ကိုယ့်ရင်ထဲမှာရှိတာတွေကို ပါးစပ်ကနေပြန်ပြောထွက်လာတယ်ဆိုတာ သတိရပါ။ ဘုရားသခင်ကို လုပ်ကျွေးပါတယ်ဆိုပြီး ပြောနေပေမယ့် ကိုယ်ပြောတဲ့စကားတွေက ဘုရားသခင်ဖန်ဆင်းထားတဲ့သူတွေကို ကျိန်ဆဲနေရင်တော့ မဖြစ်ပါဘူး။ ကိုယ်ပြောတဲ့ တစ်ခွန်းချင်းစီတိုင်းမှာ အင်အားကြီးတယ်။ ဘုရားသခင်က ကိုယ့်ရဲ့လျှာကို အင်အားကြီးမားတဲ့ တန်ခိုးပေးထားတယ်။ အဲ့ဒီတန်ခိုးကို ဘယ်လိုသုံးမလဲဆိုတာ ကိုယ့်အပေါ်မှာပဲ မူတည်တယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အကူအညီနဲ့ ကောင်းကင်ဘုံမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ခမည်းတော် နှစ်သက်တဲ့ စကားတွေကို ပြောနိုင်မှာပါ။ အကျိုးမရှိ၊ အသက်မပါတဲ့၊ စိတ်ဝိညာဉ်ကို ညစ်ညမ်းစေတဲ့ စကားတွေကို မပြောဘဲ ဘုရားသခင်ဆီကလာတဲ့ ဉာဏ်ပညာနဲ့ပြည့်ဝတဲ့ စကားတွေကိုပဲ ပြောရမယ်။
ဘုရားသခင်ရဲ့ ပညတ်တော်တွေနဲ့ ဆန့်ကျင်တဲ့ စကားတွေကို မပြောမိအောင် နေ့တိုင်း သတိထားရမယ်။ ကောလာဟလတွေ၊ အတင်းအဖျင်းတွေ၊ သူများကို မဟုတ်မမှန်ပြောတာတွေကို ရှောင်ကြဉ်ရမယ်။ ငြိမ်းချမ်းတဲ့စိတ်နဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတိုင်းနဲ့ သင့်မြတ်အောင်နေရမယ်။ အဲ့ဒီလိုနေမှ ကိုယ့်ရင်ထဲမှာ ယေရှုရဲ့ စစ်မှန်တဲ့ မေတ္တာတရားတွေ စီးဆင်းနေမှာဖြစ်ပြီး ကိုယ်ပြောတဲ့စကားတွေကလည်း နှစ်လိုဖွယ်ကောင်းလာမှာပါ။ ယေရှုရဲ့နာမတော်ကို ခေါ်ယူရုံနဲ့ အရာအားလုံး ပြောင်းလဲသွားနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ဘုရားသခင်ရဲ့ ဝိညာဉ်တော် လမ်းညွှန်မှုကို အမြဲတမ်း လိုက်နာနေမယ်ဆိုရင် တစ်စုံတစ်ယောက်ရဲ့ အသက်ကိုတောင် ကယ်တင်နိုင်ပါတယ်။
ထာဝရဘုရားသခင် ပေးသနားထားတဲ့ အရည်အချင်းတွေကို ကောင်းတာအတွက်ပဲ သုံးပါ။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ယေရှုရဲ့မေတ္တာတရားနဲ့ လုပ်ကျွေးပါ။ ကိုယ်နေထိုင်တဲ့ ဒီကမ္ဘာမြေကြီးမှာ ယေရှုရဲ့ ကိုယ်စား ဆောင်ရွက်ပေးသူ ဖြစ်ပါစေ။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ်ပြောတဲ့စကားတွေရဲ့ စွမ်းအားကို သတိရပါ။ “ကျွန်တော့် ပါးစပ်က ထွက်လာတဲ့ စကားတွေကို သတိထားပြောရမယ်” လို့ ကိုယ့်ကိုယ်ကို ပြောပါ။ ဒါဟာ ကိုယ့်အတွက်တော့ သေဆုံးခြင်း၊ ယေရှုအတွက်တော့ အသက်ရှင်ခြင်းပါပဲ။ ကျွန်တော်တို့ရဲ့ စကားတွေက ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အသက်တာကို ပြသရမယ်။ ဘုရားသခင်က ကျွန်တော်တို့ရဲ့ လျှာကို သူ့ရဲ့တန်ခိုးနဲ့ ကယ်တင်ခြင်းကျေးဇူးတော်ရဲ့ ကိရိယာတစ်ခုအဖြစ် အသုံးပြုနိုင်အောင် လမ်းညွှန်ပေးပါစေ။
လျှာ သည်၊ အ သက် ရှင် စေ ရန်၊ သေ စေ ရန် တန် ခိုး ရှိ၏။ လျှာ ကို နှစ် သက် သော သူ လည်း၊ ၎င်း၏ အ သီး ကို စား ရ လိမ့် မည်။
ချို သာ စွာ တုံ့ ပြန် ချက် သည်၊ ဒေါ သ ကို လွှဲ ရှောင် တတ်၏။ ကြမ်း တမ်း သော စ ကား မူ ကား၊ အ မျက် ကို နှိုး ဆော် တတ် ၏။
ဖြောင့် မတ် သူ သည်၊ နှုတ် ဖြင့် ဉာဏ် ပ ညာ အ ကြောင်း မြွက် ဆို လျက်၊ လျှာ ဖြင့် မျှ တ ခြင်း အ ကြောင်း ပြော ဆို တတ်၏။
ချို သော စ ကား များ သည်၊ ပျား လ ပို့ ကဲ့ သို့ ဖြစ် သ ဖြင့် အ သက်၌ အေး မြ၍၊ အ ရိုး သန် မာ ခြင်း အ ကြောင်း လည်း ဖြစ် ၏။
အ သို့ ဆို သော် ကိုယ့် စ ကား အား ဖြင့် အ ပြစ် ပြေ လွတ် ခြင်း ကို လည်း ကောင်း၊ ကိုယ့် စ ကား အား ဖြင့် လည်း အ ပြစ် စီ ရင် ခြင်း ကိုလည်း ကောင်း ခံ ရ မည် ဟု မိန့် မှာ တော် မူ၏။
ထို နည်း တူ လျှာ သည် ငယ် သော အင်္ဂါ ဖြစ် သော် လည်း ကြီး ကျယ် သော အ မှု အ ရေး များ ကြောင့် ဂုဏ် တင် တတ်၏။ အ နည်း ငယ် သော မီး သည် ကြီး ကျယ် သော သစ် တော ကို လောင် တတ် သည် တ ကား။
တုံ့ ပြန် သော နှုတ် သ တ္တိ အား ဖြင့်၊ လူ၌ ရွှင် လန်း ခြင်း ရှိ၏။ အ ချိန် သင့်၍ ဆို သော စ ကား သည်၊ အ လွန် တင့် တယ် လေ၏။
လူ့ နှုတ် မြွက် ချက် သည်၊ နက် နဲ သော ရေ၊ စီး မြဲ သော မြစ်၊ ပ ညာ စမ်း ရေ ကဲ့ သို့ ဖြစ်၏။
လျှာ လည်း မီး သ ဖွယ်၊ ဒု စ ရိုက် လော က သ ဖွယ် ဖြစ်၏။ ငါ တို့ အင်္ဂါ များ တွင် တည်၍ တစ် ကိုယ် လုံး ညစ် ညူး စေ သည့် ပြင် င ရဲ မီး ဖြင့် ကူး လောင် သည့် အ လျောက် ငါ တို့ ဇာ တိ စက် ကို စွဲ လောင် တတ် ၏။
အ ငြိမ် မ နေ သော ဘေး၊ သေ စေ တတ် သော အ ဆိပ် နှင့် ပြည့် သော လျှာ မူ ကား မည် သူ မျှ မ နှိမ် နင်း နိုင်။
စ ကား ကို ချုပ် တည်း သော သူ သည်၊ အ သိ ပ ညာ ရှိသူ၊ ဣ န္ဒြေ ကို စောင့် စည်း သော သူ လည်း၊ ဉာဏ် ပ ဋိ ဘာန် ရှိ သော သူ ဖြစ်၏။
စ ကား ဝိုင်း ဖွဲ့ ရာ တွင် ကျူး လွန် ခြင်း အ ပြစ် သည်၊ မ ပြတ် မ စဲ ရာ။ နှုတ် ကို ချုပ် တည်း တတ် သူ မူ ကား၊ သ တိ ပ ညာ ရှိ၏။
ကိုယ့် နှုတ် ကို စောင့် ထိန်း သော သူ သည်၊ အ သက် ကို စောင့် ရှောက် ရာ ရောက် ၏။ နှုတ် ကျယ် သော သူ မူ ကား၊ ပျက် စီး လိမ့် မည်။
သူ တော် ကောင်း၏ နှုတ် သည်၊ အ သက် ရေ တွင်း ဖြစ်၏။ လူ ဆိုး တို့၏ နှုတ် ကို ကား၊ ကြမ်း ကြုတ် ခြင်း ဖုံး အုပ် လေ၏။
မိုက် မဲ သူ၏ နှုတ် သည် ကိုယ့် ပျက် စီး ရာ၊ နှုတ် ခမ်း လည်း ကိုယ့် အ သက် ကို ကျော့ မိ ရာ အ ကြောင်း ဖြစ် ၏။
သ မ္မာ တ ရား တော်၊ ဘု ရား သ ခင့် တန် ခိုး တော် အား ဖြင့် လည်း ကောင်း၊ ဝဲ ယာ စွဲ ကိုင် သော သု စ ရိုက် လက် နက် စုံ အား ဖြင့် လည်း ကောင်း၊
အ ချင်း လှည့် စား တတ် သူ၊ သင့် လျှာ သည် ထက် သော သင် တုန်း ကဲ့ သို့၊ ဆိုး ယုတ် မှု ကို စီ မံ တတ် ၏။
နား ထောင် ကြ။ ထူး မြတ် သော စ ကား ကိုငါ ကြော် ငြာ လျက်၊ တော် မှန် ညီ ညွတ် ခြင်း ကို လည်း ငါ နှုတ် မြွက် မည်။
ထို နည်း တူ လျှာ သည် ငယ် သော အင်္ဂါ ဖြစ် သော် လည်း ကြီး ကျယ် သော အ မှု အ ရေး များ ကြောင့် ဂုဏ် တင် တတ်၏။ အ နည်း ငယ် သော မီး သည် ကြီး ကျယ် သော သစ် တော ကို လောင် တတ် သည် တ ကား။လျှာ လည်း မီး သ ဖွယ်၊ ဒု စ ရိုက် လော က သ ဖွယ် ဖြစ်၏။ ငါ တို့ အင်္ဂါ များ တွင် တည်၍ တစ် ကိုယ် လုံး ညစ် ညူး စေ သည့် ပြင် င ရဲ မီး ဖြင့် ကူး လောင် သည့် အ လျောက် ငါ တို့ ဇာ တိ စက် ကို စွဲ လောင် တတ် ၏။
သို့ ရာ တွင် ပို့ အပ် ခံ ရ ကြ သည့် ကာ လ မည် သည့် နည်း နှင့် မည် သည့် စ ကား ကို ဆို ရ မည့် အ ကြောင်း မ စိုး ရိမ် ကြ နှင့်။ ဆို ရ မည့် စ ကား ကို ထို အ ချိန် နာ ရီ တွင် ပင် ရ ကြ လိမ့် မည်။
ပ ညာ ရှိ စ ကား သည်၊ ကျေး ဇူး များ၏။ လူ မိုက်၏ နှုတ် ထွက် မူ ကား၊ ကိုယ် ကို မျို စား လျက်၊
လွန် ကဲ သော နည်း လမ်း ကို ငါ ပြ ဦး မည် မှာ ငါ သည် လူ တို့ နှင့် စေ တ မန် တော် တို့ ဘာ သာ စ ကား ထူး ပြော ဆို သော် လည်း၊ မေ တ္တာ မ ရှိ လျှင် ပဲ့ တင် ခတ် သော ကြေး စည်၊ အ သံ မြည် သော လင်း ကွင်း မျှ ဖြစ် လေ ပြီ။
မိုက် မဲ သော သူ သည်၊ အ မျက် ရှိ သ မျှ ကို ဖော် ပြ တတ်၏။ ပ ညာ ရှိ မူ ကား၊ ချုပ် တည်း ၍ ငြိမ်း စေ တတ်၏။
ဉာဏ် ကောင်း သော သူ ၏ စိတ် နှ လုံး သည်၊ အ သိ ပ ညာ ကို လိုက် ရှာ တတ်၏။ လူ ဗာ လ တို့၏ နှုတ် မူ ကား၊ မိုက် မဲ ခြင်း ကို ကျက် စား တတ် ၏။
ကိုယ့် လျှာ ကို မ ကောင်း သော အ ရာ မှ လည်း ကောင်း၊ ကိုယ့် နှုတ် ကို ပ ရိ ယာယ် ပြော ဆို ခြင်း မှ လည်း ကောင်း၊ စောင့် စေ။
ချို သာ သော လျှာ သည်၊ အ သက် ပင် သ ဖွယ် ဖြစ်၏။ စဉ်း လဲ သော လျှာ မူ ကား၊ စိတ် ကို ကြေ ကွဲ စေ တတ်၏။
ထို အ တိုင်း အ သက် ကို နှစ် သက်၍ ကောင်း စား သော နေ့ ရက် များ ကို တွေ့ မြင် လို သူ သည် ကိုယ့် လျှာ ကို မ ကောင်း သော အ ရာ မှ လည်း ကောင်း၊ ကိုယ် နှုတ် ကို ပ ရိ ယာယ် ပြော ဆို ခြင်း မှ လည်း ကောင်း၊ စောင့် ရှောက် စေ။ဒု စ ရိုက် ကို ရှောင် ကြဉ်၍ သု စ ရိုက် ကို ယှဉ် လျက် ငြိမ် သက် ခြင်း ကို ရှာ ဖွေ လိုက် လံ စေ။
မွန် မြတ် သော စ ကား သည်၊ မိုက် မဲ သူ နှင့် မ သင့် လျော် သည် မှန် လျှင်၊ မု သာ စ ကား လည်း၊ သူ တော် ကောင်း နှင့် မ သင့် မ လျော်။
နှုတ် လျှာ ကို စောင့် စည်း သော သူ သည်၊ ကိုယ့် အ သက် ကို ဒု က္ခ မှ ကွယ် ကာ စောင့် ရှောက် ရာ ရောက်၏။
သန် လျက် နှင့် ထိုး သ ကဲ့ သို့၊ မ စဉ်း စား ဘဲ ပြော ဆို တတ် သော သူ ရှိ၏။ ပ ညာ ရှိ တို့ လျှာ မူ ကား၊ သန် မာ ခြင်း သို့ ရောက် စေ တတ် ၏။
ကိုယ့် လျှာ ကို မ ကောင်း သော အ ရာ မှ လည်း ကောင်း၊ ကိုယ့် နှုတ် ကို ပ ရိ ယာယ် ပြော ဆို ခြင်း မှ လည်း ကောင်း၊ စောင့် စေ။ဒု စ ရိုက် ကို ကြဉ်၍ သု စ ရိုက် ကို ယှဉ် လျက်၊ ငြိမ် သက် ခြင်း ကို ရှာ ဖွေ လိုက် လံ စေ။
အ ကျွန်ုပ် က လည်း၊ နေ့ ရှိ သ မျှ ကိုယ် တော်၏ ဖြောင့် မတ် တော် မူ ခြင်း အ ကြောင်း ကို မြွက် ဆို လျက်၊ ဂုဏ် တော် ကို ချီး မွမ်း ပါ မည်။
မည် သူ မ ဆို ကိုယ့် လျှာ ကို မ ချုပ် တည်း ဘဲ စိတ် နှ လုံး ကို လှည့် စား ရာ ဘု ရား တ ရား ဝတ် ပြု သူ ဟု ထင် မှတ် လျှင် ထို သူ ၏ ဝတ် သည် အ ချည်း အ နှီး ဖြစ် ၏။
သင် တို့ နှုတ် မှ အ လ ဇ္ဇီ စ ကား မ ထွက် စေ ဘဲ၊ ကြား နာ သူ တို့၌ အ ကျိုး ကျေး ဇူး ဖြစ် စေ ရန်၊ ဆောက် တည် ဖွယ် ကောင်း သော စ ကား ကို သာ ထွက် စေ ကြ လော့။
အ ချင်း မြွေ ဆိုး သား တို့ စိတ် နှ လုံး ပြည့် လျှံ သည့် အ တိုင်း နှုတ် က မြွက် တတ် သည် ဖြစ်၍ ဆိုး သွမ်း သော သင် တို့ သည် ကောင်း သော စ ကား ကို မည် သို့ ပြော ဆို နိုင် မည် နည်း။ကောင်း သော သူ သည် ကောင်း သော ကိုယ့် ဘ ဏ္ဍာ ထဲ မှ ကောင်း သော အ ရာ များ ကို ထုတ် တတ်၏။ မ ကောင်း သော သူ လည်း မ ကောင်း သော ကိုယ့် ဘ ဏ္ဍာ ထဲ မှ မ ကောင်း သော အ ရာ များ ကို ထုတ် တတ်၏။လူ တို့ သည် အ ချည်း နှီး ပြော ဆို မိ သော စ ကား ရှိ သ မျှ အ တွက် တ ရား စီ ရင် သည့် နေ့ တော် တွင် အ ကြောင်း ပြ ရ ကြ လိမ့် မည် ငါ ဆို၏။အ သို့ ဆို သော် ကိုယ့် စ ကား အား ဖြင့် အ ပြစ် ပြေ လွတ် ခြင်း ကို လည်း ကောင်း၊ ကိုယ့် စ ကား အား ဖြင့် လည်း အ ပြစ် စီ ရင် ခြင်း ကိုလည်း ကောင်း ခံ ရ မည် ဟု မိန့် မှာ တော် မူ၏။
အ သီး အ သီး တို့ အား မည် သို့ ဖြေ ဆို သင့် ကြောင်း သိ စေ ခြင်း ငှာ ယဉ် ကျေး သော စ ကား ကို သင် တို့ အ ပြော အ ဆို တွင် ဆား သ ဖွယ် ခတ် ကြ လော့။
ငါ ချစ် သော ညီ အစ် ကို တို့၊ သင် တို့ သည် ဤ အ ကြောင်း အ ရာ များ ကို သိ ကြ၏။ သို့ ရာ တွင် အ သီး အ သီး ကြား နာ ရန် လျင် မြန် ကြ စေ။ ပြော ဆို ရန် နှင့် အ မျက် ထွက် ရန် နှောင့် နှေး ကြ စေ။
ကျင့် ကြံ ပြု မူ ခဲ့ ကြ သော် လည်း အ မျက် ထွက် ခြင်း၊ စိတ် ဆိုး ခြင်း၊ ရန် ညိုး ဖွဲ့ ခြင်း၊ ကုန်း ချော ခြင်း၊ နှုတ် မှ အ လ ဇ္ဇီ ထွက် ခြင်း အ မျိုး မျိုး ကို ယ ခု စွန့် ပယ် ကြ လော့။
ငါ ချစ် သော ညီ အစ် ကို တို့၊ သင် တို့ သည် ဤ အ ကြောင်း အ ရာ များ ကို သိ ကြ၏။ သို့ ရာ တွင် အ သီး အ သီး ကြား နာ ရန် လျင် မြန် ကြ စေ။ ပြော ဆို ရန် နှင့် အ မျက် ထွက် ရန် နှောင့် နှေး ကြ စေ။ညီ အစ် ကို တို့၊ သင် တို့ ယုံ ကြည် ခြင်း ကို စံ ချ သော အ ရာ ဖြင့် တည် ကြည် ခြင်း ဖြစ် ပွား ကြောင်း သိ မြင် လျက် အ ထပ် ထပ် စုံ စမ်း ရာ ကျ ရောက် သည့် ကာ လ ဝမ်း မြောက် ရန် သက် သက် ဟု မှတ် ယူ ကြ လော့။လူ၏ အ မျက် သည် ဘု ရား သ ခင့် ဖြောင့် မတ် ခြင်း တ ရား ကို မ ဖြစ် ပွား စေ နိုင်။
သင့် လျော် စွာ ပြော ဆို သော စ ကား သည်၊ ငွေ ပန်း ထည်၌ ချယ် သော ရွှေ သီး ကဲ့ သို့ ဖြစ် ၏။
လူ တို့ သည် အ ချည်း နှီး ပြော ဆို မိ သော စ ကား ရှိ သ မျှ အ တွက် တ ရား စီ ရင် သည့် နေ့ တော် တွင် အ ကြောင်း ပြ ရ ကြ လိမ့် မည် ငါ ဆို၏။အ သို့ ဆို သော် ကိုယ့် စ ကား အား ဖြင့် အ ပြစ် ပြေ လွတ် ခြင်း ကို လည်း ကောင်း၊ ကိုယ့် စ ကား အား ဖြင့် လည်း အ ပြစ် စီ ရင် ခြင်း ကိုလည်း ကောင်း ခံ ရ မည် ဟု မိန့် မှာ တော် မူ၏။
မည် သို့ ဆို သ နည်း။ ငါ တို့ ဟော ပြော သည့် ယုံ ကြည် ခြင်း သ တင်း ဟု ဆို လို သော သ တင်း တော် သည် သင့် နှုတ်၊ သင့် နှ လုံး၊ သင့် အ နီး အ ပါး၌ တည် ရှိ သည် ဟု ဆို သ တည်း။
အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ်၏ နှုတ် ရှေ့ ကင်း စောင့် ထား လျက်၊ အ ကျွန်ုပ် နှုတ် တံ ခါး ကို စောင့် တော် မူ ပါ။
ပ ညတ် တော် ရှိ သ မျှ သည် ဖြောင့် မတ် သော ကြောင့်၊ နှုတ် က ပတ် တော် အ ကြောင်း၊ လျှာ ဖြင့် ကြွေး ကြော် ရ ပါ စေ သော။
အ သို့ ဆို သော် နှ လုံး ဖြင့် ယုံ ကြည်၍ ဖြောင့် မတ် ရာ၊ နှုတ် ဖြင့် ဝန် ခံ၍ ကယ် တင် ရာ ရောက် ခွင့် ရှိ၏။
စိတ် နှ လုံး ပြည့် လျှံ သည့် အ တိုင်း နှုတ် က မြွက် တတ် သည် ဖြစ်၍၊ ကောင်း သော သူ သည် ကောင်း သော ကိုယ့် စိတ် ဘ ဏ္ဍာ ထဲ မှ ကောင်း သော အ ရာ များ ကို ထုတ် တတ်၏။ မ ကောင်း သော သူ လည်း မ ကောင်း သော ကိုယ့် ဘ ဏ္ဍာ ထဲ က မ ကောင်း သော အ ရာ များ ကို ထုတ် တတ်၏။
ထို အ တိုင်း အ သက် ကို နှစ် သက်၍ ကောင်း စား သော နေ့ ရက် များ ကို တွေ့ မြင် လို သူ သည် ကိုယ့် လျှာ ကို မ ကောင်း သော အ ရာ မှ လည်း ကောင်း၊ ကိုယ် နှုတ် ကို ပ ရိ ယာယ် ပြော ဆို ခြင်း မှ လည်း ကောင်း၊ စောင့် ရှောက် စေ။
ထင်း မ ရှိ လျှင်၊ မီး သေ သ ကဲ့ သို့၊ ကုန်း ချော သော သူ မ ရှိ လျှင်၊ ရန် ငြိမ်း တတ်၏။မီး ကျီး အ ဖို့ မီး သွေး၊ မီး အ ဖို့ ထင်း၊ ရန် မီး ထ ခြင်း အ ဖို့၊ ရန် တွေ့ တတ် သော သူ တည်း။
ပင် ပန်း သူ တို့ အား၊ စ ကား ဖြင့် ထောက် ခံ နိုင် စေ ရန်၊ အ ရှင် ထာ ဝ ရ ဘု ရား သည် တ ပည့် ရင်း တို့ ၏ နှုတ် သ တ္တိ ကို၊ ငါ့ အား ပေး တော် မူ ပြီ။ တ ပည့် ရင်း တို့ ဘာ ဝ နာ ခံ စေ ခြင်း ငှာ၊ နံ နက် တိုင်း ငါ့ နား ကို နှိုး ဆော် တော် မူ ၏။
ကိုယ့် နှုတ် ကို၊ ကောင်း ကင် ဘုံ နှင့် ဆန့် ကျင် ဘက် ထား၍၊ ကိုယ့် လျှာ လည်း၊ မြေ ကြီး တစ် လျှောက် လုံး လှည့် လည် တတ် ၏။
ခံ တွင်း သို့ ဝင် သည့် အ ရာ က လူ ကို မ သန့် အောင် ပြု သည် မ ဟုတ်၊ ခံ တွင်း မှ ထွက် သည့် အ ရာ က သာ မ သန့် အောင် ပြု သည် ဟု မိန့် တော် မူ၏။
လူ မိုက် ကို ပင်၊ ဆိတ် ဆိတ် နေ သော်၊ ပ ညာ ရှိ ဟူ၍ လည်း ကောင်း၊ နှုတ် ပိတ် လျက် နေ သော်၊ ဉာဏ် ကောင်း သည် ဟူ၍ လည်း ကောင်း၊ ထင် မှတ် တတ် ကြ ၏။
စ ကား လျင် လွန်း သူ့ ကို တွေ့ ရှိ သ လော။ ထို သူ ထက် မိုက် မဲ သော သူ့ အ ဖို့ မျှော် လင့် ရာ အ ကြောင်း ရှိ သေး၏။
ထို ကြောင့် ငါ တို့ သည် ငြိမ် သက် ခြင်း၊ အ ချင်း ချင်း တည် ဆောက် ခြင်း အ မှု များ ကို ကြံ စည် ကြ၏။
ဘု ရား သ ခင် ရှေ့ တော် တွင်၊ မြန် သော နှုတ် ဖြင့် ဆို ခြင်း၊ လျင် သော စိတ်၌ မြွက် ခြင်း များ ကို မ ပြု နှင့်။ ဘု ရား သ ခင် ကား၊ ကောင်း ကင် ဘုံ၌ ရှိ တော် မူ သည်။ သင် ကား၊ မြေ ပေါ် တွင် ရှိ သည် ကို ထောက်၍ စ ကား မ များ ရာ။
စဉ်း လဲ တတ် သော နှုတ် ရှိ၍ မိုက် မဲ သူ ထက်၊ ရိုး သား စွာ လိုက်လျှောက် သော သူ ဆင်း ရဲ သည်၊ သာ၍ မြတ်၏။
ညီ အစ် ကို တို့၊ လွတ် ခွင့် အ ဖို့ သင် တို့ ကို ခေါ် ထား တော် မူ သည် မှန်၏။ သို့ ရာ တွင် ထို လွတ် ခွင့် ကို ရုပ် ခ န္ဓာ သွေး ဆောင် ရာ သွေး ဆောင် ကြောင်း မ ဖြစ် စေ ဘဲ ချစ် ခြင်း မ တ္တာ အား ဖြင့် အ ချင်း ချင်း တို့ ထံ ကျွန် ခံ ကြ လော့။
အို ထာ ဝ ရ ဘု ရား၊ မု သာ သုံး သော နှုတ်၊ လှည့် စား တတ် သော လျှာ မှ အ ကျွန်ုပ် အ သက် ကို ကယ် လွှတ် တော် မူ ပါ။
အ ကျွန်ုပ်၏ ကျောက် တောင် တော်၊ ရွေး နုတ် ပိုင် ရှင်၊ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ်၏ နှုတ် ထွက် စ ကား များ နှင့် စိတ် ဆင် ခြင် ချက် များ သည်၊ မျက် မှောက် တော်၌ လက် ခံ တော် မူ ဖွယ် ဖြစ် ပါ စေ သော။
စ ကား ကို ချုပ် တည်း သော သူ သည်၊ အ သိ ပ ညာ ရှိသူ၊ ဣ န္ဒြေ ကို စောင့် စည်း သော သူ လည်း၊ ဉာဏ် ပ ဋိ ဘာန် ရှိ သော သူ ဖြစ်၏။လူ မိုက် ကို ပင်၊ ဆိတ် ဆိတ် နေ သော်၊ ပ ညာ ရှိ ဟူ၍ လည်း ကောင်း၊ နှုတ် ပိတ် လျက် နေ သော်၊ ဉာဏ် ကောင်း သည် ဟူ၍ လည်း ကောင်း၊ ထင် မှတ် တတ် ကြ ၏။
အ ပေါင်း အ ဖော် ကို ကိုယ် နှင့် အ မျှ ချစ် လော့ ဟူ သော ကျမ်း တစ် ချက်၌ ပ ညတ် တ ရား အ လုံး စုံ ချုပ် ခြာ လျက် ရှိ၏။
ထို သူ တို့ သည် ကိုယ့် လျှာ ကို ဓား ကဲ့ သို့ ကျင်း ခြင်း၊ နစ် နာ ရာ စ ကား ဖြစ် သော မြှား ကို ရွယ် ခြင်း၊ စုံ လင် သော သူ့ ကို၊ အောင်း ရာ မှ ပစ် ခြင်း ကြံ လျက်၊ ရှောင် တ ခင် ဘေး ကင်း စွာ ပစ် တတ် ကြ သည် တ ကား။
ညီ အစ် ကို တို့၊ ငါ တို့ ရှိ သ မျှ သည် အ နည်း နည်း အား ဖြင့် မှောက် မှား မိ ကြ သည့် အ လျောက် ကြီး လေး သော စီ ရင် ဒဏ် ခံ ရ မည် ကို စိုး ၍ ဆ ရာ အ ဖြစ် ကို အ များ တို့ မ ရှာ ကြ နှင့်။ ဝ စီ ကံ မ မှောက် မှား သူ ကား စုံ လင် သူ၊ တစ် ကိုယ် လုံး ချုပ် တည်း နိုင် သူ ဖြစ်၏။နှုတ် တစ် ခု တည်း မှ သြ ဘာ ဆက် ခြင်း နှင့် ကျိန် ဆဲ ခြင်း ထွက် လေ စွ တ ကား။ ညီ အစ် ကို တို့၊ ထို သို့ မ ဖြစ် သင့်။စမ်း တစ် ပေါက် တည်း မှ ရေ ချို ရေ ခါး ထွက် သ လော။ညီ အစ် ကို တို့၊ သ ဖန်း ပင် သည် သံ လွင် သီး ကို လည်း ကောင်း၊ စ ပျစ် ပင် သည် သ ဖန်း သီး ကို လည်း ကောင်း သီး နိုင် သ လော။ ရေ ငံ မှ လည်း ရေ ချို မ ထွက် နိုင်။သင် တို့ ဘောင် တွင် ဉာဏ် ပ ညာ ရှိ၍ နား လည် တတ် သူ ကား မည် သူ နည်း။ ဉာဏ် ပ ညာ နှင့် ဆိုင် ရာ သိမ် မွေ့ ခြင်း အား ဖြင့် ကောင်း မွန် စွာ ကျင့် ကြံ ပြု မူ လျက် သူ့ ကိုယ် ကျင့် ကို ပြ ပါ စေ။သင် တို့ စိတ် နှ လုံး ၌ ပြင်း ထန် သော ပြိုင် ဆိုင် ခြင်း၊ ဖီ ဆန် ခြင်း များ ရှိ လျှင် သ မ္မာ တ ရား တော် နှင့် ဆန့် ကျင်၍ မု သာ သုံး ခြင်း၊ ဝါ ကြွား ခြင်း မ ပြု ကြ လင့်။ထို သို့ သော ဉာဏ် ပ ညာ သည် အ ထက် မှ ဆင်း သက် သည် မ ဟုတ်။ လော က၊ ရုပ် ခ န္ဓာ၊ နတ် ဆိုး များ မှ တည်း။ပြိုင် ဆိုင် ခြင်း၊ ဖီ ဆန် ခြင်း များ ရှိ သူ တို့၌ ဘက် ပြိုင် မှု၊ ယုတ် ညံ့ မှု အ မျိုး မျိုး ရှိ တတ် ၏။အ ထက် မှ ဆင်း သက် သော ဉာဏ် ပ ညာ မူ ကား ဦး စွာ သန့် စင်၍ နောက် သင့် တင့် နူး ညံ့ လိုက် နာ လျက် မျက် နှာ ရွေး ခြင်း၊ ဟန် ဆောင် ခြင်း မဲ့ လျက် က ရု ဏာ နှင့် လည်း ကောင်း၊ ကောင်း ကျိုး များ နှင့် လည်း ကောင်း ပြည့် စုံ ၏။ဖျန် ဖြေ သူ တို့ ကြဲ သော အ သင့် အ တင့် မျိုး မှ ဖြောင့် မတ် ခြင်း အ သီး ဖြစ် ထွန်း လိမ့် သ တည်း။
ချစ် ခင် သော သူ၏ ဒဏ် ချက် သည်၊ သ စ္စာ ကို စောင့် ထိန်း တတ်၏။ မုန်း ထား သူ၏ နမ်း ခြင်း မူ ကား၊ လှည့် စား တတ်၏။