ဘု ရား သ ခင် သည်၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ပေ တည်း။ ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ ငါ၏ စွမ်း အား၊ ငါ ကျူး ဧ ဖွဲ့ ဆို ရာ၊ ငါ့ ကို ကယ် တင် ရာ အ ကြောင်း ဖြစ် စေ တော် မူ သ ဖြင့်၊ ကြောက် ရွံ့ ခြင်း ကင်း ၍ ကိုး စား ပါ မည် ဟု မြွက် ဆို လျက်၊ကယ် တင် ရာ စမ်း ရေ တွင်း မှ၊ ရွှင် လန်း စွာ ခပ် ယူ ရ ကြ လိမ့် မည်။
ထို အ ရှင် ကို သင် တို့ မ မြင် ဘူး လျက် ပင် ချစ် ရာ ယ ခု မ မြင် ဘဲ ယုံ ကြည် သ ဖြင့် နှုတ် မ မြွက် နိုင် အောင် ဘုန်း ကြီး သော ပီ တိ နှင့် ရွှင် လန်း လျက်၊အ သက် ဝိ ညာဉ် ကယ် တင် ခြင်း တည်း ဟူ သော သင် တို့ ယုံ ကြည် ခြင်း အ ကျိုး ကို ခံ စား ရ ကြ ၏။
သို့ မှ ငါ့ အ သက် ဝိ ညာဉ် သည်၊ ထာ ဝ ရ ဘု ရား ၌ ဝမ်း မြောက်၍၊ ကယ် တင် တော် မူ ခြင်း၌ ရွှင် လန်း ရာ၊
မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။
ငါ သည် ထာ ဝ ရ ဘု ရား ကြောင့် အား ရ ဝမ်း မြောက် ၍၊ ငါ ၏ ဘု ရား သ ခင် ကြောင့် စိတ် ရွှင် လန်း လိမ့် မည်။ မင်္ဂ လာ ဆောင် သ တို့ သား သည် ဦး ဗောင်း ဆင် သ ကဲ့ သို့ လည်း ကောင်း၊ မင်္ဂ လာ ဆောင် သ တို့ သ မီး သည် အ ဝတ် တန် ဆာ ဆင် ယင် သ ကဲ့ သို့ လည်း ကောင်း၊ ကယ် တင် ခြင်း အ ဝတ် တန် ဆာ နှင့် ငါ့ ကို ဆင် ယင် လျက်၊ အောင် မြင် ခြင်း ဝတ် လုံ နှင့် ခြုံ တော် မူ ပြီ။
သို့ ဖြစ်၍ ယုံ ကြည် ခြင်း အား ဖြင့် ဖြောင့် မတ် ရာ ရောက် သော ကြောင့် ငါ တို့ သည် ဘု ရား သ ခင် ရှေ့ တော်၌ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ငြိမ် သက် ခြင်း ကို ခံ စား ကြ ကုန် အံ့။ရန် ဘက် ဖြစ် ကြ စဉ် သား တော် အ သေ ခံ တော် မူ ခြင်း ကြောင့် ဘု ရား သ ခင် နှင့် မိတ် သ ဟာ ယ ဖွဲ့ ခြင်း ရ ခဲ့ ကြ လျှင် ထို ဖွဲ့ ခြင်း ကို ရ ပြီး ဖြစ် လျက် အ သက် ရှင် တော် မူ ခြင်း အား ဖြင့် မု ချ လွတ် ကင်း ကြ လိမ့် မည်။ထို မျှ မ က မိတ် သ ဟာ ယ ဖွဲ့ ခြင်း ကို ယ ခု ရ စေ သော၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ကြောင့် ဘု ရား သ ခင်၌ ရွှင် လန်း ရ ကြ၏။သို့ ဖြစ်၍ လူ တစ် ယောက် ကြောင့် အ ပြစ် တ ရား သည် ဤ လော က ထဲ သို့ ဝင် လာ လျက် သေ ခြင်း တ ရား လည်း အ ပြစ် တ ရား ကြောင့် ဝင် ရောက် သ ဖြင့် လူ ခပ် သိမ်း တို့ ပြစ် မှား ကြ သည့် အ လျောက် ရှိ သ မျှ အ ပေါ် သို့ သေ ခြင်း တ ရား သင့် ရောက် သည် နှင့် အ ညီ၊ပ ညတ် တ ရား မ ရှိ မီ ဤ လော က၌ အ ပြစ် တည် နှင့် လျက် ပင်၊ ပ ညတ် တ ရား မ ရှိ သည့် ကာ လ အ ပြစ် မ တင် ရ သော် လည်း၊အာ ဒံ့ လက် ထက် မှ မော ရှေ့ လက် ထက် တိုင် အာ ဒံ လွန် ကျူး မှု အ လိုက် မ ပြစ် မှား သူ တို့ အ ပေါ် တွင် ပင် သေ ခြင်း တ ရား မင်း မူ သ တည်း။ ထို အာ ဒံ သည် ကြွ လာ လ တ္တံ့ သော အ ရှင့် ပုံ ဖြစ် ခဲ့ သော် လည်း၊လွန် ကျူး မှု အ လိုက် နှင့် ဆု ကျေး ဇူး တော် တူ သည် မ ဟုတ်။ တစ် ဦး၏ လွန် ကျူး မှု အား ဖြင့် အ များ သေ သည် မှန် က ဘု ရား သ ခင်၏ ကျေး ဇူး တော် နှင့် ယေ ရှု ခ ရစ် တည်း ဟူ သော တစ် ပါး သူ၏ ကျေး ဇူး အား ဖြင့် သက် ရောက် သော ဆု တော် သည် အ များ တို့ အ ဖို့ သာ ၍ ကြွယ် ဝ ၏။၎င်း ပြင် တစ် ဦး၏ ပြစ် မှု အ ကျိုး ဆက် အ လိုက် နှင့် ဆု တော် တူ သည် မ ဟုတ်။ တစ် ဦး ကြောင့် ပြစ် ဒဏ် စီ ရင် ချက် သင့် ရောက် သည် မှန် က လွန် ကျူး မှု အ များ ကြောင့် တ ရား သေ လွှတ် ချက် ဆု ကျေး ဇူး တော် သက် ရောက် သ တည်း။တစ် ဦး၏ လွန် ကျူး မှု အ တွက် သေ ခြင်း တ ရား သည် ထို လူ ကြောင့် မင်း မူ သည် မှန် က ကြွယ် ဝ သော ကျေး ဇူး တော် နှင့် ဖြောင့် မတ် ခြင်း ဆု တော် ကို ခံ ရ သူ တို့ သည် ယေ ရှု ခ ရစ် တည်း ဟူ သော တစ် ပါး သူ ကြောင့် အ သက် ရှင် လျက် မု ချ မင်း မူ ရ ကြ လိမ့် မည်။သို့ ဖြစ်၍ လွန် ကျူး မှု တစ် ခု ကြောင့် လူ ခပ် သိမ်း တို့ သည် အ ပြစ် စီ ရင် ခံ ရ သည့် နည်း တူ ပင် ဖြောင့် မတ် မှု တစ် ခု ကြောင့် လူ ခပ် သိမ်း တို့ သည် အ သက် ရှင် ခြင်း နှင့် ဆိုင် သော ဖြောင့် မတ် ရာ ရောက် ရ ကြ၏။တစ် နည်း တစ် ဦး၏ နား မ ထောင် ခြင်း ကြောင့် အ များ သည် အ ပြစ် သား အ ဖြစ် ရောက် သည့် နည်း တူ ပင်၊ တစ် ပါး သူ၏ နား ထောင် ခြင်း ကြောင့် အ များ သည် ဖြောင့် မတ် သူ့ အ ဖြစ် ရောက် ရ ကြ လိမ့် မည်။ထို အ ရှင် အား ဖြင့် လည်း ယ ခု ငါ တို့ တည် နေ ရာ ကျေး ဇူး တော် သို့ ယုံ ကြည် ခြင်း ကြောင့် တိုး ဝင် ခွင့် ရ သည့် ပြင် ဘု ရား သ ခင့် ဘုန်း တော် ကို မျှော် လင့် လျက် ရွှင် လန်း ရ ကြ၏။
အို ထာ ဝ ရ ဘု ရား၊ ဘု ရင် မင်း သည် ကိုယ် တော်၏ တန် ခိုး တော်၌ ဝမ်း မြောက် ခွင့်၊ ကယ် တင် တော် မူ ခြင်း ၌ အား ရ ရွှင် လန်း ခွင့် ရ ရှိ ပါ မည်။
သင်တို့၌ ငါဝမ်းမြောက်ရသည့်ပြင် သင်တို့လည်းအပြည့်အစုံဝမ်းမြောက်ကြစေရန် ထိုသို့ငါဟောခဲ့ပြီ။
အ ကျွန်ုပ် သည် ထာ ဝ ရ ဘု ရား ကြောင့် အား ရ လျက်။ ကယ် တင် တော် မူ သော ဘု ရား သ ခင် ကြောင့် ရွှင် လန်း မည်။
မည် သည့် အ န္တ ရာယ် မျှ သင် တို့၌ မ ရောက် ရ။ သို့ ရာ တွင် နတ် များ ကို နိုင် ရ သည့် တွက် ဝမ်း မ မြောက် ကြ နှင့်။ ကောင်း ကင် ဘုံ၌ သင် တို့ အ မည် ကို ရေး သွင်း သည့် အ တွက် သာ ဝမ်း မြောက် ကြ လော့ ဟု မိန့် တော် မူ၏။
သို့ မှ ဂုဏ် တော် အ ပေါင်း ကို အ ကျွန်ုပ် ဖော် ပြ ပါ မည်။ သ တို့ သ မီး ဇိ အုန် မြို့ တံ ခါး များ ၌၊ ကယ် တင် တော် မူ ခြင်း ကို အ ကြောင်း ပြု ၍ ရွှင် လန်း ပါ မည်။
ထို ကာ လ ဆို ရ မည် မှာ၊ ငါ တို့ ကို ကယ် တင် အံ့ ဟု စောင့် မြော် ကြ သော ငါ တို့ ဘု ရား ပေ တည်း။ ငါ တို့ စောင့် စား ကြ သော ထာ ဝ ရ ဘု ရား ပေ တည်း။ ကယ် တင် တော် မူ သော ကျေး ဇူး တော် ကြောင့်၊ ငါ တို့ ဝမ်း မြောက် ရွှင် လန်း ကြ ကုန် အံ့ ဟူ ၍ တည်း။
ထာ ဝ ရ ဘု ရား သည် ငါ့ ကို အား ပေး ရာ၊ ငါ့ ကျူး ဧ ဖွယ် ရာ၊ ငါ့ ကို ကယ် တင် ရာ အ ကြောင်း ဖြစ် တော် မူ ၏။ထာ ဝ ရ ဘု ရား၏ ညာ လက် ရုံး တော် သည်၊ ရဲ ရင့် စွာ ပြု သ ဖြင့်၊ သူ တော် ကောင်း တို့ တဲ များ ၌ ရွှင် လန်း ရာ အောင် သံ ရှိ ၏။
အ ကျွန်ုပ် မူ ကား၊ ကိုယ် တော်၏ က ရု ဏာ တော် ၌ ကိုး စား ပါ၏။ ကယ် တင် တော် မူ ခြင်း ကြောင့် စိတ် ရွှင် လန်း ပါ မည်။
အ ချင်း မြေ တစ် ပြင် လုံး၊ ထာ ဝ ရ ဘု ရား အား သီ ချင်း ဆို ကြ လော့။ နာ မ တော် ကို တစ် နေ့ နောက် တစ် နေ့ အောင် မြင် တော် မူ ရာ သ တင်း ကို လွှင့် ကြ လော့။လူ မျိုး ခြား တို့ ၌ ဘုန်း တော် ကို လည်း ကောင်း၊ လူ မျိုး ခပ် သိမ်း တို့၌ အံ့ ဖွယ် ရာ အ မှု တော် များ ကို လည်း ကောင်း ကြော် ငြာ ကြ လော့။
အ ချင်း မိုး ကောင်း ကင် ကျူး ဧ လော့။ ထာ ဝ ရ ဘု ရား ထို သို့ စီ ရင် တော် မူ ပြီ။ အ ချင်း မြေ ပ ထ ဝီ နက် ရှိုင်း ရာ များ၊ ကြွေး ကြော် ကြ လော့။ တောင် များ မှ စ ၍၊ တော နှင့် တော ရှိ အ ပင် ဟူ သ မျှ တို့၊ ရွှင် လန်း စွာ ကျူး ဧ ကြ လော့။ ထာ ဝ ရ ဘု ရား သည် ယာ ကုပ် အ မျိုး ကို ရွေး နုတ် တော် မူ ပြီ။ ဣ သ ရေ လ အ နွယ် ကြောင့်၊ ဘုန်း တော် ကို ထင် ရှား စေ ဦး မည်။
အ ပြစ် တ ရား ပေး သော အ ခ သည် သေ ခြင်း ဖြစ်၏။ ဘု ရား သ ခင် သ နား တော် မူ သော ဆု တော် ကား ငါ တို့ အ ရှင် ခ ရစ် တော် ယေ ရှု ၌ ထာ ဝ ရ အ သက် ပင် တည်း။
ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့ အ ဖို့ ဘု ရား သ ခင် အ လို တော် ရှိ သည့် အ တိုင်း အ စဉ် ရွှင် လန်း ခြင်း၊ မ ပြတ် ပ ဌ နာ ပြု ခြင်း၊ အ ရာ ရာ တွင် ကျေး ဇူး တော် ချီး မွမ်း ခြင်း များ ကို ပြု ကြ လော့။
ထို ကာ လ ၌ ငါ တို့ နှုတ် သည် ရယ် မော ခြင်း နှင့် လည်း ကောင်း၊ လျှာ သည် ကြွေး ကြော် ခြင်း နှင့် လည်း ကောင်း ပြည့် ဝ လျက်၊ သူ တို့ အဖို့ တန် ခိုး ကြီး သော အ မှု များ ကို ထာ ဝ ရ ဘု ရား ပြု တော် မူ ကြောင်း၊ လူ မျိုး ခြား တို့ ဝန် ခံ ကြ သည့် အ ပြင်၊ငါ တို့ အ ဖို့ တန် ခိုး ကြီး သော အ မှု များ ကို ထာ ဝ ရ ဘု ရား ပြု တော် မူ ခဲ့ သည့် အ လျောက်၊ ငါ တို့ ဝမ်း မြောက် ရ ကြ ၏။
ဖြောင့် မတ် သူ တို့၊ ထာ ဝ ရ ဘု ရား ၌ ဝမ်း မြောက် ရွှင် လန်း ကြ လော့။ သ ဘော ဖြောင့် သူ အ ပေါင်း တို့၊ အား ရ ကြွေး ကြော် ကြ လော့။
ဝိ ညာဉ် တော့် ဆိုင် ရာ အ သီး မူ ကား ချစ် ခြင်း၊ ရွှင် လန်း ခြင်း၊ ငြိမ် သက် ခြင်း၊ စိတ် ရှည် ခြင်း၊ က ရု ဏာ ပြ ခြင်း၊ ကျေး ဇူး ပြု ခြင်း၊ သစ္စာ တည် ခြင်း၊ သိမ် မွေ့ ခြင်း၊ ကိုယ် ကို ချုပ် တည်း ခြင်း များ တည်း။
အ ဆုံး စ ကား မှာ ညီ အစ် ကို တို့၊ အ ရှင် ဘု ရား၌ ရွှင် လန်း ကြ လော့။ ဤ အ ကြောင်း အ ရာ များ ကို ငါ ထပ် မံ ရေး သည် မှာ ကိုယ် တိုင် ပင် ပန်း သည် မ ဟုတ်၊ သင် တို့ လုံ ခြုံ စေ ရန် ဖြစ် ၏။
ယခုတိုင် ငါ့နာမ၌မတောင်းမလျှောက်ကြသေး။ သင်တို့ဝမ်းမြောက်ခြင်းပြည့်စုံရန် တောင်းလျှောက်ကြလော့။ ရကြလိမ့်မည်။
ငါ တို့ အ ရှင် ဘု ရား အ ဖို့ သီး သန့် သော နေ့ ဖြစ် သည် နှင့် အ ညီ၊ ချို မြိန် ရာ ကို သွား၍ စား သောက် လျက်၊ ပြင် ဆင် ရန် မဲ့ သူ တို့ အား လည်း ဝေ ငှ ကြ လော့။ ထာ ဝ ရ ဘု ရား ကြောင့် ရွှင် လန်း ခွင့် သည် သင် တို့၏ ခံ တပ် သ ဖွယ် ဖြစ်၍ ဝမ်း မ နည်း ကြ နှင့် ဟု မိန့် ဆို သည့် အ လျောက်၊ သီး သန့် သော နေ့ ဖြစ် သည့် အ တွက်၊
ကိုယ် တော် ကို လိုက် ရှာ သူ ရှိ သ မျှ တို့ မှာ၊ ကိုယ် တော်၌ ရွှင် လန်း ဝမ်း မြောက် လျက်၊ ကယ် တင် ရာ အ ကြောင်း ကို နှစ် သက် သ မျှ သူ တို့ လည်း၊ ဘု ရား သ ခင် သည် ကြီး မြတ် တော် မူ စေ သ တည်း ဟု၊ အ စဉ် မ ပြတ် မြွက် ဆို ကြ ပါ စေ သော။
တ ပည့် တော် တို့ လည်း ဝမ်း မြောက် ခြင်း နှင့်လည်း ကောင်း၊ သန့် ရှင်း သော ဝိ ညာဉ် တော် နှင့်လည်း ကောင်း ပြည့် ကြ ကုန်၏။
ထာ ဝ ရ ဘု ရား နုတ် တော် မူ သော သူ တို့ သည် ပြန် လာ ရာ၊ ရွှင် လန်း ခြင်း သ ရ ဖူ ကို အ မြဲ ဆောင်း ၍၊ ဇိ အုန် မြို့ သို့ ကြွေး ကြော် လျက် လာ ရာက် ကြ လိမ့် မည်။ ဝမ်း မြောက် ခွင့်၊ ရွှင် လန်း ခွင့် ရ သ ဖြင့်၊ ပူ ဆွေး ခြင်း၊ မြည် တမ်း ခြင်း သည် ဆုတ် ပြေး ရ လ တ္တံ့။
ထာ ဝ ရ ဘု ရား ကို အား ရ စွာ ဝတ် ပြု လျက်၊ အ ထံ တော် သို့ ကြွေး ကြော် လျက်၊ တိုး ဝင် ကြ လော့။
ကိုယ် တော် သည်၊ မြည် တမ်း ခြင်း ကို က ခုန် ခြင်း ဖြစ် စေ တော် မူ ပါ ပြီ။ အ ကျွန်ုပ် ၏ လျှော် တေ ကို ချွတ်၍၊ ဝမ်း မြောက် ခြင်း နှင့် ခါး စည်း တော် မူ ပါ ပြီ။သို့ ဖြစ် ၍၊ အ ကျွန်ုပ်၏ဝိ ညာဉ် သည် ဆိတ် ဆိတ် မ နေ ဘဲ၊ ဂုဏ် တော် ကို သီ ချင်း ဖွဲ့ ဆို ပါ မည်။ အ ကျွန်ုပ်၏ ဘု ရား သ ခင်၊ အို ထာ ဝ ရ ဘု ရား၊ ကျေး ဇူး တော် ကို ကာ လ အ စဉ် ချီး မွမ်း ပါ မည်။
ပ ရော ဟိတ် တို့ ကို ကယ် တင် ခြင်း နှင့် ဆင် ယင် သည့် အ တိုင်း၊ ကြည် ညို သူ တို့ ဥ ဒါန်း ကျူး ရ ကြ လိမ့် မည်။
ထို မျှ မ က မိတ် သ ဟာ ယ ဖွဲ့ ခြင်း ကို ယ ခု ရ စေ သော၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ကြောင့် ဘု ရား သ ခင်၌ ရွှင် လန်း ရ ကြ၏။
ဣ သ ရေ လ လူ မျိုး သည် မိ မိ ကို ဖန် ဆင်း ပြု ပြင် တော် မူ သော အ ရှင် ၌ ဝမ်း မြောက် လျက်၊ ဇိ အုန် သား သ မီး တို့ သည် ကိုယ့် ဘုရင် ၌ ရွှင် လန်း ကြ စေ။
ပ ရိ ယာယ် နှင့် ဖြစ် စေ၊ သ စ္စာ နှင့် ဖြစ် စေ၊ အ နည်း နည်း အား ဖြင့် ခ ရစ် တော်၏ အ ကြောင်း ကို ကြော် ငြာ ခြင်း ရှိ ပြီ ဖြစ်၍ ငါ ရွှင် လန်း ၏။ နောင်၌ လည်း ရွှင် လန်း ဦး မည်။
အ သက် လမ်း ကို အ ကျွန်ုပ် အား ကိုယ် တော် သိ ကျွမ်း စေ တော် မူ ပါ ပြီ။ ရှေ့ တော်၌ လည်း ဝမ်း မြောက် ခြင်း နှင့် ပြည့် စုံ စေ တော် မူ ပါ လိမ့် မည် ဟူ၍ တည်း။
ဘုန်း နှင့် ဂုဏ် တော် သည် ရှေ့ တော်၌ လည်း ကောင်း၊ တန် ခိုး နှင့် အာ နု ဘော် သည် သန့် ရှင်း ရာ ဌာ န တော်၌ လည်း ကောင်း တည်၏။
ထို နည်း တူ နောင် တ ရ ရန် မ လို သော သူ တော် ကောင်း ကိုး ဆယ် ကိုး ယောက် အ တွက် ထက် နောင် တ ရ သူ အ ပြစ် သား တစ် ယောက် အ တွက် ကောင်း ကင် ဘုံ တွင် ဝမ်း မြောက် ခြင်း ရှိ လိမ့် မည် ငါ ဆို၏။
ဖြောင့် မတ် သူ တို့၊ ထာ ဝ ရ ဘု ရား ၌ ရွှင် လန်း ကြ လော့။ ချီး မွမ်း ခြင်း သည်၊ သ ဘော ဖြောင့် သူ တို့ နှင့် သင့် လျော် ၏။
ဖြောင့် မတ် သူ မူ ကား၊ ထာ ဝ ရ ဘု ရား ၌ ဝမ်း မြောက် ခို လှုံ ခွင့်၊ သ ဘော ဖြောင့် သူ ရှိ သ မျှ တို့ ပင်၊ ဂုဏ် ရောက် ခွင့် ရ ကြ လိမ့် သ တည်း။
ရွှင် လန်း စွာ မျှော် လင့် လျက်၊ ဒု က္ခ ရောက် ရာ၌ တည် တံ့ လျက်၊ အ မြဲ ပ ဌ နာ ပြု လျက်၊ ဆင်း ရဲ သော တ ပည့် တော် တို့ အား ပေး ကမ်း လျက်၊ ဧည့် ဝတ် ပြု လျက် နေ ကြ လော့။
သို့ မှ ကိုယ် တော်၌ ခို လှုံ သူ တို့ သည်၊ ကွယ် ကာ တော် မူ မည် ဖြစ်၍၊ ကာ လ အ စဉ် ရွှင် လန်း စွာ ကြွေး ကြော် ကြ ပါ မည်။ နာ မ တော် ကို ချစ် ခင် ကြည် ညို သူ တို့ လည်း ကိုယ် တော် ကြောင့် အား ရ ကြ ပါ မည်။
အ ကျွန်ုပ် စိတ် ရွှင် လန်း ရာ အ ကြောင်း ဖြစ် သော သက် သေ ခံ တော် မူ ချက် များ ကို၊ ကာ လ အ စဉ် ပိုင် ရာ အ ဖြစ် ခံ ယူ ပါ ပြီ။
အ ချင်း မိုး ကောင်း ကင်၊ ကျူး ဧ လော့။ အ ချင်း မြေ ပ ထ ဝီ၊ ရွှင် လန်း လော့။ အ ချင်း တောင် များ တို့၊ ကျူး ဧ ကြွေး ကြော် ကြ လော့။ ငါ ထာ ဝ ရ ဘု ရား သည် လူ မျိုး တော် ကို နှစ် သိမ့် စေ၍၊ ဆင်း ရဲ ခံ ရ သော လူ မျိုး တော် ကို က ရု ဏာ သက် တော် မူ ဦး မည်။
ကောင်း ကင် ဘုံ၌ စံ စား ရ မည့် အ ကျိုး ဆက် ကြီး မြတ် ကြောင်း ပွင့် ခဲ့ ပြီး သော ပ ရော ဖက် တို့ ကို ထို သို့ ညှဉ်း ပန်း ခဲ့ ကြ ကြောင်း များ ကို ထောက်၍ အား ရ ရွှင် လန်း ကြ လော့။
ဖြောင့် မတ် သူ တို့ မူ ကား၊ ဘု ရား သ ခင့် ရှေ့ တော် ၌၊ ရွှင် လန်း အား ရ ဝမ်း မြောက် ရ ကြ ပါ ၏။
သင့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ ကယ် ဆယ် မည့် ရဲ မက် သ ဖွယ်၊ သင့် အ လယ် တွင် စံ နေ တော် မူ၍၊ သင့် အ တွက် ကြောင့် အား ရ ရွှင် လန်း ခြင်း၊ မေ တ္တာ သက်၍ ဆိတ် ဆိတ် နေ ခြင်း၊ ကျူး ဧ လျက် ကြွေး ကြော် ခြင်း ကို ပြု တော် မူ လိမ့် မည် ဟု ဆို ရ ကြ လ တ္တံ့။
အ သက် လမ်း ကို အ ကျွန်ုပ် အား၊ ကိုယ် တော် သိ ကျွမ်း စေ တော် မူ မည်။ ရှေ့ တော်၌ တင်း တိမ် ဖွယ် အား ရ ခွင့်၊ ညာ ဘက် တော်၌ ကာ လ အ စဉ် ပျော် မွေ့ ခွင့် တည် ရှိ လှ ပေ ၏။
ချီး မွမ်း ၍ မ ကုန် နိုင် သော ဆု တော် ကြောင့် ဘု ရား သ ခင်၏ ကျေး ဇူး တော် သည် ကြီး လှ ပေ သ တည်း။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ စွမ်း အား၊ ငါ့ ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ၏။ ကိုယ် တော်၌ ခို လှုံ ခဲ့ သည့် အ တိုင်း အ ထောက် အ မ ခံ ရ၏။ ငါ့ စိတ် ရွှင် လန်း၍ ကိုယ် တော် ကို သီ ဆို ချီး မွမ်း မည်။
ထို ကာ လ၊ မြည် တမ်း ခြင်း အ စား ရွှင် လန်း ခြင်း၊ ဝမ်း နည်း ခြင်း အ စား ဝမ်း မြောက် ခြင်း များ ကို ငါ ပေး လျက်၊ နှစ် သိမ့် စေ သည့် အ လျောက်၊ လူ ပျို လူ အို တို့ သည်၊ အ ပျို တို့ နှင့် တ ကွ၊ ရွှင် လန်း စွာ က ခုန် ကြ မည့် ပြင်၊
ကိုယ် တော် ကို လိုက် ရှာ သူ ရှိ သ မျှ တို့ မှာ၊ ကိုယ် တော်၌ ရွှင် လန်း ဝမ်း မြောက် လျက်၊ ကယ် တင် ရာ အ ကြောင်း ကို နှစ် သက် သ မျှ သူ တို့ လည်း၊ ထာ ဝ ရ ဘု ရား သည် ကြီး မြတ် တော် မူ စေ သ တည်း ဟု၊ အ စဉ် မ ပြတ် မြွက် ဆို ကြ ပါ စေ သော။
ထို ကြောင့် ငါ ချစ် ခင် မြတ် နိုး တ သ သ သူ၊ ငါ ရွှင် လန်း ရာ အ ကြောင်း ငါ့ သ ရ ဖူ သ ဖွယ် ဖြစ် သော ညီ အ ကို တို့ အ ရှင် ဘု ရား၌ ထို အ တိုင်း တည် ကြည် စွာ နေ ကြ လော့၊
အ မျက် တော် သည် တစ် ခ ဏ မျှ၊ ကျေး ဇူး တော် သည် တစ် သက် ပတ် လုံး တည် ၏။ ညဉ့် အ ခါ၌ ငို ကြွေး ခြင်း ဝင် ရောက် တည်း ခို သော် လည်း၊ နံ နက် ထ သော်၊ ရွှင် လန်း ရ ၏။
ဝမ်း မြောက် ဖွယ် သ တင်း ကို ကြော် ငြာ ရ သူ၊ ငြိမ် သက် ခြင်း အ ကြောင်း ကို ကြား ပြော ရ သူ၊ ချမ်း သာ ခြင်း သ တင်း ကို ကြော် ငြာ ရ သူ၊ ကယ် တင် ခြင်း အ ကြောင်း ကို ကြား ပြော ရ သူ၊ သင်၏ ဘု ရား သ ခင် မင်း ပြု တော် မူ ပြီ ဟု၊ ဇိအုန် မြို့ အား ဆင့် ဆို ရ သူ၏ ခြေ သည်၊ တောင် ပေါ် မှာ တင့် တယ် စွ တ ကား။မြို့ စောင့် တို့ သည် အ သံ လွှင့် ၍၊ တစ် ပြိုင် တည်း ကြွေး ကြော် ကြ သည် တ ကား။ ထာ ဝ ရ ဘု ရား သည် ဇိ အုန် မြို့ သို့ ပြန် ကြွ တော် မူ သည် ကို၊ မျက် မှောက် ထင် ထင် ဖူး မြင် ခွင့် ရ ကြ သ တည်း။အ ချင်း ယေ ရု ရှ လင် မြို့ ဆိုး ကုန်း တို့ တစ် ပြိုင် တည်း ရွှင် လန်း လျက် ကြွေး ကြော် ကြ လော့။ ထာ ဝ ရ ဘု ရား သည် လူ မျိုး တော် ကို နှစ် သိမ့် စေ လျက်၊ ယေ ရု ရှ လင် မြို့ ကို ရွေး နုတ် တော် မူ ပြီ။
ဟ န္န ထော မ နာ လျှောက် သည် မှာ ထာ ဝ ရ ဘု ရား၌ ကျွန် မ စိတ် ရွှင် လန်း လျက်၊ ထာ ဝ ရ ဘု ရား ကြောင့် ဦး ချို ရှည် မြင့် ရ ပါ၏။ ကယ် တင် ခြင်း ကျေး ဇူး တော် နှင့် အား ရ လျက်၊ ရန် သူ တို့ တစ် ဘက် တွင် နှုတ် ဖွင့် ရ ပါ၏။
ကျူး ဧ ရ သော အ ခါ၊ ရွေး နုတ် တော် မူ သော အ ကျွန်ုပ် အ သက် ဝိ ညာဉ် သည်၊ နှုတ် ခမ်း ပါ ကြွေး ကြော် ရ ပါ လိမ့် မည်။
ငြိမ်သက်ခြင်းကို သင်တို့နှင့်ငါထားခဲ့၏။ လောကသားတို့ပေးကြသည့်နည်းတူမဟုတ်။ ကိုယ့်ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ နှလုံးမသာခြင်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။
အို ထာ ဝ ရ ဘု ရား၊ အ မှု တော် အား ဖြင့် အ ကျွန်ုပ် ကို ဝမ်း မြောက် စေ တော် မူ သည် ဖြစ်၍၊ လက် တော့် အ မှု ရှိ သ မျှ ကြောင့် ကြွေး ကြော် ပါ မည်။
အ ဆုံး စ ကား မှာ ညီ အစ် ကို တို့၊ ကျန်း မာ ကြ စေ သော ပဲ့ ပြင် ခြင်း၊ နှိုး ဆော် ခြင်း ခံ ကြ လော့။ သ ဘော တစ် မျိုး တည်း နှင့် ငြိမ် သက် စွာ နေ ကြ လော့။ သို့ ပြု လျှင် ချစ် ခြင်း၊ ငြိမ် သက် ခြင်း အ ရှင် ဘု ရား သ ခင် သည် သင် တို့ နှင့် အ တူ တည် နေ တော် မူ လိမ့် မည်။
စ ပါးဆန် ရေ တိုး တက် ပေါ များ သည့် အ ခါ၊ ဝမ်း မြောက် ကြ သည် ထက်၊ အ ကျွန်ုပ် စိတ် နှ လုံး ကို ရွှင် လန်း စေ တော် မူ ၏။
ဘုရားသခင်သည် သားတော်ကိုယုံကြည်သူတိုင်းမပျက်စီးဘဲ ထာဝရအသက်ရစေခြင်းငှာ၊ ဧကပုတ္တသားတော်ကိုအပ်ပေးသည့်တိုင်အောင် ဤလောကသားတို့အား မေတ္တာသက်တော်မူ၏။
ယ ခု မှာ ခ ရစ် တော် ယေ ရှု၌ တည် နေ သူ တို့ အ ပေါ် တွင် အ ပြစ် စီ ရင် ချက် သင့် ရောက် သည် မ ဟုတ်။
ချိုး တော် မူ သော အ ရိုး များ၌ ခြင် ဆီ စိမ့် ရ ခြင်း ငှာ၊ အား ရ ရွှင် လန်း ဖွယ် ရာ ကို ကြား စေ တော် မူ ပါ။
ပင် ပန်း သူ ဝန် လေး သူ အ ပေါင်း တို့၊ ငါ့ ထံ လာ ကြ လော့။ ငါ သည် ချမ်း သာ စေ မည်။ငါ့ ထမ်း ပိုး ကို ထမ်း၍ ငါ့ ထံ မှ သင် ကြ လော့။ ငါ သည် သိမ် မွေ့ နှိမ့် ချ သော စိတ် ရှိ၏။ အ သက် ဝိ ညာဉ် ချမ်း သာ ရာ ကို လည်း သင် တို့ တွေ့ ကြ လိမ့် မည်။ကိုယ် တော် သည် ကြွ လာ ရ မည့် အ ရှင် လော။ အ ခြား မျှော် လင့် ရ ဦး မည် လော့ ဟု မေး လျှောက် စေ သည့် အ တိုင်းငါ့ ထမ်း ပိုး သည် ထမ်း လွယ် လျက် ငါ့ ဝန် လည်း ပေါ့ သည် ဟူ၍ မိန့် တော် မူ၏။
ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။
ယာ ကုပ်၏ ဘု ရား သ ခင် မ စ တော် မူ ခြင်း ခံ ရ သော သူ၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို အား ကိုး ရ သော သူ သည် မင်္ဂ လာ ရှိ ၏။
ထို အ ရှင် သည် ရွှင် လန်း ရန် အ ကြောင်း ကို မျှော် ထောက်၍ အ ရှက် မ ငဲ့ ဘဲ ကား တင် ခံ ပြီး လျှင် ဘု ရား သ ခင့် ရာ ဇ ပ လ္လင် ယာ ဘက် တော် တွင် စံ တော် မူ၏။
ဗိုလ် ခြေ တို့ အ ရှင် အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော်၌ ကိုး စား သော သူ သည် မင်္ဂ လာ ရှိ ပါ၏။
ငါ တို့ ဝန် ကို၊ နေ့ စဉ် ထမ်း တော် မူ သော အ ရှင် ဘု ရား၊ ငါ တို့ ကို ကယ် တင် ပိုင် ရှင် ဘု ရား သ ခင် သည်၊ မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။မီး ခိုး လွင့် သ ကဲ့ သို့၊ သူ တို့ ကို လွှင့် တော် မူ ပါ။ မီး ရှိန် ဖြင့် ဖ ယောင်း ပျော် သ ကဲ့ သို့၊ လူ ဆိုး တို့ သည် ဘု ရား သ ခင့် ရှေ့ တော် မှာ ပျက် ယွင်း ရ ကြ ၏။ဘု ရား သ ခင် သည်၊ ငါ တို့ ကို ကယ် လွှတ် သော ဘု ရား ဖြစ် တော် မူ၏။ ယေ ဟော ဝါ အ ရှင် ဘု ရား သည်၊ သေ ဘေး မှ ကယ် လွှတ် ခွင့် ကို ပိုင် တော် မူ ၏။
သင် တို့ သည် ယုံ ကြည် ခြင်း အား ဖြင့် ကျေး ဇူး တော် ကြောင့် ကယ် တင် ရာ ရောက် ခဲ့ ကြ သည် မှာ ကိုယ့် အ စွမ်း ကြောင့် မ ဟုတ်။ ကိုယ့် အ ကျင့် ကြောင့် လည်း မ ဟုတ်။ မည် သူ မျှ ဂုဏ် မ တင် မိ စေ ရန် ဘု ရား သ ခင့် ဆု ကျေး ဇူး တော် ကြောင့် တည်း။
မေ လ ခိ ဇေ ဒက် နည်း တူ ထာ ဝ ရ ပ ရော ဟိတ် မင်း ဖြစ် ပြီး လျှင် ငါ တို့ ရှေ့ ဆောင် ဖြစ် သော ယေ ရှု ဝင် ရောက် တော် မူ နှင့် ရာ ကန့် လန့် ကာ အ တွင်း ငါ တို့ စိတ် ဝိ ညာဉ်၏ ကျောက် ဆူး အ ဖြစ် ငါ တို့ ရ ရှိ သည့် မြဲ မြံ တည် ကြည် သော ထို မျှော် လင့် ရာ လည်း ဝင် ရောက် လျက် ရှိ၏။
သေ ခြင်း နှင့် ရှင် ခြင်း သော် လည်း ကောင်း၊ စေ တ မန် တော် နှင့် နတ် မင်း များ သော် လည်း ကောင်း၊ ပ စ္စု ပ္ပန် နှင့် အ နာဂတ် အ ရာ များ သော် လည်း ကောင်း၊ တန် ခိုး ရှင် များ သော် လည်း ကောင်း၊ ဘ ဝဂ် နှင့် အ ဝီ စိ သော် လည်း ကောင်း၊ဖန် ဆင်း ထား သော အ ရာ မည် သည် မ ဆို ငါ တို့ ကို အ ရှင် ခ ရစ် တော် ယေ ရှု၌ ရှိ သော ဘု ရား သ ခင်၏ မေ တ္တာ တော် မှ မ ကွာ စေ နိုင် ဟူ၍ ငါ စိတ် ချ သ တည်း။
ထာ ဝ ရ ဘု ရား ၌ ကျေး ဇူး ပြု သော သ ဘော၊ ဖြောင့် မတ် သော သ ဘော ရှိ တော် မူ၏။ ငါ တို့ ဘု ရား သ ခင် သည် က ရု ဏာ စိတ် နှင့် ပြည့် စုံ တော် မူ ၏။ရိုး သား သူ တို့ ကို ထိန်း သိမ်း တော် မူ သည့် အ လျောက်၊ ဆင်း ရဲ ခံ ရ သူ ငါ့ ကို ကယ် တော် မူ ၏။အို ငါ့ အ သက် ဝိ ညာဉ်၊ ငြိမ်း ချမ်း ရာ သို့ ပြန် လော့။ ထာ ဝ ရ ဘု ရား သည် သင့် ကို ကြွယ် ဝ စွာ သ နား ၍၊
သူခိုးဖြစ်သူသည် ခိုးယူသတ်ဖြတ်ဖျက်ဆီးရန်သာ လာရောက်တတ်၏။ ငါမူကား အသက်ကိုရစေ၍ ကြွယ်ဝစေခြင်းငှါရောက်လာခဲ့ပြီ။
ဆို ခဲ့ သော သက် သေ တော် မှာ ဘု ရား သ ခင် သည် ငါ တို့ အား ထာ ဝ ရ အ သက် ကို သ နား တော် မူ လျက် သား တော်၌ ထို အ သက် တည် ရှိ ကြောင်း တည်း။သား တော် ကို ရ ရှိ သူ သည် ထို အ သက် ကို ရ ရှိ၏။ ဘု ရား သ ခင် သား တော် ကို မ ရ မ ရှိ သူ မူ ကား ထို အ သက် ကို မ ရ မ ရှိ ချေ။
သို့ ဖြစ်၍ လည်း မည် သူ မ ဆို ခ ရစ် တော်၌ ရှိ တည် လျှင် လူ သစ် ဖြစ် လျက် ဟောင်း သော အ ရာ များ ပျောက် လွင့်၍ အ သစ် ဖြစ် လေ ပြီ။
စိတ် နှ လုံး တည် ကြည် သော သူ့ ကို၊ ကိုယ် တော် ၌ ကိုး စား သည် နှင့်၊ လုံ ခြုံ စွာ စောင့် ထိန်း တော် မူ၏။ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ နိ ယ မ ကျောက် တောင် ဖြစ် တော် မူ သော ကြောင့်၊ ကိုယ် တော်၌ အ စဉ် အ မြဲ ကိုး စား ကြ လော့။
အို အ ကျွန်ုပ်၏ အ ရှင် ဘု ရား သ ခင်၊ အ ကျွန်ုပ် အ ပေါ်၌ က ရု ဏာ တော် ကြီး လှ၍၊ အ သက် ကို မ ရ ဏာ့ နိုင် ငံ အောက် ဆုံး မှ ကယ် လွှတ် တော် မူ ခဲ့ သော ကြောင့်၊ကျေး ဇူး တော် ကို စိတ် နှ လုံး အ ကြွင်း မဲ့ ချီး မွမ်း၍၊ နာ မ တော် ဘုန်း ကို အ စဉ် ချီး မြှောက် ပါ မည်။
ငါ၏ နှုတ် တွင်း သို့ လည်း၊ ငါ တို့ ဘု ရား သ ခင်၏ ဂုဏ် တော် ချီး မွမ်း ရာ သီ ချင်း သစ် ကို သွင်း တော် မူ၏။ အ များ သိ မြင် ခန့် ညား၍၊ ထာ ဝ ရ ဘု ရား၌ ကိုး စား ကြ လိမ့် မည်။
သို့ ဖြစ်၍ ဘု ရား သ ခင်၏ ဘုန်း တော် ထင် ရှား စေ ရန် ခ ရစ် တော် သည် သင် တို့ ကို လက် ခံ တော် မူ သည့် နည်း တူ အ ချင်း ချင်း လက် ခံ ကြ လော့။
အ နောက် နှင့် အ ရှေ့ ဝေး သည် နှင့် အ မျှ၊ ကျူး လွန် မှု များ ကို ငါ တို့ နှင့် ဝေး စေ တော် မူ ပြီ။
ခ ရစ် တော် နှင့် အ တူ ကား တင် ခံ ပြီး ဖြစ် လျက် ငါ့ ကိုယ် တိုင် အ သက် ရှင် တော့ မည် မ ဟုတ်။ ငါ၌ ခ ရစ် တော် ရှင် နေ တော် မူ၏။ ရုပ် ခ န္ဓာ၌ ယ ခု ငါ ရှင် သည် မှာ ငါ့ အား ချစ်၍ ငါ့ အ တွက် ကိုယ် ကို စွန့် တော် မူ သော ဘု ရား သ ခင့် သား တော် ကို ယုံ ကြည် ခြင်း ကြောင့် ရှင်၏။
ငါ့ အ သက် ဝိ ညာဉ် သည်၊ ဘု ရား သ ခင်၌ သာ ငြိမ် ဝပ် စွာ နေ ရ၏။ ကယ် တင် ရာ အ ကြောင်း သည်၊ အ ထံ တော် မှ ရောက် လာ၏။အ ညှဉ်း အ ပန်း ၌ ကိုး စား ခြင်း အ လု အ ယက် ကြောင့် ဝင့် ဝါ ခြင်း မ ပြု ကြ နှင့်။ တိုး ပွား သည့် ပ စ္စည်း များ ကို မ စွဲ လမ်း ကြ လင့်။ဘု ရား သ ခင် သည် တစ် ကြိမ် တည်း ဗျာ ဒိတ် ပေး တော် မူ သည် မှာ၊ တန် ခိုး သည် ဘု ရား သ ခင် နှင့် စပ် ဆိုင် သည်။အို အ ရှင် ဘု ရား၊ က ရု ဏာ လည်း ကိုယ် တော် နှင့် စပ် ဆိုင် ပါ သည် ဟူ သော နှစ် ချက် ကို ငါ ကြား ရ၏။ ကိုယ် တော် သည် လူ အ သီး အ သီး တို့ အား၊ ကိုယ့် အ ကျင့် အ လျောက် ဆပ် ပေး တော် မူ ပါ ၏။ကိုယ် တော် သာ လျှင်၊ ငါ့ အ ဖို့ ကျောက် တောင်၊ ကယ် တင် ရာ အ ကြောင်း၊ ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ၍၊ များ စွာ ရွေ့ ရ မည် မ ဟုတ်။
ထို ကာ လ သင် တို့ က၊ ထာ ဝ ရ ဘု ရား၏ ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။ နာ မ တော် ကို ပ ဌ နာ ပြု ကြ လော့။ အ မှု တော် များ ကို လူ အ မျိုး မျိုး တို့ သိ စေ ကြ လော့။ နာ မ တော် မြင့် မြတ် ကြောင်း ကို ဖော် ပြ ကြ လော့။ထာ ဝ ရ ဘု ရား သည် တန် ခိုး ပြ၍ စီ ရင် တော် မူ သော ကြောင့်၊ ကိုယ် တော့် အား သီ ချင်း ဖွဲ့ ဆို လျက်၊ ပြည် တိုင်း နှံ့ သိ စေ ကြ လော့။ အို ဇိ အုန် မြို့ သူ တို့၊ ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင် သည်၊ သင် တို့ အ လယ် တွင် ကြီး မြတ် တော် မူ သည် ကို ထောက်၍၊ ကျူး ဧ ဟစ် ကြော် ကြ လော့ ဟု မြွက် ဆို ကြ ရ မည်။
တစ် ကိုယ် တည်း အ ဖြစ် ခ ရစ် တော်၏ ငြိမ် သက် ခြင်း ထဲ သို့ အ ခေါ် ခံ ရ သည့် အ လျောက် ထို ငြိမ် သက် ခြင်း ကို သင် တို့ စိတ် နှ လုံး တွင် ခုံ သ မတ် ဖြစ် စေ လျက် ကျေး ဇူး တော် ကို သိ မှတ် ကြ လော့။
သို့ ဖြစ်၍ ညီ အစ် ကို တို့၊ ယေ ရှု သည် ရုပ် ခ န္ဓာ တော် တည်း ဟူ သော ကန့် လန့် ကာ ကို ဖွင့် ပြီး လျှင် အ သက် ရှင် သော လမ်း သစ် ကို ငါ တို့ အ ဖို့ စီ မံ တော် မူ သည့် အ တိုင်း အ သွေး တော် အား ဖြင့် အ ထူး သန့် ရှင်း ရာ ဌာ န တော် တွင်း သို့ ရဲ ရင့် စွာ ဝင် ခွင့် ကို ငါ တို့ ရ ကြ သော ကြောင့် လည်း ကောင်း၊အ ကယ်၍ စုံ လင် စေ နိုင် လျှင် ဝတ် ပြု သူ တို့ သည် အ ပြီး သတ် စင် ကြယ် ရာ ရောက် သ ဖြင့် သံ ဝေ ဂ စိတ် ကင်း ပြီး ဖြစ်၍ ထို ဆက် ကပ် မှု ပြတ် စဲ လေ ပြီ မ ဟုတ် လော။
ငါ သည် အ ခါ ခပ် သိမ်း ထာ ဝ ရ ဘု ရား အား ဩ ဘာ ဆက် ၍၊ ဂုဏ် တော် ကို အ စဉ် မ ပြတ် မြွက် ဆို မည်။ခြင်္သေ့ ပျို များ သည်၊ စား ရာ မဲ့ ၍ ငတ် မွတ် ရ သော် လည်း၊ ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ သူ တို့ ၌၊ အ ကောင်း ဆို သ မျှ လို လေ သေး မ ရှိ ရ။အ ချင်း သူ ငယ် တို့၊ လာ ရောက် နား ထောင် ကြ။ ထာ ဝ ရ ဘု ရား အား ခန့် ညား ခြင်း ဝတ် ကို၊ ငါ သွန် သင် မည်။မည် သူ သည် အ သက် ကို နှစ် သက် ၍၊ တာ ရှည် ကောင်း စား လို သ နည်း။ကိုယ့် လျှာ ကို မ ကောင်း သော အ ရာ မှ လည်း ကောင်း၊ ကိုယ့် နှုတ် ကို ပ ရိ ယာယ် ပြော ဆို ခြင်း မှ လည်း ကောင်း၊ စောင့် စေ။ဒု စ ရိုက် ကို ကြဉ်၍ သု စ ရိုက် ကို ယှဉ် လျက်၊ ငြိမ် သက် ခြင်း ကို ရှာ ဖွေ လိုက် လံ စေ။ထာ ဝ ရ ဘု ရား သည် ဖြောင့် မတ် သူ တို့ ကို မျက် မှောက် ပြု လျက်၊ အော် ဟစ် သံ ကို လည်း နား ညောင်း တော် မူ ၏။မ ကောင်း ပြု ကျင့် သူ တို့ ကို ကား၊ မျက် နှာ ထား ၍ အ မည် ကို ပင် မြေ ကြီး ပေါ် မှ ပယ် ရှား တော် မူ ၏။ဖြောင့် မတ် သူ တို့ အော် ဟစ် ရာ၊ ထာ ဝ ရ ဘု ရား သည် နား ညောင်း လျက်၊ ဒု က္ခ ရှိ သ မျှ မှ ကယ် လွှတ် တော် မူ၏။ထာ ဝ ရ ဘု ရား သည် ကြေ ကွဲ သော နှ လုံး ရှိ သူ တို့ အ နီး ရှိ နေ ၍၊ ကြေ မွ သော စိတ် ရှိ သူ တို့ ကို ကယ် တော် မူ ၏။ဖြောင့် မတ် သူ ၏ ဒု က္ခ များ ပြား သော် လည်း၊ ရှိ သ မျှ မှ ထာ ဝ ရ ဘု ရား ကယ် လွှတ် တော် မူ ၏။ငါ့ စိတ် သည် ထာ ဝ ရ ဘု ရား ၌ ဂုဏ် ရောက် သ ဖြင့်၊ စိတ် နှိမ့် ချ သူ တို့ ကြား သိ ၍ ဝမ်း မြောက် ရ ကြ မည်။သူ့ အ ရိုး ရှိ သ မျှ ကို စောင့် ရှောက် တော် မူ ၍၊ တစ် ချောင်း မျှ မ ကျိုး မ ပဲ့ ရ။လူ ဆိုး သည်၊ ဆိုး သွမ်း ခြင်း ဖြင့် သေ ဒဏ် ခံ ၍၊ ဖြောင့် မတ် သူ့ ကို မုန်း ထား သူ တို့ လည်း၊ ပြစ် ဒဏ် ခံ ရ ကြ လ တ္တံ့။ထာ ဝ ရ ဘု ရား သည်၊ ကျွန် တော် ရင်း တို့ အ သက် ကို ရွေး နုတ် တော် မူ သည့် အ လျောက်၊ ခို လှုံ သူ တစ် ယောက် မျှ ပြစ် ဒဏ် ခံ ရ မည် မ ဟုတ်။ငါ နှင့် အ တူ၊ ထာ ဝ ရ ဘု ရား ၏ ဂုဏ် တော် ကို ချီး မြှောက် ကြ လော့။ နာ မ တော် အား ထော မ နာ ပြု ကြ ကုန် အံ့။
အို မြေ ကြီး စွန်း အ ပေါင်း တို့ ငါ သာ လျှင် ဘု ရား သ ခင် ဖြစ် တော် မူ သော ကြောင့်၊ ငါ့ ကို လှည့် ကြည့်၍ ကယ် တင် ခြင်း ကို ခံ ကြ လော့။
ဘု ရား သ ခင် ကို ယုံ ကြည် သ ဖြင့် တစ် အိမ် ထောင် လုံး ရွှင် လန်း ကြ သည် နှင့် ကိုယ့် အိမ် သို့ ပင့် ခေါ်၍ စား ဖွယ် သောက် ဖွယ် တည် လေ၏။
တစ် ဦး၏ လွန် ကျူး မှု အ တွက် သေ ခြင်း တ ရား သည် ထို လူ ကြောင့် မင်း မူ သည် မှန် က ကြွယ် ဝ သော ကျေး ဇူး တော် နှင့် ဖြောင့် မတ် ခြင်း ဆု တော် ကို ခံ ရ သူ တို့ သည် ယေ ရှု ခ ရစ် တည်း ဟူ သော တစ် ပါး သူ ကြောင့် အ သက် ရှင် လျက် မု ချ မင်း မူ ရ ကြ လိမ့် မည်။
ထာ ဝ ရ ဘု ရား ၏ ကောင်း မြတ် တော် မူ ခြင်း အ ရ သာ ကို ဝင် စား သိ မြင် ကြ လော့။ ကိုယ် တော်၌ ခို လှုံ သူ သည် မင်္ဂ လာ ရှိ ၏။
ငါဧကန်အမှန်ဆိုသည်ကား၊ ငါ့စကားကိုကြားနာ၍ စေလွှတ်တော်မူလိုက်သောအရှင်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရသဖြင့် စီရင်ဆုံးဖြတ်မခံရ။ သေခြင်းအနေမှ ရှင်ခြင်းအနေသို့ကူးပြောင်းပြီးသူဖြစ်၏။
ဘု ရား သ ခင့် သား များ ငါ တို့ ဖြစ် ကြောင်း ကို ငါ တို့ ဝိ ညာဉ် နှင့် အ တူ ဝိ ညာဉ် တော် ပင် သက် သေ ခံ တော် မူ၏။သား မှန် က အ မွေ ခံ ဖြစ် ရုံ မျှ မ ဟုတ်။ ဘုန်း တော် ကို ခ ရစ် တော် နှင့် ခံ စား ခွင့် ရ ရန် ဒု က္ခ တော်၌ ဆက် ဆံ ကြ လျှင် ဘု ရား သ ခင့် အ မွေ တော် ခံ၊ ခ ရစ် တော် နှင့် အ မွေ စား ဘက် များ လည်း ဖြစ် ကြ သ တည်း။
မြင့် မြတ် သော ဘု ရား၏ အ တွင်း ဌာ န တော်၌ နေ ထိုင် သော သူ သည်၊ အ န န္တ တန် ခိုး ရှင်၏ အ ရိပ် ကို ခို လှုံ ရ လိမ့် မည်။သင့် ထံ ဘေး တစ် မျိုး မျှ မ ချဉ်း၊ နေ ထိုင် ရာ သို့ ကပ် ရော ဂါ တစ် မျိုး မျှ မ သင့် ရ။သွား လေ ရာ ရာ၌ သင့် ကို စောင့် ထိန်း ကြ စေ ရန်၊ စေ တ မန် တော် တို့ အား မှာ ထား တော် မူ သည့် အ တိုင်း၊ကျောက် ခဲ နှင့် ခြေ ကို မ ခိုက် မိ စေ ရန်၊ ချီ ပင့် ရ ကြ လိမ့် မည်။သင် သည် ခြင်္သေ့ နှင့် မြွေ ဆိုး များ ကို နင်း၍၊ ခြင်္သေ့ ပျို နှင့် န ဂါး တို့ ကို ကျော် ရ လိမ့် မည်။ငါ၌ စွဲ လမ်း သော ကြောင့်၊ သူ့ ကို ငါ ကယ် လွှတ်၍၊ ငါ့ နာ မ ကို သိ ကျွမ်း သော ကြောင့်၊ ချီး မြှောက် မည်။ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။တင်း တိမ် ဖွယ် အ သက် ရှည် စွာ သ နား ၍၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ကို ဖော် ပြ မည်။ငါ၏ ခို လှုံ ရာ၊ ငါ၏ ခံ တပ်၊ ငါ ကိုး စား ရာ ဘု ရား သ ခင် ပေ တည်း ဟု၊ ထာ ဝ ရ ဘု ရား အား ငါ ဝန် ခံ မည်။
ထာဝရအသက်ဟူသည်မှာ ဘုရားမှန်တစ်ဆူတည်းဖြစ်သောကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူလိုက်သော ယေရှုခရစ်ကိုလည်းကောင်း၊ သိကျွမ်းခြင်းတည်း။
သို့ ရာ တွင် ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ငါ တို့ အား အောင် မြင် ခွင့် သ နား တော် မူ သော ဘု ရား သ ခင်၏ ကျေး ဇူး တော် သည် ကြီး လှ ပေ ၏။
သို့ နှင့် အ ညီ ငါ တို့ သည် တွန့် ဆုတ် ခြင်း ကင်း လျက် ဗ ဟိ ဒ္ဓ လူ ပျက် ယွင်း သော် လည်း အ ဇ္စု တ္တ လူ ကား တစ် နေ့ ထက် တစ် နေ့ ပြု ပြင် ခံ လျက် ရှိ ၏။အ နိ စ္စ တည် လျက် မျက် မှောက် ရှိ ရာ များ ကို မ ဟုတ်။ နိ စ္စ တည် လျက် မျက် မှောက် မ ရှိ ရာ များ ကို သာ ထောက် ရှု ကြ သော ငါ တို့၌ ပေါ့ ဆ သော ဇင်္ဂ မ ဒု က္ခ သည် ကဲ လွန် ထူး မြတ် ကြီး လေး သော ထာ ဝ ရ ဘု ရား ဘုန်း အ သ ရေ အ ကျိုး ကို ဖြစ် ထွန်း စေ သ တည်း။
ဥ စ္စာ ဓ န ရှိ လေ သ မျှ ရွှင် လန်း သည် နှင့် အ မျှ၊ သက် သေ ခံ တော် မူ ရာ နည်း လမ်း ၌ ရွှင် လန်း ပါ ပြီ။
ကိုယ် တော် အား ဖြင့် ဘု ရား သ ခင့် ထံ ချဉ်း ကပ် သူ တို့ အ တွက် အ သ နား တော် ခံ ရန် အ စဉ် ရှင် နေ သည့် အ လျောက် ထို သူ တို့ ကို အ ဆုံး တိုင် ကယ် တင် တော် မူ နိုင်၏။
ငါ တို့ သည် ကိုယ် တော်၌ တည် လျက် ကိုယ် တော် လည်း ငါ တို့၌ တည် တော် မူ ကြောင်း ဝိ ညာဉ် တော် ဆု ကို သ နား တော် မူ သော ကြောင့် ငါ တို့ ကို သိ ရ သည့် ပြင်၊
သ ဒ္ဓါ ယုံ ကြည် ခြင်း ရှိ သော ငါ သည်၊ ထာ ဝ ရ ဘု ရား ပြု တော် မူ သော ကျေး ဇူး ရှိ သ မျှ ကို မည် သို့ ဆပ် ရ အံ့ နည်း။ကယ် တင် ခြင်း ဆိုင် ရာ ခွက် ကို ကိုင်၍၊ ထာ ဝ ရ ဘု ရား၏ နာ မ တော် အား ပ ဌ နာ ပြု ခြင်း၊
သင် တို့ လည်း ကိုယ်၏ ကယ် တင် ခြင်း သ တင်း တော် မြတ် တည်း ဟူ သော သ မ္မာ တ ရား တော် ကို ကြား နာ ရ ပြီး နောက် ထို အ ရှင် ကို ယုံ ကြည် ကြ သည် ဖြစ်၍ ပိုင် ဆိုင် တော် မူ ရာ ကို ရွေး နုတ် တော် မူ သ ဖြင့် ဘုန်း တော် ကို ချီး မွမ်း ကြ စေ ခြင်း ငှါ ငါ တို့ ပိုင် နက် စ ရန် ဖြစ် သော က တိ တော် ထား ပြီး သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် တံ ဆိပ် ခတ် တော် မူ ခြင်း ခံ ရ ကြ လေ ပြီ။
သူ တော် ကောင်း အ ဖို့ အ လင်း ကို လည်း ကောင်း၊ သ ဘော ဖြောင့် သူ့ အ ဖို့ သု ခ ကို လည်း ကောင်း၊ မျိုး ကြဲ ၍ ထား ၏။အ ချင်း သူ တော် ကောင်း တို့၊ ထာ ဝ ရ ဘု ရား ၌ ရွှင် လန်း လျက်၊ သန့် ရှင်း သော နာ မ တော် ကို ချီး မွမ်း ကြ လော့။
သင် တို့ သည် ရွှင် လန်း စွာ ချီ ထွက် လျက်၊ ချမ်း သာ စွာ ပို့ ဆောင် တော် မူ ရာ ခံ ရ ကြ လိမ့် မည်။ တောင် ကြီး တောင် ငယ် များ သည်၊ သင် တို့ ရှေ့ ကျူး ဧ ကြွေး ကြော် ၍၊ တော ရှိ အ ပင် ဟူ သ မျှ လည်း၊ လက် ခုတ် တီး ကြ လိမ့် မည်။
ထာ ဝ ရ ဘု ရား ထံ သီ ချင်း ဆို လျက်၊ နာ မ တော် ကို ဩ ဘာ ဆက် လျက်၊ တစ် နေ့ နောက် တစ် နေ့၊ အောင် မြင် တော် မူ ရာ သ တင်း ကို လွှင့် ကြ လော့။လူ မျိုး ခြား တို့ ၌ ဘုန်း တော် ကို လည်း ကောင်း၊ လူ မျိုး ခပ် သိမ်း တို့ ၌ အံ့ ဖွယ် ရာ အ မှု တော် များ ကို လည်း ကောင်း၊ ကြော် ငြာ ကြ လော့။
၎င်း ပြင် အ ကြံ တော် နှင့် အ ညီ ခေါ် ထား တော် မူ သူ၊ ဘု ရား သ ခင် ကို ချစ် ကြည် မြတ် နိုး သူ တို့ ကောင်း ကျိုး အ လို့ ငှါ အ ရာ ခပ် သိမ်း ဝိုင်း ညီ ပြု စု လျက် ရှိ ကြောင်း၊
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အ ကျွန်ုပ်၏ ဘု ရား သ ခင် ဖြစ် တော် မူ၏။ သ စ္စာ တော် တည် မြဲ၍၊ ရှေး ကာ လ က ပင် ပြ ဋ္ဌာန်း တော် မူ သော အံ့ ဩ ဖွယ် ရာ များ ကို စီ ရင် တော် မူ သော ကြောင့်၊ ဂုဏ် တော် ကို ချီး မြှောက်၍ နာ မ တော် ကို ချီး မွမ်း ပါ မည်။
ကျေး ဇူး တော် ကို ချီး မွမ်း လျက်၊ ထာ ဝ ရ ဘု ရား ၏ ဘုန်း တော် ကြီး မြတ် သော ကြောင့်၊ နည်း လမ်း တော် များ ကို သီ ချင်း ဖွဲ့ ဆို ရ ကြ ပါ လိမ့် မည်။
အို ယာ ကုပ် အ မျိုး၊ ဣ သ ရေ လ အ နွယ်၊ သင့် ကို ဖန် ဆင်း ပြု ပြင် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ မ ကြောက် လင့်၊ သင့် ကို ငါ ရွေး နုတ် ပြီ၊ အ မည် ဖြင့် ခေါ် ပြီ၊ သင် သည် ငါ ပိုင် ဆိုင် ရာ ဖြစ် သည် နှင့် အ ညီ ရေ ဘေး အ တွင်း ကူး သွား ရ လျှင် ငါ ပါ ရှိ မည်။ငါ့ ကို သိ ကျွမ်း ယုံ ကြည် ရန်လည်း ကောင်း၊ ငါ သာ လျှင် ငါ ဖြစ် သည် ဟု နား လည် ရန် လည်း ကောင်း၊ ငါ ထာ ဝ ရ ဘု ရား အ မိန့် တော် အ တိုင်း၊ သင် တို့ သည် ငါ၏ သက် သေ များ၊ ငါ ရွေး ချယ် သော ကျွန် ရင်း ဖြစ် ကြ၏။ ငါ အ ရင် ဘု ရား တစ် ဆူ မျှ မ ပွင့်။ ငါ့ နောက် လည်း၊ ပေါ် မည် မ ဟုတ်။ငါ သာ လျှင် ထာ ဝ ရ ဘု ရား ဖြစ်၏။ ငါ မှ တစ် ပါး၊ ကယ် တင် ပိုင် ရှင် မ ရှိ ချေ။ငါ သည် ဗျာ ဒိတ် ပေး ခြင်း၊ ကယ် တင် ခြင်း၊ ကြား ပြော ခြင်း များ ကို ပြု ခဲ့ ပြီ။ သင် တို့ အ တွင်း အ ခြား သော ဘု ရား မ ရှိ။ ငါ ထာ ဝ ရ ဘု ရား အ မိန့် တော် အ တိုင်း၊ သင် တို့ သည် ငါ၏ သက် သေ များ တည်း။ ငါ လည်း သင် တို့ ဘု ရား ပေ တည်း။ယ ခု မှ စ၍ လည်း၊ ငါ သာ လျှင် ငါ ဖြစ် သည့် အ လျောက်၊ လက် တော် မှ လွှတ် နိုင် သူ မ ရှိ။ ငါ စီ ရင် ပြီ။ မည် သူ ဖျက် သိမ်း နိုင် သ နည်း ဟု မိန့် တော် မူ ၏။သင် တို့ ကို ရွေး နုတ် ပိုင် ရှင်၊ ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ သင် တို့ အ တွက် ဗာ ဗု လုန် မြို့ သို့ ငါ စေ လွှတ် လိုက် ရာ၊ ခါ လ ဒဲ အ မျိုး သား ရှိ သ မျှ တို့ ကို၊ မောက် ကြွား သော သင်္ဘော များ နှင့် လူ ပြေး အ ဖြစ်၊ စုန် ဆင်း စေ လိမ့် မည်။ငါ သည် သင် တို့၏ သန့် ရှင်း သော အ ရှင်၊ သင် တို့၏ ဘု ရင်၊ ဣ သ ရေ လ လူ မျိုး ကို ဖန် ဆင်း သော ထာ ဝ ရ ဘု ရား ဖြစ် သည် ဟု မိန့် တော် မူ ၏။အား ကြီး သော သ မု ဒ္ဒ ရာ၌ လမ်း ခ ရီး ကို ပြု ပြင် တော် မူ ထ သော၊ ရ ထား တပ် မြင်း တပ် နှင့် တ ကွ၊ ဗိုလ် ထု အ လုံး အ ရင်း ကို ထုတ် ဆောင် ပြီး လျှင်၊ မ ထ နိုင် အောင် တစ် ပြိုင် နက် ဖြို လှဲ တော် မူ ထ သော၊ ကုန် ဆုံး စေ ၍ မီး စာ ကဲ့ သို့ ငြိမ်း သတ် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊အ တိတ် ကာ လ ဖြစ် ဖူး သော အ မှု ဟောင်း များ ကို အ မှတ် မ ပြု၊ ဂ ရု မ စိုက် ကြ နှင့်။ငါ သည် အ မှု သစ် ကို စီ ရင် ပြီ တ ကား။ ယ ခု ပင် ပေါ် ပေါက် တော့ မည်။ မ သိ မ မှတ် ကြ လော။ သဲ တော၌ လမ်း ကိုလည်း ကောင်း၊ ဆိတ် ညံ ရာ အ ရပ်၌ မြစ် များ ကိုလည်း ကောင်း၊ ငါ စီ မံ၏။မြစ် များ ကို ကူး သွား ရ လျှင် လွှမ်း မိုး ခြင်း၊ မီး၌ သွား ရ လျှင် ပူ လောင် ခြင်း၊ မီး လျှံ သင့် ခြင်း များ ကို ခံ ရ မည် မ ဟုတ်။ဘုန်း တော် ကို ဖော် ပြ ကြ စေ ခြင်း ငှာ ပိုင် ဆိုင် တော် မူ ရာ အ ဖြစ် ငါ ပြု ပြင် ရွေး ချယ် သော လူ မျိုး တော် ကို ရေ တိုက် လို၍ သဲ တော၌ ရေ ကိုလည်း ကောင်း၊ ဆိတ် ညံ ရာ အ ရပ်၌ မြစ် များ ကိုလည်း ကောင်း၊ ငါ ပေါက် ရောက် စေ သ ဖြင့်၊ ခွေး အ နှင့် ငှက် ကု လား အုပ် မှ စ၍ တော သား ရဲ တို့ ပင်၊ ဂုဏ် တော် ကို ဝန် ခံ ကြ လိမ့် မည်။အို ယာ ကုပ် အ မျိုး၊ ဣ သ ရေ လ အ နွယ်၊ သင် ကား။ ငါ့ အ တွက် ညီး ငွေ့၍၊ ငါ့ ကို ပ ဌ နာ ပြု လေ့ မ ရှိ။မီး ရှို့ ရာ သ က္ကာ အ ဖို့၊ သိုး ဆိတ် များ ကို ငါ့ ထံ ဆက် သွင်း ခြင်း၊ ယဇ် စီ ရင် ၍ ချီး မွမ်း ခြင်း များ ကို ပြု လေ့ မ ရှိ။ ငါ သည်၊ သင် ညီး ငွေ့ အောင် ဘော ဇဉ် သ က္ကာ ဆက် ကပ် မှု၊ လော ဗန် ပူ ဇော် မှု များ ကို မ ထမ်း ဆောင် စေ သော် လည်း၊သင် သည်၊ ငါ့ အ တွက် နံ့ သာ ပင် ကို တန် ဖိုး နှင့် မ ဝယ်။ ပူ ဇော် သော ဆီ ဥ နှင့် အာ ရုံ တော် မ ဖြေ ဘဲ၊ ငါ ညီး ငွေ့ အောင် ပြစ် မှု ဒု စ ရိုက် မှု ဝန် များ ကို ထမ်း ဆောင် စေ ပြီ တ ကား။ငါ သည် ကိုယ့် အ တွက် သာ လျှင် သင့် ပြစ် မှု များ ကို မေ့ လျော့ ၍၊ လွန် ကျူး မှု များ ကို ဖြေ ဖျောက် သော အ ရှင် ဖြစ် သ တည်း။ငါ့ ကို အ မှတ် ရ ပါ စေ။ တ ရား ဆိုင် ကြ ကုန် အံ့။ သင် သည် ဖြောင့် မှန် ရာ ရောက် အောင် လဲ လျှောက် လော့။သင့် အ ဘ ဦး ပြစ် မှား၍၊ ဗျာ ဒိတ် တော် ဆင့် တို့ လွန် ကျုး ကြ သော ကြောင့်၊ငါ သည် ဘိ သိက် ခံ သော မင်း များ ကို ရှုတ် ချ လျက်၊ ယာ ကုပ် အ မျိုး ကို မြေ လှန် ရာ သို့ လည်း ကောင်း၊ ဣ သ ရေ လ အ နွယ် ကို ပုတ် ခတ် ဆဲ ရေး ရာ သို့ လည်း ကောင်း၊ အပ် လိုက် ခဲ့ ပြီ ဟု မိန့် တော် မူ ၏။ငါ သည် သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ သင့် ကို ကယ် တင် ပိုင် ရှင် ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင် ဖြစ် သည် နှင့် သင့် ကို ရွေး နုတ် ဖိုး အ ဖြစ် အိ ဂျစ် ပြည် ကိုလည်း ကောင်း၊ သင့် အ စား ကု ရှ ပြည်၊ သေ ဘ ပြည် များ ကိုလည်း ကောင်း၊ ငါ အပ် နှင်း သည့် ပြင်၊
စေ တ မန် တော် က မ ကြောက် ကြ နှင့်။ နား ထောင် ကြ လော့။ လူ မျိုး တော် လုံး ဆိုင် ရာ အ လွန် ရွှင် လန်း ဝမ်း မြောက် ဖွယ် သ တင်း ကို ငါ ကြား ပြော လာ ပြီ။အ ရှင် ခ ရစ် တော် တည်း ဟူ သော ကယ် တင် ရှင် သည် ဒါ ဝိဒ် မင်း ဇာ တိ မြို့ တွင် ယ နေ့ သင် တို့ အ ဖို့ ဖွား မြင် တော် မူ ပြီ။
ငါ တို့၌ ပွင့် မည့် ဘုန်း တော် ကို ထောက် သော် ယ ခု ကာ လ ခံ ရ သော ဒု က္ခ များ ကို အ မှု မ ထား ထိုက် ဟု ငါ မှတ် ယူ၏။
သင် တို့ ကို ခေါ် ထား တော် မူ သော အ ရှင် သည် သ စ္စာ တည် တော် မူ သည့် အ လျောက် ထို သို့ ပင် ပြု တော် မူ လိမ့် မည်။
အ ချင်း မြေ တစ် ပြင် လုံး၊ ထာ ဝ ရ ဘု ရား အား ရွှင် လန်း သံ လွှင့် လျက်၊ ကြွေး ကြော် ကြ လော့။ အ သံ ထုတ် ၍ ကျူး ဧ ကြ လော့။စောင်း တီး၍ ထာ ဝ ရ ဘု ရား အား ကျူး ဧ ကြ လော့။ စောင်း တီး၍ ကျူး ဧ သော အ သံ နှင့် ဆို ကြ လော့။
က တိ ထား သော အ ရှင် သည် သ စ္စာ တည် တော် မူ သော ကြောင့် ငါ တို့ ဝန် ခံ ရာ မျှော် လင့် ခွင့် ကို မ ယိမ်း မ ယိုင် စွဲ မြဲ ခြင်း၊
နာမတော်ကိုယုံကြည်သူတို့တည်းဟူသော လက်ခံသူဟူသမျှတို့အား၊ ဘုရားသခင်၏ သားဖြစ်ထိုက်သောအခွင့်ကိုသနားတော်မူ၏။ထိုသားတို့သည်အသွေးချင်းအားဖြင့်မဟုတ်။ အသားရမ္မက်အားဖြင့်မဟုတ်။ လူ့ဆန္ဒအားဖြင့်လည်းမဟုတ်။ ဘုရားသခင့်အားဖြင့်ဖွားရကြ၏။
ထာ ဝ ရ ဘု ရား သည် နှောင့် နှေး တော် မူ သည် ဟု အ ချို့ တို့ မှတ် ယူ ကြ သည့် အ တိုင်း က တိ တော် ကို ဖြည့် ရန် နှောင့် နှေး တော် မူ သည် မ ဟုတ်။ မည် သူ မျှ မ ပျက် စီး ဘဲ ရှိ သ မျှ တို့ နောင် တ ရ ခွင့် ရှိ စေ ရန် သင် တို့ အ ပေါ် တွင် စိတ် ရှည် တော် မူ ၏။
ဖြောင့် မှန် သူ တို့ အ ဖို့၊ မှောင် မိုက် ထဲ မှာ အ လင်း တော် ပေါ် ထွန်း၍၊ ကျေး ဇူး ပြု သော သ ဘော၊ သ နား သော သ ဘော၊ ဖြောင့် မတ် သော သ ဘော ရှိ ကြ၏။သ နား ညှာ တာ၍ ချေး ငှား သူ သည် ကောင်း စား လျက်၊ တ ရား စီ ရင် ရာ ၌ အောင် လိမ့် မည်။မည် သည့် ကာ လ မျှ မ ရွေ့ ရ ဘဲ၊ ဖြောင့် မတ် သူ့ အ ထိမ်း အ မှတ် ကာ လ အ စဉ် တည် လိမ့် မည်။မ ကောင်း သ တင်း ကို မ ကြောက် ဘဲ၊ ထာ ဝ ရ ဘု ရား ၌ ကိုး စား သ ဖြင့်၊ စိတ် နှ လုံး တည် ကြည် ပါ ၏။
ဘု ရား သ ခင် သည် ငါ တို့ အ ပြု အ ကျင့် များ အ လျောက် မ ဟုတ်။ ရှေး မ ဆွ ကာ လ များ က ခ ရစ် တော် ယေ ရှု အား ဖြင့် ငါ တို့ အား သ နား တော် မူ၍ ငါ တို့ ကယ် တင် ရှင် ခ ရစ် တော် ယေ ရှု ထင် ရှား တော် မူ ခြင်း အား ဖြင့် ယ ခု ဖော် ပြ သော အ ကြံ တော် နှင့် ကျေး ဇူး တော် အ လျောက် ငါ တို့ ကို ကယ် တင်၍ သန့် ရှင်း သော အ ဖြစ် အ နေ သို့ ခေါ် ထား တော် မူ၏။ ခ ရစ် တော် ယေ ရှု လည်း သေ ခြင်း တ ရား ကို ပယ် ဖျက် ပြီး လျှင် အ သက် ရှင် ခြင်း နှင့် သင်္ခါ ရ ကင်း ခြင်း တ ရား ကို သ တင်း တော် မြတ် အား ဖြင့် ဖွင့် ထား တော် မူ ပြီ ဖြစ်၍၊
သင် တို့ သည် ပ ညတ် တ ရား အောက်၌ မ ဟုတ်။ ကျေး ဇူး တ ရား အောက်၌ ရှိ နေ ကြ သည့် အ လျောက် ကိုယ့် အ ပေါ် တွင် အ ပြစ် တ ရား မ အုပ် စိုး ရ။
ထာ ဝ ရ ဘု ရား ထံ ချဉ်း လာ ကြွေး ကြော် လျက်၊ ငါ တို့ ကို ကယ် တင် ရာ ကျောက် တောင် တော့် ထံ ရွှင် လန်း သံ လွှင့် ကြ ကုန် အံ့။ထို လူ မျိုး အ ပေါ် တွင် နှစ် ပေါင်း လေး ဆယ် ပတ် လုံး၊ ငါ့ နှ လုံး မ သာ ဖြစ် ၍၊ သူ တို့ သည် စိတ် နှ လုံး မှောက် မှား သော လူ မျိုး ဖြစ် သ ဖြင့်၊ ငါ့ နည်း လမ်း များ ကို မ သိ ကြ ဟု ဆို လျက်၊ငါ့ ငြိမ် ဝပ် ရာ ချမ်း သာ ကို ဝင် စား ကြ ရ မည် မ ဟုတ် ဟု၊ အ မျက် တော် ထား ၍ ငါ ဓိ ဋ္ဌာန် ၏။ကျေး ဇူး တော် ကို ချီး မွမ်း လျက်၊ မျက် နှာ တော် ကို ဖူး မြင်၍၊ သီ ချင်း ဆို လျက်၊ ရွှင် လန်း သံ ပြု ကြ ကုန် အံ့။
အ ပြစ် ဝန် ချ ကြ လျှင် မူ ကား ကိုယ် တော် သည် သ စ္စာ စောင့်၍ ဖြောင့် မတ် တော် မူ သ ဖြင့် ထို အ ပြစ် များ ကို ဖြေ လွတ် လျက် ဒု စ ရိုက် အ မျိုး မျိုး နှင့် စင် ကြယ် စေ တော် မူ မည်။
ငါ တို့ အ ထောက် အ မ၊ ငါ တို့ ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ သော ထာ ဝ ရ ဘု ရား ကို၊ စိတ် ပါ လျက် စောင့် မျှော် နေ ကြ ပြီ။သန့် ရှင်း သော နာ မ တော် ၌ ကိုး စား ကြ သော ကြောင့်၊ ကိုယ် တော် ၌ စိတ် ရွှင် လန်း ရကြ မည်။အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ကို အ ကျွန်ုပ် တို့ စောင့် မျှော် ကြ သည့် အ တိုင်း၊ အ ကျွန်ုပ် အ ပေါ်၌ က ရု ဏာ သက် တော် မူ ပါ။
အ န္တိ မ ကာ လ၌ ထင် ရှား ရန် အ သင့် ရှိ သော ကယ် တင် တော် မူ ခြင်း ခံ စား ကြ စေ ရန်၊ ယုံ ကြည် သူ သင် တို့ ကို လည်း တန် ခိုး တော် အား ဖြင့် ဘု ရား သ ခင် ကွယ် ကာ စောင့် ရှောက် တော် မူ လေ ပြီ။
ဘု ရား သ ခင် အား သီ ဆို ခြင်း၊ နာ မ တော် အား ကျူး ဧ ခြင်း၊ သဲ က န္တာ ရ တစ် လျှောက် စီး ကြွ တော် မူ သော အ ရှင့် ရှေ့ လမ်း ပို့ ခြင်း ပြု လျက်၊ မျက် မှောက် တော် ၌ ဂုဏ် ရောက် ကြ လော့။ ထို အ ရှင့် နာ မ တော် ကား၊ ယာ ဟ ပေ တည်း။ဘု ရား သ ခင် သည်၊ သန့် ရှင်း သော ဘုံ ဗိ မာန် တွင်၊ ဘ သက် ဆိုး တို့ အ ဘ၊ မု ဆိုး မ တို့ တ ရား မင်း အ ဖြစ် စံ နေ တော် မူ၏။ဘု ရား သ ခင် သည်၊ အ သီး ပု ဂ္ဂိုလ် တို့ အား နေ ရာ ပေး လျက်၊ သုံ့ ပန်း ခံ ရ သူ တို့ ကို ကောင်း စား ရာ သို့ ပို့ ဆောင် တော် မူ၏။ ပုန် ကန် တတ် သူ တို့ မူ ကား၊ သွေ့ ခြောက် ရာ၌ နေ ထိုင် ရ ကြ၏။
ငါ တို့ ခံ ရ သည့် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင့် မေ တ္တာ တော် ကို ငါ တို့ စိတ် နှ လုံး ထဲ၌ သွန်း လောင်း ပြီး ဖြစ်၍ ထို စောင့် မျှော် ခြင်း ကြောင့် စိတ် ပျက် ရ တော့ မည် မ ဟုတ်။
ဘု ရား သ ခင့် သား သ မီး များ ဟု ငါ တို့ အ ခေါ် ခံ ရ စေ ရန် ခ မည်း တော် သည် ငါ တို့ အ ပေါ်၌ မည် မျှ မေ တ္တာ ရှိ တော် မူ ကြောင်း ဆင် ခြင် ကြ လော့။ သား သ မီး များ မု ချ ဖြစ် သော ကြောင့် ဤ လော က သား တို့ သည် ကိုယ် တော် မှန်း မ သိ၍ ငါ တို့ ကို မ သိ မ မှတ် ကြ။ထို သို့ သော အား ဖြင့် ဘု ရား သ ခင့် သား သ မီး တို့ နှင့် မာရ် နတ်၏ သား သ မီး တို့ ထင် ရှား ကြ၏။ ဖြောင့် မတ် စွာ မ ပြု ကျင့် သူ၊ ညီ အစ် ကို ချင်း မ ချစ် သူ သည် ဘု ရား သ ခင့် ဘက် တော် သား မ ဟုတ်။အ စ အ ဦး က သင် တို့ ကြား နာ ခဲ့ ရာ ဗျာ ဒိတ် တော် မှာ ငါ တို့ သည် အ ချင်း ချင်း ချစ် ကြ ရ မည် ဟူ ၍ တည်း။မာရ် နတ် ဘက် သား ဖြစ်၍ ညီ ကို သတ် သော ကာ ဣ န ကဲ့ သို့ မ ဖြစ် စေ ရ။ အ ဘယ် ကြောင့် သတ် သ နည်း ဟု ဆို သော် ကိုယ့် အ ကျင့် အ ကြံ ဆိုး သွမ်း၍ ညီ၏ အ ကျင့် အ ကြံ ဖြောင့် မှန် သော ကြောင့် တည်း။ညီ အစ် ကို တို့၊ သင် တို့ ကို ဤ လော က သား တို့ မုန်း ကြ လျှင် အံ့ သြ ခြင်း မ ရှိ ကြ နှင့်။ငါ တို့ သည် ညီ အစ် ကို ချင်း ချစ် သော ကြောင့် သေ ခြင်း အ နေ မှ ရှင် ခြင်း အ နေ သို့ ကူး ပြောင်း ကြောင်း သိ ကြ၏။ မ ချစ် သူ ကား သေ ခြင်း အ နေ၌ တည် သ တည်း။ညီ အစ် ကို ချင်း မုန်း သူ သည် လူ သတ် ဖြစ်၏။ လူ သတ်၌ ထာ ဝ ရ အ သက် မ တည် သည် ကို သင် တို့ သိ ကြ၏။ငါ တို့ အ တွက် အ သက် စွန့် တော် မူ သည် ကို ထောက်၍ မေ တ္တာ တ ရား ကို သိ ရ ကြ သည့် အ လျောက် ငါ တို့ လည်း ညီ အစ် ကို ချင်း တို့ အ တွက် ကိုယ့် အ သက် ကို စွန့် စား သင့် ကြ ၏။လော က စည်း စိမ် ရှိ လျက် ညီ အစ် ကို ချင်း ဆင်း ရဲ သည် ကို သိ မြင်၍ သ နား စိတ် ချုပ် ချယ် သူ၌ ဘု ရား သ ခင် အား ချစ် ခြင်း မေတ္တာ သည် မည် သို့ တည် သ နည်း။သူ ငယ် တို့၊ နှုတ် လျှာ အား ဖြင့် သာ မ ဟုတ်။ ကာ ယ ကံ မြောက် မု ချ ချစ် ကြ ကုန် အံ့။ထို သို့ သော အား ဖြင့် ငါ တို့ သည် ကိုယ့် စိတ် နှ လုံး အ ပြစ် တင် တိုင်း တင် တိုင်း ငါ တို့ စိတ် နှ လုံး ထက် ဘု ရား သ ခင် ကြီး မြတ် ၍ အ ရာ ခပ် သိမ်း ကို သိ တော် မူ သည် နှင့် အ ညီ သ မ္မာ တ ရား ကပ် ကြောင်း သိ လျက် ရှေ့ တော် တွင် စိတ် ချ ခွင့် ရ ကြ လိမ့် မည်။ချစ် သူ တို့၊ ယ ခု ဘု ရား သ ခင့် သား သ မီး များ ဖြစ် ကြ သော ငါ တို့ သည် နောက် မည် သို့ ဖြစ် မည် မ ထင် ရှား သေး သော် လည်း ထင် ရှား တော် မူ သည့် ကာ လ အ ဖြစ် တော် အ တိုင်း ပင် ဖူး မြင် ခွင့် ရ သော ကြောင့် ပုံ သ ဏ္ဌာန် တော် အ လိုက် ဖြစ် မည် ကို သိ ကြ၏။
ထာ ဝ ရ ဘု ရား၏ က ရု ဏာ တော် များ ကို ကာ လ အ စဉ် သီ ချင်း ဖွဲ့ ဆို၍၊ သ စ္စာ တော် ကို လူ မျိုး အ ဆက် ဆက် နှုတ် မြွက် ကြား ပြော ပါ မည်။
အ ခြား မည် သူ ၌ မျှ ကယ် တင် ခြင်း မ တည်၊ ကယ် တင် တော် မူ ခြင်း ကို ငါ တို့ ခံ ရ စေ ရန် ကောင်း ကင် အောက် လူ့ ဘောင် တွင် ထို နာ မ မှ တစ် ပါး အ ခြား နာ မ ကို သ နား တော် မ မူ ဟု ပြန် ဆို ၏။
ခ ရစ် တော် မူ ကား အ ပြစ် သား ဖြစ် လျက် နေ သေး သော ငါ တို့ အ ဖို့ အ သေ ခံ တော် မူ ရာ၌ ငါ တို့ အ ပေါ် တွင် မေ တ္တာ တော် ရှိ ကြောင်း ဘု ရား သ ခင် ထင် ရှား စေ တော် မူ သ တည်း။
ငါ သည် စိတ် ပါ ကိုယ် ရောက် ထာ ဝ ရ ဘု ရား ကို စောင့် မျှော် တ သ လျက်၊ က တိ တော် ကို မျှော် လင့် ပါ ၏။
သန့် ရှင်း သော နာ မ တော် ၌ ဂုဏ် ယူ လျက်၊ ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ သူ တို့ စိတ် နှ လုံး ရွှင် လန်း ကြ စေ။
သို့ ဖြစ်၍ ချစ် သူ တို့၊ အ ခါ ခပ် သိမ်း လိုက် နာ တတ် ကြ သည့် အ တိုင်း ပင် ငါ ပါ ရှိ သည် ဟု မှတ်၍ မ ဟုတ်။ ယ ခု ကွာ လျက် ရှိ သော် လည်း ကိုယ့် ကယ် တင် ရေး ကို ကြောက် ရွံ့ တုန် လှုပ် စွာ ကြိုး စား ပြု ပြင် ကြ လော့။သ ဘော ပေါက်၍ ဆောင် ရွက် ကြ စေ ခြင်း ငှါ သင် တို့ စိတ် ထဲ၌ စေ တ နာ တော် အ လျောက် ပြု ပြင် တော် မူ သော အ ရှင် ကား ဘု ရား သ ခင် ပေ တည်း။
ရေး နှင့် သ မျှ ကျမ်း ချက် သည် ငါ တို့ တည် ကြည် ခြင်း အား ဖြင့် လည်း ကောင်း၊ ကျမ်း ဂန် တော် ကြောင့် ရ သော နှစ် သိမ့် ခြင်း အား ဖြင့် လည်း ကောင်း၊ မျှော် လင့် ခွင့် ရှိ ကြ စေ ရန် သွန် သင် ခြင်း အ ဖို့ ရေး ထား လျက် ရှိ ၏။
အ သို့ ဆို သော်၊ တ ရား စောင့် ခြင်း၊ ဖြောင့် မတ် ခြင်း များ ဖြင့် ယ ခု မှ စ၍ က မ္ဘာ အ ဆက် ဆက် ဒါ ဝိဒ် မင်း၏ ရာ ဇ ပ လ္လင် တော်၊ နိုင် ငံ တော် ခိုင် ခံ့ တည် မြဲ လျက်၊ အာ ဏာ တော် တိုး တက် လျက်၊ ငြိမ် သက် ခြင်း မ ဆုံး မ ကုန် စေ ခြင်း ငှာ၊ ငါ တို့ အ ဖို့ သူ ငယ် ကို ဖွား စေ၍ သား ကို ပေး သ နား တော် မူ သ ဖြင့်၊ ထို သူ ငယ် သည်၊ အာ ဏာ စက် ကို ထမ်း ဆောင် လျက်၊ အ မည် ကား၊ အံ့ ဖွယ် သော တိုင် ပင် ရှင်၊ တန် ခိုး ကြီး သော ဘု ရား၊ ထာ ဝ ရ အ ဖ၊ ငြိမ် သက် ခြင်း မင်း ဟု ခေါ် ဝေါ် ကြ လ တ္တံ့။ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ စေ တ နာ ထက် သန် တော် မူ ခြင်း အား ဖြင့် ထို သို့ ပြီး မြောက် လိမ့် သ တည်း။