ဆုတောင်းခြင်းဆိုတာ သန့်ရှင်းသောဝိညာဉ်တော်နဲ့ စကားပြောဆိုနိုင်တဲ့ အဖိုးတန်ဆုံးလက်ဆောင်ပဲ။ ဆုတောင်းတဲ့အခါ ဘာမှဖုံးကွယ်စရာမလိုဘဲ၊ ဟန်ဆောင်စရာမလိုဘဲ ကိုယ်ဘာခံစားနေရလဲဆိုတာ လွတ်လပ်စွာဖွင့်ဟပြောပြနိုင်တယ်။
အစပိုင်းမှာတော့ ဆုတောင်းတဲ့ဘဝကို ပုံမှန်လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမဲ့ ဘုရားသခင်ကို ပိုသိလာလေ၊ ပိုချစ်လာလေ၊ ဘုရားသခင်မပါဘဲ တစ်စက္ကန့်တောင်မှ မနေချင်တော့ဘူးဆိုတဲ့ ခံစားချက်မျိုး ဖြစ်လာလိမ့်မယ်။ ဘုရားသခင်နဲ့ ဆုံတွေ့ရတဲ့အချိန်ကနေ စတင်ပြီး ဆုတောင်းတဲ့အကျင့် ဖြစ်လာတယ်။ ဘာလို့လဲဆိုတော့ ကိုယ်က ဘုရားသခင်ကို သိလာပြီး ချစ်မြတ်နိုးလာတယ်။ ကိုယ့်ကို ဘုရားသခင်က အရင်ချစ်ခဲ့တယ်ဆိုတာကိုလည်း သဘောပေါက်လာတယ်။ ဆုတောင်းတဲ့ဘဝကို ရောက်လာတဲ့အခါ ဘုရားသခင်ပေးတဲ့ မေတ္တာတော်ကို ပြန်လည်ချစ်မြတ်နိုးနိုင်ပြီ။
ဘုရားသခင်နဲ့ စကားပြောဆိုခြင်းက အကောင်းဆုံး ကုထုံးပဲ။ ဘုရားသခင်လောက် ဘယ်သူမှ ကိုယ့်ကို နားလည်ပေးမှာ မဟုတ်ဘူး။ ဘုရားသခင့်ရဲ့ ကြင်နာတဲ့ မေတ္တာတော်က ကိုယ့်ရဲ့ အနက်ရှိုင်းဆုံးဒဏ်ရာတွေကို ကုစားပေးနိုင်ပြီး၊ နာကျင်မှုတွေကို သက်သာစေနိုင်တယ်။ ဘုရားသခင်ဆီမှာ အပြစ်တင်ဝေဖန်မှုဆိုတာ မရှိဘူး။ ကိုယ်လဲကျတိုင်း ပြန်ထူပေးဖို့ ဘုရားသခင့်ရဲ့ ကျေးဇူးတော် အမြဲရှိနေတယ်။
အခု ကိုယ့်ရဲ့ ဆုတောင်းတဲ့ဘဝ ဘယ်လိုအခြေအနေမှာ ရှိနေလဲဆိုတာ ငါမသိဘူး။ တစ်ခုခုကြောင့် ဘုရားသခင်နဲ့ ဝေးကွာသွားခဲ့လားဆိုတာလည်း ငါမသိဘူး။ ဒါပေမဲ့ ဒီနေ့ဟာ ဘုရားသခင်ဆီ ပြန်လာပြီး၊ ပြောပြချင်တာတွေအားလုံးကို ပြောပြဖို့ အကောင်းဆုံးနေ့ပဲဆိုတာ ငါသိတယ်။ ဘုရားသခင်က ကိုယ်နဲ့ အမြဲတမ်း ဆက်သွယ်နေစေချင်တယ်။ ဘုရားသခင်ကို ဦးစားပေး ထားစေချင်တယ်။ ကောင်းကင်ဘုံရဲ့ သားသမီးတွေအနေနဲ့ အမြဲတမ်း ဆက်သွယ်ပြောဆိုနေဖို့ လိုအပ်တယ်။ "အစဉ်မပြတ်ဆုတောင်းကြလော့" (၁ သက်သာလောနိတ် ၅:၁၇) လို့ ကျမ်းစာမှာ ဘုရားသခင် မိန့်မှာထားတယ်။
ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့ဟာ တိုက်ပွဲတွေမှာ အောင်နိုင်ကြတယ်။ လူသားတွေအတွက် မဖြစ်နိုင်တာတွေကို လုပ်ဆောင်နိုင်ကြတယ်။ ဘုရားသခင်က ကိုယ့်နဲ့ စကားပြောချင်တယ်၊ ကိုယ့်ဘဝကို လမ်းညွှန်ပေးချင်တယ်။ ဆုတောင်းပါ။ ကိုယ့်ရဲ့ချစ်ရတဲ့ ခမည်းတော်နဲ့ အမြဲတမ်း စကားပြောဆိုပါ။
သင် ဟစ် ခေါ် လျှင်၊ ငါ ထူး ၍ ကြီး မြတ် သော အ ရာ၊ သင် မ သိ သေး သော ထိမ် ချန် ရာ များ ကို ဖော် ပြ မည် ဟု ကတိ ထား ၏။
စုံ စမ်း ရာ မ လိုက် မ ပါ အံ့ သော ငှာ စောင့် နေ၍ တောင်း လျှောက် ကြ လော့။ စိတ် အား ကြီး သော် လည်း ကိုယ် ခ န္ဓာ အား နည်း စွ တ ကား ဟု မိန့် တော် မူ ပြီး နောက်
သင် တို့ သည် ငါ့ ထံ ချဉ်း ကပ် ဟစ် ခေါ် တောင်း လျှောက် ကြ သော အ ခါ၊ ငါ နား ညောင်း သည် နှင့် အ ညီ၊စိတ် ပါ ကိုယ် ရောက် ငါ့ ကို လိုက် စစ် ရှာ ဖွေ သော ကြောင့်၊ တွေ့ ကြ လိမ့် မည်။
ထာ ဝ ရ ဘု ရား သည်၊ လူ ဆိုး တို့ နှင့် ဝေး ကွာ တော် မူ၏။ သူ တော် ကောင်း တို့၏ ဆု တောင်း ပ ဌ နာ ကို ကား၊ နား ညောင်း တော် မူ၏။
ပ ညတ် တော် များ ကို စောင့် ရှောက် လျက် နှစ် သက် တော် မူ ဖွယ် ရာ များ ကို ပြု ကျင့် ကြ သော ကြောင့် တောင်း လျှောက် သ မျှ ကို အ ထံ တော် မှ ရ ကြ လိမ့် မည်။
ညဉ့် ဦး ယံ၊ နံ နက် ယံ၊ မွန်း တည့် ယံ များ၌၊ ငါ ပြု မည့် ညည်း တွား မြည် တမ်း သံ ကို ကြား တော် မူ လိမ့် မည်။
ထာ ဝ ရ ဘု ရား သည်၊ ကိုယ် တော် ကို သ စ္စာ နှင့် ဟစ် ခေါ် သူ၊ ပ ဌ နာ ပြု သူ အ ပေါင်း တို့ အ နီး အ ပါး ၌ ရှိ နေ တော် မူ၏။
အ ဘယ့် ကြောင့် အိပ် နေ ကြ သ နည်း။ စုံ စမ်း ရာ မ လိုက် မ ပါ အံ့ သော ငှာ နိုး ထ တောင်း လျှောက် ကြ လော့ ဟု မိန့် တော် မူ၏။
ထို နေ့ ရက် ကာ လ၌ ကိုယ် တော် သည် ပ ဌ နာ ပြု ရန် တောင် ပေါ် သို့ တက် ကြွ၍ တစ် ညဉ့် လုံး ဘု ရား သ ခင့် ထံ ပ ဌ နာ ပြု လျက် နေ တော် မူ၏။
သင် မူ ကား ပ ဌ နာ ပြု သည့် ကာ လ အ တွင်း ခန်း ထဲ သို့ ဝင်၍ တံ ခါး ပိတ် ထား ပြီး လျှင် မ ထင် မ ရှား စံ နေ သော ကိုယ့် အ ဘ အား ပ ဌ နာ ပြု လော့၊ မ ထင် ရှား ရာ ကို ရှု မြင် တော် မူ သော သင့် အ ဘ သည် အ ကျိုး ဆက် ကို သ နား တော် မူ လိမ့် မည်။
ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့ အ ဖို့ ဘု ရား သ ခင် အ လို တော် ရှိ သည့် အ တိုင်း အ စဉ် ရွှင် လန်း ခြင်း၊ မ ပြတ် ပ ဌ နာ ပြု ခြင်း၊ အ ရာ ရာ တွင် ကျေး ဇူး တော် ချီး မွမ်း ခြင်း များ ကို ပြု ကြ လော့။
အ ကျွန်ုပ် သည် ဒု က္ခ ခံ ရ သော ကြောင့်၊ ထာ ဝ ရ ဘု ရား ကို ဟစ် ခေါ်၍၊ ကိုယ် တော် သည် ထူး တော် မူ၏။ မ ရ ဏာ့ နိုင် ငံ၏ ဝမ်း ထဲ မှ ဟစ် သော အ သံ ကို နား ညောင်း တော် မူ၏။
ဝိ ညာဉ် တော် အား ဖြင့် အ ခါ ခပ် သိမ်း တောင်း လျှောက် ပ ဌ နာ ပြု လျက် ရပ် ခံ ကြ လော့။ ငါ အ တည့် အ လင်း ကြား ပြော သင့် သည် နှင့် အ ညီ သ တင်း တော် မြတ် နက် နဲ ရာ ကို အ တည့် အ လင်း ဖော် ပြ ရန် ဟော ပြော ခြင်း နှုတ် သ တ္တိ ကို သ နား တော် မူ စေ ခြင်း ငှါ ထို သ တင်း တော် မြတ် ကြောင့် အ ကျဉ်း ခံ ရ သော သံ တ မန် ဖြစ် သူ ငါ့ အ ဖို့လည်း ကောင်း၊ သီး သန့် ထား တော် မူ သူ အ ပေါင်း တို့ အ ဖို့လည်း ကောင်း ထို သို့ ပ ဌ နာ ပြု မြဲ ပြု လျက် စောင့် နေ ကြ လော့။
ရွှင် လန်း စွာ မျှော် လင့် လျက်၊ ဒု က္ခ ရောက် ရာ၌ တည် တံ့ လျက်၊ အ မြဲ ပ ဌ နာ ပြု လျက်၊ ဆင်း ရဲ သော တ ပည့် တော် တို့ အား ပေး ကမ်း လျက်၊ ဧည့် ဝတ် ပြု လျက် နေ ကြ လော့။
ငါ တို့ တောင်း လျှောက် သ မျှ နား ညောင်း တော် မူ သည် ဟု သိ ရ သည် မှာ တောင်း လျှောက် သည့် ဆု များ ကို ရ ရှိ ပြီ ဟု သိ ရ ကြ၏။
ထို သူ အ ပေါင်း တို့ သည် တ ပည့် တော် မ များ၊ ယေ ရှု၏ မယ် တော် မာ ရိ၊ ညီ တော် များ တို့ နှင့် အ တူ တ ညီ တ ညွတ် တည်း အ မြဲ ပ ဌ နာ ပြု လျက် နေ ကြ ၏။
အသို့ဆိုသော် ငါသည်ခမည်းတော်ထံသွား၍ငါ့နာမ၌သင်တို့တောင်းလျှောက်သမျှကို သားတော်အားဖြင့် ခမည်းတော့်ဘုန်းထင်ရှားစေရန်ငါပြုမည်။
စိုး စဉ်း မျှ မ စိုး ရိမ် ပဲ ကျေး ဇူး တော် ကို ချီး မွမ်း လျက် တောင်း လျောက် ပ ဌာ နာ ပြု ချက် များ ဖြင့် လို လေ ရာ ရာ ကို ဘု ရား သ ခင် ရှေ့ ဖော် ပြ ကြ လော့။သို့ ပြု လျင် ဉာဏ် ဟူ သ မျှ ထက် လွန် ကဲ သော ဘု ရား သ ခင် ငြိမ် သက် ခြင်း သည် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့၏ စိတ် နှ လုံး နှင့် အ ကြံ အ စည် များ ကို ကွယ် ကာ စောင့် ရှောက် လိမ့် မည်။
အ ရာ ခပ် သိမ်း သည် ဆုံး ခန်း တိုင်း လု ပြီ ဖြစ်၍ ဣ န္ဒြေ စောင့် လျက် သ တိ ရှိ လျက် ပ ဌ နာ ပြု ကြ လော့။
သင်တို့သည်ငါ၌တည်၍ ငါ့ဒေသနာလည်းသင်တို့၌တည်လျှင် လိုသမျှကိုတောင်းလျှောက်ကြလော့။ ရကြလိမ့်မည်။
အသို့ဆိုသော် ငါသည်ခမည်းတော်ထံသွား၍ငါ့နာမ၌သင်တို့တောင်းလျှောက်သမျှကို သားတော်အားဖြင့် ခမည်းတော့်ဘုန်းထင်ရှားစေရန်ငါပြုမည်။ငါ့နာမ၌ မည်သည့်အရာကိုမဆိုငါ့ထံသင်တို့တောင်းလျှောက်လျှင် ငါပြုမည်။
ပ ဌ နာ ပြု သော အ ခါ လည်း ထင် ရှား လို သည့် အ ကြံ နှင့် ဓ မ္မာ ရုံ များ၊ လမ်း ဆုံ များ တွင် ရပ် ၍ ပ ဌ နာ ပြု ရန် လို လား သော သီ လ ကြောင် တို့ ကဲ့ သို့ မ ပြု ကြ နှင့်။ ထို သူ တို့ မှာ တူ သော အ ကျိုး ကို ခံ ရ ကြ ပြီ ငါ အ မှန် ဆို၏။သင် မူ ကား ပ ဌ နာ ပြု သည့် ကာ လ အ တွင်း ခန်း ထဲ သို့ ဝင်၍ တံ ခါး ပိတ် ထား ပြီး လျှင် မ ထင် မ ရှား စံ နေ သော ကိုယ့် အ ဘ အား ပ ဌ နာ ပြု လော့၊ မ ထင် ရှား ရာ ကို ရှု မြင် တော် မူ သော သင့် အ ဘ သည် အ ကျိုး ဆက် ကို သ နား တော် မူ လိမ့် မည်။
စိုး စဉ်း မျှ မ စိုး ရိမ် ပဲ ကျေး ဇူး တော် ကို ချီး မွမ်း လျက် တောင်း လျောက် ပ ဌာ နာ ပြု ချက် များ ဖြင့် လို လေ ရာ ရာ ကို ဘု ရား သ ခင် ရှေ့ ဖော် ပြ ကြ လော့။
သန်း ခေါင် ယံ တွင် အ ကျဉ်း သား တို့ နား ထောင် ကြ စဉ် ပေါ လု နှင့် သိ လ တို့ သည် ဘု ရား သ ခင့် ထံ ပ ဌ နာ ပြု လျက် ကျူး ဧ လျက် နေ ကြ ခိုက် ရုတ် တ ရက် င လျင် ကြီး လှုပ် သ ဖြင့်၊
ဘု ရား သ ခင့် နိုင် ငံ တော် နှင့် ဖြောင့် မတ် ခြင်း တ ရား တော် ကို ဦး စွာ ရှာ ကြ လော့၊ ထို အ ရာ အ လုံး စုံ ကို ထပ် မံ သ နား တော် မူ လိမ့် မည်။
သို့ နှင့် အ ညီ ရော ဂါ ကင်း ပျောက် ရန် တစ် ယောက် ကို တစ် ယောက် အ ပြစ် ဝန် ချ လျက် တစ် ယောက် အ ဖို့ တစ် ယောက် ပ ဌ နာ ပြု ကြ လော။ သူ တော် ကောင်း၏ အ သ နား တော် ခံ ချက် သည် ဒိ ဋ္ဌ ဓ မ္မ အ ကျိုး များ စွာ ဖြစ် ထွန်း စေ တတ်၏။
လျှောက် တောင်း၍ မ ရ သည် မှာ လည်း ကိုယ့် အ လို ပြည့် ရန် အ လွဲ လျှောက် တောင်း သော ကြောင့် တည်း။
တ ပည့် တော် တို့ သည် အ ခါ ခပ် သိမ်း စိတ် အား မ လျော့ ပဲ ပ ဋ္ဌ နာ ပြု သင့် ကြောင်း ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ၊
ငါ့ နာ မ ကို ထောက်၍ နှစ် ဦး သုံး ဦး တို့ စည်း ဝေး လျှင် စည်း ဝေး ရာ ထို သူ တို့ အ လယ် တွင် ငါ ရှိ သည် ဟု မိန့် တော် မူ၏။
ထို ကြောင့် ဘာ သာ စ ကား ထူး ပြော ဆို ခွင့် ရ သူ သည် အ ဓိ ပ္ပာယ် ဖော် ပြ ခွင့် ရ ရန် တောင်း လျှောက် စေ။
ဖြောင့် မတ် သူ တို့ အော် ဟစ် ရာ၊ ထာ ဝ ရ ဘု ရား သည် နား ညောင်း လျက်၊ ဒု က္ခ ရှိ သ မျှ မှ ကယ် လွှတ် တော် မူ၏။
ရှေ့ တော် တွင် ငါ တို့ ရ ရှိ သော ရဲ ရင့် ခြင်း မှာ အ လို တော် နှင့် အ ညီ ငါ တို့ တောင်း လျှောက် လေ ရာ ရာ၌ နား ညောင်း တော် မူ ကြောင်း တည်း။
ရှေ့ တော် တွင် ငါ တို့ ရ ရှိ သော ရဲ ရင့် ခြင်း မှာ အ လို တော် နှင့် အ ညီ ငါ တို့ တောင်း လျှောက် လေ ရာ ရာ၌ နား ညောင်း တော် မူ ကြောင်း တည်း။ငါ တို့ တောင်း လျှောက် သ မျှ နား ညောင်း တော် မူ သည် ဟု သိ ရ သည် မှာ တောင်း လျှောက် သည့် ဆု များ ကို ရ ရှိ ပြီ ဟု သိ ရ ကြ၏။
တောင်း ကြ လော့၊ ရ လိမ့် မည်။ ရှာ ကြ လော့၊ တွေ့ လိမ့် မည်။ ခေါက် ကြ လော့၊ ပွင့် လိမ့် မည်။အ သို့ ဆို သော်၊ တောင်း သော သူ တိုင်း ရ၏။ ရှာ သော သူ လည်း တွေ့၏။ ခေါက် သော သူ့ အား ပွင့် တတ်၏။
က ရု ဏာ တော် ကို ခံ လျက် ထောက် မ သင့် သော အ ချိန်၌ ကျေး ဇူး တော် ကို ရ ခြင်း ငှာ ကျေး ဇူး ရာ ဇ ပ လ္လင် တော် သို့ ရဲ ရင့် စွာ ချဉ်း ကပ် ကြ ကုန် အံ့။
ထို ကြောင့် ငါ ဆို ပြန် သည် ကား သင် တို့ လျှောက် တောင်း သ မျှ ကို ရ ပြီ ဟု ယုံ ကြည် လော့။ ရ ကြ လိမ့် မည်။
နှုတ် က ပတ် တော် ကို စောင့် မျှော်၍၊ အ ရုဏ် မ တက် မီ အ ကျွန်ုပ် ဟစ် ခေါ် ပါ၏။ဗျာ ဒိတ် တော် ကို စဉ်း စား ရ အံ့ သော ငှာ၊ ညဉ့် ယံ မ လွန် မီ အ ကျွန်ုပ် နိုး ထ ပါ၏။
အို ဘု ရား သ ခင်၊ ထူး တော် မူ မည် ဖြစ် သော ကြောင့်၊ အ ကျွန်ုပ် ခေါ် ပါ၏။ နား တော် လှည့်၍၊ လျှောက် ဆို ချက် ကို နာ ခံ တော် မူ ပါ။
ထို နည်း တူ မည် သို့ ပ ဌ နာ ပြု သင့် သည် ကို ငါ တို့ မ သိ ကြ သ ဖြင့် ဝိ ညာဉ် တော် လည်း ငါ တို့၏ အား နည်း ခြင်း ကို လုပ် ဆောင် ဘက် ပြု လျက် မြွက် သံ မ ပြု သော ညည်း တွား ခြင်း များ ဖြင့် ငါ တို့ အ ဖို့ အ သ နား ခံ တော် မူ ရာ၊ဘု ရား သ ခင့် သ ဘော တော် အ တိုင်း သီး သန့် ထား တော် မူ သူ တို့ အ ဖို့ ဝိ ညာဉ် တော် အ သ နား ခံ လျက် စွဲ လမ်း ကြောင်း စိတ် နှ လုံး များ ကို စီ စစ် သော အ ရှင် သိ မှတ် တော် မူ ၏။
အို အ ရှင် ဘု ရား၊ ကိုယ် တော် သည် မွန် မြတ် လျက်၊ ချမ်း သာ ပေး လျက်၊ ကိုယ် တော့် ပ ဌ နာ ပြု သူ ရှိ သ မျှ တို့ အား၊ က ရု ဏာ တော် ကြွယ် ဝ ပါ ၏။
အို ထာ ဝ ရ ဘု ရား၊ စိတ် နှ လုံး အ ကြွင်း မဲ့ ပ ဌ နာ ပြု ခဲ့ သည့် အ လျောက် ထူး တော် မူ ပါ။ အ ထုံး အ ဖွဲ့ တော် များ ကို စောင့် ထိန်း ပါ မည်။
အ ကျွန်ုပ်၏ ပ ဌ နာ သည် နံ့ သာ ငွေ့ ကဲ့ သို့လည်း ကောင်း၊ လက် အုပ် ချီ ခြင်း သည် ည နေ ပူ ဇော် သ က္ကာ ကဲ့ သို့ လည်း ကောင်း၊ ရှေ့ တော် ၌ ဆက် သ လျက် ရှိ ပါ စေ သော။
သင် တို့ အ တွက် ကြောင့် ကြ တော် မူ သော ကြောင့် သင် တို့ စိုး ရိမ် ခြင်း ရှိ သ မျှ ကို ကိုယ် တော့် အ ပေါ် သို့ လွှဲ တင် ကြ လော့။
ထို ကြောင့် ငါ ဦး စွာ နှိုး ဆော် သည် မှာ ငါ တို့ သည် ဘု ရား တ ရား ကို လုံး လုံး ကြည် ညို လျက် ငြိမ် ဝပ် ချမ်း သာ စွာ နေ ခွင့် ရ စေ ရန် ဘု ရင် မင်း များ၊ အ စိုး ရ မင်း များ မှ စ ၍ ခပ် သိမ်း တို့ အ ဖို့ မေ တ္တာ ပို့ ခြင်း၊ တောင်း လျှောက် ခြင်း၊ အ သ နား တော် ခံ ခြင်း၊ ကျေး ဇူး တော် ချီး မွမ်း ခြင်း များ ကို ပြု ကြ လော့။ဘု ရား ကြည် ညို သည် ဟု ဝန် ခံ သော မိန်း မ တို့ ဆင် သင့် သည့် ကောင်း မှု များ ကို ဆင် ယင် ကြ စေ ရန် ငါ အ လို ရှိ၏။မိန်း မ သည် အ နော် အ တာ ကို အ စုံ အ လင် ခံ လျက် ငြိမ် ဝပ် စွာ အ သင် အ ကြား ခံ နေ စေ။သင် ကြား ခြင်း ငှါ သော်လည်း ကောင်း၊ ယောက်ျား ကို အ စိုး တ ရ ပြု ခြင်း ငှါ သော် လည်း ကောင်း၊ ငါ အ ခွင့် မ ပြု။ ငြိမ် ဝပ် စွာ နေ စေ။ဖန် ဆင်း တော် မူ ခြင်း ကို ဦး စွာ အာ ဒံ၊ နောက် ဧ ဝ ခံ ရ ၏။၎င်း ပြင် အာ ဒံ သည် လှည့် စား ခြင်း ကို ခံ ရ သည် မ ဟုတ်။ မိန်း မ ခံ ရ သ ဖြင့် လွန် ကျူး ရာ ရောက် ၏။သို့ ရာ တွင် ယုံ ကြည် ခြင်း၊ ချစ် ခြင်း၊ သန့် ရှင်း ခြင်း၊ ဣ န္ဒြေ စောင့် ခြင်း များ၌ တည် နေ ကြ လျှင်၊ သား ဖွား မှု ဖြင့် ကယ် တင် ရာ ရောက် လိမ့် မည်။
အ ကျွန်ုပ် ၏ ဘု ရား သ ခင်၊ အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော့် ထံ အ ကျွန်ုပ် အော် ဟစ် သော်၊ ကျန်း မာ စေ တော် မူ ပါ ပြီ။
ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။
ထာ ဝ ရ ဘု ရား သည် ဖြောင့် မတ် သူ တို့ ကို မျက် မှောက် ပြု လျက် တောင်း လျှောက် သံ ကို လည်း နား ညောင်း၍ မ ကောင်း ပြု ကျင့် သူ တို့ ကို ကား မျက် နှာ ထား တော် မူ သည် ဟူ ၍ တည်း။
အို ထာ ဝ ရ ဘု ရား၊ နက် ရှိုင်း ရာ ထဲ က ကိုယ် တော် ကို အ ကျွန်ုပ် ဟစ် ခေါ် ပါ ပြီ။အို အ ရှင် ဘု ရား၊ အ ကျွန်ုပ် ဟစ် ခေါ် သံ ကို ကြား ၍၊ အ သ နား တော် ခံ သံ ကို နား ညောင်း တော် မူ ပါ။
တ ယောက် ဝန် ကို တ ယောက် ထမ်း ဆောင် သ ဖြင့် ခ ရစ် တော်၏ တ ရား တော် ကို ပြည့် စုံ စေ က ရ လော့။
ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။
သင် တို့ သည် ငါ့ ထံ ချဉ်း ကပ် ဟစ် ခေါ် တောင်း လျှောက် ကြ သော အ ခါ၊ ငါ နား ညောင်း သည် နှင့် အ ညီ၊
ငါ့ နာ မ ဖြင့် သ မုတ် ခံ ရ သော လူ မျိုး တော် သည် စိတ် နှိမ့် ချ စွာ ပ ဌ နာ ပြု၍ ငါ့ မျက် နှာ ကို လိုက် ရှာ လျက် ဒု စ ရိုက် လမ်း ကို ကြဉ်ရှောင် လျှင် ကောင်း ကင် ဘုံ မှ ငါ နား ညောင်း၍ အ ပြစ် ကို လွှတ် သည့် ပြင်၊ နေ ပြည် ကို လည်း ချမ်း သာ စေ မည်။
အို ထာ ဝ ရ ဘု ရား၊ နံ နက် ယံ ၌ အ ကျွန်ုပ် တောင်း လျှောက် သံ ကို ကြား ရ တော် မူ လိမ့် မည်။ နံ နက် ယံ၌ ပ ဌ နာ ပြု လျက် စောင့် နေ ပါ မည်။
၎င်း ပြင် နှုတ် ဖြင့် ဖြစ် စေ၊ ကိုယ် ဖြင့် ဖြစ် စေ၊ မည် သည့် အ မှု မ ဆို သင် တို့ ပြု ကြ ရာ၌ အ ရှင် ယေ ရှု၏ နာ မ တော် နှင့် ပြု၍ ကိုယ် တော် အား ဖြင့် ခ မည်း တော် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။
ကျဉ်း ကျပ် သော အ ဖြစ် မှ၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ ဟစ် ခေါ် တောင်း လျှောက် သည့် ကာ လ၊ ကိုယ် တော် သည်၊ ဗိ မာန် တော် ထဲ မှ ငါ့ လျှောက် သံ ကို ကြား လျက်၊ ရှေ့ တော် ရောက် ငါ ဟစ် ခေါ် သံ ကို နား ညောင်း တော် မူ ၏။
ငါ တို့၌ ပြု ပြင် သော တန် ခိုး တော် နှင့် အ ညီ၊ ငါ တို့ ထင် မြင် တောင်း လျှောက် သ မျှ ထက် ကြွယ် ဝ စွာ သ နား တော် မူ နိုင် သော အ ရှင် သည် အ သင်း တော်၌ လည်း ကောင်း၊ ခ ရစ် တော် ယေ ရှု၌ လည်း ကောင်း၊ လူ မျိုး အ ဆက် ဆက် ကာ လ အ စဉ် ဘုန်း တော် ကြီး ပါ စေ သ တည်း။ အာ မင်။