ဘုရားသခင်ရဲ့သားသမီးတွေအနေနဲ့ ဘုရားသခင်ရဲ့အဆုံးမရှိတဲ့ကျေးဇူးတော်ကို ဘယ်တော့မှသံသယမဝင်ရဘူးနော်။ ဘယ်လိုခက်ခဲတဲ့အခြေအနေတွေနဲ့ကြုံရပါစေ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာနဲ့ ကာကွယ်စောင့်ရှောက်မှုကို အပြည့်အဝယုံကြည်ကိုးစားရမယ်။ အဲဒီလိုအချိန်တွေမှာ ဘုရားသခင်ဆီမှာ ခိုလှုံပြီး အကာအကွယ်ရှာရမယ်။
တချို့လူတွေက ဘုရားသခင်ဟာ ဝမ်းနည်းနေတယ်၊ ဒေါသထွက်နေတယ်၊ စိတ်မပါတဲ့ပုံစံနဲ့ နေတယ်လို့ ထင်တတ်ကြတယ်။ တကယ်တော့ ဘုရားသခင်က မဟာကြီးမြတ်ပြီး ပျော်ရွှင်ခြင်းအပြည့်နဲ့ရှိတယ်။ ဘုရားသခင်ရဲ့ပျော်ရွှင်ခြင်းက ဘာပေါ်မှာမှ မမူတည်ဘူး။ ကိုယ်တော်ကိုယ်တိုင်ကသာ သူ့ရဲ့ဖန်ဆင်းခြင်းခံရတဲ့သတ္တဝါတွေကို ပျော်ရွှင်ခြင်းပေးနိုင်တယ်။
ငါတို့ရဲ့ပျော်ရွှင်ခြင်းက ဘုရားသခင်ဆီကလာတယ်။ ဘာလို့လဲဆိုတော့ ငိုကြွေးရတာ၊ ဒုက္ခရောက်ရတာ၊ စိတ်ဓာတ်ကျရတာတွေကတော့ အမြဲရှိနေမှာပဲ။ ဒါပေမယ့် ဘုရားသခင်က ငါတို့နဲ့အတူ ကမ္ဘာကုန်သည်တိုင်အောင် အမြဲရှိနေမယ်လို့ ကတိပေးထားတယ်။ “ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်” (မဿဲ ၂၈:၂၀) လို့ ပြောထားတယ်လေ။
ဘုရားသခင်ထဲမှာရှိတဲ့ ပျော်ရွှင်ခြင်းဆိုတာ ခံစားချက်တစ်ခုတည်းမဟုတ်ဘူး။ စိတ်နှလုံး သန့်ရှင်းပြီး ဘုရားသခင်ရှေ့မှာ လွတ်လပ်စွာနေရခြင်းအားဖြင့် ဘုရားသခင်ရဲ့လက်ခံမှုကိုခံရတဲ့အတွက် ပျော်ရွှင်ခြင်းပဲ။ ဒီအံ့ဩဖွယ်ကောင်းတဲ့ အမှန်တရားကို ငါတို့အတူတကွ ဂုဏ်ပြုကြရအောင်။
သင် တို့ သည် ရွှင် လန်း စွာ ချီ ထွက် လျက်၊ ချမ်း သာ စွာ ပို့ ဆောင် တော် မူ ရာ ခံ ရ ကြ လိမ့် မည်။ တောင် ကြီး တောင် ငယ် များ သည်၊ သင် တို့ ရှေ့ ကျူး ဧ ကြွေး ကြော် ၍၊ တော ရှိ အ ပင် ဟူ သ မျှ လည်း၊ လက် ခုတ် တီး ကြ လိမ့် မည်။
လူ ဆိုး တို့ အ ကြံ ပေး ရာ သို့ မ လျှောက် မ လိုက်၊ အ ပြစ် သား တို့ လမ်း၌ မ ရပ် မ နေ။ မ ထီ လေး စား ပြု သူ တို့ နေ ထိုင် ရာ တွင် မ နေ မ ထိုင်။ထာ ဝ ရ ဘု ရား၏ တ ရား တော်၌ မွေ့ လျော်၍၊ ထို တ ရား တော် ကို နေ့ ညဉ့် မ ပြတ် စဉ်း စား ဆင် ခြင် သော သူ သည် မင်္ဂ လာ ရှိ၏။မြစ် နား တွင် စိုက် ထား၍၊ အ ရွက် မ ညှိုး ဘဲ၊ ရာ သီ အ လျောက် အ သီး သီး သော သစ် ပင် နှင့် တူ လိမ့် မည်။ ကြံ တိုင်း အောင် လျက် ဆောင် တိုင်း မြောက် လိမ့် မည်။
အ မျက် တော် သည် တစ် ခ ဏ မျှ၊ ကျေး ဇူး တော် သည် တစ် သက် ပတ် လုံး တည် ၏။ ညဉ့် အ ခါ၌ ငို ကြွေး ခြင်း ဝင် ရောက် တည်း ခို သော် လည်း၊ နံ နက် ထ သော်၊ ရွှင် လန်း ရ ၏။
စ ပါးဆန် ရေ တိုး တက် ပေါ များ သည့် အ ခါ၊ ဝမ်း မြောက် ကြ သည် ထက်၊ အ ကျွန်ုပ် စိတ် နှ လုံး ကို ရွှင် လန်း စေ တော် မူ ၏။
သန့် ရှင်း သော နာ မ တော် ၌ ကိုး စား ကြ သော ကြောင့်၊ ကိုယ် တော် ၌ စိတ် ရွှင် လန်း ရကြ မည်။
အ သက် လမ်း ကို အ ကျွန်ုပ် အား၊ ကိုယ် တော် သိ ကျွမ်း စေ တော် မူ မည်။ ရှေ့ တော်၌ တင်း တိမ် ဖွယ် အား ရ ခွင့်၊ ညာ ဘက် တော်၌ ကာ လ အ စဉ် ပျော် မွေ့ ခွင့် တည် ရှိ လှ ပေ ၏။
သို့ မှ ကိုယ် တော်၌ ခို လှုံ သူ တို့ သည်၊ ကွယ် ကာ တော် မူ မည် ဖြစ်၍၊ ကာ လ အ စဉ် ရွှင် လန်း စွာ ကြွေး ကြော် ကြ ပါ မည်။ နာ မ တော် ကို ချစ် ခင် ကြည် ညို သူ တို့ လည်း ကိုယ် တော် ကြောင့် အား ရ ကြ ပါ မည်။
ထာ ဝ ရ ဘု ရား၏ နည်း လမ်း တော် များ ဖြောင့် မတ် ၍၊ စိတ် နှ လုံး ကို ရွှင် လန်း စေ တတ် ၏။ ထာ ဝ ရ ဘု ရား ၏ ပ ညတ် တော် စင် ကြယ် ၍၊ စ က္ခု အာ ရုံ ကို လင်း စေ တတ် ၏။
သင်တို့၌ ငါဝမ်းမြောက်ရသည့်ပြင် သင်တို့လည်းအပြည့်အစုံဝမ်းမြောက်ကြစေရန် ထိုသို့ငါဟောခဲ့ပြီ။
ဗိုလ် ခြေ တို့ အ ရှင် အို ထာ ဝ ရ ဘု ရား၊ နာ မ တော် ဖြင့် သ မုတ် ခံ သည့် အ လျောက်၊ အ ကျွန်ုပ် တွေ့ ၍ သုံး ဆောင် ရာ ဗျာ ဒိတ် တော် သည်၊ စိတ် အား ရ ရွှင် လန်း ရာ အ ကြောင်း ဖြစ် လှ ပါ ၏။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ စွမ်း အား၊ ငါ့ ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ၏။ ကိုယ် တော်၌ ခို လှုံ ခဲ့ သည့် အ တိုင်း အ ထောက် အ မ ခံ ရ၏။ ငါ့ စိတ် ရွှင် လန်း၍ ကိုယ် တော် ကို သီ ဆို ချီး မွမ်း မည်။
အို သ တို့ သ မီး ဇိ အုန်၊ ကြွေး ကြော် လော့။ အို ဣ သ ရေ လ လူ မျိုး၊ ကျူး ဧ လော့။ အို သ တို့ သ မီး ယေ ရု ရှ လင်၊ စိတ် ပါ ကိုယ် ရောက် အား ရ ရွှင် လန်း လော့။ထာ ဝ ရ ဘု ရား သည်၊ သင်၌ စီ ရင် ဒဏ် ပ လပ် စေ၍၊ ရန် သူ့ ကို လည်း ဆုတ် ခွာ စေ တော် မူ ပြီ။ ဣ သ ရေ လ လူ မျိုး၏ ဘု ရင် ထာ ဝ ရ ဘု ရား သည်၊ သင့် အ လယ် တွင် စံ နေ တော် မူ သော ကြောင့်၊ ဒု က္ခ တွေ့ ရ တော့ မည် မ ဟုတ်။
ကိုယ် တော် သည်၊ မြည် တမ်း ခြင်း ကို က ခုန် ခြင်း ဖြစ် စေ တော် မူ ပါ ပြီ။ အ ကျွန်ုပ် ၏ လျှော် တေ ကို ချွတ်၍၊ ဝမ်း မြောက် ခြင်း နှင့် ခါး စည်း တော် မူ ပါ ပြီ။
ဖြောင့် မတ် သူ တို့၊ ထာ ဝ ရ ဘု ရား ၌ ရွှင် လန်း ကြ လော့။ ချီး မွမ်း ခြင်း သည်၊ သ ဘော ဖြောင့် သူ တို့ နှင့် သင့် လျော် ၏။
ကိုယ် တော် ကို မျှော် ကြည့် သူ တို့ သည်၊ မည် သည့် ကာ လ မျှ မျက် နှာ မ ပျက် ရ ဘဲ၊ ကြည် ကြည် ရွှင် ရွှင် ရှိ ရ ကြ ၏။
ထာ ဝ ရ ဘု ရား ၏ ကောင်း မြတ် တော် မူ ခြင်း အ ရ သာ ကို ဝင် စား သိ မြင် ကြ လော့။ ကိုယ် တော်၌ ခို လှုံ သူ သည် မင်္ဂ လာ ရှိ ၏။
အ လို တော် ကို ဆောင် ရွက် ရန် နှစ် သက် ပါ၏။ တ ရား တော် လည်း၊ အ ကျွန်ုပ် စိတ် နှ လုံး ထဲ၌ ရှိ သည် ဟု အ ကျွန်ုပ် ဝန် ခံ ပါ၏။ အို ထာ ဝ ရ ဘု ရား၊ သိ တော် မူ သည့် အ တိုင်း အ ကျွန်ုပ် သည် နှုတ် ကို မ ချုပ် တည်း ဘဲ၊ ပ ရိ သတ် ကြီး၌ ဖြောင့် မတ် တော် မူ ခြင်း သ တင်း ကို ကြော် ငြာ ပါ ပြီ။
ဖြောင့် မတ် သူ တို့ မူ ကား၊ ဘု ရား သ ခင့် ရှေ့ တော် ၌၊ ရွှင် လန်း အား ရ ဝမ်း မြောက် ရ ကြ ပါ ၏။
ထာ ဝ ရ ဘု ရား သ ခင် သည်၊ နေ နှင့် ဒိုင်း လွှား ဖြစ် တော် မူ ၏။ ထာ ဝ ရ ဘု ရား သည်၊ ကျေး ဇူး တော် နှင့် ဘုန်း အ သ ရေ ကို သ နား၍၊ စုံ လင် စွာ ကျင့် ကြံ သူ တို့ အား၊ ကောင်း သော အ ရာ ကို ငြင်း တော် မူ မည် မ ဟုတ်။
တစ် သက် ပတ် လုံး ရွှင် လန်း၍ ကြွေး ကြော် ခွင့် ရ ကြ စေ ရန်၊ နံ နက် အ ချိန် တင်း တိမ် ဖွယ် က ရု ဏာ တော် ကို သ နား တော် မူ ပါ။
အို ထာ ဝ ရ ဘု ရား၊ အ မှု တော် အား ဖြင့် အ ကျွန်ုပ် ကို ဝမ်း မြောက် စေ တော် မူ သည် ဖြစ်၍၊ လက် တော့် အ မှု ရှိ သ မျှ ကြောင့် ကြွေး ကြော် ပါ မည်။
သူ တော် ကောင်း အ ဖို့ အ လင်း ကို လည်း ကောင်း၊ သ ဘော ဖြောင့် သူ့ အ ဖို့ သု ခ ကို လည်း ကောင်း၊ မျိုး ကြဲ ၍ ထား ၏။အ ချင်း သူ တော် ကောင်း တို့၊ ထာ ဝ ရ ဘု ရား ၌ ရွှင် လန်း လျက်၊ သန့် ရှင်း သော နာ မ တော် ကို ချီး မွမ်း ကြ လော့။
အ ချင်း မြေ တစ် ပြင် လုံး၊ ထာ ဝ ရ ဘု ရား အား ရွှင် လန်း သံ လွင့် လျက်၊ထာ ဝ ရ ဘု ရား ကို အား ရ စွာ ဝတ် ပြု လျက်၊ အ ထံ တော် သို့ ကြွေး ကြော် လျက်၊ တိုး ဝင် ကြ လော့။
အို ငါ့ အ သက် ဝိ ညာဉ်၊ ကျေး ဇူး တော် အ ပေါင်း ကို မ မေ့ ဘဲ၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် လော့။မိန့် တော် မူ သံ ကို နာ ခံ၍၊ အ မိန့် တော် မြတ် အ တိုင်း ဆောင် ရွက် သော သူ ရဲ ကောင်း စေ တ မန် တော် တို့၊ ထာ ဝ ရ ဘု ရား ကို ဩဘာ ဆက် ကြ လော့။အ လို တော် ကို ဆောင် ရွက် သော အ မှု တော် ထမ်း ဗိုလ် ခြေ တော် အ ပေါင်း တို့၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် ကြ လော့။နိုင် ငံ တော် အ ရပ် ရပ် ၌ ဖန် ဆင်း ထား တော် မူ လေ သ မျှ တို့၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် ကြ လော့။ အို ငါ့ အ သက် ဝိ ညာဉ်၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် လော့။ကိုယ် တော် သည် သင့် ဒု စ ရိုက် ရှိ သ မျှ ကို ဖြေ လွှတ်၍၊ အ နာ ရော ဂါ ရှိ သ မျှ ကို ကင်း ပျောက် စေ ခြင်း၊သင့် အ သက် ကို ပျက် စီး ရာ မှ ရွေး နုတ်၍၊ မေ တ္တာ ကျေး ဇူး တော်၊ က ရု ဏာ တော် နှင့် ဆင် ယင် ခြင်း၊ ကောင်း သော အ ရာ များ နှင့် ရောင့် ရဲ စေ ၍၊ပျို ရွယ် စဉ် ကို လင်း ယုန် ကဲ့ သို့ တိုး စေ ခြင်း ပြု တော် မူ ၏။
ဟာ လေ လု ယ။ ထာ ဝ ရ ဘု ရား ကို ခန့် ညား၍၊ ပ ညတ် တော် များ ကို အ ထူး နှစ် သက် သူ သည် မင်္ဂ လာ ရှိ၏။
ထို ကာ လ ၌ ငါ တို့ နှုတ် သည် ရယ် မော ခြင်း နှင့် လည်း ကောင်း၊ လျှာ သည် ကြွေး ကြော် ခြင်း နှင့် လည်း ကောင်း ပြည့် ဝ လျက်၊ သူ တို့ အဖို့ တန် ခိုး ကြီး သော အ မှု များ ကို ထာ ဝ ရ ဘု ရား ပြု တော် မူ ကြောင်း၊ လူ မျိုး ခြား တို့ ဝန် ခံ ကြ သည့် အ ပြင်၊ငါ တို့ အ ဖို့ တန် ခိုး ကြီး သော အ မှု များ ကို ထာ ဝ ရ ဘု ရား ပြု တော် မူ ခဲ့ သည့် အ လျောက်၊ ငါ တို့ ဝမ်း မြောက် ရ ကြ ၏။
ထာ ဝ ရ ဘု ရား ကို ခန့် ညား လျက်၊ နည်း လမ်း တော် များ ၌ လျှောက် လိုက် သူ တိုင်း၊ မင်္ဂ လာ ရှိ ပါ စေ သော။စား ပွဲ ထိုင် သော အ ခါ၊ ကိုယ့် လုပ် ဆောင် ကျိုး စား ရ လျက်၊ မင်္ဂ လာ ချမ်း သာ ရှိ ပါ စေ သော။
ထို သို့ နေ ထိုင် ရ သော လူ မျိုး သည် မင်္ဂ လာ ရှိ၏။ ကိုယ့် ဘု ရား သ ခင် အ ဖြစ် ထာ ဝ ရ ဘု ရား ကို ကိုး ကွယ် သော လူ မျိုး သည် မင်္ဂ လာ ရှိ သည် တ ကား။
သူ တော် ကောင်း တို့၏ စောင့် မျှော် ခြင်း သည်၊ ရွှင် လန်း ရာ အ ကြောင်း ဖြစ် ၏။ လူ ဆိုး တို့၏ စောင့် စား ခြင်း မူ ကား၊ ပျက် စီး ရ လိမ့် မည်။
အ ဆိုး ကို ကြံ စည် သူ တို့၏ စိတ် ထဲ၌၊ လှည့် စား ခြင်း ရှိ၏။ ရန် ငြိမ်း ရန် အ ကြံ ပေး သူ တို့ ၌ မူ ကား၊ ရွှင် လန်း ရာ အ ကြောင်း ရှိ၏။
သူ တော် ကောင်း တို့ အ လင်း သည်၊ ကြည် လင်၏။ လူ ဆိုး တို့၏ မီး ခွက် မူ ကား၊ ငြိမ်း လိမ့် မည်။
ရယ် စဉ် အ ခါ၌ ပင်၊ စိတ် ညှိုး ခြင်း ဖြစ် တတ်၏။ ရွှင် လန်း ခြင်း၏ အ ဆုံး လည်း၊ ဒု က္ခ နှင့် မ ကင်း ချေ။
ရွှင် လန်း သော စိတ် နှ လုံး သည်၊ မျက် နှာ ကို ကြည် လင် စေ တတ်၏။ ညှိုး ငယ် ခြင်း အား ဖြင့် လည်း၊ စိတ် ကြေ ကွဲ ရ ၏။
ညှိုး ငယ် သူ၏ နေ့ ရှိ သ မျှ သည်၊ ဆိုး ယုတ် ၏။ ရွှင် လန်း သော စိတ် ရှိ သူ မူ ကား၊ အ စဉ် သ ဘင် သ ဖွယ် ဖြစ် ၏။
စ က္ခု အ လင်း သည်၊ နှ လုံး ကို ကြည် လင် စေ တတ်၏။ ကောင်း မွန် သော သ တင်း လည်း၊ အ ရိုး များ ကို ခြင် ဆီ နှင့် ပြည့် စေ တတ်၏။
နှုတ် က ပတ် တော် ကို စဉ်း စား နား လည် သော သူ သည်၊ ကောင်း စား ရ လိမ့် မည်။ ထာ ဝ ရ ဘု ရား ၌ ကိုး စား သော သူ လည်း၊ မင်္ဂ လာ ရှိ ၏။
ရွှင် လန်း သော နှ လုံး သည်၊ ကာ ယ သန် မာ ခြင်း အ ကြောင်း၊ ကြေ ကွဲ သော စိတ် မူ ကား၊ အ ရိုး ခြောက် ခန်း ခြင်း အ ကြောင်း ဖြစ် ၏။
တ ရား စီ ရင် ဆုံး ဖြတ် ခြင်း သည်၊ ဖြောင့် မတ် သော သူ့ အား ရွှင် လန်း ရာ၊ ဒု စ ရိုက် ပြု ကျင့် သူ တို့ အား ပျက် စီး ရာ အ ကြောင်း ဖြစ် ၏။
အ စဉ် မ ပြတ် ခန့် ညား သော သူ သည် မင်္ဂ လာ ရှိ၏။ ကိုယ့် စိတ် နှ လုံး ကို ခဲ ယဉ်း စေ သော သူ မူ ကား၊ အ ဆိုး ထဲ သို့ ကျ ရောက် လိမ့် မည်။
ဗျာ ဒိတ် တော် မ ရှိ လျှင်၊ ပြည် သူ ပြည် သား တို့ ဖ ရို ဖ ရဲ ဖြစ် တတ် ကြ၏။ တ ရား ကို စောင့် ရှောက် သော သူ မူ ကား၊ မင်္ဂ လာ ရှိ၏။
စိတ် တော် နှင့် တွေ့ သော သူ အား၊ ဉာဏ် ပ ညာ၊ အ သိ ပ ညာ မှ စ၍ ရွှင် လန်း ခွင့် ကို၊ ဘု ရား သ ခင် ပေး သ နား တော် မူ၍၊ မှား ယွင်း တတ် သူ့ အား မူ ကား၊ စိတ် တော် နှင့် တွေ့ သူ ၏ လက် သို့ လွှဲ အပ် စေ ရန် သာ၊ ဆည်း ပူး ခြင်း စု ဆောင်း ခြင်း တာ ဝန် ကို တင် တော် မူ၏။ ထို အ ခြင်း အ ရာ လည်း အ န တ္တ အ မှု၊ လေ ကို ကျက် စား သော အ မှု ဖြစ် သ တည်း။
အ သက် ရှင် စဉ် တွင်၊ ကောင်း စား ခြင်း နှင့် ရွှင် လန်း ခြင်း ထက်၊ လူ တို့၌ ကောင်း သော အ ရာ မ ရှိ ကြောင်း ကို လည်း ကောင်း၊လူ တိုင်း စား သောက် ခြင်း၊ လုပ် ကိုင် သ မျှ၌ စိတ် ရွှင် လန်း ခြင်း များ သည်၊ ဘု ရား သ ခင့် ဆု ကျေး ဇူး ဖြစ် ကြောင်း ကိုလည်း ကောင်း၊ ငါ သိ ၏။
မည် သူ ၌ မ ဆို၊ စည်း စိမ် ချမ်း သာ ကို ပေး တော် မူ၍၊ ခံ စား ခွင့်၊ တာ ဝန် အ တိုင်း ဆောင် ရွက် ခွင့်၊ လုပ် ကိုင် မှု၌ ရွှင် လန်း ခွင့် များ ကား၊ ဘု ရား သ ခင်၏ ဆု ကျေး ဇူး တော် တည်း။ဘု ရား သ ခင် ရှေ့ တော် တွင်၊ မြန် သော နှုတ် ဖြင့် ဆို ခြင်း၊ လျင် သော စိတ်၌ မြွက် ခြင်း များ ကို မ ပြု နှင့်။ ဘု ရား သ ခင် ကား၊ ကောင်း ကင် ဘုံ၌ ရှိ တော် မူ သည်။ သင် ကား၊ မြေ ပေါ် တွင် ရှိ သည် ကို ထောက်၍ စ ကား မ များ ရာ။ဘု ရား သ ခင် သည်၊ ထို သူ၏ စိတ် ရွှင် လန်း ရာ ရွှင် လန်း ကြောင်း ကို၊ သ နား တုံ့ ပြန် တော် မူ သော ကြောင့်၊ အ သက် တာ၌ ကြောင့် ကြ ခြင်း မ ရှိ ချေ။
သင် ပြု သော အ မှု အ ရာ များ ကို၊ ဘု ရား သ ခင် နှစ် သက် တော် မူ သော ကြောင့်၊ ရွှင် လန်း သော စိတ် နှင့် စား ဖွယ် သောက် ဖွယ် ကို၊ သွား၍ အား ရ စွာ စားသောက် လော့။
ဘု ရား သ ခင် သည်၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ပေ တည်း။ ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ ငါ၏ စွမ်း အား၊ ငါ ကျူး ဧ ဖွဲ့ ဆို ရာ၊ ငါ့ ကို ကယ် တင် ရာ အ ကြောင်း ဖြစ် စေ တော် မူ သ ဖြင့်၊ ကြောက် ရွံ့ ခြင်း ကင်း ၍ ကိုး စား ပါ မည် ဟု မြွက် ဆို လျက်၊ကယ် တင် ရာ စမ်း ရေ တွင်း မှ၊ ရွှင် လန်း စွာ ခပ် ယူ ရ ကြ လိမ့် မည်။
ထာ ဝ ရ ဘု ရား နုတ် တော် မူ သော သူ တို့ သည် ပြန် လာ ရာ၊ ရွှင် လန်း ခြင်း သ ရ ဖူ ကို အ မြဲ ဆောင်း ၍၊ ဇိ အုန် မြို့ သို့ ကြွေး ကြော် လျက် လာ ရာက် ကြ လိမ့် မည်။ ဝမ်း မြောက် ခွင့်၊ ရွှင် လန်း ခွင့် ရ သ ဖြင့်၊ ပူ ဆွေး ခြင်း၊ မြည် တမ်း ခြင်း သည် ဆုတ် ပြေး ရ လ တ္တံ့။
ထာ ဝ ရ ဘု ရား ရွေး နုတ် တော် မူ သော သူ တို့ သည် ပြန် လာ ရာ၊ ရွှင် လန်း ခြင်း သ ရ ဖူ ကို အ မြဲ ဆောင်း၍၊ ဇိ အုန် မြို့ သို့ ကြွေး ကြော် လျက် လာ ရောက် ကြ လိမ့် မည်။ ဝမ်း မြောက် ခွင့် ရွှင် လန်း ခွင့် ရ သ ဖြင့် ပူ ဆွေး ခြင်း၊ မြည် တမ်း ခြင်း သည် ဆုတ် ပြေး ရ လ တ္တံ့။
ယေ ရု ရှ လင် မြို့ ကို ဝမ်း မြောက် ဖွယ် အ ကြောင်း၊ မြို့ သူ မြို့ သား တို့ ကို ရွှင် လန်း ဖွယ် အ ကြောင်း၊ ငါ ဖန် ဆင်း သ ဖြင့်၊ ထို ဖန် ဆင်း သော အ ကြောင်း ကြောင့်၊ အ စဉ် ရွှင် လန်း ဝမ်း မြောက် ကြ လော့။ငါ လည်း ယေ ရု ရှ လင် မြို့ ကြောင့် အား ရ လျက်၊ လူ မျိုး တော် ကြောင့် ရွှင် လန်း လိမ့် မည်။ ထို မြို့ အ တွင်း တွင် ငို ကြွေး သံ၊ အော် ဟစ် သံ များ ကို ကြား ရ တော့ မည် မ ဟုတ်။
ထို ကာ လ၊ မြည် တမ်း ခြင်း အ စား ရွှင် လန်း ခြင်း၊ ဝမ်း နည်း ခြင်း အ စား ဝမ်း မြောက် ခြင်း များ ကို ငါ ပေး လျက်၊ နှစ် သိမ့် စေ သည့် အ လျောက်၊ လူ ပျို လူ အို တို့ သည်၊ အ ပျို တို့ နှင့် တ ကွ၊ ရွှင် လန်း စွာ က ခုန် ကြ မည့် ပြင်၊
သင့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ ကယ် ဆယ် မည့် ရဲ မက် သ ဖွယ်၊ သင့် အ လယ် တွင် စံ နေ တော် မူ၍၊ သင့် အ တွက် ကြောင့် အား ရ ရွှင် လန်း ခြင်း၊ မေ တ္တာ သက်၍ ဆိတ် ဆိတ် နေ ခြင်း၊ ကျူး ဧ လျက် ကြွေး ကြော် ခြင်း ကို ပြု တော် မူ လိမ့် မည် ဟု ဆို ရ ကြ လ တ္တံ့။
ကောင်း ကင် ဘုံ၌ စံ စား ရ မည့် အ ကျိုး ဆက် ကြီး မြတ် ကြောင်း ပွင့် ခဲ့ ပြီး သော ပ ရော ဖက် တို့ ကို ထို သို့ ညှဉ်း ပန်း ခဲ့ ကြ ကြောင်း များ ကို ထောက်၍ အား ရ ရွှင် လန်း ကြ လော့။
ဘု ရား သ ခင့် နိုင် ငံ တော် နှင့် ဖြောင့် မတ် ခြင်း တ ရား တော် ကို ဦး စွာ ရှာ ကြ လော့၊ ထို အ ရာ အ လုံး စုံ ကို ထပ် မံ သ နား တော် မူ လိမ့် မည်။
ထမ်း စင် ထက် တင် လျက် အ ထံ တော် သို့ ဆောင် ခဲ့ ကြ၏။ ထို သူ တို့၏ ယုံ ကြည် ခြင်း ကို မြင် တော် မူ သော် ယေ ရှု က ငါ့ သား အား ယူ လော့၊ သင့် အ ပြစ် ပြေ လွတ် ပြီ ဟု သူ နာ အား မိန့် တော် မူ လျှင်၊
အ ရှင် က တော် လှ ပေ ပြီ။ သ စ္စာ ရှိ သော ငါ့ ကျွန် ကောင်း၊ နည်း ပါး ရာ အ ပေါ်၌ သင် သ စ္စာ ရှိ သည် ဖြစ်၍ များ ပြား ရာ အ ပေါ် တွင် ငါ ခန့် ထား မည်။ သင့် အ ရှင် ၏ ရွှင် လန်း ခြင်း ကို ဝင် စား လော့ ဟု ပြန် ဆို ၏။
ထို မိန်း မ တို့ သည် ကြောက် ရွံ့ လျက် အ လွန် ရွှင် လန်း လျက် သင်္ချိုင်း ဂူ တော် မှ အ သော့ ထွက် သွား၍ တ ပည့် တော် တို့ ထံ ပြန် ကြား ရန် ပြေး ကြ ရာ
ယ ခု မွတ် သိပ် သော သင် တို့၌ မင်္ဂ လာ ရှိ၏။ သင် တို့ သည် ဝ ပြော ရ ကြ လ တ္တံ့။ ယ ခု ငို ကျွေး ရ သော သင် တို့၌ မင်္ဂ လာ ရှိ၏။ သင် တို့ သည် ရယ် မော ရ ကြ လ တ္တံ့။
မည် သည့် အ န္တ ရာယ် မျှ သင် တို့၌ မ ရောက် ရ။ သို့ ရာ တွင် နတ် များ ကို နိုင် ရ သည့် တွက် ဝမ်း မ မြောက် ကြ နှင့်။ ကောင်း ကင် ဘုံ၌ သင် တို့ အ မည် ကို ရေး သွင်း သည့် အ တွက် သာ ဝမ်း မြောက် ကြ လော့ ဟု မိန့် တော် မူ၏။
ထို နည်း တူ နောင် တ ရ ရန် မ လို သော သူ တော် ကောင်း ကိုး ဆယ် ကိုး ယောက် အ တွက် ထက် နောင် တ ရ သူ အ ပြစ် သား တစ် ယောက် အ တွက် ကောင်း ကင် ဘုံ တွင် ဝမ်း မြောက် ခြင်း ရှိ လိမ့် မည် ငါ ဆို၏။
ထို နည်း တူ နောင် တ ရ သော အ ပြစ် သား တစ် ယောက် အ တွက် ဘု ရား သ ခင်၏ စေ တ မန် တော် တို့ ရှေ့ ဝမ်း မြောက် ခြင်း ရှိ မည် ငါ ဆို သည် ဟု မိန့် တော် မူ၏။
သူခိုးဖြစ်သူသည် ခိုးယူသတ်ဖြတ်ဖျက်ဆီးရန်သာ လာရောက်တတ်၏။ ငါမူကား အသက်ကိုရစေ၍ ကြွယ်ဝစေခြင်းငှါရောက်လာခဲ့ပြီ။
ငါဧကန်အမှန်ဆိုသည်ကား လောကသားတို့ဝမ်းမြောက်လျက် သင်တို့ငိုကြွေးမြည်းတမ်းကြလိမ့်မည်။ ထိုသို့ဝမ်းနည်းရကြသော်လည်း သင်တို့၏ဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းဖြစ်ပြန်လိမ့်မည်။
သို့နှင့်အညီသင်တို့သည် ယခုဝမ်းနည်းကြသော်လည်း သင်တို့ကိုငါတွေ့မြင်ဦးမည်ဖြစ်၍ နှလုံးကြည်ကြသဖြင့် သင်တို့ဝမ်းမြောက်ခြင်းကို မည်သူမျှမနုတ်မယူနိုင်။
ယခုမှာ သူတို့ကိုအကျွန်ုပ်၏ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံကြစေရန် ကိုယ်တော့်ထံမလာမီဤလောက၌ ထိုသို့အကျွန်ုပ်တောင်းလျှောက်ပါ၏။
အ သက် လမ်း ကို အ ကျွန်ုပ် အား ကိုယ် တော် သိ ကျွမ်း စေ တော် မူ ပါ ပြီ။ ရှေ့ တော်၌ လည်း ဝမ်း မြောက် ခြင်း နှင့် ပြည့် စုံ စေ တော် မူ ပါ လိမ့် မည် ဟူ၍ တည်း။
တ ပည့် တော် တို့ လည်း ဝမ်း မြောက် ခြင်း နှင့်လည်း ကောင်း၊ သန့် ရှင်း သော ဝိ ညာဉ် တော် နှင့်လည်း ကောင်း ပြည့် ကြ ကုန်၏။
ထို အ ရှင် အား ဖြင့် လည်း ယ ခု ငါ တို့ တည် နေ ရာ ကျေး ဇူး တော် သို့ ယုံ ကြည် ခြင်း ကြောင့် တိုး ဝင် ခွင့် ရ သည့် ပြင် ဘု ရား သ ခင့် ဘုန်း တော် ကို မျှော် လင့် လျက် ရွှင် လန်း ရ ကြ၏။ပ ညတ် တ ရား သည် လွန် ကျူး မှု ဖောင်း ပွ စေ ရန် ထပ် ဝင် သော် လည်း အ ပြစ် တ ရား ဖောင်း ပွ ရာ၌ ကျေး ဇူး တ ရား သာ၍ ကြွယ် ဝ ၏။သို့ မှ အ ပြစ် တ ရား သည် သေ ခြင်း အ လို့ ငှါ မင်း မူ ခဲ့ သည့် နည်း တူ ပင် ကျေး ဇူး တ ရား သည် ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ဖြောင့် မတ် ခြင်း ကြောင့် ထာ ဝ ရ အ သက် အ လို့ ငှါ မင်း မူ ရ လိမ့် သ တည်း။ထို မျှ မ က ဒု က္ခ ရောက် ခြင်း ဖြင့် တည် ကြည် ခွင့်၊ တည် ကြည် ခြင်း ဖြင့် စံ တော် မီ ခွင့်၊ စံ တော် မီ ခြင်း ဖြင့် စောင့် မျှော် ခွင့် ဖြစ် ပွား သည် ကို သိ မှတ် သည် နှင့် ဒု က္ခ ရောက် ရာ၌ လည်း ငါ တို့ ရွှင် လန်း ရ ကြ၏။
ရွှင် လန်း စွာ မျှော် လင့် လျက်၊ ဒု က္ခ ရောက် ရာ၌ တည် တံ့ လျက်၊ အ မြဲ ပ ဌ နာ ပြု လျက်၊ ဆင်း ရဲ သော တ ပည့် တော် တို့ အား ပေး ကမ်း လျက်၊ ဧည့် ဝတ် ပြု လျက် နေ ကြ လော့။
ဘု ရား သ ခင်၏ နိုင် ငံ တော် သည် စား ခြင်း၊ သောက် ခြင်း၌ မ တည်။ သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ရ သော ဖြောင့် မတ် ခြင်း၊ ငြိမ် သက် ခြင်း၊ ရွှင် လန်း ခြင်း များ၌ တည်၏။
မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။
သင် တို့ နှင့် စပ်၍ ငါ စိတ် ချ ခွင့်၊ သင် တို့ အ တွက် ငါ ဂုဏ် ရောက် ခွင့် များ လှ၍ ငါ တို့ ခံ ရ သော ဒု က္ခ အ မျိုး မျိုး၌ ပြည့် သော နှစ် သိမ့် ခြင်း၊ ပြည့် လျှံ သော ရွှင် လန်း ခြင်း ကို ခံ ရ၏။
ဝိ ညာဉ် တော့် ဆိုင် ရာ အ သီး မူ ကား ချစ် ခြင်း၊ ရွှင် လန်း ခြင်း၊ ငြိမ် သက် ခြင်း၊ စိတ် ရှည် ခြင်း၊ က ရု ဏာ ပြ ခြင်း၊ ကျေး ဇူး ပြု ခြင်း၊ သစ္စာ တည် ခြင်း၊ သိမ် မွေ့ ခြင်း၊ ကိုယ် ကို ချုပ် တည်း ခြင်း များ တည်း။
တစ် သ ဘော တည်း၊ တစ် မေတ္တာ တည်း၊ တစ် စိတ် တည်း၊ တစ် ညီ တစ် ညွတ် တည်း နှင့် ငါ့ ရွှင် လန်း ခြင်း အ ကြောင်း ကို စုံ လင် ကြ စေ လော့။
သင် တို့ ဝတ် ပြု၍ ပူ ဇော် ရာ ယုံ ကြည် ခြင်း အ ပေါ် တွင် သွန်း လောင်း ရာ အ ဖြစ် ပူ ဇော် ခံ ရ လျှင် ငါ သည် ဝမ်း မြောက် လျက် သင် တို့ နှင့် အ တူ ရွှင် လန်း မည်။သင် တို့ လည်း ဝမ်း မြောက် လျက် ငါ နှင့် အ တူ ရွှင် လန်း ကြ လော့။
အ ဆုံး စ ကား မှာ ညီ အစ် ကို တို့၊ အ ရှင် ဘု ရား၌ ရွှင် လန်း ကြ လော့။ ဤ အ ကြောင်း အ ရာ များ ကို ငါ ထပ် မံ ရေး သည် မှာ ကိုယ် တိုင် ပင် ပန်း သည် မ ဟုတ်၊ သင် တို့ လုံ ခြုံ စေ ရန် ဖြစ် ၏။
သို့ ပြု လျင် ဉာဏ် ဟူ သ မျှ ထက် လွန် ကဲ သော ဘု ရား သ ခင် ငြိမ် သက် ခြင်း သည် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့၏ စိတ် နှ လုံး နှင့် အ ကြံ အ စည် များ ကို ကွယ် ကာ စောင့် ရှောက် လိမ့် မည်။
စိတ် တော် နှင့် တွေ့ ကြ မည့် အ ကြောင်း ဘုန်း ကြီး သော တန် ခိုး တော် အ လျောက် ခွန် အား အ မျိုး မျိုး တိုး တက် သ ဖြင့် တည် ကြည် ခြင်း၊ စိတ် ရှည် ခြင်း နှင့် ပြည့် စုံ လျက်၊
ခ ရစ် တော်၏ တ ရား တော် ကို သင် တို့ တွင် ကြွယ် ဝ စွာ တည် နေ စေ ပြီး လျှင် ခပ် သိမ်း သော ဉာဏ် ပ ညာ နှင့် ကျူး ဧ ချက်၊ ထော မ နာ ပြု ချက်၊ ဓ မ္မ ဂီ တ အ မျိုး မျိုး အား ဖြင့် တစ် ဦး ကို တစ် ဦး သင် ကြား ပဲ့ ပြင် လျက် ကျေး ဇူး တော် ကို ချီး မွမ်း၍ ဘု ရား သ ခင် အား စိတ် မ နော တွင် သီ ဆို ကြ လော့။
ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့ အ ဖို့ ဘု ရား သ ခင် အ လို တော် ရှိ သည့် အ တိုင်း အ စဉ် ရွှင် လန်း ခြင်း၊ မ ပြတ် ပ ဌ နာ ပြု ခြင်း၊ အ ရာ ရာ တွင် ကျေး ဇူး တော် ချီး မွမ်း ခြင်း များ ကို ပြု ကြ လော့။
ထို အ ရှင် သည် ရွှင် လန်း ရန် အ ကြောင်း ကို မျှော် ထောက်၍ အ ရှက် မ ငဲ့ ဘဲ ကား တင် ခံ ပြီး လျှင် ဘု ရား သ ခင့် ရာ ဇ ပ လ္လင် ယာ ဘက် တော် တွင် စံ တော် မူ၏။
ညီ အစ် ကို တို့၊ သင် တို့ ယုံ ကြည် ခြင်း ကို စံ ချ သော အ ရာ ဖြင့် တည် ကြည် ခြင်း ဖြစ် ပွား ကြောင်း သိ မြင် လျက် အ ထပ် ထပ် စုံ စမ်း ရာ ကျ ရောက် သည့် ကာ လ ဝမ်း မြောက် ရန် သက် သက် ဟု မှတ် ယူ ကြ လော့။လူ၏ အ မျက် သည် ဘု ရား သ ခင့် ဖြောင့် မတ် ခြင်း တ ရား ကို မ ဖြစ် ပွား စေ နိုင်။သို့ ဖြစ် ၍ ခပ် သိမ်း သော ညစ် ပေ ခြင်း နှင့် အ လွန် ယုတ် ညံ့ ခြင်း ကို ပယ် ရှား ပြီး လျှင် သင် တို့ ဝိ ညာဉ် ကို ကယ် တင် နိုင် သော အဇ္စု တ္တ၌ စိုက် ပျိုး ပြီး တ ရား တော် ကို သိမ် မွေ့ စွာ ခံ ယူ ကြ လော့။ကိုယ် ကို လှည့် စား၍ တ ရား တော် ကို ကြား ရုံ မျှ သာ မ ဟုတ်။ လိုက် နာ သူ များ ဖြစ် ကြ လော့။တ ရား တော် ကို မ လိုက် နာ၊ ကြား ရုံ မျှ ပြု သူ သည် ပြ က တေ့ မျက် နှာ ကို ကြေး မုံ ပြင် တွင် ကြည့် ရှု ပြီး မှ၊သွား လျှင် သွား ခြင်း ကိုယ့် သ ဏ္ဌာန် ကို မေ့ လျော့ တတ် သူ နှင့် တူ ၏။လွတ် ခွင့် ဆိုင် ရာ စုံ လင် သော တ ရား တော် တွင် စိုက် ကြည့်၍ တည် နေ သူ မူ ကား ကြား နာ ရုံ မျှ နှင့် မေ့ လျော့ သူ မ ဟုတ်။ လိုက် နာ ပြု ကျင့် သူ ဖြစ် သော ကြောင့် ပြု ကျင့် ရာ၌ ကောင်း ကြီး မင်္ဂ လာ ကို ရ လိမ့် မည်။မည် သူ မ ဆို ကိုယ့် လျှာ ကို မ ချုပ် တည်း ဘဲ စိတ် နှ လုံး ကို လှည့် စား ရာ ဘု ရား တ ရား ဝတ် ပြု သူ ဟု ထင် မှတ် လျှင် ထို သူ ၏ ဝတ် သည် အ ချည်း အ နှီး ဖြစ် ၏။ငါ တို့ အ ဘ ဘု ရား သ ခင် ရှေ့ တော်၌ သန့် ရှင်း စင် ကြယ် သော ဝတ် မှာ ဒု က္ခ ရောက် နေ သော ဘ သက် ဆိုး နှင့် မု ဆိုး မ တို့ ကို ကြည့် ရှု ပြု စု ခြင်း၊ ဤ လော က အ စွန်း နှင့် ကင်း စင် အောင် ကိုယ် ကို စောင့် ထိန်း ခြင်း များ တည်း။
သင် တို့ ဘောင် တွင် မည် သူ မ ဆို ဒု က္ခ ရောက် လျှင် ပ ဌ နာ ပြု စေ။ သု ခ ရှိ လျှင် သီ ချင်း ဆို စေ။
ထို အ ရှင် ကို သင် တို့ မ မြင် ဘူး လျက် ပင် ချစ် ရာ ယ ခု မ မြင် ဘဲ ယုံ ကြည် သ ဖြင့် နှုတ် မ မြွက် နိုင် အောင် ဘုန်း ကြီး သော ပီ တိ နှင့် ရွှင် လန်း လျက်၊
ခ ရစ် တော်၏ ဒု က္ခ များ ကို ဆက် ဆံ သည့် အ လျောက် ဘုန်း တော် ထင် ရှား သည့် ကာ လ၌ အား ရ ရွှင် လန်း ခွင့် ကို လည်း ရ အံ့ သော ငှာ ရွှင် လန်း ကြ လော့။
ဖြောင့် မတ် သူ တို့၊ ထာ ဝ ရ ဘု ရား ၌ ဝမ်း မြောက် ရွှင် လန်း ကြ လော့။ သ ဘော ဖြောင့် သူ အ ပေါင်း တို့၊ အား ရ ကြွေး ကြော် ကြ လော့။
ယာ ကုပ်၏ ဘု ရား သ ခင် မ စ တော် မူ ခြင်း ခံ ရ သော သူ၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို အား ကိုး ရ သော သူ သည် မင်္ဂ လာ ရှိ ၏။
ဆိုး သွမ်း သူ၏ လွန် ကျူး မှု တွင်၊ ကျော့ ကွင်း သ ဖွယ် ရှိ၏။ ဖြောင့် မတ် သော သူ မူ ကား၊ ရွှင် လန်း စွာ ကြွေး ကြော် လိမ့် မည်။
ရှော လ မုန် မင်း၏ န ယ ပုံ ပြင် ချက် များ၊ ပ ညာ ရှိ သော သား သည်၊ အ ဘ ရွှင် လန်း ရာ အ ကြောင်း၊ မိုက် မဲ သော သား မူ ကား၊ အ မိ ညှိုး နွမ်း ရာ အ ကြောင်း ဖြစ် ၏။
ကိုယ် တော် သည် လူ မျိုး တော် ကို များ ပြား စေ၍ ဝမ်း မြောက် ဖွယ် အ ကြောင်း ကို လည်း တိုး ပွား စေ တော် မူ သ ဖြင့်၊ ရိတ် သိမ်း ချိန်၌ ပျော် ရွှင် သ ကဲ့ သို့လည်း ကောင်း၊ လက် ရ ဥ စ္စာ ကို ဝေ မျှ သည့် အ ခါ ရွှင် လန်း သ ကဲ့ သို့လည်း ကောင်း၊ ရှေ့ တော် တွင် ဝမ်း မြောက် ကြ ပါ၏။
ယခုတိုင် ငါ့နာမ၌မတောင်းမလျှောက်ကြသေး။ သင်တို့ဝမ်းမြောက်ခြင်းပြည့်စုံရန် တောင်းလျှောက်ကြလော့။ ရကြလိမ့်မည်။
သင်၌ အား ရ ဝမ်း မြောက် ခြင်း ရှိ သည့် ပြင် သူ ငယ် ဖွား မြင် ခြင်း ကြောင့် လူ အ များ တို့ ဝမ်း မြောက် ရ ကြ လိမ့် မည်။
ပျော် ကြူး မှု ဖြစ် စေ တတ် သော စ ပျစ် ရည် နှင့် မူး ယစ် ခြင်း မ ရှိ ဘဲ ဝိ ညာဉ် တော် နှင့် ပြည့် ဝ လျက်၊ကျူး ဧ ချက်၊ ထော မ နာ ပြု ချက်၊ ဓ မ္မ ဂီ တ အ မျိုး မျိုး အား ဖြင့် တစ် ဦး ကို တစ် ဦး ရွတ် ခြင်း၊ အ ရှင် ဘု ရား အား စိတ် မ နော တွင် ကျူး ဧ သီ ဆို ခြင်း၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ နာ မ တော် ကို အ မှီ ပြု၍ အ ဘ ဘု ရား သ ခင့် ကျေး ဇူး တော် ကို အ ရာ ခပ် သိမ်း အ တွက် အ စဉ် ချီး မွမ်း ခြင်း များ ကို ပြု သည့် ပြင်၊သင် တို့ ကို ချစ်၍ ဘု ရား သ ခင့် စိတ် တော် ပြေ ဖွယ် ရ နံ့၊ ပူ ဇော် ရာ အ လှူ ဝ တ္ထု အ ဖြစ် ငါ တို့ အ တွက် ကိုယ် ကို စွန့် တော် မူ သော ခ ရစ် တော့် နည်း တူ မေ တ္တာ တ ရား၌ ကျင့် ကြံ ကြ လော့။
ငြိမ်သက်ခြင်းကို သင်တို့နှင့်ငါထားခဲ့၏။ လောကသားတို့ပေးကြသည့်နည်းတူမဟုတ်။ ကိုယ့်ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ နှလုံးမသာခြင်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။