အို ထာ ဝ ရ ဘု ရား၊ နံ နက် ယံ ၌ အ ကျွန်ုပ် တောင်း လျှောက် သံ ကို ကြား ရ တော် မူ လိမ့် မည်။ နံ နက် ယံ၌ ပ ဌ နာ ပြု လျက် စောင့် နေ ပါ မည်။
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ဘု ရား သ ခင် ဖြစ် သော ကိုယ် တော် ကို စိတ် ဇော နှင့် ရှာ ဖွေ ပါ မည်။ ရေ မဲ့၍ သွေ့ ခြောက် နွမ်း ရိ သော ပြည် တွင်၊ အ သက် ဝိ ညာဉ် သည် ကိုယ် တော် ကို ငတ် မွတ် လျက်၊ ကိုယ် ခ န္ဓာ လည်း မော ဟိုက် တ သ သည် နှင့် အ ညီ၊
အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် သည် ကိုယ် တော့် ထံ ဟစ် ခေါ် လျက်၊ နံ နက် အ ချိန် ၌ အ ကျွန်ုပ်၏ ပ ဌ နာ ကြို တင် ပါ ၏။
နံက် မိုး သောက် ချိန် ကို ကင်း စောင့် တို့ မျှော် လင့် သည် ထက်၊ ငါ သည် အ ရှင် ဘု ရား ကို မျှော် လင့် လျက် နေ ၏။
အို ထာ ဝ ရ ဘု ရား၊ ညဉ့် အ ခါ၌ နာ မ တော် ကို အ ကျွန်ုပ် သ တိ ရ၍၊ တ ရား တော် ကို စောင့် ရှောက် ပါ ပြီ။
ညဉ့် အ ခါ၊ အ ကျွန်ုပ် သည်၊ ကိုယ် တော် ကို စိတ် က တ သ လေ ပြီ။ မြေ ပေါ် တွင် စီ ရင် ချက် များ ထင် ရှား သော အခါ၊ လော က သား တို့ သည် ဖြောင့် မတ် ခြင်း တ ရား ကို သင် ရ ကြ သော ကြောင့်၊ အ တွင်း စိတ် ဇော နှင့် ရှာ ဖွေ လိမ့် မည်။
ညဉ့် ဦး ယံ၊ နံ နက် ယံ၊ မွန်း တည့် ယံ များ၌၊ ငါ ပြု မည့် ညည်း တွား မြည် တမ်း သံ ကို ကြား တော် မူ လိမ့် မည်။
အ ကျွန်ုပ်၏ ဖြောင့် မတ် ရာ ဖြောင့် မတ် ကြောင်း ဖြစ် တော် မူ သော အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ခေါ် သော အ ခါ ထူး တော် မူ ပါ။ အကျဉ်း အ ကျပ် အ ဖြစ် မှ ထွက် မြောက် စေ တော် မူ ပါ ပြီ။ အ ကျွန်ုပ် အား သ နား ၍၊ ပ ဌ နာ ကို နား ညောင်း တော် မူ ပါ။
တစ် သက် ပတ် လုံး ရွှင် လန်း၍ ကြွေး ကြော် ခွင့် ရ ကြ စေ ရန်၊ နံ နက် အ ချိန် တင်း တိမ် ဖွယ် က ရု ဏာ တော် ကို သ နား တော် မူ ပါ။
ဖြောင့် မတ် စွာ ဆုံး ဖြတ် တော် မူ ချက် များ ကြောင့်၊ သန်း ခေါင် ယံ၌ ပင်၊ အ ကျွန်ုပ် ထ၍ ကျေး ဇူး တော် ကို ချီး မွမ်း ပါ မည်။
သင် မူ ကား ပ ဌ နာ ပြု သည့် ကာ လ အ တွင်း ခန်း ထဲ သို့ ဝင်၍ တံ ခါး ပိတ် ထား ပြီး လျှင် မ ထင် မ ရှား စံ နေ သော ကိုယ့် အ ဘ အား ပ ဌ နာ ပြု လော့၊ မ ထင် ရှား ရာ ကို ရှု မြင် တော် မူ သော သင့် အ ဘ သည် အ ကျိုး ဆက် ကို သ နား တော် မူ လိမ့် မည်။
အို ဘု ရား သ ခင်၊ ချောင်း မြောင်း ရေ ကို သ မင် ဒ ရယ် တောင့် တ သ ကဲ့ သို့၊ အ ကျွန်ုပ် စိတ် ဝိ ညာဉ် သည်၊ ကိုယ် တော် ကို တောင့် တ ပါ၏။ငါ့ ရန် သူ တို့ က၊ သင့် ဘု ရား ကား၊ အ ဘယ် မှာ နည်း ဟု နေ့ ရှိ သ မျှ လှောင် ပြောင် လျက်၊ ငါ့ အ ရိုး ကို ချိုး ဘိ သ ကဲ့ သို့ ကဲ့ ရဲ့ တတ် ကြ၏။အို ငါ့ စိတ် ဝိ ညာဉ်၊ အ ဘယ့် ကြောင့် ညှိုး ငယ် ရ သ နည်း။ အ တွင်း၌ အ ဘယ့် ကြောင့် မ ငြိမ် မ ဝပ် ရှိ ရ သ နည်း။ ဘု ရား သ ခင် ကို မျှော် လင့် လော့။ ငါ့ အား မျက် နှာ သာ ပေး တော် မူ သော ငါ့ ဘု ရား သ ခင် ကို ချီး မွမ်း ရ ဦး မည်။ငါ့ စိတ် ဝိ ညာဉ် သည်၊ အ သက် ရှင် တော် မူ သော ဘု ရား သ ခင် ကို ငတ် လှ၏။ မည် သည့် အ ခါ မှ ရှေ့ တော် သို့ ရောက်၍၊ ဖူး မျှော် ရ ပါ မည် နည်း။
အ ကျွန်ုပ် သည် ကိုယ် တော် ကို စိတ် နှ လုံး အ ကြွင်း မဲ့ လိုက် ရှာ ခဲ့ ပါ ပြီ။ ပ ညတ် တော် များ မှ လွှဲ သွား စေ တော် မ မူ ပါ နှင့်။
ထာ ဝ ရ ဘု ရား၏ မေ တ္တာ ကျေး ဇူး တော် နံ နက် တိုင်း ပြန် သက်၍၊ မ ဖြတ် သော က ရု ဏာ တော် ကြောင့် သာ၊ အ ကျွန်ုပ် တို့ မ ကုန် ဆုံး ဘဲ နေ ရ ကြ ပါ၏။ မ ဟာ သ စ္စာ တော် လည်း တည် မြဲ ပါ၏ ဟူ၍ တည်း။
က ရု ဏာ တော် ကို ခံ လျက် ထောက် မ သင့် သော အ ချိန်၌ ကျေး ဇူး တော် ကို ရ ခြင်း ငှာ ကျေး ဇူး ရာ ဇ ပ လ္လင် တော် သို့ ရဲ ရင့် စွာ ချဉ်း ကပ် ကြ ကုန် အံ့။
ကိုယ် တော် သည်၊ အ ကျွန်ုပ် ကို ကယ် တင် သော ဘု ရား သ ခင် ဖြစ် တော် မူ သည့် အ လျောက်၊ နေ့ ရှိ သ မျှ အ ကျွန်ုပ် စောင့် မျှော် သော ကြောင့်၊ သ စ္စာ တော် နှင့် ပို့ ဆောင်၍၊ သွန် သင် တော် မူ ပါ။
ငါ့ အား ချစ် ခင် သူ တို့ ကို ငါ ချစ် ခင် လျက်၊ စိတ် ဇော နှင့် ရှာ ဖွေ သူ တို့ သည် ငါ့ ကို တွေ့ ရ ကြ၏။
အို ထာ ဝ ရ ဘု ရား၊ စိတ် နှ လုံး အ ကြွင်း မဲ့ ပ ဌ နာ ပြု ခဲ့ သည့် အ လျောက် ထူး တော် မူ ပါ။ အ ထုံး အ ဖွဲ့ တော် များ ကို စောင့် ထိန်း ပါ မည်။ပ ဌ နာ ပြု ခဲ့ သည့် အ လျောက်၊ ကယ် တော် မူ ပါ။ သက် သေ ခံ တော် မူ ချက် များ ကို စောင့် ရှောက် ပါ မည်။
မြေ ကြီး ပေါ် ရှိ လူ ဆိုး အ ပေါင်း တို့ ကို ချော် ကဲ့ သို့ စွန့် ပစ် တော် မူ သည့် အ လျောက်၊ သက် သေ ခံ တော် မူ ချက် များ ကို အ ကျွန်ုပ် နှစ် သက် ပါ ၏။
စိုး စဉ်း မျှ မ စိုး ရိမ် ပဲ ကျေး ဇူး တော် ကို ချီး မွမ်း လျက် တောင်း လျောက် ပ ဌာ နာ ပြု ချက် များ ဖြင့် လို လေ ရာ ရာ ကို ဘု ရား သ ခင် ရှေ့ ဖော် ပြ ကြ လော့။သို့ ပြု လျင် ဉာဏ် ဟူ သ မျှ ထက် လွန် ကဲ သော ဘု ရား သ ခင် ငြိမ် သက် ခြင်း သည် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့၏ စိတ် နှ လုံး နှင့် အ ကြံ အ စည် များ ကို ကွယ် ကာ စောင့် ရှောက် လိမ့် မည်။
ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။
ထာ ဝ ရ ဘု ရား ရှေ့၊ ဆိတ် ဆိတ် နေ၍ စောင့် မျှော် လော့။ မ ကောင်း သော အ ကြံ အောင်၍ အ မှု ထ မြောက် ရ သူ ကြောင့် စိတ် မျက် ခြင်း မ ရှိ လင့်။
ဆီ ဥ ခြင် ဆီ သ ဖွယ် ကိုယ် တော် နှင့် သာ ရောင့် ရဲ၍၊ ရွှင် လန်း သော နှုတ် ခမ်း ဖြင့် ချီး မွမ်း ပါ မည်။အိပ် ရာ ပေါ် တွင် ကိုယ် တော် ကို သ တိ ရ သော်၊ မ စ တော် မူ သော အ ရှင် ဖြစ် တော် မူ သော ကြောင့်၊ ညဉ့် ယံ ပတ် လုံး ဆင် ခြင် လျက်၊ အ တောင် တော် အ ရိပ် တွင် ခို လှုံ ကြွေး ကြော် ပါ မည်။
ပင် ပန်း သူ တို့ အား၊ စ ကား ဖြင့် ထောက် ခံ နိုင် စေ ရန်၊ အ ရှင် ထာ ဝ ရ ဘု ရား သည် တ ပည့် ရင်း တို့ ၏ နှုတ် သ တ္တိ ကို၊ ငါ့ အား ပေး တော် မူ ပြီ။ တ ပည့် ရင်း တို့ ဘာ ဝ နာ ခံ စေ ခြင်း ငှာ၊ နံ နက် တိုင်း ငါ့ နား ကို နှိုး ဆော် တော် မူ ၏။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သာ လျှင် အ ကျွန်ုပ် ကို လုံ ခြုံ စွာ နေ ထိုင် စေ တော် မူ သည် ဖြစ်၍၊ စိတ် ချ စွာ လှဲ လျက် အိပ် ပျော် ပါ တော့ မည်။
ကောင်း မှု ကို လက် မ လွတ် ဘဲ ပြု ကြ ကုန် အံ့။ အား လျော့ ခြင်း ကင်း လျှင် အ ချိန် စေ့ သော် ငါ တို့ ရိတ် သိမ်း ကြ ရ လိမ့် မည်။
စိတ် နှ လုံး အ ကြွင်း မဲ့ အ ကျွန်ုပ် တောင်း လျှောက် ခဲ့ ပြီး ဖြစ်၍၊ ဗျာ ဒိတ် တော် အ တိုင်း သ နား တော် မူ ပါ။
ဟာ လေ လု ယ။ ထာ ဝ ရ ဘု ရား ကို ခန့် ညား၍၊ ပ ညတ် တော် များ ကို အ ထူး နှစ် သက် သူ သည် မင်္ဂ လာ ရှိ၏။
ဘု ရား သ ခင် သည် ငါ့ ဘက်၌ ရှိ နေ တော် မူ၍၊ အော် ဟစ် သော အ ခါ၊ ရန် သူ တို့ လန် ကြ ရ မည် ကို ငါ သိ၏။
လူ ပျို သည် ကိုယ့် အ လေ့ အ လာ ကို မည် သည့် နည်း နာ ဖြင့် သန့် စင် စေ နိုင် မည် နည်း ဟူ မူ ကား၊ နှုတ် က ပတ် တော် အ တိုင်း စောင့် ရှောက် ခြင်း ပေ တည်း။
အို ထာ ဝ ရ ဘု ရား၊ မေ တ္တာ ကျေး ဇူး တော် သည် ကောင်း ကင် သို့လည်း ကောင်း၊ သ စ္စာ တော် သည်၊ မိုး တိမ် သို့ လည်း ကောင်း၊ မှီ ပါ၏။
အို အ ရှင် ဘု ရား၊ ကိုယ် တော် သည် မွန် မြတ် လျက်၊ ချမ်း သာ ပေး လျက်၊ ကိုယ် တော့် ပ ဌ နာ ပြု သူ ရှိ သ မျှ တို့ အား၊ က ရု ဏာ တော် ကြွယ် ဝ ပါ ၏။
အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် သည် ကိုယ် တော်၌ ကိုး စား၍၊ အ ကျွန်ုပ်၏ ဘု ရား သ ခင် ပေ တည်း ဟု ဝန် ခံ ပါ၏။အ ကျွန်ုပ်၏ နေ့ ရက် ကာ လ များ သည်၊ လက် တော်၌ တည် ရှိ သည့် အ လျောက်၊ ရန် သူ တို့ လက် မှလည်း ကောင်း၊ ညှဉ်း ပန်း သူ တို့ ထံ မှ လည်း ကောင်း၊ ကယ် လွှတ် တော် မူ ပါ။
သင် ခေါ် သော အ ခါ၊ ငါ ထာ ဝ ရ ဘု ရား ထူး လိမ့် မည်။ အော် ဟစ် သော အ ခါ ငါ ရှိ သည် ဟု မိန့် ဆို လိမ့် မည်။ နေ ပြည့် အ လယ် တွင် ထမ်း ပိုး တင် ခြင်း၊ လက် ညှိုး ထိုး ခြင်း၊ မ ကောင်း ပြော ဆို ခြင်း များ ကို ပယ် ရှား လျှင် လည်း ကောင်း၊
အ ရှက် မ ကွဲ ရ စေ ခြင်း ငှာ၊ အ ကျွန်ုပ် နှ လုံး သည် အ ထုံး အ ဖွဲ့ တော် များ ၌ စုံ လင် ပါ စေ သော။
အို ထာ ဝ ရ ဘု ရား။ အ ကျွန်ုပ် သည် ကိုယ် တော်၌ စောင့် မျှော် ၍၊ ကိုယ် တော် တုံ့ ပြန် တော် မူ ပါ လိမ့် မည်။ အ ကျွန်ုပ်၏ ဘု ရား သ ခင်၊ အို အ ရှင် ဘု ရား၊
လူ ဆိုး တို့၏ ပူ ဇော် သ က္ကာ သည်၊ ထာ ဝ ရ ဘု ရား၏ မျက် မှောက် တော်၌ စက် ဆုပ် ရွံ့ ရှာ ဖွယ်၊ သူ တော် ကောင်း တို့၏ ဆု တောင်း ပ ဌ နာ မူ ကား၊ နှစ် သက် တော် မူ ဖွယ် ဖြစ် ၏။
ရွှင် လန်း စွာ မျှော် လင့် လျက်၊ ဒု က္ခ ရောက် ရာ၌ တည် တံ့ လျက်၊ အ မြဲ ပ ဌ နာ ပြု လျက်၊ ဆင်း ရဲ သော တ ပည့် တော် တို့ အား ပေး ကမ်း လျက်၊ ဧည့် ဝတ် ပြု လျက် နေ ကြ လော့။
ထာ ဝ ရ ဘု ရား သည်၊ ကိုယ် တော် ကို သ စ္စာ နှင့် ဟစ် ခေါ် သူ၊ ပ ဌ နာ ပြု သူ အ ပေါင်း တို့ အ နီး အ ပါး ၌ ရှိ နေ တော် မူ၏။
မည် သည့် ကာ လ မှ နှစ် သိမ့် စေ တော် မူ ပါ မည် နည်း ဟူ၍၊ ဗျာ ဒိတ် တော် ကို မျှော် လျက်၊ အ ကျွန်ုပ် မျက် စိ အား ကုန် ပါ ၏။
ငါ မူ ကား၊ ဘု ရား သ ခင့် အ ထံ တော် သို့ ချဉ်း ကပ် ၍ အ ကျိုး ရှိ ၏။ အ ရှင် ထာ ဝ ရ ဘု ရား၌ ခို လှုံ လျက် နေ ရ သ ဖြင့်၊ အ မှု တော် ရှိ သ မျှ ကို ကြား ပြော ခွင့် ရ ပါ ၏။
မ စွန့် မ ပယ် ဘဲ ငါ ရွေး ချယ် သည့် အ လျောက်၊ သင် နှင့် အ တူ ငါ ရှိ သ ဖြင့်၊ မ ကြောက် လင့်။ ငါ သည် သင်၏ ဘု ရား သ ခင် ဖြစ် သော ကြောင့်၊ မ စိုး ရိမ် နှင့်။ သင့် ကို ခိုင် ခံ့ စွာ ထောက် မ မည့် ပြင်၊ အောင် ပွဲ ရ ညာ လက် ရုံး ဖြင့် ထောက် ပင့် လိမ့် မည်။
ငါ့ မျက် နှာ ကို ရှာ ကြ လော့ ဟူ သော ဗျာ ဒိတ် တော် အ တိုင်း၊ အ ကျွန်ုပ် စိတ် နှ လုံး က၊ အို ထာ ဝ ရ ဘု ရား၊ မျက် နှာ တော် ကို အကျွန်ုပ် ရှာ ဖွေ ပါ မည် ဟု အောက် မေ့၍ ဆို၏။
အ ကျွန်ုပ် စိတ် ရွှင် လန်း ရာ အ ကြောင်း ဖြစ် သော သက် သေ ခံ တော် မူ ချက် များ ကို၊ ကာ လ အ စဉ် ပိုင် ရာ အ ဖြစ် ခံ ယူ ပါ ပြီ။
ငါ သည် အ ခါ ခပ် သိမ်း ထာ ဝ ရ ဘု ရား အား ဩ ဘာ ဆက် ၍၊ ဂုဏ် တော် ကို အ စဉ် မ ပြတ် မြွက် ဆို မည်။
သင် တို့ အ တွက် ကြောင့် ကြ တော် မူ သော ကြောင့် သင် တို့ စိုး ရိမ် ခြင်း ရှိ သ မျှ ကို ကိုယ် တော့် အ ပေါ် သို့ လွှဲ တင် ကြ လော့။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် အား ရှာ ဖွေ သူ တို့ ကို စွန့် ထား တော် မ မူ သော ကြောင့်၊ နာ မ တော် အ ကျွမ်း ဝင် သူ တို့ သည်၊ ကိုယ် တော် ၌ ကိုး စား ကြ လိမ့် မည်။
တ ရား တော် သည် အ ကျွန်ုပ် မွေ့ လျော် ရာ ဖြစ်၍၊ အ သက် ရှင် ရ စေ ရန် က ရု ဏာ တော် ကို သက် ရောက် စေ တော် မူ ပါ။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အ ကျွန်ုပ် ကို စိ စစ်၍ သိ ကျွမ်း တော် မူ ပါ၏။ညာ လက် တော် ဖြင့် ကိုင် ဆွဲ တော် မူ လိမ့် မည်။မှောင် မိုက် သည် ငါ့ ကို ကွယ် ကာ လျက်၊ အ လင်း လည်း ပတ် လည်၌ ညဉ့် မှောင် ကဲ့ သို့ ဖြစ် ပါ စေ သော ဟု ဆို လျှင်၊ရှေ့ တော်၌ အ မှောင် နှင့် အ လင်း မ ထူး ခြား သ ဖြင့်၊ မှောင်၌ ပင်၊ ပုန်း အောင်း ခွင့် မ ရ ဘဲ၊ ညဉ့် သည် နေ့ ကဲ့ သို့ လင်း ပါ ၏။ကိုယ် တော် သည် အ ကျွန်ုပ်၏ ကျောက် ကပ် ကို ပင် ပြု ပြင်၍၊ အ မိ ဝမ်း ထဲ တွင် အ ကျွန်ုပ် ကို စေ့ စပ် တော် မူ ခဲ့ ပါ ၏။အ မှု အ ရာ တော် များ သည် အံ့ ဩ ဖွယ် ဖြစ် သည့် အ လျောက်၊ အ ကျွန်ုပ် သည် ကြောက် မက် အံ့ ဩ ဖွယ် ရာ ဖြစ် ကြောင်း၊ စိတ် ဖြင့် သေ ချာ စွာ သိ လျက်၊ ကျေး ဇူး တော် ကို ချီး မွမ်း ပါ မည်။မ ထင် ရှား ရာ ၌ အ ကျွန်ုပ် ကို ဖန် ဆင်း၍၊ မြေ ကြီး နက် ရှိုင်း ရာ၌ စေ့ စပ် သော အ ခါ၊ ကိုယ် ခ န္ဓာ ပုန်း ကွယ် လျက် မ နေ ဘဲ၊အ ကျွန်ုပ်၏ သ န္ဓေ ကို မြင် တော် မူ လျက်၊ အင်္ဂါ များ ကို နေ့ စဉ် ပြု ပြင်၍ တစ် စုံ တစ် ခု မျှ မ ပြီး သေး မီ ကာ လ တွင်၊ စာ ရင်း တော် ၌ အ ကုန် အ စင် မှတ် သား လျက် ရှိ ခဲ့ ပါ ၏။အို ဘု ရား သ ခင်၊ ကိုယ် တော် ၏ အ ကြံ အ စည် တော် များ သည် အ ကျွန်ုပ် ၌ မွန် မြတ် လျက်၊ အ ချုပ် အ ချာ များ လှ ပါ တ ကား။ရေ တွက် လျှင် သဲ လုံး ထက် များ ပါ၏။ အ ကျွန်ုပ် နိုး သော အ ခါ၊ ကိုယ် တော် နှင့် အ တူ ရှိ နေ ပါ ၏။အို ဘု ရား သ ခင်၊ လူ ဆိုး တို့ ကို ကွပ် မျက် တော် မူ ပါ စေ သော။ အ ချင်း လူ သတ် တို့၊ ငါ့ ထံ မှ ထွက် သွား ကြ လော့။အ ကျွန်ုပ် ထိုင် နေ ခြင်း၊ ထ ရပ် ခြင်း ကို သိ၍၊ အ ကြံ အ စည် များ ကို အ ဝေး က ပင် နား လည် တော် မူ ပါ၏။
အ ဆုံး စ ကား မှာ ညီ အ ကို တို့ မှန် ကန် သော အ ရာ၊ ကြည် ညို ဖွယ် သော အ ရာ၊ သင့် လျော် သော အ ရာ၊ စင် ကြယ် သော အ ရာ၊ နှစ် သက် ဖွယ် သော အ ရာ၊ အ သ ရေ ရှိ သော အ ရာ များ ကို၄င်း၊ ပါ ရ မီ အ ပါး ပါး ဂုဏ် အ ပါး ပါး ကို၄င်း၊
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည်၊ အ ကျွန်ုပ် ရှေ့ နောက် ဆီး ကာ လျက်၊ လက် တော် ဖြင့် တင် ဖိ တော် မူ ပါ ပြီ။
ငါ သည် စိတ် ပါ ကိုယ် ရောက် ထာ ဝ ရ ဘု ရား ကို စောင့် မျှော် တ သ လျက်၊ က တိ တော် ကို မျှော် လင့် ပါ ၏။နံက် မိုး သောက် ချိန် ကို ကင်း စောင့် တို့ မျှော် လင့် သည် ထက်၊ ငါ သည် အ ရှင် ဘု ရား ကို မျှော် လင့် လျက် နေ ၏။
အ ကျွန်ုပ် သည်၊ ကြောက် ရွံ့ နေ ရ သော ကာ လ တွင်၊ ကိုယ် တော်၌ ကိုး စား ပါ မည်။ဘု ရား သ ခင် ကို အ မှီ ပြု၍၊ က တိ တော် ကို ချီး မွမ်း မည်။ ကြောက် ရွံ့ ခြင်း ကင်း လျက်၊ ဘု ရား သ ခင်၌ ကိုး စား ပြီး ဖြစ် သူ ငါ့ ကို၊ လူ တို့ မည် သို့ ပြု နိုင် သ နည်း။
အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် အော် ဟစ် သံ ကို ရှေ့ တော် သို့ ရောက် စေ လျက်၊ နှုတ် က ပတ် တော် အ တိုင်း နား လည် စေ တော် မူ ပါ။
ပ ညတ် တော် များ ကို အ ကျွန်ုပ် ယုံ ကြည် သည် ဖြစ်၍၊ အ သိ ဉာဏ် နှင့် အ သိ ပ ညာ ကို သွန် သင် တော် မူ ပါ။
ထာ ဝ ရ ဘု ရား ကို ခန့် ညား ခြင်း သည်၊ ဉာဏ် ပ ညာ၏ စ တည် ရာ ဖြစ်၏။ လိုက် နာ သ မျှ သော သူ တို့ သည်၊ ဉာဏ် ကောင်း သူ တို့ တည်း။ ဂုဏ် တော် ကို ချီး မွမ်း ခြင်း လည်း၊ ကာ လ အ စဉ် တည် ၏။
စိတ် နှ လုံး တည် ကြည် သော သူ့ ကို၊ ကိုယ် တော် ၌ ကိုး စား သည် နှင့်၊ လုံ ခြုံ စွာ စောင့် ထိန်း တော် မူ၏။ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ နိ ယ မ ကျောက် တောင် ဖြစ် တော် မူ သော ကြောင့်၊ ကိုယ် တော်၌ အ စဉ် အ မြဲ ကိုး စား ကြ လော့။
အိပ် ရာ ပေါ် တွင် ကိုယ် တော် ကို သ တိ ရ သော်၊ မ စ တော် မူ သော အ ရှင် ဖြစ် တော် မူ သော ကြောင့်၊ ညဉ့် ယံ ပတ် လုံး ဆင် ခြင် လျက်၊ အ တောင် တော် အ ရိပ် တွင် ခို လှုံ ကြွေး ကြော် ပါ မည်။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် ဖြောင့် မတ် သူ့ ကို ကောင်း ကြီး ပေး ၍၊ ဒိုင်း လွှား သ ဖွယ်၊ ကျေး ဇူး တော် နှင့် ကွယ် ကာ ခြံ ရံ တော် မူ လိမ့် မည်။
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ၏ တောင်း လျှောက် ချက် ကို နား ညောင်း၍၊ နှုတ် မြွက် သော ပ ဌ နာ ကို ကြား နာ တော် မူ ပါ။
နေ့ အ ခါ တွင်၊ မေ တ္တာ ကျေး ဇူး တော် ကို ထာ ဝ ရ ဘု ရား သ နား တော် မူ သည့် အ လျောက်၊ ညဉ့် အ ခါ တွင်၊ ကိုယ့် အ သက် သ ခင့် ထံ ပ ဌ နာ ပြု လျက်၊ ဂုဏ် တော် သီ ဆို ခွင့် ကို ရ ဦး မည်။
အ သက် ရှင် တော် မူ သော ဘု ရား ထံ၊ နာမ် ခ န္ဓာ၊ ရုပ် ခ န္ဓာ ပါ ကြွေး ကြော် ရာ၊ ထာ ဝ ရ ဘု ရား၏ တံ တိုင်း တော် များ ကိုအ ကျွန်ုပ် စိတ် ဝိ ညာဉ် တ သ၍ မူး မော် လျက် ရှိ လေ စွ တ ကား။
အို အ ကျွန်ုပ် ဘု ရင်၊ အ ကျွန်ပ် ဘု ရား သ ခင်၊ အ ကျွန်ုပ် တောင်း လျှောက် သည် ဖြစ် ၍၊ အော် ဟစ် သံ ကို နား ညောင်း တော် မူ ပါ။
နှုတ် မြွက် တော် မူ သော တ ရား သည်၊ ရွှေ၊ ငွေ အ ထောင် အ သောင်း ထက်၊ အ ကျွန်ုပ် အ ဖို့ ကောင်း ပါ၏။
ဆုံး ဖြတ် တော် မူ ချက် များ သည် သင့် မြတ် သည့် အ လျောက်၊ အ ကျွန်ုပ် ကြောက် ရွံ့ သော ကဲ့ ရဲ့ ခြင်း ကို လွှဲ ဖယ် တော် မူ ပါ။
ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။
ထာ ဝ ရ ဘု ရား ၌ ကျေး ဇူး ပြု သော သ ဘော၊ သ နား သော သ ဘော၊ စိတ် ရှည် သော သ ဘော၊ က ရု ဏာ တော် နှင့် ကြွယ် ဝ သော သ ဘော ရှိ တော် မူ ၏။
ငါ သည် စိတ် ပါ ကိုယ် ရောက် ထာ ဝ ရ ဘု ရား ကို စောင့် မျှော် တ သ လျက်၊ က တိ တော် ကို မျှော် လင့် ပါ ၏။
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ကို စိ စစ် လျက် စိတ် နှ လုံး ကို သိ မှတ် တော် မူ ပါ။ စစ် ဆေး လျက် အ ကြံ အ စည် များ ကို သိ မှတ် တော် မူ ပါ။ဆိုး သွမ်း သော အ လေ့ အ လာ တစ် စုံ တစ် ရာ ရှိ မ ရှိ ကို ရှု ကြည့် ၍၊ ထာ ဝ ရ လမ်း တော် ထဲ ၌ လမ်း ပြ တော် မူ ပါ။
ထာ ဝ ရ ဘု ရား ကို ငါ စောင့် နေ မျှော် လင့် ရာ ကိုယ် တော် သည် ငါ့ ဘက် သို့ ငဲ့၍၊ အော် ဟစ် သံ ကို ကြား လျက်၊
ထို နည်း တူ မည် သို့ ပ ဌ နာ ပြု သင့် သည် ကို ငါ တို့ မ သိ ကြ သ ဖြင့် ဝိ ညာဉ် တော် လည်း ငါ တို့၏ အား နည်း ခြင်း ကို လုပ် ဆောင် ဘက် ပြု လျက် မြွက် သံ မ ပြု သော ညည်း တွား ခြင်း များ ဖြင့် ငါ တို့ အ ဖို့ အ သ နား ခံ တော် မူ ရာ၊
အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ်၏ မြွက် ဆို ချက် ကို နား ညောင်း ၍၊ စဉ်း စား ချက် ကို လည်း ထောက် ရှု တော် မူ ပါ။အို ဘု ရား သ ခင်၊ ထို သူ တို့ ကို အ ပြစ် စီ ရင် တော် မူ၍၊ ကိုယ့် အ ကြံ အ စည် ဖြင့် ပြို လဲ ကြ ပါ စေ၊ ကိုယ် တော် ကို ပုန် ကန်၍ ကျူး လွန် မှု မြောက် မြား သည့် အ လျောက်၊ နှင် ထုတ် တော် မူ ပါ။သို့ မှ ကိုယ် တော်၌ ခို လှုံ သူ တို့ သည်၊ ကွယ် ကာ တော် မူ မည် ဖြစ်၍၊ ကာ လ အ စဉ် ရွှင် လန်း စွာ ကြွေး ကြော် ကြ ပါ မည်။ နာ မ တော် ကို ချစ် ခင် ကြည် ညို သူ တို့ လည်း ကိုယ် တော် ကြောင့် အား ရ ကြ ပါ မည်။အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် ဖြောင့် မတ် သူ့ ကို ကောင်း ကြီး ပေး ၍၊ ဒိုင်း လွှား သ ဖွယ်၊ ကျေး ဇူး တော် နှင့် ကွယ် ကာ ခြံ ရံ တော် မူ လိမ့် မည်။အို အ ကျွန်ုပ် ဘု ရင်၊ အ ကျွန်ပ် ဘု ရား သ ခင်၊ အ ကျွန်ုပ် တောင်း လျှောက် သည် ဖြစ် ၍၊ အော် ဟစ် သံ ကို နား ညောင်း တော် မူ ပါ။
သက် သေ ခံ တော် မူ ချက် များ ကို စောင့် ထိန်း လျက်၊ ကိုယ် တော် ကို စိတ် နှ လုံး အ ကြွင်း မဲ့ ရှာ ဖွေ သူ တို့ သည် မင်္ဂ လာ ရှိ ကြ၏။
အ သ နား တော် ခံ ချက် ကို လည်း ရှေ့ တော် သို့ ရောက် စေ လျက်၊ ဗျာ ဒိတ် တော် အ တိုင်း ကယ် လွှတ် တော် မူ ပါ။
ထာ ဝ ရ ဘု ရား သည်၊ လူ ဆိုး တို့ နှင့် ဝေး ကွာ တော် မူ၏။ သူ တော် ကောင်း တို့၏ ဆု တောင်း ပ ဌ နာ ကို ကား၊ နား ညောင်း တော် မူ၏။
ကိုယ် တော်၌ အ ကျွန်ုပ် ကိုး စား သော ကြောင့်၊ မေ တ္တာ ကျေး ဇူး တော် သံ ကို နံ နက် ယံ၌ ကြား နာ ခွင့်၊ ကိုယ် တော် အား စွဲ လမ်း သော ကြောင့်၊ သွား ရာ လမ်း ကို သိ မြင် ခွင့် ပေး တော် မူ ပါ။
ကြောက် ရွံ့၍ အ ပြစ် မ ပြု ဘဲ နေ ကြ လော့။ ကိုယ့် အိပ် ရာ ပေါ် တွင် ကိုယ့် စိတ် နှ လုံး နှင့် ချင့် ချိန် ၍ ငြိမ် ဝပ် စွာ နေ ကြ လော့။
ဣ သ ရေ လ လူ မျိုး တို့ ထော မ နာ ထက် စံ တော် မူ သော အို အ ရှင်၊ ကိုယ် တော် သန့် ရှင်း တော် မူ ပါ ၏။
အို ထာ ဝ ရ ဘု ရား၊ စိတ် နှ လုံး အ ကြွင်း မဲ့ ပ ဌ နာ ပြု ခဲ့ သည့် အ လျောက် ထူး တော် မူ ပါ။ အ ထုံး အ ဖွဲ့ တော် များ ကို စောင့် ထိန်း ပါ မည်။
တောင် များ ရွှေ့ ၍၊ ကုန်း များ လှုပ် ရှား ရ သော် လည်း၊ ငါ၏ မေ တ္တာ ကျေး ဇူး သည်၊ သင် မှ မ ရွှေ့။ မ ဟာ မိတ် ပ ဋိ ညာဉ် တော် လည်း၊ မ လှုပ် မ ရှား ရ ဟု သင့် အား က ရု ဏာ သက် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
ဖြောင့် မတ် တော် မူ ခြင်း သည် ထာ ဝ ရ ဖြောင့် မတ် ခြင်း ဖြစ်၍၊ တ ရား တော် လည်း သ စ္စာ နှင့် ပြည့် စုံ ပါ၏။
ငါ သည် ကျဉ်း ကျပ် ရာ ထဲ က ထာ ဝ ရ ဘု ရား အား ပ ဌ နာ ပြု ရာ၊ ထာ ဝ ရ ဘု ရား သည် ကျယ် ဝန်း သော အ ရပ် ၌ နေ ရာ ချ တော် မူ ၏။
သင် တို့၌ ကောင်း သော အ မှု ကို အ စ ပြု သော အ ရှင် သည် ယေ ရှု ခ ရစ်၏ နေ့ တော် မ တိုင် မ ချင်း စုံ လင် အောင် ပြု ပြင် တော် မူ လိမ့် မည် ဟု ယုံ ကြည် စိတ် ချ သည် နှင့် အ ညီ ငါ သည် သင် တို့ ကို အောက် မေ့ လေ ရာ ရာ၌ တောင်း လျှောက် သည့် အ ခါ တိုင်း ရွှင် လန်း စွာ ပ ဌ နာ ပြု လျက် ပ ဌ မ နေ့ ရက် မှ စ၍ ယ ခု တိုင် သ တင်း တော် မြတ် တိုး ပွား စေ ခြင်း အ မှု၌ ဆက် ဆံ ပေါင်း သင်း ကြ သော သင် တို့ ရှိ သ မျှ အ ဖို့ ငါ့ ဘု ရား သ ခင် ကျေး ဇူ တော် ကို အ စဉ် ချီး မွမ်း ပါ ၏။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် မင်္ဂ လာ ရှိ ပါ၏။ အ ထုံး အ ဖွဲ့ တော် များ ကို အ ကျွန်ုပ် အား သွန် သင် တော် မူ ပါ။
ပင် ပန်း သူ ဝန် လေး သူ အ ပေါင်း တို့၊ ငါ့ ထံ လာ ကြ လော့။ ငါ သည် ချမ်း သာ စေ မည်။ငါ့ ထမ်း ပိုး ကို ထမ်း၍ ငါ့ ထံ မှ သင် ကြ လော့။ ငါ သည် သိမ် မွေ့ နှိမ့် ချ သော စိတ် ရှိ၏။ အ သက် ဝိ ညာဉ် ချမ်း သာ ရာ ကို လည်း သင် တို့ တွေ့ ကြ လိမ့် မည်။ကိုယ် တော် သည် ကြွ လာ ရ မည့် အ ရှင် လော။ အ ခြား မျှော် လင့် ရ ဦး မည် လော့ ဟု မေး လျှောက် စေ သည့် အ တိုင်းငါ့ ထမ်း ပိုး သည် ထမ်း လွယ် လျက် ငါ့ ဝန် လည်း ပေါ့ သည် ဟူ၍ မိန့် တော် မူ၏။
အို ဘု ရား သ ခင်၊ မေ တ္တာ ကျေး ဇူး တော် လွန် ကဲ လှ ပါ သည်။ အ တောင် တော့် အောက်၌ လူ့ သား တို့ ခို လှုံ ရ လျက်၊ဗိ မာန် တော်၏ စည်း စိမ် နှင့် ရောင့် ရဲ ရ ကြ လ တ္တံ့။ အ ထံ တော်၌ အ သက် စမ်း ရေ ရှိ သည့် အ လျောက်၊ ချမ်း သာ တော် မြစ် ရေ ကို တိုက် ကျွေး တော် မူ လိမ့် မည်။ အ လင်း တော် ဖြင့် အ ကျွန်ုပ် တို့ သည် အ လင်း ရ ကြ လ တ္တံ့။
မြင့် မြတ် သော ဘု ရား၏ အ တွင်း ဌာ န တော်၌ နေ ထိုင် သော သူ သည်၊ အ န န္တ တန် ခိုး ရှင်၏ အ ရိပ် ကို ခို လှုံ ရ လိမ့် မည်။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ ပေါ် တွင် အ ထိန်း အ ကျောင်း ဖြစ် တော် မူ ၍၊ ငါ၌ လို လေ သေး မ ရှိ ရ။
အ မျက် တော် သည် တစ် ခ ဏ မျှ၊ ကျေး ဇူး တော် သည် တစ် သက် ပတ် လုံး တည် ၏။ ညဉ့် အ ခါ၌ ငို ကြွေး ခြင်း ဝင် ရောက် တည်း ခို သော် လည်း၊ နံ နက် ထ သော်၊ ရွှင် လန်း ရ ၏။
ဘု ရား သ ခင် သည်၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ပေ တည်း။ ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ ငါ၏ စွမ်း အား၊ ငါ ကျူး ဧ ဖွဲ့ ဆို ရာ၊ ငါ့ ကို ကယ် တင် ရာ အ ကြောင်း ဖြစ် စေ တော် မူ သ ဖြင့်၊ ကြောက် ရွံ့ ခြင်း ကင်း ၍ ကိုး စား ပါ မည် ဟု မြွက် ဆို လျက်၊
ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။
ကိုယ် တော် ကို ချီး မွမ်း ရ အံ့ သော ငှာ အ ကျွန်ုပ် ကို အ သက် ရှင် စေ လျက်၊ ဆုံး ဖြတ် တော် မူ ချက် များ ဖြင့် မ စ တော် မူ ပါ။
ငါ့ ပ ဌ နာ ကို ပယ် တော် မ မူ၊ က ရု ဏာ တော် ကို ဖယ် တော် မ မူ သော ဘု ရား သ ခင် သည်၊ မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။
ကိုယ့် အ လေ့ အ လာ ရှိ သ မျှ ကို မျက် နှာ ပြု သည့် အ တိုင်း၊ ဥ ပ ဒေ သ တော် များ နှင့် သက် သေ ခံ တော် မူ ချက် များ ကို စောင့် ရှောက် ပါ ပြီ။
သို့ ရာ တွင်၊ ထာ ဝ ရ ဘု ရား သည် သင် တို့ ကို သ နား ခွင့် ရ စေ ရန် ဆိုင်း လင့် တော် မူ လိမ့် မည်။ က ရု ဏာ သက် ခွင့် ရ စေ ရန် မြင့် မြတ် ရာ တွင် စံ တော် မူ ဦး မည်။ ထာ ဝ ရ ဘု ရား သည် တ ရား ရှင် ဘု ရား ဖြစ် တော် မူ သည့် အ လျောက်၊ ကိုယ် တော် ကို စောင့် စား သူ အ ပေါင်း တို့၌ မင်္ဂ လာ ရှိ ကြ ၏။
ထာ ဝ ရ ဘု ရား ကို စောင့် မျှော် လျက်၊ အား ယူ၍ ရဲ ရင့် သော စိတ် ရှိ လော့။ ထာ ဝ ရ ဘု ရား ကို စောင့် မျှော် ဦး လော့။
အို ထာ ဝ ရ ဘု ရား၊ ဝေး ကွာ စွာ နေ တော် မ မူ ပါ နှင့်။ အ ကျွန်ုပ် ကို ကယ် တော် မူ သော အ ရှင်၊ အ လျင် အ မြန် မ စ တော် မူ ပါ။
ငါ တို့ ဝန် ကို၊ နေ့ စဉ် ထမ်း တော် မူ သော အ ရှင် ဘု ရား၊ ငါ တို့ ကို ကယ် တင် ပိုင် ရှင် ဘု ရား သ ခင် သည်၊ မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။
ယာ ကုပ်၏ ဘု ရား သ ခင် မ စ တော် မူ ခြင်း ခံ ရ သော သူ၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို အား ကိုး ရ သော သူ သည် မင်္ဂ လာ ရှိ ၏။
ဆင်း ရဲ သူ့ ကို မြေ မုန့် ထဲ က ချီး မြှင့် လျက်၊ နွမ်း ပါး သူ့ ကို အ မှိုက် ပုံ ထဲ က တင် မြှောက် ပြီး လျှင်၊
ဆုံး ဖြတ် တော် မူ ချက် များ ကို စောင့် မျှော် ခဲ့ သော ကြောင့်၊ သ စ္စာ ဝန် ခံ ချက် ကို အကျွန်ုပ် နှုတ် ထဲ မှ နုတ် ယူ တော် မ မူ ပါ နှင့်။
သို့ ဖြစ်၍ ညီ အစ် ကို တို့၊ ယေ ရှု သည် ရုပ် ခ န္ဓာ တော် တည်း ဟူ သော ကန့် လန့် ကာ ကို ဖွင့် ပြီး လျှင် အ သက် ရှင် သော လမ်း သစ် ကို ငါ တို့ အ ဖို့ စီ မံ တော် မူ သည့် အ တိုင်း အ သွေး တော် အား ဖြင့် အ ထူး သန့် ရှင်း ရာ ဌာ န တော် တွင်း သို့ ရဲ ရင့် စွာ ဝင် ခွင့် ကို ငါ တို့ ရ ကြ သော ကြောင့် လည်း ကောင်း၊အ ကယ်၍ စုံ လင် စေ နိုင် လျှင် ဝတ် ပြု သူ တို့ သည် အ ပြီး သတ် စင် ကြယ် ရာ ရောက် သ ဖြင့် သံ ဝေ ဂ စိတ် ကင်း ပြီး ဖြစ်၍ ထို ဆက် ကပ် မှု ပြတ် စဲ လေ ပြီ မ ဟုတ် လော။ဘု ရား သ ခင့် ဗိ မာန် တော် ပေါ် တွင် မ ဟာ ပ ရော ဟိတ် တစ် ပါး ကို ရ ရှိ ကြ သော ကြောင့် လည်း ကောင်း၊ဆိုး သွမ်း သော သြ တ္တ ပ္ပ စိတ် ကင်း သည့် တိုင် အောင် နှ လုံး၌ ဖျန်း ခြင်း သန့် သော ရေ နှင့် ကိုယ် ခ န္ဓာ၌ ဆေး ကြော ခြင်း ကို ခံ ပြီး သည့် အ လျောက် ဖြောင့် မှန် သော စိတ် သ ဘော နှင့် ယုံ ကြည် စိတ် ချ စွာ တိုး ဝင် ချဉ်း ကပ် ကြ ကုန် အံ့။
ထာ ဝ ရ ဘု ရား သည် ကောင်း မြတ် တော် မူ၍၊ က ရု ဏာ တော် သည် ကာ လ အ စဉ် တည် သော ကြောင့်၊ ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။
ငါ သည် တောင် တန်း သို့ မျှော် ကြည့် လျက် နေ၏။ မ စ ခြင်း ကို မည် သည့် အ ရပ် မှ ရ ပါ အံ့ နည်း။မိုး မြေ ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား အ ထံ တော် မှ၊ မ စ ခြင်း ကို ရ ပါ လိမ့် မည်။
အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် တို့ သည်၊ အ စီ အ ရင် ကြွ လာ တော် မူ ရာ လမ်း၌၊ ကိုယ် တော် ကို စောင့် မြော်၍၊ အ မည် တော် ကို လည်း ကောင်း၊ ဘွဲ့ နာ မ တော် ကိုလည်း ကောင်း၊ စိတ် က တ သ လျက် ရှိ နေ ကြ လေ ပြီ။
ခြင်္သေ့ ပျို များ သည်၊ စား ရာ မဲ့ ၍ ငတ် မွတ် ရ သော် လည်း၊ ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ သူ တို့ ၌၊ အ ကောင်း ဆို သ မျှ လို လေ သေး မ ရှိ ရ။
သင် တို့ သည် ဤ လော က ၏ အ လင်း ဖြစ်၏။ တောင် ထိပ် ပေါ် မှာ တည် ရှိ သော မြို့ သည် ပုန်း ကွယ် လျက် မ နေ နိုင်၊
ငါ၌ စွဲ လမ်း သော ကြောင့်၊ သူ့ ကို ငါ ကယ် လွှတ်၍၊ ငါ့ နာ မ ကို သိ ကျွမ်း သော ကြောင့်၊ ချီး မြှောက် မည်။
သို့ ဖြစ် လျှင် ဤ အ ကြောင်း အ ရာ များ ကို ထောက် သော် မည် သို့ ဆို ရ အံ့ နည်း။ ဘု ရား သ ခင် သည် ငါ တို့ ဘက်၌ ရှိ တော် မူ လျှင် တစ် ဘက်၌ ရှိ ဝံ့ သူ ကား မည် သူ နည်း။
ငါ့ စိတ် ဝိ ညာဉ် သည်၊ အ သက် ရှင် တော် မူ သော ဘု ရား သ ခင် ကို ငတ် လှ၏။ မည် သည့် အ ခါ မှ ရှေ့ တော် သို့ ရောက်၍၊ ဖူး မျှော် ရ ပါ မည် နည်း။
အ ကျွန်ုပ်၏ ကျောက် တောင် တော်၊ ရွေး နုတ် ပိုင် ရှင်၊ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ်၏ နှုတ် ထွက် စ ကား များ နှင့် စိတ် ဆင် ခြင် ချက် များ သည်၊ မျက် မှောက် တော်၌ လက် ခံ တော် မူ ဖွယ် ဖြစ် ပါ စေ သော။
အ ကျွန်ုပ် မူ ကား၊ အို ထာ ဝ ရ ဘု ရား။ လက် ခံ တော် မူ ဖွယ် အ ချိန်၌၊ ကိုယ် တော့် ထံ ပ ဌ နာ ပြု ပါ၏။ အို ဘု ရား သ ခင်၊ က ရု ဏာ တော် များ ပြား သည့် အ လျောက်၊ ကယ် တင် တော် မူ ခြင်း တည် တံ့ သည့် အ လျောက်၊ တုံ့ ပြန် ၍၊
ငါ သည်၊ ဘု ရား သ ခင့် ထံ၊ အ သံ လွှင့် လျက် အော် ဟစ် မည်။ ဘု ရား သ ခင့် ထံ၊ အ သံ လွှင့် သ ဖြင့်၊ နား ညောင်း တော် မူ လိမ့် မည်။တစ် ဖန်၊ ငါ ဝန် ခံ သည် ကား၊ အား နည်း သ ဖြင့် ထို အ တိုင်း စဉ်း စား သော် လည်း၊ မြင့် မြတ် သော ဘု ရား၏ ညာ လက် ရုံး တော် စီ မံ သော နှစ် များ အ တွင်း၊ထာ ဝ ရ ဘု ရား၏ အ မှု တော် များ ကို အောက် မေ့ ခြင်း၊ ရှေး ကာ လ ပြု ဖူး တော် မူ သော အံ့ ဖွယ် ရာ များ ကို သ တိ ရ ခြင်း၊ပြု တော် မူ သ မျှ ကို ဆင် ခြင် ခြင်း၊ စီ ရင် တော် မူ သ မျှ ကို စဉ်း စား ခြင်း ပြု ပါ မည်။အို ဘု ရား သ ခင်၊ နည်း လမ်း တော် သည် သန့် ရှင်း ရာ တ ရား၌ တည် ရှိ၍၊ ဘု ရား သ ခင် ကဲ့ သို့ မည် သည့် ဘု ရား ကြီး မြတ် သ နည်း။ကိုယ် တော် သည်၊ အံ့ ဖွယ် ရာ များ ကို စီ ရင် လျက်၊ လူ မျိုး တို့ တွင် တန် ခိုး တော် ကို ပြ တော် မူ သော ဘု ရား ဖြစ် တော် မူ ပါ ၏။လူ မျိုး တော် တည်း ဟူ သော ယာ ကုပ် နှင့် ယော သပ်၏ သား မြေး တို့ ကို၊ လက် ရုံး တော် ဖြင့် ရွေး နုတ် တော် မူ ပါ ပြီ ဟူ၍ တည်း။အို ဘု ရား သ ခင်၊ ရေ များ သည် ကိုယ် တော် ကို ဖူး မြင် ကြ ပါ ပြီ။ ရေ များ သည် ကိုယ် တော် ကို ဖူး မြင်၍ ကြောက် ရွံ့ ကြ ပါ၏။ နက် ရှိုင်း ရာ များ လည်း တုန် လှုပ် ကြ ပါ၏။မိုး တိမ် များ သည် ရေ ကို သွန် ချ၍၊ ကောင်း ကင် လည်း အ သံ ပြု ရာ၊ မြှား တော် များ ထွက် လာ ကြ ပါ၏။လေ ဗွေ၌၊ ကိုယ် တော်၏ မိုး ကြိုး သံ လွှင့်၍၊ လျှပ် စစ် များ ပြက် သ ဖြင့်၊ လော က ကို လင်း စေ ရာ၊ မြေ ကြီး တုန် တုန် လှုပ် လှုပ် ရှိ ၏။လမ်း တော် သည်၊ ပင် လယ် ၌၊ လမ်း ခ ရီး တော် လည်း၊ သ မု ဒ္ဒ ရာ၌ ရှိ သ ဖြင့်၊ ခြေ တော် ရာ များ မ ထင် ရှား ပါ။ဒု က္ခ ရောက် သည့် ကာ လ၊ အ ရှင် ဘု ရား ကို ရှာ ဖွေ လျက်၊ ညဉ့် အ ခါ၌ အား မ လျော့ ဘဲ လက် ဆန့် လျက် နေ ခိုက်၊ နှစ် သိမ့် ရာ ကို ငါ ငြင်း ဆို၏။
အို ထာ ဝ ရ ဘု ရား၊ မေ တ္တာ ကျေး ဇူး တော် သည် ကောင်း ကင် သို့လည်း ကောင်း၊ သ စ္စာ တော် သည်၊ မိုး တိမ် သို့ လည်း ကောင်း၊ မှီ ပါ၏။ဖြောင့် မတ် တော် မူ ခြင်း သည် တောင် တော် ကြီး များ နှင့်လည်း ကောင်း၊ ဆုံး ဖြတ် တော် မူ ချက် များ သည်၊ မ ဟာ ရေ ထု နှင့်လည်း ကောင်း၊ တူ မျှ ပါ၏။ အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည်၊ လူ သူ တိ ရ စ္ဆာန် မျိုး ကို ထိန်း သိမ်း တော် မူ ပါ၏။
သို့ ဖြစ်၍ ငါ့ ဘု ရား သ ခင် သည် ဘုန်း တော် ကြွယ် ဝ တော် မူ သည့် အ တိုင်း သင် တို့ အ လို ရှိ သ မျှ ကို ခ ရစ် တော် ယေ ရှု အား ဖြင့် ပြည့် စုံ စေ တော် မူ လိမ့် မည်။
သင့် အ မူ အ ရာ ကို၊ ထာ ဝ ရ ဘု ရား အား လွှဲ အပ် လော့။ အ ကြံ အ စည် များ သည်၊ အ ထ မြောက် လိမ့် မည်။
ဘု ရား ထက် ဘု ရား၏ က ရု ဏာ တော် သည် ကာ လ အ စဉ် တည် သော ကြောင့်၊ ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။
၄င်း ပြင် ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို ပ ဌ နာ ပြု သူ တိုင်း ကယ် တင် ခွင့် ရ လ တ္တံ့ ဟု ကျမ်း ချက် အ ရ ယု ဒ လူ မျိုး နှင့် လူ မျိုး ခြား တို့ ခြား နား ခြင်း မ ရှိ။ တစ် ပါး တည်း သော အ ရှင် သည် ခပ် သိမ်း တို့ အ ပေါ် တွင် အုပ် စိုး လျက် ပ ဌ နာ ပြု သူ တို့ အ ဖို့ ကြွယ် ဝ တော် မူ၏။
စိုး ရိမ် သော စိတ် သည်၊ ကိုယ် ကို ညှိုး ငယ် စေ တတ်၏။ ကျေး ဇူး စ ကား မူ ကား၊ ရွှင် လန်း စေ တတ် ၏။
သို့ မှ ကိုယ် တော်၌ ခို လှုံ သူ တို့ သည်၊ ကွယ် ကာ တော် မူ မည် ဖြစ်၍၊ ကာ လ အ စဉ် ရွှင် လန်း စွာ ကြွေး ကြော် ကြ ပါ မည်။ နာ မ တော် ကို ချစ် ခင် ကြည် ညို သူ တို့ လည်း ကိုယ် တော် ကြောင့် အား ရ ကြ ပါ မည်။