လူ ဆိုး တို့၏ ပူ ဇော် သ က္ကာ သည်၊ ထာ ဝ ရ ဘု ရား၏ မျက် မှောက် တော်၌ စက် ဆုပ် ရွံ့ ရှာ ဖွယ်၊ သူ တော် ကောင်း တို့၏ ဆု တောင်း ပ ဌ နာ မူ ကား၊ နှစ် သက် တော် မူ ဖွယ် ဖြစ် ၏။
ထိုနေ့ရက်ကာလ၌သင်တို့သည်ငါ့ကိုမေးလျှောက်ရကြတော့မည်မဟုတ်။ ငါဧကန်အမှန်ဆိုသည်ကား ခမည်းတော့်ထံ မည်သည်ကိုမဆိုသင်တို့တောင်းလျှောက်လျှင် ငါ့နာမ၌သနားတော်မူလိမ့်မည်။
အ ကျဉ်း အ ကျပ် သို့ ရောက် သ ဖြင့်၊ ထာ ဝ ရ ဘု ရား ထံ အော် ဟစ် ကြ သော်၊ဆင်း ရဲ ဒု က္ခ ထဲ က ထုတ် ဆောင် လျက်၊ လှိုင်း တံ ပိုး ငြိမ်း ရ အောင် လေ ပြင်း ကို ရပ် စဲ စေ တော် မူ ပြီး လျှင်၊ ထို သို့ ငြိမ်း ခွင့် ကြောင့် ရွှင် လန်း သူ တို့ ကို၊စု သိမ်း လာ သော သူ၊ ရွေး နုတ် တော် မူ သော သူ တို့ သည် ချီး မွမ်း ကြ စေ။လို ရာ ဆိပ် ကမ်း သို့ ပို့ ဆောင် တော် မူ ၏။
ဒု က္ခ ရောက် သော နေ့ ရက်၌၊ ထာ ဝ ရ ဘု ရား သည် ဘု ရင် မင်း အား ထူး တော် မူ ပါ စေ သော၊ ယာ ကုပ်၏ ဘု ရား သ ခင့် နာ မ တော် သည်၊ ကိုယ် တော် ကို ချီး မြှင့် ပါ စေ သော။
အ ဆွေ ခင် ပွန်း တို့ အ တွက် လည်း တောင်း ပန် ပြီး မှ၊ ယော ဘ၌ သု ခ ချမ်း သာ ကို ရ ပြန် စေ၍၊ ယ ခင် ပိုင် ရှိ သ မျှ ထက် နှစ် ဆ ပေး တော် မူ၏။
ငါ ဆို သည် ကား ရန် သူ တို့ ကို ချစ် ကြ လော့။ ညှဉ်း ပန်း သူ တို့ အ ဖို့ မေ တ္တာ ပို့ ကြ လော့။
လူ မျိုး တော်၏ မင်း ဖြစ် သူ ဟေ ဇ ကိ ထံ ပြန် သွား၍ သင့် ပ ဌ နာ စ ကား ကို ငါ နာ ယူ ပြီ။ မျက် ရည် ပေါက် ကို လည်း ရှု မြင် ပြီ။ ငါ သည် ချမ်း သာ စေ၍ တ တိ ယ နေ့၌ ဗိ မာန် တော် သို့ တက် ဖူး ခွင့် ရ လိမ့် မည်။ အ သက် တာ့ ပြင်၊ ဆယ့် ငါး နှစ် ပို မို ပေး ဦး မည်။ ငါ ဘု ရား အ တွက် ကျွန် တော် ရင်း ဒါ ဝိဒ် အ တွက် ဤ မြို့ ကို ကွယ် ကာ လျက် သင် နှင့် တ ကွ အာ ရှု ရိ ဘု ရင့် လက် တွင်း မှ လွတ် မြောက် စေ မည် ဟု သင့် အ ဘ ဒါ ဝိဒ်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ကို ဆင့် ဆို လော့ ဟူ၍ တည်း။
ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ ဟစ် ခေါ် တောင်း လျှောက် သည့် ကာ လ ကိုယ် တော် သည် ဗိ မာန် တော် ထဲ မှ ငါ့ လျှောက် သံ ကို ကြား လျက် ငါ့ ဟစ် ခေါ် သံ ကို နား ညောင်း တော် မူ ၏။
ထို စေ တ မန် တော် ကို အ လန့် တ ကြား စိုက် ကြည့် လျက် မည် သို့ ပါ နည်း အ ရှင် ဘု ရား ဟု မေး လျှောက် သော် စေ တ မန် တော် က သင့် ပ ဌ နာ မှု များ၊ စွန့် ကြဲ ပေး ကမ်း မှု များ သည် ဘု ရား သ ခင် မှတ် သား ရန် ရှေ့ တော် သို့ တက် ရောက် လေ ပြီ။
အ သင်း တော် သည် အ ကျဉ်း ကျ လျက် နေ သော ပေ တ ရု အ တွက် ဘု ရား သ ခင့် ထံ စိတ် အား ကြီး စွာ တောင်း လျှောက် ကြ၏။
အ ကျွန်ုပ်၏ ပ ဌ နာ သည် နံ့ သာ ငွေ့ ကဲ့ သို့လည်း ကောင်း၊ လက် အုပ် ချီ ခြင်း သည် ည နေ ပူ ဇော် သ က္ကာ ကဲ့ သို့ လည်း ကောင်း၊ ရှေ့ တော် ၌ ဆက် သ လျက် ရှိ ပါ စေ သော။
သင် ခေါ် သော အ ခါ၊ ငါ ထာ ဝ ရ ဘု ရား ထူး လိမ့် မည်။ အော် ဟစ် သော အ ခါ ငါ ရှိ သည် ဟု မိန့် ဆို လိမ့် မည်။ နေ ပြည့် အ လယ် တွင် ထမ်း ပိုး တင် ခြင်း၊ လက် ညှိုး ထိုး ခြင်း၊ မ ကောင်း ပြော ဆို ခြင်း များ ကို ပယ် ရှား လျှင် လည်း ကောင်း၊
ထာ ဝ ရ ဘု ရား ကို၊ ငါ ရှာ ဖွေ ရာ၊ ကိုယ် တော် နား ညောင်း ၍၊ ငါ ကြောက် ဖွယ် ရှိ သ မျှ မှ ကယ် လွှတ် တော် မူ ၏။
သင်တို့သည်ငါ၌တည်၍ ငါ့ဒေသနာလည်းသင်တို့၌တည်လျှင် လိုသမျှကိုတောင်းလျှောက်ကြလော့။ ရကြလိမ့်မည်။
သင် တို့ အ တွက် ကြောင့် ကြ တော် မူ သော ကြောင့် သင် တို့ စိုး ရိမ် ခြင်း ရှိ သ မျှ ကို ကိုယ် တော့် အ ပေါ် သို့ လွှဲ တင် ကြ လော့။
ထပ် မံ ပြု သော ပ ဌ နာ ကို ထာ ဝ ရ ဘု ရား နား ညောင်း တော် မူ သ ဖြင့် သူ ငယ် သည် သ ဇီ ဝ သ ဘော သို့ ပြန် ရောက် လေ ၏။
ငါ့ အ သ နား တော် ခံ သံ ကို ကြား နာ တော် မူ သော ထာ ဝ ရ ဘု ရား အား၊ ငါ ချစ် ခင် ကြည် ညို ပါ ၏။စိတ် ဒု က္ခ ကြီး စွာ ရောက် လေ စွ ဟု ဆို သည့် ပြင်၊ လူ ခပ် သိမ်း သည် မု သာ အိုး များ ဖြစ် ကြောင်း၊အ လန့် တ ကြား ပြော မိ သော် လည်း၊သ ဒ္ဓါ ယုံ ကြည် ခြင်း ရှိ သော ငါ သည်၊ ထာ ဝ ရ ဘု ရား ပြု တော် မူ သော ကျေး ဇူး ရှိ သ မျှ ကို မည် သို့ ဆပ် ရ အံ့ နည်း။ကယ် တင် ခြင်း ဆိုင် ရာ ခွက် ကို ကိုင်၍၊ ထာ ဝ ရ ဘု ရား၏ နာ မ တော် အား ပ ဌ နာ ပြု ခြင်း၊လူ မျိုး တော် အ ပေါင်း တို့ ရှေ့၊ ထာ ဝ ရ ဘု ရား အား သ စ္စာ ဝတ် များ ကို ဖြေ ခြင်း ပြု ပါ မည်။ကြည် ညို သူ တို့ သေ ဒဏ် ကို ထာ ဝ ရ ဘု ရား နှ မြော တော် မူ သည့် အ လျောက်၊ ကိုယ် တော် ၏ ကျွန်၊ကိုယ် တော့် ကျွန် မ သား ဖြစ် သူ၊ ကျွန် တော် မျိုး ၏ အ ချည် အ နှောင် များ ကို ကိုယ် တော် ဖြည် တော် မူ ပါ ပြီ။ အို ထာ ဝ ရ ဘု ရား၊ရှေ့ တော် ၌ ချီး မွမ်း ရာ သ က္ကာ ကို ပူ ဇော် လျက်၊ ထာ ဝ ရ ဘု ရား ၏ နာ မ တော် အား ပ ဌ နာ ပြု ပါ မည်။အို ယေ ရု ရှ လင် မြို့၊ သင်၏ ဗ ဟို၊ ထာ ဝ ရ ဘု ရား ဗိ မာန် တော် တံ တိုင်း အ တွင်း၊လူ မျိုး တော် အ ပေါင်း တို့ ရှေ့၊ ထာ ဝ ရ ဘု ရား အား သ စ္စာ ဝတ် များ ကို ဖြေ ပါ မည်။ ဟာ လေ လု ယ။နား တော် ကို ညောင်း တော် မူ သော ကြောင့်၊ အ သက် ထက် ဆုံး ပ ဌ နာ ပြု ပါ မည်။
ငါ့ နာ မ ကို ထောက်၍ နှစ် ဦး သုံး ဦး တို့ စည်း ဝေး လျှင် စည်း ဝေး ရာ ထို သူ တို့ အ လယ် တွင် ငါ ရှိ သည် ဟု မိန့် တော် မူ၏။
သင် တို့ ဘောင် တွင် မည် သူ မ ဆို ဒု က္ခ ရောက် လျှင် ပ ဌ နာ ပြု စေ။ သု ခ ရှိ လျှင် သီ ချင်း ဆို စေ။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော့် ထံ အ ကျွန်ုပ် ဟစ် ခေါ် လျက်၊ အ လျင် အ မြန် ကြွ တော် မူ ပါ။ ဟစ် ခေါ် သော အ ခါ၊ နား ညောင်း တော် မူ ပါ။
ဟေ ဇ ကိ ထံ ပြန် သွား၍ သင့် ပ ဌ နာ စ ကား ကို ငါ နာ ယူ ပြီ။ မျက် ရည် ပေါက် ကို လည်း ရှု မြင် ပြီ။ အ သက် တာ့ ပြင် ဆယ့် ငါး နှစ် ပို မို ပေး ဦး မည်။
မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။
သင်တို့သည်ငါ့ကိုရွေးချယ်ကြသည်မဟုတ်။ ငါကသာသင်တို့ကိုရွေးချယ်သည့်အလျောက်သွားကြပြီးလျှင် တည်မြဲသောအသီးကိုသီးလျက်၊ ခမည်းတော်ထံ ငါ့နာမ၌တောင်းလျှောက်သမျှကိုရကြစေရန် ငါခန့်ထား၏။
သင် တို့ ယုံ ကြည် ခြင်း နည်း ကြ သော ကြောင့် တည်း။ သင် တို့ တွင် မုံ ညင်း စေ့ ခန့် မျှ ယုံ ကြည် ခြင်း ရှိ လျှင် ဤ တောင် အား ဤ အ ရပ် မှ ထို အ ရပ် သို့ ရွှေ့ လော့ ဟု ဆို သော် ရွေ့ လိမ့် မည်။ သင် တို့ မ တတ် စွမ်း နိုင် သော အ ရာ မည် သည် မျှ ရှိ မည် မ ဟုတ်။ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ၏။
ငါ့ အ သ နား တော် ခံ သံ ကို နား ညောင်း တော် မူ သော ထာ ဝ ရ ဘု ရား သည်၊ မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။
ဘု ရား သ ခင် ရှေ့ တော် တွင်၊ မြန် သော နှုတ် ဖြင့် ဆို ခြင်း၊ လျင် သော စိတ်၌ မြွက် ခြင်း များ ကို မ ပြု နှင့်။ ဘု ရား သ ခင် ကား၊ ကောင်း ကင် ဘုံ၌ ရှိ တော် မူ သည်။ သင် ကား၊ မြေ ပေါ် တွင် ရှိ သည် ကို ထောက်၍ စ ကား မ များ ရာ။
ငါ တို့ တောင်း လျှောက် သ မျှ နား ညောင်း တော် မူ သည် ဟု သိ ရ သည် မှာ တောင်း လျှောက် သည့် ဆု များ ကို ရ ရှိ ပြီ ဟု သိ ရ ကြ၏။
အ ဆောင် တွင်း သို့ ဝင်၍ နှစ် ယောက် တည်း ရှိ စေ ရန် တံ ခါး ပိတ် လျက်၊ ထာ ဝ ရ ဘု ရား ထံ တောင်း လျှောက် ပြီး နောက်
ငါ မူ ကား သင် တို့ အ ဖို့ အ သ နား တော် မ ခံ သည် နှင့် ထာ ဝ ရ ဘု ရား ကို ပြစ် မှား ခြင်း အ မှု သည် ကင် ဝေး ပါ စေ သော။ သင် တို့ အား ကောင်း မြတ် ဖြောင့် မှန် သော လမ်း ကို ပြ ဦး မည်။
ချီး မွမ်း ခံ ထိုက် တော် မူ သော ထာ ဝ ရ ဘု ရား အား၊ ငါ ပ ဌ နာ ပြု သ ဖြင့်၊ ရန် သူ တို့ လက် မှ လွတ် မြောက် ရ လိမ့် မည်။
သို့ ဖြစ်၍ နာ မ တော် ကို ဝန် ခံ ရာ နှုတ် ခမ်း အ သီး တည်း ဟူ သော ချီး မွမ်း ခြင်း ကို ဘု ရား သ ခင့် ထံ ထို အ ရှင် အား ဖြင့် အ စဉ် မ ပြတ် ပူ ဇော် ဆက် ကပ် ကြ ကုန် အံ့။
မ စွန့် မ ပယ် ဘဲ ငါ ရွေး ချယ် သည့် အ လျောက်၊ သင် နှင့် အ တူ ငါ ရှိ သ ဖြင့်၊ မ ကြောက် လင့်။ ငါ သည် သင်၏ ဘု ရား သ ခင် ဖြစ် သော ကြောင့်၊ မ စိုး ရိမ် နှင့်။ သင့် ကို ခိုင် ခံ့ စွာ ထောက် မ မည့် ပြင်၊ အောင် ပွဲ ရ ညာ လက် ရုံး ဖြင့် ထောက် ပင့် လိမ့် မည်။
အို ထာ ဝ ရ ဘု ရား၊ နံ နက် ယံ ၌ အ ကျွန်ုပ် တောင်း လျှောက် သံ ကို ကြား ရ တော် မူ လိမ့် မည်။ နံ နက် ယံ၌ ပ ဌ နာ ပြု လျက် စောင့် နေ ပါ မည်။
ငါ သည်၊ မြင့် မြတ် သော ဘု ရား သ ခင့် ထံ၊ ငါ့ အ မှု ထ မြောက် စေ တော် မူ သော ဘု ရား ထံ အော် ဟစ် ပါ မည်။
သန့် ရှင်း သော ငါ့ တောင် တော် သို့ ခေါ် ဆောင် သည့် ပြင်၊ ငါ့ ဗိ မာန် တော် ကို လူ အ မျိုး မျိုး တို့ ဆု တောင်း ပ ဌ နာ ပြု ရာ ဗိ မာန် ဟု သ မုတ် အံ့ သည် နှင့် အ ညီ၊ ထို ဗိ မာန် တော် တွင် ရွှင် လန်း ခွင့် ပေး လျက်၊ သူ တို့ မီး ရှို့ ရာ သ က္ကာ မှ စ၍ ယဇ် အ မျိုး မျိုး ကို၊ ငါ့ ပ လ္လင် တော် ပေါ် တွင် လက် ခံ လိမ့် မည်။
ကြောက် ရွံ့ လျက် နေ ပြန် စေ ရန် ကျွန့် အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို သင် တို့ ခံ ရ ကြ သည် မ ဟုတ်။ အ ဗ္ဗ၊ အ ဘ ဟု ခေါ် စေ သော သား အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို ခံ ရ ကြ ပြီး သည် နှင့် အ ညီ၊
ထို သူ သည် ဘု ရား သ ခင် ထံ တောင်း ပန် သ ဖြင့်၊ နှစ် သက် တော် မူ သည့် အ တိုင်း၊ လူ အား ဖြောင့် မတ် သော သ ဘော ကို ပြန် ပေး တော် မူ တတ် သည် နှင့် အ ညီ၊ မျက် နှာ တော် ကို ရွှင် လန်း စွာ ဖူး မြင် လျက်၊ ကြွေး ကြော် ရ သည် မှာ၊
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ဘု ရား သ ခင် ဖြစ် သော ကိုယ် တော် ကို စိတ် ဇော နှင့် ရှာ ဖွေ ပါ မည်။ ရေ မဲ့၍ သွေ့ ခြောက် နွမ်း ရိ သော ပြည် တွင်၊ အ သက် ဝိ ညာဉ် သည် ကိုယ် တော် ကို ငတ် မွတ် လျက်၊ ကိုယ် ခ န္ဓာ လည်း မော ဟိုက် တ သ သည် နှင့် အ ညီ၊
ငါ တို့၌ ပြု ပြင် သော တန် ခိုး တော် နှင့် အ ညီ၊ ငါ တို့ ထင် မြင် တောင်း လျှောက် သ မျှ ထက် ကြွယ် ဝ စွာ သ နား တော် မူ နိုင် သော အ ရှင် သည် အ သင်း တော်၌ လည်း ကောင်း၊ ခ ရစ် တော် ယေ ရှု၌ လည်း ကောင်း၊ လူ မျိုး အ ဆက် ဆက် ကာ လ အ စဉ် ဘုန်း တော် ကြီး ပါ စေ သ တည်း။ အာ မင်။
ဖြစ် ပျက် အံ့ သော ထို အ ချင်း အ ရာ အ လုံး စုံ မှ လွတ် မြောက်၍ လူ့ သား ရှေ့ ညီ လာ ခံ တွင် ရ နိုင် စေ ရန် အ ခါ ခပ် သိမ်း ပ ဌ နာ ပြု လျက် စောင့် နေ ကြ လော့ ဟု မိန့် တော် မူ ၏။
နေ့ အ ခါ တွင်၊ မေ တ္တာ ကျေး ဇူး တော် ကို ထာ ဝ ရ ဘု ရား သ နား တော် မူ သည့် အ လျောက်၊ ညဉ့် အ ခါ တွင်၊ ကိုယ့် အ သက် သ ခင့် ထံ ပ ဌ နာ ပြု လျက်၊ ဂုဏ် တော် သီ ဆို ခွင့် ကို ရ ဦး မည်။
သို့ နှင့် အ ညီ ရော ဂါ ကင်း ပျောက် ရန် တစ် ယောက် ကို တစ် ယောက် အ ပြစ် ဝန် ချ လျက် တစ် ယောက် အ ဖို့ တစ် ယောက် ပ ဌ နာ ပြု ကြ လော။ သူ တော် ကောင်း၏ အ သ နား တော် ခံ ချက် သည် ဒိ ဋ္ဌ ဓ မ္မ အ ကျိုး များ စွာ ဖြစ် ထွန်း စေ တတ်၏။
က ရု ဏာ တော် ကို ခံ လျက် ထောက် မ သင့် သော အ ချိန်၌ ကျေး ဇူး တော် ကို ရ ခြင်း ငှာ ကျေး ဇူး ရာ ဇ ပ လ္လင် တော် သို့ ရဲ ရင့် စွာ ချဉ်း ကပ် ကြ ကုန် အံ့။
ကျဉ်း ကျပ် သော အ ဖြစ် မှ၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ ဟစ် ခေါ် တောင်း လျှောက် သည့် ကာ လ၊ ကိုယ် တော် သည်၊ ဗိ မာန် တော် ထဲ မှ ငါ့ လျှောက် သံ ကို ကြား လျက်၊ ရှေ့ တော် ရောက် ငါ ဟစ် ခေါ် သံ ကို နား ညောင်း တော် မူ ၏။
ထာ ဝ ရ ဘု ရား သည်၊ လူ ဆိုး တို့ နှင့် ဝေး ကွာ တော် မူ၏။ သူ တော် ကောင်း တို့၏ ဆု တောင်း ပ ဌ နာ ကို ကား၊ နား ညောင်း တော် မူ၏။
တ ပည့် တော် တို့ သည် အ ခါ ခပ် သိမ်း စိတ် အား မ လျော့ ပဲ ပ ဋ္ဌ နာ ပြု သင့် ကြောင်း ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ၊
အသို့ဆိုသော် ငါသည်ခမည်းတော်ထံသွား၍ငါ့နာမ၌သင်တို့တောင်းလျှောက်သမျှကို သားတော်အားဖြင့် ခမည်းတော့်ဘုန်းထင်ရှားစေရန်ငါပြုမည်။ငါ့နာမ၌ မည်သည့်အရာကိုမဆိုငါ့ထံသင်တို့တောင်းလျှောက်လျှင် ငါပြုမည်။
ထာ ဝ ရ ဘု ရား သည် ဖြောင့် မတ် သူ တို့ ကို မျက် မှောက် ပြု လျက် တောင်း လျှောက် သံ ကို လည်း နား ညောင်း၍ မ ကောင်း ပြု ကျင့် သူ တို့ ကို ကား မျက် နှာ ထား တော် မူ သည် ဟူ ၍ တည်း။
ထာ ဝ ရ ဘု ရား နှင့် တန် ခိုး တော် ကို လိုက် ရှာ လျက် မျက် နှာ တော် ကို ကာ လ အ စဉ် ရှာ ဖွေ ကြ လော့။
ရွှင် လန်း စွာ မျှော် လင့် လျက်၊ ဒု က္ခ ရောက် ရာ၌ တည် တံ့ လျက်၊ အ မြဲ ပ ဌ နာ ပြု လျက်၊ ဆင်း ရဲ သော တ ပည့် တော် တို့ အား ပေး ကမ်း လျက်၊ ဧည့် ဝတ် ပြု လျက် နေ ကြ လော့။
ရောက် တော် မူ သော် ကိုယ် တော် က၊ စုံ စမ်း ရာ မ လိုက် မ ပါ မည့် အ ကြောင်း တောင်း လျှောက် ကြ လော့ ဟု မိန့် တော် မူ ပြီး လျှင်၊
စုံ စမ်း ရာ မ လိုက် မ ပါ အံ့ သော ငှာ စောင့် နေ၍ တောင်း လျှောက် ကြ လော့။ စိတ် အား ကြီး သော် လည်း ကိုယ် ခ န္ဓာ အား နည်း စွ တ ကား ဟု မိန့် တော် မူ ပြီး နောက်
စိုး စဉ်း မျှ မ စိုး ရိမ် ပဲ ကျေး ဇူး တော် ကို ချီး မွမ်း လျက် တောင်း လျောက် ပ ဌာ နာ ပြု ချက် များ ဖြင့် လို လေ ရာ ရာ ကို ဘု ရား သ ခင် ရှေ့ ဖော် ပြ ကြ လော့။
ရှေ့ တော် တွင် ငါ တို့ ရ ရှိ သော ရဲ ရင့် ခြင်း မှာ အ လို တော် နှင့် အ ညီ ငါ တို့ တောင်း လျှောက် လေ ရာ ရာ၌ နား ညောင်း တော် မူ ကြောင်း တည်း။ငါ တို့ တောင်း လျှောက် သ မျှ နား ညောင်း တော် မူ သည် ဟု သိ ရ သည် မှာ တောင်း လျှောက် သည့် ဆု များ ကို ရ ရှိ ပြီ ဟု သိ ရ ကြ၏။
ဖြောင့် မတ် သူ တို့ အော် ဟစ် ရာ၊ ထာ ဝ ရ ဘု ရား သည် နား ညောင်း လျက်၊ ဒု က္ခ ရှိ သ မျှ မှ ကယ် လွှတ် တော် မူ၏။
သင် ဟစ် ခေါ် လျှင်၊ ငါ ထူး ၍ ကြီး မြတ် သော အ ရာ၊ သင် မ သိ သေး သော ထိမ် ချန် ရာ များ ကို ဖော် ပြ မည် ဟု ကတိ ထား ၏။
ငါ့ နာ မ ဖြင့် သ မုတ် ခံ ရ သော လူ မျိုး တော် သည် စိတ် နှိမ့် ချ စွာ ပ ဌ နာ ပြု၍ ငါ့ မျက် နှာ ကို လိုက် ရှာ လျက် ဒု စ ရိုက် လမ်း ကို ကြဉ်ရှောင် လျှင် ကောင်း ကင် ဘုံ မှ ငါ နား ညောင်း၍ အ ပြစ် ကို လွှတ် သည့် ပြင်၊ နေ ပြည် ကို လည်း ချမ်း သာ စေ မည်။
ထာ ဝ ရ ဘု ရား သည်၊ ကိုယ် တော် ကို သ စ္စာ နှင့် ဟစ် ခေါ် သူ၊ ပ ဌ နာ ပြု သူ အ ပေါင်း တို့ အ နီး အ ပါး ၌ ရှိ နေ တော် မူ၏။
သင် မူ ကား ပ ဌ နာ ပြု သည့် ကာ လ အ တွင်း ခန်း ထဲ သို့ ဝင်၍ တံ ခါး ပိတ် ထား ပြီး လျှင် မ ထင် မ ရှား စံ နေ သော ကိုယ့် အ ဘ အား ပ ဌ နာ ပြု လော့၊ မ ထင် ရှား ရာ ကို ရှု မြင် တော် မူ သော သင့် အ ဘ သည် အ ကျိုး ဆက် ကို သ နား တော် မူ လိမ့် မည်။
ထို ကြောင့် ငါ ဆို ပြန် သည် ကား သင် တို့ လျှောက် တောင်း သ မျှ ကို ရ ပြီ ဟု ယုံ ကြည် လော့။ ရ ကြ လိမ့် မည်။
ညဉ့် ဦး ယံ၊ နံ နက် ယံ၊ မွန်း တည့် ယံ များ၌၊ ငါ ပြု မည့် ညည်း တွား မြည် တမ်း သံ ကို ကြား တော် မူ လိမ့် မည်။
ဘု ရား သ ခင့် ထံ ချဉ်း ကပ် လို သူ သည် ကိုယ် တော် ရှိ တော် မူ ကြောင်း ကိုလည်း ကောင်း၊ လိုက် ရှာ သူ တို့ အား အ ကျိုး ပေး တော် မူ ကြောင်း ကိုလည်း ကောင်း ယုံ ကြည် ရ မည်။ ယုံ ကြည် ခြင်း မ ရှိ လျှင် စိတ် တော် နှင့် တွေ့ ရာ မ ရောက် နိုင် ချေ။
ဤ ပ ဌ နာ အ ဆုံး၌ စည်း ဝေး ရာ အ ရပ် တုန် လှုပ်၍ ရှိ သ မျှ တို့ သည် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ဘု ရား သ ခင့် တ ရား တော် ကို ရဲ ရင့် စွာ ဟော ပြော ကြ ၏။
သင် တို့ အား ငါ ဆို သည် ကား တောင်း ကြ လော့၊ ရ လိမ့် မည်။ ရှာ ကြ လော့၊ တွေ့ လိမ့် မည်။ ခေါက် ကြ လော့ ပွင့် လိမ့် မည်။
ပ ညတ် တော် များ ကို စောင့် ရှောက် လျက် နှစ် သက် တော် မူ ဖွယ် ရာ များ ကို ပြု ကျင့် ကြ သော ကြောင့် တောင်း လျှောက် သ မျှ ကို အ ထံ တော် မှ ရ ကြ လိမ့် မည်။
အ သို့ ဆို သော်၊ ယာ ဗက် က၊ ကောင်း ကြီး မင်္ဂ လာ ပေး လျက်၊ မြေ ပိုင် ကို ကျယ် ဝန်း စေ လျက်၊ လက် ရုံး တော် ကို တင် လျက်၊ အ ကျွန်ုပ်၌ ဒု က္ခ ဝေ ဒ နာ ဘေး ကို ကွယ် ကာ တော် မူ ပါ ဟု ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် အား ပ ဌ နာ ပြု၍ တောင်း လျှောက် သည် နှင့် အ ညီ ပေး သ နား တော် မူ သော ကြောင့် တည်း။
ထို နေ့ ရက် ကာ လ၌ ကိုယ် တော် သည် ပ ဌ နာ ပြု ရန် တောင် ပေါ် သို့ တက် ကြွ၍ တစ် ညဉ့် လုံး ဘု ရား သ ခင့် ထံ ပ ဌ နာ ပြု လျက် နေ တော် မူ၏။
အို ညီ အစ် ကို တို့၊ ငါ သည် ယု ဒ ပြည် နေ မ နာ မ ယူ သူ တို့ လက် မှ လွတ် မြောက် ခွင့်၊ ထောက် ပံ့ မှု လည်း ယေ ရု ရှ လင် မြို့ ရှိ တ ပည့် တော် တို့ ရှေ့ လက် ခံ ဖွယ် ဖြစ် ခွင့် ရှိ သ ဖြင့် ဘု ရား သ ခင့် အ လို တော် အ တိုင်း သင် တို့ ထံ ရွှင် လန်း စွာ ရောက် လာ လျက် သင် တို့ နှင့် အ တူ ချမ်း သာ ရ စေ ရန် ငါ့ အ ဖို့ ဘု ရား သ ခင့် ထံ ငါ့ နည်း တူ လုံ့ လ နှင့် ပ ဌ နာ ပြု ကြ မည့် အ ကြောင်း ငါ တို့ အ ရှင် ယေ ရှု ခရစ် ကို လည်း ကောင်း၊ ဝိ ညာဉ် တော် ကြောင့် ရ သော ချစ် ခြင်း မေ တ္တာ ကို လည်း ကောင်း၊ တိုင် တည် လျက် နှိုး ဆော် ပါ၏။
အ ချင်း လူ မျိုး တော်၊ ဘု ရား သ ခင်၌ အ ခါ ခပ် သိမ်း ကိုး စား လျက်၊ ရှေ့ တော် ၌ စိတ် နှ လုံး ကို သွန် ပြ ကြ လော့။ ဘု ရား သ ခင် သည် ငါ တို့ အ ဖို့ ခို လှုံ ရာ ဖြစ် တော် မူ ၏။
အို ထာ ဝ ရ ဘု ရား သ ခင်၊ ကျွန် တော် မျိုး တောင်း လျှောက် ချက်၊ အ သ နား တော် ခံ ချက် ကို ငဲ့၍ ယ နေ့ ပြု သော ပ ဌ နာ ကို နား ညောင်း တော် မူ သ ဖြင့်၊
သင် တို့ အ နက် တစ် ယောက် ယောက် ၌ ဉာဏ် ပ ညာ ယုတ် လျော့ လျှင် အ ပြစ် မ တင် ဘဲ သူ ခပ် သိမ်း တို့ အား ကြွယ် ဝ စွာ သ နား တော် မူ သော ဘု ရား သ ခင့် ထံ တောင်း လျှောက် စေ။ သ နား တော် မူ လိမ့် မည်။
ခန့် ညား သူ တို့ အ လို ဆ န္ဒ ကို ပြည့် စေ လျက်၊ ဟစ် ခေါ် သံ ကို ကြား နာ၍ ကယ် လွှတ် တော် မူ လိမ့် မည်။
တစ် ဖန် ငါ အ မှန် ဆို သည် မှာ သင် တို့ အ နက် နှစ် ဦး နှစ် ယောက် သည် တောင်း လေ ရာ ရာ၌ စပ်၍ မြေ ကြီး ပေါ် တွင် သ ဘော ချင်း တူ ညီ လျှင် ကောင်း ကင် ဘုံ စံ ငါ့ ခ မည်း တော် သည် ထို အ ရာ ကို သ နား တော် မူ မည်။
ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။
ထို နည်း တူ မည် သို့ ပ ဌ နာ ပြု သင့် သည် ကို ငါ တို့ မ သိ ကြ သ ဖြင့် ဝိ ညာဉ် တော် လည်း ငါ တို့၏ အား နည်း ခြင်း ကို လုပ် ဆောင် ဘက် ပြု လျက် မြွက် သံ မ ပြု သော ညည်း တွား ခြင်း များ ဖြင့် ငါ တို့ အ ဖို့ အ သ နား ခံ တော် မူ ရာ၊
ဒု က္ခ ရောက် သည့် ကာ လ ငါ့ ကို ပ ဌ နာ ပြု လျှင်၊ ငါ ကယ် လွှတ် သ ဖြင့်၊ ဘုန်း တော် ကို ချီး မြှောက် ခွင့် ရ လိမ့် မည်။
ထို ကြောင့် ငါ ဦး စွာ နှိုး ဆော် သည် မှာ ငါ တို့ သည် ဘု ရား တ ရား ကို လုံး လုံး ကြည် ညို လျက် ငြိမ် ဝပ် ချမ်း သာ စွာ နေ ခွင့် ရ စေ ရန် ဘု ရင် မင်း များ၊ အ စိုး ရ မင်း များ မှ စ ၍ ခပ် သိမ်း တို့ အ ဖို့ မေ တ္တာ ပို့ ခြင်း၊ တောင်း လျှောက် ခြင်း၊ အ သ နား တော် ခံ ခြင်း၊ ကျေး ဇူး တော် ချီး မွမ်း ခြင်း များ ကို ပြု ကြ လော့။
သန်း ခေါင် ယံ တွင် အ ကျဉ်း သား တို့ နား ထောင် ကြ စဉ် ပေါ လု နှင့် သိ လ တို့ သည် ဘု ရား သ ခင့် ထံ ပ ဌ နာ ပြု လျက် ကျူး ဧ လျက် နေ ကြ ခိုက် ရုတ် တ ရက် င လျင် ကြီး လှုပ် သ ဖြင့်၊
ထို သို့ လက် မှတ် ရေး ထိုး ကြောင်း ကို ဒံ ယေ လ ကြား သိ သော အ ခါ အိမ် သို့ ပြန် သွား၍ ယေ ရု ရှ လင် မြို့ သို့ မျက် နှာ ပြု ရာ ပြူ တင်း ပေါက် ပွင့် လျက် ရှိ သော အ ထက် ခန်း၌ ပြု လေ့ ရှိ သည့် အ တိုင်း တစ် နေ့ လျှင် သုံး ကြိမ် ဒူး ထောက် လျက် ဘု ရား သ ခင် အား ဆု တောင်း၍ ကျေး ဇူး တော် ကို ချီး မွမ်း လေ၏။
အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ်၏ ပ ဌ နာ ကို ကြား နာ၍၊ အ သ နား တော် ခံ ချက် များ ကို နား ညောင်း တော် မူ ပါ။ သ စ္စာ တော် နှင့် ဖြောင့် မတ် ခြင်း အ လျောက်၊ ထူး တော် မူ ပါ။
အ သို့ ဆို သော် ငါ သည် မည် သည့် အ ရာ၌ မျှ အ ရှက် မ ကွဲ ရ ဘဲ အ ခါ ခပ် သိမ်း နည်း တူ ယ ခု လည်း ရဲ ရင့် ခြင်း နှင့် ပြည့် စုံ၍ ရှင် သည် ဖြစ် စေ၊ သေ သည် ဖြစ် စေ ငါ့ ကိုယ် ခ န္ဓာ ဖြင့် ခ ရစ် တော်၏ ဘုန်း တော် ကို ထင် ရှား စေ မည် ဟု အား ကြီး စွာ တောင့် တ မျှော် လင့် သည် နှင့် အ ညီ သင် တို့ တောင်း လျှောက် ခြင်း၊ ယေ ရှု ခ ရစ် ၏ ဝိ ညာဉ် တော် မ စ ခြင်း များ ကြောင့် ဆို ခဲ့ သော အ ကြောင်း အ ရာ သည် ငါ့ ကို ကယ် တင် သော အ ကြောင်း အ ရာ ဖြစ် မည် ဟု ငါ သိ ၏။
သို့ ရာ တွင် အ ရှင် ဘု ရား သည် သ စ္စာ ရှိ တော် မူ သည့် အ လျောက် သင် တို့ ကို တည် ကြည် စေ လျက် အ ဆိုး ကို ကွယ် ကာ တော် မူ လိမ့် မည်။
ဆိုး သွမ်း သော သြ တ္တ ပ္ပ စိတ် ကင်း သည့် တိုင် အောင် နှ လုံး၌ ဖျန်း ခြင်း သန့် သော ရေ နှင့် ကိုယ် ခ န္ဓာ၌ ဆေး ကြော ခြင်း ကို ခံ ပြီး သည့် အ လျောက် ဖြောင့် မှန် သော စိတ် သ ဘော နှင့် ယုံ ကြည် စိတ် ချ စွာ တိုး ဝင် ချဉ်း ကပ် ကြ ကုန် အံ့။