ကောင်းကင်ဘုံဆိုတာ အမှန်တကယ်ရှိပါတယ်။ ထာဝရငရဲဆိုတာလည်း အမှန်တကယ်ရှိပါတယ်။ နာကျင်မှုတွေဘယ်တော့မှ မရပ်တန့်တဲ့ နေရာပါ။ သမ္မာကျမ်းစာမှာ ပြောထားတာကတော့ မီးအိုင်ဆိုတာ လူသားတွေအတွက် မဟုတ်ပါဘူး။ စာတန်နဲ့ သူ့ရဲ့နောက်လိုက် ကောင်းကင်တမန်ကျဆုံးသူတွေအတွက်ပါ။
ဘုရားသခင်ရဲ့ လူသားတွေအပေါ်ထားတဲ့ အကြံအစည်က အမြဲတမ်းကောင်းမွန်ပါတယ်။ အစကတည်းက လူသားတွေကို ကိုယ်တော်နဲ့အတူ ရှိစေချင်ခဲ့တာပါ။ လူသားတွေ အပြစ်ကျူးလွန်ခဲ့ပေမယ့် ဘုရားသခင်ရဲ့ မဟာကရုဏာတော်ကြောင့် ကိုယ်တော်ရဲ့ တစ်ပါးတည်းသောသားတော်ကို ပြည့်စုံတဲ့ယဇ်အဖြစ် စေလွှတ်ခဲ့တယ်။ ကိုယ်တော့်ရဲ့ အသွေးတော်ကြောင့် မင်းရဲ့အပြစ်တွေ ဆေးကြောသန့်စင်ပြီး သန့်ရှင်းတဲ့ဘုရားသခင်ရဲ့ ရှေ့မှောက်မှာ နေထိုင်နိုင်ဖို့ပါ။
ခရစ်တော်ယေရှုဟာ ဘုရားသခင်နဲ့ လူသားတွေကြား တစ်ပါးတည်းသော ကြားဝင်ဆောင်ရွက်ပေးသူပါ။ ထာဝရပြစ်ဒဏ်ကနေ ကယ်တင်ပြီး ကောင်းကင်ဘုံကို ပို့ဆောင်နိုင်တဲ့ တစ်ပါးတည်းသောသူပါ။ မင်းရဲ့နှလုံးသားထဲမှာ ခရစ်တော်ကို လက်ခံတာဟာ ကောင်းကင်ဘုံမှာ ထာဝရနေထိုင်ဖို့ တစ်ခုတည်းသော လမ်းပါ။
ထာဝရသေခြင်းဆိုတာ ဘုရားသခင်ကို မနာခံမှုကြောင့် ဘုရားသခင်နဲ့ ထာဝရကွာရှင်းခြင်းပါ။ ဒီနေ့ မင်းရဲ့ ထာဝရကံကြမ္မာကို ရွေးချယ်နိုင်တဲ့ အခွင့်အရေးရှိတယ်။ ထာဝရအသက်ဆိုတဲ့ ဆုလက်ဆောင်ကို ပေးဖို့ ဘုရားသခင်က အမြဲတမ်း မင်းကို စောင့်မျှော်နေပါတယ်။
ယုံ ကြည် ခြင်း ပြေး ပွဲ တာ မြတ်၌ လုံ လ ထုတ် လော့။ သက် သေ အ များ တို့ ရှေ့၊ ကောင်း မွန် စွာ သင် ဝန် ခံ သည့် အ တိုင်း ခေါ် ထား တော် မူ ရင်း ထာ ဝ ရ အ သက် ကို စွဲ ကိုင် လော့။
ငါ တို့၌ ပွင့် မည့် ဘုန်း တော် ကို ထောက် သော် ယ ခု ကာ လ ခံ ရ သော ဒု က္ခ များ ကို အ မှု မ ထား ထိုက် ဟု ငါ မှတ် ယူ၏။
အ ပြစ် တ ရား ပေး သော အ ခ သည် သေ ခြင်း ဖြစ်၏။ ဘု ရား သ ခင် သ နား တော် မူ သော ဆု တော် ကား ငါ တို့ အ ရှင် ခ ရစ် တော် ယေ ရှု ၌ ထာ ဝ ရ အ သက် ပင် တည်း။
သင် တို့ သည် ရုပ် ခ န္ဓာ အ လျောက် နေ ထိုင် လျှင် သေ ရ ကြ မည်။ နာမ် ခ န္ဓာ အား ဖြင့် ကိုယ် ခ န္ဓာ၏ အ ကျင့် များ ကို သတ် လျှင် မူ ကား အ သက် ရှင် ကြ လိမ့် မည်။
ငါပေးမည့်ရေကိုသောက်သူတိုင်းမူကား ကာလအစဉ်ရေငတ်တော့မည်မဟုတ်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်အဖို့ထွက်သောစမ်းရေဖြစ်လိမ့်မည်ဟု ပြန်၍မိန့်တော်မူသည့်ကာလ၊
ဘုရားသခင်သည် သားတော်ကိုယုံကြည်သူတိုင်းမပျက်စီးဘဲ ထာဝရအသက်ရစေခြင်းငှာ၊ ဧကပုတ္တသားတော်ကိုအပ်ပေးသည့်တိုင်အောင် ဤလောကသားတို့အား မေတ္တာသက်တော်မူ၏။
ငါ တို့ အ သက် ရှင် သည် မှာ အ ရှင် ဘု ရား အ ဖို့ ရှင်၏။ သေ သည် မှာ လည်း အ ရှင် ဘု ရား အ ဖို့ သေ၏။ ရှင် သည် ဖြစ် စေ၊ သေ သည် ဖြစ် စေ အ ရှင် ဘု ရား ပိုင် ဆိုင် တော် မူ ရာ ဖြစ် ကြ၏။
လူ ကြောင့် သေ ခြင်း တ ရား ဖြစ် လာ သည့် အ လျောက် လူ ကြောင့် သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း ဖြစ် လာ၏။
သင် တို့ သည် ရှင် တော် မူ ခြင်း အ ကျိုး ဆက် ခံ စား ကြ ရာ ငါ တို့ သည် သေ တော် မူ ခြင်း အ ကျိုး ဆက် ကို ခံ ရ ကြ လေ စွ။
ယေရှုက ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ ဇီဝအသက်လည်းဖြစ်၏။ ငါ့ကိုယုံကြည်သူသည် သေသော်လည်းရှင်လိမ့်မည်။
သူတို့ကို ငါ့အားသနားတော်မူသောခမည်းတော်သည် သူခပ်သိမ်းထက်ကြီးမြတ်တော်မူ၍ လက်တော်တွင်းမှမည်သူမျှမလုမယူနိုင်။သူ့စကားသံကိုသိုးတို့ကြားနာ၍ သူသည်ကိုယ်ပိုင်သိုးများကိုအမည်ဖြင့်ခေါ်ပြီးလျှင် ထုတ်တတ်၏။ငါနှင့်ခမည်းတော်သည် တစ်လုံးတစ်ဝတည်းဖြစ်သည်ဟု ပြန်၍မိန့်တော်မူ၏။
မည်သူမဆိုအသက်ရှင်လျက် ငါ့ကိုယုံကြည်လျှင် အဘယ်ကာလမျှသေတော့မည်မဟုတ်။ ဤစကားကို ယုံသလောဟုမေးတော်မူရာ၊
အ သို့ ဆို သော် သေ ပြီး ဖြစ် သော သင် တို့ အ သက် သည် ခ ရစ် တော် နှင့် အ တူ ဘု ရား သ ခင်၌ ဝှက် ထား လျက် ရှိ သည့် အ လျောက်၊
ငါ ကား အာ လ ဖ နှင့် ဩ မေ ဃ တည်း ဟု ပ စ္စု ပ္ပန်၊ အ တိတ်၊ အ နာ ဂတ် တည် တော် မူ သော အ န န္တ တန် ခိုး ရှင် ထာ ဝ ရ ဘု ရား သ ခင် မိန့် တော် မူ၏။
ဆို ခဲ့ သော သက် သေ တော် မှာ ဘု ရား သ ခင် သည် ငါ တို့ အား ထာ ဝ ရ အ သက် ကို သ နား တော် မူ လျက် သား တော်၌ ထို အ သက် တည် ရှိ ကြောင်း တည်း။
အ ကယ်၍ ဤ ပ ထ ဝီ ပေါ် မှာ ငါ တို့ တည် နေ ရာ ခ န္ဓာ တဲ ပျက် လျှင် ဘု ရား သ ခင့် အ ထံ တော် မှ အာ ကာ သ တွင် ထာ ဝ ရ တည် နေ ရာ အ သင်္ခ တ ဘုံ ဆောင် ကို ရ ကြ သည် ဟု ငါ တို့ သိ ကြ၏။
ဤ လော က မှ စ၍ ဆိုင် ရာ တပ် မက် ခြင်း သည် ပျောက် လွင့် ဆဲ ဖြစ်၏။ ဘု ရား သ ခင့် အ လို တော် ကို ဆောင် ရွက် သူ မူ ကား ကာ လ အ စဉ် တည် နေ ၏။
ဘု ရား သ ခင့် သား တော်၏ နာ မ တော် ကို ယုံ ကြည် သော သင် တို့ သည် ထာ ဝ ရ အ သက် ရ ရှိ ကြောင်း သိ ကြ စေ ရန် ဤ အ ကြောင်း အ ရာ များ ကို ငါ ရေး လိုက်၏။
ယ ခု မှာ မူ သင် တို့ သည် အ ပြစ် တ ရား မှ လွတ် လျက် ဘု ရား သ ခင်၏ ကျွန် အ ဖြစ် သို့ ရောက် သော ကြောင့် သန့် ရှင်း ခြင်း အ လို့ ငှါ အ ကျိုး ခံ စား ရ သည် ပြင် အ ဆုံး၌ ထာ ဝ ရ အ သက် ရ ကြ လိမ့် မည်။
ရုပ် ခ န္ဓာ ကို စွဲ လမ်း ခြင်း လည်း သေ ခြင်း ဖြစ် သည့် နည်း တူ နာမ် ခ န္ဓာ ကို စွဲ လမ်း ခြင်း သည် အ သက် ရှင် ခြင်း နှင့် ငြိမ် သက် ခြင်း ဖြစ်၏။
ငါ တို့ သည် ညီ အစ် ကို ချင်း ချစ် သော ကြောင့် သေ ခြင်း အ နေ မှ ရှင် ခြင်း အ နေ သို့ ကူး ပြောင်း ကြောင်း သိ ကြ၏။ မ ချစ် သူ ကား သေ ခြင်း အ နေ၌ တည် သ တည်း။
ယေ ရှု သည် အ သေ ခံ ပြီး နောက် ရှင် ပြန် ထ မြောက် တော် မူ ကြောင်း ငါ တို့ ယုံ လျှင် ယေ ရှု အား ဖြင့် အိပ် ပျော် သူ တို့ ကို လည်း ကိုယ် တော် နှင့် တ ကွ ထို နည်း တူ ဘု ရား သ ခင် ပို့ ဆောင် တော် မူ လိမ့် မည်။
ဘု ရား သ ခင့် သား တော် သည် ကြွ လာ တော် မူ၍ ဟုတ် မှန် တော် မူ သော အ ရှင် နှင့် ကျွမ်း ဝင် ရ သော ဉာဏ် ကို ငါ တို့ အား သ နား တော် မူ ကြောင်း ငါ တို့ သိ ကြ၏။ ငါ တို့ သည် သား တော် ယေ ရှု ခ ရစ်၌ တည် ရာ ဟုတ် မှန် တော် မူ သော အ ရှင်၌ တည် ကြ၏။ ကိုယ် တော် ကား ဟုတ် မှန် သော ဘု ရား သ ခင် ထာ ဝ ရ အ သက် တော် တည်း။
ငါဧကန်အမှန်ဆိုသည်ကား၊ ငါ့စကားကိုကြားနာ၍ စေလွှတ်တော်မူလိုက်သောအရှင်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရသဖြင့် စီရင်ဆုံးဖြတ်မခံရ။ သေခြင်းအနေမှ ရှင်ခြင်းအနေသို့ကူးပြောင်းပြီးသူဖြစ်၏။
ထို ပ လ္လင် တော့် ရှေ့ တွင် သူ သေ အ ယုတ် အ မြတ် တို့ ရပ် နေ ကြ ရ။ မှတ် ပုံ စာ ရင်း များ ကို ဖွင့် ထား သည့် ပြင် အ သက် ဆိုင် ရာ အ ခြား စာ ရင်း ကို လည်း ဖွင့် ထား ပြီး လျှင် သူ သေ တို့ သည် စာ ရင်း မှတ် ပုံ ပါ အ ကျင့် အ ကြံ များ အ လျောက် စီ ရင် ဆုံး ဖြတ် ခံ ရ ကြ သည် ကို ငါ မြင် ရ ၏။သ မု ဒ္ဒ ရာ သည် ပါ ရှိ သော သူ သေ တို့ ကို လည်း ကောင်း၊ သေ မင်း နှင့် မ ရ ဏာ တို့ သည် ပါ ရှိ သော သူ သေ တို့ ကို လည်း ကောင်း၊ အပ် ရ ကြ သ ဖြင့် အ ကျင့် အ ကြံ များ အ လျောက် လူ တိုင်း စီ ရင် ဆုံး ဖြတ် ခံ ရ ပြီး နောက်၊သေ မင်း နှင့် မ ရ ဏာ ကို မီး အိုင် ထဲ သို့ ပစ် ချ လိုက်၏။ ထို မီး အိုင် ကား ဒု တိ ယ သေ ခြင်း တည်း။အ သက် စာ ရင်း တွင် အ မည် မ သွင်း သူ တိုင်း ကို လည်း မီး အိုင် ထဲ သို့ ပစ် ချ လိုက်၏။
အ သို့ ဆို သော်၊ ငါ့ ကို ရှာ တွေ့ သော သူ သည်၊ အ သက် ချမ်း သာ ရာ ကို တွေ့ ရ သည့် ပြင်၊ ထာ ဝ ရ ဘု ရား ထံ မှ ကျေး ဇူး တော် ကို လည်း ခံ စား ရ လိမ့် မည်။
ခ ရစ် တော် အား ဖြင့် ထာ ဝ ရ ဘုန်း တော် ကို ဝင် စား စေ ရန် သင် တို့ ကို ခေါ် ထား တော် မူ သော ကျေး ဇူး အ မျိုး မျိုး အ ရှင် ဘု ရား သ ခင် သည် တစ် ခ ဏ မျှ ဒု က္ခ ခံ ပြီး သော သင် တို့ ကို ကိုယ် တော် တိုင် စုံ လင် တည် ကြည် စေ၍ အား ဖြင့် တည် ထောင် တော် မူ လိမ့် မည်။
သားတော်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရ၏။ သားတော်အားမလိုက်မနာသူမူကား ထာဝရအသက်ကိုတွေ့မြင်ခွင့်မရဘဲ ဘုရားသခင့်အမျက်တော်ဒဏ်တည်သူဖြစ်သတည်း။
ကိုယ်တော်ကိုယုံကြည်သောသူသည် စီရင်ဆုံးဖြတ်ခြင်းကိုမခံရ။ မယုံကြည်သူမူကား၊ ဘုရားသခင့်ဧကပုတ္တသားတော်၏နာမကိုမယုံကြည်သောကြောင့် စီရင်ဆုံးဖြတ်ခြင်းကိုခံရပြီးဖြစ်၏။
ကိုယ့် အ သက် ကို တွေ့ သော သူ သည် အ သက် ရှုံး လိမ့် မည်။ ငါ့ အ တွက် အ သက် ရှုံး သော သူ မူ ကား အ သက် ကို တွေ့ လိမ့် မည်။
ရုပ် ခ န္ဓာ အ လို့ ငှာ စိုက် ပျိုး သူ သည် ရုပ် ခ န္ဓာ ဆိုင် ရာ ပုပ် ပျက် ခြင်း ကို၄င်း၊ ဝိ ညာဉ် တော် အ လို့ ငှာ စိုက် ပျိုး သူ သည် ဝိ ညာဉ် တော် မှ ထာ ဝ ရ အ သက် ရှင် ခြင်း ကို၄င်း၊ ရိတ် သိမ်း ရ လိမ့် မည်။
သို့ ရာ တွင် ထာ ဝ ရ အ သက် အ လို့ ငှါ ယေ ရှု ခ ရစ် ကို ယုံ ကြည် အံ့ သူ တို့ အ ဖို့ ပုံ စံ ဖြစ် စေ ရန် ခပ် သိမ်း သော စိတ် တော် ရှည် ခြင်း ကို ငါ့ အား ဖြင့် လွန် ကဲ စွာ ပြ သ တော် မူ လို၍ က ရု ဏာ တော် ကို ငါ ခံ ရ ၏။
ကိုယ် တော် အား ဖြင့် ဘု ရား သ ခင့် ထံ ချဉ်း ကပ် သူ တို့ အ တွက် အ သ နား တော် ခံ ရန် အ စဉ် ရှင် နေ သည့် အ လျောက် ထို သူ တို့ ကို အ ဆုံး တိုင် ကယ် တင် တော် မူ နိုင်၏။
ငါ တို့ သည် ကိုယ် တော် နှင့် အ တူ သေ ပြီး ဖြစ် လျှင် အ တူ ရှင် ပြန် ခွင့်၊ သည်း ခံ လျှင် အ တူ စိုး စံ ခွင့် ရ ကြ လိမ့် မည်။ ကိုယ် တော် ကို ငြင်း ဆို လျှင် ငြင်း ဆို တော် မူ ခြင်း ကို ခံ ရ ကြ လိမ့် မည်။ ငါ တို့ သ စ္စာ ဖျက် သော် လည်း ကိုယ် တော် သည် ကိုယ် ကို မ လွှဲ မ ဖယ် နိုင် သည့် အ လျောက် သ စ္စာ စောင့် တော် မူ လိမ့် မည် ဟူ သော စ ကား မှာ သ စ္စာ တည် ရာ စ ကား တည်း။
ကိုယ် တော် သည် လူ အ သီး အ သီး အ ပြု အ မူ အ လျောက် ဆပ် ပေး တော် မူ သည် မှာ တည် ကြည် စွာ သု စ ရိုက် ပြု လျက်၊ဘုန်း ပွင့် ခြင်း၊ အ သ ရေ ရှိ ခြင်း၊ သင်္ခါ ရ ကင်း ခြင်း အ ဖြစ် ကို ရှာ သော သူ တို့ အား ထာ ဝ ရ အ သက် ကိုလည်းကောင်း၊ဖီ ဆန် သော သ ဘော ရှိ၍ သ မ္မာ တ ရား ကို မ နာ မ ယူ၊ မ တ ရား ကို နာ ယူ သူ တို့ အား ဒေါ သ အ မျက် ဒဏ် ကိုလည်းကောင်း၊ ဆပ် ပေး တော် မူ သည် နှင့် အ ညီ၊
ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ငါ သည် သေ ဒဏ် ခံ ရ သူ ၏ သေ ခြင်း ကို မ နှစ် သက် ချေ။ သို့ ဖြစ်၍၊ ပြန် လာ လျက် အ သက် ချမ်း သာ ကို ခံ စား ကြ လော့။
ထာဝရအသက်ဟူသည်မှာ ဘုရားမှန်တစ်ဆူတည်းဖြစ်သောကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူလိုက်သော ယေရှုခရစ်ကိုလည်းကောင်း၊ သိကျွမ်းခြင်းတည်း။
ငါ့အဘခမည်းတော်အလိုတော်မှာလည်း၊ သားတော်ကိုမြင်၍ယုံကြည်သူတိုင်း ထာဝရအသက် ရစေသည့်ပြင် နောက်ဆုံးနေ့တွင်ငါရှင်ပြန်ထမြောက်စေခြင်းငှါတည်းဟု မိန့်တော်မူ၏။
ကျဉ်း မြောင်း သော တံ ခါး ဖြင့် ဝင် သွား ကြ လော့။ ပျက် စီး ရာ သို့ ရောက် သော တံ ခါး နှင့် လမ်း သည် ကျယ် ဝန်း သ ဖြင့် ဝင် သွား သူ များ လှ၏။အ သက် ရှင် ရာ သို့ ရောက် သော တံ ခါး နှင့် လမ်း မူ ကား ကျဉ်း မြောင်း သော ကြောင့် တွေ့ မြင် သူ နည်း လှ၏။
ပျက်စီးတတ်သောအစာအတွက် မလုပ်ဆောင်ကြနှင့်။ ခမည်းတော်ဘုရားသခင်တံဆိပ်ခတ်တော်မူပြီးသော လူ့သားပေးမည့်ထာဝရအသက်ကို တည်မြဲစေသောအစာအတွက်လုပ်ဆောင်ကြလော့ဟု မိန့်တော်မူ၏။
သို့ မှ အ ပြစ် တ ရား သည် သေ ခြင်း အ လို့ ငှါ မင်း မူ ခဲ့ သည့် နည်း တူ ပင် ကျေး ဇူး တ ရား သည် ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ဖြောင့် မတ် ခြင်း ကြောင့် ထာ ဝ ရ အ သက် အ လို့ ငှါ မင်း မူ ရ လိမ့် သ တည်း။
စဉ်း စား ကြ ဦး။ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ချစ် ကြည် မြတ် နိုး လျက် နည်း လမ်း တော် များ၌ လိုက် လျှောက် လျက်၊ မိန့် မှာ ထုံး ဖွဲ့ ဆုံး ဖြတ် တော် မူ ချက် များ ကို စောင့် ထိန်း လျက် နေ ကြ သ ဖြင့်၊ သင် တို့ ဝင် ရောက် ပိုင် ယူ မည့် ပြည် အ တွင်း အ သက် ချမ်း သာ စွာ တိုး ပွား ခွင့်၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ မင်္ဂ လာ ခံ ခွင့် များ ကို ရ ကြ မည့် အ ကြောင်း မှာ ထား ခြင်း၊ စိတ် ဖောက် ပြန်၍ နား မ ထောင် ဘဲ အ ခြား ဘု ရား များ ကို ပါ သွား ဝတ် ပြု ရှိ ခိုး ကြ လျှင် ယော် ဒန် မြစ် ကို ကူး ချီ လျက် ပိုင် ယူ မည့် ပြည် အ တွင်း တာ ရှည် ခွင့် မ ရ ဘဲ မု ချ ပျက် စီး ရ ကြ မည့် အ ကြောင်း ဖော် ပြ ခြင်း များ ကို ယ နေ့ ငါ ပြု သ ဖြင့် ကောင်း စား၍ ရှင် နေ ခွင့် ကိုလည်း ကောင်း၊ ဘေး သင့်၍ သေ လွန် ခွင့် ကိုလည်း ကောင်း သင် တို့ ရှေ့ ယ ခု ငါ ထား ခဲ့ ပြီ။
ပ ညတ် တော် ကို စောင့် ရှောက် သော သူ သည်၊ ကိုယ့် အ သက် ကို စောင့် ရှောက် ရာ ရောက် ၏။ နည်း လမ်း တော် ကို မ ထီ မဲ့ မြင် ပြု သော သူ မူ ကား၊ အ သေ ခံ ရ၏။
စုံ လင် ခြင်း သို့ ရောက် ပြီး လျှင် လိုက် နာ သူ ခပ် သိမ်း တို့ အ ဖို့ ထာ ဝ ရ ကယ် တင် ရာ အ ကြောင်း ရင်း ဖြစ် သည့် အ လျောက်၊
ပြိုင် ပွဲ ဝင် သူ တိုင်း လည်း ပျက် စီး သော သ ရ ဖူ ကို ရ ခြင်း ငှာ အ ရာ ရာ၌ ခြိုး ခြံ တတ် ၏။ ငါ တို့ မူ ကား မ ပျက် စီး သော သ ရ ဖူ ကို ရ ခြင်း ငှာ တည်း။
ယေရှုက ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ ဇီဝအသက်လည်းဖြစ်၏။ ငါ့ကိုယုံကြည်သူသည် သေသော်လည်းရှင်လိမ့်မည်။မည်သူမဆိုအသက်ရှင်လျက် ငါ့ကိုယုံကြည်လျှင် အဘယ်ကာလမျှသေတော့မည်မဟုတ်။ ဤစကားကို ယုံသလောဟုမေးတော်မူရာ၊
ကိုယ် တော် က လည်း အ ဆုံး သတ် ပြီ။ ငါ သည် အာ လ ဖ နှင့် သြ မေ ဃ၊ အ စ နှင့် အ ဆုံး ဖြစ်၏။ ရေ ငတ် သူ တို့ အား အ သက် စမ်း ရေ ကို အ ဖိုး မဲ့ သ နား မည်။
ဆို ခဲ့ သော သက် သေ တော် မှာ ဘု ရား သ ခင် သည် ငါ တို့ အား ထာ ဝ ရ အ သက် ကို သ နား တော် မူ လျက် သား တော်၌ ထို အ သက် တည် ရှိ ကြောင်း တည်း။သား တော် ကို ရ ရှိ သူ သည် ထို အ သက် ကို ရ ရှိ၏။ ဘု ရား သ ခင် သား တော် ကို မ ရ မ ရှိ သူ မူ ကား ထို အ သက် ကို မ ရ မ ရှိ ချေ။
ငါ့ နာ မ အ တွက် ကြောင့် ညီ အစ် ကို၊ မောင် နှ မ၊ မိ ဘ၊ သား သ မီး၊ အိမ် မြေ များ ကို စွန့် ခဲ့ သူ တိုင်း အ ဆ များ စွာ ပင် ထာ ဝ ရ အသက် ကို အ ပိုင် ရ လိမ့် မည်။
ဘုန်း ပွင့် ခြင်း၊ အ သ ရေ ရှိ ခြင်း၊ သင်္ခါ ရ ကင်း ခြင်း အ ဖြစ် ကို ရှာ သော သူ တို့ အား ထာ ဝ ရ အ သက် ကိုလည်းကောင်း၊
ငါ တို့ အ သက် တည်း ဟူ သော ခ ရစ် တော် ထင် ရှား တော် မူ သည့် ကာ လ သင် တို့ လည်း ကိုယ် တော် နှင့် အ တူ ဘုန်း နှင့် တ ကွ ထင် ရှား ရ ကြ လိမ့် မည်။
မ ဟာ က ရု ဏာ တော် နှင့် အ ညီ သူ သေ တို့ အ ထဲ ယေ ရှု ခ ရစ် ရှင် ပြန် ထ မြောက် ခြင်း အား ဖြင့် ရှင် သေ မျှော် လင့် ရာ ကို လည်း ကောင်း၊ ဖောက် ပြန် ညစ် ညူး ပျောက် လွင့် ခြင်း ကင်း သော ပိုင် ရာ ကို လည်း ကောင်း ခံ စား ကြ စေ ခြင်း ငှာ ငါ တို့ ကို အ သစ် ဖြစ် ပွား စေ တော် မူ သော ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ၏ ခ မည်း တော် ဘု ရား သ ခင် ၌ မင်္ဂ လာ ရှိ၏။ ထို ပိုင် ရာ ကို သင် တို့ အ ဖို့ ကောင်း ကင် ဘုံ တွင် ရန် ထား တော် မူ သည့် အ လျောက်
ဟေ ရ မုန် တောင် မှ ဇိ အုန် တောင် တန်း ပေါ် သို့ ကျ သော နှင်း ကဲ့ သို့ လည်း ကောင်း၊ ဖြစ် ၏။ ထို အ ရပ်၌ ပင် ထာ ဝ ရ ဘု ရား သည်၊ ကာ လ အ စဉ် အ သက် ရှင် ခြင်း အ ခွင့် တည်း ဟူ သော ကောင်း ကြီး မင်္ဂ လာ ကို စီ ရင် တော် မူ ၏။
ထို ကြောင့် ပ ထ မ ပ ဋိ ညာဉ် ကို လွန် ကြူး မှု များ မှ ရွေး နုတ် ရန် အ သေ ခံ ပြီး နောက် ခေါ် ထား တော် မူ သူ တို့ သည် က တိ တော် အ တိုင်း ထာ ဝ ရ အ မွေ ကို ခံ စား ရ စေ ခြင်း ငှာ ကိုယ် တော် သည် ပ ဋိ ညာဉ် သစ် ဆိုင် ရာ စေ့ စပ် သော အ ရှင် ဖြစ် တော် မူ ၏။
ထို သူ တို့ ကား ထာ ဝ ရ ပြစ် ဒဏ် ခံ ရာ သို့ လည်း ကောင်း၊ သူ တော် ကောင်း တို့ ကား ထာ ဝ ရ အ သက် ရှင် ရာ သို့ လည်း ကောင်း သွား ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ၏။
သား မှန် က အ မွေ ခံ ဖြစ် ရုံ မျှ မ ဟုတ်။ ဘုန်း တော် ကို ခ ရစ် တော် နှင့် ခံ စား ခွင့် ရ ရန် ဒု က္ခ တော်၌ ဆက် ဆံ ကြ လျှင် ဘု ရား သ ခင့် အ မွေ တော် ခံ၊ ခ ရစ် တော် နှင့် အ မွေ စား ဘက် များ လည်း ဖြစ် ကြ သ တည်း။
ထို အ ရှင် သည် ရွှင် လန်း ရန် အ ကြောင်း ကို မျှော် ထောက်၍ အ ရှက် မ ငဲ့ ဘဲ ကား တင် ခံ ပြီး လျှင် ဘု ရား သ ခင့် ရာ ဇ ပ လ္လင် ယာ ဘက် တော် တွင် စံ တော် မူ၏။
အ သက် ရှင် ရာ သို့ ရောက် သော တံ ခါး နှင့် လမ်း မူ ကား ကျဉ်း မြောင်း သော ကြောင့် တွေ့ မြင် သူ နည်း လှ၏။
ငါ တို့ မူ ကား ကောင်း ကင် ပြည် တော် သား များ ဖြစ် ကြ သည့် အ လျောက် သက် ကြွ တော် မူ မည့် အ ရှင် ယေ ရှု ခ ရစ် တည်း ဟူ သော ကယ် တင် ရှင် ကို စောင့် မျှော် လျက် နေ ကြ၏။
ယ ခု မှာ ခ ရစ် တော် ယေ ရှု၌ တည် နေ သူ တို့ အ ပေါ် တွင် အ ပြစ် စီ ရင် ချက် သင့် ရောက် သည် မ ဟုတ်။သင် တို့၌ ခ ရစ် တော် တည် လျှင် မူ ကား ကိုယ် ခ န္ဓာ သည် ပြစ် မှား ခြင်း ကြောင့် အ သေ ဖြစ် သော် လည်း နာမ် ခ န္ဓာ သည် ဖြောင့် မတ် ခြင်း ကြောင့် အ သက် ဖြစ်၏။၎င်း ပြင် ယေ ရှု ကို သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် စေ တော် မူ သော အ ရှင်၏ ဝိ ညာဉ် တော် သည် သင် တို့၌ ကိန်း ဝပ် လျှင် ခ ရစ် တော် ယေ ရှု ကို သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် စေ သော ထို အ ရှင် သည် သင် တို့၌ ကိန်း ဝပ် သော ဝိ ညာဉ် တော် ကြောင့် သင် တို့၏ အ နိ စ္စ ခ န္ဓာ များ ကို ပင် ရှင် စေ တော် မူ လိမ့် မည်။သို့ ဖြစ်၍ ညီ အစ် ကို တို့၊ ငါ တို့၌ တာ ဝန် ရှိ သည် မှန် သော် လည်း ရုပ် ခ န္ဓာ အ လျောက် နေ ထိုင် ရန် မ ဟုတ်။သင် တို့ သည် ရုပ် ခ န္ဓာ အ လျောက် နေ ထိုင် လျှင် သေ ရ ကြ မည်။ နာမ် ခ န္ဓာ အား ဖြင့် ကိုယ် ခ န္ဓာ၏ အ ကျင့် များ ကို သတ် လျှင် မူ ကား အ သက် ရှင် ကြ လိမ့် မည်။ဘု ရား သ ခင့် ဝိ ညာဉ် တော် အ ပို့ အ ဆောင် ခံ ရ သ မျှ သော သူ တို့ သည် ဘု ရား သ ခင့် သား များ ဖြစ် ကြ၏။ကြောက် ရွံ့ လျက် နေ ပြန် စေ ရန် ကျွန့် အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို သင် တို့ ခံ ရ ကြ သည် မ ဟုတ်။ အ ဗ္ဗ၊ အ ဘ ဟု ခေါ် စေ သော သား အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို ခံ ရ ကြ ပြီး သည် နှင့် အ ညီ၊ဘု ရား သ ခင့် သား များ ငါ တို့ ဖြစ် ကြောင်း ကို ငါ တို့ ဝိ ညာဉ် နှင့် အ တူ ဝိ ညာဉ် တော် ပင် သက် သေ ခံ တော် မူ၏။သား မှန် က အ မွေ ခံ ဖြစ် ရုံ မျှ မ ဟုတ်။ ဘုန်း တော် ကို ခ ရစ် တော် နှင့် ခံ စား ခွင့် ရ ရန် ဒု က္ခ တော်၌ ဆက် ဆံ ကြ လျှင် ဘု ရား သ ခင့် အ မွေ တော် ခံ၊ ခ ရစ် တော် နှင့် အ မွေ စား ဘက် များ လည်း ဖြစ် ကြ သ တည်း။ငါ တို့၌ ပွင့် မည့် ဘုန်း တော် ကို ထောက် သော် ယ ခု ကာ လ ခံ ရ သော ဒု က္ခ များ ကို အ မှု မ ထား ထိုက် ဟု ငါ မှတ် ယူ၏။ဘု ရား သ ခင့် သား တို့ ပွင့် ခြင်း ကို ဖန် ဆင်း တော် မူ ရာ များ ပင် တောင့် တ စောင့် မျှော် လျက် နေ ကြ၏။အ သက် ရှင် ခြင်း ဆိုင် ရာ ဝိ ညာဉ် တော် တ ရား သည် အ ပြစ် တ ရား နှင့် သေ ခြင်း တ ရား မှ ခ ရစ် တော် ယေ ရှု အား ဖြင့် ငါ့ ကို လွတ် စေ လေ ပြီ။
အ သက် လမ်း ကို အ ကျွန်ုပ် အား၊ ကိုယ် တော် သိ ကျွမ်း စေ တော် မူ မည်။ ရှေ့ တော်၌ တင်း တိမ် ဖွယ် အား ရ ခွင့်၊ ညာ ဘက် တော်၌ ကာ လ အ စဉ် ပျော် မွေ့ ခွင့် တည် ရှိ လှ ပေ ၏။
နက် နဲ ရာ ကို ငါ ဖော် ပြ မည် မှာ ငါ တို့ ရှိ သ မျှ သည် အိပ် ပျော် ရ မည် မ ဟုတ်။ နောက် ဆုံး တံ ပိုး တော် မှုတ် သည့် ကာ လ တစ် ခ ဏ တည်း မျက် စိ တ မှိတ် တွင် ရှိ သ မျှ တို့ ပြောင်း လဲ ကြ ရ မည်။ မု ချ အား ဖြင့် ထို တံ ပိုး တော် မှုတ် သော် သူ သေ တို့ သည် အ သင်္ခါ ရ အ ဖြစ် ရှင် ပြန် ထ မြောက် ခြင်း၊ ငါ တို့ လည်း ပြောင်း လဲ ခြင်း ကို ခံ ရ ကြ လိမ့် သ တည်း။
ကျမ်းစာများဖြင့် ထာဝရအသက်ကိုရသည်ဟုထင်မှတ်သောကြောင့်၊ ငါ့အကြောင်းသက်သေခံသော ထိုကျမ်းများကို ရှာဖွေတတ်ကြသော်လည်း၊
သင် တို့ သည် ယုံ ကြည် ခြင်း အား ဖြင့် ကျေး ဇူး တော် ကြောင့် ကယ် တင် ရာ ရောက် ခဲ့ ကြ သည် မှာ ကိုယ့် အ စွမ်း ကြောင့် မ ဟုတ်။ ကိုယ့် အ ကျင့် ကြောင့် လည်း မ ဟုတ်။ မည် သူ မျှ ဂုဏ် မ တင် မိ စေ ရန် ဘု ရား သ ခင့် ဆု ကျေး ဇူး တော် ကြောင့် တည်း။
သင် ခံ ရ မည့် ဒု က္ခ ကို မ ကြောက် နှင့်။ သင် တို့ သည် စုံ စမ်း ခံ ရ စေ ခြင်း ငှါ အ ချို့ ကို မာရ် နတ် ထောင် ချ သ ဖြင့် ဆယ် ရက် မျှ ဒုက္ခ ရောက် ကြ လိမ့် တ ကား။ အ သေ ခံ ရ သည့် တိုင် အောင် သ စ္စာ စောင့် လော့။ သို့ ပြု လျင် အ သက် သ ရ ဖူ ကို ငါ သ နား မည်။
အ လင်း တော်၌ သီး သန့် ထား တော် မူ သူ တို့ နှင့် အ တူ ဝေ ပုံ စု ကို ခံ ယူ ထိုက် စေ တော် မူ သော ခ မည်း တော့် ကျေး ဇူး တော် ကို အား ရ ဝမ်း မြောက် စွာ ချီး မွမ်း ကြ မည့် အ ကြောင်း တောင်း လျှောက် ကြ ၏။