ဖြောင့် မတ် တော် မူ သည့် အ လျောက်၊ ဖြောင့် မတ် ခြင်း ကို နှစ် သက် တော် မူ သော ထာ ဝ ရ ဘု ရား၏ မျက် နှာ တော် ကို၊ ဖြောင့် မတ် သူ သာ ဖူး မျှော် ရ လိမ့် မည်။
သို့ ရာ တွင်၊ ထာ ဝ ရ ဘု ရား သည် သင် တို့ ကို သ နား ခွင့် ရ စေ ရန် ဆိုင်း လင့် တော် မူ လိမ့် မည်။ က ရု ဏာ သက် ခွင့် ရ စေ ရန် မြင့် မြတ် ရာ တွင် စံ တော် မူ ဦး မည်။ ထာ ဝ ရ ဘု ရား သည် တ ရား ရှင် ဘု ရား ဖြစ် တော် မူ သည့် အ လျောက်၊ ကိုယ် တော် ကို စောင့် စား သူ အ ပေါင်း တို့၌ မင်္ဂ လာ ရှိ ကြ ၏။
အ ပြု အ မူ တော် စုံ လင် လျက်၊ နည်း လမ်း တော် များ တ ရား ယှဉ် လျက်၊ ထို ကျောက် တောင် သည် တ သ မတ် တည်း သ စ္စာ စောင့် ၍ ဖြောင့် မတ် မှန် ကန် သော ဘု ရား ဖြစ် တော် မူ ၏။
ထာ ဝ ရ ဘု ရား မူ ကား၊ ကာ လ အ စဉ် စံ နေ၍၊ တ ရား ပ လ္လင် တော် ကို ပြင် ဆင် တော် မူ သည့် အ လျောက်၊တစ် လော က လုံး ကို ဖြောင့် မတ် စွာ ဆုံး ဖြတ် လျက်၊ လူ အ မျိုး မျိုး တို့ ကို မျှ တ စွာ စီ ရင် တော် မူ လိမ့် မည်။
လက် စား ချေ ခြင်း သည် ငါ ပိုင် ဖြစ် သည့် အ လျောက် ငါ ဆပ် ပေး မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ကျမ်း ချက် ရှိ သ ဖြင့် အို ချစ် သူ တို့၊ ကိုယ် တိုင် လက် စား မ ချေ ဘဲ အ မျက် တော် ဒဏ် ကို ခွင့် ပြု ကြ လော့။
ပူ ဇော် သ က္ကာ ကို နှစ် သက် တော် မူ သည် ထက်၊ တ ရား သ ဖြင့် ဖြောင့် မှန် ရာ စောင့် ခြင်း ကို၊ ထာ ဝ ရ ဘု ရား နှစ် သက် တော် မူ၏။
ငါ ထာ ဝ ရ ဘု ရား သည် အ ဓ မ္မ လု ယက် ခြင်း ကို ရွံ့ ရှာ၍၊ တ ရား စောင့် ခြင်း ကို နှစ် သက် သည့် အ တိုင်း၊ သ စ္စာ အ လျောက် ဆပ် ပေး လျက်၊ ထာ ဝ ရ ပ ဋိ ညာဉ် ဖွဲ့ သည် နှင့် အ ညီ၊
ဖြောင့် မတ် ခြင်း နှင့် တ ရား စောင့် ခြင်း ကို နှစ် သက် တော် မူ၍၊ ထာ ဝ ရ ဘု ရား ၏ မေ တ္တာ ကျေး ဇူး တော် နှင့်၊ မြေ တစ် ပြင် လုံး ပြည့် လျက် ရှိ ၏။
ကိုယ် တော် သည် လူ အ သီး အ သီး အ ပြု အ မူ အ လျောက် ဆပ် ပေး တော် မူ သည် မှာ တည် ကြည် စွာ သု စ ရိုက် ပြု လျက်၊ဘုန်း ပွင့် ခြင်း၊ အ သ ရေ ရှိ ခြင်း၊ သင်္ခါ ရ ကင်း ခြင်း အ ဖြစ် ကို ရှာ သော သူ တို့ အား ထာ ဝ ရ အ သက် ကိုလည်းကောင်း၊ဖီ ဆန် သော သ ဘော ရှိ၍ သ မ္မာ တ ရား ကို မ နာ မ ယူ၊ မ တ ရား ကို နာ ယူ သူ တို့ အား ဒေါ သ အ မျက် ဒဏ် ကိုလည်းကောင်း၊ ဆပ် ပေး တော် မူ သည် နှင့် အ ညီ၊
အ ချင်း လူ၊ ပြု ထိုက် သော ကောင်း မှု ကို၊ ထာ ဝ ရ ဘု ရား ဖော် ပြ တော် မူ ခဲ့ ပြီ။ တ ရား စောင့် ခြင်း၊ ကျေး ဇူး ပြု ခြင်း၊ ကိုယ့် ဘု ရား သခင် နှင့် အ တူ စိတ် နှိမ့် ချ စွာ သွား လာ ခြင်း များ မှ တစ်ပါး၊ မည် သို့ အ လို ရှိ တော် မူ သေး သ နည်း။
ထာ ဝ ရ ဘု ရား သည်၊ တ ရား သ ဖြင့် စောင့် ခြင်း ကို၊ နှစ် သက်၍၊ ကြည် ညို သူ တို့ ကို စွန့် ထား တော် မ မူ။ ကာ လ အ စဉ် ထိန်း သိမ်း တော် မူ၏။ လူ ဆိုး၏ သား မြေး တို့ မူ ကား၊ ပယ် ရှား ခံ ရ ကြ လိမ့် မည်။
သီး သန့် ထား တော် မူ သူ တို့ အား ပြု ပြီး ပြု ဆဲ လုပ် ကျွေး မှု၌ နာ မ တော် ကို ထောက်၍ သင် တို့ ပြ သော မေ တ္တာ ကျေး ဇူး နှင့် ကိုယ် ကျင့် များ ကို မေ့ လျော့ ရန် ဘု ရား သ ခင် သည် ဖြောင့် မတ် ခြင်း ကင်း တော် မူ သည် မ ဟုတ်။
ဖြောင့် မတ် ခြင်း နှင့် တ ရား သ ဖြင့် စီ ရင် ခြင်း သည်၊ ပ လ္လင် တော်၏ တည် ရာ၊ မေတ္တာ ကျေး ဇူး နှင့် သ စ္စာ တော် သည်၊ မျက် နှာ တော် ရှေ့ ခ စား ရာ ဖြစ် ပါ၏။
အ ရှင် ယေ ရှု သည် တန် ခိုး တော့် ဆိုင် ရာ စေ တ မန် တော် တို့ နှင့် တ ကွ မီး လျှံ အား ဖြင့် ကောင်း ကင် ဘုံ မှ ပေါ် တော် မူ သည့် ကာ လ၊ သင် တို့ ကို ဒု က္ခ ရှာ သူ တို့ အား ဒု က္ခ ကို လည်း ကောင်း၊ ဒု က္ခ ရောက် ခဲ့ သော သင် တို့၌ ငါ တို့ နှင့် အ တူ ချမ်း သာ ကိုလည်း ကောင်း ဘု ရား သ ခင် စီ ရင် တော် မူ သည် မှာ မု ချ ဖြောင့် မတ်၏။ ထို အ ရှင် သည် ဘု ရား သ ခင် ကို မ သိ သော သူ တို့ နှင့် ငါ တို့ အ ရှင် ယေ ရှု၏ သ တင်း တော် မြတ် အ တိုင်း မ လိုက် နာ သူ တို့ အ ပေါ် တွင် ဒဏ် စီ ရင် တော် မူ မည် ဖြစ် သည် နှင့် အ ညီ၊
တ ရား စီ ရင် ဆုံး ဖြတ် ခြင်း သည်၊ ဖြောင့် မတ် သော သူ့ အား ရွှင် လန်း ရာ၊ ဒု စ ရိုက် ပြု ကျင့် သူ တို့ အား ပျက် စီး ရာ အ ကြောင်း ဖြစ် ၏။
ဒု စ ရိုက် ကို ဖြတ်၍ သု စ ရိုက် ကို ပြု ရန် လေ့ လာ ကြ လော့။ တ ရား စောင့် ရန် ရှာ ကြံ လျက်၊ ကြမ်း ကြုတ် သူ ကို ပဲ့ပြင် လျက်၊ ဖ သက် ဆိုး ကို ငဲ့ ညှာ စီ ရင်၍၊ မု ဆိုး မ အ မှု ကို လည်း ရှေ့ ဆောင် ကြ လော့ ဟု မိန့် တော် မူ ၏။
ဂုဏ် တင် လို သူ ကား၊ က ရု ဏာ ပြ ခြင်း၊ တ ရား စောင့် ခြင်း၊ ဖြောင့် မတ် ခြင်း များ ကို မွေ့ လျော်၍ မြေ ကြီး ပေါ်၌ စီ ရင် တော် မူ သော၊ ငါ ထာ ဝ ရ ဘု ရား ကို နား လည် သိ ကျွမ်း ခြင်း ကြောင့် သာ ဂုဏ် တင် စေ ဟု မိန့် တော် မူ ၏။
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မှာ မူ တ ရား စီ ရင် ခြင်း အား ဖြင့် မြင့် မြတ် သည် ဟူ၍ လည်း ကောင်း၊ သန့် ရှင်း တော် မူ သော ဘုရား သည် ဖြောင့် မတ် ခြင်း အား ဖြင့် သီး သန့် သည် ဟူ၍ လည်း ကောင်း၊ ထင် ရှား စေ တော် မူ ၏။
သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော ပြည် ကို ပိုင် ရ လျက် ရှင် နေ ခွင့် ရ ခြင်း ငှါ တ ရား အ တိုင်း သာ လျှောက် လိုက် ကြ လော့။
ဘု ရား သ ခင့် ကိုယ် တော် တိုင်၊ တ ရား မင်း ဖြစ် ၍၊ ဖြောင့် မတ် တော် မူ ခြင်း အ ကြောင်း ကို၊ ကောင်း ကင် ကြော် ငြာ လိမ့် မည်။
အား နည်း သူ နှင့် အ ဘ မဲ့ သူ တို့ အ မှု ကို ဆုံး ဖြတ် ခြင်း၊ ညှဉ်း ပန်း ခံ ရ သူ နှင့် ဆင်း ရဲ သူ တို့ ကို ဖြောင့် မတ် စွာ စီ ရင် ခြင်း၊အား နည်း သူ နှင့် နွမ်း ပါး သူ တို့ ကို ဆယ် ယူ၍၊ လူ ဆိုး တို့ လက် မှ ကယ် လွှတ် ခြင်း ပြု ကြ လော့။
အ သို့ ဆို သော် ထာ ဝ ရ ဘု ရား သည် ငါ တို့၏ တ ရား မင်း၊ ထာ ဝ ရ ဘု ရား သည် ငါ တို့၏ ဥ ပ ဒေ ရှင်၊ ထာ ဝ ရ ဘု ရား သည် ငါ တို့၏ ဘု ရင် ဖြစ်၍၊ ကယ် တင် တော် မူ လိမ့် မည်။
မိုး တိမ် များ နှင့် မှောင် အ တိ ခြံ ရံ လျက်၊ ဖြောင့် မတ် ခြင်း နှင့် တ ရား သ ဖြင့် စီ ရင် ခြင်း သည် ပ လ္လင် တော် တည် ရာ ဖြစ် ပါ ၏။
သင် က၊ ငါ မ သိ ဟု ဆို လျှင်၊ စိတ် နှ လုံး ကို ချိန် တော် မူ ထ သော သင့် အသက် ၀ိ ညာဉ် ကို စောင့် ထိန်း တော် မူ ထ သော အ ရှင် သည် သိ မြင် လျက်၊ လူ အ သီး သီး တို့ အား၊ အ ပြု အ မူ နှင့် အ လျောက် ဆပ် ပေး တော် မူ မည် မ ဟုတ် လော။
ဘု ရား သ ခင် သည်၊ ဖြောင့် မတ် သော တ ရား မင်း၊ နေ့ စဉ် အ မျက် ထား သော ဘု ရား ဖြစ် တော် မူ ၏။
ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ဘု ရင် မင်း အ ဖြစ်၊ ကြံ တိုင်း ထ မြောက် အုပ် စိုး လျက်၊ ပြည် တော် တွင် တ ရား သ ဖြင့် စီ ရင် ဆုံး ဖြတ် မည့် ဖြောင့် မတ် သော အ ညှောက် ကို၊ ဒါ ဝိဒ် မင်း အ ဆက် ၌ ငါ ပေါ် ထွန်း စေ သော နေ့ ရက် ကာ လ ရောက် တော့ မည်။
ညဉ့် အ ခါ၊ အ ကျွန်ုပ် သည်၊ ကိုယ် တော် ကို စိတ် က တ သ လေ ပြီ။ မြေ ပေါ် တွင် စီ ရင် ချက် များ ထင် ရှား သော အခါ၊ လော က သား တို့ သည် ဖြောင့် မတ် ခြင်း တ ရား ကို သင် ရ ကြ သော ကြောင့်၊ အ တွင်း စိတ် ဇော နှင့် ရှာ ဖွေ လိမ့် မည်။
ဖြောင့် မတ် တော် မူ ခြင်း သည် တောင် တော် ကြီး များ နှင့်လည်း ကောင်း၊ ဆုံး ဖြတ် တော် မူ ချက် များ သည်၊ မ ဟာ ရေ ထု နှင့်လည်း ကောင်း၊ တူ မျှ ပါ၏။ အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည်၊ လူ သူ တိ ရ စ္ဆာန် မျိုး ကို ထိန်း သိမ်း တော် မူ ပါ၏။
အ ထောင် အ သောင်း သော သူ တို့ အ ပေါ် က ရု ဏာ တ ရား ကို ရှေး ရှု တော် မူ ထ သော မ တ ရား ပြု ခြင်း၊ လွန် ကျူး ခြင်း၊ ပြစ် မှား ခြင်း များ ကို ဖြေ လွှတ် သော် လည်း အ ပြစ် ကင်း သည် ဟု မှတ် တော် မ မူ ထ သော၊ တ တိ ယ၊ စ တု တ္ထ အ ဆက် တိုင် အောင်၊ ဘိုး ဘေး တို့ ပြစ် မှု ကို သား မြေး မြစ် တို့ အ ပေါ် တင်၍ စီ ရင် တော် မူ သော ဘု ရား ဟု ကြော် ငြာ တော် မူ ၏။
ငါ က၊ အ ခြင်း အ ရာ အ ပြု အ မူ ရှိ သ မျှ အ ဖို့၊ ရှေ့ တော် တွင် အ ချိန် ရှိ သ ဖြင့်၊ လူ ကောင်း နှင့် လူ ဆိုး တို့ ကို၊ ဘု ရား သ ခင် စီ ရင် ဆုံး ဖြတ် တော် မူ မည် ဟု အောက် မေ့ ၏။
မြေ ကြီး သား တို့ အား စီ ရင် ဆုံး ဖြတ် ရန် ကြွ လာ တော် မူ မည့် ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် ပြု ကြ စေ။ ကိုယ် တော် သည် လော က ကို ဖြောင့် မတ် ခြင်း နှင့်လည်း ကောင်း၊ လူ အ မျိုး မျိုး ကို မျှ တ ခြင်း နှင့်လည်း ကောင်း၊ စီ ရင် ဆုံး ဖြတ် တော် မူ လိမ့် မည်။
သို့ ဖြစ် လျှင် မည် သို့ ဆို ရ အံ့ နည်း။ ဘု ရား သ ခင်၌ မ တ ရား ခြင်း ရှိ သ လော။ ထို သို့ မ ဖြစ် စေ ရာ။မော ရှေ အား ကိုယ် တော် က၊ ငါ သ နား မည့် သူ့ ကို သ နား မည်။ ငါ စာ နာ မည့် သူ့ ကို လည်း စာ နာ မည် ဟု မိန့် တော် မူ သည် နှင့် အ ညီ၊
ထာ ဝ ရ ဘု ရား သည်၊ ညှည်း ပန်း ခံ ရ သ မျှ သူ တို့ အ ဖို့၊ ဖြောင့် မတ် သော အ မှု၊ တ ရား သ ဖြင့် စီ ရင် မှု များ ကို ပြု တော် မူ ၏။
မျက် နှာ ကြီး ငယ် မ ထောက်၊ တံ စိုး မ စား။ ဖ သက် ဆိုး နှင့် မု ဆိုး မ တို့ အ မှု ကို တ ရား သ ဖြင့် စီ ရင် သည့် ပြင်၊ ဝင် နေ သူ တို့ အား လည်း မြတ် နိုး ၍၊ အ စား အ သောက် အ ဝတ် များ ကို ပေး သ နား တော် မူ သော ဘု ရား ဖြစ် တော် မူ ၏။
သူ တော် ကောင်း သည်၊ ဆင်း ရဲ သား တို့ အ မှု ကို ထောက် ရှု သိ မြင် တတ်၏။ လူ ဆိုး မူ ကား၊ သိ မြင် နား လည် ခြင်း နှင့် ကင်း ၏။
အ ချင်း အ မျိုး တော်၊ အ ချင်း အ နွယ် တော်၊ ငါ့ စ ကား ကို နား ထောင် နာ ခံ ကြ လော့။ တ ရား တော် သည် ငါ့ ထံ မှ ထွက် လျက်၊ ဥ ပ ဒေ သ တော် ကို လူ အ မျိုး မျိုး တို့ အ ဖို့ အ လင်း အ ဖြစ် တည် လိမ့် မည်။အောင် မြင် တော် မူ ခြင်း နီး လု ပြီ။ ကယ် တင် တော် မူ ခြင်း ထွက် ခဲ့ ပြီး ဖြစ်၍ လူ အ မျိုး မျိုး တို့ ကို၊ လက် ရုံး တော် ဖြင့် စီ ရင် တော် မူ သည့် အ လျောက် ကျွန်း ကြီး ကျွန်း ငယ် တို့ သည် ငါ့ ကို စောင့် စား လျက်၊ လက် ရုံး တော် ကို မြော် စော လျက် နေ ကြ လိမ့် မည်။
ထာ ဝ ရ ဘု ရား ကို ကြောက် ရွံ့ သော စိတ် ရှိ လျက် သ တိ နှင့် စီ ရင် ကြ လော့။ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘုရား သည်၊ မျက် နှာ ကြီး ငယ် မ ထောက်၊ တံ စိုး ကို မ စား။ မ တ ရား စီ ရင် တော် မူ သည် မ ဟုတ် ဟု မိန့် ဆို၏။
သင်၏ ဖြောင့် မတ် ခြင်း ကို အ လင်း ရောင် ကဲ့ သို့လည်း ကောင်း၊ တ ရား သ ဖြင့် စောင့် ခြင်း ကို မွန်း တည့် ရောင် ခြည် ကဲ့ သို့လည်း ကောင်း၊ ထင် ပေါ် စေ တော် မူ လိမ့် မည်။
လူ မျိုး တော် ကို စီ ရင် ဆုံး ဖြတ် ခြင်း အ လို့ ငှာ၊ အ ထက် ကောင်း ကင် သို့ လည်း ကောင်း၊ မြေ ကြီး သို့ လည်း ကောင်း၊ ခေါ် လျက်၊မိ သ ဟာ ယ သ က္ကာ ဖြင့် ငါ နှင့် ပ ဋိ ညာဉ် ပြု၍၊ ကြည် ညို သူ တို့ ကို အ ထံ တော် သို့ စု ဝေး ကြ စေ ဟု မိန့် တော် မူ သည့် အ တိုင်း၊
လက် စား ချေ ခြင်း သည် ငါ ပိုင် ဖြစ် သည့် အ လျောက် ငါ ဆပ် ပေး မည် ဟူ၍ လည်း ကောင်း၊ ထာ ဝ ရ ဘု ရား သည် လူ မျိုး တော် ကို စီ ရင် ဆုံး ဖြတ် တော် မူ မည် ဟူ၍ လည်း ကောင်း၊ ဗျာ ဒိတ် တော် ရှိ သော အ ရှင် ကို ငါ တို့ သိ ကြ ၏။
ထာ ဝ ရ ဘု ရား သည်၊ ဆင်း ရဲ သူ ၏ အ မှု ကို ဆောင် ၍၊ နွမ်း ပါး သူ ၏ အ မှု ကို ဆုံး ဖြတ် တော် မူ ကြောင်း၊ ငါ သိ ၏။
အ ပြစ် ဝန် ချ ကြ လျှင် မူ ကား ကိုယ် တော် သည် သ စ္စာ စောင့်၍ ဖြောင့် မတ် တော် မူ သ ဖြင့် ထို အ ပြစ် များ ကို ဖြေ လွတ် လျက် ဒု စ ရိုက် အ မျိုး မျိုး နှင့် စင် ကြယ် စေ တော် မူ မည်။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် စိတ် နှိမ့် ချ သူ တို့ အ လို ဆ န္ဒ ကို သိ လျက်၊ သူ တို့ စိတ် နှ လုံး ကို ပြု ပြင် လျက် နား ညောင်း တော် မူ သည့် အ လျောက်၊ဖ သက် ဆိုး နှင့် နှိပ် စက် ခံ ရ သူ တို့ အ မှု ကို ဆုံး ဖြတ် တော် မူ သ ဖြင့်၊ မြေ ကြီး သား ဖြစ် သော သူ သည်၊ ကြောက် မက် ဖွယ် နေ တော့ မည် မ ဟုတ်။
ကဲ့ ရဲ့ ခံ ရ သည့် ကာ လ တုံ့ ပြန် ၍ ကဲ့ ရဲ့ ခြင်း ဒု က္ခ ခံ ရ သည့် ကာ လ ကြိမ်း မောင်း ခြင်း မ ပြု ဘဲ ဖြောင့် မတ် စွာ စီ ရင် ဆုံး ဖြတ် တော် မူ သော အ ရှင့် ထံ ကိုယ် ကို အပ် နှင်း တော် မူ ၏။
မြေ ကြီး ပေါ် တွင် တ ရား တော် ကို မ တည် မ ချင်း၊ အား လျော့ ခြင်း၊ စိတ် ပျက် ခြင်း မ ရှိ။ သူ့ တ ရား ကို ကျွန်း ကြီး ကျွန်း ငယ် များ စောင့် စား လျက် နေ ကြ ၏။
ဘု ရား သ ခင် သည်၊ သန့် ရှင်း သော ဘုံ ဗိ မာန် တွင်၊ ဘ သက် ဆိုး တို့ အ ဘ၊ မု ဆိုး မ တို့ တ ရား မင်း အ ဖြစ် စံ နေ တော် မူ၏။
ကိုယ် တော် သည် ဆိုး သွမ်း ခြင်း ကို နှစ် သက် တော် မူ သော ဘု ရား မ ဟုတ် ပါ။ အ ဆိုး သည် ကိုယ် တော် နှင့် အ တူ တည်း ခို ရာ မ ရ ပါ။
ဘု ရား သ ခင် ရွေး ကောက် တော် မူ သူ တို့ အ ပေါ် တွင် စွပ် စွဲ ဝံ့ သူ ကား မည် သူ နည်း။ တ ရား သေ လွှတ် တော် မူ သော အ ရှင် ကား ဘု ရား သ ခင် တည်း။အ ပြစ် စီ ရင် ဝံ့ သူ ကား မည် သူ နည်း။ အ သေ ခံ တော် မူ သည် သာ မ ဟုတ်။ သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက်၍ ဘု ရား သ ခင့် ယာ ဘက် တော် တွင် စံ သော ခ ရစ် တော် ယေ ရှု သည် ငါ တို့ အ ဖို့ အ သ နား ခံ လျက် နေ တော် မူ၏။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် ဖြောင့် မတ် တော် မူ၍၊ ဆုံး ဖြတ် တော် မူ ချက် များ လည်း၊ ဖြောင့် မှန် ပါ၏။
ဘေး သင့် ရာ နေ့ ရက် နီး လျက်၊ တ မ လွန် လျင် မြန် သည့် အ လျောက်၊ ချင်း တို့ ခြေ ချော် ကြ သည့် ကာ လ၊ လက် စား ချေ တော် မူ ခြင်း၊ ဆပ် ပေး တော် မူ ခြင်း သည် အ ရံ သင့် ရှိ သည် တ ကား။
စီ ရင် ဆုံး ဖြတ် ဆဲ ဖြစ် သည့် အ လျောက်၊ တစ် ဦး ကို နှိမ့် ချ၍၊ တစ် ဦး ကို ချီး မြှောက် တော် မူ ၏။
ဇိ အုန် မြို့ သည် တ ရား စောင့် ခြင်း အား ဖြင့် လည်း ကောင်း၊ ပြောင်း လဲ သူ တို့ သည် ဖြောင့် မတ် ခြင်း အား ဖြင့် လည်း ကောင်း၊ ရွေး နုတ် ခွင့် ရ ကြ လျက်။
နှောင့် နှေး တော် မူ သော ကိုယ် တော့် ထံ နေ့ ညဉ့် မ ပြတ် ဟစ် လျက် နေ သော ရွေး ကောက် တော် မူ သူ တို့ အ မှု ကို ဘု ရား သ ခင် စီ ရင် တော် မူ မည် မ ဟုတ် လော။အ လျင် အ မြန် စီ ရင် တော် မူ လိမ့် မည် ငါ ဆို၏။ သို့ ရာ တွင် လူ့ သား ကြွ ရောက် သည့် ကာ လ ဤ မြေ ကြီး ပေါ် တွင် ယုံ ကြည် ခြင်း ကို တွေ့ မြင် ရ မည် လော ဟု မိန့် တော် မူ၏။
၎င်း အ စား၊ ဆုံး ဖြတ် ခြင်း တ ရား သည်၊ မြစ် ရေ ကဲ့ သို့ လည်း ကောင်း၊ ဖြောင့် မတ် ခြင်း တ ရား သည်၊ မ ပြတ် သော ချောင်း ရေ ကဲ့ သို့ လည်း ကောင်း၊ စီး မြဲ စီး လေ စေ။
စဉ်း လဲ သော ချိန် ခွင် ကို၊ ထာ ဝ ရ ဘု ရား စက် ဆုပ် ရွံ ရှာ တော် မူ ၏။ မှန် သော အ လေး ကို ကား၊ နှစ် သက် တော် မူ၏။
မိုး ကောင်း ကင် ကို မော် ကြည့်၍၊ အောက် ပ ထ ဝီ ကို အာ ရုံ ပြု ကြ လော့။ မိုး ကောင်း ကင် သည် အ ခိုး အ ငွေ့ ကဲ့ သို့ လွင့် ပျောက် ခြင်း၊ မြေ ပ ထ ဝီ သည် အ ဝတ် ကဲ့ သို့ နွမ်း ရိ ခြင်း၊ နေ ထိုင် သူ အ ပေါင်း တို့ သည် ခြင် ကောင် ကဲ့ သို့ သေ ဆုံး ခြင်း ခံ ရ သော် လည်း၊ ကယ် တင် တော် မူ ခြင်း ကား၊ အ စဉ် အ မြဲ တည် လျက်၊ အောင် မြင် တော် မူ ခြင်း မ ပျောက် မ ပျက် နိုင် ရာ။
ဝင် နေ သူ၊ ဖ သက် ဆိုး၊ မု ဆိုး မ တို့ အား နှိပ် စက် ကြမ်း ကြုတ် ခြင်း၊ ဤ အ ရပ် ဒေ သ ၌ အ ပြစ် ကင်း သူ တို့ ၏ အသွေး သွန်း ခြင်း များ ကို မ ပြု ဘဲ၊ ညှဉ်း ပန်း သူ ၏ လက် တွင်း မှ အ လု အ ယက် ခံ ရ သူ့ ကို ကယ် လွှတ် လျက်၊ တ ရား သ ဖြင့် စီ ရင် ဆုံး ဖြတ် ကြ လော့။
မျက် မှောက် တော်၌ လည်း မ ထင် ရှား သော သ တ္တ ဝါ မည် သည် မျှ မ ရှိ။ ငါ တို့ ကို စီ စစ် မည့် အ ရှင့် ရှေ့ အ ရာ ခပ် သိမ်း ဟာ လာ ဟင်း လင်း နေ၏။
ဗျာ ဒိတ် တော် ကား ငါ မြတ် နိုး လျက် နှစ် သက် သူ ငါ ရွေး ချယ် သော ကျွန် ရင်း ပေ တည်း။ ငါ့ ဝိ ညာဉ် တော် ကို သူ့ အ ပေါ် တွင် တင် မည့် အ လျောက် ထို သူ သည် လူ မျိုး ခြား တို့ အား တ ရား တော် ကို ကြား ပြော လိမ့် မည်။ငြင်း ခုံ မည်၊ ဟစ် ကြော် မည်၊ လမ်း၌ လွှင့် သံ ကြား စေ မည် မ ဟုတ်။ဖာ ရိ ရှဲ တို့ မြင်၍ ဆ ရာ့ တ ပည့် တို့ သည် ဥ ပုသ် နေ့ တွင် မ အပ် သော အ မှု ကို ပြု ကြ ပါ သည် တ ကား ဟု ဆို ကြ သော်။အောင် မြင် ရာ သို့ တ ရား တော် ကို မ ထုတ် မ ဆင့် မီ ကျိုး ဆဲ ကျူ ကို ချိုး ဖြတ် ခြင်း၊ အ တောက် သေး သော မီး စာ ကို ငြိမ်း သတ် ခြင်း ပြု မည် မ ဟုတ်။သူ့ နာ မ ကို လည်း လူ မျိုး ခြား တို့ စောင့် စား ကြ လ တ္တံ့ ဟူ၍ တည်း။
အ ကျွန်ုပ် ၏ ဘု ရား သ ခင်၊ အို ထာ ဝ ရ ဘု ရား၊ ဖြောင့် မတ် တော် မူ ခြင်း အ တိုင်း အ ကျွန်ုပ် ကို တ ရား ဆုံး ဖြတ် တော် မူ လျက်၊ ထို သူ တို့ ကို အ ကျွန်ုပ် အ ပေါ် ၌ ရွှင် လန်း ခွင့် မ ရှိ ပါ စေ နှင့်။
ကောင်း ကင် ဘုံ မှ နား ညောင်း တော် မူ၍ ဆိုး သူ့ ဦး ထိပ် ထက် ချင့် အ လေ့ အ လာ အ ကျိုး ဆက် ကို လည်း ကောင်း၊ ဖြောင့် သူ့ အား၊ ဖြောင့် သည့် အ တိုင်း၊ လွတ် ရာ ကောင်း ကျိုး ကို လည်း ကောင်း၊ ကိုယ် တော့် ကျွန် များ အ ပေါ် တွင် စီ ရင် ဆုံး ဖြတ် တော် မူ ပါ။
အ ကျွန်ုပ် တို့ သည် အ န န္တ တန် ခိုး ရှင် ကို ရှာ၍ မ တွေ့ နိုင် ကြ။ ကိုယ် တော် သည် တန် ခိုး ကြီး လျက်၊ ကြွယ် ဝ သော ဖြောင့် မတ် ခြင်း နှင့် စီ ရင် ဆုံး ဖြတ် ခြင်း များ ကို၊ လွှဲ တော် မ မူ။
သို့ ရာ တွင် ငါ တို့ မ တ ရား မှု ဖြင့် ဘု ရား သ ခင်၏ ဖြောင့် မတ် တော် မူ ခြင်း ထင် ရှား သည် မှန် က မည် သို့ ပြော ရ အံ့ နည်း။ လူ့ စ ရိုက် အ လိုက် ငါ ဆို လျှင် အ မျက် တော် ဒဏ် စီ ရင် သော ဘု ရား သ ခင် သည် မ တ ရား ရာ ရောက် တော် မူ သ လော။ထို သို့ မ ဖြစ် စေ ရာ။ ဖြစ် ခဲ့ မူ ဘု ရား သ ခင် သည် ဤ လော က ကို မည် သို့ စီ ရင် ဆုံး ဖြတ် တော် မူ နိုင် အံ့ နည်း။
နောင် ကာ လ မင်း တစ် ပါး သည် ဖြောင့် မတ် စွာ မင်း မူ လျက်၊ မှူး မတ် တို့ လည်း တ ရား အ တိုင်း အုပ် စိုး လျက်၊
အ ခါ ခပ် သိမ်း ၌ တ ရား စောင့် ထိန်း ၍၊ ဖြောင့် မတ် စွာ ကျင့် ကြံ သူ တို့ သည် မင်္ဂ လာ ရှိ ၏။
နွမ်း ပါး သူ တို့၌ တ ရား လွဲ စေ ခြင်း ငှာလည်း ကောင်း၊ လူ မျိုး တော် တွင် ဆင်း ရဲ သူ တို့ တ ရား အ တိုင်း ဆုံး ဖြတ် ခံ ခွင့် ကို ငြင်း ပယ် စေ ခြင်း ငှာလည်း ကောင်း၊ မု ဆိုး မ နှင့် ဖ သက် ဆိုး တို့ ဥ စ္စာ ကို လု ယူ ခြင်း ငှာ လည်း ကောင်း၊ မှား သော စီ ရင် ထုံး ကို ထုတ် လျက် နှိပ် စက် ရာ ကောက် ချက် များ ကို မှတ် ထား တတ် သူ တို့ သည် အ မင်္ဂ လာ ရှိ ကြ၏။ရှ မာ ရိ မြို့ နှင့် ယေ ရု ရှ လင် မြို့ ရုပ် တု များ ထက်၊ တန် ခိုး ကြီး သည့် ရုပ် တု များ ရှိ သော တိုင်း နိုင် ငံ များ ပေါ် တွင် ငါ့ လက် တော် ရောက် သည့် အ လိုက်၊ရှ မာ ရိ မြို့ ကို ရုပ် တု များ ပါ ငါ ပြု ခဲ့ သည့် နည်း တူ၊ ယေ ရု ရှ လင် မြို့ ကို လည်း ရုပ် တု များ ပါ ငါ ပြု လိမ့် မည် မ ဟုတ် လော ဟု အောက် မေ့ သ တည်း။သို့ ဖြစ် လျက် ငါ ဘု ရား သည် ဇိ အုန် တောင် နှင့် ယေ ရု ရှ လင် မြို့၌ ပြု ရန် ကိ စ္စ ကို ပြီး မြောက် စေ ပြီး မှ၊ အာ ရှု ရိ ဘု ရင်၏ မာ န မြင့်၍ ဝါ ကြွား ခြင်း ကိုလည်း ကောင်း၊ မျက် နှာ မော်၍ ထောင် လွှား ခြင်း ကိုလည်း ကောင်း၊ စီ ရင် လာ လိမ့် မည်။ထို မင်း က ဉာဏ် ပ ဋိ ဘာန် ရှိ သည့် အ လျောက် ကိုယ့် လက် သ တ္တိ၊ ဉာဏ် သ တ္တိ အား ဖြင့် ငါ ပြု ခဲ့ ပြီ။ လူ မျိုး တို့ နယ် နိ မိတ် များ ကို ရွှေ့ ပြောင်း လျက် ဆည်း ပူး သော ဥ စ္စာ များ ကို လု ယူ ပြီး လျှင်၊ နန်း စံ တို့ ကို လည်း နွား ဥဿ ဘ သ ဘွယ် နန်း ချ သ ဖြင့်၊လူ မျိုး တို့၏ ဘ ဏ္ဍာ တိုက် များ ကို ငှက် သိုက် သ ဖွယ် လက် နှိုက် လျက်၊ စွန့် ခဲ့ သော ဥ များ ကို သိမ်း ယူ သည့် နည်း တူ မြေ တစ် ပြင် လုံး ကို ငါ သိမ်း ယူ ခဲ့ ရာ၊ အ တောင် ခတ် ခြင်း၊ နှုတ် သီး ဖွင့် ခြင်း၊ မြည် တွန် ခြင်း ကို မျှ မ ပြု ဝံ့ ကြ ဟု ကြိမ်း ပ လေ ၏။ပု ဆိန် သည် ပေါက် သူ တစ် ဘက်၌ ဝါ ကြွား မည် လော။ လွှ လည်း တိုက် သူ တစ် ဘက်၌ ဝင့် ဝါ မည် လော။ ထို သို့ ဖြစ် ခဲ့ လျှင် လှံ တံ သည် ကိုင် သူ့ ကို လှုပ် နိုင် ရာ၏။ တုတ် လည်း သစ် ဝါး မ ဟုတ် သူ့ ကို ကိုင် မြှောက် နိုင် ရာ၏။ထို့ ကြောင့် ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် သည်၊ ထို မင်း၏ ဆူး ဖြိုး သူ တို့၌ ပိန် ကြုံ စေ သော ဝေ ဒ နာ ကို သွင်း မည့် ပြင်၊ အ လုံး အ ရင်း အ တွင်း တွင် မီး သ ဖွယ် လောင် စေ တော် မူ ရာ၊ဣ သ ရေ လ လူ မျိုး၏ အ လင်း တော် သည်၊ မီး သ ဖွယ်၊ သန့် ရှင်း တော် မူ သော အ ရှင် သည် မီး လျှံ သ ဖွယ် ဖြစ် သ ဖြင့်၊ ထို နိုင် ငံ ရှိ ဆူး ချုံ၊ ရှား စောင်း တော များ ကို နေ့ ချင်း ကျွမ်း လောင် လျက်၊တော ဆိုင် ရာ၊ ခြံ ဆိုင် ရာ အ သ ရေ ကို အ နှစ် အ ကာ နှင့် တ ကွ ကုန် ဆုံး စေ တော် မူ၍၊ သူ နာ အား ပြတ် သည့် နည်း တူ ဖြစ် လိမ့် မည်။အ ရာ တော် ကျန် တော ပင် များ ကို သူ ငယ် ပင် စာ ရင်း ရေး သား နိုင် ရန်၊ ရေ တွက် လွယ် ပါ လိမ့် မည်။
လူ ဆိုး ကို ဖြောင့် သည် ဟု စီ ရင် သူ၊ ဖြောင့် သူ့ ကို ဆိုး သည် ဟု စီ ရင် သူ နှစ် ဦး သား တို့ သည်၊ ထာ ဝ ရ ဘု ရား၏ မျက် မှောက် တော်၌၊ စက် ဆုပ် ရွံ့ ရှာ ဖွယ် ဖြစ် ကြ ၏။
ဖြောင့် မတ် တော် မူ ခြင်း သည် ထာ ဝ ရ ဖြောင့် မတ် ခြင်း ဖြစ်၍၊ တ ရား တော် လည်း သ စ္စာ နှင့် ပြည့် စုံ ပါ၏။
သူ ဆင်း ရဲ တို့ အား ဝမ်း မြောက် ဖွယ် သ တင်း ကို ကြော် ငြာ စေ ခြင်း ငှာ လည်း ကောင်း၊ စိတ် နှ လုံး ကြေ ကွဲ သူ တို့ ကို ပတ် စည်း စေ ခြင်း ငှာ လည်း ကောင်း၊ သုံ့ ပန်း လူ တို့ အား လွတ် သွား ခွင့်၊ အ ကျဉ်း သား တို့ အား ပွင့် လွတ် ခွင့် ကို ကြား ပြော စေ ခြင်း ငှာလည်း ကောင်း၊ ထာ ဝ ရ ဘု ရား လက် ခံ တော် မူ ဖွယ် နှစ် ကာ လ၊ ငါ တို့ ဘု ရား သ ခင် လက် စား ချေ တော် မူ မည့် ရက် ကာ လ များ ကို ကြား ပြော စေ ခြင်း ငှာ လည်း ကောင်း၊ ညည်း တွား ရ သူ ရှိ သ မျှ တို့ အား နှစ် သိမ့် စေ ခြင်း ငှာ လည်း ကောင်း၊ ညည်း တွား ရ သော ဇိ အုန် မြို့ သူ မြို့ သား တို့ အား၊ ပြာ ထိုင် ခြင်း အ စား ဦး ရစ် ပေါင်း ခြင်း၊ ညည်း တွား ခြင်း အ စား ရွှင် လန်း ရာ နံ့ သာ ဆီ၊ စိတ် အား လျော့ ခြင်း အ စား ချီး မွမ်း ရာ အ ဝတ် တန် ဆာ များ ကို စီ မံ ပေး အပ် စေ ခြင်း ငှာလည်း ကောင်း၊ ထာ ဝ ရ ဘု ရား သည် ငါ့ ကို ဘိ သိက် သွန်း၍ စေ လွှတ် တော် မူ သည် နှင့် အ ညီ၊ ငါ့ အ ပေါ် တွင် အ ရှင် ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် တည် နေ လျက် ရှိ ၏။ ထို သူ တို့ သည် ထာ ဝ ရ ဘု ရား၏ ဘုန်း တော် ထင် ရှား စေ ရန်၊ စိုက် ပျိုး တော် မူ ရာ ဖြောင့် မတ် သော ညန် ပင် ဟု သ မုတ် ခံ ရ ကြ သည့် ပြင်၊ငါ သည် ထာ ဝ ရ ဘု ရား ကြောင့် အား ရ ဝမ်း မြောက် ၍၊ ငါ ၏ ဘု ရား သ ခင် ကြောင့် စိတ် ရွှင် လန်း လိမ့် မည်။ မင်္ဂ လာ ဆောင် သ တို့ သား သည် ဦး ဗောင်း ဆင် သ ကဲ့ သို့ လည်း ကောင်း၊ မင်္ဂ လာ ဆောင် သ တို့ သ မီး သည် အ ဝတ် တန် ဆာ ဆင် ယင် သ ကဲ့ သို့ လည်း ကောင်း၊ ကယ် တင် ခြင်း အ ဝတ် တန် ဆာ နှင့် ငါ့ ကို ဆင် ယင် လျက်၊ အောင် မြင် ခြင်း ဝတ် လုံ နှင့် ခြုံ တော် မူ ပြီ။မြေ ကြီး သည် အ ညှောက် ပေါ် စေ သ ကဲ့ သို့ လည်း ကောင်း၊ ခြံ လည်း ကြဲ ရာ မျိုး ကို ပေါက် စေ သ ကဲ့ သို့ လည်း ကောင်း၊ အ ရှင် ထာ ဝ ရ ဘု ရား သည် ခပ် သိမ်း သော လူ မျိုး တို့ မျက် မှောက် တွင်၊ အောင် မြင် ခြင်း နှင့် ချီး မွမ်း ခြင်း ကို ပေါက် စေ တော် မူ လိမ့် သ တည်း။
ငါ ထာ ဝ ရ ဘု ရား သည် နှ လုံး ကျောက် ကပ် ကို စစ် ဆေး စီ စစ် ၍၊ လူ အ သီး သီး တို့ အား၊ ကိုယ့် အ လေ့ အ လာ အ ပြု အ မူ အ လျောက်၊ အ ကျိုး ဆက် ကို ပေး တတ် ၏။
အ ကြင် သူ သည် ဖြောင့် မတ် လျက်၊ တ ရား သ ဖြင့် ဖြောင့် မတ် စွာ ဆောင် ရွက် သူ ဖြစ် ၍၊ဣ သ ရေ လ အ မျိုး သား တို့ ရှိ ခိုး သော ရုပ် ပွား များ ကို ဖူး မြင် လျက် တောင် များ ပေါ် တွင် စား သောက် ခြင်း၊ သူ့ မ ယား ကို ရှုတ် ချ ခြင်း၊ ရာ သီ ရောက် သော မိန်း မ နှင့် ဆက် ဆံ ခြင်း၊အ တိုး အ မြတ် စား ခြင်း များ နှင့် ကင်း လျက်၊ မည် သူ့ ကို မျှ မ နှိပ် စက် ဘဲ၊ အ ပေါင် ခံ ပ စ္စည်း ကို ပြန် ပေး ခြင်း၊ မည် သူ့ ကို မျှ မ လု ယက် ဘဲ၊ မွတ် သိပ် သူ့ အား အ စာ ကျွေး လျက်၊ အ ဝတ် မဲ့ သူ အား စောင် ခြုံ ခြင်း၊ အ ဓ မ္မ မှု ကို လက် ချုပ် တည်း ခြင်း၊ လူ အ ချင်း ချင်း၌ သ မ္မာ တ ရား အ တိုင်း ဆုံး ဖြတ် ခြင်း၊သ စ္စာ စောင့်၍၊ ထုံး ဖွဲ့ တော် မူ ချက် များ အ ရ လိုက် လျှောက် လျက်၊ ဆုံး ဖြတ် တော် မူ သ မျှ စောင့် ထိန်း ခြင်း များ ကို ပြု အံ့၊ ထို သူ သည်၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ဖြောင့် မတ်၍ မု ချ အ သက် ချမ်း သာ ရ လ တ္တံ့။
ငါ သည်၊ ထိုက် သင့် သော အ ချိန် ကို ချိန်း ချက် ပြီး လျှင်၊ မျှ တ စွာ စီ ရင် ဆုံး ဖြတ် မည်။
လူ ဆိုး အား၊ ဖြောင့် မတ် သည် ဟု ဆို သော သူ့ ကို၊ ပြည် သူ တိုင်း သား တို့ ဆဲ ဆို ရွံ့ ရှာ ကြ လိမ့် မည်။ဆုံး မ ပဲ့ ပြင် သော သူ တို့ မူ ကား၊ စိတ် သာ ယာ လျက် ကောင်း ကြီး မင်္ဂ လာ ကို ခံ ရ ကြ လိမ့် မည်။
ထာ ဝ ရ ဘု ရား သည် ဖြောင့် မတ် သူ တို့ ကို မျက် မှောက် ပြု လျက် တောင်း လျှောက် သံ ကို လည်း နား ညောင်း၍ မ ကောင်း ပြု ကျင့် သူ တို့ ကို ကား မျက် နှာ ထား တော် မူ သည် ဟူ ၍ တည်း။
ဒါ ဝိဒ် မင်း တဲ နန်း တော် အ တွင်း၊ ကျေး ဇူး တော် အား ဖြင့် တည် မြဲ သော ရာ ဇ ပ လ္လင် ထက် ဖြောင့် မတ် ခြင်း တ ရား ကို ရှာ ကြံ ရန် လျင် မြန် လျက်။ သ စ္စာ စောင့်၍ စီ ရင် ဆုံး ဖြတ် သော မင်း တစ် ပါး စံ နေ တော် မူ လိမ့် မည်။
ဘု ရား သ ခင်၌ မျက် နှာ ငဲ့ ခြင်း မ ရှိ သည် ဖြစ်၍၊ ပ ညတ် တ ရား လွတ် ပြစ် မှား သူ တို့ သည် ပ ညတ် တ ရား လွတ် ပျက် စီး ရ လ တ္တံ့။ ပ ညတ် တ ရား သိ လျက် ပြစ် မှား သူ တို့ လည်း ပ ညတ် တ ရား အ တိုင်း စီ ရင် ခံ ရ လ တ္တံ့။
မ တ ရား သ ဖြင့် ရ သော အ စီး အ ပွား များ စွာ ထက်၊ တ ရား သ ဖြင့် ရ သော အ နည်း ငယ် သည် သာ၍ မြတ် ၏။
ထာ ဝ ရ ဘု ရား သည် နည်း လမ်း တော် ရှိ သ မျှ တွင် ဖြောင့် မတ်၍၊ အ မှု တော် များ တွင် သန့် ရှင်း တော် မူ ပါ၏။
ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ လာ ကြ၊ အ ချင်း ချင်း ချေ ပ ကြ ကုန် အံ့။ သင် တို့ ဒု စ ရိုက် များ က မ္ပ လာ ထည် နှင့် တူ သော် လည်း၊ မိုး ပွင့် သ ဖွယ် ဖြူ ရ လိမ့် မည်။ ပိုး က တ္ထီ ပါ နှင့် အ မျှ နီ သော် လည်း၊ သိုး မွေး ကဲ့ သို့ ဖြစ် ရ လိမ့် မည်။စိတ် စေ တ နာ ပါ၍ နာ ယူ လျှင်၊ မြေ ထွက် အ ထွဋ် အ မြတ် ကို စား ရ ကြ လိမ့် မည်။
ညှဉ်း ပန်း ခံ ရ သူ တို့ အ ဖို့ တ ရား သ ဖြင့် ဆုံး ဖြတ် လျက်၊ ဆာ မွတ် သူ တို့ ကို ကျွေး မွေး လျက်၊ အ ကျဉ်း ခံ ရ သူ တို့ ကို လွှတ် တော် မူ ၏။ထာ ဝ ရ ဘု ရား သည် ကန်း သော မျက် စိ များ ကို ပွင့် လင်း စေ ခြင်း၊ ထာ ဝ ရ ဘု ရား သည် ငုံ့ လျှိုး ရ သူ တို့ ကိုထူ ပင့် ခြင်း၊ ထာ ဝ ရ ဘု ရား သည် ဖြောင့် မတ် သူ တို့ ကို ချစ် ခင် ခြင်း၊ထာ ဝ ရ ဘု ရား သည်၊ ဝင် နေ သူ တို့ ကို စောင် မ ခြင်း၊ ဖ သက် ဆိုး နှင့် မု ဆိုး မ တို့ ကို ထောက် မ ခြင်း ပြု လျက်၊ လူ ဆိုး တို့၏ လမ်း ကို ကွေ့ ကောက် စေ တော် မူ ၏။
ငါ မြတ် နိုး လျက် ရွေး ချယ် သူ၊ ငါ ထောက် ပင့် သော ကျွန် ရင်း ပေ တည်း။ ငါ့ ဝိ ညာဉ် တော် ကို သူ့ အ ပေါ် တွင် တည် သည့် အ လျောက်၊ ထို သူ သည် လူ မျိုး ခြား တို့ အား၊ တ ရား တော် ကို ထုတ် ဆင့် လိမ့် မည်။
သီ လ ကြောင် ဖြစ် သူ ကျမ်း တတ် ဆ ရာ နှင့် ဖာ ရိ ရှဲ တို့၊ သင် တို့၌ အ မင်္ဂ လာ ရှိ၏။ သင် တို့ သည် ပင် စိမ်း၊ စ မွတ်၊ ဇီ ယာ၊ ဆယ် ဖို့ တစ် ဖို့ ကို လှူ လျက် ပ ညတ် တ ရား တော်၌ အ ရေး ကြီး သော တ ရား စောင့် ခြင်း၊ က ရု ဏာ ရှိ ခြင်း၊ သ စ္စာ တည် ခြင်း များ ကို လှပ် ထား ကြ သည် တ ကား။ ဆို ခဲ့ သော အ လှူ များ ကို မ လှပ် ထား ဘဲ အ ရေး ကြီး သော အ ရာ များ ကို စောင့် သင့်၏။
မ ဟာ အ ကြံ တော်၊ လွန် ကဲ သော အ မှု နှင့် ပြည့် စုံ တော် မူ ထ သော၊ လူ့ သား တို့ ၏ အ လေ့ အ လာ များ ကို မျက် မှောက် ပြု ၍၊ အ သီး အ သီး တို့ အား အ လေ့ အ လာ အ ပြု အ မူ အ လျောက်၊ အ ကျိုး ဆက် ကို ပေး တော် မူ ထ သော၊
ထာ ဝ ရ ဘု ရား သည် ဖြောင့် မတ် သူ တို့ ကို မျက် မှောက် ပြု လျက်၊ အော် ဟစ် သံ ကို လည်း နား ညောင်း တော် မူ ၏။မ ကောင်း ပြု ကျင့် သူ တို့ ကို ကား၊ မျက် နှာ ထား ၍ အ မည် ကို ပင် မြေ ကြီး ပေါ် မှ ပယ် ရှား တော် မူ ၏။
ထာ ဝ ရ ဘု ရား သည် နှောင့် နှေး တော် မူ သည် ဟု အ ချို့ တို့ မှတ် ယူ ကြ သည့် အ တိုင်း က တိ တော် ကို ဖြည့် ရန် နှောင့် နှေး တော် မူ သည် မ ဟုတ်။ မည် သူ မျှ မ ပျက် စီး ဘဲ ရှိ သ မျှ တို့ နောင် တ ရ ခွင့် ရှိ စေ ရန် သင် တို့ အ ပေါ် တွင် စိတ် ရှည် တော် မူ ၏။
ဖြောင့် မတ် ခြင်း နှင့် တ ရား သ ဖြင့် စီ ရင် ခြင်း သည်၊ ပ လ္လင် တော်၏ တည် ရာ၊ မေတ္တာ ကျေး ဇူး နှင့် သ စ္စာ တော် သည်၊ မျက် နှာ တော် ရှေ့ ခ စား ရာ ဖြစ် ပါ၏။အို ထာ ဝ ရ ဘု ရား၊ ကြွေး ကြော် သံ ကို သိ ကျွမ်း သော လူ မျိုး သည် မင်္ဂ လာ ရှိ ပါ၏။ မျက် နှာ တော် ရောင် ခြည် ၌ သွား လာ ခွင့်၊
လူ မျိုး တော် ကို ဖြောင့် မတ် စွာ စီ ရင် လျက်၊ ဆင်း ရဲ သော လူ မျိုး ကို တ ရား သ ဖြင့် အုပ် စိုး ပါ စေ သော။တောင် ကြီး တောင် ငယ် များ သည် ဖြောင့် မတ် ခြင်း အား ဖြင့်၊ လူ မျိုး တော် ကို ချမ်း သာ ခွင့် ပို့ ပါ စေ သော။ဘု ရင် မင်း သည် လူ မျိုး တော် အ နက် နွမ်း ပါး သူ့ တို့ ကို စီ ရင် ခြင်း၊ ဆင်း ရဲ သား တို့ ကို ကယ် မ ခြင်း၊ ညှဉ်း ပန်း သူ တို့ ကို နှိပ် ကွပ် ခြင်း ပြု ပါ စေ သော။
သူ တော် ကောင်း တို့၏ အ ကြံ အ စည် သည်၊ တော် မှန်၏။ လူ ဆိုး တို့ ပေး သော အ ကြံ မူ ကား၊ လှည့် စား တတ် ၏။
တ ရား စောင့် ခြင်း ကို မျဉ်း ကြိုး အ ဖြစ်၊ ဖြောင့် မတ် ခြင်း ကို မှန် ထုပ် အ ဖြစ်၊ ငါ ထား သ ဖြင့်၊ မု သာ ခို လှုံ ရာ ကို မိုး သီး ရိုက် နှင် လျက်၊ ပုန်း ရှောင် ရာ ကို လည်း ရေ လွှမ်း မိုး လိမ့် မည်။
မြေ ကြီး သည် အ ညှောက် ပေါ် စေ သ ကဲ့ သို့ လည်း ကောင်း၊ ခြံ လည်း ကြဲ ရာ မျိုး ကို ပေါက် စေ သ ကဲ့ သို့ လည်း ကောင်း၊ အ ရှင် ထာ ဝ ရ ဘု ရား သည် ခပ် သိမ်း သော လူ မျိုး တို့ မျက် မှောက် တွင်၊ အောင် မြင် ခြင်း နှင့် ချီး မွမ်း ခြင်း ကို ပေါက် စေ တော် မူ လိမ့် သ တည်း။
ဒု စ ရိုက် ကို မုန်း ထား လျက်၊ သု စ ရိုက် ကို နှစ် သက် လျက်၊ မြို့ တံ ခါး ဝ တွင် တ ရား ပ လ္လင် ကို တည် စိုက် ကြ လော့။ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် သည်၊ ယော သပ် အ မျိုး အ ကျန် အ ကြွင်း တို့ အား၊ သ နား တော် မူ ကောင်း မူ လိမ့် မည်။
ဖြောင့် မတ် ခြင်း သည်၊ ပြည် သူ ပြည် သား တို့ ကို ထွန်း ကား စေ၏။ ဒု စ ရိုက် မှု ကား၊ ကျိုး ယုတ် ရှက် ကွဲ စေ တတ် ၏။
ထာ ဝ ရ ဘု ရား သည်၊ ကောင်း မွန် ဖြောင့် မတ် တော် မူ သော ကြောင့်၊ အ ပြစ် သား တို့ ကို နည်း လမ်း တော် ၌ သွန် သင် တော် မူ လိမ့် မည်။စိတ် နှိမ့် ချ သော သူ တို့ ကို တ ရား လမ်း၌ ပို့ ဆောင်၍၊ နည်း လမ်း တော် ကို လည်း၊ သွန် သင် တော် မူ လိမ့် မည်။
ထို မြို့ တွင် စံ နေ တော် မူ သော ထာ ဝ ရ ဘု ရား မှာ မူ၊ တစ် သ မတ် တည်း ဖြောင့် မတ် လျက်၊ နံ နက် တိုင်း အ စဉ် ဆုံး ဖြတ် တော် မူ ချက် များ ကို၊ အ ထင် အ ရှား ထုတ် ဖော် တော် မူ၏။ သို့ ရာ တွင်၊ မ တ ရား သူ တို့ သည်၊ ရှက် ကြောက် ခြင်း ကင်း လျက် နေ ကြ သည် တ ကား။
သို့ ဖြစ်၍ ငါ တို့ အ သီး အ သီး သည် ကိုယ့် အ ကြောင်း ကို ဘု ရား သ ခင့် ရှေ့ ဖော် ပြ ရ ကြ လ တ္တံ့။
ကိုယ် စီ ရင် သည့် နည်း အ တိုင်း စီ ရင် ခြင်း ကို ခံ ရ လိမ့် မည်။ ကိုယ် ချိန် ပေး သည့် ပ မာ ဏ အ တိုင်း လည်း ဆပ် ခြင်း ကို ခံ ရ လိမ့် မည်။
အ ထင် မ လွဲ ကြ နှင့်၊ ဘု ရား သ ခင် သည် ပြောင် လှောင် ခြင်း ကို ခံ တော် မ မူ လူ သည် စိုက် ပျိုး သည့် အ တိုင်း ပင် ရိတ် သိမ်း ရ လိမ် မည်။
ကိုယ် တော် ဖြောင့် မတ် တော် မူ ကြောင်း သိ ကြ သည် နှင့် အ ညီ ဖြောင့် မတ် စွာ ပြု ကျင့် သူ တိုင်း လည်း ကိုယ် တော် အား ဖြင့် ဖွား ရ ကြောင်း သိ ကြ လော့။
သင် တို့ သည် အ လေ့ အ လာ အ ကျင့် အ ကြံ များ ကို ပြင် ဆင် ပြု ပြင် လျှင် လည်း ကောင်း၊ တ ရား ဖက် တို့ အ မှု ကို တ ရား သ ဖြင့် စီ ရင် လျှင် လည်း ကောင်း၊ဝင် နေ သူ၊ ဖ သက် ဆိုး၊ မု ဆိုး မ များ ကို မ ညှဉ်း မ ပန်း။ ဤ ဒေ သ ၌ အ ပြစ် ကင်း သူ ၏ အ သွေး ကို မ သွန်း၊ ကိုယ် ကို ဒု က္ခ ရှာ၍ အ ခြား ဘု ရား များ နောက် မ လိုက် မ လျှောက် လျှင် လည်း ကောင်း၊ရှေး ကာ လ က စ၍ အ စဉ် မ ပြတ်၊ သင် တို့ ဘိုး ဘေး များ အား၊ ငါ ပေး ခဲ့ သော ဤ ပြည်၊ ဤ ဒေ သ၌ ပင်၊ သင် တို့ အား လည်း၊ နေ မြဲ နေ ခွင့် ပေး ဦး မည်။
ထာ ဝ ရ ဘု ရား သည် မြင့် မြတ် တော် မူ ၏။ မြင့် ရာ၌ စံ နေ၍၊ ဇိ အုန် မြို့ ကို တ ရား စောင့် ခြင်း၊ ဖြောင့် မတ် ခြင်း နှင့် ပြည့် စေ တော် မူ သည့် အ လျောက်၊
လူ ဆိုး၏ အ လေ့ အ လာ သည်၊ ထာ ဝ ရ ဘု ရား၏ မျက် မှောက် တော်၌၊ စက် ဆုပ် ရွံ ရှာ ဖွယ် ဖြစ်၏။ ဖြောင့် မတ် ခြင်း တ ရား ကို လိုက် ရှာ သော သူ့ ကို ကား၊ နှစ် သက် တော် မူ၏။
တ ရား ခွင် တွင် ထိုင် နေ သူ တို့ ၌၊ တ ရား စီ ရင် ခြင်း ဉာဏ် သ ဖွယ်၊ မြို့ တံ ခါး မှ စစ် မက် ကို တွန်း လှန် သူ တို့ ၌၊ စွမ်း အား သ ဖွယ်၊ ဖြစ် တော် မူ လိမ့် မည်။
အို ထာ ဝ ရ ဘု ရား၊ တပ် ပုန်း များ ကြောင့်၊ ဖြောင့် မတ် တော် မူ ခြင်း အ တိုင်း လမ်း ပြ လျက်၊ အ ကျွန်ုပ် မျက် မှောက်၌ နည်း လမ်း တော် ကို ဖြောင့် စေ တော် မူ ပါ။
ဆိုး သွမ်း တတ် သော သူ တို့ သည်၊ တ ရား သ ဖြင့် ပြု မူ ခြင်း ကို နား မ လည် တတ် ကြ။ ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ သော သူ တို့ မူ ကား၊ အ ကုန် အ စင် နား လည် တတ် ကြ၏။
ဝပ် စေ သော ငါ သည် ပျောက် သွား ရာ ကို လိုက် ရှာ ခြင်း၊ လမ်း လွဲ ရာ ကို ပြန် စု ခြင်း၊ ချို့ တဲ့ ရာ ကို ကျပ် စည်း ခြင်း၊ နာ ကျင် ရာ ကို သန် မာ စေ ခြင်း၊ ဆူ ဖြိုး၍ ခွန် အား လွန် ရာ ကို ပယ် ရှား ခြင်း ပြု လျက်၊ တ ရား အ မြိုက် တိုက် ကျွေး မည် ဟု မိန့် တော် မူ ကြောင်း၊ အ ထိန်း အ ကျောင်း တို့ အား ဆင့် ဆို လော့။
အို ထာ ဝ ရ ဘု ရား၊ ဆုံး ဖြတ် တော် မူ ချက် များ သည် ဖြောင့် မတ် ကြောင်း ကို လည်း ကောင်း၊ သ စ္စာ တော် အ တိုင်း အ ကျွန်ုပ် ကို ဒု က္ခ ရောက် စေ တော် မူ ကြောင်း ကို လည်း ကောင်း၊ အ ကျွန်ုပ် သိ ပါ၏။
ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ ကယ် တင် တော် မူ ခြင်း ရောက် ချိန်၊ အောင် မြင် တော် မူ ခြင်း ထင် ရှား ချိန် တိုင် လု ပြီး ဖြစ်၍၊ တ ရား စောင့် လျက် ဖြောင့် မတ် စွာ ပြု ကျင့် ကြ လော့။
နွမ်း ပါး သူ တို့ ကို ဖြောင့် မတ် စွာ စီ ရင် လျက်၊ ဆင်း ရဲ သော ပြည် သူ ပြည် သား တို့ ကို မျှ တ စွာ ဆုံး ဖြတ် လျက်၊ မြေ ကြီး ကို ခံ တွင်း ရှိ လှံ တံ ဖြင့် ဒဏ် ခတ်၍ လူ ဆိုး တို့ ကို လည်း ထွက် သက် လေ ဖြင့် ကွပ် မျက် တော် မူ ရာ၊
အ သို့ ဆို သော်၊ ဟစ် ခေါ် လျက် နွမ်း ပါး သူ နှင့်၊ ခို ကိုး ရာ မဲ့ ဆင်း ရဲ သား တို့ ကို ကယ် လွှတ် ခြင်း၊အား နည်း သူ နှင့် နွမ်း ပါး သူ တို့ ကို သ နား လျက်၊ နွမ်း ပါး သူ တို့၏ အ သက် ကို ကယ် မ ခြင်း၊သူ တို့ အ သွေး ကို နှ မြော သည့် အ လျောက်၊ အ ဓ မ္မ မှု နှင့် ကြမ်း ကြုတ် မှု မှ၊ အ သက် ကို ရွေး နုတ် ခြင်း ပြု တော် မူ လိမ့် မည်။
ဘု ရား သ ခင် သည်၊ စီ ရင် ဆုံး ဖြတ် သ ဖြင့်၊ မြေ ကြီး ပေါ် ရှိ စိတ် နှိမ့် ချ သူ တို့ ကို ကယ် တင် ရန် ထ တော် မူ သော အ ခါ၊ ကောင်းကင် ထဲ မှ၊ စီ ရင် ချက် ကို ထုတ် ပြ တော် မူ ရာ၊ မြေ ပ ထ ဝီ ကြောက် ရွံ့ ၍ ဆိတ် ဆိတ် နေ ရ ၏။
ဘု ရား သ ခင် ဖော် ပြ တော် မူ သည့် အ လျောက် ကိုယ် တော့် အ ကြောင်း သိ အပ် သ မျှ ထင် ရှား ပြီး ဖြစ်၍၊ သ မ္မာ တ ရား ကို မ တ ရား သ ဖြင့် ဖိ စီး သူ တို့၏ ဘု ရား မဲ့ နေ ခြင်း နှင့် တ ရား မဲ့ နေ ခြင်း ခပ် သိမ်း အ ပေါ် တွင် မူ ကား ဘု ရား သ ခင့် အ မျက် တော် သည် ကောင်း ကင် မှ ထင် ရှား လျက် ရှိ၏။
ဘု ရား သ ခင် သည်၊ ကိုယ် တော် ၏ ပ ရိ သတ် ၌ ရပ် တန့် လျက်၊ ဘု ရား တို့ တွင် စီ ရင် ဆုံး ဖြတ် တော် မူ သည် မှာ၊ မည် မျှ ကြာ၊ လူ ဆိုး တို့ မျက် နှာ ကို ထောက် ၍၊မ တ ရား သ ဖြင့် ဆုံး ဖြတ် ကြ မည် နည်။အား နည်း သူ နှင့် အ ဘ မဲ့ သူ တို့ အ မှု ကို ဆုံး ဖြတ် ခြင်း၊ ညှဉ်း ပန်း ခံ ရ သူ နှင့် ဆင်း ရဲ သူ တို့ ကို ဖြောင့် မတ် စွာ စီ ရင် ခြင်း၊အား နည်း သူ နှင့် နွမ်း ပါး သူ တို့ ကို ဆယ် ယူ၍၊ လူ ဆိုး တို့ လက် မှ ကယ် လွှတ် ခြင်း ပြု ကြ လော့။
ပဲ့ ပြင် ခြင်း ဟူ သ မျှ ကို ခံ ရ စဉ် ဝမ်း မြောက် ဖွယ် မ ဟုတ်။ ဝမ်း နည်း ဖွယ် ဟု ထင် မှတ် ကြ သော် လည်း ပဲ့ ပြင် ခြင်း ဖြင့် လေ့ ကျက် ပြီး မှ ဖြောင့် မတ် ခြင်း တည်း ဟူ သော ငြိမ် သက် ရာ အ ကျိုး ဖြစ် ထွန်း တတ် ၏။
ထာ ဝ ရ ဘု ရား သည် တ ရား သ ဖြင့် ဆုံး ဖြတ် လျက်၊ လူ ဆိုး ကို ကိုယ့် လက် ဖြစ် ကျော့ ကွင်း ၌ မိ စေ လျက် ထင် ရှား တော် မူ ပါ ပြီ။
သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ဘု ရား ထက် ဘု ရား၊ အ ရှင် ထက် အ ရှင်၊ တန် ခိုး ကြီး လျက် ကြောက် မက် ဖွယ် ရာ မ ဟာ ဘု ရား ဖြစ် တော် မူ သည့် အ လျောက်မျက် နှာ ကြီး ငယ် မ ထောက်၊ တံ စိုး မ စား။ ဖ သက် ဆိုး နှင့် မု ဆိုး မ တို့ အ မှု ကို တ ရား သ ဖြင့် စီ ရင် သည့် ပြင်၊ ဝင် နေ သူ တို့ အား လည်း မြတ် နိုး ၍၊ အ စား အ သောက် အ ဝတ် များ ကို ပေး သ နား တော် မူ သော ဘု ရား ဖြစ် တော် မူ ၏။
များ စွာ သော လူ တို့ သည်၊ မင်း ကို ခ ယ ကြ သော် လည်း၊ ထာ ဝ ရ ဘု ရား သာ လျှင်၊ လူ ကို တ ရား ဆုံး ဖြတ် တော် မူ၏။
မ စွန့် မ ပယ် ဘဲ ငါ ရွေး ချယ် သည့် အ လျောက်၊ သင် နှင့် အ တူ ငါ ရှိ သ ဖြင့်၊ မ ကြောက် လင့်။ ငါ သည် သင်၏ ဘု ရား သ ခင် ဖြစ် သော ကြောင့်၊ မ စိုး ရိမ် နှင့်။ သင့် ကို ခိုင် ခံ့ စွာ ထောက် မ မည့် ပြင်၊ အောင် ပွဲ ရ ညာ လက် ရုံး ဖြင့် ထောက် ပင့် လိမ့် မည်။
အ ကယ် စင် စစ် ဘု ရား သ ခင် သည် အ ဆိုး ကိုလည်း ကောင်း၊ အ န န္တ တန် ခိုး ရှင် သည် အ လွဲ ဆုံး ဖြတ် ခြင်း ကိုလည်း ကောင်း၊ မု ချ ပြု တော် မ မူ။
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ဟု နာ မ ရှိ လျက်၊ ရွေး နုတ် သော ငါ သည်၊ တန် ခိုး ကြီး သ ဖြင့်၊ တစ် လော က လုံး အား ငြိမ် သက် ခြင်း၊ ဗာ ဗု လုန် မြို့ သူ မြို့ သား တို့ အား တုန် လှုပ် ခြင်း ကို၊ ပေး အံ့ သော ငှာ၊ လူ မျိုး တော် ဘက်၌ ချေ ပ မည်။
ယ ခု ခေတ် မှာ မူ ပ ည တ္တိ ကျမ်း နှင့် ပ ရော ဖက် ကျမ်း များ သက် သေ ခံ သည့် အ တိုင်း ပ ညတ် တ ရား နှင့် ကင်း သော ဘု ရား သ ခင်၏ ဖြောင့် မတ် ခြင်း၊ ယေ ရှု ခ ရစ် ကို ယုံ ကြည် သော အား ဖြင့်၊ ယုံ ကြည် သူ အ ပေါင်း တို့ အ ပေါ် သို့ သက် ရောက် သည့် ဘု ရား သ ခင်၏ ဖြောင့် မတ် ခြင်း သည် ထင် ရှား လျက် ရှိ၏။ခြား နား ခြင်း မ ရှိ။ လူ အ ပေါင်း တို့ သည် ဘု ရား သ ခင်၏ ဘုန်း တော် ကို မ မီ ဘဲ ပြစ် မှား သည့် အ လျောက်၊ယုံ ကြည် သော အား ဖြင့် အ သွေး တော် ကြောင့် အ ပြစ် ပြေ ရာ ပြေ ကြောင်း အ ဖြစ် ဘု ရား သ ခင် ဖွင့် ထား တော် မူ သည့် ခ ရစ် တော် ယေ ရှု၌ တည် သော ရွေး နုတ် ခြင်း ကြောင့် ကျေး ဇူး တော် အား ဖြင့် အ ဖိုး မဲ့ ဖြောင့် မတ် ရာ ရောက် ရ ကြ၏။ ထို သို့ ဖွင့် ထား တော် မူ သော် အ ထက် ပြစ် မှား မိ ကြ သော ပြစ် မှု များ ကို သည်း ခံ တော် မူ ရာ၌ ရွှေ့ ဆိုင်း သည် ကို ထောက်၍ ဖြောင့် မတ် တော် မူ ကြောင်း ထင် ပေါ် စေ ရန် လည်း ကောင်း၊ ယ ခု ခေတ် လည်း ကိုယ် တော် တိုင် ဖြောင့် မတ်၍ ယေ ရှု အား ယုံ ကြည် သူ တို့ ကို တ ရား သေ လွှတ် လျက် ပင် ဖြောင့် မတ် တော် မူ ကြောင်း ထင် ပေါ် စေ ရန်လည်း ကောင်း ဖြစ် သ တည်း။
ထာ ဝ ရ ဘု ရား သည်၊ သင်၌ စီ ရင် ဒဏ် ပ လပ် စေ၍၊ ရန် သူ့ ကို လည်း ဆုတ် ခွာ စေ တော် မူ ပြီ။ ဣ သ ရေ လ လူ မျိုး၏ ဘု ရင် ထာ ဝ ရ ဘု ရား သည်၊ သင့် အ လယ် တွင် စံ နေ တော် မူ သော ကြောင့်၊ ဒု က္ခ တွေ့ ရ တော့ မည် မ ဟုတ်။
အ သို့ ဆို သော် ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် မှန် ကန် ၍၊ အ မှု တော် ရှိ သ မျှ လည်း၊ သ စ္စာ နှင့် ညီ ညွတ် ၏။ဖြောင့် မတ် ခြင်း နှင့် တ ရား စောင့် ခြင်း ကို နှစ် သက် တော် မူ၍၊ ထာ ဝ ရ ဘု ရား ၏ မေ တ္တာ ကျေး ဇူး တော် နှင့်၊ မြေ တစ် ပြင် လုံး ပြည့် လျက် ရှိ ၏။
အ စိုး ရ မင်း တို့ အောက် လူ တိုင်း ဝန် ခံ လျက် ရှိ နေ စေ။ ဘု ရား သ ခင် နှင့် ကင်း၍ မည် သည့် အ စိုး ရ မျှ မ ရှိ သည် နှင့် အ ညီ၊ ယ ခု အ စိုး ရ တို့ ကို ဘု ရား သ ခင် ခန့် ထား တော် မူ ၏။မေ တ္တာ ရှိ လျှင် အ ပေါင်း အ ဖော် အား မည် သည့် မ ကောင်း ကို မျှ ပြု မည် မ ဟုတ်။ သို့ ဖြစ်၍ မေ တ္တာ ရှိ ခြင်း သည် ပ ညတ် တ ရား ကို အ ပြည့် အ စုံ စောင့် ရှောက် ရာ စောင့် ရှောက် ကြောင်း ဖြစ် ၏။ယ ခု မှာ ငါ တို့ ကယ် တင် ခြင်း သည် ယုံ ကြည် ကြ သည့် အ ခါ က နီး သည် ထက် သာ၍ နီး သ ဖြင့် အိပ် ပျော် ရာ မှ နိုး ချိန် တန် သော ယ ခု ကာ လ ကို သိ မှတ် လျက် ထို သို့ ပြု ကျင့် ကြ လော့။ညဉ့် ကုန်၍ နေ့ တော် ရောက် လု ပြီ။ ထို ကြောင့် မှောင် မိုက် ဆိုင် ရာ အ ကျင့် တန် ဆာ များ ကို ပယ် ပြီး လျှင်၊အ လင်း ဆိုင် ရာ လက် နက် စုံ ကို ဆင် ယင် ကြ သည့် ပြင် ပျော် ပါး၍ မူး ယစ် ခြင်း၊ မှား ယွင်း၍ ကာ မ ဂုဏ် လိုက် စား ခြင်း၊ ခိုက် ရန် ဖြစ်၍ ဆိုင် ပြိုင် ခြင်း များ ကို ရှောင် လျက် နေ့ အ ခါ နှင့် သင့် လျော် သော အ ကျင့် အ ကြံ များ ကို ပြု မူ ကြ ကုန် အံ့။ရုပ် ခ န္ဓာ အ ဖို့၊ ဆိုင် ရာ တပ် မက် ခြင်း များ အ လို့ ငှါ တင် ရင် မ ကြံ စည် ဘဲ အ ရှင် ယေ ရှု ခ ရစ် ကို ဝတ် ဆင် ကြ လော့။သို့ ဖြစ်၍ အ စိုး ရ ကို ခု ခံ သူ သည် ဘု ရား သ ခင် ထုတ် ဆင့် တော် မူ ချက် ကို ခု ခံ ရာ ရောက်၏။ ထို သို့ ခု ခံ သူ တို့ သည် အ ပြစ် စီ ရင် ခံ ရ ကြ လ တ္တံ့။
နှုတ် က ပတ် တော်၏ အ ချုပ် အ ချာ ကား၊ သ စ္စာ ပေ တည်း။ ဖြောင့် မတ် သော ဆုံး ဖြတ် တော် မူ ချက် ရှိ သ မျှ လည်း၊ ကာ လ အ စဉ် တည် ပါ ၏။
အ သို့ ဆို သော်၊ ထာ ဝ ရ ဘု ရား သည် ဉာဏ် ပ ညာ ကို သ နား တော် မူ၏။ အ သိ ပ ညာ နှင့် ဉာဏ် ပ ဋိ ဘာန် သည် နှုတ် တော် မှ ထွက် ၏။တ ရား နည်း လမ်း ကို ကြည့် ရှု၍၊ ကြည် ညို သူ တို့၏ အ လေ့ အ လာ ကို စောင့် ထိန်း ရန်၊ ဖြောင့် မှန် သူ တို့ အ ဖို့ အ မျှော် အ မြင် ပညာ ကို သိမ်း ဆည်း လျက်၊ ရိုး သား သူ တို့ အ တွက် ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ၏။
သို့ ဖြစ်၍ မှောင် မိုက်၌ ဝှက် ထား သော အ ရာ များ ကို ထုတ် ဖော် လျက် စိတ် အ ကြံ အ စည် များ ကို ထင် ရှား စေ တော် မူ သော အ ရှင် ဘု ရား ကြွ လာ တော် မူ သော အ ချိန်၊ ချိန်း ချက် သော အ ချိန် မ တိုင် မီ စီ ရင် ခြင်း မ ပြု ကြ လင့်။ ထို အ ခါ မှ လူ အ သီး အ သီး သည် ဘု ရား သ ခင့် ထံ ခံ ထိုက် သော အ ချီး အ မွမ်း တော် ကို ခံ ရ လိမ့် မည်။
ထို သူ တို့ သည် ဘု ရား သ ခင့် ကျွန် တော် ရင်း မော ရှေ၏ ဧ ချင်း ကို လည်း ကောင်း၊ သိုး ငယ် တော်၏ ဧ ချင်း ကို လည်း ကောင်း၊ သီ ဆို လျက် အို အ န န္တ တန် ခိုး ရှင် ထာ ဝ ရ ဘု ရား သ ခင်၊ အ မှု တော် များ သည် ထူး ဆန်း ကြီး မြတ် လှ ပါ၏။ အို လူ အ မျိုး မျိုး တို့၏ ဘု ရင် မင်း မြတ်၊ နည်း လမ်း တော် များ သည် ဖြောင့် မတ် မှန် ကန် လှ ပေ ၏။အို ထာ ဝ ရ ဘု ရား၊ နာ မ တော် ကို ခန့် ညား ခြင်း၊ ချီး မွမ်း ခြင်း မ ပြု ဘဲ နေ ဝံ့ သူ ကား မည် သူ ပါ နည်း။ ကိုယ် တော် သာ လျှင် သန့် ရှင်း လျက် ဖြောင့် မတ် မှု တော် များ ထင် ရှား ပြီး ဖြစ် ၍ လူ မျိုး ရှိ သ မျှ သည် ရှေ့ တော် သို့ ဝင် ရောက် ရှိ ခိုး ကြ လ တ္တံ့ ဟု သီ ဆို ကြ ၏။