မုန်တိုင်းထဲကအသံတော်1 အို ကောင်းကင်သားတို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။ ကိုယ်တော်၏ဘုန်းအသရေတော်နှင့်တန်ခိုး တော်ကို ထောမနာပြုကြလော့။ 2 ဘုန်းအသရေတော်နှင့်ပြည့်စုံတော်မူသော ထာဝရဘုရား၏နာမတော်ကို ထောမနာပြုကြလော့။ သန့်ရှင်းမြင့်မြတ်တော်မူသောအရှင် ကြွလာတော်မူသောအခါ ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ်ကြလော့။ 3 ထာဝရဘုရား၏အသံတော်သည် ပင်လယ်များပေါ်တွင်ထွက်ပေါ်လာ၏။ ဘုန်းအသရေတော်နှင့်ပြည့်စုံတော်မူသော ထာဝရဘုရားသည်မိုးချုန်းတော်မူ၏။ အသံတော်သည်သမုဒ္ဒရာပေါ်တွင်ပဲ့တင်ထပ် လေ၏။ 4 ထာဝရဘုရား၏အသံတော်သည်ထွက်ပေါ် လာ၏။ ထိုအသံတော်သည်ဘုန်းတန်ခိုးအာနုဘော် တော်နှင့် ပြည့်စုံ၏။ 5 ထာဝရဘုရား၏အသံတော်ကြောင့် အာရဇ်ပင်တို့သည်ကျိုးကျကုန်၏။ လေဗနုန်တောမှအာရဇ်ပင်တို့ပင်လျှင် ကျိုးကျကုန်၏။ 6 ကိုယ်တော်သည်လေဗနုန်တောင်တို့ကို နွားသူငယ်များကဲ့သို့ခုန်ပေါက်စေတော် မူ၏။ ဟေရမုန်တောင်ကိုလည်းနွားသိုးပျိုကဲ့သို့ ခုန်စေတော်မူ၏။ 7 ထာဝရဘုရား၏အသံတော်သည်အလင်း ရောင်ကို ပေါ်ထွက်စေတော်မူ၏။ 8 ကိုယ်တော်၏အသံတော်သည်တောကန္တာရကို တုန်လှုပ်စေတော်မူ၏။ ကိုယ်တော်သည်ကာဒေရှတောကန္တာရကို တုန်လှုပ်စေတော်မူ၏။ 9 ထာဝရဘုရား၏အသံတော်သည် ဝက်သစ်ချပင်တို့ကိုတုန်လှုပ်စေတော်မူ၍ သစ်ပင်များမှအရွက်ရှိသမျှကိုကြွေစေ တော်မူ၏။ တစ်ချိန်တည်းမှာပင်``ဘုရားသခင်သည်ဘုန်း အသရေ ထွန်းတောက်တော်မူစေသတည်း'' ဟု ဗိမာန်တော်တွင်လူအပေါင်းတို့ကြွေးကြော် ကြ၏။ 10 ထာဝရဘုရားသည်ရေနက်ရာတို့တွင်စိုးစံ တော်မူ၏။ ကိုယ်တော်သည်ထာဝစဉ်ဘုရင်အဖြစ်ဖြင့် စိုးစံတော်မူ၏။ 11 ထာဝရဘုရားသည်မိမိ၏လူစုတော်အား စွမ်းအားပေးတော်မူ၏။ သူတို့အားငြိမ်းချမ်းသာယာမှုကောင်းချီး မင်္ဂလာကိုပေးတော်မူ၏။ |
© 2005 Bible Society of Myanmar
Bible Society of Myanmar