ဒီနေ့လည်း ဘုရားသခင်က နေ့သစ်တစ်နေ့ ပေးသနားတော်မူပါတယ်။ နေ့သစ်တစ်နေ့ဆိုတာနဲ့တင် ဘုရားသခင်ရဲ့ကျေးဇူးတော်၊ မေတ္တာတော်တွေကို ချီးမွမ်းထောပနာပြုဖို့ အကြောင်းပြချက်တွေ အများကြီးပဲ။
နေ့စဉ်ဘဝမှာ အခက်အခဲတွေ၊ ပြဿနာတွေနဲ့ ရင်ဆိုင်ရတာ အမှန်ပါပဲ။ တစ်ခါတစ်လေ မနိုင်နင်းတော့ဘူးလို့တောင် ခံစားရနိုင်တယ်။ ဒါပေမယ့် ဒီအရာအားလုံးထက် အသက်ရှင်နေရတာကိုက ကျွန်ုပ်တို့ရဲ့ဖန်ဆင်းရှင် ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာ၊ ဆုလာဘ်တစ်ခုဆိုတာ မမေ့ပါနဲ့။
ဘုရားသခင်ဖန်ဆင်းထားတဲ့ လှပတဲ့ ဖန်ဆင်းခြင်းအလုံးစုံအတွက် ကျေးဇူးတင်ပါ။ ဘုရားသခင်ဖန်ဆင်းခဲ့တဲ့ အရာအားလုံးဟာ ကောင်းမြတ်ပါတယ်။ ဒီနေ့တစ်နေ့ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့၊ ဘုရားသခင်ရဲ့အလင်းတော်မှာ အမြဲတမ်းလျှောက်လှမ်းနိုင်ဖို့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အကူအညီကို တောင်းလျှောက်ပါ။ အဲဒီလိုဆိုရင် ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းတွေကို အမြဲမြင်တွေ့နိုင်မှာဖြစ်ပြီး အမြဲတမ်းပျော်ရွှင်နေနိုင်မှာပါ။
တခြားသူတွေကို မနက်ခင်းမင်္ဂလာပါလို့ နှုတ်ဆက်ခင်မှာ သန့်ရှင်းသောဝိညာဉ်တော်ကို အရင်ဆုံး “မနက်ခင်းမင်္ဂလာပါ” လို့ နှုတ်ဆက်ပါ။ သန့်ရှင်းသောဝိညာဉ်တော်နဲ့အတူ နေ့သစ်တစ်နေ့ကို စတင်ပါ။ ညအိပ်ရာဝင်ချိန်မှာလည်း ဘုရားသခင်ရဲ့ရှေ့တော်မှောက်မှာ အိပ်စက်အနားယူပါ။
ထာ ဝ ရ ဘု ရား စောင့် မ တော် မူ သော ကြောင့်၊ ငါ လှဲ၍ အိပ် ပျော် ပြီး နောက် နိုး မြဲ နိုး ရ ၏။
ကိုယ် တော်၌ အ ကျွန်ုပ် ကိုး စား သော ကြောင့်၊ မေ တ္တာ ကျေး ဇူး တော် သံ ကို နံ နက် ယံ၌ ကြား နာ ခွင့်၊ ကိုယ် တော် အား စွဲ လမ်း သော ကြောင့်၊ သွား ရာ လမ်း ကို သိ မြင် ခွင့် ပေး တော် မူ ပါ။
အို ထာ ဝ ရ ဘု ရား၊ နံ နက် ယံ ၌ အ ကျွန်ုပ် တောင်း လျှောက် သံ ကို ကြား ရ တော် မူ လိမ့် မည်။ နံ နက် ယံ၌ ပ ဌ နာ ပြု လျက် စောင့် နေ ပါ မည်။
အ ကျွန်ုပ် မူ ကား၊ တန် ခိုး တော် အ ကြောင်း သီ ချင်း ဆို ခြင်း၊ နံ နက် ယံ ၌ က ရု ဏာ တော် အ ကြောင်း ကြွေး ကြော် ခြင်း ပြု ပါ မည်။ ဒုက္ခ ရောက် သော ကာ လ၌၊ ကိုယ် တော် သည် အ ကျွန်ုပ်၏ ရဲ တိုက်၊ အ ကျွန်ုပ်၏ ခို လှုံ ရာ ဖြစ် တော် မူ ပြီ။
သင့် အ မူ အ ရာ ကို၊ ထာ ဝ ရ ဘု ရား အား လွှဲ အပ် လော့။ အ ကြံ အ စည် များ သည်၊ အ ထ မြောက် လိမ့် မည်။
တစ် သက် ပတ် လုံး ရွှင် လန်း၍ ကြွေး ကြော် ခွင့် ရ ကြ စေ ရန်၊ နံ နက် အ ချိန် တင်း တိမ် ဖွယ် က ရု ဏာ တော် ကို သ နား တော် မူ ပါ။
အ ကျွန်ုပ်၏ ကျောက် တောင် တော်၊ ရွေး နုတ် ပိုင် ရှင်၊ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ်၏ နှုတ် ထွက် စ ကား များ နှင့် စိတ် ဆင် ခြင် ချက် များ သည်၊ မျက် မှောက် တော်၌ လက် ခံ တော် မူ ဖွယ် ဖြစ် ပါ စေ သော။
အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် သည် ကိုယ် တော့် ထံ ဟစ် ခေါ် လျက်၊ နံ နက် အ ချိန် ၌ အ ကျွန်ုပ်၏ ပ ဌ နာ ကြို တင် ပါ ၏။
အ တောင် တော် နှင့် ဖုံး အုပ်၍၊ တောင် ပံ အောက် ခို လှုံ ခွင့် ပြု တော် မူ သည့် အ တိုင်း၊ သ စ္စာ တော် သည် ဒိုင်း ရှည် နှင့် ဒိုင်း လုံး ဖြစ် ၏။
ငါ သည် ထာ ဝ ရ ဘု ရား ကို၊ အ စဉ် မျက် မှောက် ပြု ပါ ပြီ။ ငါ့ လက်ျာ ဘက်၌ ရှိ နေ တော် မူ သော ကြောင့်၊ ငါ ရွေ့ ရ မည် မ ဟုတ် ပါ။
သို့ ဖြစ်၍ ယုံ ကြည် ခြင်း အား ဖြင့် ဖြောင့် မတ် ရာ ရောက် သော ကြောင့် ငါ တို့ သည် ဘု ရား သ ခင် ရှေ့ တော်၌ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ငြိမ် သက် ခြင်း ကို ခံ စား ကြ ကုန် အံ့။
အ မျက် တော် သည် တစ် ခ ဏ မျှ၊ ကျေး ဇူး တော် သည် တစ် သက် ပတ် လုံး တည် ၏။ ညဉ့် အ ခါ၌ ငို ကြွေး ခြင်း ဝင် ရောက် တည်း ခို သော် လည်း၊ နံ နက် ထ သော်၊ ရွှင် လန်း ရ ၏။
စိတ် နှ လုံး တည် ကြည် သော သူ့ ကို၊ ကိုယ် တော် ၌ ကိုး စား သည် နှင့်၊ လုံ ခြုံ စွာ စောင့် ထိန်း တော် မူ၏။
သင် တို့ အ တွက် ကြောင့် ကြ တော် မူ သော ကြောင့် သင် တို့ စိုး ရိမ် ခြင်း ရှိ သ မျှ ကို ကိုယ် တော့် အ ပေါ် သို့ လွှဲ တင် ကြ လော့။
အို ဘု ရား သ ခင်၊ အ ကျွန်ုပ်၌ စင် ကြယ် သော စိတ် နှ လုံး ကို ဖန် ဆင်း၍၊ တည် ကြည် သော သ ဘော ကို ပြု ပြင် တော် မူ ပါ။
ကျေး ဇူး တော် ကို ချီး မွမ်း လျက်၊ တံ ခါး တော် တွင်း သို့လည်း ကောင်း၊ ဂုဏ် တော် ကို ချီး မြှောက် လျက်၊ တံ တိုင်း တော် တွင်း သို့လည်း ကောင်း၊ ဝင် ကြ လော့။ ကျေး ဇူး တော် ကို ချီး မွမ်း လျက်၊ နာ မ တော် အား ဩ ဘာ ဆက် ကြ လော့။
ငါ တို့ ဝန် ကို၊ နေ့ စဉ် ထမ်း တော် မူ သော အ ရှင် ဘု ရား၊ ငါ တို့ ကို ကယ် တင် ပိုင် ရှင် ဘု ရား သ ခင် သည်၊ မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။
ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။
အိပ် သော အ ခါ၊ ကြောက် မက် ဖွယ် မ ရှိ ရ ဘဲ၊ ကောင်း မွန် စွာ အိပ် ပျော် ရ လိမ့် မည်။ရုတ် တ ရက် ကြောက် ရွံ့ ဖွယ် ရာ ကို လည်း ကောင်း၊ လူ ဆိုး တို့၌ သင့် ရောက် သော ဘေး ကို လည်း ကောင်း၊ မ စိုး ရိမ် နှင့်။အ သို့ ဆို သော်၊ ထာ ဝ ရ ဘု ရား သည်သင်၏ ကိုး စား ရာ ဖြစ်၍၊ ခြေ ကို မ ကျော့ မိ စေ ရန် စောင့် ထိန်း တော် မူ လိမ့် မည်။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ကို စောင့် မြော် ကြ သည့် အ တိုင်း၊ အ ကျွန်ုပ် တို့ အ ပေါ် သို့ က ရု ဏာ သက် တော် မူ ပါ။ နံ နက် တိုင်း၊ လူ မျိုး တော်၏ လက် ရုံး ဖြစ် လျက်၊ ဒု က္ခ ရောက် သော အ ခါ၊ အ ကျွန်ုပ် တို့၏ ကယ် တင် ရာ ကယ် တင် ကြောင်း ဖြစ် တော် မူ ပါ။
သင် တို့ နှုတ် မှ အ လ ဇ္ဇီ စ ကား မ ထွက် စေ ဘဲ၊ ကြား နာ သူ တို့၌ အ ကျိုး ကျေး ဇူး ဖြစ် စေ ရန်၊ ဆောက် တည် ဖွယ် ကောင်း သော စ ကား ကို သာ ထွက် စေ ကြ လော့။
ငါ သည် အ ခါ ခပ် သိမ်း ထာ ဝ ရ ဘု ရား အား ဩ ဘာ ဆက် ၍၊ ဂုဏ် တော် ကို အ စဉ် မ ပြတ် မြွက် ဆို မည်။
ပင် ပန်း သူ တို့ အား၊ စ ကား ဖြင့် ထောက် ခံ နိုင် စေ ရန်၊ အ ရှင် ထာ ဝ ရ ဘု ရား သည် တ ပည့် ရင်း တို့ ၏ နှုတ် သ တ္တိ ကို၊ ငါ့ အား ပေး တော် မူ ပြီ။ တ ပည့် ရင်း တို့ ဘာ ဝ နာ ခံ စေ ခြင်း ငှာ၊ နံ နက် တိုင်း ငါ့ နား ကို နှိုး ဆော် တော် မူ ၏။
ထာ ဝ ရ ဘု ရား၏ မေ တ္တာ ကျေး ဇူး တော် နံ နက် တိုင်း ပြန် သက်၍၊ မ ဖြတ် သော က ရု ဏာ တော် ကြောင့် သာ၊ အ ကျွန်ုပ် တို့ မ ကုန် ဆုံး ဘဲ နေ ရ ကြ ပါ၏။ မ ဟာ သ စ္စာ တော် လည်း တည် မြဲ ပါ၏ ဟူ၍ တည်း။
ဘု ရား သ ခင့် နိုင် ငံ တော် နှင့် ဖြောင့် မတ် ခြင်း တ ရား တော် ကို ဦး စွာ ရှာ ကြ လော့၊ ထို အ ရာ အ လုံး စုံ ကို ထပ် မံ သ နား တော် မူ လိမ့် မည်။ထို့ ကြောင့် နက် ဖြန် နေ့ အ ဖို့ မ စိုး ရိမ် ကြ နှင့်။ နက် ဖြန် နေ့ က ပင် ကိုယ့် အ ဖို့ စိုး ရိမ် လိမ့် မည်။ တစ် ရက် နှင့် ဆိုင် သော ဒု က္ခ သည် ထို ရက် အ ဖို့ တော် လောက် ၏။
မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။
အို ဘု ရား သ ခင်၊ ကိုယ် တော် ၏ အ ကြံ အ စည် တော် များ သည် အ ကျွန်ုပ် ၌ မွန် မြတ် လျက်၊ အ ချုပ် အ ချာ များ လှ ပါ တ ကား။ရေ တွက် လျှင် သဲ လုံး ထက် များ ပါ၏။ အ ကျွန်ုပ် နိုး သော အ ခါ၊ ကိုယ် တော် နှင့် အ တူ ရှိ နေ ပါ ၏။
ပင် ပန်း သူ ဝန် လေး သူ အ ပေါင်း တို့၊ ငါ့ ထံ လာ ကြ လော့။ ငါ သည် ချမ်း သာ စေ မည်။ငါ့ ထမ်း ပိုး ကို ထမ်း၍ ငါ့ ထံ မှ သင် ကြ လော့။ ငါ သည် သိမ် မွေ့ နှိမ့် ချ သော စိတ် ရှိ၏။ အ သက် ဝိ ညာဉ် ချမ်း သာ ရာ ကို လည်း သင် တို့ တွေ့ ကြ လိမ့် မည်။ကိုယ် တော် သည် ကြွ လာ ရ မည့် အ ရှင် လော။ အ ခြား မျှော် လင့် ရ ဦး မည် လော့ ဟု မေး လျှောက် စေ သည့် အ တိုင်းငါ့ ထမ်း ပိုး သည် ထမ်း လွယ် လျက် ငါ့ ဝန် လည်း ပေါ့ သည် ဟူ၍ မိန့် တော် မူ၏။
ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့ အ ဖို့ ဘု ရား သ ခင် အ လို တော် ရှိ သည့် အ တိုင်း အ စဉ် ရွှင် လန်း ခြင်း၊ မ ပြတ် ပ ဌ နာ ပြု ခြင်း၊ အ ရာ ရာ တွင် ကျေး ဇူး တော် ချီး မွမ်း ခြင်း များ ကို ပြု ကြ လော့။
စိုး စဉ်း မျှ မ စိုး ရိမ် ပဲ ကျေး ဇူး တော် ကို ချီး မွမ်း လျက် တောင်း လျောက် ပ ဌာ နာ ပြု ချက် များ ဖြင့် လို လေ ရာ ရာ ကို ဘု ရား သ ခင် ရှေ့ ဖော် ပြ ကြ လော့။သို့ ပြု လျင် ဉာဏ် ဟူ သ မျှ ထက် လွန် ကဲ သော ဘု ရား သ ခင် ငြိမ် သက် ခြင်း သည် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့၏ စိတ် နှ လုံး နှင့် အ ကြံ အ စည် များ ကို ကွယ် ကာ စောင့် ရှောက် လိမ့် မည်။
ငါ့ ကို ခွန် အား နှင့် ပြည့် စေ တော် မူ သော အ ရှင်၌ ငါ သည် အ ရာ ခပ် သိမ်း ကို စွမ်း ဆောင် နိုင်၏။
အ ကျိုး ဆက် အ ဖြစ် ပိုင် ရာ တော် ကို အ ရှင် ဘု ရား ထံ မှ ခံ ရ မည့် အ ကြောင်း သိ သည် နှင့် အ ညီ မည် သည့် အ မှု မ ဆို ပြု သော် လူ့ အ မှု မ ဟုတ်။ အ ရှင် ဘု ရား အ မှု တော် ဟု မှတ်၍ စိတ် ပါ ကိုယ် ရောက် ပြု ကြ လော့။ မ တ ရား ပြု သူ သည် မ တ ရား မှု အ ကျိုး ကို မျက် နှာ မ ရွေး ခံ စား ရ မည် ဖြစ်၍ အ ရှင် ခ ရစ် တော်၏ ကျွန် အ ဖြစ် ဆောင် ရွက် ကြ လော့။
က ရု ဏာ တော် ကို ခံ လျက် ထောက် မ သင့် သော အ ချိန်၌ ကျေး ဇူး တော် ကို ရ ခြင်း ငှာ ကျေး ဇူး ရာ ဇ ပ လ္လင် တော် သို့ ရဲ ရင့် စွာ ချဉ်း ကပ် ကြ ကုန် အံ့။
သင် တို့ အ နက် တစ် ယောက် ယောက် ၌ ဉာဏ် ပ ညာ ယုတ် လျော့ လျှင် အ ပြစ် မ တင် ဘဲ သူ ခပ် သိမ်း တို့ အား ကြွယ် ဝ စွာ သ နား တော် မူ သော ဘု ရား သ ခင့် ထံ တောင်း လျှောက် စေ။ သ နား တော် မူ လိမ့် မည်။