ဖြစ် ပျက် အံ့ သော ထို အ ချင်း အ ရာ အ လုံး စုံ မှ လွတ် မြောက်၍ လူ့ သား ရှေ့ ညီ လာ ခံ တွင် ရ နိုင် စေ ရန် အ ခါ ခပ် သိမ်း ပ ဌ နာ ပြု လျက် စောင့် နေ ကြ လော့ ဟု မိန့် တော် မူ ၏။
အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ်၏ ပ ဌ နာ ကို ကြား နာ၍၊ အ သ နား တော် ခံ ချက် များ ကို နား ညောင်း တော် မူ ပါ။ သ စ္စာ တော် နှင့် ဖြောင့် မတ် ခြင်း အ လျောက်၊ ထူး တော် မူ ပါ။
လုပ် သား မူ ကား နည်း လေ စွ။ သို့ ဖြစ်၍ စ ပါး တော် ရှိ ရာ သို့ လုပ် သား တို့ ကို စေ လွှတ် တော် မူ ပါ မည့် အ ကြောင်း စ ပါး ရှင့် ထံ ပ ဌ နာ ပြု ကြ လော့ ဟု တ ပည့် တော် တို့ အား မိန့် တော် မူ၏။
ထို အ ခါ ယော န သည်၊ ငါး၏ ဝမ်း ထဲ မှ၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ဆု တောင်း ပ ဌ နာ ပြု သည် ကား၊
နှောင့် နှေး တော် မူ သော ကိုယ် တော့် ထံ နေ့ ညဉ့် မ ပြတ် ဟစ် လျက် နေ သော ရွေး ကောက် တော် မူ သူ တို့ အ မှု ကို ဘု ရား သ ခင် စီ ရင် တော် မူ မည် မ ဟုတ် လော။
အ ရှင် ဘု ရား က ထ၍ လမ်း ဖြောင့် ခေါ် ကြား လမ်း သို့ သွား ပြီး လျှင် ယု ဒ အိမ် တွင် တာ ရှု မြို့ သား ရှော လု ကို မေး လော့။
သင် တို့ အ ပါ အ ဝင် ခ ရစ် တော်၏ ကျွန် ဧ ပ ဖြ က သင် တို့ သည် ဘု ရား သ ခင် အ လို တော် ရှိ သ မျှ၌ စုံ လင်၍ စိတ် ချ စွာ တည် နေ ကြ စေ ခြင်း ငှာ အ စဉ် လုံ့ လ နှင့် ပ ဌ နာ ပြု လျက် နှုတ် ဆက် လိုက်၏။
ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။
အ လို ဆ န္ဒ ရှိ ကြ သော် လည်း မ ရ ကြ။ သူ့ အ သက် ကို သတ်၍ ပြိုင် ဆိုင် ကြ သော် လည်း မ ရ နိုင် ကြ သည် ဖြစ်၍ ရန် တွေ့ တိုက် လှန် မှု များ ကို ပြု တတ် ကြ၏။ မ ရ ကြ သည် မှာ မ လျှောက် မ တောင်း သော ကြောင့်၊
ထို စေ တ မန် တော် ကို အ လန့် တ ကြား စိုက် ကြည့် လျက် မည် သို့ ပါ နည်း အ ရှင် ဘု ရား ဟု မေး လျှောက် သော် စေ တ မန် တော် က သင့် ပ ဌ နာ မှု များ၊ စွန့် ကြဲ ပေး ကမ်း မှု များ သည် ဘု ရား သ ခင် မှတ် သား ရန် ရှေ့ တော် သို့ တက် ရောက် လေ ပြီ။
နေ့ အ ခါ တွင်၊ မေ တ္တာ ကျေး ဇူး တော် ကို ထာ ဝ ရ ဘု ရား သ နား တော် မူ သည့် အ လျောက်၊ ညဉ့် အ ခါ တွင်၊ ကိုယ့် အ သက် သ ခင့် ထံ ပ ဌ နာ ပြု လျက်၊ ဂုဏ် တော် သီ ဆို ခွင့် ကို ရ ဦး မည်။
စုံ စမ်း ရာ မ လိုက် မ ပါ အံ့ သော ငှာ စောင့် နေ၍ တောင်း လျှောက် ကြ လော့။ စိတ် အား ကြီး သော် လည်း ကိုယ် ခ န္ဓာ အား နည်း စွ တ ကား ဟု မိန့် တော် မူ ပြီး နောက်
ထို နေ့ ရက် ကာ လ၌ ကိုယ် တော် သည် ပ ဌ နာ ပြု ရန် တောင် ပေါ် သို့ တက် ကြွ၍ တစ် ညဉ့် လုံး ဘု ရား သ ခင့် ထံ ပ ဌ နာ ပြု လျက် နေ တော် မူ၏။
ငါ တို့ မူ ကား ပ ဌ နာ မှု၊ တ ရား တော် ဟော ပြော မှု များ ကို ဆောင် မြဲ ဆောင် လိမ့် မည် ဟု ပြော ဆို သော စ ကား ကို၊
သင်တို့သည်ငါ၌တည်၍ ငါ့ဒေသနာလည်းသင်တို့၌တည်လျှင် လိုသမျှကိုတောင်းလျှောက်ကြလော့။ ရကြလိမ့်မည်။
သို့ နှင့် အ ညီ အ ရပ် ရပ် နေ ယောက်ျား တို့ သည် အ မျက် ထွက် ခြင်း၊ ငြင်း ဆန် ခြင်း ကင်း၍ သန့် ရှင်း စွာ လက် အုပ် ချီ လျက် ပ ဌ နာ ပြု ကြ စေ ရန် ငါ အ လို ရှိ၏။
တ မန် တော် တို့ ဒေ သ နာ ပေး ခြင်း၊ ပေါင်း သင်း ဆက် ဆံ ခြင်း၊ မုန့် ကို ဖဲ့ ခြင်း၊ ပ ဌ နာ ပြု ခြင်း များ ကို ထို သူ တို့ စွဲ မြဲ လျက် နေ ကြ ၏။
အ ကျွန်ုပ်၏ ဖြောင့် မတ် ရာ ဖြောင့် မတ် ကြောင်း ဖြစ် တော် မူ သော အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ခေါ် သော အ ခါ ထူး တော် မူ ပါ။ အကျဉ်း အ ကျပ် အ ဖြစ် မှ ထွက် မြောက် စေ တော် မူ ပါ ပြီ။ အ ကျွန်ုပ် အား သ နား ၍၊ ပ ဌ နာ ကို နား ညောင်း တော် မူ ပါ။
ပ ဌ နာ ပြု ရန် တော် ပေါ် သို့ အ သီး အ ခြား တက် ကြွ သ ဖြင့် ည နေ ချမ်း အ ချိန် ရောက် သော် တစ် ပါး တည်း ရှိ ရစ် တော် မူ၏။
ခ ရစ် တော် သည် လူ့ ခ န္ဓာ၌ ရှိ နေ စဉ် သေ ခြင်း မှ ကယ် တင် နိုင် သော အ ရှင့် ထံ ပြင်း စွာ ငို ကြွေး ဟစ် ခေါ် လျက် တောင်း လျှောက် ခြင်း၊ အ သ နား တော် ခံ ခြင်း များ ကို ပြု ပြီး နောက် ဘု ရား တ ရား ကြည် ညို သည့် အ တွက် မျက် နှာ သာ ရ တော် မူ၏။
အို ဘု ရား သ ခင်၊ ထူး တော် မူ မည် ဖြစ် သော ကြောင့်၊ အ ကျွန်ုပ် ခေါ် ပါ၏။ နား တော် လှည့်၍၊ လျှောက် ဆို ချက် ကို နာ ခံ တော် မူ ပါ။
ထာ ဝ ရ ဘု ရား ကို တွေ့ ကြုံ ခွင့် ရ သည့် အ ခိုက်၊ ရှာ ဖွေ ကြ လော့။ နီး စပ် တော် မူ သည့် အ ခိုက်၊ ပ ဌ နာ ပြု ကြ လော့။
အ ဆွေ ခင် ပွန်း တို့ အ တွက် လည်း တောင်း ပန် ပြီး မှ၊ ယော ဘ၌ သု ခ ချမ်း သာ ကို ရ ပြန် စေ၍၊ ယ ခင် ပိုင် ရှိ သ မျှ ထက် နှစ် ဆ ပေး တော် မူ၏။
အ ကျွန်ုပ်၏ ပ ဌ နာ သည် နံ့ သာ ငွေ့ ကဲ့ သို့လည်း ကောင်း၊ လက် အုပ် ချီ ခြင်း သည် ည နေ ပူ ဇော် သ က္ကာ ကဲ့ သို့ လည်း ကောင်း၊ ရှေ့ တော် ၌ ဆက် သ လျက် ရှိ ပါ စေ သော။
ကျွန် တော် မျိုး မှ စ၍ ဣ သ ရေ လ လူ မျိုး တော် သည် ဤ ဌာ န သို့ မျက် နှာ မူ လျက် အ သ နား တော် ခံ တောင်း လျှောက် ချက် ကို စံ နေ တော် မူ ရာ ကောင်း ကင် ဘုံ မှ နား ညောင်း ၍ ချမ်း သာ ပေး တော် မူ ပါ။
ချစ် သား ဖြစ် သော သင် တို့ မူ ကား သင် တို့ အ ထူး သန့် ရှင်း သော ယုံ ကြည် ခြင်း တ ရား တော့် အ ပေါ်၌ ကိုယ် ကို တည် ဆောက် လျက် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ပ ဌ နာ ပြု လျက်၊
ဘု ရား သ ခင် အ လို တော် ရှိ လျှင် သင် တို့ ထံ မ ကြာ မ မြင့် မီ ငါ လာ ဖြစ် ခွင့် ရှိ စေ ရန် ပ ဌ နာ ပြု လေ ရာ ရာ သင် တို့ အား အ စဉ် သ တိ ရ လျက် တောင်း လျှောက် သည် ကို သား တော်၏ သ တင်း တော် မြတ် ကြား ပြော စဉ် စိတ် အာ ရုံ ဖြင့် ငါ ဝတ် ပြု ရာ ဘု ရား သ ခင် သိ မြင် တော် မူ ၏။
သန်း ခေါင် ယံ တွင် အ ကျဉ်း သား တို့ နား ထောင် ကြ စဉ် ပေါ လု နှင့် သိ လ တို့ သည် ဘု ရား သ ခင့် ထံ ပ ဌ နာ ပြု လျက် ကျူး ဧ လျက် နေ ကြ ခိုက် ရုတ် တ ရက် င လျင် ကြီး လှုပ် သ ဖြင့်၊
ငါ့ အ သ နား တော် ခံ ချက် ကို၊ ထာ ဝ ရ ဘု ရား နား ညောင်း လျက်၊ ပ ဌ နာ ကို လက် ခံ တော် မူ ပါ မည်။
လုပ် သား မူ ကား နည်း လေ စွ။ သို့ ဖြစ်၍ စ ပါး တော် ရှိ ရာ သို့ လုပ် သား တို့ ကို စေ လွှတ် တော် မူ ပါ မည့် အ ကြောင်း စ ပါး ရှင့် ထံ ပ ဌ နာ ပြု ကြ လော့။
အ ကျွန်ုပ် မူ ကား၊ အို ထာ ဝ ရ ဘု ရား။ လက် ခံ တော် မူ ဖွယ် အ ချိန်၌၊ ကိုယ် တော့် ထံ ပ ဌ နာ ပြု ပါ၏။ အို ဘု ရား သ ခင်၊ က ရု ဏာ တော် များ ပြား သည့် အ လျောက်၊ ကယ် တင် တော် မူ ခြင်း တည် တံ့ သည့် အ လျောက်၊ တုံ့ ပြန် ၍၊
အို ထာ ဝ ရ ဘု ရား သ ခင်၊ ကျွန် တော် မျိုး တောင်း လျှောက် ချက်၊ အ သ နား တော် ခံ ချက် ကို ငဲ့၍ ယ နေ့ ပြု သော ပ ဌ နာ ကို နား ညောင်း တော် မူ သ ဖြင့်၊
သင် တို့ မျက် နှာ ကို မြင်၍ သင် တို့ ယုံ ကြည် ခြင်း၌ လို သ မျှ ကို ဖြည့် စွက် ရန် ငါ တို့ သည် နေ့ ညဉ် မ ပြတ် အ ထူး တောင်း လျှောက် လျက် ရှိ နေ ကြ ၏။
သို့ ဖြစ်၍ ငါ တို့ ဘု ရား သ ခင် နှင့် အ ရှင် ယေ ရှု ခ ရစ်၏ ကျေး ဇူး တော် အ လျောက် သင် တို့ အား ဖြင့် အ ရှင် ယေ ရှု၏ နာ မ တော် ဘုန်း ပွင့် စေ ရန်လည်း ကောင်း၊ ကိုယ် တော် အား ဖြင့် သင် တို့ ဘုန်း ပွင့် စေ ရန်လည်း ကောင်း၊ ငါ တို့ ဘု ရား သ ခင် သည် သင် တို့ ကို ခေါ် ထား တော် မူ ရာ အ ဖြစ် အ နေ နှင့် ထိုက် တန် သော သူ များ ဟု မှတ် ယူ တော် မူ လျက် တန် ခိုး တော် ဖြင့် ကောင်း မွန် သော အ ကြံ၊ ယုံ ကြည် ခြင်း ဆိုင် ရာ အ ကျင့် ရှိ သ မျှ ပြည့် စုံ စေ တော် မူ ပါ မည့် အ ကြောင်း သင် တို့ အ ဖို့ ငါ တို့ အ စဉ် ပ ဌ နာ ပြု ကြ၏။
ထို သို့ လက် မှတ် ရေး ထိုး ကြောင်း ကို ဒံ ယေ လ ကြား သိ သော အ ခါ အိမ် သို့ ပြန် သွား၍ ယေ ရု ရှ လင် မြို့ သို့ မျက် နှာ ပြု ရာ ပြူ တင်း ပေါက် ပွင့် လျက် ရှိ သော အ ထက် ခန်း၌ ပြု လေ့ ရှိ သည့် အ တိုင်း တစ် နေ့ လျှင် သုံး ကြိမ် ဒူး ထောက် လျက် ဘု ရား သ ခင် အား ဆု တောင်း၍ ကျေး ဇူး တော် ကို ချီး မွမ်း လေ၏။
သို့ ရာ တွင် ယုံ ကြည် ခြင်း မ ပျက် ကွက် စေ ရန် သင့် အ ဖို့ ငါ တောင်း လျှောက်၏။ သင် လည်း စိတ် ပြောင်း လဲ သော် ညီ အစ် ကို ချင်း တို့ ကို အား ပေး လော့ ဟု မိန့် တော် မူ၏။
အ သင်း တော် သည် အ ကျဉ်း ကျ လျက် နေ သော ပေ တ ရု အ တွက် ဘု ရား သ ခင့် ထံ စိတ် အား ကြီး စွာ တောင်း လျှောက် ကြ၏။
အ ဆွေ ခင် ပွန်း ချင်း တို့ ပြော ဆို တတ် ကြ သည့် နည်း တူ ထာ ဝ ရ ဘု ရား သည် မော ရှေ နှင့် တွေ့ ဆုံ မိန့် မြွက် တော် မူ လေ့ ရှိ ၏။ တပ် စ ခန်း သို့ ပြန် သွား သော အ ခါ နုန့် သား၊ ကိုယ့် တ ပည့်၊ လု လင် ယော ရှု သည် တဲ တော် မှ မ ထွက် ဘဲ နေ၏။
သို့ နှင့် အ ညီ ငါ တို့ သည် အား နည်း သော် လည်း သင် တို့ အား ကြီး သော် ရွှင် လန်း ကြ၏။ သင် တို့၌ စုံ လင် ခြင်း ရှိ စေ ရန် လည်း ငါ တို့ ပ တ္ထ နာ ပြု ကြ၏။
အ စာ ရှောင် ခြင်း၊ တောင်း လျှောက် ခြင်း ကို ပြု လျက် ထို နှစ် ပါး အ ပေါ် တွင် လက် တင် ပြီး လျှင် လွှတ် လိုက် ကြ၏။
ဘု ရား သ ခင့် ထံ ချဉ်း ကပ် လို သူ သည် ကိုယ် တော် ရှိ တော် မူ ကြောင်း ကိုလည်း ကောင်း၊ လိုက် ရှာ သူ တို့ အား အ ကျိုး ပေး တော် မူ ကြောင်း ကိုလည်း ကောင်း ယုံ ကြည် ရ မည်။ ယုံ ကြည် ခြင်း မ ရှိ လျှင် စိတ် တော် နှင့် တွေ့ ရာ မ ရောက် နိုင် ချေ။
အ ရာ ခပ် သိမ်း သည် ဆုံး ခန်း တိုင်း လု ပြီ ဖြစ်၍ ဣ န္ဒြေ စောင့် လျက် သ တိ ရှိ လျက် ပ ဌ နာ ပြု ကြ လော့။
က ရု ဏာ တော် ကို ခံ လျက် ထောက် မ သင့် သော အ ချိန်၌ ကျေး ဇူး တော် ကို ရ ခြင်း ငှာ ကျေး ဇူး ရာ ဇ ပ လ္လင် တော် သို့ ရဲ ရင့် စွာ ချဉ်း ကပ် ကြ ကုန် အံ့။
ကျဉ်း ကျပ် သော အ ဖြစ် မှ၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ ဟစ် ခေါ် တောင်း လျှောက် သည့် ကာ လ၊ ကိုယ် တော် သည်၊ ဗိ မာန် တော် ထဲ မှ ငါ့ လျှောက် သံ ကို ကြား လျက်၊ ရှေ့ တော် ရောက် ငါ ဟစ် ခေါ် သံ ကို နား ညောင်း တော် မူ ၏။
ယခုတိုင် ငါ့နာမ၌မတောင်းမလျှောက်ကြသေး။ သင်တို့ဝမ်းမြောက်ခြင်းပြည့်စုံရန် တောင်းလျှောက်ကြလော့။ ရကြလိမ့်မည်။
ထာ ဝ ရ ဘု ရား သည်၊ လူ ဆိုး တို့ နှင့် ဝေး ကွာ တော် မူ၏။ သူ တော် ကောင်း တို့၏ ဆု တောင်း ပ ဌ နာ ကို ကား၊ နား ညောင်း တော် မူ၏။
ဘု ရား သ ခင့် အ ပါး တော် သို့ ချဉ်း ကပ် ကြ လော့။ သို့ မှ သင် တို့ ထံ ချဉ်း ကပ် တော် မူ လိမ့် မည်။ အ ချင်း အ ပြစ် သား တို့၊ သင် တို့ လက် များ ကို စင် ကြယ် စေ ကြ လော့။ စိတ် ဒွိ ဟ ရှိ သူ တို့၊ သင် တို့ စိတ် နှ လုံး ကို သန့် ရှင်း စေ ကြ လော့။
ထို ကြောင့် ငါ ဦး စွာ နှိုး ဆော် သည် မှာ ငါ တို့ သည် ဘု ရား တ ရား ကို လုံး လုံး ကြည် ညို လျက် ငြိမ် ဝပ် ချမ်း သာ စွာ နေ ခွင့် ရ စေ ရန် ဘု ရင် မင်း များ၊ အ စိုး ရ မင်း များ မှ စ ၍ ခပ် သိမ်း တို့ အ ဖို့ မေ တ္တာ ပို့ ခြင်း၊ တောင်း လျှောက် ခြင်း၊ အ သ နား တော် ခံ ခြင်း၊ ကျေး ဇူး တော် ချီး မွမ်း ခြင်း များ ကို ပြု ကြ လော့။
တ ပည့် တော် တို့ သည် အ ခါ ခပ် သိမ်း စိတ် အား မ လျော့ ပဲ ပ ဋ္ဌ နာ ပြု သင့် ကြောင်း ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ၊
ဝိ ညာဉ် တော် အား ဖြင့် အ ခါ ခပ် သိမ်း တောင်း လျှောက် ပ ဌ နာ ပြု လျက် ရပ် ခံ ကြ လော့။ ငါ အ တည့် အ လင်း ကြား ပြော သင့် သည် နှင့် အ ညီ သ တင်း တော် မြတ် နက် နဲ ရာ ကို အ တည့် အ လင်း ဖော် ပြ ရန် ဟော ပြော ခြင်း နှုတ် သ တ္တိ ကို သ နား တော် မူ စေ ခြင်း ငှါ ထို သ တင်း တော် မြတ် ကြောင့် အ ကျဉ်း ခံ ရ သော သံ တ မန် ဖြစ် သူ ငါ့ အ ဖို့လည်း ကောင်း၊ သီး သန့် ထား တော် မူ သူ အ ပေါင်း တို့ အ ဖို့လည်း ကောင်း ထို သို့ ပ ဌ နာ ပြု မြဲ ပြု လျက် စောင့် နေ ကြ လော့။
စိုး စဉ်း မျှ မ စိုး ရိမ် ပဲ ကျေး ဇူး တော် ကို ချီး မွမ်း လျက် တောင်း လျောက် ပ ဌာ နာ ပြု ချက် များ ဖြင့် လို လေ ရာ ရာ ကို ဘု ရား သ ခင် ရှေ့ ဖော် ပြ ကြ လော့။
သင် မူ ကား ပ ဌ နာ ပြု သည့် ကာ လ အ တွင်း ခန်း ထဲ သို့ ဝင်၍ တံ ခါး ပိတ် ထား ပြီး လျှင် မ ထင် မ ရှား စံ နေ သော ကိုယ့် အ ဘ အား ပ ဌ နာ ပြု လော့၊ မ ထင် ရှား ရာ ကို ရှု မြင် တော် မူ သော သင့် အ ဘ သည် အ ကျိုး ဆက် ကို သ နား တော် မူ လိမ့် မည်။
သင် တို့ သည် ငါ့ ထံ ချဉ်း ကပ် ဟစ် ခေါ် တောင်း လျှောက် ကြ သော အ ခါ၊ ငါ နား ညောင်း သည် နှင့် အ ညီ၊
ထာ ဝ ရ ဘု ရား သည်၊ ကိုယ် တော် ကို သ စ္စာ နှင့် ဟစ် ခေါ် သူ၊ ပ ဌ နာ ပြု သူ အ ပေါင်း တို့ အ နီး အ ပါး ၌ ရှိ နေ တော် မူ၏။
အသို့ဆိုသော် ငါသည်ခမည်းတော်ထံသွား၍ငါ့နာမ၌သင်တို့တောင်းလျှောက်သမျှကို သားတော်အားဖြင့် ခမည်းတော့်ဘုန်းထင်ရှားစေရန်ငါပြုမည်။ငါ့နာမ၌ မည်သည့်အရာကိုမဆိုငါ့ထံသင်တို့တောင်းလျှောက်လျှင် ငါပြုမည်။
ရှေ့ တော် တွင် ငါ တို့ ရ ရှိ သော ရဲ ရင့် ခြင်း မှာ အ လို တော် နှင့် အ ညီ ငါ တို့ တောင်း လျှောက် လေ ရာ ရာ၌ နား ညောင်း တော် မူ ကြောင်း တည်း။
သို့ နှင့် အ ညီ ရော ဂါ ကင်း ပျောက် ရန် တစ် ယောက် ကို တစ် ယောက် အ ပြစ် ဝန် ချ လျက် တစ် ယောက် အ ဖို့ တစ် ယောက် ပ ဌ နာ ပြု ကြ လော။ သူ တော် ကောင်း၏ အ သ နား တော် ခံ ချက် သည် ဒိ ဋ္ဌ ဓ မ္မ အ ကျိုး များ စွာ ဖြစ် ထွန်း စေ တတ်၏။
ရွှင် လန်း စွာ မျှော် လင့် လျက်၊ ဒု က္ခ ရောက် ရာ၌ တည် တံ့ လျက်၊ အ မြဲ ပ ဌ နာ ပြု လျက်၊ ဆင်း ရဲ သော တ ပည့် တော် တို့ အား ပေး ကမ်း လျက်၊ ဧည့် ဝတ် ပြု လျက် နေ ကြ လော့။
ထို ကြောင့် ငါ ဆို ပြန် သည် ကား သင် တို့ လျှောက် တောင်း သ မျှ ကို ရ ပြီ ဟု ယုံ ကြည် လော့။ ရ ကြ လိမ့် မည်။
သင် တို့ အ နက် တစ် ယောက် ယောက် ၌ ဉာဏ် ပ ညာ ယုတ် လျော့ လျှင် အ ပြစ် မ တင် ဘဲ သူ ခပ် သိမ်း တို့ အား ကြွယ် ဝ စွာ သ နား တော် မူ သော ဘု ရား သ ခင့် ထံ တောင်း လျှောက် စေ။ သ နား တော် မူ လိမ့် မည်။
အို ထာ ဝ ရ ဘု ရား၊ နံ နက် ယံ ၌ အ ကျွန်ုပ် တောင်း လျှောက် သံ ကို ကြား ရ တော် မူ လိမ့် မည်။ နံ နက် ယံ၌ ပ ဌ နာ ပြု လျက် စောင့် နေ ပါ မည်။
အ စာ ရှောင် ခြင်း၊ လျှော် တေ ဝတ် ခြင်း၊ ပြာ လူး ခြင်း များ နှင့် အ ရှင် ဘု ရား သ ခင် ကို မျက် မှောက် ပြု လျက် ဆု တောင်း၍ အ သ နား တော် ခံ သည် မှာ၊
သင် ဟစ် ခေါ် လျှင်၊ ငါ ထူး ၍ ကြီး မြတ် သော အ ရာ၊ သင် မ သိ သေး သော ထိမ် ချန် ရာ များ ကို ဖော် ပြ မည် ဟု ကတိ ထား ၏။
ရောက် တော် မူ သော် ကိုယ် တော် က၊ စုံ စမ်း ရာ မ လိုက် မ ပါ မည့် အ ကြောင်း တောင်း လျှောက် ကြ လော့ ဟု မိန့် တော် မူ ပြီး လျှင်၊
တိုက် ခိုက် ရာ၌ ဘု ရား သ ခင် အား ကိုး စား ဟစ် ခေါ် သော ကြောင့် ဘု ရား သ ခင် နား ညောင်း ၍ မ စ တော် မူ သ ဖြင့် ဟာ ဂ ရ လူ မျိုး မှ စ သော ဘက် ပါ အ ပေါင်း တို့ ကို ရ သည့် ပြင်၊
အို အ ရှင် ဘု ရား၊ နာ မ တော် ကို ကြည် ညို ခန့် ညား သော ကျွန် တော် မျိုး မှ စ၍ ကျွန် တော် အ ပေါင်း တို့ ပ ဌ နာ ကို နား ညောင်း လျက်၊ ယ နေ့ ပင် ကျွန် တော် မျိုး ကို ကောင်း ကျိုး ပေး၍၊ ဤ သူ့ ရှေ့ မျက် နှာ ရ စေ တော် မူ ပါ ဟု တောင်း လျှောက် လေ၏။ ထို အ ခါ၊ ငါ ကား ရေ ကြည် ဝန် ဖြစ် သ တည်း။
ငါ့ အ သ နား တော် ခံ သံ ကို ကြား နာ တော် မူ သော ထာ ဝ ရ ဘု ရား အား၊ ငါ ချစ် ခင် ကြည် ညို ပါ ၏။စိတ် ဒု က္ခ ကြီး စွာ ရောက် လေ စွ ဟု ဆို သည့် ပြင်၊ လူ ခပ် သိမ်း သည် မု သာ အိုး များ ဖြစ် ကြောင်း၊အ လန့် တ ကြား ပြော မိ သော် လည်း၊သ ဒ္ဓါ ယုံ ကြည် ခြင်း ရှိ သော ငါ သည်၊ ထာ ဝ ရ ဘု ရား ပြု တော် မူ သော ကျေး ဇူး ရှိ သ မျှ ကို မည် သို့ ဆပ် ရ အံ့ နည်း။ကယ် တင် ခြင်း ဆိုင် ရာ ခွက် ကို ကိုင်၍၊ ထာ ဝ ရ ဘု ရား၏ နာ မ တော် အား ပ ဌ နာ ပြု ခြင်း၊လူ မျိုး တော် အ ပေါင်း တို့ ရှေ့၊ ထာ ဝ ရ ဘု ရား အား သ စ္စာ ဝတ် များ ကို ဖြေ ခြင်း ပြု ပါ မည်။ကြည် ညို သူ တို့ သေ ဒဏ် ကို ထာ ဝ ရ ဘု ရား နှ မြော တော် မူ သည့် အ လျောက်၊ ကိုယ် တော် ၏ ကျွန်၊ကိုယ် တော့် ကျွန် မ သား ဖြစ် သူ၊ ကျွန် တော် မျိုး ၏ အ ချည် အ နှောင် များ ကို ကိုယ် တော် ဖြည် တော် မူ ပါ ပြီ။ အို ထာ ဝ ရ ဘု ရား၊ရှေ့ တော် ၌ ချီး မွမ်း ရာ သ က္ကာ ကို ပူ ဇော် လျက်၊ ထာ ဝ ရ ဘု ရား ၏ နာ မ တော် အား ပ ဌ နာ ပြု ပါ မည်။အို ယေ ရု ရှ လင် မြို့၊ သင်၏ ဗ ဟို၊ ထာ ဝ ရ ဘု ရား ဗိ မာန် တော် တံ တိုင်း အ တွင်း၊လူ မျိုး တော် အ ပေါင်း တို့ ရှေ့၊ ထာ ဝ ရ ဘု ရား အား သ စ္စာ ဝတ် များ ကို ဖြေ ပါ မည်။ ဟာ လေ လု ယ။နား တော် ကို ညောင်း တော် မူ သော ကြောင့်၊ အ သက် ထက် ဆုံး ပ ဌ နာ ပြု ပါ မည်။
ဤ ပ ဌ နာ အ ဆုံး၌ စည်း ဝေး ရာ အ ရပ် တုန် လှုပ်၍ ရှိ သ မျှ တို့ သည် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ဘု ရား သ ခင့် တ ရား တော် ကို ရဲ ရင့် စွာ ဟော ပြော ကြ ၏။
ညဉ့် ဦး ယံ၊ နံ နက် ယံ၊ မွန်း တည့် ယံ များ၌၊ ငါ ပြု မည့် ညည်း တွား မြည် တမ်း သံ ကို ကြား တော် မူ လိမ့် မည်။
ထို အ ကြောင်း ကြောင့် ငါ တို့ သည် ကြား ရ သည့် နေ့ က စ၍ သင် တို့ အ တွက် မ ပြတ် ပ ဌ နာ ပြု သည် မှာ ဝိ ညာဉ် တော် ဆိုင် ရာ ဉာဏ် ပ ညာ၊ ဉာဏ် ပ ဋိ ဘာန် အ မျိုး မျိုး ဖြင့် အ လို တော် ကို သိ ကျွမ်း ခြင်း နှင့် ပြည့် စုံ၍၊
နောက် နေ့ နံ နက် မ တိုင် မီ ကိုယ် တော် သည် နိုး ထ ထွက် သွား ပြီး လျှင် တော အ ရပ် သို့ ကြွ ရောက်၍ ပ ဌ နာ ပြု တော် မူ စဉ်၊
ထို အ ရှင်၌ ငါ တို့ သည် ယုံ ကြည် ခြင်း အား ဖြင့် စိတ် ချ လျက် ရဲ ရင့် စွာ တိုး ဝင် ခွင့် ရ ကြ၏။
ထာ ဝ ရ ဘု ရား သည် ဖြောင့် မတ် သူ တို့ ကို မျက် မှောက် ပြု လျက်၊ အော် ဟစ် သံ ကို လည်း နား ညောင်း တော် မူ ၏။
ပ ညတ် တော် များ ကို စောင့် ရှောက် လျက် နှစ် သက် တော် မူ ဖွယ် ရာ များ ကို ပြု ကျင့် ကြ သော ကြောင့် တောင်း လျှောက် သ မျှ ကို အ ထံ တော် မှ ရ ကြ လိမ့် မည်။
ထာ ဝ ရ ဘု ရား နှင့် တန် ခိုး တော် ကို လိုက် ရှာ လျက် မျက် နှာ တော် ကို ကာ လ အ စဉ် ရှာ ဖွေ ကြ လော့။
ငါ မူ ကား သင် တို့ အ ဖို့ အ သ နား တော် မ ခံ သည် နှင့် ထာ ဝ ရ ဘု ရား ကို ပြစ် မှား ခြင်း အ မှု သည် ကင် ဝေး ပါ စေ သော။ သင် တို့ အား ကောင်း မြတ် ဖြောင့် မှန် သော လမ်း ကို ပြ ဦး မည်။
ငါ့ နာ မ ကို ထောက်၍ နှစ် ဦး သုံး ဦး တို့ စည်း ဝေး လျှင် စည်း ဝေး ရာ ထို သူ တို့ အ လယ် တွင် ငါ ရှိ သည် ဟု မိန့် တော် မူ၏။
ထို သူ အ ပေါင်း တို့ သည် တ ပည့် တော် မ များ၊ ယေ ရှု၏ မယ် တော် မာ ရိ၊ ညီ တော် များ တို့ နှင့် အ တူ တ ညီ တ ညွတ် တည်း အ မြဲ ပ ဌ နာ ပြု လျက် နေ ကြ ၏။
ထို နည်း တူ မည် သို့ ပ ဌ နာ ပြု သင့် သည် ကို ငါ တို့ မ သိ ကြ သ ဖြင့် ဝိ ညာဉ် တော် လည်း ငါ တို့၏ အား နည်း ခြင်း ကို လုပ် ဆောင် ဘက် ပြု လျက် မြွက် သံ မ ပြု သော ညည်း တွား ခြင်း များ ဖြင့် ငါ တို့ အ ဖို့ အ သ နား ခံ တော် မူ ရာ၊
ယ ခု မူ ကား၊ ဘု ရား သ ခင် သည် နား ညောင်း ၍၊ ငါ့ ပ ဌ နာ သံ ကို ကြား နာ တော် မူ ပြီ။နာ မ တော် ဂုဏ် ကို ကျူး ဧ ဖွဲ့ ဆို ကြ လော့။ ဂုဏ် တော် ကို ချီး မွမ်း ထော ပ နာ ပြု ကြ လော့။ငါ့ ပ ဌ နာ ကို ပယ် တော် မ မူ၊ က ရု ဏာ တော် ကို ဖယ် တော် မ မူ သော ဘု ရား သ ခင် သည်၊ မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။
သင် တို့ ဘောင် တွင် မည် သူ မ ဆို ဒု က္ခ ရောက် လျှင် ပ ဌ နာ ပြု စေ။ သု ခ ရှိ လျှင် သီ ချင်း ဆို စေ။
ပ ဌ နာ ပြု ရာ တွင် များ စွာ ရွတ် သည့် အ တွက် နား ညောင်း တော် မူ လိမ့် မည် ဟု ထင် မှတ် သော သာ သ နာ ပ တို့ ကဲ့ သို့ ပေါ့ ပေါ့ ဆ ဆ မ မြွက် ကြ နှင့်။
ငါ့ နာ မ ဖြင့် သ မုတ် ခံ ရ သော လူ မျိုး တော် သည် စိတ် နှိမ့် ချ စွာ ပ ဌ နာ ပြု၍ ငါ့ မျက် နှာ ကို လိုက် ရှာ လျက် ဒု စ ရိုက် လမ်း ကို ကြဉ်ရှောင် လျှင် ကောင်း ကင် ဘုံ မှ ငါ နား ညောင်း၍ အ ပြစ် ကို လွှတ် သည့် ပြင်၊ နေ ပြည် ကို လည်း ချမ်း သာ စေ မည်။
ကြောက် ရွံ့ လျက် နေ ပြန် စေ ရန် ကျွန့် အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို သင် တို့ ခံ ရ ကြ သည် မ ဟုတ်။ အ ဗ္ဗ၊ အ ဘ ဟု ခေါ် စေ သော သား အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို ခံ ရ ကြ ပြီး သည် နှင့် အ ညီ၊