ကိုယ့်ကို ဘယ်သူက ယေရှုလိုမျိုး ချစ်နိုင်မှာလဲ။ သူ ချစ်ခဲ့သလိုမျိုး ဘယ်သူက ချစ်ပေးနိုင်မှာလဲ။ လူတိုင်း ကိုယ့်ကို စွန့်ပစ်ချိန်မှာ သူက ပွေ့ဖက်ခဲ့တယ်။ လူတွေ ကိုယ့်ကို လက်ညှိုးထိုးပြီး အပြစ်တင်နေချိန်မှာ၊ သူ့ရဲ့ ကျေးဇူးတော်က ကိုယ့်ဆီ ရောက်လာခဲ့တယ်။ ကောင်းကင်ဘုံကနေ ကိုယ့်ရဲ့ ပျောက်ဆုံးနေမှုကို မြင်တော့ ကိုယ့်နေရာမှာ အစားဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကိုယ်က သူ့ကို အရင်ချစ်လို့ မဟုတ်ဘူး၊ ကိုယ့်ကို မသိခင်ကတည်းက သူက ချစ်နေခဲ့ပြီးသား။
ဒါကြောင့် သူ့ရဲ့ ပလ္လင်နဲ့ ဘုန်းအသရေကို စွန့်လွှတ်ပြီး ကိုယ့်ရဲ့ မကောင်းမှုတွေကို ဆေးကြောသန့်စင်ပေးဖို့၊ သန့်ရှင်းသူ ဖြစ်လာစေဖို့ သစ်သားတိုင်မှာ သွေးသွန်းခဲ့တယ်။ ကိုယ့်ရဲ့ ငြိမ်သက်ခြင်းအတွက် သူ ပြစ်ဒဏ်ကို ခံယူခဲ့တယ်။ သူ့ရဲ့ ဒဏ်ရာတွေကြောင့် ကိုယ့်ရဲ့ ရောဂါဝေဒနာတွေ ပျောက်ကင်းခဲ့တယ်။
ကိုယ့်အတွက် ကိုယ်ကျိုးစွန့်ရတာ ဘယ်တုန်းကမှ သူ့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ခဲ့ဘူး။ ကြာပွတ်တိုင်းမှာ ကိုယ့်နာမည်ကို သူ ရွတ်ဆိုနေခဲ့တယ်။ ဘာလို့လဲဆိုတော့ သူ ကိုယ့်ကို ချစ်လို့၊ သူ့မှာ ကိုယ် ပြည့်စုံတဲ့ ဘဝနဲ့ နေထိုင်စေချင်တဲ့ ဆန္ဒရှိလို့ပဲ။ ကိုယ့်အတွက် သူ သစ်တိုင်မှာ အသက်စွန့်ခဲ့လို့ ရတဲ့ ကောင်းကျိုးတွေကို ခံစားစေချင်လို့ပဲ။
ဒါကြောင့် ဒီလို ကြီးမြတ်တဲ့ ကျေးဇူးတော်ကို လျှော့တွက်မထားပါနဲ့။ ကိုယ့်ရဲ့ အစွမ်းကုန် သူ့ကို ချစ်ပါ။ နေ့တိုင်း သူ့ကို နှစ်သက်စေမယ့် အရာတွေကို လုပ်ပါ။ သူ့ရဲ့ ရှေ့တော်မှာ အမြဲရှိနေပါ။ သန့်ရှင်းသော ဝိညာဉ်တော်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပါစေ။
သူ့ရဲ့ နာမတော် ဘုန်းအသရေအတွက် အသက်ရှူပါ။ ကိုယ့်ရဲ့ အစွမ်းကုန် သူ့ကို လုပ်ကျွေးပါ။ ယေရှုက ကျွန်တော်တို့ကို ချစ်တယ်။ ဒီချစ်ခြင်းကြောင့် သူ့အသက်ကို စွန့်ပြီး ကျွန်တော်တို့ကို ထာဝရအသက် ပေးခဲ့တယ်။ ဒီ ကိုယ်ကျိုးစွန့်မှုကြောင့် ကျွန်တော်တို့ရဲ့ အပြစ်တွေကနေ ကယ်တင်ခံရတယ်။ ဟေဗြဲ ၉:၂၈ မှာ ပြောထားသလိုပဲ “လူအများရဲ့ အပြစ်တွေကို ခွင့်လွှတ်ဖို့ ခရစ်တော်ကို တစ်ကြိမ်တည်းပဲ ယဇ်ပူဇော်ခဲ့တယ်။ အပြစ်ကို သယ်ဆောင်ဖို့ မဟုတ်ဘဲ သူ့ကို မျှော်လင့်နေသူတွေကို ကယ်တင်ဖို့ ဒုတိယအကြိမ် ပေါ်ထွန်းလာလိမ့်မယ်။”
သင် တို့ ကို ချစ်၍ ဘု ရား သ ခင့် စိတ် တော် ပြေ ဖွယ် ရ နံ့၊ ပူ ဇော် ရာ အ လှူ ဝ တ္ထု အ ဖြစ် ငါ တို့ အ တွက် ကိုယ် ကို စွန့် တော် မူ သော ခ ရစ် တော့် နည်း တူ မေ တ္တာ တ ရား၌ ကျင့် ကြံ ကြ လော့။
ဦး စွာ ငါ နာ ခံ ရ သည့် အ တိုင်း သင် ကြား ခဲ့ သည် မှာ ခ ရစ် တော် သည် ကျမ်း ဂန် အ ရ ငါ တို့ အ ပြစ် တွက် အ သေ ခံ တော် မူ ကြောင်း၊ငါ တို့ လည်း နာ ရီ တိုင်း အ န္တ ရာယ် ခံ လျက် အ ဘယ့် ကြောင့် နေ ကြ သ နည်း။ညီ အစ် ကို တို့၊ ငါ သည် နေ့ တိုင်း သေ ဒဏ် ခံ လျက် နေ သည် ဟု ငါ တို့ အ ရှင် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့ အ တွက် ကြောင့် ဂုဏ် ရောက် ခွင့် ကို တိုင် တည် လျက် ငါ ဆို၏။ဧ ဖက် မြို့ တွင် လူ တို့ ဘာ ဝ သား ရဲ များ နှင့် ငါ တိုက် လှန် ခဲ့ သော် လည်း မည် သည့် အ ကျိုး နည်း။ သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း မ ရှိ က နက် ဖြန် သေ ရ မည် ဖြစ်၍ စား သောက် လျက် နေ ကြ ကုန် အံ့။အ ထင် မ လွဲ ကြ နှင့်။ ယုတ် မာ သော ပေါင်း သင်း ခြင်း ဖြင့် ပါ ရ မီ မြတ် ပျက် ယွင်း တတ် ၏။ပြစ် မှား လျက် မ နေ ဘဲ ဖြောင့် မတ် စွာ နိုး ကြား ကြ လော့။ အ ချို့ တို့ သည် ဘု ရား သ ခင် နှင့် အ ကျွမ်း အ ဝင် ကင်း ကြ လေ စွ။ ဤ သို့ ဆို သည် ကား သင် တို့ ရှက် စေ ရန် တည်း။သို့ ရာ တွင် သူ သေ တို့ ကို မည် သို့ ရှင် ပြန် ထ မြောက် စေ အံ့ နည်း။ မည် သည့် ခ န္ဓာ မျိုး နှင့် ပေါ် လာ ကြ အံ့ နည်း ဟု တစ် ဦး တစ် ယောက် မေး လိမ့် မည်။အ ချင်း လူ မိုက်၊ သင် စိုက် ပျိုး သော မျိုး စေ့ မ ပျက် လျှင် ရှင် မည် မ ဟုတ်။သင် စိုက် သည် မှာ လည်း ဂျုံ မျိုး ဖြစ် စေ၊ အ ခြား မျိုး ဖြစ် စေ၊ ဖြစ် လ တ္တံ သော ခ န္ဓာ ကို မ ဟုတ်၊ အ စေ့ မျှ ကို စိုက် ရာ။ဘု ရား သ ခင် သည် မျိုး စေ့ အ သီး အ သီး အား ဆိုင် ရာ ခ န္ဓာ ကို အ လို တော် အ လျောက် သ နား တော် မူ၏။အ သား ရှိ သ မျှ သည် တစ် မျိုး တည်း မ ဟုတ်။ လူ၏ အ သား တစ် မျိုး၊ မြေ သ တ္တ ဝါ၏ အ သား တစ် မျိုး၊ လေ သ တ္တ ဝါ၏ အ သား တစ် မျိုး၊ ရေ သ တ္တ ဝါ၏ အ သား တစ် မျိုး ရှိ၏။သင်္ဂြိုဟ် ခံ တော် မူ၍ ကျမ်း ဂန် အ ရ သုံး ရက် လည် သော နေ့ တွင် ရှင် ပြန် ထ မြောက် တော် မူ ကြောင်း၊
သား တော်၏ အ သွေး တော် ကြောင့် ကြွယ် ဝ သော ကျေး ဇူး တော် အ လျောက် ငါ တို့ အား ရွေး နုတ် တော် မူ ခြင်း တည်း ဟူ သော ကျူး လွန် မှု များ ပြေ လွတ် ခွင့် ကို ပေးသ နားတော် မူ သည့် ပြင်၊
ခ ရစ် တော် လည်း အ များ တို့၏ အ ပြစ် ကို ခံ ခြင်း ငှာ တစ် ကြိမ် တည်း ဆက် ကပ် ခံ တော် မူ ပြီး နောက် ကိုယ် တော် ကို စောင့် မျှော် သူ တို့ အား ကယ် တင် ခြင်း ငှာ ပြစ် ဒဏ် မ ခံ ဘဲ ဒု တိ ယ အ ကြိမ် ပေါ် ထွန်း တော် မူ ဦး မည်။
ဘုရားသခင်သည် သားတော်ကိုယုံကြည်သူတိုင်းမပျက်စီးဘဲ ထာဝရအသက်ရစေခြင်းငှာ၊ ဧကပုတ္တသားတော်ကိုအပ်ပေးသည့်တိုင်အောင် ဤလောကသားတို့အား မေတ္တာသက်တော်မူ၏။
ကွပ် မျက် ခံ ပြီး သော သိုး ငယ် တော် သည် တန် ခိုး တော်၊ စည်း စိမ် တော်၊ ပ ညာ တော်၊ အ စွမ်း တော်၊ ဂုဏ် တော်၊ ဘုန်း တော်၊ မင်္ဂ လာ တော် များ ကို ပိုင် ထိုက် တော် မူ ပါ သည် ဟု ကျယ် သော အ သံ နှင့် မြွက် ဆို ကြ သည် ကို ငါ ကြား ရ သည့် ပြင်။
အ ဗ္ဗ အ ဘ၊ ကိုယ် တော် သည် အ ရာ ခပ် သိမ်း ကို တတ် နိုင် တော် မူ ပါ သည်။ ဤ ခွက် ကို အ ကျွန်ုပ် မှ ရုပ် သိမ်း တော် မူ ပါ။ သို့ သော် လည်း အ ကျွန်ုပ် အ လို အ တိုင်း မ ဟုတ်။ အ လို တော် အ တိုင်း ဖြစ် စေ တော် မူ ပါ ဟု လျှောက် တော် မူ ၏။
ယေ ရု ရှ လင် မြို့ ရောက် ငါ တို့ သွား ကြ၏။ လူ့ သား သည် ပ ရော ဟိတ် ကြီး တို့ နှင့် ကျမ်း တတ် ဆ ရာ တို့ ထံ ပို့ အပ် ခံ ရ သ ဖြင့် ထို သူ တို့ သည် သေ ဒဏ် စီ ရင် ပြီး လျှင်သ ရော် ရိုက် နှက်၍ ကား တင် စေ ရန် လူ မျိုး ခြား တို့ အား အပ် လိုက် ကြ လိမ့် မည်။ သို့ ရာ တွင် သုံး ရက် လည် သော နေ့၌ ရှင် ပြန် ထ မြောက် လိမ့် မည် ဟု မိန့် တော် မူ ၏။
ယေ ရှု သည် ကျယ် သော အ သံ နှင့် ဟစ် ပြီး လျှင် အို အ ဘ၊ အ ကျွန်ုပ် ဝိ ညာဉ် ကို လက် တော် သို့ အပ် ပါ ပြီ ဟု မြွက် ဆို လျက် အ သက် စွန့် တော် မူ ၏။
ငါ တို့ လွန် ကျူး မှု များ ကြောင့် ထိ ရှ ခြင်း၊ ငါ တို့ ဒု စ ရိုက် များ ကြောင့် နှိပ် ကွပ် ခြင်း ခံ ရ၍၊ ငါ တို့ ချမ်း သာ ရာ ချမ်း သာ ကြောင်း အ ဆုံး အ မ သင့် ရောက် သည် နှင့် သူ ဒဏ် ချက် များ ကြောင့် ငါ တို့ သက် သာ ရ ကြ ၏။ငါ တို့ ရှိ သ မျှ သည် ကိုယ့် လမ်း သို့ အ သီး အ သီး လှည့် ၍၊ သိုး များ ကဲ့ သို့ လမ်း လွဲ ကြ ရာ၊ ငါ တို့ ရှိ သ မျှ ၏ ဒု စ ရိုက် ဒဏ် ကို၊ သူ့ ပေါ် တွင် ထာ ဝ ရ ဘု ရား သင့် ရောက် စေ တော် မူ ခဲ့ ပြီ။
သား တော် ရင်း ကို မ ငြင်း ဘဲ ငါ တို့ ရှိ သ မျှ အ ဖို့ အပ် တော် မူ လိုက် သော အ ရှင် သည် သား တော့် ပြင် အ ရာ ရာ ကို မ ပေး ဘဲ မည် သို့ နေ တော် မူ အံ့ နည်း။
အ ဝတ် တော် လဲ၍ က မ္ဗ လာ နီ ကို ဆင် ယင် ခြင်း၊ဆူး ဦး ရစ် ရက် ၍ ဦး ခေါင်း တော်၌ တင် ခြင်း၊ လက်ျာ လက် တော် တွင် ကျူ လုံး အပ် ခြင်း၊ ရှေ့ တော်၌ ဒူး ထောက် လျက် ယု ဒ လူ မျိုး တို့ ဘု ရင် ၌ မင်္ဂ လာ ရှိ ပါ စေ သော ဟု ပြောင် လှောင် ခြင်း
လူ့ သား လည်း စေ စား ရန် မ ဟုတ်။ အ စေ ခံ၍ လူ များ အ တွက် ရွေး နုတ် ရာ အ ဖြစ် အ သက် ကို စွန့် ရန် ရောက် လာ သည် ဟု မိန့် တော် မူ ၏။
အ သို့ ဆို သော် ကိုယ် ခ န္ဓာ၏ အ သက် သည် အ သွေး ၌ တည် သည့် အ လျောက် အ သက် ပါ သည့် အ တွက် အ သွေး ဖြင့် အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု ခွင့် ရှိ သော ကြောင့် ပူ ဇော် ရာ ပ လ္လင် တော် ပေါ် တွင် သင် တို့ ရုပ် နာမ် ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု ရန် ငါ ပေး ပြီ။
အ ပြစ် နှင့် လွတ် ခွင့် ဖြောင့် မတ် ခြင်း အ ဖို့ အ သက် ရှင် ခွင့် ကို ငါ တို့ ရ ကြ စေ ရန် ကား တိုင် ပေါ် ၌ ကိုယ် ခ န္ဓာ တော် တွင် ငါ တို့ အ ပြစ် ဝန် ကို ကိုယ် တော် တိုင် သည် ပိုး တော် မူ ရာ ဒဏ် ချက် တော် များ ကြောင့် သင် တို့ သက် သာ ရ ကြ ၏။
အ လင်း၌ ကိုယ် တော် တည် နေ တော် မူ သည့် နည်း တူ အ လင်း ၌ သွား လာ လျှင် မူ ကား အ ချင်း ချင်း ဆက် ဆံ ခွင့် ရ ကြ လျက် သား တော် ယေ ရှု၏ အ သွေး တော် သည် အ ပြစ် အ မျိုး မျိုး နှင့် ငါ တို့ ကို စင် ကြယ် စေ ၏။
ခ ရစ် တော် သည် ငါ တို့ ကို ဒု စ ရိုက် အ မျိုး မျိုး မှ ရွေး နုတ် လျက် ကောင်း မှု ပြု ရန် စိတ် စေ တ နာ ရှိ သော ပိုင် ဆိုင် ရာ လူ မျိုး တော် အ ဖြစ် သီး သန့် ခြင်း ငှာ ငါ တို့ အ တွက် ကိုယ် ကို စွန့် တော် မူ၏။
အ သို့ ဆို သော် ငါ တို့ အား နည်း လျက် ရှိ နေ သေး စဉ် သင့် ရာ အ ချိန် အ ခါ တွင် ခ ရစ် တော် သည် ဘု ရား မဲ့ နေ သူ တို့ အ ဖို့ အ သေ ခံ တော် မူ ၏။
ခ ရစ် တော် မူ ကား အ ပြစ် သား ဖြစ် လျက် နေ သေး သော ငါ တို့ အ ဖို့ အ သေ ခံ တော် မူ ရာ၌ ငါ တို့ အ ပေါ် တွင် မေ တ္တာ တော် ရှိ ကြောင်း ဘု ရား သ ခင် ထင် ရှား စေ တော် မူ သ တည်း။
လူ့ သား သည် စေ စား ရန် မ ဟုတ်။ အ စေ ခံ၍ လူ များ အ တွက် ရွေး နုတ် ရာ အ ဖြစ် အ သက် ကို စွန့် ရန် ရောက် လာ သည့် နည်း တူ ပင် ဖြစ် စေ ဟု မိန့် တော် မူ ၏။
ဘု ရား သ ခင် ကို ငါ တို့ ချစ် ကြ ရာ၌ မ ဟုတ်။ ငါ တို့ ကို ဘု ရား သ ခင် ချစ် လျက် ငါ တို့ အ ပြစ် ပြေ ရာ ပြေ ကြောင်း အ ဖြစ် သား တော် ကို စေ လွှတ် တော် မူ ရာ၌ ထင် ရှား သ တည်း။
ထာ ဝ ရ ဝိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင့် ထံ ကြန် အင် မ ယွင်း သော ကိုယ် ကို ဆက် ကပ် တော် မူ သော ခ ရစ် တော်၏ အ သွေး တော် သည် အ သေ ဖြစ် သော ကိုယ် ကျင့် များ မှ အ သက် ရှင် တော် မူ သော ဘု ရား သ ခင် အား ဝတ် ပြု စေ ရန် သင် တို့ သြ တ္တ ပ္ပ စိတ် ကို လွှတ် လျက် သာ၍ စင် ကြယ် စေ မည် မ ဟုတ် လော။
ထို သို့ ယေ ရှု ခ ရစ်၏ ကိုယ် ခ န္ဓာ တော် ကို အ ပြီး သတ် ဆက် ကပ် တော် မူ ခြင်း အား ဖြင့် ငါ တို့ သည် ထို အ လို တော် အ တိုင်း သန့် ရှင်း ရာ ရောက် ကြ လေ ပြီ။
ဘု ရား သ ခင် သည် ငါ တို့ ကို ခ ရစ် တော် ကြောင့် ကိုယ် တော်၏ ဖြောင့် မတ် တော် မူ ခြင်း ဖြစ် စေ ရန် အ ပြစ် ကင်း သော ထို အ ရှင် ကို ငါ တို့ အ တွက် အ ပြစ် ဖြစ် စေ တော် မူ ပြီ တ ကား။
ခ ရစ် တော် နှင့် အ တူ ကား တင် ခံ ပြီး ဖြစ် လျက် ငါ့ ကိုယ် တိုင် အ သက် ရှင် တော့ မည် မ ဟုတ်။ ငါ၌ ခ ရစ် တော် ရှင် နေ တော် မူ၏။ ရုပ် ခ န္ဓာ၌ ယ ခု ငါ ရှင် သည် မှာ ငါ့ အား ချစ်၍ ငါ့ အ တွက် ကိုယ် ကို စွန့် တော် မူ သော ဘု ရား သ ခင့် သား တော် ကို ယုံ ကြည် ခြင်း ကြောင့် ရှင်၏။
နောက်နေ့၌ယေရှုချဉ်းလာတော်မူသည်ကို ယောဟန်မြင်သော် ရှုကြည့်ကြလော့။ ဤလောကသားတို့၏ အပြစ်ကိုဆောင်သွားသော၊ ဘုရားသခင့်သိုးငယ်တော်တည်း။
ကား တိုင် တော်၌ သွန်း သော အ သွေး တော် ကြောင့် ရန် ငြိမ်း စေ ပြီး လျှင် မြေ ကြီး အ ရာ၊ ကောင်း ကင် အ ရာ ခပ် သိမ်း ကို သား တော် ဖြင့် မိ သ ဟာ ယ ဖွဲ့ စေ ရန် လည်း ကောင်း၊ ဘု ရား သ ခင် စေ တ နာ ရှိ တော် မူ ၏။
ထာ ဝ ရ ဘု ရား သည်၊ သူ့ ကို နှိပ် ကွပ် တော် မူ လို ၍၊ နာ စေ တော် မူ လေ စွ တ ကား။ ပြစ် ဒဏ် ပြေ ရာ သ က္ကာ အ ဖြစ်၊ ကိုယ့် အ သက် ကို ဆက် သော်၊ ကိုယ့် အ မျိုး အ နွယ် ကို မြင် ခွင့်၊ အ သက် တာ ရှည် ခွင့် ရ သည့် ပြင်၊ သူ့ လက် ဖြင့် ထာ ဝ ရ ဘု ရား ကြံ တိုင်း အောင် လိမ့် မည်။ကိုယ့် စိတ် ပင် ပန်း ခြင်း အ ကျိုး ကို မြင် ရ သ ဖြင့်၊ ရောင့် ရဲ လိမ့် မည်။ အ သိ ပ ညာ အား ဖြင့်၊ ဖြောင့် မတ် သော ငါ့ ကျွန် ရင်း သည်၊ လူ များ တို့ ဒု စ ရိုက် ဝန် ကို ထမ်း ဆောင် လျက်၊ သူ တို့ ကို ဖြောင့် မတ် ရာ ရောက် စေ လိမ့် မည်။
ငါ တို့ မြင် ရ သည် မှာ ဘု ရား သ ခင့် ကျေး ဇူး တော် ကြောင့် လူ တိုင်း အ ဖို့ သေ ဘေး ကြုံ ကြိုက် ရ အံ့ သော ငှာ စေ တ မန် တော် တို့ အောက် အ နည်း ငယ် အ နိမ့် ခံ ရ ပြီး လျှင် အ သေ ခံ ခြင်း ဒု က္ခ အ တွက် ဘုန်း သ ရေ မ ကိုဋ် နှင့် ဆင် ယင် ခံ တော် မူ သော ယေ ရှု ကို မြင် ရ ကြ သ တည်း။
အ ပြစ် တ ရား ပေး သော အ ခ သည် သေ ခြင်း ဖြစ်၏။ ဘု ရား သ ခင် သ နား တော် မူ သော ဆု တော် ကား ငါ တို့ အ ရှင် ခ ရစ် တော် ယေ ရှု ၌ ထာ ဝ ရ အ သက် ပင် တည်း။
ဦး စွာ ငါ နာ ခံ ရ သည့် အ တိုင်း သင် ကြား ခဲ့ သည် မှာ ခ ရစ် တော် သည် ကျမ်း ဂန် အ ရ ငါ တို့ အ ပြစ် တွက် အ သေ ခံ တော် မူ ကြောင်း၊
ဘု ရား သ ခင် တစ် ဆူ၊ အ လုံး စုံ တို့ အ တွက် ရွေး နုတ် ရာ အ ဖြစ် ကိုယ် ကို စွန့် တော် မူ သည့် လူ၊ ခ ရစ် တော် ယေ ရှု တည်း ဟူ သော ဘု ရား သ ခင် နှင့် လူ တို့ ကြား တွင် စေ့ စပ် သော အ ရှင် တစ် ပါး တည်း ရှိ၏။ ထို သို့ ဖြစ် ကြောင်း ကို အ ချိန် တန် သည့် ကာ လ သက် သေ ခံ ရ မည် ဖြစ်၍၊
ထို အ ရှင် သည် ရွှင် လန်း ရန် အ ကြောင်း ကို မျှော် ထောက်၍ အ ရှက် မ ငဲ့ ဘဲ ကား တင် ခံ ပြီး လျှင် ဘု ရား သ ခင့် ရာ ဇ ပ လ္လင် ယာ ဘက် တော် တွင် စံ တော် မူ၏။
သို့ ဖြစ်၍ ညီ အစ် ကို တို့၊ ယေ ရှု သည် ရုပ် ခ န္ဓာ တော် တည်း ဟူ သော ကန့် လန့် ကာ ကို ဖွင့် ပြီး လျှင် အ သက် ရှင် သော လမ်း သစ် ကို ငါ တို့ အ ဖို့ စီ မံ တော် မူ သည့် အ တိုင်း အ သွေး တော် အား ဖြင့် အ ထူး သန့် ရှင်း ရာ ဌာ န တော် တွင်း သို့ ရဲ ရင့် စွာ ဝင် ခွင့် ကို ငါ တို့ ရ ကြ သော ကြောင့် လည်း ကောင်း၊အ ကယ်၍ စုံ လင် စေ နိုင် လျှင် ဝတ် ပြု သူ တို့ သည် အ ပြီး သတ် စင် ကြယ် ရာ ရောက် သ ဖြင့် သံ ဝေ ဂ စိတ် ကင်း ပြီး ဖြစ်၍ ထို ဆက် ကပ် မှု ပြတ် စဲ လေ ပြီ မ ဟုတ် လော။
ယ ခု မူ ကား အ ထက် က ဝေး ကွာ လျက် ရှိ နေ သော သင် တို့ သည် ခ ရစ် တော် ယေ ရှု အား ဖြင့် အ သွေး တော် ကြောင့် အ ပါး တော် သို့ ရောက် ရ ကြ ပြီ။
ခ ရစ် တော် လည်း သင် တို့ ဘု ရား သ ခင် ထံ ပို့ သွင်း ရ အံ့ သော ငှာ သူ တော် ကောင်း အ ဖြစ် မ သူ တော် တို့ အ ဖို့ အ ပြစ် များ အ တွက် တစ် ကြိမ် တည်း အ သေ ခံ တော် မူ၏။ ရုပ် ခ န္ဓာ၌ သေ ဒဏ် ခံ သော် လည်း နာမ် ခ န္ဓာ၌ ရှင် တော် မူ ရာ
ဤ ကား အ ပြစ် ဖြေ လွတ် စေ ရန် လူ အ များ အ ဖို့ သွန်း သော ပ ဋိ ညာဉ် တော် ဆိုင် ရာ ငါ့ အ သွေး တည်း။
ထို အ ရှင် သည် ဆို ခဲ့ သော ပ ရော ဟိတ် မင်း တို့ ကဲ့ သို့ ဦး စွာ ကိုယ့် အ ပြစ်၊ နောက် လူ ပ ရိ သတ် အ ပြစ် များ အ တွက် ပူ ဇော် သ က္ကာ များ ကို နေ့ စဉ် ဆက် ကပ် မှု ပြု ရန် မ လို။ ကိုယ် ကို ဆက် ကပ် တော် မူ သည် ဖြစ်၍ ထို အ မှု ကို အ ပြီး သတ် တော် မူ၏။
ပ ညာ ရှိ တို့ ပ ညာ ကို ငါ ဖျက် ဆီး လျက် ဉာဏ် ကောင်း သူ တို့ ဉာဏ် ကို လည်း ငါ ကွယ် ပျောက် စေ မည် ဟူ သော ကျမ်း ချက် အ ရ ကား တိုင် တော် သ တင်း သည် ပျက် စီး ရာ ရောက် လျက် နေ သူ တို့၌ အ မိုက် ကယ် တင် ရာ လိုက် သော ငါ တို့၌ မူ ကား ဘု ရား သ ခင်၏ တန် ခိုး တော် ဖြစ်၏။
ယေ ရှု လည်း အ သွေး တော် အား ဖြင့် လူ မျိုး တော် ကို သန့် ရှင်း စေ ခြင်း ငှာ မြို့ တံ ခါး ပြင် မှာ အ သေ ခံ တော် မူ ၏။
ကပ် ရော ဂါ မှ စ၍ ဘု ရား သ ခင် ဒဏ် ခတ် ခြင်း နှင့် ရှုတ် ချ ခြင်း ကို ခံ ရ သူ ဖြစ် သည် ဟု၊ ငါ တို့ ထင် မှတ် ကြ ရာ၊ ထို သူ သည် ငါ တို့ အ နာ ရော ဂါ၊ ငါ တို့ ဝေ ဒ နာ များ ကို မု ချ ထမ်း ဆောင် သည် ပိုး သည် တ ကား။
သို့ ဖြစ်၍ ယ ခု အ ခါ အ သွေး တော် အား ဖြင့် ဖြောင့် မတ် ရာ ရောက် သော ငါ တို့ သည် ထို အ ရှင် ကြောင့် အ မျက် တော် ဒဏ် နှင့် မု ချ လွတ် ကင်း ကြ လိမ့် မည်။
၎င်း ပြင် လှီး ဖြတ် ခြင်း မင်္ဂ လာ မဲ့ ရုပ် ခ န္ဓာ နှင့် လွန် ကျူး မှု များ ကြောင့် သေ လျက် နေ ခဲ့ သော သင် တို့ ကို ကိုယ် တော် နှင့် တ ကွ ရှင် ပြန် ထ မြောက် စေ တော် မူ သော် ငါ တို့ လွန် ကျူး မှု ရှိ သ မျှ ကို ဖြေ လွှတ်၍၊ငါ တို့ တစ် ဖက် ဆန့် ကျင် လျက် ဓ မ္မ သတ် နှင့် ပြည့် သော စာ ချုပ် ကို ပယ် ဖျက် နုတ် ယူ ပြီး လျှင် ကား တိုင် တော်၌ ရိုက် ထား တော် မူ ရာ၊
အ ခြား မည် သူ ၌ မျှ ကယ် တင် ခြင်း မ တည်၊ ကယ် တင် တော် မူ ခြင်း ကို ငါ တို့ ခံ ရ စေ ရန် ကောင်း ကင် အောက် လူ့ ဘောင် တွင် ထို နာ မ မှ တစ် ပါး အ ခြား နာ မ ကို သ နား တော် မ မူ ဟု ပြန် ဆို ၏။
ထို တ ရား တော် အ ရ အ ရာ ခပ် သိမ်း ကို အ သွေး နှင့် စင် ကြယ် စေ ရ၏။ သွေး သွန်း ကင်း၍ အ ပြစ် ပြေ လွတ် ခွင့် မ ရှိ ဟု ဆို ရာ ရောက် ၏။
ယေရှုလည်း ထိုပုန်းရည်ကိုခံယူတော်မူပြီးသော် အမှုပြီးပြီဟုမိန့်မြွက်လျက် ဦးခေါင်းတော်ကိုညွှတ်၍ အသက်စွန့်တော်မူ၏။
ထို သူ သည် နှိပ် စက် ခံ ရ သော် လည်း၊ နှုတ် မ မြွက် ဘဲ ကိုယ် ကို နှိမ့် ချ၍၊ သတ် ရန် ဆွဲ ငင် သော သိုး ကဲ့ သို့ လည်း ကောင်း၊ အ မွေး ညှပ် သူ တို့ ရှေ့ ဆိတ် ဆိတ် နေ သော သိုး မ ကဲ့ သို့ လည်း ကောင်း နှုတ် မ မြွက် ဘဲ နေ ၏။
ငါ တို့ အ တွက် အ သက် စွန့် တော် မူ သည် ကို ထောက်၍ မေ တ္တာ တ ရား ကို သိ ရ ကြ သည့် အ လျောက် ငါ တို့ လည်း ညီ အစ် ကို ချင်း တို့ အ တွက် ကိုယ့် အ သက် ကို စွန့် စား သင့် ကြ ၏။
ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ကျေး ဇူး တော် ကို သင် တို့ သိ ကြ သည့် အ တိုင်း ကိုယ် တော် သည် ကြွယ် ဝ သော် လည်း ဆင်း ရဲ ခံ တော် မူ ခြင်း အား ဖြင့် သင် တို့ ကို ကြွယ် ဝ စေ ရန် သင် တို့ အ တွက် ဆင်း ရဲ သော အ ဖြစ် ကို ယူ တော် မူ၏။
သို့ ဖြစ်၍ ဤ လော က သို့ ကြွ လာ တော် မူ သည့် ကာ လ ကိုယ် တော် က ပူ ဇော် သ က္ကာ နှင့် ဘော ဇဉ် သ က္ကာ များ ကို အ လို တော် မ ရှိ သည် နှင့် အ ကျွန်ုပ် အ ဖို့ ကိုယ် ခ န္ဓာ ကို ပြင် ဆင် တော် မူ ပါ ပြီ။ကောင် လုံး မီး ရှို့ ရာ သ က္ကာ နှင့် အ ပြစ် ဖြေ ရာ သ က္ကာ များ ကို လည်း နှစ် သက် တော် မ မူ ပါ။ထို အ ခါ အို ဘု ရား သ ခင်၊ ကျမ်း ဂန် ၌ အ ကျွန်ုပ် နှင့် စပ်၍ ရေး ထား သည့် အ တိုင်း အ ကျွန်ုပ် သည် အ လို တော် ကို ဆောင် ရွက် ရန် ရောက် လာ ပါ ပြီ ဟု အ ကျွန်ုပ် ဝန် ခံ ကြောင်း ဗျာ ဒိတ် တော် ရှိ ၏။
ငါသည် ကောင်းကင်ဘုံထဲမှဆင်းသက်သောအသက်စာဖြစ်၏။ မည်သူမဆိုထိုအစာကိုစားလျှင် ကာလအစဉ်အဆက်အသက်ရှင်လိမ့်မည်။ ငါပေးမည့်အစာမှာ လောကသားတို့၏အသက်အဖို့ စွန့်သောငါ့အသားတည်းဟု မိန့်တော်မူ၏။