လူတွေတစ်ယောက်တည်းနေဖို့ မဖန်ဆင်းခဲ့ဘူးဆိုတာ သိလား။ ကမ္ဘာဦးကျမ်းမှာ လူကိုဖန်ဆင်းပြီးတဲ့နောက် ဘုရားသခင်က "လူတစ်ယောက်တည်းနေရတာ မကောင်းဘူး။ သူ့အတွက် သင့်တော်တဲ့ အထောက်အမ ဖန်ဆင်းပေးမယ်" လို့ မိန့်တော်မူခဲ့တယ်။ အဲဒီလိုနဲ့ ထာဝရဘုရားသခင်က မိန်းမကို ဖန်ဆင်းပြီး ယောက်ျားဆီ ပို့ဆောင်ပေးခဲ့တယ်။ တစ်ယောက်တည်း နေရတာဆိုတာ စိတ်ခံစားချက်တစ်ခုတင် မဟုတ်ဘူး။ တခြားလူသားတွေနဲ့ အဆက်အသွယ်ပြတ်သွားတဲ့အခါ ခံစားရတဲ့ ဝေဒနာတစ်ခုပဲ။
ဒါပေမယ့် ဘုရားသခင်ဆီ ကျွန်ုပ်တို့ ချဉ်းကပ်ရင် ဘုရားသခင်ကလည်း ကျွန်ုပ်တို့ဆီ ချဉ်းကပ်လာလိမ့်မယ်။ ကျမ်းစာမှာလည်း အဲဒီလိုပဲ ပြောထားတယ်။ တစ်ယောက်တည်း ဖြစ်နေရင်တောင်၊ လူတွေ ဝိုင်းရံနေရင်တောင် ဘုရားသခင်ရှိနေရင် အထီးကျန်မှုကနေ လွတ်မြောက်နိုင်တယ်။ ဘုရားသခင်က ကျွန်ုပ်တို့ကို ကိုယ်တော်ဆီ ခိုလှုံစေချင်တယ်၊ ကိုယ်တော်ရဲ့ ရှေ့တော်မှောက်မှာ ပြည့်စုံမှုကို ရှာတွေ့စေချင်တယ်။ ပြီးရင် ကိုယ်တော်က ကျွန်ုပ်တို့အတွက် ကောင်းချီးဖြစ်စေမယ့် သင့်တော်တဲ့ လူတွေကို ပေးသနားလိမ့်မယ်။ ကျွန်ုပ်တို့ တစ်ယောက်တည်း မဟုတ်ဘူး။ ဘုရားသခင်ရှိတယ်။ ကိုယ်တော့်ရဲ့ မေတ္တာတရားက ကျွန်ုပ်တို့ကို ဝန်းရံထားတယ်။
အ တူ ကြွ လျက် ဦး ဆောင် တော် မူ သော ထာ ဝ ရ ဘု ရား သည် သင့် ကို မည် သည့် အ ခါ မျှ စွန့် ထား တော် မ မူ သော ကြောင့် ကြောက် ရွံ့ တုန် လှုပ် ခြင်း ကင်း လော့ ဟူ၍ တည်း။
ကြောက် ရွံ ခြင်း၊ အံ့ အား သင့် ခြင်း ကင်း လျက်၊ အား ယူ၍ ရဲ ရင့် ကြ လော့။ အ တူ ချီ ကြွ တော် မူ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် သင် တို့ ကို မည် သည့် အ ခါ မျှ စွန့် ထား တော် မူ မည် မ ဟုတ် ဟု မိန့် ဆို ပြီး နောက်
သင် တို့ အား ငါ ပ ညတ် သ မျှ ကို စောင့် ရှောက် စေ ရန် သွန် သင် ကြ လော့။ ယ ခု ခတ် ကာ လ အ ဆုံး တိုင် အောင် သင် တို့ နှင့် အ တူ နေ့ စဉ် မ ပြတ် ငါ ရှိ သည် ဟု မိန့် တော် မူ၏။
ထာ ဝ ရ ဘု ရား သည်၊ ကိုယ် တော် ကို သ စ္စာ နှင့် ဟစ် ခေါ် သူ၊ ပ ဌ နာ ပြု သူ အ ပေါင်း တို့ အ နီး အ ပါး ၌ ရှိ နေ တော် မူ၏။
သင့် အ သက် တာ ကာ လ ပတ် လုံး၊ မည် သူ မျှ သင့် ရှေ့၌ မ ခံ ရပ် နိုင် ရာ။ ငါ သည် မော ရှေ နှင့် အ တူ ရှိ သ ကဲ့ သို့ သင် နှင့် အ တူ ရှိ လ တ္တံ့။ မည် သည့် အ ခါ မျှ စွန့် ထား မည် မ ဟုတ်။
သေ မင်း အ ရိပ် ကျ ရာ ချိုင့် ကို ပင် ငါ လျှောက် သွား ရ သော် လည်း၊ ဘေး အ န္တ ရာယ် ကို ကြောက် ရွံ့ မည် မ ဟုတ်။ ကိုယ် တော် သည် အကျွန်ုပ် နှင့် အ တူ ရှိ နေ ၏။ လှံ တံ တော်၊ တောင် ဝေး တော် ဖြင့် နှစ် သိမ့် စေ တော် မူ ပါ ၏။
ထာ ဝ ရ ဘု ရား သ ခင် က လည်း လူ သည် တစ်ယောက် တည်း မ နေ စ ကောင်း။ သူ့ အ ဖို့ တော် သော အ ထောက် အ မ ကို ငါ ဖန် ဆင်း ဦး မည် ဟု မိန့် တော် မူ ၏။
ဘု ရား သ ခင် သည်၊ သန့် ရှင်း သော ဘုံ ဗိ မာန် တွင်၊ ဘ သက် ဆိုး တို့ အ ဘ၊ မု ဆိုး မ တို့ တ ရား မင်း အ ဖြစ် စံ နေ တော် မူ၏။
မ ထီ မဲ့ မြင် ပြု ခြင်း၊ လူ တို့ စွန့် ပယ် ခြင်း ကို ခံ ရ လျက်၊ ရော ဂါ နှင့် ကျွမ်း ဝင်၍၊ ဝေ ဒ နာ ခံ စား ရ သူ ဖြစ် ၏။ မျက် နှာ လွှဲ ချင် ဖွယ် နှင့် အ မျှ မ ထီ လေး စား ခံ ရ သ ဖြင့်၊ ငါ တို့ ပ မာ ဏ မ ပြု ကြ။
သင် တို့ အ တွက် ကြောင့် ကြ တော် မူ သော ကြောင့် သင် တို့ စိုး ရိမ် ခြင်း ရှိ သ မျှ ကို ကိုယ် တော့် အ ပေါ် သို့ လွှဲ တင် ကြ လော့။
မ စွန့် မ ပယ် ဘဲ ငါ ရွေး ချယ် သည့် အ လျောက်၊ သင် နှင့် အ တူ ငါ ရှိ သ ဖြင့်၊ မ ကြောက် လင့်။ ငါ သည် သင်၏ ဘု ရား သ ခင် ဖြစ် သော ကြောင့်၊ မ စိုး ရိမ် နှင့်။ သင့် ကို ခိုင် ခံ့ စွာ ထောက် မ မည့် ပြင်၊ အောင် ပွဲ ရ ညာ လက် ရုံး ဖြင့် ထောက် ပင့် လိမ့် မည်။
အို အ ရှင် ဘု ရား၊ အ ကျွန်ုပ်၏ အ လို ဆ န္ဒ ရှိ သ မျှ သည်၊ ရှေ့ တော်၌ ထင် ရှား လျက်၊ ညည်း တွား ရ ခြင်း လည်း မ ကွယ် မ ဝှက် ပါ။
စိုး စဉ်း မျှ မ စိုး ရိမ် ပဲ ကျေး ဇူး တော် ကို ချီး မွမ်း လျက် တောင်း လျောက် ပ ဌာ နာ ပြု ချက် များ ဖြင့် လို လေ ရာ ရာ ကို ဘု ရား သ ခင် ရှေ့ ဖော် ပြ ကြ လော့။သို့ ပြု လျင် ဉာဏ် ဟူ သ မျှ ထက် လွန် ကဲ သော ဘု ရား သ ခင် ငြိမ် သက် ခြင်း သည် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့၏ စိတ် နှ လုံး နှင့် အ ကြံ အ စည် များ ကို ကွယ် ကာ စောင့် ရှောက် လိမ့် မည်။
ပ ထ မ အ ကြိမ် ငါ ထု ချေ ရ သည့် ကာ လ မည် သူ မျှ ငါ့ ဘက် မှာ မ နေ ဘဲ ရှိ သ မျှ တို့ စွန့် ခွာ ကြ၏။ ထို အ မှု ကို သူ တို့ အ ပေါ်၌ မှတ် တော် မ မူ ပါ စေ နှင့်။အ ရှင် ဘု ရား မူ ကား ငါ ဘက်၌ နေ တော် မူ လျက် အ နှံ့ အ ပြား ငါ ကြော် ငြာ၍ လူ မျိုး ခြား ရှိ သ မျှ တို့ ကြား နာ ခွင့် ရ စေ ခြင်း ငှါ ငါ့ ကို ခွန် အား နှင့် ပြည့် စေ သည့် ပြင် ကေ သ ရာ ဇာ့ ခံ တွင်း မှ လွတ် မြောက် စေ တော် မူ၏။
မိန့် မှာ သော အ ရှင် ကား၊ ငါ ပင် မ ဟုတ် လော။ အံ့ အား သင့် ခြင်း၊ တုန် လှုပ် ခြင်း ကင်း လျက်၊ အား ယူ၍ ရဲ ရင့် လော့။ သွား လေ ရာ ရာ သင့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ပါ ရှိ သည် ဟု မိန့် တော် မူ ၏။
ထာ ဝ ရ ဘု ရား သည် သ နား၍ သင် တို့ ကို လူ မျိုး တော် အ ဖြစ် ခန့် ထား တော် မူ ခဲ့ သည့် အ တိုင်း မ ဟာ နာ မ တော် ကြောင့် လူ မျိုး တော် ကို စွန့် တော် မူ မည် မ ဟုတ် ချေ။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် အား ရှာ ဖွေ သူ တို့ ကို စွန့် ထား တော် မ မူ သော ကြောင့်၊ နာ မ တော် အ ကျွမ်း ဝင် သူ တို့ သည်၊ ကိုယ် တော် ၌ ကိုး စား ကြ လိမ့် မည်။
ခို ကိုး ရာ မဲ့၊ ညှဉ်း ပန်း ခံ ရ သော အ ကျွန်ုပ် ကို လှည့် ကြည့်၍၊ က ရု ဏာ သက် တော် မူ ပါ။စိတ် ဒု က္ခ ရောက် ရာ မှ ထွက် မြောက် စေ၍၊ အ ကျဉ်း အ ကျပ် အ ဖြစ် မှ ထုတ် ဆောင် တော် မူ ပါ။
ထာ ဝ ရ ဘု ရား ကို စောင့် မျှော် လျက်၊ အား ယူ၍ ရဲ ရင့် သော စိတ် ရှိ လော့။ ထာ ဝ ရ ဘု ရား ကို စောင့် မျှော် ဦး လော့။
ထာ ဝ ရ ဘု ရား သည် ကြေ ကွဲ သော နှ လုံး ရှိ သူ တို့ အ နီး ရှိ နေ ၍၊ ကြေ မွ သော စိတ် ရှိ သူ တို့ ကို ကယ် တော် မူ ၏။
ထာ ဝ ရ ဘု ရား သည်၊ တ ရား သ ဖြင့် စောင့် ခြင်း ကို၊ နှစ် သက်၍၊ ကြည် ညို သူ တို့ ကို စွန့် ထား တော် မ မူ။ ကာ လ အ စဉ် ထိန်း သိမ်း တော် မူ၏။ လူ ဆိုး၏ သား မြေး တို့ မူ ကား၊ ပယ် ရှား ခံ ရ ကြ လိမ့် မည်။
နေ့ အ ခါ တွင်၊ မေ တ္တာ ကျေး ဇူး တော် ကို ထာ ဝ ရ ဘု ရား သ နား တော် မူ သည့် အ လျောက်၊ ညဉ့် အ ခါ တွင်၊ ကိုယ့် အ သက် သ ခင့် ထံ ပ ဌ နာ ပြု လျက်၊ ဂုဏ် တော် သီ ဆို ခွင့် ကို ရ ဦး မည်။
ဘု ရား သ ခင် သည်၊ ငါ တို့ ခို လှုံ ရာ၊ ငါ တို့ စွမ်း အား ဖြစ် လျက်၊ ဒု က္ခ ရောက် သည့် ကာ လ၊ တွေ့ လွယ် သော အ ထောက် အ မ ဖြစ် တော် မူ ပါ ၏။
ကိုယ့် ဝန် ကို ထာ ဝ ရ ဘု ရား အား လွှဲ အပ် လော့။ ထောက် မ တော် မူ လိမ့် မည်။ သူ တော် ကောင်း ကို မည် သည့် ကာ လ မျှ၊ ရွှေ့ သွား စေ ခွင့် ပြု တော် မူ မည် မ ဟုတ်။
အ ကျွန်ုပ် သည်၊ ကြောက် ရွံ့ နေ ရ သော ကာ လ တွင်၊ ကိုယ် တော်၌ ကိုး စား ပါ မည်။ဘု ရား သ ခင် ကို အ မှီ ပြု၍၊ က တိ တော် ကို ချီး မွမ်း မည်။ ကြောက် ရွံ့ ခြင်း ကင်း လျက်၊ ဘု ရား သ ခင်၌ ကိုး စား ပြီး ဖြစ် သူ ငါ့ ကို၊ လူ တို့ မည် သို့ ပြု နိုင် သ နည်း။
ငါ့ အ သက် ဝိ ညာဉ် သည်၊ ဘု ရား သ ခင်၌ သာ ငြိမ် ဝပ် စွာ နေ ရ၏။ ကယ် တင် ရာ အ ကြောင်း သည်၊ အ ထံ တော် မှ ရောက် လာ၏။အ ညှဉ်း အ ပန်း ၌ ကိုး စား ခြင်း အ လု အ ယက် ကြောင့် ဝင့် ဝါ ခြင်း မ ပြု ကြ နှင့်။ တိုး ပွား သည့် ပ စ္စည်း များ ကို မ စွဲ လမ်း ကြ လင့်။ဘု ရား သ ခင် သည် တစ် ကြိမ် တည်း ဗျာ ဒိတ် ပေး တော် မူ သည် မှာ၊ တန် ခိုး သည် ဘု ရား သ ခင် နှင့် စပ် ဆိုင် သည်။အို အ ရှင် ဘု ရား၊ က ရု ဏာ လည်း ကိုယ် တော် နှင့် စပ် ဆိုင် ပါ သည် ဟူ သော နှစ် ချက် ကို ငါ ကြား ရ၏။ ကိုယ် တော် သည် လူ အ သီး အ သီး တို့ အား၊ ကိုယ့် အ ကျင့် အ လျောက် ဆပ် ပေး တော် မူ ပါ ၏။ကိုယ် တော် သာ လျှင်၊ ငါ့ အ ဖို့ ကျောက် တောင်၊ ကယ် တင် ရာ အ ကြောင်း၊ ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ၍၊ များ စွာ ရွေ့ ရ မည် မ ဟုတ်။
ဘု ရား သ ခင် သည်၊ အ သီး ပု ဂ္ဂိုလ် တို့ အား နေ ရာ ပေး လျက်၊ သုံ့ ပန်း ခံ ရ သူ တို့ ကို ကောင်း စား ရာ သို့ ပို့ ဆောင် တော် မူ၏။ ပုန် ကန် တတ် သူ တို့ မူ ကား၊ သွေ့ ခြောက် ရာ၌ နေ ထိုင် ရ ကြ၏။
အ ပါး တော် တွင် အ စဉ် မ ပြတ် နေ သော၊ အ ကျွန်ုပ် ၏ ညာ လက် ကို ကိုင် စွဲ တော် မူ သည့် ပြင်၊အ ကြံ ပေး ၍ လမ်း ပြ ပြီး နောက်၊ ဘုန်း တော် ကို ဝင် စား ရန် လက် ခံ တော် မူ လိမ့် မည်။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အ ကျွန်ုပ် ကို မ စ၍ နှစ် သိမ့် စေ တော် မူ ခဲ့ ပြီး ဖြစ် ကြောင်း၊ မုန်း ထား သူ တို့ ထောက် ရှု လျက် အ ရှက် ကွဲ ကြ စေ ရန်၊ ကောင်း သော အ မှတ် လ က္ခ ဏာ ကို ပြ တော် မူ ပါ။
မြင့် မြတ် သော ဘု ရား၏ အ တွင်း ဌာ န တော်၌ နေ ထိုင် သော သူ သည်၊ အ န န္တ တန် ခိုး ရှင်၏ အ ရိပ် ကို ခို လှုံ ရ လိမ့် မည်။သင့် ထံ ဘေး တစ် မျိုး မျှ မ ချဉ်း၊ နေ ထိုင် ရာ သို့ ကပ် ရော ဂါ တစ် မျိုး မျှ မ သင့် ရ။သွား လေ ရာ ရာ၌ သင့် ကို စောင့် ထိန်း ကြ စေ ရန်၊ စေ တ မန် တော် တို့ အား မှာ ထား တော် မူ သည့် အ တိုင်း၊ကျောက် ခဲ နှင့် ခြေ ကို မ ခိုက် မိ စေ ရန်၊ ချီ ပင့် ရ ကြ လိမ့် မည်။သင် သည် ခြင်္သေ့ နှင့် မြွေ ဆိုး များ ကို နင်း၍၊ ခြင်္သေ့ ပျို နှင့် န ဂါး တို့ ကို ကျော် ရ လိမ့် မည်။ငါ၌ စွဲ လမ်း သော ကြောင့်၊ သူ့ ကို ငါ ကယ် လွှတ်၍၊ ငါ့ နာ မ ကို သိ ကျွမ်း သော ကြောင့်၊ ချီး မြှောက် မည်။ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။တင်း တိမ် ဖွယ် အ သက် ရှည် စွာ သ နား ၍၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ကို ဖော် ပြ မည်။ငါ၏ ခို လှုံ ရာ၊ ငါ၏ ခံ တပ်၊ ငါ ကိုး စား ရာ ဘု ရား သ ခင် ပေ တည်း ဟု၊ ထာ ဝ ရ ဘု ရား အား ငါ ဝန် ခံ မည်။
တ ရား ခွင် သို့ ဖြောင့် မတ် ခြင်း မ ပြန် မ ရောက်၊ သ ဘော ဖြောင့် သူ အ ပေါင်း တို့ မ လိုက် မ လျှောက် မီ အ တွင်း၊ ထာ ဝ ရ ဘု ရား သည် လူ မျိုး တော် ကို ပစ် ပယ် ခြင်း၊ ပိုင် တော် မူ ရာ ကို စွန့် ထား ခြင်း ပြု တော် မူ မည် မ ဟုတ်။
အိမ် မိုး ပေါ် မှာ တစ် ကောင် တည်း နား ရ သော စာ ငှက် ကဲ့ သို့၊ စောင့် ကြည့် လျက် နေ ရ ပါ၏။
ဒု က္ခ ရောက် သည့် ကာ လ၊ ချမ်း သာ ရ ရန် အ ကြောင်း မှာ၊ ဗျာ ဒိတ် တော် ကြောင့် အ သက် ရှင် ခွင့် ရ ခြင်း တည်း။
ငါ သည် တောင် တန်း သို့ မျှော် ကြည့် လျက် နေ၏။ မ စ ခြင်း ကို မည် သည့် အ ရပ် မှ ရ ပါ အံ့ နည်း။မိုး မြေ ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား အ ထံ တော် မှ၊ မ စ ခြင်း ကို ရ ပါ လိမ့် မည်။
ညာ ဘက် သို့ ရှု ကြည့် တော် မူ၍၊ အ ကျွမ်း ဝင် သူ မ ရှိ၊ ခို လှုံ ရာ မဲ့ လျက်၊ အ သက် ကို ကြောင့် ကြ သူ မ ရှိ ကြောင်း၊ သိ မြင် တော် မူ ပါ။အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော့် ထံ အ ကျွန်ုပ် ဟစ် ခေါ် လျက်၊ သူ ရှင် တို့ နေ ရာ တွင် အ ကျွန်ုပ် ခို လှုံ ရာ နှင့် ဝေ ပုံ ကား၊ ကိုယ် တော် ပင် တည်း။
နှ လုံး ကြေ ကွဲ သော သူ တို့ ကို နှစ် သိမ့် စေ လျက်၊ သူ တို့ ဒဏ် ရာ များ ကို ပတ် စည်း တော် မူ၏။
ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။
မိတ် ဆွေ ဖြစ် သူ သည်။ အ ခါ ခပ် သိမ်း ချစ် တတ်၏။ ညီ အစ် ကို လည်း၊ ဒု က္ခ ကို ကွယ် ကာ ရန် မွေး ဖွား ပြီး ဖြစ်၏။
အ သို့ ဆို သော် မ ကြောက် လင့်။ ငါ ထောက် မ မည် ဟု မိန့် ဆို သော သင်၏ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား သည် သင့် ညာ လက် ကို ကိုင် ဆွဲ လိမ့် မည်။
အို ယာ ကုပ် အ မျိုး၊ ဣ သ ရေ လ အ နွယ်၊ သင့် ကို ဖန် ဆင်း ပြု ပြင် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ မ ကြောက် လင့်၊ သင့် ကို ငါ ရွေး နုတ် ပြီ၊ အ မည် ဖြင့် ခေါ် ပြီ၊ သင် သည် ငါ ပိုင် ဆိုင် ရာ ဖြစ် သည် နှင့် အ ညီ ရေ ဘေး အ တွင်း ကူး သွား ရ လျှင် ငါ ပါ ရှိ မည်။ငါ့ ကို သိ ကျွမ်း ယုံ ကြည် ရန်လည်း ကောင်း၊ ငါ သာ လျှင် ငါ ဖြစ် သည် ဟု နား လည် ရန် လည်း ကောင်း၊ ငါ ထာ ဝ ရ ဘု ရား အ မိန့် တော် အ တိုင်း၊ သင် တို့ သည် ငါ၏ သက် သေ များ၊ ငါ ရွေး ချယ် သော ကျွန် ရင်း ဖြစ် ကြ၏။ ငါ အ ရင် ဘု ရား တစ် ဆူ မျှ မ ပွင့်။ ငါ့ နောက် လည်း၊ ပေါ် မည် မ ဟုတ်။ငါ သာ လျှင် ထာ ဝ ရ ဘု ရား ဖြစ်၏။ ငါ မှ တစ် ပါး၊ ကယ် တင် ပိုင် ရှင် မ ရှိ ချေ။ငါ သည် ဗျာ ဒိတ် ပေး ခြင်း၊ ကယ် တင် ခြင်း၊ ကြား ပြော ခြင်း များ ကို ပြု ခဲ့ ပြီ။ သင် တို့ အ တွင်း အ ခြား သော ဘု ရား မ ရှိ။ ငါ ထာ ဝ ရ ဘု ရား အ မိန့် တော် အ တိုင်း၊ သင် တို့ သည် ငါ၏ သက် သေ များ တည်း။ ငါ လည်း သင် တို့ ဘု ရား ပေ တည်း။ယ ခု မှ စ၍ လည်း၊ ငါ သာ လျှင် ငါ ဖြစ် သည့် အ လျောက်၊ လက် တော် မှ လွှတ် နိုင် သူ မ ရှိ။ ငါ စီ ရင် ပြီ။ မည် သူ ဖျက် သိမ်း နိုင် သ နည်း ဟု မိန့် တော် မူ ၏။သင် တို့ ကို ရွေး နုတ် ပိုင် ရှင်၊ ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ သင် တို့ အ တွက် ဗာ ဗု လုန် မြို့ သို့ ငါ စေ လွှတ် လိုက် ရာ၊ ခါ လ ဒဲ အ မျိုး သား ရှိ သ မျှ တို့ ကို၊ မောက် ကြွား သော သင်္ဘော များ နှင့် လူ ပြေး အ ဖြစ်၊ စုန် ဆင်း စေ လိမ့် မည်။ငါ သည် သင် တို့၏ သန့် ရှင်း သော အ ရှင်၊ သင် တို့၏ ဘု ရင်၊ ဣ သ ရေ လ လူ မျိုး ကို ဖန် ဆင်း သော ထာ ဝ ရ ဘု ရား ဖြစ် သည် ဟု မိန့် တော် မူ ၏။အား ကြီး သော သ မု ဒ္ဒ ရာ၌ လမ်း ခ ရီး ကို ပြု ပြင် တော် မူ ထ သော၊ ရ ထား တပ် မြင်း တပ် နှင့် တ ကွ၊ ဗိုလ် ထု အ လုံး အ ရင်း ကို ထုတ် ဆောင် ပြီး လျှင်၊ မ ထ နိုင် အောင် တစ် ပြိုင် နက် ဖြို လှဲ တော် မူ ထ သော၊ ကုန် ဆုံး စေ ၍ မီး စာ ကဲ့ သို့ ငြိမ်း သတ် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊အ တိတ် ကာ လ ဖြစ် ဖူး သော အ မှု ဟောင်း များ ကို အ မှတ် မ ပြု၊ ဂ ရု မ စိုက် ကြ နှင့်။ငါ သည် အ မှု သစ် ကို စီ ရင် ပြီ တ ကား။ ယ ခု ပင် ပေါ် ပေါက် တော့ မည်။ မ သိ မ မှတ် ကြ လော။ သဲ တော၌ လမ်း ကိုလည်း ကောင်း၊ ဆိတ် ညံ ရာ အ ရပ်၌ မြစ် များ ကိုလည်း ကောင်း၊ ငါ စီ မံ၏။မြစ် များ ကို ကူး သွား ရ လျှင် လွှမ်း မိုး ခြင်း၊ မီး၌ သွား ရ လျှင် ပူ လောင် ခြင်း၊ မီး လျှံ သင့် ခြင်း များ ကို ခံ ရ မည် မ ဟုတ်။
မိ ခင် သည် ရင် သွေး ဖြစ် သော နို့ စို့ သူ ငယ် ကို၊ က ရု ဏာ ကင်း သည့် တိုင် အောင်၊ အ မှတ် မ ရ ဘဲ နေ နိုင် သ လော။ အ မှတ် မ ရ ဘဲ နေ နိုင် စေ ကာ မူ၊ ငါ ကား သင့် ကို အ မှတ် မ ရ ဘဲ မ နေ နိုင်။ကိုယ့် လက် ဝါး ပြင် ဝယ် မြို့ ပုံ ကို ရေး သား လျက်၊ မြို့ ရိုး ကို လည်း အ စဉ် မျက် မှောက် ပြု၏။
တောင် များ ရွှေ့ ၍၊ ကုန်း များ လှုပ် ရှား ရ သော် လည်း၊ ငါ၏ မေ တ္တာ ကျေး ဇူး သည်၊ သင် မှ မ ရွှေ့။ မ ဟာ မိတ် ပ ဋိ ညာဉ် တော် လည်း၊ မ လှုပ် မ ရှား ရ ဟု သင့် အား က ရု ဏာ သက် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
သန့် ရှင်း သည် ဟု နာ မ ရှိ လျက်၊ အ န န္တ ကာ လ စံ တော် မူ၍၊ မြင့် မြတ် သော အ ရှင် မိန့် တော် မူ သည် မှာ၊ ငါ သည် သန့် ရှင်း မြင့် မြတ် သော စံ ရာ၌ လည်း ကောင်း၊ စိတ် နှိမ့် ချ ကြေ ကွဲ သူ တို့ နှင့် လည်း ကောင်း၊ နှိမ့် ချ ကြေ ကွဲ သူ တို့ စိတ် နှ လုံး အား တက် စေ ခြင်း ငှာ၊ ကိန်း ဝပ် ၏။
ထာ ဝ ရ ဘု ရား၏ မေ တ္တာ ကျေး ဇူး တော် နံ နက် တိုင်း ပြန် သက်၍၊ မ ဖြတ် သော က ရု ဏာ တော် ကြောင့် သာ၊ အ ကျွန်ုပ် တို့ မ ကုန် ဆုံး ဘဲ နေ ရ ကြ ပါ၏။ မ ဟာ သ စ္စာ တော် လည်း တည် မြဲ ပါ၏ ဟူ၍ တည်း။
ထာ ဝ ရ ဘု ရား သည်၊ ကိုယ် တော် ကို စောင့် မျှော် သူ၊ ရှာ ဖွေ သူ တို့၌၊ ကောင်း ကျိုး ပေး တော် မူ၏။ထာ ဝ ရ ဘု ရား၏ ကယ် တင် ခြင်း ကျေး ဇူး တော် ကို ဆိတ် ဆိတ် တောင့် တ သော သူ သည်၊ ကောင်း ကျိုး ခံ စား ရ၏။
ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ငါ့ သိုး ဆိတ် များ ကို၊ ကိုယ် တိုင် လိုက် စစ် ရှာ ဖွေ မည်။
သ ဘော အ သစ် ကို ပေး လျက်၊ ဝိ ညာဉ် အ သစ် ကို သွင်း လျက်၊ ကျောက် ခဲ နှ လုံး ကို နုတ် ယူ၍ အ သား နှ လုံး ကို ပေး သ နား ရာ၊
သင့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ ကယ် ဆယ် မည့် ရဲ မက် သ ဖွယ်၊ သင့် အ လယ် တွင် စံ နေ တော် မူ၍၊ သင့် အ တွက် ကြောင့် အား ရ ရွှင် လန်း ခြင်း၊ မေ တ္တာ သက်၍ ဆိတ် ဆိတ် နေ ခြင်း၊ ကျူး ဧ လျက် ကြွေး ကြော် ခြင်း ကို ပြု တော် မူ လိမ့် မည် ဟု ဆို ရ ကြ လ တ္တံ့။
သင် မူ ကား ပ ဌ နာ ပြု သည့် ကာ လ အ တွင်း ခန်း ထဲ သို့ ဝင်၍ တံ ခါး ပိတ် ထား ပြီး လျှင် မ ထင် မ ရှား စံ နေ သော ကိုယ့် အ ဘ အား ပ ဌ နာ ပြု လော့၊ မ ထင် ရှား ရာ ကို ရှု မြင် တော် မူ သော သင့် အ ဘ သည် အ ကျိုး ဆက် ကို သ နား တော် မူ လိမ့် မည်။
မည် သည့် အ ရာ လို သည် ကို မ တောင်း မီ က သင် တို့ အ ဘ သိ နှင့် တော် မူ သော ကြောင့် ထို သူ တို့ နှင့် မ တူ စေ ကြ လင့်။
ပင် ပန်း သူ ဝန် လေး သူ အ ပေါင်း တို့၊ ငါ့ ထံ လာ ကြ လော့။ ငါ သည် ချမ်း သာ စေ မည်။ငါ့ ထမ်း ပိုး ကို ထမ်း၍ ငါ့ ထံ မှ သင် ကြ လော့။ ငါ သည် သိမ် မွေ့ နှိမ့် ချ သော စိတ် ရှိ၏။ အ သက် ဝိ ညာဉ် ချမ်း သာ ရာ ကို လည်း သင် တို့ တွေ့ ကြ လိမ့် မည်။ကိုယ် တော် သည် ကြွ လာ ရ မည့် အ ရှင် လော။ အ ခြား မျှော် လင့် ရ ဦး မည် လော့ ဟု မေး လျှောက် စေ သည့် အ တိုင်းငါ့ ထမ်း ပိုး သည် ထမ်း လွယ် လျက် ငါ့ ဝန် လည်း ပေါ့ သည် ဟူ၍ မိန့် တော် မူ၏။
ဝင် ထွက် သူ များ လှ သ ဖြင့် စား သောက် ခွင့် မျှ မ ရ ကြ သည့် အ တွက် ကိုယ် တော် က တော အ ရပ် သို့ အ သီး အ ခြား လာ၍ ခ ဏ နား နေ ကြ ဟု မိန့် တော် မူ သည့် အ တိုင်း၊
ငါ့ကိုစေလွှတ်တော်မူလိုက်သောအရှင်သည် ငါနှင့်အတူရှိတော်မူ၍ နှစ်သက်တော်မူရာများကို အခါခပ်သိမ်းငါပြုသည့်အတိုင်း ငါ့ကိုတစ်ပါးတည်းစွန့်ထားတော်မမူဟု မိန့်တော်မူ၏။
ငါမူကား ခမည်းတော်သည်ငါ့ကိုသိတော်မူ၍ ငါလည်းခမည်းတော်ကိုသိသည့်နည်းတူပင်၊ ငါ့ကိုကိုယ်ပိုင်သိုးတို့သိ၍ ကိုယ်ပိုင်သိုးတို့ကိုသိသောသိုးထိန်းမြတ်ဖြစ်လျက် သိုးတော်တို့အတွက်အသက်စွန့်၏။
ငါလည်း ခမည်းတော်ထံ တောင်းလျှောက်၍ သင်တို့နှင့်အစဉ်တည်နေစေရန် သမ္မာတရားဆိုင်ရာဝိညာဉ်တော်တည်းဟူသော အမှုဆောင်တစ်ပါးကို သနားတော်မူလိမ့်မည်။ ထိုဝိညာဉ်တော်ကို ဤလောကသားတို့သည်မမြင်မသိသောကြောင့် မခံမယူနိုင်ကြ။ သင်တို့မူကား သင်တို့နှင့်ကိန်းဝပ်၍အတွင်း၌ တည်နေတော်မူမည်ဖြစ်သောကြောင့် သိရကြသတည်း။ငါသည် သင်တို့ကိုခိုကိုးရာမဲ့ပစ်ထားမည်မဟုတ်။ သင်တို့ထံငါလာဦးမည်။
ငြိမ်သက်ခြင်းကို သင်တို့နှင့်ငါထားခဲ့၏။ လောကသားတို့ပေးကြသည့်နည်းတူမဟုတ်။ ကိုယ့်ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ နှလုံးမသာခြင်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။
မည်သူ၌မျှ မိတ်ဆွေတို့အတွက်အသက်စွန့်စားခြင်းထက် ကြီးမြတ်သောမေတ္တာမရှိ။သင်တို့သည် ငါပညတ်ပေးသည့်အတိုင်းပြုကျင့်လျှင် ငါ့မိတ်ဆွေများဖြစ်ကြ၏။ကျွန်သည် အရှင်ပြုရာကိုမသိရသောကြောင့် သင်တို့ကိုကျွန်ဟူ၍ငါခေါ်တော့မည်မဟုတ်။ ငါ့ခမည်းတော်ထံမှ ကြားနာခဲ့သမျှကိုသိစေသောကြောင့် မိတ်ဆွေဟူ၍ငါခေါ်ပြီ။
သင်တို့သည် ငါ၌ငြိမ်သက်ခြင်းရှိကြစေရန် ထိုသို့ငါဟောခဲ့ပြီ။ ဤလောက၌ ဆင်းရဲဒုက္ခရောက်သော်လည်းအားယူကြလော့။ ငါသည် ဤလောကကိုအောင်ပြီဟု မိန့်တော်မူ၏။
တ မန် တော် တို့ ဒေ သ နာ ပေး ခြင်း၊ ပေါင်း သင်း ဆက် ဆံ ခြင်း၊ မုန့် ကို ဖဲ့ ခြင်း၊ ပ ဌ နာ ပြု ခြင်း များ ကို ထို သူ တို့ စွဲ မြဲ လျက် နေ ကြ ၏။
ငါ တို့ ခံ ရ သည့် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင့် မေ တ္တာ တော် ကို ငါ တို့ စိတ် နှ လုံး ထဲ၌ သွန်း လောင်း ပြီး ဖြစ်၍ ထို စောင့် မျှော် ခြင်း ကြောင့် စိတ် ပျက် ရ တော့ မည် မ ဟုတ်။
ကြောက် ရွံ့ လျက် နေ ပြန် စေ ရန် ကျွန့် အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို သင် တို့ ခံ ရ ကြ သည် မ ဟုတ်။ အ ဗ္ဗ၊ အ ဘ ဟု ခေါ် စေ သော သား အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို ခံ ရ ကြ ပြီး သည် နှင့် အ ညီ၊ဘု ရား သ ခင့် သား များ ငါ တို့ ဖြစ် ကြောင်း ကို ငါ တို့ ဝိ ညာဉ် နှင့် အ တူ ဝိ ညာဉ် တော် ပင် သက် သေ ခံ တော် မူ၏။
၎င်း ပြင် အ ကြံ တော် နှင့် အ ညီ ခေါ် ထား တော် မူ သူ၊ ဘု ရား သ ခင် ကို ချစ် ကြည် မြတ် နိုး သူ တို့ ကောင်း ကျိုး အ လို့ ငှါ အ ရာ ခပ် သိမ်း ဝိုင်း ညီ ပြု စု လျက် ရှိ ကြောင်း၊
သေ ခြင်း နှင့် ရှင် ခြင်း သော် လည်း ကောင်း၊ စေ တ မန် တော် နှင့် နတ် မင်း များ သော် လည်း ကောင်း၊ ပ စ္စု ပ္ပန် နှင့် အ နာဂတ် အ ရာ များ သော် လည်း ကောင်း၊ တန် ခိုး ရှင် များ သော် လည်း ကောင်း၊ ဘ ဝဂ် နှင့် အ ဝီ စိ သော် လည်း ကောင်း၊ဖန် ဆင်း ထား သော အ ရာ မည် သည် မ ဆို ငါ တို့ ကို အ ရှင် ခ ရစ် တော် ယေ ရှု၌ ရှိ သော ဘု ရား သ ခင်၏ မေ တ္တာ တော် မှ မ ကွာ စေ နိုင် ဟူ၍ ငါ စိတ် ချ သ တည်း။
ငါ တို့ အ ရှင် တည်း ဟူ သော သား တော် ယေ ရှု ခ ရစ် နှင့် ပေါင်း သင်း ဆက် ဆံ ခွင့် ရှိ စေ ခြင် ငှာ သင် တို့ ကို ခေါ် ထား တော် မူ ခဲ့ သော ဘု ရား သ ခင် သည် သ စ္စာ စောင့် တော် မူ၏။
ဘု ရား သ ခင် ကြောင့် ငါ တို့ ခံ ရ သော နှစ် သိမ့် ခြင်း အား ဖြင့် မည် သည့် ဒု က္ခ မ ဆို ခံ နေ ရ သူ တို့ ကို နှစ် သိမ့် စေ ခွင့် ရှိ အံ့ သော ငှာ ငါ တို့ ခံ သ မျှ သော ဒု က္ခ၌ နှစ် သိမ့် စေ တော် မူ သည့် အ လျောက် က ရု ဏာ သက် တော် မူ သော အ ဘ၊ နှစ် သိမ့် ခြင်း အ မျိုး မျိုး ပေး တော် မူ သော ဘု ရား၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ခ မည်း တော် ဘု ရား သခင် ၌ မင်္ဂ လာ ရှိ ၏။
တ ယောက် ဝန် ကို တ ယောက် ထမ်း ဆောင် သ ဖြင့် ခ ရစ် တော်၏ တ ရား တော် ကို ပြည့် စုံ စေ က ရ လော့။
သင် တို့ လည်း ကိုယ်၏ ကယ် တင် ခြင်း သ တင်း တော် မြတ် တည်း ဟူ သော သ မ္မာ တ ရား တော် ကို ကြား နာ ရ ပြီး နောက် ထို အ ရှင် ကို ယုံ ကြည် ကြ သည် ဖြစ်၍ ပိုင် ဆိုင် တော် မူ ရာ ကို ရွေး နုတ် တော် မူ သ ဖြင့် ဘုန်း တော် ကို ချီး မွမ်း ကြ စေ ခြင်း ငှါ ငါ တို့ ပိုင် နက် စ ရန် ဖြစ် သော က တိ တော် ထား ပြီး သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် တံ ဆိပ် ခတ် တော် မူ ခြင်း ခံ ရ ကြ လေ ပြီ။
သင် တို့ သည် ဝင် နေ သူ နိုင် ငံ ခြား သား များ ဖြစ် နေ တော့ သည် မ ဟုတ်။ သီး သန့် ထား တော် မူ သူ တို့ နှင့် ပြည် တော် သား ချင်း များ၊ ဘု ရား သ ခင်၏ ဘုံ တော် သား များ ဖြစ် ကြ ၏။တ မန် တော် တို့ နှင့် ပ ရော ဖက် တို့ တည်း ဟူ သော တိုက် မြစ် အ ပေါ် တွင် တည် ဆောက် ရ ကြ သည့် အ တိုင်း ထောင့် စွန်း ကျောက် ဖြစ် သော ခ ရစ် တော် ယေ ရှု၌ အ ဆောင် ဆောင် စေ့ စပ် လျက်၊အ ရှင် ဘု ရား အား ဖြင့် သန့် ရှင်း သော ဗိ မာန် တော် ဖြစ် သည့် တိုင် အောင် တိုး ပွား လေ ၏။ထို အ ရှင်၌ ငါ တို့ နှင့် အ တူ သင် တို့ လည်း ဝိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင့် စံ ရာ တော် ဖြစ် သည့် တိုင် အောင် တည် ဆောက် ခြင်း ခံ ရ ကြ သ တည်း။
ယုံ ကြည် ခြင်း အား ဖြင့် သင် တို့ စိတ် နှ လုံး၌ ခ ရစ် တော် စံ နေ တော် မူ ပါ မည့် အ ကြောင်း မေ တ္တာ တ ရား၌ အ မြစ် စွဲ ခြင်း၊ တိုက် မြစ် ချ ခြင်း ခံ ရ သော သင် တို့ သည်၊သိ မီ ခြင်း ငှာ မ စွမ်း နိုင် သော ခ ရစ် တော်၏ မေ တ္တာ တော့် အ နံ၊ အ လျား၊ အ မြင့်၊ အ နက် ကို သီး သန့် ထား တော် မူ သူ အ ပေါင်း တို့ နှင့် တ ကွ နား လည် သိ မြင် နိုင် ရန် ဉာဏ် သ တ္တိ ရှိ သ ဖြင့် ဘု ရား သ ခင် ပြည့် စုံ သည် နှင့် အ မျှ ပြည် စုံ စေ တော် မူ ပါ မည့် အ ကြောင်း များ ကို အ သ နား တော် ခံ ပါ ၏။
ငါ့ ကို ခွန် အား နှင့် ပြည့် စေ တော် မူ သော အ ရှင်၌ ငါ သည် အ ရာ ခပ် သိမ်း ကို စွမ်း ဆောင် နိုင်၏။
ထို့ ကြောင့် ဘု ရား သ ခင် ရွေး ကောက် မြတ် နိုး၍ သီး သန့် ထား တော် မူ သူ များ အ ဖြစ် ဖြင့် အ သည်း စွဲ သ နား ခြင်း၊ က ရု ဏာ ပြ ခြင်း၊ နှိမ့် ချ ခြင်း၊ သိမ် မွေ့ ခြင်း၊ စိတ် ရှည် ခြင်း များ ကို ဝတ် ဆင် ကြ လော့။မည် သူ့ အ ပေါ် တွင် မ ဆို အ ပြစ် တင် ရန် ရှိ လျှင် သင် တို့ ကို အ ရှင် ဘု ရား ချမ်း သာ ပေး တော် မူ သည့် နည်း တူ တစ် ဦး ကို တစ် ဦး သည်း ခံ လျက် အ ချင်း ချင်း တို့ အား ချမ်း သာ ပေး ကြ လော့။အ ထူး ဆို သော် စုံ လင် ခြင်း အ ဖွဲ့ အ နှောင် တည်း ဟူ သော မေ တ္တာ တ ရား ကို ဝတ် ဆင် ကြ လော့။
သို့ ဖြစ်၍ အ ချင်း ချင်း နှစ် သိမ့် စေ လျက် တစ် ဦး ကို တစ် ဦး ဆောက် တည် ရင်း အ တိုင်း ဆောက် တည် ကြ ဦး လော့။
ယ ခု ကာ လ၌ ကြွယ် ဝ သူ တို့ သည် စိတ် နေ မ မြင့် စေ ရန်လည်း ကောင်း၊ မ မြဲ သော ပ စ္စည်း၌ မ ဟုတ်၊ ငါ တို့ မွေ့ လျော် ရာ ရာ ကို ကြွယ် ဝ စွာ သ နား တော် မူ သော ဘု ရား သ ခင်၌ အား ကိုး မျှော် လင့် စေ ရန်လည်း ကောင်း၊
ညီ တော် တို့ နှင့် လုံး လုံး တူ ညီ ရန် တာ ဝန် ရှိ၏။ ကိုယ် တော် တိုင် စုံ စမ်း ရာ ရောက်၍ ဒု က္ခ ခံ တော် မူ သ ဖြင့် စုံ စမ်း ခံ ရ သူ တို့ ကို ကယ် မ တော် မူ နိုင် ၏။
ငါ တို့ အား နည်း ခြင်း များ တွင် မ သက် ဝင် နိုင် သော ပ ရော ဟိတ် မင်း ကို မ ဟုတ်။ အ ပြစ် ကင်း လျက် အ ချက် ချက် တွင် ငါ တို့ ကဲ့ သို့ စုံ စမ်း ခံ တော် မူ ခဲ့ သော ပ ရော ဟိတ် မင်း ကို ရ ရှိ ကြ သည် ဖြစ်၍၊က ရု ဏာ တော် ကို ခံ လျက် ထောက် မ သင့် သော အ ချိန်၌ ကျေး ဇူး တော် ကို ရ ခြင်း ငှာ ကျေး ဇူး ရာ ဇ ပ လ္လင် တော် သို့ ရဲ ရင့် စွာ ချဉ်း ကပ် ကြ ကုန် အံ့။
မေ တ္တာ နှင့် ကောင်း မှု ကို လုံ့ လ ထုတ် အံ့ သော ငှာ တစ် ယောက် ကို တစ် ယောက် ထောက် ထား ခြင်း၊အ ချို့ တို့ ဓ လေ့ အ တိုင်း စည်း ဝေး ဝတ် ကို မ လှပ် ထား ဘဲ နေ့ တော် နီး ကြောင်း သင် တို့ မျှော် မြင် သည့် အ လျောက် အ ချင်း ချင်း အား အ ထူး နှိုး ဆော် ခြင်း များ ကို ပြု ကြ ကုန် အံ့။
လော ဘ ကင်း၍ ကိုယ် ပိုင် ပ စ္စည်း နှင့် ရောင့် ရဲ ကြ လော့။ အ သို့ ဆို သော် ငါ သည် သင့် ကို မည် သည့် အ ခါ မျှ စွန့် ထား မည် မ ဟုတ် ဟု မိန့် တော် မူ ချက် ရှိ သ ဖြင့်၊ထာ ဝ ရ ဘု ရား မ စ တော် မူ သည့် အ လျောက် ငါ မ ကြောက် မ ရွံ့။ လူ သည် ငါ့ ကို မည် သို့ ပြု နိုင် အံ့ နည်း ဟု ရဲ ရင့် စွာ ငါ တို့ ဆို ရ ကြ ၏။
သင် တို့ အ နက် တစ် ယောက် ယောက် ၌ ဉာဏ် ပ ညာ ယုတ် လျော့ လျှင် အ ပြစ် မ တင် ဘဲ သူ ခပ် သိမ်း တို့ အား ကြွယ် ဝ စွာ သ နား တော် မူ သော ဘု ရား သ ခင့် ထံ တောင်း လျှောက် စေ။ သ နား တော် မူ လိမ့် မည်။
စုံ စမ်း ခံ ရာ ၌ တည် ကြည် သူ သည် မင်္ဂ လာ ရှိ၏။ စံ တော် မီ သ ဖြင့် ကိုယ် တော် ကို ချစ် သူ တို့ အား က တိ ထား တော် မူ သော အ သက် သ ရ ဖူ ကို ရ လိမ့် မည်။
သင် တို့ ဘောင် တွင် မည် သူ မ ဆို ဒု က္ခ ရောက် လျှင် ပ ဌ နာ ပြု စေ။ သု ခ ရှိ လျှင် သီ ချင်း ဆို စေ။ရော ဂါ စွဲ လျှင် အ သင်း တော့် ဥ က္က ဋ္ဌ တို့ ကို ပင့် ခေါ် ပြီး မှ အ ရှင် ဘု ရား၏ နာ မ တော် ကို အ မှီ ပြု လျက် ဆီ လူး ၍ ပ ဌ နာ ပြု ကြ စေ။ယုံ ကြည် ခြင်း နှင့် ပြည့် စုံ သော ပ ဌ နာ ဖြင့် သူ နာ ချမ်း သာ ရ လျက် အ ရှင် ဘု ရား သည် ထ စေ တော် မူ သည့် ပြင် ပြစ် မှား မိ ခဲ့ လျှင် လည်း ဖြေ လွှတ် တော် မူ လိမ့် မည်။သို့ နှင့် အ ညီ ရော ဂါ ကင်း ပျောက် ရန် တစ် ယောက် ကို တစ် ယောက် အ ပြစ် ဝန် ချ လျက် တစ် ယောက် အ ဖို့ တစ် ယောက် ပ ဌ နာ ပြု ကြ လော။ သူ တော် ကောင်း၏ အ သ နား တော် ခံ ချက် သည် ဒိ ဋ္ဌ ဓ မ္မ အ ကျိုး များ စွာ ဖြစ် ထွန်း စေ တတ်၏။
ထို အ ရှင် ကို သင် တို့ မ မြင် ဘူး လျက် ပင် ချစ် ရာ ယ ခု မ မြင် ဘဲ ယုံ ကြည် သ ဖြင့် နှုတ် မ မြွက် နိုင် အောင် ဘုန်း ကြီး သော ပီ တိ နှင့် ရွှင် လန်း လျက်၊အ သက် ဝိ ညာဉ် ကယ် တင် ခြင်း တည်း ဟူ သော သင် တို့ ယုံ ကြည် ခြင်း အ ကျိုး ကို ခံ စား ရ ကြ ၏။
ခ ရစ် တော် အား ဖြင့် ထာ ဝ ရ ဘုန်း တော် ကို ဝင် စား စေ ရန် သင် တို့ ကို ခေါ် ထား တော် မူ သော ကျေး ဇူး အ မျိုး မျိုး အ ရှင် ဘု ရား သ ခင် သည် တစ် ခ ဏ မျှ ဒု က္ခ ခံ ပြီး သော သင် တို့ ကို ကိုယ် တော် တိုင် စုံ လင် တည် ကြည် စေ၍ အား ဖြင့် တည် ထောင် တော် မူ လိမ့် မည်။
ငါ တို့ နှင့် အ တူ သင် တို့ လည်း ဆက် ဆံ ခွင့် ရ ကြ အံ့ သော ငှာ ထို သို့ သိ မြင် ကြား နာ ခဲ့ ရာ အ ရေး ကို ပင် သင် တို့ အား ကြား ပြော ကြ သ တည်း။ ငါ တို့ သည် ခ မည်း တော် နှင့် လည်း ကောင်း၊ သား တော် ယေ ရှု ခ ရစ် နှင့် လည်း ကောင်း၊ ဆက် ဆံ ခွင့် ရ ကြ ပြီ ဖြစ်၍
ဘု ရား သ ခင့် သား သ မီး များ ဟု ငါ တို့ အ ခေါ် ခံ ရ စေ ရန် ခ မည်း တော် သည် ငါ တို့ အ ပေါ်၌ မည် မျှ မေ တ္တာ ရှိ တော် မူ ကြောင်း ဆင် ခြင် ကြ လော့။ သား သ မီး များ မု ချ ဖြစ် သော ကြောင့် ဤ လော က သား တို့ သည် ကိုယ် တော် မှန်း မ သိ၍ ငါ တို့ ကို မ သိ မ မှတ် ကြ။
ဘု ရား သ ခင် ကို မည် သူ မျှ မ မြင် စ ဘူး သော် လည်း ငါ တို့ အ ချင်း ချင်း ချစ် ကြ လျှင် ဘု ရား သ ခင် သည် ငါ တို့၌ တည် တော် မူ လျက် ကိုယ် တော် ကို ချစ် ခြင်း လည်း ငါ တို့၌ စုံ လင် ပြီ။
ချစ် ခြင်း မေ တ္တာ၌ ကြောက် ရွံ့ ခြင်း မ ရှိ။ ကြောက် ရွံ့ ခြင်း၌ ပြစ် ဒဏ် ပါ သည့် အ လျောက် စုံ လင် သော ချစ် ခြင်း မေ တ္တာ ဖြင့် ကြောက် ရွံ့ ခြင်း ဖဲ တတ် ၏။ ကြောက် ရွံ့ သူ သည် ချစ် ခြင်း မေ တ္တာ ၌ မ စုံ လင် သေး။ကိုယ် တော် သည် ဦး စွာ ငါ တို့ ကို ချစ် တော် မူ သော ကြောင့် ငါ တို့ ချစ် ကြ၏။
သင် တို့ ကို မ လဲ မ ပြို စေ ရန် ကွယ် ကာ လျက် အ ပြစ် အ နာ မ ရှိ ဘဲ ရွှင် လန်း သော စိတ် နှင့် ဘုန်း တော် ရှေ့ ဆက် သ နိုင် တော် မူ ထ သော၊ငါ တို့ ကယ် တင် ရှင် တစ် ဆူ တည်း သော ဘု ရား သ ခင် သည် ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် အ တိတ်၊ ပ စ္စု ပ္ပန် ကမ္ဘာ အ ဆက် ဆက်၊ ဘုန်း တော်၊ တန် ခိုး တော်၊ အာ နု ဘော် တော်၊ အာ ဏာ တော် ကြီး ပါ စေ သ တည်း။ အာ မင်။
နောင် လာ လူ မျိုး တစ် ဆက် အား၊ စွမ်း အား တော် နှင့် တန် ခိုး တော် ကို မ ဖော် ပြ ရ မီ၊ အို မင်း၍ ဆံ ဖြူ သည့် ကာ လ တိုင် တိုင် အ ကျွန်ုပ် ကို စွန့် တော် မ မူ ပါ နှင့်။
ထာ ဝ ရ ဘု ရား သည် ငါ့ အ မှု ထ မြောက် စေ တော် မူ လိမ့် မည်။ အို ထာ ဝ ရ ဘု ရား၊ က ရု ဏာ တော် သည် ကာ လ အ စဉ် တည် သည့် အ လျောက်၊ လက် တော် ဖြင့် စီ ရင် သော အ မှု အ ရာ များ ကို စွန့် ပစ် တော် မ မူ ပါ နှင့်။
ဘု ရား သ ခင် သည်၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ပေ တည်း။ ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ ငါ၏ စွမ်း အား၊ ငါ ကျူး ဧ ဖွဲ့ ဆို ရာ၊ ငါ့ ကို ကယ် တင် ရာ အ ကြောင်း ဖြစ် စေ တော် မူ သ ဖြင့်၊ ကြောက် ရွံ့ ခြင်း ကင်း ၍ ကိုး စား ပါ မည် ဟု မြွက် ဆို လျက်၊
သို့ ရာ တွင်၊ ထာ ဝ ရ ဘု ရား သည် သင် တို့ ကို သ နား ခွင့် ရ စေ ရန် ဆိုင်း လင့် တော် မူ လိမ့် မည်။ က ရု ဏာ သက် ခွင့် ရ စေ ရန် မြင့် မြတ် ရာ တွင် စံ တော် မူ ဦး မည်။ ထာ ဝ ရ ဘု ရား သည် တ ရား ရှင် ဘု ရား ဖြစ် တော် မူ သည့် အ လျောက်၊ ကိုယ် တော် ကို စောင့် စား သူ အ ပေါင်း တို့၌ မင်္ဂ လာ ရှိ ကြ ၏။
သိုး တော် စု ကို သိုး ထိန်း သ ဖွယ် ထိန်း ကျောင်း၍၊ သိုး သား ငယ် များ ကို ချီ ပွေ့ သည့် ပြင်၊ နို့ ငင် သိုး မ များ ကို ဖြည်း ညှင်း စွာ မောင်း နှင် တော် မူ လိမ့် တ ကား။
ရွှင် လန်း စွာ မျှော် လင့် လျက်၊ ဒု က္ခ ရောက် ရာ၌ တည် တံ့ လျက်၊ အ မြဲ ပ ဌ နာ ပြု လျက်၊ ဆင်း ရဲ သော တ ပည့် တော် တို့ အား ပေး ကမ်း လျက်၊ ဧည့် ဝတ် ပြု လျက် နေ ကြ လော့။
က တိ ထား သော အ ရှင် သည် သ စ္စာ တည် တော် မူ သော ကြောင့် ငါ တို့ ဝန် ခံ ရာ မျှော် လင့် ခွင့် ကို မ ယိမ်း မ ယိုင် စွဲ မြဲ ခြင်း၊
မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။
အ ရှင် ယေ ရှု ခ ရစ်၏ ကျေး ဇူး တော်၊ ဘု ရား သ ခင်၏ မေ တ္တာ တော်၊ သန့် ရှင်း သော ဝိ ညာဉ် တော်၏ မိတ် သ ဟာ ယ တော် သည် သင် တို့ ရှိ သ မျှ နှင့် အ တူ တည် ပါ စေ သော။