သင့်ရဲ့ကောင်းကင်ဘုံအဖနဲ့ ဆက်ဆံရေးကောင်းရှိဖို့ဆိုတာ သင့်အပေါ်မှာပဲ မူတည်ပါတယ်။ ဘုရားသခင်ရဲ့ရှေ့တော်မှောက်ကို ချဉ်းကပ်ခြင်းကနေ ဘာမှတားဆီးနိုင်မှာမဟုတ်ပါဘူး။ ယေရှုခရစ်တော်ရဲ့ လက်ဝါးကပ်တိုင်ပေါ်က ယဇ်ပူဇော်ခြင်းကြောင့် အတားအဆီးတွေပျက်ပြယ်သွားပြီး ဘုရားသခင်ရဲ့ ရှေ့တော်မှောက်ကို တိုက်ရိုက်ဝင်ရောက်ခွင့်ရှိပါပြီ။ ခရစ်တော်ရဲ့ အသွေးတော်ကြောင့် သင်ဟာ ရွေးနှုတ်ခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ အပြစ်ကနေ လွတ်မြောက်ခြင်းခံရပါပြီ။ ဒါကြောင့် ဘာမှ သင့်ကိုအပြစ်မတင်နိုင်ပါဘူး။
ကောင်းကင်ဘုံအဖနဲ့ ဆက်ဆံရေးကောင်းရှိဖို့ဆိုတာ သင့်ရဲ့ ဆုတောင်းခြင်းအသက်တာပေါ်မှာ မူတည်ပါတယ်။ ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်က သင့်ရဲ့နှလုံးသားထဲမှာ ကိုယ်တော်ကိုယ်တိုင်ဖွင့်ပြပြီး ကိုယ်တော်နဲ့ ဘယ်တော့မှမခွဲချင်အောင် သိကျွမ်းလာနိုင်ပါတယ်။ ဘုရားသခင်က ကောင်းမြတ်တဲ့အပြင် သင့်နဲ့ အမြဲဆက်သွယ်လိုပါတယ်။ သင့်စိတ်ဝိညာဉ်ကို ဝမ်းမြောက်စေမယ့် အရာတွေကို ဖွင့်ပြပေးပါတယ်။ ကိုယ်တော်ရဲ့ရှေ့တော်မှောက်ကနေ သင်ဝေးသွားတာကို ဘုရားသခင်မလိုလားပါဘူး။ သားသမီးတွေအတွက် သိုထားတဲ့ နက်နဲဆုံးလျှို့ဝှက်ချက်တွေကို သင်သိရှိနိုင်ဖို့ ကိုယ်တော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတည်ဆောက်လိုပါတယ်။ ဒီဆက်ဆံရေးကို ဆုတောင်းခြင်း၊ ဘုရားစကားတော်ကို လေ့လာခြင်း၊ ဘုရားစကားတော်ကို ယုံကြည်လိုက်နာခြင်းတွေကနေတစ်ဆင့် တည်ဆောက်နိုင်ပါတယ်။
ဘုရားသခင်က ကျွန်ုပ်တို့ကို ထာဝရအသက်နဲ့ တန်ခိုးတော်ကို ပေးသနားခဲ့ပေမယ့် ဒီတန်ခိုးတော်ရဲ့ ထင်ရှားပြသခြင်းဟာ ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးအပေါ်မှာ မူတည်ပါတယ်။ သင့်အသက်တာအတွက် ဘုရားသခင်ရဲ့ အစီအစဉ်တွေက ဘာတွေလဲဆိုတာ သင်သိချင်ပြီး ဘုရားသခင် သင့်ကို ပြောပြပြီး လမ်းညွှန်ပေးဖို့ လိုလားပါလိမ့်မယ်။ ဒါပေမယ့် ဘုရားသခင်ရဲ့အဖြေကို နားထောင်ဖို့ မချဉ်းကပ်ဘူး၊ ဘုရားစကားတော်ကို မလေ့လာဘူးဆိုရင်၊ တစ်နည်းအားဖြင့် ဘုရားသခင်နဲ့ ဆက်ဆံရေးမရှိဘူးဆိုရင် ကိုယ်တော်ရဲ့ လမ်းညွှန်ချက်ကို သင်မရရှိနိုင်ပါဘူး။ ဒီနေ့ပဲ ဘုရားသခင်နဲ့ သင့်ရဲ့ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ပြီး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်လိုက်ပါ။
သင် မူ ကား ပ ဌ နာ ပြု သည့် ကာ လ အ တွင်း ခန်း ထဲ သို့ ဝင်၍ တံ ခါး ပိတ် ထား ပြီး လျှင် မ ထင် မ ရှား စံ နေ သော ကိုယ့် အ ဘ အား ပ ဌ နာ ပြု လော့၊ မ ထင် ရှား ရာ ကို ရှု မြင် တော် မူ သော သင့် အ ဘ သည် အ ကျိုး ဆက် ကို သ နား တော် မူ လိမ့် မည်။
သို့ နှင့် အ ညီ ဆိုး သွမ်း သော သင် တို့ ပင် သား သ မီး တို့ အား ကောင်း ရာ ကို ပေး တတ် လျှင် ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ သည် လျှောက် တောင်း သူ တို့ အား ကောင်း ရာ ကို သာ၍ သ နား တော် မူ မည် မ ဟုတ် လော။
နာမတော်ကိုယုံကြည်သူတို့တည်းဟူသော လက်ခံသူဟူသမျှတို့အား၊ ဘုရားသခင်၏ သားဖြစ်ထိုက်သောအခွင့်ကိုသနားတော်မူ၏။ထိုသားတို့သည်အသွေးချင်းအားဖြင့်မဟုတ်။ အသားရမ္မက်အားဖြင့်မဟုတ်။ လူ့ဆန္ဒအားဖြင့်လည်းမဟုတ်။ ဘုရားသခင့်အားဖြင့်ဖွားရကြ၏။
ငါ တို့ အ ရှင် တည်း ဟူ သော သား တော် ယေ ရှု ခ ရစ် နှင့် ပေါင်း သင်း ဆက် ဆံ ခွင့် ရှိ စေ ခြင် ငှာ သင် တို့ ကို ခေါ် ထား တော် မူ ခဲ့ သော ဘု ရား သ ခင် သည် သ စ္စာ စောင့် တော် မူ၏။
ငါ တို့ နှင့် အ တူ သင် တို့ လည်း ဆက် ဆံ ခွင့် ရ ကြ အံ့ သော ငှာ ထို သို့ သိ မြင် ကြား နာ ခဲ့ ရာ အ ရေး ကို ပင် သင် တို့ အား ကြား ပြော ကြ သ တည်း။ ငါ တို့ သည် ခ မည်း တော် နှင့် လည်း ကောင်း၊ သား တော် ယေ ရှု ခ ရစ် နှင့် လည်း ကောင်း၊ ဆက် ဆံ ခွင့် ရ ကြ ပြီ ဖြစ်၍
ဘု ရား သ ခင့် ဝိ ညာဉ် တော် အ ပို့ အ ဆောင် ခံ ရ သ မျှ သော သူ တို့ သည် ဘု ရား သ ခင့် သား များ ဖြစ် ကြ၏။
ယေရှုက မည်သူမဆိုငါ့ကိုချစ်လျှင် ငါ့တရားကိုစောင့်ရှောက်လိမ့်မည်။ ငါ့ခမည်းတော်လည်း ထိုသူ့ကိုမေတ္တာသက်တော်မူ၍ သူ့ထံငါတို့ကြွပြီးလျှင်အတူကိန်းဝပ်မည်။
ဘု ရား သ ခင့် သား သ မီး များ ဟု ငါ တို့ အ ခေါ် ခံ ရ စေ ရန် ခ မည်း တော် သည် ငါ တို့ အ ပေါ်၌ မည် မျှ မေ တ္တာ ရှိ တော် မူ ကြောင်း ဆင် ခြင် ကြ လော့။ သား သ မီး များ မု ချ ဖြစ် သော ကြောင့် ဤ လော က သား တို့ သည် ကိုယ် တော် မှန်း မ သိ၍ ငါ တို့ ကို မ သိ မ မှတ် ကြ။
မြေ ကြီး ပေါ် ရှိ မည် သူ့ ကို မျှ အ ဘ ဟူ၍ မ ခေါ် ကြ နှင့်။ သင် တို့၌ ကောင်း ကင် ဘုံ စံ အ ဘ တစ် ပါး တည်း ရှိ၏။
ငါ့ နာ မ ကို ထောက်၍ နှစ် ဦး သုံး ဦး တို့ စည်း ဝေး လျှင် စည်း ဝေး ရာ ထို သူ တို့ အ လယ် တွင် ငါ ရှိ သည် ဟု မိန့် တော် မူ၏။
ယေရှုက ငါဧကန်အမှန်ဆိုသည်ကား၊ သင်တို့သည်လူ့သား၏အသားကိုမစား၊ အသွေးကိုမသောက်လျှင် အသက်ရရှိပြီမဟုတ်။
ဘု ရား သ ခင် သည်၊ သန့် ရှင်း သော ဘုံ ဗိ မာန် တွင်၊ ဘ သက် ဆိုး တို့ အ ဘ၊ မု ဆိုး မ တို့ တ ရား မင်း အ ဖြစ် စံ နေ တော် မူ၏။
ခ ရစ် တော် အား ဖြင့် နာမ် ဝိ ညာဉ် အ ဖို့ ကောင်း ကင် ဆိုင် ရာ မင်္ဂ လာ အ မျိုး မျိုး ကို သ နား တော် မူ သော ငါ တို့ အ ရှင် ယေ ရှု ခရစ် ၏ ခ မည်း တော် ဘု ရား သ ခင်၌ မင်္ဂ လာ ရှိ ၏။
ဘု ရား သ ခင် ကြောင့် ငါ တို့ ခံ ရ သော နှစ် သိမ့် ခြင်း အား ဖြင့် မည် သည့် ဒု က္ခ မ ဆို ခံ နေ ရ သူ တို့ ကို နှစ် သိမ့် စေ ခွင့် ရှိ အံ့ သော ငှာ ငါ တို့ ခံ သ မျှ သော ဒု က္ခ၌ နှစ် သိမ့် စေ တော် မူ သည့် အ လျောက် က ရု ဏာ သက် တော် မူ သော အ ဘ၊ နှစ် သိမ့် ခြင်း အ မျိုး မျိုး ပေး တော် မူ သော ဘု ရား၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ခ မည်း တော် ဘု ရား သခင် ၌ မင်္ဂ လာ ရှိ ၏။
အောင် မြင် သူ သည် ထို သို့ ဝတ် လုံ ဖြူ ဆင် ရ လိမ့် မည်။ သူ့ အ မည် ကို လည်း အ သက် စာ ရင်း မှ ငါ ချေ ဖျက် မည် မ ဟုတ် ဘဲ ငါ့ ခ မည်း တော် နှင့် စေ တ မန် တော် တို့ ရှေ့ ဝန် ခံ မည်။
ငါလည်း ခမည်းတော်ထံ တောင်းလျှောက်၍ သင်တို့နှင့်အစဉ်တည်နေစေရန် သမ္မာတရားဆိုင်ရာဝိညာဉ်တော်တည်းဟူသော အမှုဆောင်တစ်ပါးကို သနားတော်မူလိမ့်မည်။ ထိုဝိညာဉ်တော်ကို ဤလောကသားတို့သည်မမြင်မသိသောကြောင့် မခံမယူနိုင်ကြ။ သင်တို့မူကား သင်တို့နှင့်ကိန်းဝပ်၍အတွင်း၌ တည်နေတော်မူမည်ဖြစ်သောကြောင့် သိရကြသတည်း။
အ ကြံ ပေး တော် မူ သော ထာ ဝ ရ ဘု ရား ကို ဩ ဘာ ပြု ပါ မည်။ ညဉ့် တိုင်း၊ ငါ့ နှ လုံး ကျောက် ကပ် ဆုံး မ ပါ၏။
အ ဘ သည်၊ သား သ မီး များ ကို သ နား စုံ မက် သည့် နည်း တူ၊ ထာ ဝ ရ ဘု ရား သည်၊ ခန့် ညား သူ တို့ ကို သ နား စုံ မက် တော် မူ၏။
သို့ ရာ တွင် အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အ ကျွန်ုပ် တို့ အ ဖ ဖြစ် တော် မူ ပါ ၏။ အ ကျွန်ုပ် တို့ သည် မြေ စေး၊ ကိုယ် တော် ကား အိုး ထိန်း ဖြစ် သည် နှင့် အ ညီ၊ အ ကျွန်ုပ် တို့ ရှိ သ မျှ၊ လက် မှု တော် ဖြစ် ကြ ပါ၏။
သင် တို့ သည် သူ တစ် ထူး တို့ လွန် ကျူး မှု များ ကို ဖြေ လွှတ် ကြ လျှင် ကောင်း ကင် ဘုံ ရှင် သင် တို့ အ ဘ လည်း သင် တို့ အ ပေါ် တွင် ဖြေ လွှတ် တော် မူ လိမ့် မည်။သူ တစ် ထူး တို့ ကျူး လွန် မှု များ ကို မ ဖြေ လွှတ် ကြ လျှင် မူ ကား၊ သင် တို့ ကျူး လွန် မှု များ ကို သင် တို့ အ ဘ ဖြေ လွှတ် တော် မူ မည် မ ဟုတ်။
ငါ့ ကို အ ရှင် ဘု ရား၊ အ ရှင် ဘု ရား ဟု လျှောက် သော သူ တိုင်း ကောင်း ကင် နိုင် ငံ တော် သို့ ဝင် ရ မည် မ ဟုတ်။ ကောင်း ကင် ဘုံ စံ ငါ့ ခ မည်း တော်၏ အ လို ကို ဆောင် ရွက် သူ သာ လျှင် ဝင် ရ လိမ့် မည်။
ဘု ရား သ ခင့် အ ပါး တော် သို့ ချဉ်း ကပ် ကြ လော့။ သို့ မှ သင် တို့ ထံ ချဉ်း ကပ် တော် မူ လိမ့် မည်။ အ ချင်း အ ပြစ် သား တို့၊ သင် တို့ လက် များ ကို စင် ကြယ် စေ ကြ လော့။ စိတ် ဒွိ ဟ ရှိ သူ တို့၊ သင် တို့ စိတ် နှ လုံး ကို သန့် ရှင်း စေ ကြ လော့။
ထို သူ သည် ငါ့ အ ဖို့ ဗိ မာန် ကို တည် ဆောက် ရ လိမ့် မည်။ ငါ လည်း သူ့ ရာ ဇ ပ လ္လင် ကို ကာ လ အ စဉ် တည် မြဲ စေ မည်။ငါ နှင့် သူ သည် သား အ ဘ ဖြစ် လ တ္တံ့။ သင့် အ ရင် နန်း ထိုင် သူ မှ က ရု ဏာ ကို ရုပ် သိမ်း သည့် နည်း တူ ထို သား မှ မ ရုပ် မ သိမ်း ဘဲ၊
ခပ် သိမ်း သော ငါ တို့၌၊ အ ဘ တစ် ပါး တည်း ရှိ သည် မ ဟုတ် လော။ ဘု ရား သ ခင် တစ် ဆူ တည်း သာ၊ ငါ တို့ ကို ဖန် ဆင်း တော် မူ ပြီ မ ဟုတ် လော။ ထို သို့ မှန် လျှင်၊ ဘိုး ဘေး တို့ ပ ဋိ ညာဉ် ကို ဖောက် ကျော် လျက်၊ အ ချင်း ချင်း သ စ္စာ ဖျက် ကြ သည် မှာ၊ အ သို့ နည်း။
ငါ သည် တံ ခါး အ နီး ရပ်၍ ခေါက် လျက် နေ၏။ မည် သူ မ ဆို ငါ့ အ သံ ကို ကြား၍ ဖွင့် လျှင် ငါ ဝင် လျက် ထို သူ နှင့် အ တူ သုံး ဆောင် မည်။ သူ လည်း ငါ နှင့် သုံး ဆောင် ခွင့် ရ လိမ့် မည်။
သင် တို့ အ ဘ ဖြစ် မည်။ သင် တို့ လည်း ငါ့ သား သ မီး များ ဖြစ် ကြ လိမ့် မည် ဟု အ န န္တ တန် ခိုး ရှင် ထာ ဝ ရ ဘုရား ဗျာ ဒိတ် တော် ရှိ ပြန် ၏။
သူ က၊ ကိုယ် တော် သည် အ ကျွန်ုပ် အ ဘ၊ အ ကျွန်ုပ် ဘု ရား သ ခင်၊ အ ကျွန်ုပ် ကို ကယ် တင် ရာ ကျောက် တောင် ဖြစ် ပါ သည် ဟု၊ ငါ့ ထံ အော် ဟစ် ရ မည့် အ လျောက်၊ငါ လည်း သူ့ ကို ဩ ရ သ အ ဖြစ်၊ မြေ ကြီး ရှင် ဘု ရင် တို့ အ ထွဋ် အ ဖြစ် ခန့် ထား ၍၊
ဗျာ ဒိတ် တော် ကို ငါ ပြန် ကြား ဦး မည်။ ငါ့ အား ထာ ဝ ရ ဘု ရား က၊ သင် သည် ငါ့ သား ဖြစ်၏။ ယ နေ့ သင့် ကို ငါ ဖြစ် ပွား စေ ပြီ။
ငါ့ မျက် နှာ ကို ရှာ ကြ လော့ ဟူ သော ဗျာ ဒိတ် တော် အ တိုင်း၊ အ ကျွန်ုပ် စိတ် နှ လုံး က၊ အို ထာ ဝ ရ ဘု ရား၊ မျက် နှာ တော် ကို အကျွန်ုပ် ရှာ ဖွေ ပါ မည် ဟု အောက် မေ့၍ ဆို၏။
ကိုယ် တော် က ဘု ရား သ ခင့် တ ရား တော် ကို ကြား လျက် လိုက် နာ သော ဤ သူ တို့ ကား ငါ့ အ မိ၊ ငါ့ ညီ တို့ တည်း ဟု ပြန်၍ မိန့် တော် မူ၏။
ခ ရစ် တော်၏ ဒေ သ နာ တော် တွင် မ တည် တံ့ ဘဲ လွန့် တက် သူ၌ ဘု ရား သ ခင် မ ရှိ။ တည် တံ့ သူ၌ မူ ကား ခ မည်း တော် နှင့် သား တော် ပါ ရှိ၏။
ကိုယ် တော်၌ တည် နေ သည် ဟု ဆို သူ သည် ကိုယ် တော် ကျင့် ကြံ တော် မူ သည့် နည်း တူ ကျင့် ကြံ သင့် ၏။
အ သို့ ဆို သော် သေ ပြီး ဖြစ် သော သင် တို့ အ သက် သည် ခ ရစ် တော် နှင့် အ တူ ဘု ရား သ ခင်၌ ဝှက် ထား လျက် ရှိ သည့် အ လျောက်၊
သား မှန် က အ မွေ ခံ ဖြစ် ရုံ မျှ မ ဟုတ်။ ဘုန်း တော် ကို ခ ရစ် တော် နှင့် ခံ စား ခွင့် ရ ရန် ဒု က္ခ တော်၌ ဆက် ဆံ ကြ လျှင် ဘု ရား သ ခင့် အ မွေ တော် ခံ၊ ခ ရစ် တော် နှင့် အ မွေ စား ဘက် များ လည်း ဖြစ် ကြ သ တည်း။
သင် တို့၌ ခ ရစ် တော် တည် လျှင် မူ ကား ကိုယ် ခ န္ဓာ သည် ပြစ် မှား ခြင်း ကြောင့် အ သေ ဖြစ် သော် လည်း နာမ် ခ န္ဓာ သည် ဖြောင့် မတ် ခြင်း ကြောင့် အ သက် ဖြစ်၏။
မည် သူ မ ဆို ကောင်း ကင် ဘုံ စံ ငါ့ ခ မည်း တော်၏ အ လို တော် ကို ဆောင် ရွက် လျှင် ထို သူ သည် ငါ့ ညီ၊ ငါ့ နှ မ၊ ငါ့ အ မိ ဖြစ် သည် ဟု ပြန် ၍ မိန့် တော် မူ ၏။
အို ဘု ရား သ ခင်၊ ချောင်း မြောင်း ရေ ကို သ မင် ဒ ရယ် တောင့် တ သ ကဲ့ သို့၊ အ ကျွန်ုပ် စိတ် ဝိ ညာဉ် သည်၊ ကိုယ် တော် ကို တောင့် တ ပါ၏။ငါ့ ရန် သူ တို့ က၊ သင့် ဘု ရား ကား၊ အ ဘယ် မှာ နည်း ဟု နေ့ ရှိ သ မျှ လှောင် ပြောင် လျက်၊ ငါ့ အ ရိုး ကို ချိုး ဘိ သ ကဲ့ သို့ ကဲ့ ရဲ့ တတ် ကြ၏။အို ငါ့ စိတ် ဝိ ညာဉ်၊ အ ဘယ့် ကြောင့် ညှိုး ငယ် ရ သ နည်း။ အ တွင်း၌ အ ဘယ့် ကြောင့် မ ငြိမ် မ ဝပ် ရှိ ရ သ နည်း။ ဘု ရား သ ခင် ကို မျှော် လင့် လော့။ ငါ့ အား မျက် နှာ သာ ပေး တော် မူ သော ငါ့ ဘု ရား သ ခင် ကို ချီး မွမ်း ရ ဦး မည်။ငါ့ စိတ် ဝိ ညာဉ် သည်၊ အ သက် ရှင် တော် မူ သော ဘု ရား သ ခင် ကို ငတ် လှ၏။ မည် သည့် အ ခါ မှ ရှေ့ တော် သို့ ရောက်၍၊ ဖူး မျှော် ရ ပါ မည် နည်း။
ငါ၌သင်တို့တည်ခြင်း၊ သင်တို့၌ငါတည်ခြင်းဖြစ်စေကြလော့။ စပျစ်ခက်သည် ပင်မ၌မတည်လျှင်၊ အလျောက်ဘာသာ အသီးမသီးနိုင်သည့်နည်းတူ သင်တို့လည်းငါ၌မတည်လျှင် သီးနိုင်ကြသည်မဟုတ်။ငါသည်စပျစ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ ငါနှင့်ကင်းက မည်သည်ကိုမျှသင်တို့မတတ်နိုင်။ မည်သူမဆိုငါ၌တည်၍ ငါလည်းထိုသူ၌တည်လျှင် များစွာသီးတတ်၏။
သို့ ဖြစ်၍ ညီ အစ် ကို တို့၊ ယေ ရှု သည် ရုပ် ခ န္ဓာ တော် တည်း ဟူ သော ကန့် လန့် ကာ ကို ဖွင့် ပြီး လျှင် အ သက် ရှင် သော လမ်း သစ် ကို ငါ တို့ အ ဖို့ စီ မံ တော် မူ သည့် အ တိုင်း အ သွေး တော် အား ဖြင့် အ ထူး သန့် ရှင်း ရာ ဌာ န တော် တွင်း သို့ ရဲ ရင့် စွာ ဝင် ခွင့် ကို ငါ တို့ ရ ကြ သော ကြောင့် လည်း ကောင်း၊အ ကယ်၍ စုံ လင် စေ နိုင် လျှင် ဝတ် ပြု သူ တို့ သည် အ ပြီး သတ် စင် ကြယ် ရာ ရောက် သ ဖြင့် သံ ဝေ ဂ စိတ် ကင်း ပြီး ဖြစ်၍ ထို ဆက် ကပ် မှု ပြတ် စဲ လေ ပြီ မ ဟုတ် လော။ဘု ရား သ ခင့် ဗိ မာန် တော် ပေါ် တွင် မ ဟာ ပ ရော ဟိတ် တစ် ပါး ကို ရ ရှိ ကြ သော ကြောင့် လည်း ကောင်း၊ဆိုး သွမ်း သော သြ တ္တ ပ္ပ စိတ် ကင်း သည့် တိုင် အောင် နှ လုံး၌ ဖျန်း ခြင်း သန့် သော ရေ နှင့် ကိုယ် ခ န္ဓာ၌ ဆေး ကြော ခြင်း ကို ခံ ပြီး သည့် အ လျောက် ဖြောင့် မှန် သော စိတ် သ ဘော နှင့် ယုံ ကြည် စိတ် ချ စွာ တိုး ဝင် ချဉ်း ကပ် ကြ ကုန် အံ့။
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ဘု ရား သ ခင် ဖြစ် သော ကိုယ် တော် ကို စိတ် ဇော နှင့် ရှာ ဖွေ ပါ မည်။ ရေ မဲ့၍ သွေ့ ခြောက် နွမ်း ရိ သော ပြည် တွင်၊ အ သက် ဝိ ညာဉ် သည် ကိုယ် တော် ကို ငတ် မွတ် လျက်၊ ကိုယ် ခ န္ဓာ လည်း မော ဟိုက် တ သ သည် နှင့် အ ညီ၊
ထို ကြောင့် ညီ အစ် ကို တို့၊ ဘု ရား သ ခင့် က ရု ဏာ တော် ကို ထောက်၍ ငါ နှိုး ဆော် တိုက် တွန်း သည် မှာ၊ ဘု ရား သ ခင် နှစ် သက် တော် မူ ဖွယ် သန့် ရှင်း သော သ က္ကာ၊ ရှင် သော ပူ ဇော် သ က္ကာ အ ဖြစ် သင် တို့ ကိုယ် ခ န္ဓာ များ ကို ဉာဏ် ဆိုင် ရာ ဝတ် ဖြစ် သည့် အ လျောက် ဆက်ကပ် ကြ လော့။ညီ အစ် ကို ချင်း အ ဖြစ် သင်္ဂ ဟ ဝတ် အ တိုင်း တစ် ယောက် ကို တစ် ယောက် ချစ်၍ ကိုယ့် ထက် ဂုဏ် တင် လျက်၊မ ဖင့် မ နွှဲ လုံ့ လ ထုတ် လျက်၊ စိတ် စေ တ နာ ထက် သန် လျက်၊ အ ရှင် ဘု ရား၏ အ စေ တော် ကို ခံ လျက်၊ရွှင် လန်း စွာ မျှော် လင့် လျက်၊ ဒု က္ခ ရောက် ရာ၌ တည် တံ့ လျက်၊ အ မြဲ ပ ဌ နာ ပြု လျက်၊ ဆင်း ရဲ သော တ ပည့် တော် တို့ အား ပေး ကမ်း လျက်၊ ဧည့် ဝတ် ပြု လျက် နေ ကြ လော့။သင် တို့ ကို ညှဉ်း ပန်း သော သူ တို့ အား၊ မ ကျိန် ဆဲ ဘဲ မေ တ္တာ ပို့၍ ကောင်း ကြီး ပေး ကြ လော့။ရွှင် လန်း သူ တို့ နှင့် ရွှင် လန်း ခြင်း၊ ငို ကြွေး သူ တို့ နှင့် ငို ကြွေး ခြင်း ပြု ကြ လော့။စိတ် ကြီး မ ဝင်၊ ဉာဏ် ကောင်း သည် ဟု မ ထင် ဘဲ အ နိမ့် အ ညံ့ နှင့် ရောင့် ရဲ လျက် အ ချင်း ချင်း တစ် သ ဘော တည်း ရှိ ကြ လော့။အ ဆိုး အ တွက် အ ဆိုး ကို မ တုံ့ မ ပြန် ဘဲ လူ ခပ် သိမ်း တို့ ရှေ့ သင့် လျော် စွာ ပြု မူ ကြံ စည် ကြ လော့။ကိုယ့် တာ ဝန် အ တိုင်း လူ ခပ် သိမ်း တို့ နှင့် အ သင့် အ တင့် နေ ကြ လော့။လက် စား ချေ ခြင်း သည် ငါ ပိုင် ဖြစ် သည့် အ လျောက် ငါ ဆပ် ပေး မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ကျမ်း ချက် ရှိ သ ဖြင့် အို ချစ် သူ တို့၊ ကိုယ် တိုင် လက် စား မ ချေ ဘဲ အ မျက် တော် ဒဏ် ကို ခွင့် ပြု ကြ လော့။ယ ခု ခေတ် ကာ လ နှင့် အ သွင် တူ ခြင်း မ ရှိ ဘဲ မည် သည့် အ ရာ မှာ ဘု ရား သ ခင့် အ လို တော် အ တိုင်း ကောင်း မွန် စုံ လင်၍ နှစ် သက် တော် မူ ရာ ဖြစ် ကြောင်း ပိုင်း ခြား သိ မြင် ရ အံ့ သော ငှါ စိတ် သ ဘော အ သစ် ရ လျက် ပုံ သ ဏ္ဌာန် ပြောင်း ခြင်း ရှိ ကြ လော့။
စိုး စဉ်း မျှ မ စိုး ရိမ် ပဲ ကျေး ဇူး တော် ကို ချီး မွမ်း လျက် တောင်း လျောက် ပ ဌာ နာ ပြု ချက် များ ဖြင့် လို လေ ရာ ရာ ကို ဘု ရား သ ခင် ရှေ့ ဖော် ပြ ကြ လော့။သို့ ပြု လျင် ဉာဏ် ဟူ သ မျှ ထက် လွန် ကဲ သော ဘု ရား သ ခင် ငြိမ် သက် ခြင်း သည် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့၏ စိတ် နှ လုံး နှင့် အ ကြံ အ စည် များ ကို ကွယ် ကာ စောင့် ရှောက် လိမ့် မည်။
သို့ ဖြစ်၍ သင် တို့ သည် ခ ရစ် တော် နှင့် အ တူ ရှင် ပြန် ထ မြောက် ကြ သည် မှန် လျှင် ဘု ရား သ ခင့် ယာ ဘက် တော်၌ ခ ရစ် တော် စံ နေ တော် မူ သော အ ထက် ဘုံ ရှိ အ ရာ များ ကို ရှာ ကြံ ကြ လော့။ဖန် ဆင်း တော် မူ သော အ ရှင့် ပုံ သ ဏ္ဌာန် တော် နှင့် အ ညီ အ သိ ပ ညာ ထိုး ထွင်း ခြင်း ငှာ အ သစ် ပြု ပြင် လျက် ရှိ သော လူ သစ် ကို ဝတ် ဆင် ကြ လေ ပြီ။ထို သို့ ပြု ပြင် ရာ၌ လူ မျိုး ခြား နှင့် ယု ဒ လူ မျိုး အ ဖြစ် အ နေ၊ လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ၊ မ ခံ အ ဖြစ် အ နေ၊ သ ကု သိ လူ မျိုး မှ စ၍ လူ ရိုင်း အ ဖြစ် အ နေ၊ ကျွန် နှင့် လူ လွတ် အ ဖြစ် အ နေ မ ရှိ ရာ။ ခ ရစ် တော် သည် ရှိ ရှိ သ မျှ၏ အ ချက် အ ခြာ ဖြစ် တော် မူ၏။ထို့ ကြောင့် ဘု ရား သ ခင် ရွေး ကောက် မြတ် နိုး၍ သီး သန့် ထား တော် မူ သူ များ အ ဖြစ် ဖြင့် အ သည်း စွဲ သ နား ခြင်း၊ က ရု ဏာ ပြ ခြင်း၊ နှိမ့် ချ ခြင်း၊ သိမ် မွေ့ ခြင်း၊ စိတ် ရှည် ခြင်း များ ကို ဝတ် ဆင် ကြ လော့။မည် သူ့ အ ပေါ် တွင် မ ဆို အ ပြစ် တင် ရန် ရှိ လျှင် သင် တို့ ကို အ ရှင် ဘု ရား ချမ်း သာ ပေး တော် မူ သည့် နည်း တူ တစ် ဦး ကို တစ် ဦး သည်း ခံ လျက် အ ချင်း ချင်း တို့ အား ချမ်း သာ ပေး ကြ လော့။အ ထူး ဆို သော် စုံ လင် ခြင်း အ ဖွဲ့ အ နှောင် တည်း ဟူ သော မေ တ္တာ တ ရား ကို ဝတ် ဆင် ကြ လော့။တစ် ကိုယ် တည်း အ ဖြစ် ခ ရစ် တော်၏ ငြိမ် သက် ခြင်း ထဲ သို့ အ ခေါ် ခံ ရ သည့် အ လျောက် ထို ငြိမ် သက် ခြင်း ကို သင် တို့ စိတ် နှ လုံး တွင် ခုံ သ မတ် ဖြစ် စေ လျက် ကျေး ဇူး တော် ကို သိ မှတ် ကြ လော့။ခ ရစ် တော်၏ တ ရား တော် ကို သင် တို့ တွင် ကြွယ် ဝ စွာ တည် နေ စေ ပြီး လျှင် ခပ် သိမ်း သော ဉာဏ် ပ ညာ နှင့် ကျူး ဧ ချက်၊ ထော မ နာ ပြု ချက်၊ ဓ မ္မ ဂီ တ အ မျိုး မျိုး အား ဖြင့် တစ် ဦး ကို တစ် ဦး သင် ကြား ပဲ့ ပြင် လျက် ကျေး ဇူး တော် ကို ချီး မွမ်း၍ ဘု ရား သ ခင် အား စိတ် မ နော တွင် သီ ဆို ကြ လော့။၎င်း ပြင် နှုတ် ဖြင့် ဖြစ် စေ၊ ကိုယ် ဖြင့် ဖြစ် စေ၊ မည် သည့် အ မှု မ ဆို သင် တို့ ပြု ကြ ရာ၌ အ ရှင် ယေ ရှု၏ နာ မ တော် နှင့် ပြု၍ ကိုယ် တော် အား ဖြင့် ခ မည်း တော် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။မ ယား ဖြစ် သူ တို့၊ အ ရှင် ဘု ရား၌ သင့် လျော် သည့် အ တိုင်း လင့် အောက် အ နွံ အ တာ ခံ ကြ လော့။လင် ဖြစ် သူ တို့၊ စိတ် မ ခက် ထန် ဘဲ မ ယား ကို ချစ် ကြ လော့။မြေ ကြီး ဆိုင် ရာ များ ကို မ ဟုတ်။ အ ထက် အ ရာ များ ကို ဂ ရု ပြု ကြ လော့။
ငါ တို့ သည် ဝိ ညာဉ် တော် အား ဖြင့် အ သက် ရှင် ကြ သည် မှန် လျှင် ဝိ ညာဉ် တော် အား ဖြင့် လျှောက် လိုက် ကြ ကုန် အံ့။
ထာ ဝ ရ ဘု ရား သည် ကြေ ကွဲ သော နှ လုံး ရှိ သူ တို့ အ နီး ရှိ နေ ၍၊ ကြေ မွ သော စိတ် ရှိ သူ တို့ ကို ကယ် တော် မူ ၏။
သင် တို့ မူ ကား မှောင် မိုက် ထဲ မှ အံ့ ဖွယ် သော အ လင်း တော် ထဲ သို့ ခေါ် ခဲ့ တော် မူ သော အ ရှင်၏ ဘုန်း တော် ကို ဖော် ပြ စေ ခြင်း ငှာ ရွေး ချယ် သော လူ မျိုး တော် ပ ရော ဟိတ် နိုင် ငံ တော် သီး သန့်၍ ပိုင် ဆိုင် တော် မူ ရာ လူ မျိုး တော် ဖြစ် လျက်
အ ရှင် ယေ ရှု ခ ရစ်၏ ကျေး ဇူး တော်၊ ဘု ရား သ ခင်၏ မေ တ္တာ တော်၊ သန့် ရှင်း သော ဝိ ညာဉ် တော်၏ မိတ် သ ဟာ ယ တော် သည် သင် တို့ ရှိ သ မျှ နှင့် အ တူ တည် ပါ စေ သော။
ဝဲ ယာ ယိမ်း ယိုင် မိ လျှင်၊ ဤ လမ်း မှန် သည်၊ လျှောက် လိုက် လော့ ဟု နောက် က တိုက် တွန်း သံ ကို ဒိ ဋ္ဌ ကြား ခွင့် ရ လျက်၊
နှုတ် က ပတ် တော် သည်၊ အ ကျွန်ုပ် ခြေ ဦး မှာ မီး ခွက် သ ဖွယ်၊ အ ကျွန်ုပ် လမ်း မှာ အ လင်း သ ဖွယ် ဖြစ် ပါ ၏။
ငြိမ် ဝပ် စွာ နေ ကြ စေ။ ငါ သည် ဘု ရား သ ခင် ဖြစ် ကြောင်း သိ မှတ် ကြ စေ။ လူ မျိုး ခြား တို့ တွင် ဘုန်း ပွင့် မည်။ မြေ ကြီး ပေါ် မှာ ဘုန်း ပွင့် မည်။
ငါ့သိုးတို့သည်ငါ့စကားသံကိုကြားနာ၍ လိုက်တတ်ကြ၏။ ငါလည်းသူတို့ကိုသိ၍ ထာဝရအသက်ပေးသဖြင့် မည်သည့်ကာလမျှ သူတို့ပျက်စီးမည်မဟုတ်။ ငါ့လက်တွင်းမှ မည်သူမျှမလုမယူရ။
ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့ အ ဖို့ ဘု ရား သ ခင် အ လို တော် ရှိ သည့် အ တိုင်း အ စဉ် ရွှင် လန်း ခြင်း၊ မ ပြတ် ပ ဌ နာ ပြု ခြင်း၊ အ ရာ ရာ တွင် ကျေး ဇူး တော် ချီး မွမ်း ခြင်း များ ကို ပြု ကြ လော့။
သက် သေ ခံ တော် မူ ချက် များ ကို စောင့် ထိန်း လျက်၊ ကိုယ် တော် ကို စိတ် နှ လုံး အ ကြွင်း မဲ့ ရှာ ဖွေ သူ တို့ သည် မင်္ဂ လာ ရှိ ကြ၏။
ဝိ ညာဉ် တော် အား ဖြင့် အ ခါ ခပ် သိမ်း တောင်း လျှောက် ပ ဌ နာ ပြု လျက် ရပ် ခံ ကြ လော့။ ငါ အ တည့် အ လင်း ကြား ပြော သင့် သည် နှင့် အ ညီ သ တင်း တော် မြတ် နက် နဲ ရာ ကို အ တည့် အ လင်း ဖော် ပြ ရန် ဟော ပြော ခြင်း နှုတ် သ တ္တိ ကို သ နား တော် မူ စေ ခြင်း ငှါ ထို သ တင်း တော် မြတ် ကြောင့် အ ကျဉ်း ခံ ရ သော သံ တ မန် ဖြစ် သူ ငါ့ အ ဖို့လည်း ကောင်း၊ သီး သန့် ထား တော် မူ သူ အ ပေါင်း တို့ အ ဖို့လည်း ကောင်း ထို သို့ ပ ဌ နာ ပြု မြဲ ပြု လျက် စောင့် နေ ကြ လော့။
သို့ နှင့် အ ညီ ကိုယ် တော် ကို လည်း ကောင်း၊ ရှင် ပြန် ထ မြောက် တော် မူ ခြင်း တန် ခိုး ကို လည်း ကောင်း၊ ဒု က္ခ တော် များ ၌ ဆက် ဆံ ခြင်း ကို လည်း ကောင်း ကျွမ်း ဝင် သ ဖြင့် အ သေ ခံ တော် မူ ခြင်း၌ ပါ ဝင် လျက်၊
က ရု ဏာ တော် ကို ခံ လျက် ထောက် မ သင့် သော အ ချိန်၌ ကျေး ဇူး တော် ကို ရ ခြင်း ငှာ ကျေး ဇူး ရာ ဇ ပ လ္လင် တော် သို့ ရဲ ရင့် စွာ ချဉ်း ကပ် ကြ ကုန် အံ့။
ထို နည်း တူ မည် သို့ ပ ဌ နာ ပြု သင့် သည် ကို ငါ တို့ မ သိ ကြ သ ဖြင့် ဝိ ညာဉ် တော် လည်း ငါ တို့၏ အား နည်း ခြင်း ကို လုပ် ဆောင် ဘက် ပြု လျက် မြွက် သံ မ ပြု သော ညည်း တွား ခြင်း များ ဖြင့် ငါ တို့ အ ဖို့ အ သ နား ခံ တော် မူ ရာ၊ဘု ရား သ ခင့် သ ဘော တော် အ တိုင်း သီး သန့် ထား တော် မူ သူ တို့ အ ဖို့ ဝိ ညာဉ် တော် အ သ နား ခံ လျက် စွဲ လမ်း ကြောင်း စိတ် နှ လုံး များ ကို စီ စစ် သော အ ရှင် သိ မှတ် တော် မူ ၏။
မြင့် မြတ် သော ဘု ရား၏ အ တွင်း ဌာ န တော်၌ နေ ထိုင် သော သူ သည်၊ အ န န္တ တန် ခိုး ရှင်၏ အ ရိပ် ကို ခို လှုံ ရ လိမ့် မည်။
သို့ ဖြစ်၍ သူ ငယ် တို့၊ ကိုယ် တော်၌ တည် နေ ကြ ဦး။ သို့ မှ ထင် ရှား တော် မူ သည့် ကာ လ ငါ တို့ သည် အ ပါး တော် တွင် ရှက် ကြောက်၍ မ တွန့် ဆုတ် ဘဲ ရဲ ရင့် ခွင့် ရ ကြ လိမ့် မည်။
သင် တို့ အ နက် တစ် ယောက် ယောက် ၌ ဉာဏ် ပ ညာ ယုတ် လျော့ လျှင် အ ပြစ် မ တင် ဘဲ သူ ခပ် သိမ်း တို့ အား ကြွယ် ဝ စွာ သ နား တော် မူ သော ဘု ရား သ ခင့် ထံ တောင်း လျှောက် စေ။ သ နား တော် မူ လိမ့် မည်။
အို ထာ ဝ ရ ဘု ရား၊ စိတ် နှ လုံး အ ကြွင်း မဲ့ ပ ဌ နာ ပြု ခဲ့ သည့် အ လျောက် ထူး တော် မူ ပါ။ အ ထုံး အ ဖွဲ့ တော် များ ကို စောင့် ထိန်း ပါ မည်။ပ ဌ နာ ပြု ခဲ့ သည့် အ လျောက်၊ ကယ် တော် မူ ပါ။ သက် သေ ခံ တော် မူ ချက် များ ကို စောင့် ရှောက် ပါ မည်။
သို့ ဖြစ်၍ ထို မျှ လောက် ထူ ထပ် သော သက် သေ ခံ တို့ ဝန်း ဝိုင်း ကြ သ ဖြင့် ဝန် ရှိ သ မျှ နှင့် ပတ် ရစ် သော ပြစ် မှု ကို ပယ် ရှား ပြီး လျှင် ယုံ ကြည် ခြင်း တ ရား ကို အ စ အ ဆုံး စီ ရင် တော် မူ သော အ ရှင် ယေ ရှု ကို မျက် မှောက် ပြု လျက် ငါ တို့ တာ ကို တည် ကြည် စွာ ပြေး ကြ ကုန် အံ့။ဆို ခဲ့ သော အ ဖ တို့ သည် သင့် လျော် သည် ဟု ထင် မြင် တိုင်း နေ့ ရက် အ နည်း ငယ် ပဲ့ ပြင် ခဲ့ ကြ၏။ ကိုယ် တော် မူ ကား သန့် ရှင်း စေ တော် မူ ခြင်း ကို ဆက် ဆံ ခွင့် ရ ကြ စေ ရန် ငါ တို့ အ ကျိုး ငှာ ပဲ့ ပြင် တော် မူ၏။ပဲ့ ပြင် ခြင်း ဟူ သ မျှ ကို ခံ ရ စဉ် ဝမ်း မြောက် ဖွယ် မ ဟုတ်။ ဝမ်း နည်း ဖွယ် ဟု ထင် မှတ် ကြ သော် လည်း ပဲ့ ပြင် ခြင်း ဖြင့် လေ့ ကျက် ပြီး မှ ဖြောင့် မတ် ခြင်း တည်း ဟူ သော ငြိမ် သက် ရာ အ ကျိုး ဖြစ် ထွန်း တတ် ၏။သို့ ဖြစ်၍ အား လျော့ သော လက် နှင့် နုန့် နဲ သော ဒူး ဆစ် များ ကို တည့် မတ် စေ ကြ လော့။ခြေ ဆွံ့ သူ တို့ သည် အ ဆစ် မ လွဲ ဘဲ သန် စွမ်း ခွင့် ရ ကြ စေ ရန် သင် တို့ ခြေ ကြွ ရာ လမ်း ကို လည်း ညီ ညွတ် စေ ကြ လော့။သူ ခပ် သိမ်း တို့ နှင့် အ သင့် အ တင့် နေ ခြင်း ကို လည်း ကောင်း၊ ထာ ဝ ရ ဘု ရား ကို ဖူး မြင် ရ စေ သော သန့် ရှင်း ခြင်း ကိုလည်း ကောင်း လိုက် ရှာ ကြ လော့။မည် သူ မျှ ဘု ရား သ ခင့် ကျေး ဇူး တော် နှင့် ကင်း၍ မ နေ စေ ခြင်း ငှာ လည်း ကောင်း၊ အ ခါး အ ဆိပ် ဖြစ် ပွား စေ သော အ မြစ် အ ညွန့် ပေါက်၍ နှောင့် ယှက် သ ဖြင့် အ များ ကို ညစ် ညူး ရာ မ ရောက် စေ ခြင်း ငှာ လည်း ကောင်း၊မ တ ရား သော မေ ထုန် ပြု သူ သြ ရ သ ရိုက် ရာ ကို တစ် နပ် စာ နှင့် ရောင်း ချ သော ဧ သော ကဲ့ သို့ တ ရား လွတ် သူ မ ရှိ စေ ခြင်း ငှာ လည်း ကောင်း သ တိ မူ ကြ လော့။ဧ သော သည် နောက် မှ ကောင်း ကြီး မင်္ဂ လာ အ မွေ ကို ခံ လို၍ မျက် ရည် ကျ လျက် တောင်း လျှောက် သော် လည်း နောင် တ ရ ခွင့် မ ရှိ ဘဲ ငြင်း ပယ် ခံ ရ သည် ကို သင် တို့ သိ ကြ၏။သင် တို့ သည် စမ်း သပ် နိုင် သော တောင်၊ မီး တောက် ခြင်း၊ မှောင် ခြင်း၊ မိုက် ခြင်း၊ မုန် တိုင်း ကျ ခြင်း၊ တံ ပိုး မှုတ် ခြင်း တောင်၊ဗျာ ဒိတ် တော် သံ ကြား သူ တို့ သည် တိ ရ စ္ဆာန် ပင် တောင် ကို ထိ မိ လျှင် ခဲ ပစ် သတ် ဒဏ် ခံ စေ ဟူ သော အ မိန့် တော် ကို မ နာ ခံ ဝံ ကြ သော ကြောင့် ထပ် မံ မိန့် တော် မ မူ စေ ရန် တောင်း ပန် ကြ ရာ ဗျာ ဒိတ် တော့် တောင်၊ထို အ ရှင် သည် ရွှင် လန်း ရန် အ ကြောင်း ကို မျှော် ထောက်၍ အ ရှက် မ ငဲ့ ဘဲ ကား တင် ခံ ပြီး လျှင် ဘု ရား သ ခင့် ရာ ဇ ပ လ္လင် ယာ ဘက် တော် တွင် စံ တော် မူ၏။
ညဉ့် ဦး ယံ၊ နံ နက် ယံ၊ မွန်း တည့် ယံ များ၌၊ ငါ ပြု မည့် ညည်း တွား မြည် တမ်း သံ ကို ကြား တော် မူ လိမ့် မည်။
ကျေး ဇူး တော် ကို ချီး မွမ်း လျက်၊ တံ ခါး တော် တွင်း သို့လည်း ကောင်း၊ ဂုဏ် တော် ကို ချီး မြှောက် လျက်၊ တံ တိုင်း တော် တွင်း သို့လည်း ကောင်း၊ ဝင် ကြ လော့။ ကျေး ဇူး တော် ကို ချီး မွမ်း လျက်၊ နာ မ တော် အား ဩ ဘာ ဆက် ကြ လော့။
ငါ တို့၌ ပြု ပြင် သော တန် ခိုး တော် နှင့် အ ညီ၊ ငါ တို့ ထင် မြင် တောင်း လျှောက် သ မျှ ထက် ကြွယ် ဝ စွာ သ နား တော် မူ နိုင် သော အ ရှင် သည် အ သင်း တော်၌ လည်း ကောင်း၊ ခ ရစ် တော် ယေ ရှု၌ လည်း ကောင်း၊ လူ မျိုး အ ဆက် ဆက် ကာ လ အ စဉ် ဘုန်း တော် ကြီး ပါ စေ သ တည်း။ အာ မင်။
ငါ့ အ သက် ဝိ ညာဉ် သည်၊ ဘု ရား သ ခင်၌ သာ ငြိမ် ဝပ် စွာ နေ ရ၏။ ကယ် တင် ရာ အ ကြောင်း သည်၊ အ ထံ တော် မှ ရောက် လာ၏။အ ညှဉ်း အ ပန်း ၌ ကိုး စား ခြင်း အ လု အ ယက် ကြောင့် ဝင့် ဝါ ခြင်း မ ပြု ကြ နှင့်။ တိုး ပွား သည့် ပ စ္စည်း များ ကို မ စွဲ လမ်း ကြ လင့်။ဘု ရား သ ခင် သည် တစ် ကြိမ် တည်း ဗျာ ဒိတ် ပေး တော် မူ သည် မှာ၊ တန် ခိုး သည် ဘု ရား သ ခင် နှင့် စပ် ဆိုင် သည်။အို အ ရှင် ဘု ရား၊ က ရု ဏာ လည်း ကိုယ် တော် နှင့် စပ် ဆိုင် ပါ သည် ဟူ သော နှစ် ချက် ကို ငါ ကြား ရ၏။ ကိုယ် တော် သည် လူ အ သီး အ သီး တို့ အား၊ ကိုယ့် အ ကျင့် အ လျောက် ဆပ် ပေး တော် မူ ပါ ၏။ကိုယ် တော် သာ လျှင်၊ ငါ့ အ ဖို့ ကျောက် တောင်၊ ကယ် တင် ရာ အ ကြောင်း၊ ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ၍၊ များ စွာ ရွေ့ ရ မည် မ ဟုတ်။
မ စွန့် မ ပယ် ဘဲ ငါ ရွေး ချယ် သည့် အ လျောက်၊ သင် နှင့် အ တူ ငါ ရှိ သ ဖြင့်၊ မ ကြောက် လင့်။ ငါ သည် သင်၏ ဘု ရား သ ခင် ဖြစ် သော ကြောင့်၊ မ စိုး ရိမ် နှင့်။ သင့် ကို ခိုင် ခံ့ စွာ ထောက် မ မည့် ပြင်၊ အောင် ပွဲ ရ ညာ လက် ရုံး ဖြင့် ထောက် ပင့် လိမ့် မည်။
မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။
အ ကျွန်ုပ်၏ ဘု ရား ဖြစ် တော် မူ သော ကြောင့်၊ အ လို တော် ကို ဆောင် ရွက် ရ စေ ရန် သွန် သင် တော် မူ ပါ။ ကောင်း မြတ် သော ဝိ ညာဉ် တော် သည်၊ ပြန့် ပျူး သော ပြည်၌ လမ်း ပြ တော် မူ ပါ။
ပင် ပန်း သူ ဝန် လေး သူ အ ပေါင်း တို့၊ ငါ့ ထံ လာ ကြ လော့။ ငါ သည် ချမ်း သာ စေ မည်။ငါ့ ထမ်း ပိုး ကို ထမ်း၍ ငါ့ ထံ မှ သင် ကြ လော့။ ငါ သည် သိမ် မွေ့ နှိမ့် ချ သော စိတ် ရှိ၏။ အ သက် ဝိ ညာဉ် ချမ်း သာ ရာ ကို လည်း သင် တို့ တွေ့ ကြ လိမ့် မည်။ကိုယ် တော် သည် ကြွ လာ ရ မည့် အ ရှင် လော။ အ ခြား မျှော် လင့် ရ ဦး မည် လော့ ဟု မေး လျှောက် စေ သည့် အ တိုင်းငါ့ ထမ်း ပိုး သည် ထမ်း လွယ် လျက် ငါ့ ဝန် လည်း ပေါ့ သည် ဟူ၍ မိန့် တော် မူ၏။
ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။