင့်။ ရန် ငြိမ်း ခြင်း ကို မ ဟုတ် ဓား ဘေး သင့် စေ ရန် ရောက် လာ၏။သား သည် ဖ ခင် ကို လည်း ကောင်း၊ သ မီး သည် မိ ခင် ကိုလည်း ကောင်း၊ ချွေး မ သည် ယော က္ခ မ မိန်း မ သူ ကိုလည်း ကောင်း၊ ဆန့် ကျင် ဘက် ပြု စေ သည့် ပြင်။အိမ် ထောင် သား တို့ လည်း အ ချင်း ချင်း ရန် မူ စေ ရန် ငါ ရောက် လာ ပြီ။

ဟေ​ဗြဲ 13:8

ယေ ရှု ခ ရစ် သည် ယ မန် နေ့၊ ယ နေ့ နှင့် က မ္ဘာ အ ဆက် ဆက် မ ပြောင်း မ လဲ တည် တော် မူ ၏။

ဦးစာအုပ်

ဘုရားသခင်၏ ရုပ်တုဆင်းတုများအပေါ် စီရင်ခြင်းဘုရားသခင်၏တရားတော်နှင့် မှော်ပညာယုံတမ်းစကားနှင့် မှားယွင်းသော အယူအဆများနတ်ကိုးကွယ်မှုအတွက် ပူဇော်သက္ကာများယုံကြည်မှုအစွဲများရုပ်တုကိုးကွယ်မှုနှင့် မှားယွင်းသောနတ်ဘုရားများကို ငြင်းပယ်ခအောက်လမ်းပညာဝိညာဉ်ရေးရာ ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းမျဝိညာဉ်ရေးရာ လှည့်ဖြားမှုများဘုရားအတုများကိုဖော်ထုတ်ခြင်းနတ်ကိုးကွယ်မှု အမှားအယွင်းများအဆောင်လက်ဖွဲ့တွေကို အားကိုးတာရဲ့ အန္တရာယ်များအစွဲအလမ်းတွေကို ဖြတ်တောက်နည်းဗေဒင်ဟောခြင်း၏ မှားယွင်းသော ယုံကြည်မှုများယုံကြည်ကိုးကွယ်မှု ဓလေ့ထုံးစံများမှော်အတတ်နှင့် နတ်ဝိဇ္ဇာ အယူမှားများယုံကြည်ကိုးကွယ်မှု ၊ ဆန်တေးရီးယားဗေဒင်ပညာနှင့် ဟောကိန်းအပရမေတ္တာအယူမှားများကို စွန့်လွှတ်ရန်ဘုရားသခင်၏ ရုပ်တုကိုးကွယ်မှုကို ငြင်းပယ်ခြင်းဘုရားသခင်၏တန်ခိုး နှင့် မှော်အတတ်အောက်လိုက်စရာမဟုတ်တဲ့ မှော်ပညာတွေရဲ့ အန္တရာယ်များဝိညာဉ်နှင့် နတ်ဝင်သည်များ၏ မဟုတ်မမှန်ဇာတ်လမ်းများဝိညာဉ်ခေါ်ခြင်းရုပ်တုကိုးကွယ်မှု ပပျောက်ရေးနှင့် ယဇ်ပလ္လင်များ ဖျက်ဆီးခြင်းအတုအယောင်ပရောဖက်များနှင့် လှည့်စားမှုများမှော်အတတ်၏သွေးဆောင်မှုကို တွန်းလှန်နည်းမှော်အတတ်ပညာ ဆိုးကျိုးများကို ငြင်းဆန်ကြပါစို့ဘုရားရှင်မှတပါး အခြားကိုးကွယ်ရာများကို စွန့်လွှတ်ခြင်း၏ အရေးမှော်အတတ်နှင့် ဂါထာမန္တန်များ၏ အလွဲသုံးစားမှုများဘုရားသခင်ကိုသာ ယုံကြည်ကိုးကွယ်ပါမှော်အတတ်ပညာ တားမြစ်ချက်ဗေဒင်ဟောစာတမ်းနှင့် နက္ခတ်ဗေဒင်များ၏ လှည့်ဖြားမှုများ
ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ