ဆုတောင်းခြင်းဟာ ဘုရားသခင်ရဲ့ရှေ့တော်မှောက်ကို ရောက်စေတဲ့ တံတားတစ်စင်းလိုပါပဲ။ ဖန်ဆင်းရှင်နဲ့ ချစ်ခြင်းမေတ္တာနဲ့ ပြည့်ဝတဲ့ ဆက်ဆံရေးမှာ နှစ်သိမ့်မှု၊ လမ်းညွှန်မှုနဲ့ ခွန်အားတွေကို ရှာတွေ့နိုင်ပါတယ်။
ဘုရားသခင်ရဲ့ မျက်နှာတော်ကို ရှာဖွေတဲ့အခါ ကိုယ်ပိုင်ဝန်ထုပ်ဝန်ပိုးတွေ၊ စိုးရိမ်ပူပန်မှုတွေကို ဘေးဖယ်ထားပြီး ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ဉာဏ်ပညာကို အပ်နှံလိုက်ရာ ရောက်ပါတယ်။
ရှာဖွေရင်းနဲ့ ဘုရားသခင်ရဲ့ မျက်နှာတော်မှာ ကိုယ်တော်ရဲ့ စရိုက်၊ မေတ္တာတော် အနန္တနဲ့ ကရုဏာတော်ကို မြင်တွေ့ရပါတယ်။ ကိုယ်တော်ရဲ့ ရှေ့တော်မှောက်မှာ နှစ်မြှုပ်ပြီး ဘဝရဲ့မုန်တိုင်းကြားမှာ ကိုယ်တော်ပေးတဲ့ အေးချမ်းမှုကို ခံစားရပါတယ်။ ကောင်းမြတ်ခြင်းရဲ့ အရင်းအမြစ်နဲ့ ချိတ်ဆက်မိပြီး ကိုယ်တော်ရဲ့ ပြီးပြည့်စုံတဲ့ အစီအစဉ်ထဲမှာ ဘဝရဲ့ အဓိပ္ပါယ်နဲ့ ပြည့်စုံမှုကို ရှာတွေ့ရပါတယ်။
ဘုရားသခင်နဲ့ အဆက်မပြတ် ဆက်သွယ်ခြင်းအားဖြင့် ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်နဲ့ လမ်းညွှန်မှုကို ခံယူဖို့ အသင့်ရှိတဲ့ ዕቃတစ်ခု ဖြစ်လာပါတယ်။
ဘုရားသခင်ရဲ့ မျက်နှာတော်ကို ရှာဖွေတဲ့နေရာမှာ ဇွဲနဲ့ ယုံကြည်ခြင်းက အရေးကြီးတယ်ဆိုတာ သတိရဖို့ လိုပါတယ်။ အဖြေကို ချက်ချင်းမရတဲ့အခါတွေ ရှိပါတယ်။ ဒါပေမဲ့ ဇွဲရှိရှိ ကြိုးစားရင်း ကိုယ်တော်ရဲ့ ပြီးပြည့်စုံတဲ့ စောင့်ရှောက်မှုနဲ့ အလိုတော်ကို ယုံကြည်တတ်လာပါတယ်။
ဘုရားသခင်ရဲ့ မျက်နှာတော်ကို ရှာဖွေခြင်းဟာ ကောင်းကင်ဘုံရှိ ခမည်းတော်ရဲ့ မေတ္တာနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ခံစားဖို့ ဖိတ်ခေါ်ခြင်းပါပဲ။ မတည်မငြိမ်ဖြစ်ပြီး အမြဲပြောင်းလဲနေတဲ့ ဒီလောကကြီးမှာ ကိုယ်တော်ရဲ့ တည်မြဲတဲ့ ရှေ့တော်မှောက်က မျှော်လင့်ချက်၊ နှစ်သိမ့်မှုနဲ့ လမ်းညွှန်မှုကို ပေးပါတယ်။ ဒါကြောင့် ဒီနေ့ ကိုယ့်ရဲ့နှလုံးသားကို ဘုရားသခင်ထံ ဖွင့်ဟပြီး ကိုယ်တော်ရဲ့ မျက်နှာတော်ကို ရှာဖွေလိုက်ပါ။ ဒီလောကကို ဖန်ဆင်းတဲ့ ဘုရားသခင်နဲ့ ဆက်ဆံရတဲ့ အတုမရှိတဲ့ ဝမ်းမြောက်ခြင်းကို ရှာတွေ့ပါလိမ့်မယ်။
ထာ ဝ ရ ဘု ရား နှင့် တန် ခိုး တော် ကို လိုက် ရှာ လျက် မျက် နှာ တော် ကို ကာ လ အ စဉ် ရှာ ဖွေ ကြ လော့။
သို့ ဖြစ်၍ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို စိတ် ပါ ကိုယ် ရောက် လိုက် ရှာ လျက် ထာ ဝ ရ ဘု ရား၏ နာ မ တော် အ ဖို့ တည် ဆောက် အံ့ သော ဗိ မာန် တော် တွင်း သို့ ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ နှင့် ဘု ရား သ ခင်၏ သန့် ရှင်း သော အ သုံး အ ဆောင် တော် များ ကို ဆက် သွင်း ခွင့် ရ ရန် ထာ ဝ ရ ဘု ရား သ ခင့် သန့် ရှင်း ရာ ဌာ န တော် ကို ထ၍ တည် ဆောက် ကြ လော့ ဟု မိန့် မှာ လေ ၏။
နား လည် သော သူ၊ ဘု ရား သ ခင် ကို ရှာ သော သူ ရှိ မ ရှိ ကို သိ မြင် ရန်၊ ထာ ဝ ရ ဘု ရား သည် ကောင်း ကင် ဘုံ မှ လူ့ သား တို့ ကို ငုံ့ ကြည့် တော် မူ ရာ၊
ဘု ရား သ ခင့် ထံ ချဉ်း ကပ် လို သူ သည် ကိုယ် တော် ရှိ တော် မူ ကြောင်း ကိုလည်း ကောင်း၊ လိုက် ရှာ သူ တို့ အား အ ကျိုး ပေး တော် မူ ကြောင်း ကိုလည်း ကောင်း ယုံ ကြည် ရ မည်။ ယုံ ကြည် ခြင်း မ ရှိ လျှင် စိတ် တော် နှင့် တွေ့ ရာ မ ရောက် နိုင် ချေ။
သက် သေ ခံ တော် မူ ချက် များ ကို စောင့် ထိန်း လျက်၊ ကိုယ် တော် ကို စိတ် နှ လုံး အ ကြွင်း မဲ့ ရှာ ဖွေ သူ တို့ သည် မင်္ဂ လာ ရှိ ကြ၏။
နောက် တော် သို့ စမ်း သပ် လိုက် သ ဖြင့် ရှာ ဖွေ၍ တွေ့ ကောင်း တွေ့ ကြ ရ စေ ခြင်း ငှါ တည်း။ ကိုယ် တော် သည် ငါ တို့ အ သီ အ သီး ထံ မှ ဝေး ကွာ စွာ စံ နေ တော် မူ သည် မ ဟုတ်။
ထာ ဝ ရ ဘု ရား ကို တွေ့ ကြုံ ခွင့် ရ သည့် အ ခိုက်၊ ရှာ ဖွေ ကြ လော့။ နီး စပ် တော် မူ သည့် အ ခိုက်၊ ပ ဌ နာ ပြု ကြ လော့။
ထာ ဝ ရ ဘု ရား ကို တွေ့ ကြုံ ခွင့် ရ သည့် အ ခိုက်၊ ရှာ ဖွေ ကြ လော့။ နီး စပ် တော် မူ သည့် အ ခိုက်၊ ပ ဌ နာ ပြု ကြ လော့။လူ ဆိုး သည် ကိုယ့် နည်း လမ်း ကို လည်း ကောင်း၊ မ တ ရား သူ လည်း ကိုယ့် အ ကြံ အ စည် များ ကို လည်း ကောင်း၊ စွန့် ပယ်၍ က ရု ဏာ သက် လ တ္တံ့ သော ထာ ဝ ရ ဘု ရား၊ ကြွယ် ဝ စွာ ချမ်း သာ ပေး လ တ္တံ့ သော ငါ တို့ ဘု ရား သ ခင် ထံ တော် သို့၊ ပြန် လာ ကြ စေ။
မြေ ရိုင်း ကို ထွင်၍ ဖြောင့် မတ် ခြင်း ကို ကြဲ လျက်၊ က ရု ဏာ တော် အ လိုက် ရိတ် သိမ်း ကြ လော့။ ဖြောင့် မတ် ခြင်း မိုး ကို၊ ကြွ လာ၍ ရွာ စေ တော် မ မူ မ ချင်း၊ ငါ ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ ရန် အ ချိန် တန် လှ ပြီ။
ထို ထို နေ့ ရက် ကာ လ ၌၊ အ တူ ပြန် လာ သော ဣ သ ရေ လ အ မျိုး သား နှင့် ယု ဒ အ မျိုး သား တို့ သည် ငို ကြွေး လိုက် လျှောက် လျက်၊ ကိုယ့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ ခြင်း၊
စိတ် နှိမ့် ချ စွာ တ ရား စောင့် သော၊ အို ပြည် သူ ပြည် သား တို့၊ ထာ ဝ ရ ဘု ရား ကို လည်း ကောင်း၊ ဖြောင့် မတ် ခြင်း တ ရား၊ စိတ် နှိမ့် ချ ခြင်း တ ရား ကို လည်း ကောင်း၊ ရှာ တွေ့ ကြ လော့။ ထာ ဝ ရ ဘု ရား အ မျက် ဒဏ် ထား ရာ နေ့ ၌၊ သင် တို့ သည်၊ ပုန်း ရှောင် ခွင့် ရ ကောင်း ရ ကြ လိမ့် မည်။
ထာ ဝ ရ ဘု ရား နှင့် တန် ခိုး တော် ကို လိုက် ရှာ လျက်၊ မျက် နှာ တော် ကို ကာ လ အ စဉ် ရှာ ဖွေ ကြ လော့။
ငါ့ အား ချစ် ခင် သူ တို့ ကို ငါ ချစ် ခင် လျက်၊ စိတ် ဇော နှင့် ရှာ ဖွေ သူ တို့ သည် ငါ့ ကို တွေ့ ရ ကြ၏။
ဘု ရား သ ခင့် အ ပါး တော် သို့ ချဉ်း ကပ် ကြ လော့။ သို့ မှ သင် တို့ ထံ ချဉ်း ကပ် တော် မူ လိမ့် မည်။ အ ချင်း အ ပြစ် သား တို့၊ သင် တို့ လက် များ ကို စင် ကြယ် စေ ကြ လော့။ စိတ် ဒွိ ဟ ရှိ သူ တို့၊ သင် တို့ စိတ် နှ လုံး ကို သန့် ရှင်း စေ ကြ လော့။
တောင်း ကြ လော့၊ ရ လိမ့် မည်။ ရှာ ကြ လော့၊ တွေ့ လိမ့် မည်။ ခေါက် ကြ လော့၊ ပွင့် လိမ့် မည်။အ သို့ ဆို သော်၊ တောင်း သော သူ တိုင်း ရ၏။ ရှာ သော သူ လည်း တွေ့၏။ ခေါက် သော သူ့ အား ပွင့် တတ်၏။
ခြင်္သေ့ ပျို များ သည်၊ စား ရာ မဲ့ ၍ ငတ် မွတ် ရ သော် လည်း၊ ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ သူ တို့ ၌၊ အ ကောင်း ဆို သ မျှ လို လေ သေး မ ရှိ ရ။
ငါ့ မျက် နှာ ကို ရှာ ကြ လော့ ဟူ သော ဗျာ ဒိတ် တော် အ တိုင်း၊ အ ကျွန်ုပ် စိတ် နှ လုံး က၊ အို ထာ ဝ ရ ဘု ရား၊ မျက် နှာ တော် ကို အကျွန်ုပ် ရှာ ဖွေ ပါ မည် ဟု အောက် မေ့၍ ဆို၏။
ညဉ့် အ ခါ၊ အ ကျွန်ုပ် သည်၊ ကိုယ် တော် ကို စိတ် က တ သ လေ ပြီ။ မြေ ပေါ် တွင် စီ ရင် ချက် များ ထင် ရှား သော အခါ၊ လော က သား တို့ သည် ဖြောင့် မတ် ခြင်း တ ရား ကို သင် ရ ကြ သော ကြောင့်၊ အ တွင်း စိတ် ဇော နှင့် ရှာ ဖွေ လိမ့် မည်။
၄င်း ပြင် ဣ သ ရေ လ အ မျိုး အ နွယ် တို့ အ နက် ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို စိတ် ပါ ကိုယ် ရောက် ရှာ ဖွေ သူ အ ပေါင်း တို့ သည် ဘိုး ဘေး တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ ပူ ဇော် ရန်
အ ကျွန်ုပ် သည် ကိုယ် တော် ကို စိတ် နှ လုံး အ ကြွင်း မဲ့ လိုက် ရှာ ခဲ့ ပါ ပြီ။ ပ ညတ် တော် များ မှ လွှဲ သွား စေ တော် မ မူ ပါ နှင့်။
ထာ ဝ ရ ဘု ရား သည်၊ ကိုယ် တော် ကို သ စ္စာ နှင့် ဟစ် ခေါ် သူ၊ ပ ဌ နာ ပြု သူ အ ပေါင်း တို့ အ နီး အ ပါး ၌ ရှိ နေ တော် မူ၏။
သင် က၊ အား မ ရ ဟု ဆို လျက်။ နှစ် ပေါင်း များ စွာ နီး ကပ် သော ဒု က္ခ သင့် ရာ နေ့ ရက် များ မ ရောက် မှီ အ တွင်း။ နေ လ ကြယ် များ အ လင်း ကွယ်၍၊ မိုဃ်း ရွာ ပြီး နောက် မ အုံ့ ပြန် မှီ အ တွင်း။ သင့် ကို ဖန် ဆင်း တော် မူ သော အ ရှင် အား သ တိ ရ လော့။
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ဘု ရား သ ခင် ဖြစ် သော ကိုယ် တော် ကို စိတ် ဇော နှင့် ရှာ ဖွေ ပါ မည်။ ရေ မဲ့၍ သွေ့ ခြောက် နွမ်း ရိ သော ပြည် တွင်၊ အ သက် ဝိ ညာဉ် သည် ကိုယ် တော် ကို ငတ် မွတ် လျက်၊ ကိုယ် ခ န္ဓာ လည်း မော ဟိုက် တ သ သည် နှင့် အ ညီ၊
ငါ့ ကို မ လိုက် မ ရှာ သူ တို့ အား တွေ့ ကြုံ ခွင့် ကို လည်း ကောင်း၊ မ မေး မ မြန်း သူ တို့ အား ဖူး မြင် ခွင့် ကို လည်း ကောင်း၊ ငါ ပေး ပြီ ဟု ဟေ ရှာ ယ ရဲ ရင့် စွာ ဆင့် ဆို၏။
ဘု ရား သ ခင့် နိုင် ငံ တော် နှင့် ဖြောင့် မတ် ခြင်း တ ရား တော် ကို ဦး စွာ ရှာ ကြ လော့၊ ထို အ ရာ အ လုံး စုံ ကို ထပ် မံ သ နား တော် မူ လိမ့် မည်။
စိတ် နှ လုံး အ ကြွင်း မဲ့ အ ကျွန်ုပ် တောင်း လျှောက် ခဲ့ ပြီး ဖြစ်၍၊ ဗျာ ဒိတ် တော် အ တိုင်း သ နား တော် မူ ပါ။
ထာ ဝ ရ ဘု ရား ၏ ကြက် သ ရေ တော် ကို ဖူး မျှော် လျက်၊ စံ ရာ တော် တွင် မေး လျှောက် ရ အံ့ သော ငှာ၊ ထာ ဝ ရ ဘု ရား ထံ ငါ တောင်း လျှောက် ၍၊ ဗိ မာန် တော်၌ အ သက် ထက် ဆုံး နေ ထိုင် ခွင့် တစ် ဆု တည်း ကို ရှာ ကြံ မည်။
မု ချ အား ဖြင့် ငါ့ အ ရှင် ခ ရစ် တော် ယေ ရှု နှင့် ကျွမ်း ဝင် ခွင့် အ ထူး အ မြတ် ကို ထောက်၍ အ ရာ ခပ် သိမ်း ကို အ ရှုံး ဖြစ် သည် ဟု ငါ မှတ် ယူ ၏။ ပ ညတ် တ ရား နှင့် ဆိုင် ရာ ကိုယ် ဖြောင့် မတ် ခြင်း မ ရှိ ဘဲ ခ ရစ် တော် ကို ယုံ ကြည် အား ကိုး ခြင်း ကြောင့် ဘု ရား သ ခင် သ နား တော် မူ သော ဖြောင့် မတ် ခြင်း ကို ရ၍ ခ ရစ် တော် ကို ပိုင် လျက် ကိုယ် တော်၌ တည် နေ ခွင့် ရ အံ့ သော ငှာ ငါ သည် ကိုယ် တော့် အ တွက် အ ရာ ခပ် သိမ်း အ ရှုံး ခံ၍ အ မှိုက် မျှ သာ မှတ် ယူ ၏။
စိတ် နှိမ့် ချ သူ တို့ သည်၊ သိ မြင်၍ ရွှင် လန်း ရ ကြ၏။ ဘု ရား သ ခင် ကို လိုက် ရှာ သူ တို့၊ စိတ် အား တက် ကြ လော့။
အို ဘု ရား သ ခင်၊ ချောင်း မြောင်း ရေ ကို သ မင် ဒ ရယ် တောင့် တ သ ကဲ့ သို့၊ အ ကျွန်ုပ် စိတ် ဝိ ညာဉ် သည်၊ ကိုယ် တော် ကို တောင့် တ ပါ၏။ငါ့ ရန် သူ တို့ က၊ သင့် ဘု ရား ကား၊ အ ဘယ် မှာ နည်း ဟု နေ့ ရှိ သ မျှ လှောင် ပြောင် လျက်၊ ငါ့ အ ရိုး ကို ချိုး ဘိ သ ကဲ့ သို့ ကဲ့ ရဲ့ တတ် ကြ၏။အို ငါ့ စိတ် ဝိ ညာဉ်၊ အ ဘယ့် ကြောင့် ညှိုး ငယ် ရ သ နည်း။ အ တွင်း၌ အ ဘယ့် ကြောင့် မ ငြိမ် မ ဝပ် ရှိ ရ သ နည်း။ ဘု ရား သ ခင် ကို မျှော် လင့် လော့။ ငါ့ အား မျက် နှာ သာ ပေး တော် မူ သော ငါ့ ဘု ရား သ ခင် ကို ချီး မွမ်း ရ ဦး မည်။ငါ့ စိတ် ဝိ ညာဉ် သည်၊ အ သက် ရှင် တော် မူ သော ဘု ရား သ ခင် ကို ငတ် လှ၏။ မည် သည့် အ ခါ မှ ရှေ့ တော် သို့ ရောက်၍၊ ဖူး မျှော် ရ ပါ မည် နည်း။
ငါ့ နာ မ ဖြင့် သ မုတ် ခံ ရ သော လူ မျိုး တော် သည် စိတ် နှိမ့် ချ စွာ ပ ဌ နာ ပြု၍ ငါ့ မျက် နှာ ကို လိုက် ရှာ လျက် ဒု စ ရိုက် လမ်း ကို ကြဉ်ရှောင် လျှင် ကောင်း ကင် ဘုံ မှ ငါ နား ညောင်း၍ အ ပြစ် ကို လွှတ် သည့် ပြင်၊ နေ ပြည် ကို လည်း ချမ်း သာ စေ မည်။
ငါ သည် စိတ် ပါ ကိုယ် ရောက် ထာ ဝ ရ ဘု ရား ကို စောင့် မျှော် တ သ လျက်၊ က တိ တော် ကို မျှော် လင့် ပါ ၏။
ထာ ဝ ရ ဘု ရား ၏ ကြက် သ ရေ တော် ကို ဖူး မျှော် လျက်၊ စံ ရာ တော် တွင် မေး လျှောက် ရ အံ့ သော ငှာ၊ ထာ ဝ ရ ဘု ရား ထံ ငါ တောင်း လျှောက် ၍၊ ဗိ မာန် တော်၌ အ သက် ထက် ဆုံး နေ ထိုင် ခွင့် တစ် ဆု တည်း ကို ရှာ ကြံ မည်။ဒု က္ခ ရောက် သည့် နေ့ ရက်၌ ကိုယ် တော် သည်၊ ငါ့ ကို မ ဏ္ဍပ် တော် ထဲ၌ ဖုံး ကွယ် ခြင်း၊ တဲ တော် အ တွင်း၌ ဝှက် ထား ခြင်း ပြု လျက်၊ ကျောက် တောင် ပေါ် သို့ တင် မြှောက် ထား တော် မူ လိမ့် မည်။
ဆိုး သွမ်း တတ် သော သူ တို့ သည်၊ တ ရား သ ဖြင့် ပြု မူ ခြင်း ကို နား မ လည် တတ် ကြ။ ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ သော သူ တို့ မူ ကား၊ အ ကုန် အ စင် နား လည် တတ် ကြ၏။
အို ထာ ဝ ရ ဘု ရား၊ စိတ် နှ လုံး အ ကြွင်း မဲ့ ပ ဌ နာ ပြု ခဲ့ သည့် အ လျောက် ထူး တော် မူ ပါ။ အ ထုံး အ ဖွဲ့ တော် များ ကို စောင့် ထိန်း ပါ မည်။ပ ဌ နာ ပြု ခဲ့ သည့် အ လျောက်၊ ကယ် တော် မူ ပါ။ သက် သေ ခံ တော် မူ ချက် များ ကို စောင့် ရှောက် ပါ မည်။
သန့် ရှင်း သော နာ မ တော်၌ ဂုဏ် ယူ လျက် ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ သူ တို့ စိတ် နှ လုံး ရွှင် လန်း ကြ စေ။
ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။
သန့် ရှင်း သော နာ မ တော် ၌ ဂုဏ် ယူ လျက်၊ ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ သူ တို့ စိတ် နှ လုံး ရွှင် လန်း ကြ စေ။
ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် အား ရှာ ဖွေ သူ တို့ ကို စွန့် ထား တော် မ မူ သော ကြောင့်၊ နာ မ တော် အ ကျွမ်း ဝင် သူ တို့ သည်၊ ကိုယ် တော် ၌ ကိုး စား ကြ လိမ့် မည်။
ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။
ထာ ဝ ရ ဘု ရား ကို၊ ငါ ရှာ ဖွေ ရာ၊ ကိုယ် တော် နား ညောင်း ၍၊ ငါ ကြောက် ဖွယ် ရှိ သ မျှ မှ ကယ် လွှတ် တော် မူ ၏။
ငါ တို့ သည် ဝိ ညာဉ် တော် အား ဖြင့် အ သက် ရှင် ကြ သည် မှန် လျှင် ဝိ ညာဉ် တော် အား ဖြင့် လျှောက် လိုက် ကြ ကုန် အံ့။
ဣ သ ရေ လ အ မျိုး သား တို့ အား ထာ ဝ ရ ဘု ရား က၊ သုံ့ ဘမ်း သိမ်း သွား ခံ ရ အံ့ သော ဂိ လ ဂါ လ မြို့ ကို ရှာ ဖွေ ခြင်း၊ အ လ ဟဿ ဖြစ် အံ့ သော ဗေ သ လ မြို့ သို့ ဝင် ရောက် ခြင်း၊ ဗေ ရ ရှေ ဘ မြို့ သို့ သွား ခြင်း ကို မ ပြု ဘဲ၊ ငါ့ ကို ရှာ ဖွေ ၍ အ သက် ချမ်း သာ ရ ကြ လော့ ဟု မိန့် တော် မူ ၏။
ငါ သည် ကျဉ်း ကျပ် ရာ ထဲ က ထာ ဝ ရ ဘု ရား အား ပ ဌ နာ ပြု ရာ၊ ထာ ဝ ရ ဘု ရား သည် ကျယ် ဝန်း သော အ ရပ် ၌ နေ ရာ ချ တော် မူ ၏။
အို ယာ ကုပ်၏ ဘု ရား သ ခင်၊ ဤ သို့ သော သူ တို့ သည်၊ ကိုယ် တော် ကို လိုက် ရှာ၍၊ မျက် နှာ တော် ကို ရှာ ဖွေ သော အ မျိုး အ နွယ် ဖြစ် ကြ ပါ၏။
သို့ ဖြစ်၍ သင် တို့ သည် ခ ရစ် တော် နှင့် အ တူ ရှင် ပြန် ထ မြောက် ကြ သည် မှန် လျှင် ဘု ရား သ ခင့် ယာ ဘက် တော်၌ ခ ရစ် တော် စံ နေ တော် မူ သော အ ထက် ဘုံ ရှိ အ ရာ များ ကို ရှာ ကြံ ကြ လော့။ဖန် ဆင်း တော် မူ သော အ ရှင့် ပုံ သ ဏ္ဌာန် တော် နှင့် အ ညီ အ သိ ပ ညာ ထိုး ထွင်း ခြင်း ငှာ အ သစ် ပြု ပြင် လျက် ရှိ သော လူ သစ် ကို ဝတ် ဆင် ကြ လေ ပြီ။ထို သို့ ပြု ပြင် ရာ၌ လူ မျိုး ခြား နှင့် ယု ဒ လူ မျိုး အ ဖြစ် အ နေ၊ လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ၊ မ ခံ အ ဖြစ် အ နေ၊ သ ကု သိ လူ မျိုး မှ စ၍ လူ ရိုင်း အ ဖြစ် အ နေ၊ ကျွန် နှင့် လူ လွတ် အ ဖြစ် အ နေ မ ရှိ ရာ။ ခ ရစ် တော် သည် ရှိ ရှိ သ မျှ၏ အ ချက် အ ခြာ ဖြစ် တော် မူ၏။ထို့ ကြောင့် ဘု ရား သ ခင် ရွေး ကောက် မြတ် နိုး၍ သီး သန့် ထား တော် မူ သူ များ အ ဖြစ် ဖြင့် အ သည်း စွဲ သ နား ခြင်း၊ က ရု ဏာ ပြ ခြင်း၊ နှိမ့် ချ ခြင်း၊ သိမ် မွေ့ ခြင်း၊ စိတ် ရှည် ခြင်း များ ကို ဝတ် ဆင် ကြ လော့။မည် သူ့ အ ပေါ် တွင် မ ဆို အ ပြစ် တင် ရန် ရှိ လျှင် သင် တို့ ကို အ ရှင် ဘု ရား ချမ်း သာ ပေး တော် မူ သည့် နည်း တူ တစ် ဦး ကို တစ် ဦး သည်း ခံ လျက် အ ချင်း ချင်း တို့ အား ချမ်း သာ ပေး ကြ လော့။အ ထူး ဆို သော် စုံ လင် ခြင်း အ ဖွဲ့ အ နှောင် တည်း ဟူ သော မေ တ္တာ တ ရား ကို ဝတ် ဆင် ကြ လော့။တစ် ကိုယ် တည်း အ ဖြစ် ခ ရစ် တော်၏ ငြိမ် သက် ခြင်း ထဲ သို့ အ ခေါ် ခံ ရ သည့် အ လျောက် ထို ငြိမ် သက် ခြင်း ကို သင် တို့ စိတ် နှ လုံး တွင် ခုံ သ မတ် ဖြစ် စေ လျက် ကျေး ဇူး တော် ကို သိ မှတ် ကြ လော့။ခ ရစ် တော်၏ တ ရား တော် ကို သင် တို့ တွင် ကြွယ် ဝ စွာ တည် နေ စေ ပြီး လျှင် ခပ် သိမ်း သော ဉာဏ် ပ ညာ နှင့် ကျူး ဧ ချက်၊ ထော မ နာ ပြု ချက်၊ ဓ မ္မ ဂီ တ အ မျိုး မျိုး အား ဖြင့် တစ် ဦး ကို တစ် ဦး သင် ကြား ပဲ့ ပြင် လျက် ကျေး ဇူး တော် ကို ချီး မွမ်း၍ ဘု ရား သ ခင် အား စိတ် မ နော တွင် သီ ဆို ကြ လော့။၎င်း ပြင် နှုတ် ဖြင့် ဖြစ် စေ၊ ကိုယ် ဖြင့် ဖြစ် စေ၊ မည် သည့် အ မှု မ ဆို သင် တို့ ပြု ကြ ရာ၌ အ ရှင် ယေ ရှု၏ နာ မ တော် နှင့် ပြု၍ ကိုယ် တော် အား ဖြင့် ခ မည်း တော် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။မ ယား ဖြစ် သူ တို့၊ အ ရှင် ဘု ရား၌ သင့် လျော် သည့် အ တိုင်း လင့် အောက် အ နွံ အ တာ ခံ ကြ လော့။လင် ဖြစ် သူ တို့၊ စိတ် မ ခက် ထန် ဘဲ မ ယား ကို ချစ် ကြ လော့။မြေ ကြီး ဆိုင် ရာ များ ကို မ ဟုတ်။ အ ထက် အ ရာ များ ကို ဂ ရု ပြု ကြ လော့။
၎င်း တို့ ခေါ် သော် လည်း၊ ငါ ထူး မည် မ ဟုတ်။ စိတ် ဇော နှင့် ရှာ ဖွေ သော် လည်း၊ ငါ့ ကို တွေ့ ရ ကြ မည် မ ဟုတ်။အ သို့ ဆို သော်၊ အ သိ ပ ညာ ကို မုန်း ထား လျက်၊ ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သ ဘော မ ရှိ။
စိတ် နှိမ့် ချ သူ တို့ သည် ဝ ပြော စွာ စား ရ ခွင့်၊ ထာ ဝ ရ ဘု ရား ကို လိုက် ရှာ သူ တို့ သည် ချီး မွမ်း ခွင့် ခံ ရ လျက်၊ သင် တို့ စိတ် နှ လုံး ကို အ စဉ် အ မြဲ အား တက် ပါ စေ သော ဟူ သော မင်္ဂ လာ ခံ ရ ကြ လိမ့် မည်။
ထို ကြောင့် ညီ အစ် ကို တို့၊ ဘု ရား သ ခင့် က ရု ဏာ တော် ကို ထောက်၍ ငါ နှိုး ဆော် တိုက် တွန်း သည် မှာ၊ ဘု ရား သ ခင် နှစ် သက် တော် မူ ဖွယ် သန့် ရှင်း သော သ က္ကာ၊ ရှင် သော ပူ ဇော် သ က္ကာ အ ဖြစ် သင် တို့ ကိုယ် ခ န္ဓာ များ ကို ဉာဏ် ဆိုင် ရာ ဝတ် ဖြစ် သည့် အ လျောက် ဆက်ကပ် ကြ လော့။
သို့ သော် လည်း၊ ထို အ ရပ်၌ ပင် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ သော အ ခါ၊ စိတ် နှ လုံး၊ အ သက် ဝိ ညာဉ် အ ကြွင်း မဲ့ လိုက် ရှာ လျှင်၊ တွေ့ ကြ လိမ့် မည်။
ဘုန်း တန် ခိုး တော် ကို ရှု မြင် ရန်၊ သန့် ရှင်း ရာ ဌာ န တော် တွင် ဖူး မျှော် ပါ ၏။အ သက် ရှင် ခြင်း ထက်၊ မေ တ္တာ ကျေး ဇူး တော် ကောင်း မြတ် သည့် အ တွက်၊ ကိုယ် တော် ကို နှုတ် မြွက် ချီး မွမ်း သည် နှင့် အ ညီ၊
မ စွန့် မ ပယ် ဘဲ ငါ ရွေး ချယ် သည့် အ လျောက်၊ သင် နှင့် အ တူ ငါ ရှိ သ ဖြင့်၊ မ ကြောက် လင့်။ ငါ သည် သင်၏ ဘု ရား သ ခင် ဖြစ် သော ကြောင့်၊ မ စိုး ရိမ် နှင့်။ သင့် ကို ခိုင် ခံ့ စွာ ထောက် မ မည့် ပြင်၊ အောင် ပွဲ ရ ညာ လက် ရုံး ဖြင့် ထောက် ပင့် လိမ့် မည်။
ဉာဏ် ပ ဋိ ဘာန် နှင့် အ သိ ဉာဏ် ကို တ သ ဟစ် ခေါ် လျှင် လည်း ကောင်း၊သိုက် ကို စူး စမ်း ၍ ငွေ ကို ရှာ ဖွေ သ ကဲ့ သို့၊ ပ ညာ ကို ရှာ ဖွေ လျှင် လည်း ကောင်း၊သင် သည် ထာ ဝ ရ ဘု ရား အား ခန့် ညား ရ ခြင်း ကို လည်း နား လည် ၍၊ ဘု ရား သ ခင် အား သိ ကျွမ်း ရ ခြင်း ကို တွေ့ ခွင့် ရှိ လိမ့် မည်။
ကျဉ်း ကျပ် သော အ ဖြစ် မှ၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ ဟစ် ခေါ် တောင်း လျှောက် သည့် ကာ လ၊ ကိုယ် တော် သည်၊ ဗိ မာန် တော် ထဲ မှ ငါ့ လျှောက် သံ ကို ကြား လျက်၊ ရှေ့ တော် ရောက် ငါ ဟစ် ခေါ် သံ ကို နား ညောင်း တော် မူ ၏။
အို ထာ ဝ ရ ဘု ရား၊ စိတ် နှ လုံး အ ကြွင်း မဲ့ ပ ဌ နာ ပြု ခဲ့ သည့် အ လျောက် ထူး တော် မူ ပါ။ အ ထုံး အ ဖွဲ့ တော် များ ကို စောင့် ထိန်း ပါ မည်။
ဘု ရား သ ခင် သည် ငါ့ ဘက်၌ ရှိ နေ တော် မူ၍၊ အော် ဟစ် သော အ ခါ၊ ရန် သူ တို့ လန် ကြ ရ မည် ကို ငါ သိ၏။
အ ထုံး အ ဖွဲ့ တော် များ ကို စောင့် ရှောက် ရ စေ ခြင်း ငှာ၊ အ ကျွန်ုပ် အ လေ့ အ လာ များ ၌ တည် ကြည် ပါ စေ သော။
ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ငါ့ သိုး ဆိတ် များ ကို၊ ကိုယ် တိုင် လိုက် စစ် ရှာ ဖွေ မည်။ကွဲ လွင့် ပြီး သိုး ဆိတ် များ ဗ ဟို တွင် ရှိ သော အ ထိန်း အ ကျောင်း သည်၊ နေ့ ချင်း လိုက် စစ် သည့် နည်း တူ၊ ငါ လည်း ငါ့ သိုး ဆိတ် များ ကို လိုက် စစ် လျက်၊ မိုး အုံ့၍ မှောင် ကျ သော နေ့ ရက်၌၊ ကွဲ လွင့် ခဲ့ ရာ အ ရပ် ရပ် မှ နုတ် ဆောင် လျက်၊
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ကို စိ စစ် လျက် စိတ် နှ လုံး ကို သိ မှတ် တော် မူ ပါ။ စစ် ဆေး လျက် အ ကြံ အ စည် များ ကို သိ မှတ် တော် မူ ပါ။ဆိုး သွမ်း သော အ လေ့ အ လာ တစ် စုံ တစ် ရာ ရှိ မ ရှိ ကို ရှု ကြည့် ၍၊ ထာ ဝ ရ လမ်း တော် ထဲ ၌ လမ်း ပြ တော် မူ ပါ။
သင် ဟစ် ခေါ် လျှင်၊ ငါ ထူး ၍ ကြီး မြတ် သော အ ရာ၊ သင် မ သိ သေး သော ထိမ် ချန် ရာ များ ကို ဖော် ပြ မည် ဟု ကတိ ထား ၏။
မျက် နှာ တော် ရောင် ခြည် ကို ကျွန် တော် မျိုး အ ပေါ် သို့ လွှတ် လျက်၊ အ ထုံး အ ဖွဲ့ တော် များ ကို သွန် သင် တော် မူ ပါ။
သန့် ရှင်း သော နာ မ တော်၌ ဂုဏ် ယူ လျက် ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ သူ တို့ စိတ် နှ လုံး ရွှင် လန်း ကြ စေ။ထာ ဝ ရ ဘု ရား နှင့် တန် ခိုး တော် ကို လိုက် ရှာ လျက် မျက် နှာ တော် ကို ကာ လ အ စဉ် ရှာ ဖွေ ကြ လော့။
ငါ သည် တောင် တန်း သို့ မျှော် ကြည့် လျက် နေ၏။ မ စ ခြင်း ကို မည် သည့် အ ရပ် မှ ရ ပါ အံ့ နည်း။မိုး မြေ ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား အ ထံ တော် မှ၊ မ စ ခြင်း ကို ရ ပါ လိမ့် မည်။
အို ရေ ငတ် သူ အ ပေါင်း တို့၊ ငွေ မ ရှိ သူ တို့ ပါ ရေ ရှိ ရာ သို့ လာ ကြ လော့။ လာ၍ ဝယ် ယူ စား သောက် ကြ လော့။ အ ဖိုး မဲ့ ငွေ ကင်း လျက်၊ စ ပျစ် ရည် နှင့် နို့ ရည် ကို လာ၍ ဝယ် ကြ လော့။မိုး ရေ နှင့် မိုး ပွင့် များ သည်၊ ကောင်း ကင် မှ ဆင်း သက် ပြီး လျှင်၊ ကြဲ လို သူ့ အား မျိုး ကို လည်း ကောင်း၊ စား လို သူ့ အား အ စာ ကို လည်း ကောင်း၊ ပေး ရန်၊ လယ် မြေ ကို စို စွတ် လျက် အ ညှောက် အ ဖူး မ ပေါ် စေ ဘဲ၊ မ ပြန် သည့် နည်း တူ၊နှုတ် တော် ထွက် ဗျာ ဒိတ် တော် လည်း အ လို တော် ရှိ ရာ ဖြစ် ထွန်း စေ ၍၊ ခိုင်း စေ သည့် အ တိုင်း အ ထ မ မြောက် ဘဲ၊ ငါ့ ထံ သို့ အ ကျိုး မဲ့ မ ပြန် ရ ဟု မိန့် တော် မူ ၏။သင် တို့ သည် ရွှင် လန်း စွာ ချီ ထွက် လျက်၊ ချမ်း သာ စွာ ပို့ ဆောင် တော် မူ ရာ ခံ ရ ကြ လိမ့် မည်။ တောင် ကြီး တောင် ငယ် များ သည်၊ သင် တို့ ရှေ့ ကျူး ဧ ကြွေး ကြော် ၍၊ တော ရှိ အ ပင် ဟူ သ မျှ လည်း၊ လက် ခုတ် တီး ကြ လိမ့် မည်။ဆူး ပင် အ စား ထင်း ရှူး ပင်၊ ရှား စောင်း ပင် အ စား ကျောက် ပန်း ပင် ပေါ် ထွက် ၍၊ ထာ ဝ ရ ဘု ရား ရှေ့ တော်၌ မပြတ် မ စဲ နိုင် သော၊ နိ ယ မ သ ညာ အ ထိန်း အ မှတ် ဖြစ် လိမ့် သ တည်း။အ စာ မ ဟုတ် သော အ ရာ အ ဖို့ ငွေ ကိုလည်း ကောင်း၊ အ ဆာ မ ပြေ သော အ ရာ အ ဖို့ သင် တို့ ချွေး နဲ စာ ကိုလည်း ကောင်း၊ အ ဘယ့် ကြောင့် ချိန် စက် ကြ သ နည်း။ ငါ စ ကား ကို နာ ခံ နား ထောင် လျက် အ ကောင်း ကို စား ရ သ ဖြင့်၊ မြိန် ရှက် ဖွယ် ရာ နှင့် အာ ရုံ ပြေ ကြ လော့။
အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် သည် ကိုယ် တော်၌ ကိုး စား၍၊ အ ကျွန်ုပ်၏ ဘု ရား သ ခင် ပေ တည်း ဟု ဝန် ခံ ပါ၏။အ ကျွန်ုပ်၏ နေ့ ရက် ကာ လ များ သည်၊ လက် တော်၌ တည် ရှိ သည့် အ လျောက်၊ ရန် သူ တို့ လက် မှလည်း ကောင်း၊ ညှဉ်း ပန်း သူ တို့ ထံ မှ လည်း ကောင်း၊ ကယ် လွှတ် တော် မူ ပါ။
သို့ နှင့် အ ညီ ဆိုး သွမ်း သော သင် တို့ ပင် သား သ မီး တို့ အား ကောင်း ရာ ကို ပေး တတ် လျှင် ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ သည် လျှောက် တောင်း သူ တို့ အား ကောင်း ရာ ကို သာ၍ သ နား တော် မူ မည် မ ဟုတ် လော။
အ သ နား တော် ခံ ချက် ကို လည်း ရှေ့ တော် သို့ ရောက် စေ လျက်၊ ဗျာ ဒိတ် တော် အ တိုင်း ကယ် လွှတ် တော် မူ ပါ။
ဒု က္ခ များ ၌ အ ကျွန်ုပ် ကျင် လည် ရ သော် လည်း၊ ကိုယ် တော် သည် ရှင် ပြန် စေ လျက်၊ ဆန့် တန်း သော လက် ရုံး တော် ဖြင့် ရန် သူ တို့ အမျက် ဒေါ သ ငြိမ်း စေ၍၊ ညာ လက် ရုံး တော် ဖြင့် ကယ် တော် မူ လိမ့် မည်။
ထာ ဝ ရ ဘု ရား ကို ငါ စောင့် နေ မျှော် လင့် ရာ ကိုယ် တော် သည် ငါ့ ဘက် သို့ ငဲ့၍၊ အော် ဟစ် သံ ကို ကြား လျက်၊
အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် တို့ သည်၊ အ စီ အ ရင် ကြွ လာ တော် မူ ရာ လမ်း၌၊ ကိုယ် တော် ကို စောင့် မြော်၍၊ အ မည် တော် ကို လည်း ကောင်း၊ ဘွဲ့ နာ မ တော် ကိုလည်း ကောင်း၊ စိတ် က တ သ လျက် ရှိ နေ ကြ လေ ပြီ။
သန့် ရှင်း သော နာ မ တော် ၌ ဂုဏ် ယူ လျက်၊ ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ သူ တို့ စိတ် နှ လုံး ရွှင် လန်း ကြ စေ။ထို ပြည် ရှိ နန်း တော် ခန်း များ ၌၊ ဖား ကောင် ထူ ထပ် လျက်၊အ မိန့် တော် ရှိ သော် ပြည် လုံး နှံ့ မှက် နှင့် မြေ လှေး ပေါ များ ၏။မိုး ရေ အ စား၊ မိုး သီး နှင့် လောင် မီး ကို ပေး လျက်၊စ ပျစ် ပင် နှင့် သ ဖန်း ပင် များ ကို ထိ ခိုက် ၍၊ ပြည် လုံး ရှိ သစ် ပင် များ ကို ချိုး ဖျက် တော် မူ ၏။အ မိန့် တော် ရှိ ပြန် သော်၊ မ ရေ မ တွက် နိုင် အောင်၊ ကျိုင်း ကောင် နှံ ကောင် များ လာ ၍၊ပြည် ရှိ ကောက် ပင် ပဲ ပင် နှင့် မြေ ထွက် ဟူ သ မျှ ကို စား ကြ ၏။ထို့ နောက်၊ သူ တို့ ပြည် ၌၊ ခွန် အား၏ က န ဦး ဖြစ် သူ ဩ ရ သ ရှိ သ မျှ တို့ ကို ဒဏ် ခတ် တော် မူ ပြီး လျှင်၊လူ မျိုး တော် ကို ရွှေ ငွေ ပါ လျက် ထုတ် ဆောင် တော် မူ ရာ၊ အ မျိုး အ နွယ် တော် အ သီး အ သီး ၌ ခွန် အား နည်း ပါး သူ တစ် ယောက် မျှ မ ရှိ။ထွက် သွား ကြ သော်၊ ကြောက် ရွံ့ ခြင်း ဘေး သင့် သော ကြောင့်၊ အိ ဂျစ် ပြည် လုံး ဝမ်း မြောက် ၏။သူ တို့ ကို ကွယ် ကာ ရန် တိမ် တိုက် ကို ဖြန့် မိုး ၍၊ ညဉ့် အ ခါ လင်း စေ ရန် မီး ကို ပေး တော် မူ ၏။ထာ ဝ ရ ဘု ရား နှင့် တန် ခိုး တော် ကို လိုက် ရှာ လျက်၊ မျက် နှာ တော် ကို ကာ လ အ စဉ် ရှာ ဖွေ ကြ လော့။
ဘု ရား သ ခင် သည်၊ ငါ တို့ ခို လှုံ ရာ၊ ငါ တို့ စွမ်း အား ဖြစ် လျက်၊ ဒု က္ခ ရောက် သည့် ကာ လ၊ တွေ့ လွယ် သော အ ထောက် အ မ ဖြစ် တော် မူ ပါ ၏။
က ရု ဏာ တော် ကို ခံ လျက် ထောက် မ သင့် သော အ ချိန်၌ ကျေး ဇူး တော် ကို ရ ခြင်း ငှာ ကျေး ဇူး ရာ ဇ ပ လ္လင် တော် သို့ ရဲ ရင့် စွာ ချဉ်း ကပ် ကြ ကုန် အံ့။
သင် မူ ကား ပ ဌ နာ ပြု သည့် ကာ လ အ တွင်း ခန်း ထဲ သို့ ဝင်၍ တံ ခါး ပိတ် ထား ပြီး လျှင် မ ထင် မ ရှား စံ နေ သော ကိုယ့် အ ဘ အား ပ ဌ နာ ပြု လော့၊ မ ထင် ရှား ရာ ကို ရှု မြင် တော် မူ သော သင့် အ ဘ သည် အ ကျိုး ဆက် ကို သ နား တော် မူ လိမ့် မည်။
ဆုံး ဖြတ် တော် မူ ချက် များ ကို အ ခါ ခပ် သိမ်း တောင့် တ လျက် နေ ရ သော ကြောင့်၊ စိတ် ကြေ ကွဲ လျက် ရှိ ပါ ၏။
ဖန် ဆင်း ထား သော အ ရာ များ ကို ထောက် ရှု သ ဖြင့် နိ စ္စ တန် ခိုး တော် နှင့် ဘု ရား အ ဖြစ် တော် တည်း ဟူ သော ကွယ် ဝှက် ရာ များ ကို ဤ လော က ဖန် ဆင်း သည် က စ၍ ထင် ရှား ပြီး ဖြစ် သော ကြောင့် ဘု ရား သ ခင် ကို သိ လျက် ပင် ဘု ရား အ နေ နှင့် ဘုန်း တော် ကျေး ဇူး တော် ကို မ ချီး မွမ်း ဘဲ အ ဝိ ဇ္ဇာ စိတ်၌ မှောင် ကျ သည့် တိုင် အောင် အ ချည်း နှီး တွေး ဆ ဆင် ခြင် ကြ သော ထို သူ တို့ သည် ထု ချေ ရန် မ ရှိ။
သင် တို့ အ နက် တစ် ယောက် ယောက် ၌ ဉာဏ် ပ ညာ ယုတ် လျော့ လျှင် အ ပြစ် မ တင် ဘဲ သူ ခပ် သိမ်း တို့ အား ကြွယ် ဝ စွာ သ နား တော် မူ သော ဘု ရား သ ခင့် ထံ တောင်း လျှောက် စေ။ သ နား တော် မူ လိမ့် မည်။
အ မှု အ ရာ ခပ် သိမ်း ကို အ ခါ သ မ ယ အ လိုက်၊ တင့် တယ် စွာ ဖန် ဆင်း တော် မူ သည့် ပြင်၊ လူ တို့ သည် ဘု ရား သ ခင် ပြု ပြင် တော် မူ ရာ ကို၊ အ စ က အ ဆုံး တိုင် အောင် ရှာ၍ မ တွေ့ လျက် ပင်၊ နိ စ္စ အ ရာ ကို စိတ်၌ စွဲ လမ်း စေ တော် မူ ၏။
အ သက် လမ်း ကို အ ကျွန်ုပ် အား၊ ကိုယ် တော် သိ ကျွမ်း စေ တော် မူ မည်။ ရှေ့ တော်၌ တင်း တိမ် ဖွယ် အား ရ ခွင့်၊ ညာ ဘက် တော်၌ ကာ လ အ စဉ် ပျော် မွေ့ ခွင့် တည် ရှိ လှ ပေ ၏။
အို ထာ ဝ ရ ဘု ရား၊ ကယ် တင် တော် မူ ခြင်း ကျေး ဇူး ကို အ ကျွန်ုပ် တ သ၍၊ တ ရား တော်၌ လည်း၊ မွေ့ လျော် ပါ ၏။
ကောင်း ရာ ကို ကြိုး စား ရှာ ဖွေ သော သူ သည်၊ ကျေး ဇူး ကို ရှာ ဖွေ ရာ ရောက်၏။ မ ကောင်း ရာ ကို လိုက် ရှာ သော သူ၌၊ အ ဆိုး သင့် ရောက် လိမ့် မည်။
၎င်း ပြင် အ ကြံ တော် နှင့် အ ညီ ခေါ် ထား တော် မူ သူ၊ ဘု ရား သ ခင် ကို ချစ် ကြည် မြတ် နိုး သူ တို့ ကောင်း ကျိုး အ လို့ ငှါ အ ရာ ခပ် သိမ်း ဝိုင်း ညီ ပြု စု လျက် ရှိ ကြောင်း၊
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ၏ တောင်း လျှောက် ချက် ကို နား ညောင်း၍၊ နှုတ် မြွက် သော ပ ဌ နာ ကို ကြား နာ တော် မူ ပါ။
သင် တို့ အား ငါ ပ ညတ် သ မျှ ကို စောင့် ရှောက် စေ ရန် သွန် သင် ကြ လော့။ ယ ခု ခတ် ကာ လ အ ဆုံး တိုင် အောင် သင် တို့ နှင့် အ တူ နေ့ စဉ် မ ပြတ် ငါ ရှိ သည် ဟု မိန့် တော် မူ၏။
က ရု ဏာ သက် သော အ ရှင် သည် စမ်း ရေ များ အ နီး၊ လမ်း ပြ ပို့ ဆောင် လ တ္တံ့ သော ကြောင့် ရေ ငတ် ခြင်း၊ ဆာ မွတ် ခြင်း ကင်း လျက်၊ လေ ပူ နေ ရှိန် မ ထိ မ ခိုက် ရ။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ကို အ ကျွန်ုပ် စွဲ လမ်း ပါ ၏။ထာ ဝ ရ ဘု ရား၏ နည်း လမ်း တော် ရှိ သ မျှ သည်၊ ပ ဋိ ညာဉ် တ ရား တော် နှင့် သက် သေ ခံ တော် မူ ချက် များ ကို စောင့် ရှောက် သူ တို့ ၌၊ မေ တ္တာ ကျေး ဇူး နှင့် သ စ္စာ တော် ဖြစ် ၏။အို ထာ ဝ ရ ဘု ရား၊ ကြီး လေး သော အ ကျွန်ုပ် အ ပြစ် ကို၊ နာ မ တော် အ တွက် ချမ်း သာ ပေး တော် မူ ပါ။ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သူ ကား၊ မည် သူ နည်း။ ရွေး ချယ် အပ် သော လမ်း တော် ၌ သွန် သင် တော် မူ လိမ့် မည်။ထို သူ သည် ချမ်း သာ စွာ နေ ထိုင် လျက်၊ အ မျိုး အ နွယ် လည်း နေ ပြည် ကို အ ပိုင် ရ လျက် နေ လိမ့် မည်။ထာ ဝ ရ ဘု ရား သည်၊ ခန့် ညား သူ တို့ အား ကိုယ် တော် နှင့် အ ကျွမ်း ဝင် ခွင့်၊ ပ ဋိ ညာဉ် တ ရား တော် ကို သိ မြင် ခွင့် ပြု တော် မူ မည်။ငါ့ ခြေ များ ကို ပိုက် ထဲ မှ နုတ် ယူ တော် မူ မည့် ထာ ဝ ရ ဘု ရား အား၊ အ စဉ် မ ပြတ် ငါ မျက် မှောက် ပြု လျက် နေ ၏။ခို ကိုး ရာ မဲ့၊ ညှဉ်း ပန်း ခံ ရ သော အ ကျွန်ုပ် ကို လှည့် ကြည့်၍၊ က ရု ဏာ သက် တော် မူ ပါ။စိတ် ဒု က္ခ ရောက် ရာ မှ ထွက် မြောက် စေ၍၊ အ ကျဉ်း အ ကျပ် အ ဖြစ် မှ ထုတ် ဆောင် တော် မူ ပါ။အ ကျွန်ုပ် ဆင်း ရဲ ခြင်း၊ ပင် ပန်း ခြင်း များ ကို ဆင် ခြင်၍၊ အ ပြစ် ရှိ သ မျှ ကို ဖြေ လွှတ် တော် မူ ပါ။အ ကျွန်ုပ် ကို ရက် စက် စွာ မုန်း ထား လျက်၊ များ ပြား သော ရန် သူ တို့ ကို ဆင် ခြင် တော် မူ ပါ။အ ကျွန်ုပ် ဘု ရား သ ခင်၊ ကိုယ် တော် ၌ ကိုး စား ခဲ့ ပါ၏။ အ ရှက် ကွဲ စေ တော် မ မူ ပါ နှင့်။ အ ကျွန်ုပ် အ ပေါ် ၌ ရန် သူ တို့ ဝါ ကြွား ခွင့် ရှိ စေ တော် မ မူ ပါ နှင့်။
ယုံ ကြည် ခြင်း သည် မျှော် လင့် ရာ များ၌ စိတ် ချ ခြင်း၊ မျက် ကွယ် ရာ များ ကို မျက် မှောက် ပြု ခြင်း ဖြစ်၏။
သင့် အ မူ အ ရာ ကို၊ ထာ ဝ ရ ဘု ရား အား လွှဲ အပ် လော့။ အ ကြံ အ စည် များ သည်၊ အ ထ မြောက် လိမ့် မည်။
အ လေ့ အ လာ၌ စုံ လင် လျက်၊ ထာ ဝ ရ ဘု ရား၏ တ ရား တော် ကို လျှောက် လိုက် သူ တို့ သည် မင်္ဂ လာ ရှိ ကြ ၏။အ ကျွန်ုပ် သည် ကိုယ် တော် ကို စိတ် နှ လုံး အ ကြွင်း မဲ့ လိုက် ရှာ ခဲ့ ပါ ပြီ။ ပ ညတ် တော် များ မှ လွှဲ သွား စေ တော် မ မူ ပါ နှင့်။ဥ ပ ဒေ သ တော် များ ကို စောင့် ထိန်း ခဲ့ သော ကြောင့်၊ အ သက် ကြီး သူ တို့ ထက် နား လည် ရ ပါ ၏။နှုတ် က ပတ် တော် ကို စောင့် ရှောက် ရ ခြင်း ငှာ၊ ဆိုး သွမ်း သော အ လေ့ အ လာ ရှိ သ မျှ ကို လွှဲ ရှောင် ခဲ့ ပါ ပြီ။ကိုယ် တော် သွန် သင် တော် မူ သော ဆုံး ဖြတ် တော် မူ ချက် များ မှ၊ လွှဲ ဖယ်၍ မ သွား ခဲ့ ပါ။ဗျာ ဒိတ် တော် သည် အ ကျွန်ုပ် ခံ တွင်း ၌ အ လွန် ချို ဧ၍၊ ပျား ရည် ထက် နှုတ် ထဲ မှာ ချို ဧ ပါ ၏။ဥ ပ ဒေ သ တော် များ ကြောင့် နား လည် ခြင်း ရ ရှိ၍၊ အ မှား လမ်း ရှိ သ မျှ ကို ရွံ ရှာ ပါ၏။နှုတ် က ပတ် တော် သည်၊ အ ကျွန်ုပ် ခြေ ဦး မှာ မီး ခွက် သ ဖွယ်၊ အ ကျွန်ုပ် လမ်း မှာ အ လင်း သ ဖွယ် ဖြစ် ပါ ၏။ဖြောင့် မတ် စွာ ဆုံး ဖြတ် တော် မူ ချက် များ ကို စောင့် ရှောက် ပါ မည် ဟု၊ သ စ္စာ ဆို သည့် အ တိုင်း၊ အ တည် ပြု ပါ မည်။အို ထာ ဝ ရ ဘု ရား၊ အ လွန် ဒု က္ခ ရောက် ရ သော အ ကျွန်ုပ် ကို၊ နှုတ် က ပတ် တော် အ တိုင်း အ သက် ရှင် စေ တော် မူ ပါ။အို ထာ ဝ ရ ဘု ရား၊ စေ တ နာ အ လျောက် က တိ ထား သော အ လှူ များ ကို လက် ခံ၍၊ ဆုံး ဖြတ် တော် မူ ချက် များ ကို သွန် သင် တော် မူ ပါ။အ သက် ကို အ စဉ် မ ပြတ် ဆောင် ကိုင် ရ သော် လည်း၊ တ ရား တော် ကို မေ့ လျော့၍ မ နေ ပါ။ကိုယ် တော် ကို မ ပြစ် မှား မိ စေ ရန်၊ ဗျာ ဒိတ် တော် ကို နှ လုံး တွင် သို ထား ပါ ပြီ။အ ကျွန်ုပ် ရှေ့ ညွှတ် ကွင်း ကို လူ ဆိုး တို့ ထောင် ထား ကြ သော် လည်း၊ ဥ ပ ဒေ သ တော် များ မှ လမ်း လွှဲ၍ မ သွား ပါ။အ ကျွန်ုပ် စိတ် ရွှင် လန်း ရာ အ ကြောင်း ဖြစ် သော သက် သေ ခံ တော် မူ ချက် များ ကို၊ ကာ လ အ စဉ် ပိုင် ရာ အ ဖြစ် ခံ ယူ ပါ ပြီ။အ ထုံး အ ဖွဲ့ တော် များ ကို အ ဆုံး တိုင် အောင် အ မြဲ ဆောင် ရွက် ရန်၊ စိတ် နှ လုံး ကို ညွှတ် စေ ပါ၏။ဒွိ ဟ သ ဘော ရှိ သူ တို့ ကို မုန်း ထား၍၊ တ ရား တော် ကို နှစ် သက် ပါ၏။ကိုယ် တော် သည် အ ကျွန်ုပ် ကွယ် ကာ ရန်၊ အ ကျွန်ုပ် ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ သည့် အ လျောက်၊ နှုတ် က ပတ် တော် ကို စောင့် မျှော် လျက် နေ ပါ၏။ဒု စ ရိုက် ကို ပြု သော သူ တို့၊ ဘု ရား သ ခင့် ပ ညတ် တော် များ ကို စောင့် ထိန်း ခွင့် ရ ရှိ စေ ရန်၊ ငါ့ ထံ မှ ထွက် သွား ကြ လော့။ဗျာ ဒိတ် တော် အ တိုင်း အ သက် ရှင် ရ စေ ရန်၊ အ ကျွန်ုပ် ကို ထောက် မ တော် မူ၍၊ စောင့် မျှော် ရာ ကြောင့် အ ရှက် မ ကွဲ ရ ပါ စေ နှင့်။ဘေး ကင်း ရန် အ ကျွန်ုပ် ကို ထူ ပင့် တော် မူ ပါ။ အ ထုံး အ ဖွဲ့ တော် များ ကို မ ပြတ် ကြည် ညို ပါ မည်။အ ထုံး အ ဖွဲ့ တော် များ မှ လွဲ သွား သ မျှ သော သူ တို့ ကို အ ချည်း နှီး ဖြစ် စေ တော် မူ ပါ ပြီ။ သူ တို့ လှည့် စား ခြင်း လည်း အ ချည်း နှီး ဖြစ် ပါ၏။မြေ ကြီး ပေါ် ရှိ လူ ဆိုး အ ပေါင်း တို့ ကို ချော် ကဲ့ သို့ စွန့် ပစ် တော် မူ သည့် အ လျောက်၊ သက် သေ ခံ တော် မူ ချက် များ ကို အ ကျွန်ုပ် နှစ် သက် ပါ ၏။အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် မင်္ဂ လာ ရှိ ပါ၏။ အ ထုံး အ ဖွဲ့ တော် များ ကို အ ကျွန်ုပ် အား သွန် သင် တော် မူ ပါ။ကိုယ် တော် ကို ထိတ် လန့် သ ဖြင့်၊ ကြက် သီး မွေး ညှင်း ထ၍၊ ဆုံး ဖြတ် တော် မူ ချက် ကို ကြောက် ရွံ့ ပါ ၏။အ ကျွန်ုပ် သည် တ ရား သ ဖြင့် စီ ရင် ခြင်း ကို ဆုံး ဖြတ် ခဲ့ ပါ ပြီ။ ညှဉ်း ပန်း သူ တို့ လက်၌ စွန့် ထား တော် မ မူ ပါ နှင့်။ကောင်း စား ရ စေ ရန် ကျွန် တော် မျိုး တို့ အ ဖို့ အာ မ ခံ တော် မူ ပါ။ မာ န ကြီး သူ တို့ မ ညှဉ်း ပန်း ကြ ပါ စေ နှင့်။ကယ် တင် တော် မူ ခြင်း ကျေး ဇူး နှင့် ဖြောင့် မတ် သော ဗျာ ဒိတ် တော် ကို၊ စောင့် မျှော်၍ မျက် စိ အား ကုန် ပါ ပြီ။က ရု ဏာ တော် အ လျောက်၊ ကျွန် တော် မျိုး၌ စီ ရင်၍၊ အ ထုံး အ ဖွဲ့ တော် များ ကိုသွန် သင် တော် မူ ပါ။အ ကျွန်ုပ် သည် ကိုယ် တော်၏ ကျွန် ဖြစ် သည့် အ လျောက်၊ သက် သေ ခံ တော် မူ ချက် များ ကို သိ မြင် နား လည် စေ တော် မူ ပါ။တ ရား တော် ကို ဖောက် ကျော် သော ကြောင့်၊ ထာ ဝ ရ ဘု ရား စီ ရင် ချိန် ရောက် ပါ ပြီ။အ ကျွန်ုပ် မူ ကား၊ ပ ညတ် တော် များ ကို၊ ရွှေ ထက် မ က၊ ရွှေ စင် ထက် နှစ် သက် ၍၊ဥ ပ ဒေ သ တော် ရှိ သ မျှ ကို သ ဘော ကျ လျက်၊ အ မှား လမ်း ရှိ သ မျှ ကို ရွံ ရှာ ပါ ၏။သက် သေ ခံ တော် မူ ချက် များ သည်၊ အံ့ ဩ ဖွယ် ဖြစ် သော ကြောင့်၊ စိတ် ပါ ကိုယ် ရောက် စောင့် ထိန်း ပါ၏။နှုတ် မြွက် တော် မူ သော ဆုံး ဖြတ် ချက် ရှိ သ မျှ ကို၊ ကိုယ့် နှုတ် ခမ်း ဖြင့် ကြော် ငြာ ပါ ပြီ။နှုတ် က ပတ် တော် ဖွင့် ပြ ခြင်း ကြောင့် အ လင်း ရ၍၊ ရိုး သား သူ တို့ နား လည် ခွင့် ရ ကြ ပါ၏။ပ ညတ် တော် များ ကို အ ကျွန်ုပ် တောင့် တ၍၊ နှုတ် ဟ လျက်၊ မော ဟိုက် ပါ ၏။နာ မ တော် ကို ချစ် သူ တို့ အား အ လေ့ တော် အ တိုင်း၊ အ ကျွန်ုပ် ဘက် သို့ လှည့်၍ က ရု ဏာ သက် တော် မူ ပါ။ဗျာ ဒိတ် တော် လမ်း၌၊ အ ကျွန်ုပ် ခြေ ရာ များ ကို စီ စဉ် တော် မူ၍၊ ဒု စ ရိုက် အုပ် စိုး ခြင်း ကို အ လျှင်း မ ခံ ရ ပါ စေ နှင့်။ဥ ပ ဒေ သ တော် များ ကို စောင့် ရှောက် ရ စေ ရန်၊ လူ တို့ ညှဉ်း ပန်း ရာ မှ ရွေး နုတ် တော် မူ ပါ။မျက် နှာ တော် ရောင် ခြည် ကို ကျွန် တော် မျိုး အ ပေါ် သို့ လွှတ် လျက်၊ အ ထုံး အ ဖွဲ့ တော် များ ကို သွန် သင် တော် မူ ပါ။တ ရား တော် ကို မ စောင့် ရှောက် ကြ သော ကြောင့်၊ အ ကျွန်ုပ် မျက် စိ များ မှ မျက် ရည် ချောင်း စီး ပါ၏။အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် ဖြောင့် မတ် တော် မူ၍၊ ဆုံး ဖြတ် တော် မူ ချက် များ လည်း၊ ဖြောင့် မှန် ပါ၏။ဖြောင့် မတ် ခြင်း နှင့် သ စ္စာ ထူး ကို ဆောင် လျက်၊ သက် သေ ခံ တော် မူ ချက် များ ကို၊ ထုတ် ဆင့် တော် မူ ပါ ပြီ။နှုတ် က ပတ် တော် ကို အ ကျွန်ုပ် ရန် သူ တို့ သ တိ လစ် ကြ သည့် အ တွက်၊ ထက် သန် ခြင်း စေ တ နာ သည် အ ကျွန်ုပ် ကို ကျွမ်း လောင် ပါ ၏။ဥ စ္စာ ဓ န ရှိ လေ သ မျှ ရွှင် လန်း သည် နှင့် အ မျှ၊ သက် သေ ခံ တော် မူ ရာ နည်း လမ်း ၌ ရွှင် လန်း ပါ ပြီ။ဗျာ ဒိတ် တော် သည်၊ စစ် ဆေး ပြီး ဖြစ်၍၊ ကျွန် တော် မျိုး နှစ် သက် ပါ ၏။အ ကျွန်ုပ် သည် သိမ် ငယ် သ ဖြင့် အ ရှက် ကွဲ ခြင်း ခံ ရ သော် လည်း၊ ဥ ပ ဒေ သ တော် များ ကို မေ့ လျော့၍ မ နေ ပါ။ဖြောင့် မတ် တော် မူ ခြင်း သည် ထာ ဝ ရ ဖြောင့် မတ် ခြင်း ဖြစ်၍၊ တ ရား တော် လည်း သ စ္စာ နှင့် ပြည့် စုံ ပါ၏။ဒု က္ခ ဝေ ဒ နာ နှင့် တွေ့ ကြုံ ရ သော် လည်း၊ ပ ညတ် တော် များ၌ မွေ့ လျော် လျက် နေ ပါ ၏။သက် သေ ခံ တော် မူ ချက် များ သည်၊ ကာ လ အ စဉ် ဖြောင့် မတ် သ ဖြင့်၊ အ သက် ရှင် ရ ရန် နား လည် စေ တော် မူ ပါ။အို ထာ ဝ ရ ဘု ရား၊ စိတ် နှ လုံး အ ကြွင်း မဲ့ ပ ဌ နာ ပြု ခဲ့ သည့် အ လျောက် ထူး တော် မူ ပါ။ အ ထုံး အ ဖွဲ့ တော် များ ကို စောင့် ထိန်း ပါ မည်။ပ ဌ နာ ပြု ခဲ့ သည့် အ လျောက်၊ ကယ် တော် မူ ပါ။ သက် သေ ခံ တော် မူ ချက် များ ကို စောင့် ရှောက် ပါ မည်။နှုတ် က ပတ် တော် ကို စောင့် မျှော်၍၊ အ ရုဏ် မ တက် မီ အ ကျွန်ုပ် ဟစ် ခေါ် ပါ၏။ဗျာ ဒိတ် တော် ကို စဉ်း စား ရ အံ့ သော ငှာ၊ ညဉ့် ယံ မ လွန် မီ အ ကျွန်ုပ် နိုး ထ ပါ၏။အို ထာ ဝ ရ ဘု ရား၊ မေ တ္တာ ကျေး ဇူး တော် အ လျောက်၊ ဟစ် ခေါ် သံ ကို နား ညောင်း၍၊ ဆုံး ဖြတ် တော် မူ ချက် များ အ လျောက်၊ အ သက် ရှင် စေ တော် မူ ပါ။ဥ ပ ဒေ သ တော် များ ကို ဆင် ခြင် လျက်၊ နည်း လမ်း တော် များ ကို ထောက် ထား ပါ မည်။တ ရား တော် နှင့် ဝေး ကွာ၍ ဒု စ ရိုက် ကို လိုက် စား သူ တို့ သည်၊ ချဉ်း လာ ကြ ပါ တ ကား။အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အ နီး အ ပါး၌ ရှိ နေ တော် မူ၍၊ ပ ညတ် တော် ရှိ သ မျှ လည်း သ စ္စာ နှင့် ပြည့် စုံ ပါ၏။သက် သေ ခံ တော် မူ ချက် များ ကို အ မြဲ တည် စေ တော် မူ ကြောင်း၊ ရှေး က ပင် အ ကျွန်ုပ် သိ ခဲ့ ပါ၏။တ ရား တော် ကို မေ့ လျော့ ၍ မ နေ သော၊ အ ကျွန်ုပ် ဒု က္ခ ကို ရှု ကြည့် လျက် ကယ် လွှတ် တော် မူ ပါ။အ ကျွန်ုပ် အ မှု ကို လဲ လျှောက်၍ ရွေး နုတ် ပြီး လျှင် ဗျာ ဒိတ် တော် အ တိုင်း အသက် ရှင် စေ တော် မူ ပါ။ကယ် တင် ခြင်း ကျေး ဇူး သည်၊ အ ထုံး အ ဖွဲ့ တော် များ ကို မ လိုက် မ ရှာ ကြ သော လူ ဆိုး နှင့် ကင်း ဝေး လေ စွ။အို ထာ ဝ ရ ဘု ရား၊ က ရု ဏာ တော် သည် ကြီး မြတ် လှ ပါ၏။ ဆုံး ဖြတ် တော် မူ ချက် များ နှင့် အညီ၊ အ ကျွန်ုပ် ကို အ သက် ရှင် စေ တော် မူ ပါ။ညှဉ်း ပန်း သူ နှင့် ရန် ဘက် ပြု သူ တို့ များ လှ သော် လည်း၊ သက် သေ ခံ တော် မူ ချက် များ မှ ကျွန်ုပ် မ လွှဲ မ တိမ်း ပါ။ဗျာ ဒိတ် တော် ကို မ စောင့် မ ရှောက် ဘဲ၊ သ စ္စာ ဖျက် သူ တို့ ကို အ ကျွန်ုပ် ရှု မြင်၍ ရွံ ရှာ ပါ၏။အို ထာ ဝ ရ ဘု ရား၊ ဥ ပ ဒေ သ တော် များ ကို နှစ် သက် လှ ကြောင်း ထောက် ရှု၍၊ က ရု ဏာ တော် အ လျောက် အ ကျွန်ုပ် ကို အ သက် ရှင် စေ တော် မူ ပါ။အ ထုံး အ ဖွဲ့ တော် များ ၌ မွေ့ လျော် ပါ မည်။ နှုတ် က ပတ် တော် ကို မေ့ လျော့ ၍ မ နေ ပါ။နှုတ် က ပတ် တော်၏ အ ချုပ် အ ချာ ကား၊ သ စ္စာ ပေ တည်း။ ဖြောင့် မတ် သော ဆုံး ဖြတ် တော် မူ ချက် ရှိ သ မျှ လည်း၊ ကာ လ အ စဉ် တည် ပါ ၏။မှူး မတ် တို့ သည် အ ကြောင်း မဲ့ ညှဉ်း ပန်း ကြ သော် လည်း၊ နှုတ် က ပတ် တော် ကြောင့် သာ အ ကျွန်ုပ် စိတ် ချောက် ခြား လျက် နေ ပါ၏။လက် ရ ဥ စ္စာ များ ကို တွေ့ သူ ကဲ့ သို့၊ ဗျာ ဒိတ် တော် ကြောင့် ရွှင် လန်း ပါ၏။မု သာ ကို စက် ဆုပ် ရွံ ရှာ၍၊ တ ရား တော် ကို နှစ် သက် ပါ၏။ဖြောင့် မတ် သော ဆုံး ဖြတ် တော် မူ ချက် များ ကြောင့်၊ တစ် ရက် လျှင် ခု နစ် ကြိမ် ကိုယ် တော် ကို ချီး မွမ်း ပါ၏။တ ရား တော် ကို နှစ် သက် သူ တို့ သည်၊ ခ လုတ် မ တိုက် ရ ဘဲ၊ ကြီး စွာ သော ငြိမ် သက် ခြင်း ရှိ၏။အို ထာ ဝ ရ ဘု ရား၊ ကယ် တင် တော် မူ ခြင်း ကျေး ဇူး ကို အ ကျွန်ုပ် စောင့် မျှော် လျက်၊ ပ ညတ် တော် များ ကို ဆောင် ရွက် ပါ ပြီ။သက် သေ ခံ တော် မူ ချက် များ ကို စိတ် ပါ ကိုယ် ရောက် စောင့် ရှောက်၍၊ အ လွန် နှစ် သက် ပါ၏။ကိုယ့် အ လေ့ အ လာ ရှိ သ မျှ ကို မျက် နှာ ပြု သည့် အ တိုင်း၊ ဥ ပ ဒေ သ တော် များ နှင့် သက် သေ ခံ တော် မူ ချက် များ ကို စောင့် ရှောက် ပါ ပြီ။အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် အော် ဟစ် သံ ကို ရှေ့ တော် သို့ ရောက် စေ လျက်၊ နှုတ် က ပတ် တော် အ တိုင်း နား လည် စေ တော် မူ ပါ။ကျွန် တော် မျိုး သည် အ သက် ရှင်၍ နှုတ် က ပတ် တော် ကို စောင့် ရှောက် ရ စေ ရန်၊ ကြွယ် ဝ စွာ သ နား တော် မူ ပါ။အ သ နား တော် ခံ ချက် ကို လည်း ရှေ့ တော် သို့ ရောက် စေ လျက်၊ ဗျာ ဒိတ် တော် အ တိုင်း ကယ် လွှတ် တော် မူ ပါ။အ ထုံး အ ဖွဲ့ တော် များ ကို သွန် သင် တော် မူ သော ကြောင့်၊ နှုတ် ဖြင့် ထော မ နာ ပြု ရ ပါ စေ သော။ပ ညတ် တော် ရှိ သ မျှ သည် ဖြောင့် မတ် သော ကြောင့်၊ နှုတ် က ပတ် တော် အ ကြောင်း၊ လျှာ ဖြင့် ကြွေး ကြော် ရ ပါ စေ သော။ဥ ပ ဒေ သ တော် များ ကို အ ကျွန်ုပ် ရွေး ချယ် သော ကြောင့်၊ မ စ ရန် လက် ရုံး တော် ကို အ သင့် ရှိ ပါ စေ သော။အို ထာ ဝ ရ ဘု ရား၊ ကယ် တင် တော် မူ ခြင်း ကျေး ဇူး ကို အ ကျွန်ုပ် တ သ၍၊ တ ရား တော်၌ လည်း၊ မွေ့ လျော် ပါ ၏။ကိုယ် တော် ကို ချီး မွမ်း ရ အံ့ သော ငှာ အ ကျွန်ုပ် ကို အ သက် ရှင် စေ လျက်၊ ဆုံး ဖြတ် တော် မူ ချက် များ ဖြင့် မ စ တော် မူ ပါ။ပျောက် သော သိုး ကဲ့ သို့ အ ကျွန်ုပ် လမ်း လွဲ ခဲ့ သော် လည်း၊ ပ ညတ် တော် ကို မေ့ လျော့ ၍ မ နေ သော ကျွန် တော် မျိုး ကို လိုက် ရှာ တော် မူ ပါ။တ ရား တော်၌ အံ့ ဖွယ် ရာ များ ကို သိ မြင် ရ စေ ရန်၊ အ ကျွန်ုပ် မျက် စိ များ ကို ပွင့် လင်း စေ တော် မူ ပါ။အ ကျွန်ုပ် သည် မြေ ကြီး ပေါ် တွင် ဝင် နေ သူ ဖြစ် ပါ၍၊ ပ ညတ် တော် များ ကို ထိမ် ချန် တော် မ မူ ပါ နှင့်။သက် သေ ခံ တော် မူ ချက် များ ကို စောင့် ထိန်း လျက်၊ ကိုယ် တော် ကို စိတ် နှ လုံး အ ကြွင်း မဲ့ ရှာ ဖွေ သူ တို့ သည် မင်္ဂ လာ ရှိ ကြ၏။
ကိုယ့် ဝန် ကို ထာ ဝ ရ ဘု ရား အား လွှဲ အပ် လော့။ ထောက် မ တော် မူ လိမ့် မည်။ သူ တော် ကောင်း ကို မည် သည့် ကာ လ မျှ၊ ရွှေ့ သွား စေ ခွင့် ပြု တော် မူ မည် မ ဟုတ်။
မျက် နှာ မော် မောက် လျက်၊ စစ် ဆေး တော် မ မူ ဟူ၍ လည်း ကောင်း၊ ဘု ရား မ ရှိ ဟူ၍ လည်း ကောင်း၊ အ ခါ ခပ် သိမ်း အောက် မေ့ တတ် ပါ ၏။
ထို သူ တို့ သည် မ တ ရား မှု ကို မ ပြု ဘဲ၊ နည်း လမ်း တော် များ အ တိုင်း၊ မု ချ လျှောက် လိုက် ကြ ၏။
စိုး စဉ်း မျှ မ စိုး ရိမ် ပဲ ကျေး ဇူး တော် ကို ချီး မွမ်း လျက် တောင်း လျောက် ပ ဌာ နာ ပြု ချက် များ ဖြင့် လို လေ ရာ ရာ ကို ဘု ရား သ ခင် ရှေ့ ဖော် ပြ ကြ လော့။သို့ ပြု လျင် ဉာဏ် ဟူ သ မျှ ထက် လွန် ကဲ သော ဘု ရား သ ခင် ငြိမ် သက် ခြင်း သည် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့၏ စိတ် နှ လုံး နှင့် အ ကြံ အ စည် များ ကို ကွယ် ကာ စောင့် ရှောက် လိမ့် မည်။
အို ထာ ဝ ရ ဘု ရား၊ နက် ရှိုင်း ရာ ထဲ က ကိုယ် တော် ကို အ ကျွန်ုပ် ဟစ် ခေါ် ပါ ပြီ။အို အ ရှင် ဘု ရား၊ အ ကျွန်ုပ် ဟစ် ခေါ် သံ ကို ကြား ၍၊ အ သ နား တော် ခံ သံ ကို နား ညောင်း တော် မူ ပါ။
အို မြေ ကြီး စွန်း အ ပေါင်း တို့ ငါ သာ လျှင် ဘု ရား သ ခင် ဖြစ် တော် မူ သော ကြောင့်၊ ငါ့ ကို လှည့် ကြည့်၍ ကယ် တင် ခြင်း ကို ခံ ကြ လော့။
အ ကျွန်ုပ်၏ ကျောက် တောင် တော်၊ ရွေး နုတ် ပိုင် ရှင်၊ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ်၏ နှုတ် ထွက် စ ကား များ နှင့် စိတ် ဆင် ခြင် ချက် များ သည်၊ မျက် မှောက် တော်၌ လက် ခံ တော် မူ ဖွယ် ဖြစ် ပါ စေ သော။
ဘု ရား သ ခင် နှင့် ကျွမ်း ဝင် ခွင့် ကြောင့် တိုး ပွား လျက် ကောင်း မှု အ သီး အ မျိုး မျိုး ကို သိ သည့် အ လျောက် အ ရှင် ဘု ရား နှင့် ထိုက် လျော် စွာ ကျင့် ကြံ သ ဖြင့်၊
ရှေ သ လည်း သား ကို ရ၍ ဧ နုတ် အ မည် ဖြင့် မှည့် လေ၏။ ထို ကာ လ၌ ထာ ဝ ရ ဘု ရား၏ နာ မ တော် အား ဖြင့် ပ ဌ နာ ပြု စ ဖြစ် ကြ လေ၏။
မြင့် မြတ် သော ဘု ရား၏ အ တွင်း ဌာ န တော်၌ နေ ထိုင် သော သူ သည်၊ အ န န္တ တန် ခိုး ရှင်၏ အ ရိပ် ကို ခို လှုံ ရ လိမ့် မည်။
အ စဉ် မ ပြတ် ခန့် ညား သော သူ သည် မင်္ဂ လာ ရှိ၏။ ကိုယ့် စိတ် နှ လုံး ကို ခဲ ယဉ်း စေ သော သူ မူ ကား၊ အ ဆိုး ထဲ သို့ ကျ ရောက် လိမ့် မည်။
မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။
အ ချိန် တန် လျှင်၊ ရှိ ရှိ သ မျှ တို့ သည်၊ ကျွေး မွေး တော် မူ စေ ရန်၊ ကိုယ် တော် ကို စောင့် မျှော် လျက်၊ချ ပေး တော် မူ သော်၊ သိမ်း ယူ ခွင့်၊ လက် တော် ဖွင့် တော် မူ သော်၊ ကောင်း သော အ ရာ နှင့် ရောင့် ရဲ ခွင့် ရ ကြ ပါ ၏။
အို ထာ ဝ ရ ဘု ရား၊ အ လွန် ဒု က္ခ ရောက် ရ သော အ ကျွန်ုပ် ကို၊ နှုတ် က ပတ် တော် အ တိုင်း အ သက် ရှင် စေ တော် မူ ပါ။
သို့ ရာ တွင်၊ ထာ ဝ ရ ဘု ရား သည် သင် တို့ ကို သ နား ခွင့် ရ စေ ရန် ဆိုင်း လင့် တော် မူ လိမ့် မည်။ က ရု ဏာ သက် ခွင့် ရ စေ ရန် မြင့် မြတ် ရာ တွင် စံ တော် မူ ဦး မည်။ ထာ ဝ ရ ဘု ရား သည် တ ရား ရှင် ဘု ရား ဖြစ် တော် မူ သည့် အ လျောက်၊ ကိုယ် တော် ကို စောင့် စား သူ အ ပေါင်း တို့၌ မင်္ဂ လာ ရှိ ကြ ၏။
ဘေး ကင်း ရန် အ ကျွန်ုပ် ကို ထူ ပင့် တော် မူ ပါ။ အ ထုံး အ ဖွဲ့ တော် များ ကို မ ပြတ် ကြည် ညို ပါ မည်။
ငါ မူ ကား၊ ဘု ရား သ ခင့် အ ထံ တော် သို့ ချဉ်း ကပ် ၍ အ ကျိုး ရှိ ၏။ အ ရှင် ထာ ဝ ရ ဘု ရား၌ ခို လှုံ လျက် နေ ရ သ ဖြင့်၊ အ မှု တော် ရှိ သ မျှ ကို ကြား ပြော ခွင့် ရ ပါ ၏။
က ရု ဏာ တော် အ လျောက်၊ ကျွန် တော် မျိုး၌ စီ ရင်၍၊ အ ထုံး အ ဖွဲ့ တော် များ ကိုသွန် သင် တော် မူ ပါ။
ဘုန်း ပွင့် ခြင်း၊ အ သ ရေ ရှိ ခြင်း၊ သင်္ခါ ရ ကင်း ခြင်း အ ဖြစ် ကို ရှာ သော သူ တို့ အား ထာ ဝ ရ အ သက် ကိုလည်းကောင်း၊
ကိုယ် တော် သည်၊ တောင့် တ သော သူ့ ကို ရောင့် ရဲ စေ လျက်၊ ဆာ မွတ် သော သူ့ ကို လည်း၊ ကောင်း သော အ ရာ နှင့် ဝ စေ တော် မူ ၏။
ကယ် တင် တော် မူ ခြင်း ကို မူး မော် စွာ တ သ သော အ ကျွန်ုပ် သည်၊ နှုတ် က ပတ် တော် ကို စောင့် မျှော် ပါ ၏။
ငါ့ သား၊ သင် သည် ဉာဏ် ပ ညာ ကို နာ ယူ ၍၊ ဉာဏ် ပ ဋိ ဘာန် ကို စွဲ လမ်း သည့် တိုင် အောင်၊ ငါ့ စ ကား ကို နာ ခံ လျက်၊ ငါ ပ ညတ် များ ကို ပိုက် ကျုံး လျှင် လည်း ကောင်း၊အ သို့ ဆို သော်၊ ဉာဏ် ပ ညာ သည် သင့် နှ လုံး ထဲ သို့ ဝင်၍၊ အ သိ ပ ညာ ကို လည်း သင် နှစ် သက် သ ဖြင့်၊ဆိုး သော လမ်း မှ ကယ် လွှတ် သည့် ပြင်၊ ကောက် ကျစ် သော စ ကား ကိုပြော သော သူ၊ မှောင် သော လမ်း သို့ လိုက် ရန် ဖြောင့် သော လမ်း ကို စွန့် သော သူ၊ စဉ်း လဲ သော အ ကျင့် နှင့် လိမ် လည် သော အ လေ့ အ လာ ရှိ သ ဖြင့်၊ အ ဆိုး ပြု၍ ရွှင် လန်း လျက်၊ ဆိုး သွမ်း ကောက် ကျစ် ခြင်း၌ မွေ့ လျော် သော သူ တို့ မှလည်း ကောင်း၊ ငယ် ပေါင်း ကြီး ဖော် ကို စွန့်၍ ကိုယ့် ဘု ရား သ ခင်၏ ပ ဋိ ညာဉ် ကို မေ့ လျော့ သော မိန်း မ ပေါ့၊ စ ကား ဖြင့် မြှောက် ပင့် တတ် သော မိန်း မ ရွှင် မှလည်း ကောင်း၊ ကယ် လွှတ် စေ ရန်၊ ပ ညာ သ တိ သည် သင့် ကို စောင့် ရှောက် ၍၊ ဉာဏ် ပ ဋိ ဘာန် လည်း ကွယ် ကာ စောင့် ထိန်း လိမ့် မည်။ထို မိန်း မ ၏ အိမ် သည် သေ ခြင်း သို့ လည်း ကောင်း၊ အ လေ့ အ လာ များ သည် သုဿာန် သို့ လည်း ကောင်း၊ ရောက် စေ တတ် ၏။ထို သူ့ ထံ ဝင် ရောက် သော သူ မည် သည် ကား၊ မ ပြန် မ လာ။ အ သက် လမ်း ကို မ မှီ ရ။သင် သည် သူ တော် ကောင်း တို့ လမ်း သို့ လိုက် ၍၊ ဖြောင့် မတ် သူ တို့ အ လေ့ အ လာ များ ကို စောင့် ရှောက် ရ လိမ့် မည်။ဖြောင့် မှန် သော သူ တို့ သည်၊ နေ ပြည် တွင် တည် လျက်၊ စုံ လင် သူ တို့ လည်း၊ မြဲ ကြ လိမ့် မည်။လူ ဆိုး တို့ မူ ကား၊ ထို ပြည် မှ ပယ် ရှား ခြင်း ခံ ရ၍၊ သ စ္စာ မဲ့ သော သူ တို့ လည်း၊ နုတ် ပယ် ခြင်း ကို ခံ ရ ကြ လိမ့် မည်။ဉာဏ် ပ ဋိ ဘာန် နှင့် အ သိ ဉာဏ် ကို တ သ ဟစ် ခေါ် လျှင် လည်း ကောင်း၊သိုက် ကို စူး စမ်း ၍ ငွေ ကို ရှာ ဖွေ သ ကဲ့ သို့၊ ပ ညာ ကို ရှာ ဖွေ လျှင် လည်း ကောင်း၊သင် သည် ထာ ဝ ရ ဘု ရား အား ခန့် ညား ရ ခြင်း ကို လည်း နား လည် ၍၊ ဘု ရား သ ခင် အား သိ ကျွမ်း ရ ခြင်း ကို တွေ့ ခွင့် ရှိ လိမ့် မည်။
ကြောက် ရွံ ခြင်း ကင်း လျက်၊ ဘု ရား သ ခင်၌ ကိုး စား ပြီး ဖြစ် သူ ငါ့ ကို၊ လူ တို့ မည် သို့ ပြု နိုင် သ နည်း။
ဖြောင့် မတ် တော် မူ ခြင်း သည် ထာ ဝ ရ ဖြောင့် မတ် ခြင်း ဖြစ်၍၊ တ ရား တော် လည်း သ စ္စာ နှင့် ပြည့် စုံ ပါ၏။
ပိုး မွှား ချေး ညှော် စား လျက် သူ ခိုး ထွင်း ဖောက် ခိုး ယူ တတ် ရာ ဤ မြေ ကြီး ပေါ် တွင် ဘ ဏ္ဍာ များ ကို သို မှီး၍ မ ထား ကြ နှင့်။ထို့ ကြောင့် သင် လှူ ဒါန်း သော အ ခါ လူ တို့ ထံ မှ ဂုဏ် ပ ကာ သ န ရ ခြင်း ငှာ ဓ မ္မာ ရုံ များ၊ လမ်း များ တွင် သီ လ ကြောင် တို့ တီး မှုတ် လေ့ ရှိ ကြ သည့် နည်း တူ သင့် ရှေ့ မ တီး မ မှုတ် စေ နှင့်။ ထို သူ တို့ မှာ လှူ သော အ ကျိုး ကို ခံ ရ ကြ ပြီ၊ ငါ အ မှန် ဆို၏။ပို့ မွှား ချေး ညှော် စား ခြင်း၊ သူ ခိုး ထွင်း ဖောက် ခိုး ယူ ခြင်း ကင်း ရာ ကောင်း ကင် ဘုံ တွင် သာ သို မှီး၍ ထား ကြ လော့။
အ လို တော် ကို ဆောင် ရွက် ရန် နှစ် သက် ပါ၏။ တ ရား တော် လည်း၊ အ ကျွန်ုပ် စိတ် နှ လုံး ထဲ၌ ရှိ သည် ဟု အ ကျွန်ုပ် ဝန် ခံ ပါ၏။ အို ထာ ဝ ရ ဘု ရား၊ သိ တော် မူ သည့် အ တိုင်း အ ကျွန်ုပ် သည် နှုတ် ကို မ ချုပ် တည်း ဘဲ၊ ပ ရိ သတ် ကြီး၌ ဖြောင့် မတ် တော် မူ ခြင်း သ တင်း ကို ကြော် ငြာ ပါ ပြီ။
အ ဆိုး ပြု ကျင့် သူ တို့ သည်၊ ပယ် ရှား ရာ ခံ ကြ ရ လိမ့် မည်။ ထာ ဝ ရ ဘု ရား ကို စောင့် မျှော် သူ တို့ မူ ကား၊ နေ ပြည် ကို အ ပိုင် ရ ကြ လ တ္တံ့။
အို အ ရှင် ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည်၊ အ ကျွန်ုပ် မျှော် လင့် ရာ၊ ငယ် ရွယ် က စ၍၊ အ ကျွန်ုပ် ကိုး စား ရာ ဖြစ် တော် မူ ပါ ၏။
ငါ ဆို သည် ကား ဝိ ညာဉ် တော် အား ဖြင့် လျှောက် လိုက် ကြ လော့။ သို့ ပြု လျင် ရုပ် ခ န္ဓာ တပ် မက် ခြင်း ကို မ ပြည့် စေ ဘဲ ရှိ ကြ လိမ့် မည်။
ကိုယ် တော် က လူ သည် မုန့် ဖြင့် သာ အ သက် မွေး ရ မည် မ ဟုတ်။ ဘု ရား သ ခင့် နှုတ် တော် ထွက် ဗျာ ဒိတ် တော် ရှိ သ မျှ ဖြင့် အ သက် မွေး ရ မည် ဟူ သော ကျမ်း ချက် ရှိ သည် ဟု ပြန်၍ မိန့် တော် မူ၏။
ငါ တို့ တိုင်း ပြည် ၌ ဘုန်း တော် ကိန်း ဝပ် စေ ခြင်း ငှာ၊ ရို သေ သူ တို့ အ နီး၊ ကယ် တင် တော် မူ ခြင်း ကျေး ဇူး တည် လျက် ရှိ ၏။
သို့ ဖြစ်၍ ငါ ချစ် သော ညီ အစ် ကို တို့ သင် တို့ ဆောင် ရွက် မှု သည် အ ရှင် ဘု ရား၌ အ ကျိုး မဲ့ မ ဟုတ် ကြောင်း ကို သိ သ ဖြင့် တည် ကြည် လျက်၊ ခိုင် ခံ့ လျက်၊ အ ရှင် ဘု ရား အ မှု တော် ကို အ စဉ် ကြိုး စား လျက် နေ ကြ လော့။
ငါ့ ပ ဌ နာ ကို ပယ် တော် မ မူ၊ က ရု ဏာ တော် ကို ဖယ် တော် မ မူ သော ဘု ရား သ ခင် သည်၊ မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။
ထာ ဝ ရ ဘု ရား သည် ကြေ ကွဲ သော နှ လုံး ရှိ သူ တို့ အ နီး ရှိ နေ ၍၊ ကြေ မွ သော စိတ် ရှိ သူ တို့ ကို ကယ် တော် မူ ၏။
ခ ရစ် တော် ကို အ ရှင် အ ဖြစ် သင် တို့ စိတ် နှ လုံး တွင် သီး သန့် ကြ လော့။ သင် တို့၌ တည် ရှိ သော မျှော် လင့် ခြင်း အ ကြောင်း မေး မြန်း သူ တိုင်း အား ဖြေ ဆို ရန် အ ခါ ခပ် သိမ်း အ သင့် ရှိ နေ ရ သည် မှာ
သင် တို့ သည် ဤ လော က ၏ အ လင်း ဖြစ်၏။ တောင် ထိပ် ပေါ် မှာ တည် ရှိ သော မြို့ သည် ပုန်း ကွယ် လျက် မ နေ နိုင်၊
ကောင်း ကင် ဘုံ မှာ အ ကျွန်ုပ် ၌ မည် သူ ရှိ ပါ သ နည်း။ မြေ ကြီး ပေါ် မှာ လည်း၊ ကိုယ် တော် မှ တစ် ပါး မည် သူ့ ကို မျှ အ လို မ ရှိ ပါ။
အ ပြစ် ဝန် ချ ကြ လျှင် မူ ကား ကိုယ် တော် သည် သ စ္စာ စောင့်၍ ဖြောင့် မတ် တော် မူ သ ဖြင့် ထို အ ပြစ် များ ကို ဖြေ လွတ် လျက် ဒု စ ရိုက် အ မျိုး မျိုး နှင့် စင် ကြယ် စေ တော် မူ မည်။
အ ချင်း လူ မျိုး တော်၊ ဘု ရား သ ခင်၌ အ ခါ ခပ် သိမ်း ကိုး စား လျက်၊ ရှေ့ တော် ၌ စိတ် နှ လုံး ကို သွန် ပြ ကြ လော့။ ဘု ရား သ ခင် သည် ငါ တို့ အ ဖို့ ခို လှုံ ရာ ဖြစ် တော် မူ ၏။
မြေ ပ ထ ဝီ ကို မြဲ မြံ စေ တော် မူ၍၊ တည် နေ သည့် အ တိုင်း၊ သ စ္စာ တော် လည်း လူ မျိုး အ ဆက် ဆက် တည် မြဲ ပါ ၏။
သို့ ဖြစ်၍ ယုံ ကြည် ခြင်း အား ဖြင့် ဖြောင့် မတ် ရာ ရောက် သော ကြောင့် ငါ တို့ သည် ဘု ရား သ ခင် ရှေ့ တော်၌ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ငြိမ် သက် ခြင်း ကို ခံ စား ကြ ကုန် အံ့။ရန် ဘက် ဖြစ် ကြ စဉ် သား တော် အ သေ ခံ တော် မူ ခြင်း ကြောင့် ဘု ရား သ ခင် နှင့် မိတ် သ ဟာ ယ ဖွဲ့ ခြင်း ရ ခဲ့ ကြ လျှင် ထို ဖွဲ့ ခြင်း ကို ရ ပြီး ဖြစ် လျက် အ သက် ရှင် တော် မူ ခြင်း အား ဖြင့် မု ချ လွတ် ကင်း ကြ လိမ့် မည်။ထို မျှ မ က မိတ် သ ဟာ ယ ဖွဲ့ ခြင်း ကို ယ ခု ရ စေ သော၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ကြောင့် ဘု ရား သ ခင်၌ ရွှင် လန်း ရ ကြ၏။သို့ ဖြစ်၍ လူ တစ် ယောက် ကြောင့် အ ပြစ် တ ရား သည် ဤ လော က ထဲ သို့ ဝင် လာ လျက် သေ ခြင်း တ ရား လည်း အ ပြစ် တ ရား ကြောင့် ဝင် ရောက် သ ဖြင့် လူ ခပ် သိမ်း တို့ ပြစ် မှား ကြ သည့် အ လျောက် ရှိ သ မျှ အ ပေါ် သို့ သေ ခြင်း တ ရား သင့် ရောက် သည် နှင့် အ ညီ၊ပ ညတ် တ ရား မ ရှိ မီ ဤ လော က၌ အ ပြစ် တည် နှင့် လျက် ပင်၊ ပ ညတ် တ ရား မ ရှိ သည့် ကာ လ အ ပြစ် မ တင် ရ သော် လည်း၊အာ ဒံ့ လက် ထက် မှ မော ရှေ့ လက် ထက် တိုင် အာ ဒံ လွန် ကျူး မှု အ လိုက် မ ပြစ် မှား သူ တို့ အ ပေါ် တွင် ပင် သေ ခြင်း တ ရား မင်း မူ သ တည်း။ ထို အာ ဒံ သည် ကြွ လာ လ တ္တံ့ သော အ ရှင့် ပုံ ဖြစ် ခဲ့ သော် လည်း၊လွန် ကျူး မှု အ လိုက် နှင့် ဆု ကျေး ဇူး တော် တူ သည် မ ဟုတ်။ တစ် ဦး၏ လွန် ကျူး မှု အား ဖြင့် အ များ သေ သည် မှန် က ဘု ရား သ ခင်၏ ကျေး ဇူး တော် နှင့် ယေ ရှု ခ ရစ် တည်း ဟူ သော တစ် ပါး သူ၏ ကျေး ဇူး အား ဖြင့် သက် ရောက် သော ဆု တော် သည် အ များ တို့ အ ဖို့ သာ ၍ ကြွယ် ဝ ၏။၎င်း ပြင် တစ် ဦး၏ ပြစ် မှု အ ကျိုး ဆက် အ လိုက် နှင့် ဆု တော် တူ သည် မ ဟုတ်။ တစ် ဦး ကြောင့် ပြစ် ဒဏ် စီ ရင် ချက် သင့် ရောက် သည် မှန် က လွန် ကျူး မှု အ များ ကြောင့် တ ရား သေ လွှတ် ချက် ဆု ကျေး ဇူး တော် သက် ရောက် သ တည်း။တစ် ဦး၏ လွန် ကျူး မှု အ တွက် သေ ခြင်း တ ရား သည် ထို လူ ကြောင့် မင်း မူ သည် မှန် က ကြွယ် ဝ သော ကျေး ဇူး တော် နှင့် ဖြောင့် မတ် ခြင်း ဆု တော် ကို ခံ ရ သူ တို့ သည် ယေ ရှု ခ ရစ် တည်း ဟူ သော တစ် ပါး သူ ကြောင့် အ သက် ရှင် လျက် မု ချ မင်း မူ ရ ကြ လိမ့် မည်။သို့ ဖြစ်၍ လွန် ကျူး မှု တစ် ခု ကြောင့် လူ ခပ် သိမ်း တို့ သည် အ ပြစ် စီ ရင် ခံ ရ သည့် နည်း တူ ပင် ဖြောင့် မတ် မှု တစ် ခု ကြောင့် လူ ခပ် သိမ်း တို့ သည် အ သက် ရှင် ခြင်း နှင့် ဆိုင် သော ဖြောင့် မတ် ရာ ရောက် ရ ကြ၏။တစ် နည်း တစ် ဦး၏ နား မ ထောင် ခြင်း ကြောင့် အ များ သည် အ ပြစ် သား အ ဖြစ် ရောက် သည့် နည်း တူ ပင်၊ တစ် ပါး သူ၏ နား ထောင် ခြင်း ကြောင့် အ များ သည် ဖြောင့် မတ် သူ့ အ ဖြစ် ရောက် ရ ကြ လိမ့် မည်။ထို အ ရှင် အား ဖြင့် လည်း ယ ခု ငါ တို့ တည် နေ ရာ ကျေး ဇူး တော် သို့ ယုံ ကြည် ခြင်း ကြောင့် တိုး ဝင် ခွင့် ရ သည့် ပြင် ဘု ရား သ ခင့် ဘုန်း တော် ကို မျှော် လင့် လျက် ရွှင် လန်း ရ ကြ၏။
ယာ ကုပ်၏ ဘု ရား သ ခင် မ စ တော် မူ ခြင်း ခံ ရ သော သူ၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို အား ကိုး ရ သော သူ သည် မင်္ဂ လာ ရှိ ၏။
ကိုယ့် အ လေ့ အ လာ များ ကို ဆင် ခြင်၍၊ သက် သေ ခံ တော် မူ ချက် များ ဘက် သို့ ခြေ ဦး လှည့် ပြီး လျှင်၊
ထို နောက် ထာ၀ ရ ဘု ရား၏ ဗျာ ဒိတ် တော် သည် အာ ဗြံ၏ မ နော အာ ရုံ သို့ သွား ရောက်၍ အာ ဗြံ၊ မ ကြောက် နှင့်။ ငါ သည် သင်၏ ဒိုင်း လွှား သ ဖွယ် ဖြစ်၏။ သင်၌ အ ကျိုး ကျေး ဇူး ကြီး လှ မည် ဟု မိန့် တော် မူ လျှင်၊
အ ကျွန်ုပ် မူ ကား၊ အ စဉ် မ ပြတ် စောင့် မျှော် လျက်၊ ဂုဏ် တော် ကို ထပ် မံ ချီး မွမ်း ပါ မည်။
ဖြောင့် မတ် သူ တို့၏ လမ်း သည်၊ နေ့ ခင်း တိုင် အောင် တိုး တက် ၍၊ ထွန်း တောက် သော အ လင်း သ ဖွယ် ဖြစ် ၏။
အ ချင်း ဣ သ ရေ လ လူ မျိုး၊ ထာ ဝ ရ ဘု ရား သည် က ရု ဏာ သက် ခွင့်၊ အ ထူး ရွေး နုတ် ခွင့် ပိုင် တော် မူ သည့် အ လျောက်၊
ဖြောင့် မတ် ခြင်း ဝင်း တံ ခါး များ ကို ဖွင့် ပေး ကြ၊ ငါ ဝင် လျက် ထာ ဝ ရ ဘု ရား ၏ ကျေး ဇူး တော် ကို ချီး မွမ်း ပါ မည်။က ရု ဏာ တော် သည် ကာ လ အ စဉ် တည် သည် ဟု၊ ဣ သ ရေ လ လူ မျိုး တို့ မြွက် ဆို ကြ ပါ စေ။ထာ ဝ ရ ဘု ရား၏ တံ ခါး တော် ဖြစ် သည့် အ လျောက်၊ သူ တော် ကောင်း တို့ ဝင် ရ ကြ ၏။
ယေ ရှု က သူ ငယ် တို့ ကို ငါ့ ထံ လာ စေ ကြ လော့။ မ ဆီး တား ကြ နှင့်။ ကောင်း ကင် နိုင် ငံ တော် သည် ထို သို့ သော သူ တို့၏ နိုင် ငံ တော် ဖြစ် သည် ဟု မိန့် တော် မူ လျက်
အို ယာ ကုပ် အ မျိုး၊ ဣ သ ရေ လ အ နွယ်၊ သင့် ကို ဖန် ဆင်း ပြု ပြင် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ မ ကြောက် လင့်၊ သင့် ကို ငါ ရွေး နုတ် ပြီ၊ အ မည် ဖြင့် ခေါ် ပြီ၊ သင် သည် ငါ ပိုင် ဆိုင် ရာ ဖြစ် သည် နှင့် အ ညီ ရေ ဘေး အ တွင်း ကူး သွား ရ လျှင် ငါ ပါ ရှိ မည်။ငါ့ ကို သိ ကျွမ်း ယုံ ကြည် ရန်လည်း ကောင်း၊ ငါ သာ လျှင် ငါ ဖြစ် သည် ဟု နား လည် ရန် လည်း ကောင်း၊ ငါ ထာ ဝ ရ ဘု ရား အ မိန့် တော် အ တိုင်း၊ သင် တို့ သည် ငါ၏ သက် သေ များ၊ ငါ ရွေး ချယ် သော ကျွန် ရင်း ဖြစ် ကြ၏။ ငါ အ ရင် ဘု ရား တစ် ဆူ မျှ မ ပွင့်။ ငါ့ နောက် လည်း၊ ပေါ် မည် မ ဟုတ်။ငါ သာ လျှင် ထာ ဝ ရ ဘု ရား ဖြစ်၏။ ငါ မှ တစ် ပါး၊ ကယ် တင် ပိုင် ရှင် မ ရှိ ချေ။ငါ သည် ဗျာ ဒိတ် ပေး ခြင်း၊ ကယ် တင် ခြင်း၊ ကြား ပြော ခြင်း များ ကို ပြု ခဲ့ ပြီ။ သင် တို့ အ တွင်း အ ခြား သော ဘု ရား မ ရှိ။ ငါ ထာ ဝ ရ ဘု ရား အ မိန့် တော် အ တိုင်း၊ သင် တို့ သည် ငါ၏ သက် သေ များ တည်း။ ငါ လည်း သင် တို့ ဘု ရား ပေ တည်း။ယ ခု မှ စ၍ လည်း၊ ငါ သာ လျှင် ငါ ဖြစ် သည့် အ လျောက်၊ လက် တော် မှ လွှတ် နိုင် သူ မ ရှိ။ ငါ စီ ရင် ပြီ။ မည် သူ ဖျက် သိမ်း နိုင် သ နည်း ဟု မိန့် တော် မူ ၏။သင် တို့ ကို ရွေး နုတ် ပိုင် ရှင်၊ ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ သင် တို့ အ တွက် ဗာ ဗု လုန် မြို့ သို့ ငါ စေ လွှတ် လိုက် ရာ၊ ခါ လ ဒဲ အ မျိုး သား ရှိ သ မျှ တို့ ကို၊ မောက် ကြွား သော သင်္ဘော များ နှင့် လူ ပြေး အ ဖြစ်၊ စုန် ဆင်း စေ လိမ့် မည်။ငါ သည် သင် တို့၏ သန့် ရှင်း သော အ ရှင်၊ သင် တို့၏ ဘု ရင်၊ ဣ သ ရေ လ လူ မျိုး ကို ဖန် ဆင်း သော ထာ ဝ ရ ဘု ရား ဖြစ် သည် ဟု မိန့် တော် မူ ၏။အား ကြီး သော သ မု ဒ္ဒ ရာ၌ လမ်း ခ ရီး ကို ပြု ပြင် တော် မူ ထ သော၊ ရ ထား တပ် မြင်း တပ် နှင့် တ ကွ၊ ဗိုလ် ထု အ လုံး အ ရင်း ကို ထုတ် ဆောင် ပြီး လျှင်၊ မ ထ နိုင် အောင် တစ် ပြိုင် နက် ဖြို လှဲ တော် မူ ထ သော၊ ကုန် ဆုံး စေ ၍ မီး စာ ကဲ့ သို့ ငြိမ်း သတ် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊အ တိတ် ကာ လ ဖြစ် ဖူး သော အ မှု ဟောင်း များ ကို အ မှတ် မ ပြု၊ ဂ ရု မ စိုက် ကြ နှင့်။ငါ သည် အ မှု သစ် ကို စီ ရင် ပြီ တ ကား။ ယ ခု ပင် ပေါ် ပေါက် တော့ မည်။ မ သိ မ မှတ် ကြ လော။ သဲ တော၌ လမ်း ကိုလည်း ကောင်း၊ ဆိတ် ညံ ရာ အ ရပ်၌ မြစ် များ ကိုလည်း ကောင်း၊ ငါ စီ မံ၏။မြစ် များ ကို ကူး သွား ရ လျှင် လွှမ်း မိုး ခြင်း၊ မီး၌ သွား ရ လျှင် ပူ လောင် ခြင်း၊ မီး လျှံ သင့် ခြင်း များ ကို ခံ ရ မည် မ ဟုတ်။