မ စွန့် မ ပယ် ဘဲ ငါ ရွေး ချယ် သည့် အ လျောက်၊ သင် နှင့် အ တူ ငါ ရှိ သ ဖြင့်၊ မ ကြောက် လင့်။ ငါ သည် သင်၏ ဘု ရား သ ခင် ဖြစ် သော ကြောင့်၊ မ စိုး ရိမ် နှင့်။ သင့် ကို ခိုင် ခံ့ စွာ ထောက် မ မည့် ပြင်၊ အောင် ပွဲ ရ ညာ လက် ရုံး ဖြင့် ထောက် ပင့် လိမ့် မည်။
ကိုယ့် ဝန် ကို ထာ ဝ ရ ဘု ရား အား လွှဲ အပ် လော့။ ထောက် မ တော် မူ လိမ့် မည်။ သူ တော် ကောင်း ကို မည် သည့် ကာ လ မျှ၊ ရွှေ့ သွား စေ ခွင့် ပြု တော် မူ မည် မ ဟုတ်။
၎င်း ပြင် အ ကြံ တော် နှင့် အ ညီ ခေါ် ထား တော် မူ သူ၊ ဘု ရား သ ခင် ကို ချစ် ကြည် မြတ် နိုး သူ တို့ ကောင်း ကျိုး အ လို့ ငှါ အ ရာ ခပ် သိမ်း ဝိုင်း ညီ ပြု စု လျက် ရှိ ကြောင်း၊
ပင် ပန်း သူ့ ကို အား ပေး၍ စွမ်း ရည် မဲ့ သူ ကို လည်း ခွန် အား တိုး တက် စေ တော် မူ၏။ကြွေး ကြော် သူ၏ စ ကား သံ ကား၊ ထာ ဝ ရ ဘု ရား ကြွ တော် မူ ရာ လမ်း ကို၊ သဲ တော၌ ရှင်း လင်း ကြ လော့။ ငါ တို့ ဘု ရား သ ခင် အ ဖို့ လမ်း မ တော် ကို၊ သဲ က န္တာ ရ၌ ညီ ညွတ် စေ ကြ လော့။ပျို ရွယ် သူ တို့ ပင် ပန်း မော ဟိုက်၍ လု လင် တို့ လဲ ကျ ကြ သော် လည်း။ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။
မိန့် မှာ သော အ ရှင် ကား၊ ငါ ပင် မ ဟုတ် လော။ အံ့ အား သင့် ခြင်း၊ တုန် လှုပ် ခြင်း ကင်း လျက်၊ အား ယူ၍ ရဲ ရင့် လော့။ သွား လေ ရာ ရာ သင့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ပါ ရှိ သည် ဟု မိန့် တော် မူ ၏။
ဒု က္ခ ရောက် သော ကာ လ တွင် လည်း၊ နှိပ် စက် ခံ ရ သူ တို့ အ ဖို့၊ ထာ ဝ ရ ဘု ရား သည် ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ လိမ့် မည်။
ကိုယ် တော် က ငါ၏ ကျေး ဇူး သည် သင့် အ ဖို့ လုံ လောက် ပြီ။ ခွန် အား နည်း ရာ ၌ ခွန် အား တန် ခိုး တော် စုံ လင် သည် ဟု မိန့် တော် မူ၏။ သို့ ဖြစ်၍ ငါ့ ကို ခ ရစ် တော်၏ ခွန် အား တန် ခိုး တော် လွှမ်း မိုး စေ ရန် အား နည်း ခြင်း များ ရှိ လျက် ပင် ရွှင် လန်း စွာ ဂုဏ် တင် မည်။
သင် တို့ အ တွက် ကြောင့် ကြ တော် မူ သော ကြောင့် သင် တို့ စိုး ရိမ် ခြင်း ရှိ သ မျှ ကို ကိုယ် တော့် အ ပေါ် သို့ လွှဲ တင် ကြ လော့။
ဘု ရား သ ခင် သည်၊ ငါ တို့ ခို လှုံ ရာ၊ ငါ တို့ စွမ်း အား ဖြစ် လျက်၊ ဒု က္ခ ရောက် သည့် ကာ လ၊ တွေ့ လွယ် သော အ ထောက် အ မ ဖြစ် တော် မူ ပါ ၏။
ဖြောင့် မတ် သူ တို့ အော် ဟစ် ရာ၊ ထာ ဝ ရ ဘု ရား သည် နား ညောင်း လျက်၊ ဒု က္ခ ရှိ သ မျှ မှ ကယ် လွှတ် တော် မူ၏။ထာ ဝ ရ ဘု ရား သည် ကြေ ကွဲ သော နှ လုံး ရှိ သူ တို့ အ နီး ရှိ နေ ၍၊ ကြေ မွ သော စိတ် ရှိ သူ တို့ ကို ကယ် တော် မူ ၏။
ငါ့ ကို ခွန် အား နှင့် ပြည့် စေ တော် မူ သော အ ရှင်၌ ငါ သည် အ ရာ ခပ် သိမ်း ကို စွမ်း ဆောင် နိုင်၏။
ထာ ဝ ရ ဘု ရား ကို စောင့် မျှော် လျက်၊ အား ယူ၍ ရဲ ရင့် သော စိတ် ရှိ လော့။ ထာ ဝ ရ ဘု ရား ကို စောင့် မျှော် ဦး လော့။
သင်တို့သည် ငါ၌ငြိမ်သက်ခြင်းရှိကြစေရန် ထိုသို့ငါဟောခဲ့ပြီ။ ဤလောက၌ ဆင်းရဲဒုက္ခရောက်သော်လည်းအားယူကြလော့။ ငါသည် ဤလောကကိုအောင်ပြီဟု မိန့်တော်မူ၏။
ထာ ဝ ရ ဘု ရား သည်၊ ကိုယ် တော် အား ခန့် ညား ၍၊ က ရု ဏာ တော် ကို စောင့် မျှော် သူ တို့ ကို မျက် မှောက် ပြု လျက်၊ သေ ဘေး မှ ကယ် လွှတ် ခြင်း၊အ စာ ခေါင်း ပါး သည့် ကာ လ၊ အ သက် ရှင် ခြင်း ကို ပေး တော် မူ ၏။
ငါ့ လူ မျိုး တို့ ကို နှစ် သိမ့် ချမ်း သာ ခြင်း ရ စေ ကြ လော့။ လ မိုင်း အ ဖြစ် စေ့ ကုန် ပြီ။ ဒု စ ရိုက် အ တွက် ဆပ် ပေး ခဲ့ ပြီ။ အ ပြစ် ရှိ သ မျှ အ တွက်၊ ငါ ထာ ဝ ရ ဘု ရား လက် တော် မှ၊ နှစ် ဆ ဒဏ် ခံ ပြီး ဖြစ် ကြောင်း၊ ယေ ရု ရှ လင် မြို့ အား မေ တ္တာ စ ကား ဖြင့် ကြော် ငြာ ကြွေး ကြော် ကြ လော့ ဟု၊ သင် တို့ ဘု ရား သ ခင် မိန့် တော် မူ၏။
သို့ ဖြစ်၍ ငါ့ ဘု ရား သ ခင် သည် ဘုန်း တော် ကြွယ် ဝ တော် မူ သည့် အ တိုင်း သင် တို့ အ လို ရှိ သ မျှ ကို ခ ရစ် တော် ယေ ရှု အား ဖြင့် ပြည့် စုံ စေ တော် မူ လိမ့် မည်။
စိတ် ညှိုး ငယ် သော အ ခါ၊ မြေ ကြီး အ စွန်း အ ဖျား မှ၊ အ ကျွန်ုပ် အော် ဟစ် ပါ မည်။ တက်၍ မ ရောက် နိုင် သော ကျောက် တောင် တော် သို့ ပို့ တော် မူ ပါ။
ငါ တို့၌ ပြု ပြင် သော တန် ခိုး တော် နှင့် အ ညီ၊ ငါ တို့ ထင် မြင် တောင်း လျှောက် သ မျှ ထက် ကြွယ် ဝ စွာ သ နား တော် မူ နိုင် သော အ ရှင် သည် အ သင်း တော်၌ လည်း ကောင်း၊ ခ ရစ် တော် ယေ ရှု၌ လည်း ကောင်း၊ လူ မျိုး အ ဆက် ဆက် ကာ လ အ စဉ် ဘုန်း တော် ကြီး ပါ စေ သ တည်း။ အာ မင်။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ လင်း၊ ငါ့ ကယ် တင် ရာ ကယ် တင် ကြောင်း ဖြစ် တော် မူ သ ဖြင့်၊ မည် သူ့ ကို ကြောက် ရ အံ့ နည်း။ ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ သက် ၏ ခို လှုံ ရာ ဖြစ် တော် မူ သ ဖြင့်၊ မည် သူ့ ကို ရွံ့ ရ အံ့ နည်း။
ထာ ဝ ရ ဘု ရား မ စ တော် မူ သည့် အ လျောက် ငါ မ ကြောက် မ ရွံ့။ လူ သည် ငါ့ ကို မည် သို့ ပြု နိုင် အံ့ နည်း ဟု ရဲ ရင့် စွာ ငါ တို့ ဆို ရ ကြ ၏။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ ကျောက် တောင်၊ ငါ့ ခံ တပ်၊ ငါ့ ကို ကယ် လွှတ် သော အ ရှင်၊ ငါ့ ဘု ရား သ ခင်၊ ငါ ခို လှုံ ရာ ကျောက် စွယ်၊ ငါ့ ဒိုင်း လွှား၊ ငါ့ ကယ် တင် ရာ ဦး ချို၊ ငါ့ ရဲ တိုက် ဖြစ် တော် မူ ၏။
အ ရှင် ဘု ရား သည် မ ကောင်း ဟူ သ မျှ မှ ငါ့ ကို လွတ် မြောက် စေ ပြီး လျှင် ကိုယ် တော်၏ ကောင်း ကင် နိုင် ငံ တော် အ ဖို့ ကယ် တင် တော် မူ လိမ့် မည်။ ကမ္ဘာ အ ဆက် ဆက် ဘုန်း ကြီး ပါ စေ သ တည်း။ အာ မင်။
ငြိမ် ဝပ် စွာ နေ ကြ စေ။ ငါ သည် ဘု ရား သ ခင် ဖြစ် ကြောင်း သိ မှတ် ကြ စေ။ လူ မျိုး ခြား တို့ တွင် ဘုန်း ပွင့် မည်။ မြေ ကြီး ပေါ် မှာ ဘုန်း ပွင့် မည်။
နှ လုံး တုန် သော သူ တို့ အား၊ ကြောက် ရွံ့ ခြင်း ကင်း လျက် အား ယူ ကြ လော့။ သင် တို့ ဘု ရား သ ခင် သည် လက် စား ချေ ရန် လည်း ကောင်း၊ တန် ခိုး ကြီး စွာ ဆပ် ပေး ရန်လည်း ကောင်း၊ ကြွ ရောက် တော် မူ လိမ့် မည်။ ကြွ ရောက် ကယ် တင် တော် မူ သော အ ရှင် ကား၊ ကိုယ် တော် ပေ တည်း ဟု ဆို ကြ လော့။
က တိ ထား သော အ ရှင် သည် သ စ္စာ တည် တော် မူ သော ကြောင့် ငါ တို့ ဝန် ခံ ရာ မျှော် လင့် ခွင့် ကို မ ယိမ်း မ ယိုင် စွဲ မြဲ ခြင်း၊
ဒု က္ခ များ ၌ အ ကျွန်ုပ် ကျင် လည် ရ သော် လည်း၊ ကိုယ် တော် သည် ရှင် ပြန် စေ လျက်၊ ဆန့် တန်း သော လက် ရုံး တော် ဖြင့် ရန် သူ တို့ အမျက် ဒေါ သ ငြိမ်း စေ၍၊ ညာ လက် ရုံး တော် ဖြင့် ကယ် တော် မူ လိမ့် မည်။
ယ ခု ခေတ် ကာ လ နှင့် အ သွင် တူ ခြင်း မ ရှိ ဘဲ မည် သည့် အ ရာ မှာ ဘု ရား သ ခင့် အ လို တော် အ တိုင်း ကောင်း မွန် စုံ လင်၍ နှစ် သက် တော် မူ ရာ ဖြစ် ကြောင်း ပိုင်း ခြား သိ မြင် ရ အံ့ သော ငှါ စိတ် သ ဘော အ သစ် ရ လျက် ပုံ သ ဏ္ဌာန် ပြောင်း ခြင်း ရှိ ကြ လော့။
တောင် များ ရွှေ့ ၍၊ ကုန်း များ လှုပ် ရှား ရ သော် လည်း၊ ငါ၏ မေ တ္တာ ကျေး ဇူး သည်၊ သင် မှ မ ရွှေ့။ မ ဟာ မိတ် ပ ဋိ ညာဉ် တော် လည်း၊ မ လှုပ် မ ရှား ရ ဟု သင့် အား က ရု ဏာ သက် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
ထာ ဝ ရ ဘု ရား ကို ငါ စောင့် နေ မျှော် လင့် ရာ ကိုယ် တော် သည် ငါ့ ဘက် သို့ ငဲ့၍၊ အော် ဟစ် သံ ကို ကြား လျက်၊
တစ် ကိုယ် တည်း အ ဖြစ် ခ ရစ် တော်၏ ငြိမ် သက် ခြင်း ထဲ သို့ အ ခေါ် ခံ ရ သည့် အ လျောက် ထို ငြိမ် သက် ခြင်း ကို သင် တို့ စိတ် နှ လုံး တွင် ခုံ သ မတ် ဖြစ် စေ လျက် ကျေး ဇူး တော် ကို သိ မှတ် ကြ လော့။
ရေး နှင့် သ မျှ ကျမ်း ချက် သည် ငါ တို့ တည် ကြည် ခြင်း အား ဖြင့် လည်း ကောင်း၊ ကျမ်း ဂန် တော် ကြောင့် ရ သော နှစ် သိမ့် ခြင်း အား ဖြင့် လည်း ကောင်း၊ မျှော် လင့် ခွင့် ရှိ ကြ စေ ရန် သွန် သင် ခြင်း အ ဖို့ ရေး ထား လျက် ရှိ ၏။
ငါ မူ ကား၊ ဘု ရား သ ခင့် အ ထံ တော် သို့ ချဉ်း ကပ် ၍ အ ကျိုး ရှိ ၏။ အ ရှင် ထာ ဝ ရ ဘု ရား၌ ခို လှုံ လျက် နေ ရ သ ဖြင့်၊ အ မှု တော် ရှိ သ မျှ ကို ကြား ပြော ခွင့် ရ ပါ ၏။
ငါ သာ လျှင် သင် တို့ ကို နှစ် သိမ့် စေ သော အ ရှင် ပေ တည်း။ မိုး ကောင်း ကင် ကို ကြက် လျက်၊ မြေ ပ ထ ဝီ ကို တည် ထောင်၍၊ သင့် ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား ကို သ တိ မ ရ ဘဲ၊ သေ တတ် သော လူ၊ မြက် ပင် အ ဖြစ် ရောက် တတ် သော လူ့ သား တို့ ကို ကြောက် ရွံ့ ခြင်း၊ ဖျက် ဆီး ရန် လေး တင် လျက် နှိပ် စက် သူ တို့ ၏ ဒေါ သ ကြောင့် အ စဉ် မ ပြတ် တုန် လှုပ် ခြင်း ရှိ သော သင် သည်၊ မည် သို့ သော သူ ဖြစ် သ နည်း။ နှိပ် စက် သူ တို့ ဒေါ သ အ ဘယ် မှာ နည်း။
ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။
သန့် ရှင်း သည် ဟု နာ မ ရှိ လျက်၊ အ န န္တ ကာ လ စံ တော် မူ၍၊ မြင့် မြတ် သော အ ရှင် မိန့် တော် မူ သည် မှာ၊ ငါ သည် သန့် ရှင်း မြင့် မြတ် သော စံ ရာ၌ လည်း ကောင်း၊ စိတ် နှိမ့် ချ ကြေ ကွဲ သူ တို့ နှင့် လည်း ကောင်း၊ နှိမ့် ချ ကြေ ကွဲ သူ တို့ စိတ် နှ လုံး အား တက် စေ ခြင်း ငှာ၊ ကိန်း ဝပ် ၏။
အ ချို့ တို့ သည် ရ ထား တပ်၌ လည်း ကောင်း၊ အ ချို့ တို့ သည် မြင်း တပ်၌လည်း ကောင်း၊ အား ကိုး ချီး မွမ်း တတ် ကြ၏။ ငါ တို့ မူ ကား၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ နာ မ တော် ၌ အား ကိုး ချီး မွမ်း ကြ မည်။
ထာ ဝ ရ ဘု ရား ၏ ကောင်း မြတ် တော် မူ ခြင်း အ ရ သာ ကို ဝင် စား သိ မြင် ကြ လော့။ ကိုယ် တော်၌ ခို လှုံ သူ သည် မင်္ဂ လာ ရှိ ၏။
ထာ ဝ ရ ဘု ရား သည်၊ ကိုယ် တော် ကို သ စ္စာ နှင့် ဟစ် ခေါ် သူ၊ ပ ဌ နာ ပြု သူ အ ပေါင်း တို့ အ နီး အ ပါး ၌ ရှိ နေ တော် မူ၏။
အို ယာ ကုပ် အ မျိုး၊ ဣ သ ရေ လ အ နွယ်၊ သင့် ကို ဖန် ဆင်း ပြု ပြင် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ မ ကြောက် လင့်၊ သင့် ကို ငါ ရွေး နုတ် ပြီ၊ အ မည် ဖြင့် ခေါ် ပြီ၊ သင် သည် ငါ ပိုင် ဆိုင် ရာ ဖြစ် သည် နှင့် အ ညီ ရေ ဘေး အ တွင်း ကူး သွား ရ လျှင် ငါ ပါ ရှိ မည်။
ကိုယ် တော် သည် အ ကျွန်ုပ် ပုန်း ကွယ် ရာ ဖြစ် တော် မူ ပါ၏။ ဆင်း ရဲ ဒု က္ခ မှ ထိန်း သိမ်း လျက်၊ အောင် မြင် ရာ သီ ချင်း များ နှင့် ဝန်း ရံ စေ တော် မူ ပါ လိမ့် မည်။
သေ ခြင်း နှင့် ရှင် ခြင်း သော် လည်း ကောင်း၊ စေ တ မန် တော် နှင့် နတ် မင်း များ သော် လည်း ကောင်း၊ ပ စ္စု ပ္ပန် နှင့် အ နာဂတ် အ ရာ များ သော် လည်း ကောင်း၊ တန် ခိုး ရှင် များ သော် လည်း ကောင်း၊ ဘ ဝဂ် နှင့် အ ဝီ စိ သော် လည်း ကောင်း၊ဖန် ဆင်း ထား သော အ ရာ မည် သည် မ ဆို ငါ တို့ ကို အ ရှင် ခ ရစ် တော် ယေ ရှု၌ ရှိ သော ဘု ရား သ ခင်၏ မေ တ္တာ တော် မှ မ ကွာ စေ နိုင် ဟူ၍ ငါ စိတ် ချ သ တည်း။
အို ငါ့ စိတ် ဝိ ညာဉ်၊ အ ဘယ့် ကြောင့် ညှိုး ငယ် ရ သ နည်း။ အ တွင်း၌ အ ဘယ့် ကြောင့် မ ငြိမ် မ ဝပ် ရှိ ရ သ နည်း။ ဘု ရား သ ခင် ကို မျှော် လင့် လော့။ ငါ့ အား မျက် နှာ သာ ပေး တော် မူ သော အ ရှင် ကို၊ ငါ ချီး မွမ်း ခွင့် ရ ဦး မည်။
သို့ သော် လည်း၊ သင် တို့ စစ် တိုက် ရန် အ ကြောင်း မ ရှိ။ ငါ ထာ ဝ ရ ဘု ရား ကယ် ဆယ် ခြင်း အ မှု ကို ရပ် နေ တန့် စား ကြည့် ရှု ကြ လော့။ အို ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား တို့၊ ကြောက် ရွံ့ လျက် တုန် လှုပ် ခြင်း ကင်း လျက် နက် ဖြန် ချီ ထွက် ကြ လော့။ သင် တို့ နှင့် အ တူ၊ ငါ ထာ ဝ ရ ဘု ရား ရှိ တော် မူ မည် ဟူ သော ဗျာ ဒိတ် တော် ကို ဆင့် ဆို ရာ၊
အ သက် လမ်း ကို အ ကျွန်ုပ် အား၊ ကိုယ် တော် သိ ကျွမ်း စေ တော် မူ မည်။ ရှေ့ တော်၌ တင်း တိမ် ဖွယ် အား ရ ခွင့်၊ ညာ ဘက် တော်၌ ကာ လ အ စဉ် ပျော် မွေ့ ခွင့် တည် ရှိ လှ ပေ ၏။
အ သို့ ဆို သော် မ ကြောက် လင့်။ ငါ ထောက် မ မည် ဟု မိန့် ဆို သော သင်၏ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား သည် သင့် ညာ လက် ကို ကိုင် ဆွဲ လိမ့် မည်။
အ ဆုံး စ ကား မှာ ညီ အစ် ကို တို့၊ ကျန်း မာ ကြ စေ သော ပဲ့ ပြင် ခြင်း၊ နှိုး ဆော် ခြင်း ခံ ကြ လော့။ သ ဘော တစ် မျိုး တည်း နှင့် ငြိမ် သက် စွာ နေ ကြ လော့။ သို့ ပြု လျှင် ချစ် ခြင်း၊ ငြိမ် သက် ခြင်း အ ရှင် ဘု ရား သ ခင် သည် သင် တို့ နှင့် အ တူ တည် နေ တော် မူ လိမ့် မည်။
ငါ တို့ ဝန် ကို၊ နေ့ စဉ် ထမ်း တော် မူ သော အ ရှင် ဘု ရား၊ ငါ တို့ ကို ကယ် တင် ပိုင် ရှင် ဘု ရား သ ခင် သည်၊ မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။
သူ ရှင် တို့ နေ ရာ တွင်၊ ထာ ဝ ရ ဘု ရား၏ ကောင်း မြတ် တော် မူ ခြင်း ကို မြင် ရ ပါ မည် ဟု ယုံ ကြည် ရင်း မ ဟုတ် လျှင်၊ အား လျော့ ပါ လေ ပြီ။
လော ဘ ကင်း၍ ကိုယ် ပိုင် ပ စ္စည်း နှင့် ရောင့် ရဲ ကြ လော့။ အ သို့ ဆို သော် ငါ သည် သင့် ကို မည် သည့် အ ခါ မျှ စွန့် ထား မည် မ ဟုတ် ဟု မိန့် တော် မူ ချက် ရှိ သ ဖြင့်၊
သို့ ဖြစ် လျှင် ဤ အ ကြောင်း အ ရာ များ ကို ထောက် သော် မည် သို့ ဆို ရ အံ့ နည်း။ ဘု ရား သ ခင် သည် ငါ တို့ ဘက်၌ ရှိ တော် မူ လျှင် တစ် ဘက်၌ ရှိ ဝံ့ သူ ကား မည် သူ နည်း။
အ တူ ကြွ လျက် ဦး ဆောင် တော် မူ သော ထာ ဝ ရ ဘု ရား သည် သင့် ကို မည် သည့် အ ခါ မျှ စွန့် ထား တော် မ မူ သော ကြောင့် ကြောက် ရွံ့ တုန် လှုပ် ခြင်း ကင်း လော့ ဟူ၍ တည်း။
ဤ သို့ လူ မ တတ် နိုင်။ ဘု ရား သ ခင် မူ ကား အ ရာ ခပ် သိမ်း ကို တတ် နိုင် တော် မူ သည် ဟု ဖြေ ဆို တော် မူ ၏။
အ ချင်း ငါ့ အ သက် ဝိ ညာဉ်၊ ဘု ရား သ ခင်၌ သာ ငြိမ် ဝပ် စွာ နေ လော့။ ငါ စောင့် မျှော် ရာ အ ကြောင်း သည် အ ထံ တော် မှ ရောက် လာ ၏။ကိုယ် တော် သာ လျှင်၊ ငါ့ အ ဖို့ ကျောက် တောင်၊ ကယ် တင် ရာ အ ကြောင်၊ ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ၍၊ ငါ ရွေ့ ရ မည် မ ဟုတ်။
အ ဆုံး စ ကား မှာ အ ရှင် ဘု ရား အား ဖြင့်လည်း ကောင်း၊ အ စွမ်း သ တ္တိ တော် အား ဖြင့်လည်း ကောင်း၊ ခွန် အား ကြီး လျက် မာရ် နတ် ပ ရိ ယာယ် များ ကို ရပ် ခံ နိုင် ရန်၊
က ရု ဏာ တော် ကို ခံ လျက် ထောက် မ သင့် သော အ ချိန်၌ ကျေး ဇူး တော် ကို ရ ခြင်း ငှာ ကျေး ဇူး ရာ ဇ ပ လ္လင် တော် သို့ ရဲ ရင့် စွာ ချဉ်း ကပ် ကြ ကုန် အံ့။
ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့ အ ဖို့ ဘု ရား သ ခင် အ လို တော် ရှိ သည့် အ တိုင်း အ စဉ် ရွှင် လန်း ခြင်း၊ မ ပြတ် ပ ဌ နာ ပြု ခြင်း၊ အ ရာ ရာ တွင် ကျေး ဇူး တော် ချီး မွမ်း ခြင်း များ ကို ပြု ကြ လော့။
စိတ် နှ လုံး တည် ကြည် သော သူ့ ကို၊ ကိုယ် တော် ၌ ကိုး စား သည် နှင့်၊ လုံ ခြုံ စွာ စောင့် ထိန်း တော် မူ၏။
မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။
အို ငါ့ စိတ် ဝိ ညာဉ်၊ အ ဘယ့် ကြောင့် ညှိုး ငယ် ရ သ နည်း။ အ တွင်း၌ အ ဘယ့် ကြောင့် မ ငြိမ် မ ဝပ် ရှိ ရ သ နည်း။ ဘု ရား သ ခင် ကို မျှော် လင့် လော့။ ငါ့ အား မျက် နှာ သာ ပေး တော် မူ သော ငါ့ ဘု ရား သ ခင် ကို ချီး မွမ်း ရ ဦး မည်။
မြစ် များ ကို ကူး သွား ရ လျှင် လွှမ်း မိုး ခြင်း၊ မီး၌ သွား ရ လျှင် ပူ လောင် ခြင်း၊ မီး လျှံ သင့် ခြင်း များ ကို ခံ ရ မည် မ ဟုတ်။
လူ တို့ ခံ ရ သော စုံ စမ်း ခြင်း မျိုး မှ တစ် ပါး သင် တို့ မ ခံ ခဲ့ ရ။ ဘု ရား သ ခင် သည် သ စ္စာ နှင့် ပြည့် စုံ သည့် အ လျောက် သင် တို့ ခံ ရပ် နိုင် သည် ထက် စုံ စမ်း စေ ခွင့် ပြု တော် မ မူ မည့် ပြင် စုံ စမ်း ခံ ရာ တွင် ခံ ရပ် နိုင် ကြ စေ ရန် လွတ် ရာ လွတ် ကြောင်း ကို ပြု ပြင် တော် ဦး မည်။
ထာ ဝ ရ ဘု ရား၏ မေ တ္တာ ကျေး ဇူး တော် နံ နက် တိုင်း ပြန် သက်၍၊ မ ဖြတ် သော က ရု ဏာ တော် ကြောင့် သာ၊ အ ကျွန်ုပ် တို့ မ ကုန် ဆုံး ဘဲ နေ ရ ကြ ပါ၏။ မ ဟာ သ စ္စာ တော် လည်း တည် မြဲ ပါ၏ ဟူ၍ တည်း။
ဘု ရား သ ခင် သည် ကြောက် ရွံ့ စေ သော ဝိ ညာဉ် ကို မ ဟုတ်။ အ စွမ်း သ တ္တိ၊ ချစ် ခြင်း မေ တ္တာ၊ ဆုံး မ သော သ တိ ရှိ စေ သော ဝိ ညာဉ် ကို ငါ တို့ အား သ နား တော် မူ၏။
ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။
သေ မင်း အ ရိပ် ကျ ရာ ချိုင့် ကို ပင် ငါ လျှောက် သွား ရ သော် လည်း၊ ဘေး အ န္တ ရာယ် ကို ကြောက် ရွံ့ မည် မ ဟုတ်။ ကိုယ် တော် သည် အကျွန်ုပ် နှင့် အ တူ ရှိ နေ ၏။ လှံ တံ တော်၊ တောင် ဝေး တော် ဖြင့် နှစ် သိမ့် စေ တော် မူ ပါ ၏။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ စွမ်း အား၊ ငါ့ ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ၏။ ကိုယ် တော်၌ ခို လှုံ ခဲ့ သည့် အ တိုင်း အ ထောက် အ မ ခံ ရ၏။ ငါ့ စိတ် ရွှင် လန်း၍ ကိုယ် တော် ကို သီ ဆို ချီး မွမ်း မည်။
ဘု ရား သ ခင် သည်၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ပေ တည်း။ ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ ငါ၏ စွမ်း အား၊ ငါ ကျူး ဧ ဖွဲ့ ဆို ရာ၊ ငါ့ ကို ကယ် တင် ရာ အ ကြောင်း ဖြစ် စေ တော် မူ သ ဖြင့်၊ ကြောက် ရွံ့ ခြင်း ကင်း ၍ ကိုး စား ပါ မည် ဟု မြွက် ဆို လျက်၊
စိုး စဉ်း မျှ မ စိုး ရိမ် ပဲ ကျေး ဇူး တော် ကို ချီး မွမ်း လျက် တောင်း လျောက် ပ ဌာ နာ ပြု ချက် များ ဖြင့် လို လေ ရာ ရာ ကို ဘု ရား သ ခင် ရှေ့ ဖော် ပြ ကြ လော့။သို့ ပြု လျင် ဉာဏ် ဟူ သ မျှ ထက် လွန် ကဲ သော ဘု ရား သ ခင် ငြိမ် သက် ခြင်း သည် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့၏ စိတ် နှ လုံး နှင့် အ ကြံ အ စည် များ ကို ကွယ် ကာ စောင့် ရှောက် လိမ့် မည်။
ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။
ကိုယ် တော် သည် အ ကျွန်ုပ် ကွယ် ကာ ရန်၊ အ ကျွန်ုပ် ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ သည့် အ လျောက်၊ နှုတ် က ပတ် တော် ကို စောင့် မျှော် လျက် နေ ပါ၏။
ခ ရစ် တော် အား ဖြင့် ထာ ဝ ရ ဘုန်း တော် ကို ဝင် စား စေ ရန် သင် တို့ ကို ခေါ် ထား တော် မူ သော ကျေး ဇူး အ မျိုး မျိုး အ ရှင် ဘု ရား သ ခင် သည် တစ် ခ ဏ မျှ ဒု က္ခ ခံ ပြီး သော သင် တို့ ကို ကိုယ် တော် တိုင် စုံ လင် တည် ကြည် စေ၍ အား ဖြင့် တည် ထောင် တော် မူ လိမ့် မည်။
ငါ သည် ထာ ဝ ရ ဘု ရား ကို၊ အ စဉ် မျက် မှောက် ပြု ပါ ပြီ။ ငါ့ လက်ျာ ဘက်၌ ရှိ နေ တော် မူ သော ကြောင့်၊ ငါ ရွေ့ ရ မည် မ ဟုတ် ပါ။
ဘု ရား သ ခင် ကြောင့် ငါ တို့ ခံ ရ သော နှစ် သိမ့် ခြင်း အား ဖြင့် မည် သည့် ဒု က္ခ မ ဆို ခံ နေ ရ သူ တို့ ကို နှစ် သိမ့် စေ ခွင့် ရှိ အံ့ သော ငှာ ငါ တို့ ခံ သ မျှ သော ဒု က္ခ၌ နှစ် သိမ့် စေ တော် မူ သည့် အ လျောက် က ရု ဏာ သက် တော် မူ သော အ ဘ၊ နှစ် သိမ့် ခြင်း အ မျိုး မျိုး ပေး တော် မူ သော ဘု ရား၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ခ မည်း တော် ဘု ရား သခင် ၌ မင်္ဂ လာ ရှိ ၏။
နှ လုံး ကြေ ကွဲ သော သူ တို့ ကို နှစ် သိမ့် စေ လျက်၊ သူ တို့ ဒဏ် ရာ များ ကို ပတ် စည်း တော် မူ၏။
ရွှင် လန်း စွာ မျှော် လင့် လျက်၊ ဒု က္ခ ရောက် ရာ၌ တည် တံ့ လျက်၊ အ မြဲ ပ ဌ နာ ပြု လျက်၊ ဆင်း ရဲ သော တ ပည့် တော် တို့ အား ပေး ကမ်း လျက်၊ ဧည့် ဝတ် ပြု လျက် နေ ကြ လော့။
ထို မျှ မ က ဒု က္ခ ရောက် ခြင်း ဖြင့် တည် ကြည် ခွင့်၊ တည် ကြည် ခြင်း ဖြင့် စံ တော် မီ ခွင့်၊ စံ တော် မီ ခြင်း ဖြင့် စောင့် မျှော် ခွင့် ဖြစ် ပွား သည် ကို သိ မှတ် သည် နှင့် ဒု က္ခ ရောက် ရာ၌ လည်း ငါ တို့ ရွှင် လန်း ရ ကြ၏။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ ဘက်၌ ရှိ နေ တော် မူ သည့် အ လျောက်၊ ငါ မ ကြောက် မ ရွံ့၊ လူ သည် ငါ့ ကို မည် သို့ ပြု နိုင် အံ့ နည်း။
ငါ တို့ သည် အ ဖက် ဖက် က ဖိ စီး ခံ ရ သော် လည်း ကျဉ်း မြောင်း သည် မ ဟုတ်။ ရှုပ် ထွေး ရ သော် လည်း စိတ် ပျက် သည် မ ဟုတ်။ ညှဉ်း ပန်း ခံ ရ သော် လည်း ခို ရာ မဲ့ မ ဟုတ်။ခုတ် လှဲ ခံ ရ သော် လည်း ပျက် စီး သည် မ ဟုတ် ဘဲ လျက်၊
ငြိမ်သက်ခြင်းကို သင်တို့နှင့်ငါထားခဲ့၏။ လောကသားတို့ပေးကြသည့်နည်းတူမဟုတ်။ ကိုယ့်ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ နှလုံးမသာခြင်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။
ထာ ဝ ရ ဘု ရား ကို၊ ငါ ရှာ ဖွေ ရာ၊ ကိုယ် တော် နား ညောင်း ၍၊ ငါ ကြောက် ဖွယ် ရှိ သ မျှ မှ ကယ် လွှတ် တော် မူ ၏။
သူ ငယ် တို့၊ ဘု ရား သ ခင့် ဘက် တော် သား ဖြစ် သော သင် တို့၌ တည် တော် မူ သော အ ရှင် သည် ဤ လော က၌ တည် သော အ ရှင် ကြီး ထက် ကြီး မြတ် တော် မူ သော ကြောင့် ထို သူ တို့ ကို သင် တို့ အောင် ကြ လေ ပြီ။
အ မျက် တော် သည် တစ် ခ ဏ မျှ၊ ကျေး ဇူး တော် သည် တစ် သက် ပတ် လုံး တည် ၏။ ညဉ့် အ ခါ၌ ငို ကြွေး ခြင်း ဝင် ရောက် တည်း ခို သော် လည်း၊ နံ နက် ထ သော်၊ ရွှင် လန်း ရ ၏။
ငါ တို့ သည် ထို အ တိုင်း ခံ ရ လျက် ပင် ငါ တို့ ကို ချစ် တော် မူ သော အ ရှင် ကြောင့် အ ထူး အောင် မြင် ရ ကြ၏။
ကောင်း မှု ကို လက် မ လွတ် ဘဲ ပြု ကြ ကုန် အံ့။ အား လျော့ ခြင်း ကင်း လျှင် အ ချိန် စေ့ သော် ငါ တို့ ရိတ် သိမ်း ကြ ရ လိမ့် မည်။
အ ကျွန်ုပ် အ သွေး အ သား နှင့် နှ လုံး ယို ယွင်း ရ သော် လည်း၊ ဘု ရား သ ခင် သည်၊ အ ကျွန်ုပ် စိတ် နှ လုံး ၏ ကျောက် တောင်၊ အကျွန်ုပ် ၏ ဝေ ပုံ၊ အ စဉ် ဖြစ် တော် မူ ၏။