သင် တို့ သည် ယုံ ကြည် ခြင်း အား ဖြင့် ကျေး ဇူး တော် ကြောင့် ကယ် တင် ရာ ရောက် ခဲ့ ကြ သည် မှာ ကိုယ့် အ စွမ်း ကြောင့် မ ဟုတ်။ ကိုယ့် အ ကျင့် ကြောင့် လည်း မ ဟုတ်။ မည် သူ မျှ ဂုဏ် မ တင် မိ စေ ရန် ဘု ရား သ ခင့် ဆု ကျေး ဇူး တော် ကြောင့် တည်း။
ကိုယ် တော် က ငါ၏ ကျေး ဇူး သည် သင့် အ ဖို့ လုံ လောက် ပြီ။ ခွန် အား နည်း ရာ ၌ ခွန် အား တန် ခိုး တော် စုံ လင် သည် ဟု မိန့် တော် မူ၏။ သို့ ဖြစ်၍ ငါ့ ကို ခ ရစ် တော်၏ ခွန် အား တန် ခိုး တော် လွှမ်း မိုး စေ ရန် အား နည်း ခြင်း များ ရှိ လျက် ပင် ရွှင် လန်း စွာ ဂုဏ် တင် မည်။
ခြား နား ခြင်း မ ရှိ။ လူ အ ပေါင်း တို့ သည် ဘု ရား သ ခင်၏ ဘုန်း တော် ကို မ မီ ဘဲ ပြစ် မှား သည့် အ လျောက်၊ယုံ ကြည် သော အား ဖြင့် အ သွေး တော် ကြောင့် အ ပြစ် ပြေ ရာ ပြေ ကြောင်း အ ဖြစ် ဘု ရား သ ခင် ဖွင့် ထား တော် မူ သည့် ခ ရစ် တော် ယေ ရှု၌ တည် သော ရွေး နုတ် ခြင်း ကြောင့် ကျေး ဇူး တော် အား ဖြင့် အ ဖိုး မဲ့ ဖြောင့် မတ် ရာ ရောက် ရ ကြ၏။ ထို သို့ ဖွင့် ထား တော် မူ သော် အ ထက် ပြစ် မှား မိ ကြ သော ပြစ် မှု များ ကို သည်း ခံ တော် မူ ရာ၌ ရွှေ့ ဆိုင်း သည် ကို ထောက်၍ ဖြောင့် မတ် တော် မူ ကြောင်း ထင် ပေါ် စေ ရန် လည်း ကောင်း၊ ယ ခု ခေတ် လည်း ကိုယ် တော် တိုင် ဖြောင့် မတ်၍ ယေ ရှု အား ယုံ ကြည် သူ တို့ ကို တ ရား သေ လွှတ် လျက် ပင် ဖြောင့် မတ် တော် မူ ကြောင်း ထင် ပေါ် စေ ရန်လည်း ကောင်း ဖြစ် သ တည်း။
အ သို့ ဆို သော် လူ ခပ် သိမ်း တို့ ကို ကယ် တင် ရန် ဘု ရား သ ခင့် ကျေး ဇူး တော် သည် ထင် ရှား ရာ၊
သင် တို့ သည် ပ ညတ် တ ရား အောက်၌ မ ဟုတ်။ ကျေး ဇူး တ ရား အောက်၌ ရှိ နေ ကြ သည့် အ လျောက် ကိုယ့် အ ပေါ် တွင် အ ပြစ် တ ရား မ အုပ် စိုး ရ။
က ရု ဏာ တော် ကို ခံ လျက် ထောက် မ သင့် သော အ ချိန်၌ ကျေး ဇူး တော် ကို ရ ခြင်း ငှာ ကျေး ဇူး ရာ ဇ ပ လ္လင် တော် သို့ ရဲ ရင့် စွာ ချဉ်း ကပ် ကြ ကုန် အံ့။
သား တော်၏ အ သွေး တော် ကြောင့် ကြွယ် ဝ သော ကျေး ဇူး တော် အ လျောက် ငါ တို့ အား ရွေး နုတ် တော် မူ ခြင်း တည်း ဟူ သော ကျူး လွန် မှု များ ပြေ လွတ် ခွင့် ကို ပေးသ နားတော် မူ သည့် ပြင်၊
ပ ညတ် တ ရား သည် လွန် ကျူး မှု ဖောင်း ပွ စေ ရန် ထပ် ဝင် သော် လည်း အ ပြစ် တ ရား ဖောင်း ပွ ရာ၌ ကျေး ဇူး တ ရား သာ၍ ကြွယ် ဝ ၏။
ဘု ရား သ ခင် သည် ငါ တို့ အ ပြု အ ကျင့် များ အ လျောက် မ ဟုတ်။ ရှေး မ ဆွ ကာ လ များ က ခ ရစ် တော် ယေ ရှု အား ဖြင့် ငါ တို့ အား သ နား တော် မူ၍ ငါ တို့ ကယ် တင် ရှင် ခ ရစ် တော် ယေ ရှု ထင် ရှား တော် မူ ခြင်း အား ဖြင့် ယ ခု ဖော် ပြ သော အ ကြံ တော် နှင့် ကျေး ဇူး တော် အ လျောက် ငါ တို့ ကို ကယ် တင်၍ သန့် ရှင်း သော အ ဖြစ် အ နေ သို့ ခေါ် ထား တော် မူ၏။ ခ ရစ် တော် ယေ ရှု လည်း သေ ခြင်း တ ရား ကို ပယ် ဖျက် ပြီး လျှင် အ သက် ရှင် ခြင်း နှင့် သင်္ခါ ရ ကင်း ခြင်း တ ရား ကို သ တင်း တော် မြတ် အား ဖြင့် ဖွင့် ထား တော် မူ ပြီ ဖြစ်၍၊
ခ ရစ် တော် အား ဖြင့် ထာ ဝ ရ ဘုန်း တော် ကို ဝင် စား စေ ရန် သင် တို့ ကို ခေါ် ထား တော် မူ သော ကျေး ဇူး အ မျိုး မျိုး အ ရှင် ဘု ရား သ ခင် သည် တစ် ခ ဏ မျှ ဒု က္ခ ခံ ပြီး သော သင် တို့ ကို ကိုယ် တော် တိုင် စုံ လင် တည် ကြည် စေ၍ အား ဖြင့် တည် ထောင် တော် မူ လိမ့် မည်။
ပညတ်တရားတော်ကိုမောရှေအားဖြင့်ရသည်မှန်၏။ ယေရှုခရစ်အားဖြင့်မူကား ကျေးဇူးတော်နှင့် သစ္စာတော်သက်ရောက်သည်ဖြစ်၍ ငါတို့ရှိသမျှသည် ကိုယ်တော်၏အပြည့်အစုံမှ ကျေးဇူးတော်ကိုအထပ်ထပ်ခံရကြလေပြီ။
သို့ ရာ တွင် ငါ တို့ အ သီး အ သီး သည် ခ ရစ် တော်၏ ဆု တော် နှင့် အ မျှ ကျေး ဇူး တော် ကို ခံ စား ရ လေ ပြီ။
သို့ ရာ တွင် ဘု ရား သ ခင့် ကျေး ဇူး တော် ကြောင့် ယ ခု အ တိုင်း ငါ ဖြစ် လျက် ခံ ရ သော ကျေး ဇူး တော် အ ချည်း နှီး မ ဖြစ် ရ ဘဲ တ မန် တော် ရှိ သ မျှ ထက် ဆောင် ရွက် လေ၏။ ထို သို့ ဆို သော် ငါ ဆောင် ရွက် သည် မ ဟုတ်၊ ငါ နှင့် အ တူ ရှိ သော ဘု ရား သ ခင့် ကျေး ဇူး တော် တည်း။
ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ကျေး ဇူး တော် ကို သင် တို့ သိ ကြ သည့် အ တိုင်း ကိုယ် တော် သည် ကြွယ် ဝ သော် လည်း ဆင်း ရဲ ခံ တော် မူ ခြင်း အား ဖြင့် သင် တို့ ကို ကြွယ် ဝ စေ ရန် သင် တို့ အ တွက် ဆင်း ရဲ သော အ ဖြစ် ကို ယူ တော် မူ၏။
ကွဲ လွဲ ထူး ခြား သော သြ ဝါ ဒ များ ဖြင့် မ မျော ပါး ကြ နှင့်။ ပူ ဇော် သူ တို့ အား အ ကျိုး မ ပေး နိုင် သော ဆွမ်း အား ဖြင့် မ ဟုတ်၊ ကျေး ဇူး တော် အား ဖြင့် စိတ် တည် ကြည် ရ လျှင် ကောင်း မြတ်၏။
သို့ ဖြစ်၍ ယုံ ကြည် ခြင်း အား ဖြင့် ဖြောင့် မတ် ရာ ရောက် သော ကြောင့် ငါ တို့ သည် ဘု ရား သ ခင် ရှေ့ တော်၌ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ငြိမ် သက် ခြင်း ကို ခံ စား ကြ ကုန် အံ့။ရန် ဘက် ဖြစ် ကြ စဉ် သား တော် အ သေ ခံ တော် မူ ခြင်း ကြောင့် ဘု ရား သ ခင် နှင့် မိတ် သ ဟာ ယ ဖွဲ့ ခြင်း ရ ခဲ့ ကြ လျှင် ထို ဖွဲ့ ခြင်း ကို ရ ပြီး ဖြစ် လျက် အ သက် ရှင် တော် မူ ခြင်း အား ဖြင့် မု ချ လွတ် ကင်း ကြ လိမ့် မည်။ထို မျှ မ က မိတ် သ ဟာ ယ ဖွဲ့ ခြင်း ကို ယ ခု ရ စေ သော၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ကြောင့် ဘု ရား သ ခင်၌ ရွှင် လန်း ရ ကြ၏။သို့ ဖြစ်၍ လူ တစ် ယောက် ကြောင့် အ ပြစ် တ ရား သည် ဤ လော က ထဲ သို့ ဝင် လာ လျက် သေ ခြင်း တ ရား လည်း အ ပြစ် တ ရား ကြောင့် ဝင် ရောက် သ ဖြင့် လူ ခပ် သိမ်း တို့ ပြစ် မှား ကြ သည့် အ လျောက် ရှိ သ မျှ အ ပေါ် သို့ သေ ခြင်း တ ရား သင့် ရောက် သည် နှင့် အ ညီ၊ပ ညတ် တ ရား မ ရှိ မီ ဤ လော က၌ အ ပြစ် တည် နှင့် လျက် ပင်၊ ပ ညတ် တ ရား မ ရှိ သည့် ကာ လ အ ပြစ် မ တင် ရ သော် လည်း၊အာ ဒံ့ လက် ထက် မှ မော ရှေ့ လက် ထက် တိုင် အာ ဒံ လွန် ကျူး မှု အ လိုက် မ ပြစ် မှား သူ တို့ အ ပေါ် တွင် ပင် သေ ခြင်း တ ရား မင်း မူ သ တည်း။ ထို အာ ဒံ သည် ကြွ လာ လ တ္တံ့ သော အ ရှင့် ပုံ ဖြစ် ခဲ့ သော် လည်း၊လွန် ကျူး မှု အ လိုက် နှင့် ဆု ကျေး ဇူး တော် တူ သည် မ ဟုတ်။ တစ် ဦး၏ လွန် ကျူး မှု အား ဖြင့် အ များ သေ သည် မှန် က ဘု ရား သ ခင်၏ ကျေး ဇူး တော် နှင့် ယေ ရှု ခ ရစ် တည်း ဟူ သော တစ် ပါး သူ၏ ကျေး ဇူး အား ဖြင့် သက် ရောက် သော ဆု တော် သည် အ များ တို့ အ ဖို့ သာ ၍ ကြွယ် ဝ ၏။၎င်း ပြင် တစ် ဦး၏ ပြစ် မှု အ ကျိုး ဆက် အ လိုက် နှင့် ဆု တော် တူ သည် မ ဟုတ်။ တစ် ဦး ကြောင့် ပြစ် ဒဏ် စီ ရင် ချက် သင့် ရောက် သည် မှန် က လွန် ကျူး မှု အ များ ကြောင့် တ ရား သေ လွှတ် ချက် ဆု ကျေး ဇူး တော် သက် ရောက် သ တည်း။တစ် ဦး၏ လွန် ကျူး မှု အ တွက် သေ ခြင်း တ ရား သည် ထို လူ ကြောင့် မင်း မူ သည် မှန် က ကြွယ် ဝ သော ကျေး ဇူး တော် နှင့် ဖြောင့် မတ် ခြင်း ဆု တော် ကို ခံ ရ သူ တို့ သည် ယေ ရှု ခ ရစ် တည်း ဟူ သော တစ် ပါး သူ ကြောင့် အ သက် ရှင် လျက် မု ချ မင်း မူ ရ ကြ လိမ့် မည်။သို့ ဖြစ်၍ လွန် ကျူး မှု တစ် ခု ကြောင့် လူ ခပ် သိမ်း တို့ သည် အ ပြစ် စီ ရင် ခံ ရ သည့် နည်း တူ ပင် ဖြောင့် မတ် မှု တစ် ခု ကြောင့် လူ ခပ် သိမ်း တို့ သည် အ သက် ရှင် ခြင်း နှင့် ဆိုင် သော ဖြောင့် မတ် ရာ ရောက် ရ ကြ၏။တစ် နည်း တစ် ဦး၏ နား မ ထောင် ခြင်း ကြောင့် အ များ သည် အ ပြစ် သား အ ဖြစ် ရောက် သည့် နည်း တူ ပင်၊ တစ် ပါး သူ၏ နား ထောင် ခြင်း ကြောင့် အ များ သည် ဖြောင့် မတ် သူ့ အ ဖြစ် ရောက် ရ ကြ လိမ့် မည်။ထို အ ရှင် အား ဖြင့် လည်း ယ ခု ငါ တို့ တည် နေ ရာ ကျေး ဇူး တော် သို့ ယုံ ကြည် ခြင်း ကြောင့် တိုး ဝင် ခွင့် ရ သည့် ပြင် ဘု ရား သ ခင့် ဘုန်း တော် ကို မျှော် လင့် လျက် ရွှင် လန်း ရ ကြ၏။
ဘု ရား သ ခင့် ကြွယ် ဝ သော ကျေး ဇူး တော့် ဆိုင် ရာ ဘ ဏ္ဍာ စိုး ကောင်း များ အ ဖြစ် အ သီး သီး ဆု ကျေး ဇူး တော် ခံ ရ သည့် အ လျောက် အ ချင်း ချင်း တို့ အား ပြု စု လျက်၊
ငါ သည် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ပယ် ဖျက် သည် မ ဟုတ်။ အ ကယ်၍ ပ ညတ် တ ရား ကြောင့် ဖြောင့် မတ် ရာ ရောက် ခွင့် ရ လျှင် ခ ရစ် တော် သည် အ ကြောင်း မဲ့ အ သေ ခံ တော် မူ လေ ပြီ။
ဘု ရား သ ခင့် ကျေး ဇူး တော် ကို သင် တို့ အ ဖို့ ခ ရစ် တော်၏ သ စ္စာ ရှိ သော အ မှု တော် ဆောင်၊ ငါ တို့ ချစ် လှ သော ကျွန် ချင်း ဖြစ် သူ ဧ ပ ဖြ သွန် သင် သည့် အ လျောက် မှန် ကန် စွာ သင် တို့ ကြား သိ သည့် နေ့ က စ၍ ထို သ တင်း တော် မြတ် သည် သင် တို့ ဘောင် တွင် တည် လျက် အ ကျိုး ဖြစ် ထွန်း တိုး ပွား သည့် နည်း တူ ပင် ဤ လော က တ ရှောက် လုံး တွင် လည်း တိုး ပွား လျက် ရှိ၏။
ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ကိုယ် တော် တိုင် နှင့် ငါ တို့ ကို ချစ် ၍ ကျေး ဇူး တော် ကြောင့် ထာ ဝ ရ နှစ် သိမ့် ခွင့်၊ ချမ်း သာ စွာ မျှော် လင့် ခွင့် များ ကို သ နား တော် မူ သော၊ငါ တို့ အ ဘ ဘု ရား သ ခင် သည် သင် တို့ စိတ် နှ လုံး များ ကို နှစ် သိမ့် စေ၍ ကောင်း သော အ ကျင့် အ ကြံ အ ပြော အ ဆို ရှိ သ မျှ၌ အား ပေး တော် မူ ပါ စေ သော။
ကျေး ဇူး တော် နှင့် ဆိုင် က၊ ကိုယ် ကျင့် အား ဖြင့် မ ဟုတ်။ အ ကယ်၍ ဟုတ် ခဲ့ လျှင် ကျေး ဇူး တော် သည် ကျေး ဇူး တော် မှန် မ ဟုတ် ဖြစ် လေ ပြီ။
မည် သူ မျှ ဘု ရား သ ခင့် ကျေး ဇူး တော် နှင့် ကင်း၍ မ နေ စေ ခြင်း ငှာ လည်း ကောင်း၊ အ ခါး အ ဆိပ် ဖြစ် ပွား စေ သော အ မြစ် အ ညွန့် ပေါက်၍ နှောင့် ယှက် သ ဖြင့် အ များ ကို ညစ် ညူး ရာ မ ရောက် စေ ခြင်း ငှာ လည်း ကောင်း၊
ငါ တို့ ကို ကယ် တင် သော ယေ ရှု ခ ရစ် အ ရှင် ဘု ရား၏ ကျေး ဇူး တော် ၌ လည်း ကောင်း၊ ကိုယ် တော် နှင့် အ ကျွမ်း ဝင် ခွင့်၌ လည်း ကောင်း ကြီး ပွား ကြ လော့။ ထို အ ရှင် သည် ယ ခု ကာ လ မှ စ၍ အ န န္တ ကာ လ ပတ် လုံး ဘုန်း တော် ကြီး ပါ စေ သ တည်း။
လွန် ကျူး မှု များ ကြောင့် သေ လျက် နေ ကြ စဉ် ပင် က ရု ဏာ တော် နှင့် ကြွယ် ဝ သော ဘု ရား သ ခင် သည် ငါ တို့ အား ထား တော် မူ သော မ ဟာ မေ တ္တာ အ တွက် ကြောင့် ခ ရစ် တော် နှင့် တ ကွ ရှင် ပြန် ထ မြောက် စေ လျက် ကောင်း ကင် တွင် အ တူ စံ နေ ခွင့် ကို ခ ရစ် တော် ယေ ရှု အား ဖြင့် ပေး တော် မူ ၏။
ယ ခု မှာ ခ ရစ် တော် ယေ ရှု၌ တည် နေ သူ တို့ အ ပေါ် တွင် အ ပြစ် စီ ရင် ချက် သင့် ရောက် သည် မ ဟုတ်။သင် တို့၌ ခ ရစ် တော် တည် လျှင် မူ ကား ကိုယ် ခ န္ဓာ သည် ပြစ် မှား ခြင်း ကြောင့် အ သေ ဖြစ် သော် လည်း နာမ် ခ န္ဓာ သည် ဖြောင့် မတ် ခြင်း ကြောင့် အ သက် ဖြစ်၏။၎င်း ပြင် ယေ ရှု ကို သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် စေ တော် မူ သော အ ရှင်၏ ဝိ ညာဉ် တော် သည် သင် တို့၌ ကိန်း ဝပ် လျှင် ခ ရစ် တော် ယေ ရှု ကို သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် စေ သော ထို အ ရှင် သည် သင် တို့၌ ကိန်း ဝပ် သော ဝိ ညာဉ် တော် ကြောင့် သင် တို့၏ အ နိ စ္စ ခ န္ဓာ များ ကို ပင် ရှင် စေ တော် မူ လိမ့် မည်။သို့ ဖြစ်၍ ညီ အစ် ကို တို့၊ ငါ တို့၌ တာ ဝန် ရှိ သည် မှန် သော် လည်း ရုပ် ခ န္ဓာ အ လျောက် နေ ထိုင် ရန် မ ဟုတ်။သင် တို့ သည် ရုပ် ခ န္ဓာ အ လျောက် နေ ထိုင် လျှင် သေ ရ ကြ မည်။ နာမ် ခ န္ဓာ အား ဖြင့် ကိုယ် ခ န္ဓာ၏ အ ကျင့် များ ကို သတ် လျှင် မူ ကား အ သက် ရှင် ကြ လိမ့် မည်။ဘု ရား သ ခင့် ဝိ ညာဉ် တော် အ ပို့ အ ဆောင် ခံ ရ သ မျှ သော သူ တို့ သည် ဘု ရား သ ခင့် သား များ ဖြစ် ကြ၏။ကြောက် ရွံ့ လျက် နေ ပြန် စေ ရန် ကျွန့် အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို သင် တို့ ခံ ရ ကြ သည် မ ဟုတ်။ အ ဗ္ဗ၊ အ ဘ ဟု ခေါ် စေ သော သား အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို ခံ ရ ကြ ပြီး သည် နှင့် အ ညီ၊ဘု ရား သ ခင့် သား များ ငါ တို့ ဖြစ် ကြောင်း ကို ငါ တို့ ဝိ ညာဉ် နှင့် အ တူ ဝိ ညာဉ် တော် ပင် သက် သေ ခံ တော် မူ၏။သား မှန် က အ မွေ ခံ ဖြစ် ရုံ မျှ မ ဟုတ်။ ဘုန်း တော် ကို ခ ရစ် တော် နှင့် ခံ စား ခွင့် ရ ရန် ဒု က္ခ တော်၌ ဆက် ဆံ ကြ လျှင် ဘု ရား သ ခင့် အ မွေ တော် ခံ၊ ခ ရစ် တော် နှင့် အ မွေ စား ဘက် များ လည်း ဖြစ် ကြ သ တည်း။ငါ တို့၌ ပွင့် မည့် ဘုန်း တော် ကို ထောက် သော် ယ ခု ကာ လ ခံ ရ သော ဒု က္ခ များ ကို အ မှု မ ထား ထိုက် ဟု ငါ မှတ် ယူ၏။ဘု ရား သ ခင့် သား တို့ ပွင့် ခြင်း ကို ဖန် ဆင်း တော် မူ ရာ များ ပင် တောင့် တ စောင့် မျှော် လျက် နေ ကြ၏။အ သက် ရှင် ခြင်း ဆိုင် ရာ ဝိ ညာဉ် တော် တ ရား သည် အ ပြစ် တ ရား နှင့် သေ ခြင်း တ ရား မှ ခ ရစ် တော် ယေ ရှု အား ဖြင့် ငါ့ ကို လွတ် စေ လေ ပြီ။
ဒါ ဝိဒ် မင်း မျိုး မှ စ သော၊ ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ အ ပေါ်၌၊ ကျေး ဇူး တော် ရ လို၍၊ အ သ နား တော် ခံ သော သ ဘော ကို သွန်း လောင်း သ ဖြင့်၊ ၎င်း တို့ သည်၊ ထိုး ဖောက် ခဲ့ သော သူ့ ကို ရှု မြော်၍ ဧ က ပု တ္တ သား အ တွက် မြည် တမ်း သ ကဲ့ သို့ လည်း ကောင်း၊ သား ဦး အ တွက် ကြင် နာ သ ကဲ့ သို့လည်း ကောင်း၊ မြည် တမ်း ကြင် နာ ကြ လ တ္တံ့။
ခ ရစ် တော် မူ ကား အ ပြစ် သား ဖြစ် လျက် နေ သေး သော ငါ တို့ အ ဖို့ အ သေ ခံ တော် မူ ရာ၌ ငါ တို့ အ ပေါ် တွင် မေ တ္တာ တော် ရှိ ကြောင်း ဘု ရား သ ခင် ထင် ရှား စေ တော် မူ သ တည်း။
သို့ ဖြစ်၍ စိတ် အား ယူ လျက် လုံး လုံး သ တိ ရှိ လျက် ယေ ရှု ခ ရစ် ပေါ် တော် မူ သည့် ကာ လ သင် တို့ ထံ ရောက် လာ မည့် ကျေး ဇူး တော် ကို စောင့် မျှော် လျက် နေ ကြ လော့။
ကိုယ် ကို သန့် ရှင်း စေ သော ပ ဋိ ညာဉ်၏ အ သွေး တော် ကို မ သန့် ဟု မှတ် ယူ လျက် ကျေး ဇူး ရှင် ဝိ ညာဉ် တော် ကို လည်း မ ထီ လေး စား ပြု သူ သည် မည် မျှ ပြင်း ထန် သော ပြစ် ဒဏ် ကို ခံ ထိုက် သည် ဟု ထင် မှတ် ကြရ သ နည်း။
တစ် ဦး၏ လွန် ကျူး မှု အ တွက် သေ ခြင်း တ ရား သည် ထို လူ ကြောင့် မင်း မူ သည် မှန် က ကြွယ် ဝ သော ကျေး ဇူး တော် နှင့် ဖြောင့် မတ် ခြင်း ဆု တော် ကို ခံ ရ သူ တို့ သည် ယေ ရှု ခ ရစ် တည်း ဟူ သော တစ် ပါး သူ ကြောင့် အ သက် ရှင် လျက် မု ချ မင်း မူ ရ ကြ လိမ့် မည်။
ငါ တို့ ဂုဏ် ရောက် ခြင်း အ ကြောင်း မှာ ငါ တို့ သြ တ္တ ပ္ပ စိတ် သက် သေ ခံ သည့် အ တိုင်း ဤ လော က၌လည်း ကောင်း၊ အ ထူး ဆို သော် သင် တို့ ရှေ့၌ လည်း ကောင်း၊ ငါ တို့ သည် လော ကီ ပ ညာ အ လျောက် မ ဟုတ်၊ ဘု ရား သ ခင့် ကျေး ဇူး တော် နှင့် လျော် စွာ သ နား တော် မူ သော သန့် ရှင်း ခြင်း၊ ကြည် လင် ခြင်း၌ ကျင့် ကြံ ပြု မူ ခဲ့ ကြ ၏။
သူ သည် စွန့် ကြဲ ပြီ၊ နွမ်း ပါး သူ တို့ အား ပေး ကမ်း ပြီ၊ သူ့ ဖြောင့် မတ် ခြင်း သည် ကာ လ အ စဉ် တည်၏ ဟူ သော ကျမ်း ချက် အ ရ သင် တို့ သည် အ ခါ ခပ် သိမ်း စည်း စိမ် ချမ်း သာ လုံ လောက် သ ဖြင့် ကောင်း မှု အ မျိုး မျိုး ကို ပြု ရ စေ ခြင်း ငှာ ဆု ကျေး ဇူး အ မျိုး မျိုး နှင့် ဘု ရား သ ခင် ကြွယ် ဝ စေ တော် မူ နိုင် ၏။
ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ပေါ် တော် မူ ခြင်း ကို စောင့် မြော် လျက် နေ သော သင် တို့၌ ခ ရစ် တော့် အ ကြောင်း သက် သေ ခံ ချက် အ တည် ရှိ သ ဖြင့် ဆု ကျေး ဇူး တော် တစ် စုံ တစ် ရာ မျှ မဲ့ လျက် မ နေ သည် ဖြစ်၍ ကိုယ် တော် အား ဖြင့် ဟော ပြော ခွင့် ထိုး ထွင်း ခွင့် အ မျိုး မျိုး နှင့် ကြွယ် ဝ ကြ သည့် အ လျောက် ခ ရစ် တော် ယေ ရှု၌ ခံ စား ကြ ရ သော ဘု ရား သ ခင့် ကျေး ဇူး တော် အ တွက် သင် တို့ နှင့် စပ်၍ ဘု ရား သ ခင့် ကျေး ဇူး တော် ကို အ စဉ် ငါ ချီး မွမ်း၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိကိုယူဆောင်၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ဘောင်တွင်ရပ်စံတော်မူရာ အဘဖြစ်သူမှ၊ ဧကပုတ္တသားခံရသောဘုန်းဂုဏ်ကဲ့သို့ ကိုယ်တော်၏ဘုန်းဂုဏ်တော်ကို ငါတို့ဖူးမြင်ရကြ၏။
ပ ညတ် တ ရား အား ဖြင့် ဖြောင့် မတ် ရာ ရောက် လို သ မျှ သော သင် တို့ သည် ခ ရစ် တော့် ထံ က ခွာ ၍ ကျေး ဇူး တော် မှ နှင် ထုတ် ခံ ရ ကြ ပြီ။
လုပ် ဆောင် ရ သူ အ ခ ရ သည် မှာ ကျေး ဇူး အား ဖြင့် မ ဟုတ်။ အ လုပ် အ တွက် ဟု မှတ် ရ ၏။ဘု ရား မဲ့ နေ သူ တို့ ကို ဖြောင့် မတ် ရာ ရောက် စေ သော အ ရှင် အား ကိုယ် ကျင့် ကင်း လျက် ယုံ ကြည် သူ၌ မူ ကား ယုံ ကြည် ခြင်း ကို ဖြောင့် မတ် ခြင်း ဟု မှတ် တော် မူ ၏။
ဘုရားသခင်သည် သားတော်ကိုယုံကြည်သူတိုင်းမပျက်စီးဘဲ ထာဝရအသက်ရစေခြင်းငှာ၊ ဧကပုတ္တသားတော်ကိုအပ်ပေးသည့်တိုင်အောင် ဤလောကသားတို့အား မေတ္တာသက်တော်မူ၏။
သို့ သော် လည်း ဘု ရား သ ခင့် ကျေး ဇူး တော် ဆိုင် ရာ သ တင်း တော် မြတ် ကို သက် သေ ခံ ရန် အ ရှင် ယေ ရှု ထံ မှ ငါ ခံ ရ သော အ မှု နှင့် အ ငန်း အ တာ ကို ပြီး စီး အောင် ဆောင် ရွက် ခွင့် ရ လျှင် ငါ သည် ကိုယ့် အ သက် ကို ပ မာ ဏ မ ပြု၊ နှ မြော ခြင်း မ ရှိ။
ဘု ရား သ ခင် မှ စ၍ ငါ တို့ အ ရှင် ယေ ရှု နှင့် အ ကျွမ်း ဝင် ခွင့် ဖြင့် သင် တို့၌ ကျေး ဇူး တော် နှင့် ငြိမ် သက် ခြင်း များ ပြား ပါ စေ သော။
ထာ ဝ ရ ဘု ရား ၌ သ နား သော သ ဘော၊ ကျေး ဇူး ပြု သော သ ဘော၊ စိတ် ရှည် သော သ ဘော၊ က ရု ဏာ ကြွယ် ဝ သော သ ဘော ရှိ တော် မူ ၏။
ငါ တို့ ပြု သော ကောင်း မှု အား ဖြင့် မ ဟုတ်။ အ သစ် မွေး ဖွား ခြင်း ဆိုင် ရာ ဆေး ကြော ခြင်း နှင့် သန့် ရှင်း သော ဝိ ညာဉ် တော် ပြု ပြင် ခြင်း အား ဖြင့် က ရု ဏာ တော် နှင့် အ ညီ ငါ တို့ ကို ကယ် တင် တော် မူ၏။
ငါ တို့ အ ရှင် ယေ ရှု ခ ရစ် တော် ကို နိ ယာ မ ချစ် ခြင်း ရှိ သူ တို့ နှင့် အ တူ ကျေး ဇူး တော် တည် ရှိ စေ သ တည်း။
ယုံ ကြည် သော အား ဖြင့် အ သွေး တော် ကြောင့် အ ပြစ် ပြေ ရာ ပြေ ကြောင်း အ ဖြစ် ဘု ရား သ ခင် ဖွင့် ထား တော် မူ သည့် ခ ရစ် တော် ယေ ရှု၌ တည် သော ရွေး နုတ် ခြင်း ကြောင့် ကျေး ဇူး တော် အား ဖြင့် အ ဖိုး မဲ့ ဖြောင့် မတ် ရာ ရောက် ရ ကြ၏။ ထို သို့ ဖွင့် ထား တော် မူ သော် အ ထက် ပြစ် မှား မိ ကြ သော ပြစ် မှု များ ကို သည်း ခံ တော် မူ ရာ၌ ရွှေ့ ဆိုင်း သည် ကို ထောက်၍ ဖြောင့် မတ် တော် မူ ကြောင်း ထင် ပေါ် စေ ရန် လည်း ကောင်း၊ ယ ခု ခေတ် လည်း ကိုယ် တော် တိုင် ဖြောင့် မတ်၍ ယေ ရှု အား ယုံ ကြည် သူ တို့ ကို တ ရား သေ လွှတ် လျက် ပင် ဖြောင့် မတ် တော် မူ ကြောင်း ထင် ပေါ် စေ ရန်လည်း ကောင်း ဖြစ် သ တည်း။
ထို သူ တို့ နည်း တူ ပင် ငါ တို့ သည် အ ရှင် ယေ ရှု၏ ကျေး ဇူး တော် ကြောင့် သာ ကယ် တင် တော် မူ ခြင်း သို့ ရောက် ရ မည့် အ ကြောင်း ယုံ ကြည် ကြ သည် ဟု ပြော ဆို၏။
ခ ရစ် တော် ယေ ရှု အား ယုံ ကြည် ခြင်း၊ ချစ် ခြင်း နှင့် တ ကွ ငါ တို့ အ ရှင့် ကျေး ဇူး တော် သည် အ လွန် ကြွယ် ဝ၏။
တန် ခိုး တော် ပြု ပြင် ခြင်း ဖြင့် ဘု ရား သ ခင် ပေး သ နား တော် မူ သော ဆု ကျေး ဇူး တော် အ လျောက် ငါ သည် ထို သ တင်း တော် မြတ် ဆောင် ရွက် သူ ဖြစ်၏။
အ ရှင် ယေ ရှု ခ ရစ်၏ ကျေး ဇူး တော်၊ ဘု ရား သ ခင်၏ မေ တ္တာ တော်၊ သန့် ရှင်း သော ဝိ ညာဉ် တော်၏ မိတ် သ ဟာ ယ တော် သည် သင် တို့ ရှိ သ မျှ နှင့် အ တူ တည် ပါ စေ သော။
လူ တို့ ခံ ရ သော စုံ စမ်း ခြင်း မျိုး မှ တစ် ပါး သင် တို့ မ ခံ ခဲ့ ရ။ ဘု ရား သ ခင် သည် သ စ္စာ နှင့် ပြည့် စုံ သည့် အ လျောက် သင် တို့ ခံ ရပ် နိုင် သည် ထက် စုံ စမ်း စေ ခွင့် ပြု တော် မ မူ မည့် ပြင် စုံ စမ်း ခံ ရာ တွင် ခံ ရပ် နိုင် ကြ စေ ရန် လွတ် ရာ လွတ် ကြောင်း ကို ပြု ပြင် တော် ဦး မည်။
ထာ ဝ ရ ဘု ရား သ ခင် သည်၊ နေ နှင့် ဒိုင်း လွှား ဖြစ် တော် မူ ၏။ ထာ ဝ ရ ဘု ရား သည်၊ ကျေး ဇူး တော် နှင့် ဘုန်း အ သ ရေ ကို သ နား၍၊ စုံ လင် စွာ ကျင့် ကြံ သူ တို့ အား၊ ကောင်း သော အ ရာ ကို ငြင်း တော် မူ မည် မ ဟုတ်။
သား တော် ရင်း ကို မ ငြင်း ဘဲ ငါ တို့ ရှိ သ မျှ အ ဖို့ အပ် တော် မူ လိုက် သော အ ရှင် သည် သား တော့် ပြင် အ ရာ ရာ ကို မ ပေး ဘဲ မည် သို့ နေ တော် မူ အံ့ နည်း။
ကောင်း သော ဆု နှင့် စုံ လင် သော ကျေး ဇူး ရှိ သ မျှ တို့ သည် ပြောင်း လဲ ခြင်း၊ လှည့်၍ အ ရိပ် ကျ ခြင်း ကင်း သော အ ရှင်၊ အ လင်း တန် ဆာ များ၏ အ ဘ ထံ အ ထက် အ ရပ် မှ ဆင်း သက် ၏။
ထာ ဝ ရ ဘု ရား ၌ ကျေး ဇူး ပြု သော သ ဘော၊ သ နား သော သ ဘော၊ စိတ် ရှည် သော သ ဘော၊ က ရု ဏာ တော် နှင့် ကြွယ် ဝ သော သ ဘော ရှိ တော် မူ ၏။
အ ပြစ် ဝန် ချ ကြ လျှင် မူ ကား ကိုယ် တော် သည် သ စ္စာ စောင့်၍ ဖြောင့် မတ် တော် မူ သ ဖြင့် ထို အ ပြစ် များ ကို ဖြေ လွတ် လျက် ဒု စ ရိုက် အ မျိုး မျိုး နှင့် စင် ကြယ် စေ တော် မူ မည်။
ရှေး မ ဆွ က ဘု ရား သ ခင် စီ မံ ထား တော် မူ သည့် ကောင်း မှု များ ကို ငါ တို့ သည် လိုက် လျှောက် ကျင့် ဆောင် စေ ရန် ခ ရစ် တော် ယေ ရှု အား ဖြင့် ဖန် ဆင်း ပြု ပြင် တော် မူ သူ များ ဖြစ် ကြ၏။
ငါ တို့ အ ဘ ဘု ရား သ ခင် နှင့် အ ရှင် ယေ ရှု ခ ရစ် အ ထံ တော် မှ ကျေး ဇူး တော် နှင့် ငြိမ် သက် ခြင်း သည် သင် တို့၌ တည် ရှိ ပါ စေ သော။
သို့ ဖြစ်၍ ဝါ ကြွား ရန် အ ကြောင်း အ ဘယ် မှာ နည်း။ ပယ် ပ လေ ပြီ။ မည် သို့ သော တ ရား ကြောင့် နည်း။ အ ကျင့် တ ရား ကြောင့် လော။ ယုံ ကြည် ခြင်း တ ရား ကြောင့် တည်း။လူ သည် ပ ညတ် တ ရား အ လိုက် အ ကျင့် အား ဖြင့် မ ဟုတ်၊ ယုံ ကြည် ခြင်း အား ဖြင့် ဖြောင့် မတ် ရာ ရောက် သည် ဟု မှတ် ရ ၏။
သင် တို့ ကြား ဖူး ကြ ပြီ။ သို့ ရာ တွင် ဝမ်း တွင်း က ပင် ငါ့ ကို သန့် ခြား လျက် ကျေး ဇူး တော် အား ဖြင့် ခေါ် ထား မူ သော အ ရှင် သည် လူ မျိုး ခြား တို့ အား ကြား ပြော စေ ရန် သား တော် ကို ငါ၌ အ လို တော် အ တိုင်း ထင် ရှား စေ တော် မူ သော်၊
ထို သို့ ယေ ရှု ခ ရစ်၏ ကိုယ် ခ န္ဓာ တော် ကို အ ပြီး သတ် ဆက် ကပ် တော် မူ ခြင်း အား ဖြင့် ငါ တို့ သည် ထို အ လို တော် အ တိုင်း သန့် ရှင်း ရာ ရောက် ကြ လေ ပြီ။
သို့ ရာ တွင်၊ ထာ ဝ ရ ဘု ရား သည် သင် တို့ ကို သ နား ခွင့် ရ စေ ရန် ဆိုင်း လင့် တော် မူ လိမ့် မည်။ က ရု ဏာ သက် ခွင့် ရ စေ ရန် မြင့် မြတ် ရာ တွင် စံ တော် မူ ဦး မည်။ ထာ ဝ ရ ဘု ရား သည် တ ရား ရှင် ဘု ရား ဖြစ် တော် မူ သည့် အ လျောက်၊ ကိုယ် တော် ကို စောင့် စား သူ အ ပေါင်း တို့၌ မင်္ဂ လာ ရှိ ကြ ၏။
အို အ ရှင် ဘု ရား၊ ကိုယ် တော် သည် သ နား သော သ ဘော၊ ကျေး ဇူး ပြု သော သ ဘော၊ စိတ် ရှည် သော သ ဘော၊ က ရု ဏာ နှင့် သ စ္စာ ကြွယ် ဝ သော သ ဘော ရှိ သော ဘု ရား ဖြစ် တော် မူ ပါ ၏။
ခ ရစ် တော် လည်း သင် တို့ ဘု ရား သ ခင် ထံ ပို့ သွင်း ရ အံ့ သော ငှာ သူ တော် ကောင်း အ ဖြစ် မ သူ တော် တို့ အ ဖို့ အ ပြစ် များ အ တွက် တစ် ကြိမ် တည်း အ သေ ခံ တော် မူ၏။ ရုပ် ခ န္ဓာ၌ သေ ဒဏ် ခံ သော် လည်း နာမ် ခ န္ဓာ၌ ရှင် တော် မူ ရာ
ဘု ရား သ ခင် သည် ငါ တို့ ကို ခ ရစ် တော် ကြောင့် ကိုယ် တော်၏ ဖြောင့် မတ် တော် မူ ခြင်း ဖြစ် စေ ရန် အ ပြစ် ကင်း သော ထို အ ရှင် ကို ငါ တို့ အ တွက် အ ပြစ် ဖြစ် စေ တော် မူ ပြီ တ ကား။
ညီ အစ် ကို တို့၊ လွတ် ခွင့် အ ဖို့ သင် တို့ ကို ခေါ် ထား တော် မူ သည် မှန်၏။ သို့ ရာ တွင် ထို လွတ် ခွင့် ကို ရုပ် ခ န္ဓာ သွေး ဆောင် ရာ သွေး ဆောင် ကြောင်း မ ဖြစ် စေ ဘဲ ချစ် ခြင်း မ တ္တာ အား ဖြင့် အ ချင်း ချင်း တို့ ထံ ကျွန် ခံ ကြ လော့။
သင် တို့ ရှိ သ မျှ နှင့် စပ် လျဉ်း ၍ ထို သို့ ငါ သ ဘော ထား အပ် သည့် အ ကြောင်း ကား ငါ သည် အ ကျဉ်း ခံ ရာ၌ လည်း ကောင်း၊ သ တင်း တော် မြတ် ကို ထောက် ခံ တည် စေ ရာ၌ လည်း ကောင်း၊ ငါ နှင့် အ တူ ကျေး ဇူး တော် ကို ဆက် ဆံ သူ ဖြစ် ကြ သော သင် တို့ အ ပေါင်း ကို ငါ အောက် မေ့ သော ကြောင့် တည်း။
ပင် ပန်း သူ ဝန် လေး သူ အ ပေါင်း တို့၊ ငါ့ ထံ လာ ကြ လော့။ ငါ သည် ချမ်း သာ စေ မည်။ငါ့ ထမ်း ပိုး ကို ထမ်း၍ ငါ့ ထံ မှ သင် ကြ လော့။ ငါ သည် သိမ် မွေ့ နှိမ့် ချ သော စိတ် ရှိ၏။ အ သက် ဝိ ညာဉ် ချမ်း သာ ရာ ကို လည်း သင် တို့ တွေ့ ကြ လိမ့် မည်။ကိုယ် တော် သည် ကြွ လာ ရ မည့် အ ရှင် လော။ အ ခြား မျှော် လင့် ရ ဦး မည် လော့ ဟု မေး လျှောက် စေ သည့် အ တိုင်းငါ့ ထမ်း ပိုး သည် ထမ်း လွယ် လျက် ငါ့ ဝန် လည်း ပေါ့ သည် ဟူ၍ မိန့် တော် မူ၏။
အ သီး အ သီး တို့ အား မည် သို့ ဖြေ ဆို သင့် ကြောင်း သိ စေ ခြင်း ငှာ ယဉ် ကျေး သော စ ကား ကို သင် တို့ အ ပြော အ ဆို တွင် ဆား သ ဖွယ် ခတ် ကြ လော့။
သင် တို့ ဘောင် တွင် လူ ရှိ သ မျှ အား ငါ ခံ စား ရ သော ကျေး ဇူး တော် ကြောင့် ထပ် ဆို သည် ကား၊ ကိုယ် ကို ထင် သင့် သည် ထက် လွန်၍ မ ထင် ဘဲ အ သီး အ သီး တို့ အား ဘု ရား သ ခင် ဝေ မျှ တော် မူ သော ယုံ ကြည် ခြင်း ပ မာ ဏ အ တိုင်း သင့် လျော် စွာ ထင် ကြ လော့။
ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။
မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။
စေ တ မန် တော် က အို မာ ရိ၊ မ ကြောက် နှင့်။ သင် သည် ဘု ရား သ ခင့် ရှေ့ တော်၌ မျက် နှာ သာ ရ ပြီ။
ထာ ဝ ရ ဘု ရား က၊ ငါ့ တင့် တယ် ခြင်း ရှိ သ မျှ ကို သင့် မျက် မှောက်၌ ထင် ရှား စေ၍ ငါ ထာ ဝ ရ ဘု ရား၏ နာ မ ကို လည်း သင့် ရှေ့၌ ငါ ကြော် ငြာ မည်။ ငါ ကျေး ဇူး ပြု မည့် သူ့ ကို ကျေး ဇူး ပြု မည်။ ငါ သ နား မည့် သူ ကို လည်း သ နား မည် ဟူ ၍ လည်း ကောင်း၊
ထို နည်း တူ ယ ခု ကာ လ၌ လည်း ကျေး ဇူး တော့် ဆိုင် ရာ ရွေး ကောက် တော် မူ ခြင်း အ တိုင်း အ ကြွင်း အ ကျန် တို့ ရှိ ကြ၏။
ငါ တို့ အ ရှင် တည်း ဟူ သော သား တော် ယေ ရှု ခ ရစ် နှင့် ပေါင်း သင်း ဆက် ဆံ ခွင့် ရှိ စေ ခြင် ငှာ သင် တို့ ကို ခေါ် ထား တော် မူ ခဲ့ သော ဘု ရား သ ခင် သည် သ စ္စာ စောင့် တော် မူ၏။
ထာ ဝ ရ ဘု ရား သည် အ ရာ ခပ် သိမ်း တို့ အား ကောင်း မွန် လျက်၊ အ မှု အ ရာ တော် ဟူ သ မျှ အ ပေါ် တွင် က ရု ဏာ သက် တော် မူ ၏။
သို့ ဖြစ်၍ လည်း ငါ သည် ခ ရစ် တော့် အ တွက် အား နည်း ခြင်း၊ အ နာ တ ရ ပြု ခြင်း၊ ညှဉ်း ပန်း ခြင်း၊ နှိပ် စက် ခြင်း၊ ကျဉ်း ကျပ် ခြင်း များ ကို နှစ် သက် စွာ ခံ လေ၏။ ငါ သည် အား နည်း သည့် အ ခါ ခွန် အား နှင့် ပြည့်၏။
လူ ဆိုး သည် ကိုယ့် နည်း လမ်း ကို လည်း ကောင်း၊ မ တ ရား သူ လည်း ကိုယ့် အ ကြံ အ စည် များ ကို လည်း ကောင်း၊ စွန့် ပယ်၍ က ရု ဏာ သက် လ တ္တံ့ သော ထာ ဝ ရ ဘု ရား၊ ကြွယ် ဝ စွာ ချမ်း သာ ပေး လ တ္တံ့ သော ငါ တို့ ဘု ရား သ ခင် ထံ တော် သို့၊ ပြန် လာ ကြ စေ။
ငြိမ်သက်ခြင်းကို သင်တို့နှင့်ငါထားခဲ့၏။ လောကသားတို့ပေးကြသည့်နည်းတူမဟုတ်။ ကိုယ့်ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ နှလုံးမသာခြင်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။
ငါ တို့ ခံ ရ သည့် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင့် မေ တ္တာ တော် ကို ငါ တို့ စိတ် နှ လုံး ထဲ၌ သွန်း လောင်း ပြီး ဖြစ်၍ ထို စောင့် မျှော် ခြင်း ကြောင့် စိတ် ပျက် ရ တော့ မည် မ ဟုတ်။
ထို ကြောင့် မ လှုပ် ရှား နိုင် သော နိုင် ငံ တော် ကို ငါ တို့ ရ ကြ သည် နှင့် အ ညီ ကျေး ဇူး တော် ကို ခံ စား၍ ငါ တို့ ဘု ရား သ ခင် သည် ကျွမ်း လောင် သော မီး ဖြစ် တော် မူ သည့် အ လျောက် နှစ် သက် တော် မူ သော ဝတ် ကို ရို သေ ခံ ညား စွာ ဆက် ကပ် ကြ ကုန် အံ့။
မ ထီ လေး စား ပြု သူ တို့ အား၊ လေး စား တော် မ မူ။ စိတ် နှိမ့် ချ သူ တို့ ကို ကား၊ ကျေး ဇူး သ နား တော် မူ ၏။
တ မန် တော် တို့ လည်း အ ရှင် ယေ ရှု၏ ရှင် ပြန် ထ မြောက် တော် မူ ခြင်း အ ကြောင်း ကို ရဲ စွမ်း သော အာ ဏာ နှင့် သက် သေ ခံ ကြ သည့် ပြင် ရှိ သ မျှ တို့ အ ပေါ် တွင် ကြီး စွာ သော ကျေး ဇူး တော် တည် ၏။
အံ့ ဖွယ် ရာ အ မှု တော် များ ကို အ ထိမ်း အ မှတ် ဖြစ် စေ လျက်၊ ထာ ဝ ရ ဘု ရား ၌ ကျေး ဇူး ပြု သော သ ဘော၊ သ နား သော သ ဘော ရှိ တော် မူ ၏။
သင် တို့ သည် ဤ လော က ၏ အ လင်း ဖြစ်၏။ တောင် ထိပ် ပေါ် မှာ တည် ရှိ သော မြို့ သည် ပုန်း ကွယ် လျက် မ နေ နိုင်၊မီး ထွန်း လျက် တောင်း အုပ်၍ ထား လေ့ မ ရှိ။ အိမ်၌ လူ ရှိ သ မျှ တို့ အ လင်း ရ စေ ခြင်း ငှာ ခုံ ပေါ် တွင် သာ တင် ထား တတ် ကြ ၏။ထို နည်း တူ သင် တို့၏ ကောင်း မှု များ ကို မြင်၍ ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ၏ ဘုန်း တော် ကို ချီး မြှောက် ကြ စေ ရန် ကိုယ့် အ လင်း ကို လူ တို့ ရှေ့ လင်း စေ ကြ လော့။
သင့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ ကယ် ဆယ် မည့် ရဲ မက် သ ဖွယ်၊ သင့် အ လယ် တွင် စံ နေ တော် မူ၍၊ သင့် အ တွက် ကြောင့် အား ရ ရွှင် လန်း ခြင်း၊ မေ တ္တာ သက်၍ ဆိတ် ဆိတ် နေ ခြင်း၊ ကျူး ဧ လျက် ကြွေး ကြော် ခြင်း ကို ပြု တော် မူ လိမ့် မည် ဟု ဆို ရ ကြ လ တ္တံ့။
၎င်း ပြင် လက် ခံ ဖွယ် အချိန် ၌ ငါ နား ညောင်း ၍ ကယ် တင် ရာ နေ့ ရက်၌ သင့် ကို မ စ ပြီ ဟူ သော ဗျာ ဒိတ် တော် ချက် အ ရ ယ ခု ပင် လက် ခံ ဖွယ် အ ချိန်၊ ယ ခု ပင် ကယ် တင် ရာ နေ့ ရက် ဖြစ် သည့် အ လျောက် ဘု ရား သ ခင့် ကျေး ဇူး တော် ကို အ ကျိုး မဲ့ မ ခံ စေ မည့် အ ကြောင်း ကိုယ် တော် နှင့် လုပ် ဘော် ဆောင် ဘက် ဖြစ် သူ ငါ တို့ သည် သင် တို့ အား နှိုး ဆော် လျက်၊
အ ချင်း ဣ သ ရေ လ လူ မျိုး၊ ထာ ဝ ရ ဘု ရား သည် က ရု ဏာ သက် ခွင့်၊ အ ထူး ရွေး နုတ် ခွင့် ပိုင် တော် မူ သည့် အ လျောက်၊
သူ ဆင်း ရဲ တို့ အား ဝမ်း မြောက် ဖွယ် သ တင်း ကို ကြော် ငြာ စေ ခြင်း ငှာ လည်း ကောင်း၊ စိတ် နှ လုံး ကြေ ကွဲ သူ တို့ ကို ပတ် စည်း စေ ခြင်း ငှာ လည်း ကောင်း၊ သုံ့ ပန်း လူ တို့ အား လွတ် သွား ခွင့်၊ အ ကျဉ်း သား တို့ အား ပွင့် လွတ် ခွင့် ကို ကြား ပြော စေ ခြင်း ငှာလည်း ကောင်း၊ ထာ ဝ ရ ဘု ရား လက် ခံ တော် မူ ဖွယ် နှစ် ကာ လ၊ ငါ တို့ ဘု ရား သ ခင် လက် စား ချေ တော် မူ မည့် ရက် ကာ လ များ ကို ကြား ပြော စေ ခြင်း ငှာ လည်း ကောင်း၊ ညည်း တွား ရ သူ ရှိ သ မျှ တို့ အား နှစ် သိမ့် စေ ခြင်း ငှာ လည်း ကောင်း၊ ညည်း တွား ရ သော ဇိ အုန် မြို့ သူ မြို့ သား တို့ အား၊ ပြာ ထိုင် ခြင်း အ စား ဦး ရစ် ပေါင်း ခြင်း၊ ညည်း တွား ခြင်း အ စား ရွှင် လန်း ရာ နံ့ သာ ဆီ၊ စိတ် အား လျော့ ခြင်း အ စား ချီး မွမ်း ရာ အ ဝတ် တန် ဆာ များ ကို စီ မံ ပေး အပ် စေ ခြင်း ငှာလည်း ကောင်း၊ ထာ ဝ ရ ဘု ရား သည် ငါ့ ကို ဘိ သိက် သွန်း၍ စေ လွှတ် တော် မူ သည် နှင့် အ ညီ၊ ငါ့ အ ပေါ် တွင် အ ရှင် ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် တည် နေ လျက် ရှိ ၏။ ထို သူ တို့ သည် ထာ ဝ ရ ဘု ရား၏ ဘုန်း တော် ထင် ရှား စေ ရန်၊ စိုက် ပျိုး တော် မူ ရာ ဖြောင့် မတ် သော ညန် ပင် ဟု သ မုတ် ခံ ရ ကြ သည့် ပြင်၊
သင် တို့ လည်း ကိုယ်၏ ကယ် တင် ခြင်း သ တင်း တော် မြတ် တည်း ဟူ သော သ မ္မာ တ ရား တော် ကို ကြား နာ ရ ပြီး နောက် ထို အ ရှင် ကို ယုံ ကြည် ကြ သည် ဖြစ်၍ ပိုင် ဆိုင် တော် မူ ရာ ကို ရွေး နုတ် တော် မူ သ ဖြင့် ဘုန်း တော် ကို ချီး မွမ်း ကြ စေ ခြင်း ငှါ ငါ တို့ ပိုင် နက် စ ရန် ဖြစ် သော က တိ တော် ထား ပြီး သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် တံ ဆိပ် ခတ် တော် မူ ခြင်း ခံ ရ ကြ လေ ပြီ။
ကောင်း မှု ကို လက် မ လွတ် ဘဲ ပြု ကြ ကုန် အံ့။ အား လျော့ ခြင်း ကင်း လျှင် အ ချိန် စေ့ သော် ငါ တို့ ရိတ် သိမ်း ကြ ရ လိမ့် မည်။
ထာ ဝ ရ ဘု ရား ၏ ကောင်း မြတ် တော် မူ ခြင်း အ ရ သာ ကို ဝင် စား သိ မြင် ကြ လော့။ ကိုယ် တော်၌ ခို လှုံ သူ သည် မင်္ဂ လာ ရှိ ၏။
မ သ နား ခဲ့ သူ့ ကို စီ ရင် ဆုံး ဖြတ် ခြင်း သည် သ နား ခြင်း ကင်း လိမ့် မည်။ သ နား လျှင် မူ ကား စီ ရင် ဆုံး ဖြတ် ခြင်း ကို အောင် မြင် လိမ့် သ တည်း။
ဘု ရား သ ခင် ကို ငါ တို့ ချစ် ကြ ရာ၌ မ ဟုတ်။ ငါ တို့ ကို ဘု ရား သ ခင် ချစ် လျက် ငါ တို့ အ ပြစ် ပြေ ရာ ပြေ ကြောင်း အ ဖြစ် သား တော် ကို စေ လွှတ် တော် မူ ရာ၌ ထင် ရှား သ တည်း။
သင့် ကို ထာ ဝ ရ မေ တ္တာ နှင့် မြတ် နိုး သည့် အ လျောက်၊ မေ တ္တာ ကျေး ဇူး ဖြင့် ဆွဲ ခဲ့ ပြီ ဟု၊ မိန့် တော် မူ သော ထာ ဝ ရ ဘု ရား သည်၊ ဝေး ကွာ ရာ မှ အကျွန်ုပ် အား ထင် ရှား တော် မူ ကြောင်း၊ သင် ဝန် ခံ သည် နှင့် အ ညီ၊
ထို အ ခါ ငါ ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို ပ ဌ နာ ပြု သူ တိုင်း၊ ဘေး လွတ် ခွင့် ရ လ တ္တံ့ ဟု ဘု ရား သ ခင် မိန့် တော် မူ သည် ဟူ၍ တည်း။
ခ ရစ် တော် သည် အ ထူး သန့် ရှင်း ရာ ဌာ န တော် စစ်၏ ပုံ မျှ သာ ဖြစ် သော လက် လုပ် ဌာ န တော် ထဲ သို့ မ ဝင်။ ငါ တို့ အ တွက် ဘု ရား သ ခင် မျက် မှောက် တော် တွင် ထင် ထင် ဖူး မြော် ရန် ကောင်း ကင် ဘုံ ထဲ သို့ ဝင် တော် မူ ၏။ပ ရော ဟိတ် မင်း ဖြစ် သူ သည် ကိုယ့် အ သွေး မ ဟုတ် သော အ သွေး နှင့် အ ထူး သန့် ရှင်း ရာ ဌာ န ထဲ သို့ နှစ် စဉ် ဝင် ရ သ ကဲ့ သို့ ကိုယ် ကို အ ကြိမ် ကြိမ် ဆက် ကပ် ရန် ဝင် တော် မူ သည် မ ဟုတ်။ထို သို့ ဟုတ် ခဲ့ လျှင် ဤ လော က တည် သည် က စ၍ အ ကြိမ် ကြိမ် အ သေ ခံ တော် မူ ခဲ့ ရ လေ ပြီ။ မု ချ ဆို သော် ကိုယ် တော် သည် ကိုယ် ကို ပူ ဇော် ခြင်း အား ဖြင့် အ ပြစ် တ ရား ကို ပယ် ရန် ယ ခု ခေတ် ကာ လ အ ဆုံး၌ တစ် ကြိမ် တည်း ပေါ် ထွန်း တော် မူ ခဲ့ ပြီ။
ထို အ ရှင်၌ ငါ တို့ သည် ယုံ ကြည် ခြင်း အား ဖြင့် စိတ် ချ လျက် ရဲ ရင့် စွာ တိုး ဝင် ခွင့် ရ ကြ၏။
သင် တို့ မူ ကား မှောင် မိုက် ထဲ မှ အံ့ ဖွယ် သော အ လင်း တော် ထဲ သို့ ခေါ် ခဲ့ တော် မူ သော အ ရှင်၏ ဘုန်း တော် ကို ဖော် ပြ စေ ခြင်း ငှာ ရွေး ချယ် သော လူ မျိုး တော် ပ ရော ဟိတ် နိုင် ငံ တော် သီး သန့်၍ ပိုင် ဆိုင် တော် မူ ရာ လူ မျိုး တော် ဖြစ် လျက်
သူခိုးဖြစ်သူသည် ခိုးယူသတ်ဖြတ်ဖျက်ဆီးရန်သာ လာရောက်တတ်၏။ ငါမူကား အသက်ကိုရစေ၍ ကြွယ်ဝစေခြင်းငှါရောက်လာခဲ့ပြီ။
သား တော် အား ဖြင့် ရွေး နုတ် တော် မူ ခြင်း တည်း ဟူ သော ပြစ် မှု များ ပြေ လွတ် ခွင့် ကို ပေး တော် မူ ၏။
ခ မည်း တော် ဘု ရား သ ခင် နှင့် ငါ တို့ အ ရှင် ခ ရစ် တော် ယေ ရှု အ ထံ တော် မှ ကျေး ဇူး၊ က ရု ဏာ၊ ငြိမ် သက် ခြင်း များ သည် သင်၌ တည် ရှိ ပါ စေ သော။
သို့ ဖြစ်၍ ကျေး ဇူး တော် တိုး ပွား သည့် အ လျောက် အ များ တို့ ကြွယ် ဝ စွာ ချီး မွမ်း ကြ သ ဖြင့် ဘု ရား သ ခင့် ဘုန်း တော် ထင် ရှား စေ အံ့ သော ငှာ အ ရာ ရာ ကို သင် တို့ အ ဖို့ ပြု ကြ သ တည်း။
အ ပြစ် နှင့် လွတ် ခွင့် ဖြောင့် မတ် ခြင်း အ ဖို့ အ သက် ရှင် ခွင့် ကို ငါ တို့ ရ ကြ စေ ရန် ကား တိုင် ပေါ် ၌ ကိုယ် ခ န္ဓာ တော် တွင် ငါ တို့ အ ပြစ် ဝန် ကို ကိုယ် တော် တိုင် သည် ပိုး တော် မူ ရာ ဒဏ် ချက် တော် များ ကြောင့် သင် တို့ သက် သာ ရ ကြ ၏။
ငါသည်စပျစ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ ငါနှင့်ကင်းက မည်သည်ကိုမျှသင်တို့မတတ်နိုင်။ မည်သူမဆိုငါ၌တည်၍ ငါလည်းထိုသူ၌တည်လျှင် များစွာသီးတတ်၏။
ငါ သည် ထာ ဝ ရ ဘု ရား ကြောင့် အား ရ ဝမ်း မြောက် ၍၊ ငါ ၏ ဘု ရား သ ခင် ကြောင့် စိတ် ရွှင် လန်း လိမ့် မည်။ မင်္ဂ လာ ဆောင် သ တို့ သား သည် ဦး ဗောင်း ဆင် သ ကဲ့ သို့ လည်း ကောင်း၊ မင်္ဂ လာ ဆောင် သ တို့ သ မီး သည် အ ဝတ် တန် ဆာ ဆင် ယင် သ ကဲ့ သို့ လည်း ကောင်း၊ ကယ် တင် ခြင်း အ ဝတ် တန် ဆာ နှင့် ငါ့ ကို ဆင် ယင် လျက်၊ အောင် မြင် ခြင်း ဝတ် လုံ နှင့် ခြုံ တော် မူ ပြီ။
ငါ တို့ သည် ထို အ တိုင်း ခံ ရ လျက် ပင် ငါ တို့ ကို ချစ် တော် မူ သော အ ရှင် ကြောင့် အ ထူး အောင် မြင် ရ ကြ၏။
ထို မြို့ မှ ဆောင် ရွက် ပြီး ဖြစ် သော အ မှု တော် အ လို့ ငှာ ဘု ရား သ ခင့် ကျေး ဇူး တော် သို့ အပ် လိုက် ရင်း အ န္တိ အုတ် မြို့ ရောက် သင်္ဘော စီး ကြ၏။
လွန် ကျူး မှု အ လိုက် နှင့် ဆု ကျေး ဇူး တော် တူ သည် မ ဟုတ်။ တစ် ဦး၏ လွန် ကျူး မှု အား ဖြင့် အ များ သေ သည် မှန် က ဘု ရား သ ခင်၏ ကျေး ဇူး တော် နှင့် ယေ ရှု ခ ရစ် တည်း ဟူ သော တစ် ပါး သူ၏ ကျေး ဇူး အား ဖြင့် သက် ရောက် သော ဆု တော် သည် အ များ တို့ အ ဖို့ သာ ၍ ကြွယ် ဝ ၏။၎င်း ပြင် တစ် ဦး၏ ပြစ် မှု အ ကျိုး ဆက် အ လိုက် နှင့် ဆု တော် တူ သည် မ ဟုတ်။ တစ် ဦး ကြောင့် ပြစ် ဒဏ် စီ ရင် ချက် သင့် ရောက် သည် မှန် က လွန် ကျူး မှု အ များ ကြောင့် တ ရား သေ လွှတ် ချက် ဆု ကျေး ဇူး တော် သက် ရောက် သ တည်း။
သင် တို့ ကို ချစ်၍ ဘု ရား သ ခင့် စိတ် တော် ပြေ ဖွယ် ရ နံ့၊ ပူ ဇော် ရာ အ လှူ ဝ တ္ထု အ ဖြစ် ငါ တို့ အ တွက် ကိုယ် ကို စွန့် တော် မူ သော ခ ရစ် တော့် နည်း တူ မေ တ္တာ တ ရား၌ ကျင့် ကြံ ကြ လော့။
လူ့ သား သည် စေ စား ရန် မ ဟုတ်။ အ စေ ခံ၍ လူ များ အ တွက် ရွေး နုတ် ရာ အ ဖြစ် အ သက် ကို စွန့် ရန် ရောက် လာ သည့် နည်း တူ ပင် ဖြစ် စေ ဟု မိန့် တော် မူ ၏။
၎င်း ပြင် လှီး ဖြတ် ခြင်း မင်္ဂ လာ မဲ့ ရုပ် ခ န္ဓာ နှင့် လွန် ကျူး မှု များ ကြောင့် သေ လျက် နေ ခဲ့ သော သင် တို့ ကို ကိုယ် တော် နှင့် တ ကွ ရှင် ပြန် ထ မြောက် စေ တော် မူ သော် ငါ တို့ လွန် ကျူး မှု ရှိ သ မျှ ကို ဖြေ လွှတ်၍၊ငါ တို့ တစ် ဖက် ဆန့် ကျင် လျက် ဓ မ္မ သတ် နှင့် ပြည့် သော စာ ချုပ် ကို ပယ် ဖျက် နုတ် ယူ ပြီး လျှင် ကား တိုင် တော်၌ ရိုက် ထား တော် မူ ရာ၊
ငါ သည် တောင် တန်း သို့ မျှော် ကြည့် လျက် နေ၏။ မ စ ခြင်း ကို မည် သည့် အ ရပ် မှ ရ ပါ အံ့ နည်း။မိုး မြေ ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား အ ထံ တော် မှ၊ မ စ ခြင်း ကို ရ ပါ လိမ့် မည်။
သို့ သော် လည်း ပူ ဇော် သ က္ကာ များ ထက် ကြည် ညို သော သ ဘော ကို ငါ နှစ် သက် သည် ဟူ သော ကျမ်း ချက် မှာ မည် သို့ အ ဓိ ပ္ပါယ် ရှိ သည် ကို သွား၍ သင် ကြား ကြ လော့။ ငါ ကား ဖြောင့် မတ် သူ တို့ ကို ခေါ် ရန် မ ဟုတ်။ အ ပြစ် သား တို့ ကို ခေါ် ရန် ရောက် လာ သည် ဟု မိန့် တော် မူ၏။
အို ထာ ဝ ရ ဘု ရား၊ ရှေး မ ဆွ က တည် မြဲ သော က ရု ဏာ တော် နှင့် မေ တ္တာ ကျေး ဇူး တော် များ ကို သ တိ ရ တော် မူ ပါ။
ဘု ရား သ ခင်၏ နိုင် ငံ တော် သည် စား ခြင်း၊ သောက် ခြင်း၌ မ တည်။ သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ရ သော ဖြောင့် မတ် ခြင်း၊ ငြိမ် သက် ခြင်း၊ ရွှင် လန်း ခြင်း များ၌ တည်၏။
သ ဘော ပေါက်၍ ဆောင် ရွက် ကြ စေ ခြင်း ငှါ သင် တို့ စိတ် ထဲ၌ စေ တ နာ တော် အ လျောက် ပြု ပြင် တော် မူ သော အ ရှင် ကား ဘု ရား သ ခင် ပေ တည်း။
ဘုန်း တော် ဂုဏ် တော် အ လျောက် ငါ တို့ အား ခေါ် ထား တော် မူ သော အ ရှင် နှင့် အကျွမ်း ဝင် ခွင့် ကြောင့် အ သက် ချမ်း သာ မှ စ၍ ဘုရား တ ရား ကြည် ညို ခြင်း နှင့် ဆိုင် သော အ ရာ ရာ ကို ဘု ရား တန် ခိုး တော် သည် သ နား တော် မူ သည့် နည်း တူ၊
ထာ ဝ ရ ဘု ရား သည် ကောင်း မြတ် တော် မူ၍၊ က ရု ဏာ တော် လည်း ကာ လ အ စဉ် တည် သော ကြောင့်၊ ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။
အ သက် ရှင် တော် မူ သော ဘု ရား ထံ၊ နာမ် ခ န္ဓာ၊ ရုပ် ခ န္ဓာ ပါ ကြွေး ကြော် ရာ၊ ထာ ဝ ရ ဘု ရား၏ တံ တိုင်း တော် များ ကိုအ ကျွန်ုပ် စိတ် ဝိ ညာဉ် တ သ၍ မူး မော် လျက် ရှိ လေ စွ တ ကား။
ငါ့ကိုစေလွှတ်တော်မူလိုက်သောခမည်းတော် သွေးဆောင်တော်မမူခဲ့လျှင် မည်သူမျှငါ့ထံမလာမရောက်နိုင်။ လာရောက်သူကို နောက်ဆုံးနေ့တွင်ငါရှင်ပြန်ထမြောက်စေမည်။
ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ကိုယ် ကို နှိမ့် ချ ကြ လော့။ သို့ မှ သင် တို့ ကို ချီး မြှောက် တော် မူ လိမ့် မည်။
ဝဲ ယာ ယိမ်း ယိုင် မိ လျှင်၊ ဤ လမ်း မှန် သည်၊ လျှောက် လိုက် လော့ ဟု နောက် က တိုက် တွန်း သံ ကို ဒိ ဋ္ဌ ကြား ခွင့် ရ လျက်၊
သို့ ဖြစ်၍ ဘု ရား သ ခင်၏ ဘုန်း တော် ထင် ရှား စေ ရန် ခ ရစ် တော် သည် သင် တို့ ကို လက် ခံ တော် မူ သည့် နည်း တူ အ ချင်း ချင်း လက် ခံ ကြ လော့။
ငြိမ် သက် ခြင်း အ ရှင် ဘု ရား သ ခင် သည် သင် တို့ ကို ကိုယ် တော် တိုင် လုံး လုံး သန့် ရှင်း စေ တော် မူ ပါ စေ သော။ သင် တို့ နာမ် ဝိ ညာဉ်၊ စိတ် သ ဘော၊ ကိုယ် ခ န္ဓာ သုံး ပါး လုံး ကို ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ကြွ လာ တော် မူ သည့် ကာ လ အ ပြစ် မဲ့ အောင် စောင့် ထိန်း တော် မူ ပါ စေ သော။သင် တို့ ကို ခေါ် ထား တော် မူ သော အ ရှင် သည် သ စ္စာ တည် တော် မူ သည့် အ လျောက် ထို သို့ ပင် ပြု တော် မူ လိမ့် မည်။
အ ပြစ် တ ရား ပေး သော အ ခ သည် သေ ခြင်း ဖြစ်၏။ ဘု ရား သ ခင် သ နား တော် မူ သော ဆု တော် ကား ငါ တို့ အ ရှင် ခ ရစ် တော် ယေ ရှု ၌ ထာ ဝ ရ အ သက် ပင် တည်း။
သု ခ ချမ်း သာ နှင့် က ရု ဏာ တော် သည်၊ တစ် သက် ပတ် လုံး ငါ နှင့် မု ချ ထက် ကြပ် ပါ လာ သ ဖြင့်၊ ထာ ဝ ရ ဘု ရား ၏ ဗိ မာန် တော် တွင် အ စဉ် နေ ထိုင် ခွင့် ကို ငါ ရ ပါ လိမ့် သ တည်း။
မ ဟာ က ရု ဏာ တော် နှင့် အ ညီ သူ သေ တို့ အ ထဲ ယေ ရှု ခ ရစ် ရှင် ပြန် ထ မြောက် ခြင်း အား ဖြင့် ရှင် သေ မျှော် လင့် ရာ ကို လည်း ကောင်း၊ ဖောက် ပြန် ညစ် ညူး ပျောက် လွင့် ခြင်း ကင်း သော ပိုင် ရာ ကို လည်း ကောင်း ခံ စား ကြ စေ ခြင်း ငှာ ငါ တို့ ကို အ သစ် ဖြစ် ပွား စေ တော် မူ သော ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ၏ ခ မည်း တော် ဘု ရား သ ခင် ၌ မင်္ဂ လာ ရှိ၏။ ထို ပိုင် ရာ ကို သင် တို့ အ ဖို့ ကောင်း ကင် ဘုံ တွင် ရန် ထား တော် မူ သည့် အ လျောက်
ယုံ ကြည် ခြင်း အား ဖြင့် သင် တို့ စိတ် နှ လုံး၌ ခ ရစ် တော် စံ နေ တော် မူ ပါ မည့် အ ကြောင်း မေ တ္တာ တ ရား၌ အ မြစ် စွဲ ခြင်း၊ တိုက် မြစ် ချ ခြင်း ခံ ရ သော သင် တို့ သည်၊သိ မီ ခြင်း ငှာ မ စွမ်း နိုင် သော ခ ရစ် တော်၏ မေ တ္တာ တော့် အ နံ၊ အ လျား၊ အ မြင့်၊ အ နက် ကို သီး သန့် ထား တော် မူ သူ အ ပေါင်း တို့ နှင့် တ ကွ နား လည် သိ မြင် နိုင် ရန် ဉာဏ် သ တ္တိ ရှိ သ ဖြင့် ဘု ရား သ ခင် ပြည့် စုံ သည် နှင့် အ မျှ ပြည် စုံ စေ တော် မူ ပါ မည့် အ ကြောင်း များ ကို အ သ နား တော် ခံ ပါ ၏။
ခ ရစ် တော် နှင့် အ တူ ကား တင် ခံ ပြီး ဖြစ် လျက် ငါ့ ကိုယ် တိုင် အ သက် ရှင် တော့ မည် မ ဟုတ်။ ငါ၌ ခ ရစ် တော် ရှင် နေ တော် မူ၏။ ရုပ် ခ န္ဓာ၌ ယ ခု ငါ ရှင် သည် မှာ ငါ့ အား ချစ်၍ ငါ့ အ တွက် ကိုယ် ကို စွန့် တော် မူ သော ဘု ရား သ ခင့် သား တော် ကို ယုံ ကြည် ခြင်း ကြောင့် ရှင်၏။
အ ရှင် ဘု ရား သည် သင့် စိတ် ဝိ ညာဉ်၌ တည် နေ တော် မူ ပါ စေ သော။ ကျေး ဇူး တော် သည် သင် တို့ နှင့် အ တူ တည် ရှိ စေ သ တည်း။
ဘု ရား သ ခင့် သား သ မီး များ ဟု ငါ တို့ အ ခေါ် ခံ ရ စေ ရန် ခ မည်း တော် သည် ငါ တို့ အ ပေါ်၌ မည် မျှ မေ တ္တာ ရှိ တော် မူ ကြောင်း ဆင် ခြင် ကြ လော့။ သား သ မီး များ မု ချ ဖြစ် သော ကြောင့် ဤ လော က သား တို့ သည် ကိုယ် တော် မှန်း မ သိ၍ ငါ တို့ ကို မ သိ မ မှတ် ကြ။
သင်တို့သည် ငါ၌ငြိမ်သက်ခြင်းရှိကြစေရန် ထိုသို့ငါဟောခဲ့ပြီ။ ဤလောက၌ ဆင်းရဲဒုက္ခရောက်သော်လည်းအားယူကြလော့။ ငါသည် ဤလောကကိုအောင်ပြီဟု မိန့်တော်မူ၏။
သူ ငယ် တော် သည် ကြီး ပွား ခွန် အား တိုး တက်၍ ဉာဏ် ပ ညာ နှင့် ပြည့် လျက် ဘု ရား သ ခင့် ကျေး ဇူး တော် သည် ကိုယ် တော့် အ ပေါ်၌ တည်၏။
ထာ ဝ ရ ဘု ရား မွန် မြတ် တော် မူ၍၊ က ရု ဏာ တော် သည် ကာ လ အ စဉ်၊ သ စ္စာ တော် လည်း လူ မျိုး အ ဆက် ဆက် တည် မြဲ သ တည်း။