မြို့တံခါးထဲသို့ ယေဟုဝင်လာသောအခါ ယေဇဗေလက “ကိုယ့်သခင်ကိုသတ်ခဲ့သော ဇိမရိသည် ချမ်းသာရာရပါ၏လော”ဟု မေး၏။
ယေဟုသည်နန်းတော်ဝင်တံခါးဝကိုဝင်၍ လာသောအခါ ယေဇဗေလသည်ယေဟု အား``ကိုယ့်သခင်ကိုသတ်သောအချင်း ဇိမရိ သင်သည်အဘယ်ကြောင့် ဤအရပ်သို့လာ သနည်း'' ဟုဟစ်အော်၍ပြော၏။
မြို့ တံ ခါး ဖြင့် ယေ ဟု ဝင် လာ သော အ ခါ၊ ယေ ဇ ဗေ လ က၊ ကိုယ့် သ ခင် ကို သတ် သော အို ဇိ မ ရိ၊ အ ကြံ ကောင်း၏ လော ဟု မေး သော်၊
ယေဟုသည် တံခါးဝသို့ဝင်သောအခါ ယေဇဗေလက၊ မိမိသခင်ကိုသတ်သော ဇိမရိသည် ချမ်းသာရသလောဟု မေးလျှင်၊
ထို့ကြောင့် မြင်းစီးသူရဲတစ်ဦးသည် ယေဟုနှင့် သွားတွေ့ပြီး “ရှင်ဘုရင်က ‘ငြိမ်းချမ်းပါ၏လော’ဟူ၍ မေးတော်မူပါသည်”ဟု ဆိုလျှင် ယေဟုက “ငြိမ်းချမ်းခြင်းသည် သင်နှင့်မည်သို့ဆိုင်သနည်း။ ငါ့နောက်သို့ လိုက်ခဲ့လော့”ဟု ပြန်ပြော၏။ ကင်းစောင့်ကလည်း “တမန်သည် သူတို့ထံရောက်သွားပြီး ပြန်မလာတော့ပါ”ဟု သတင်းပို့လာ၏။
ထိုအခါ ယေဟုက ပြတင်းပေါက်သို့မော့ကြည့်ပြီး “မည်သူရှိသနည်း၊ ငါ့ဘက်မှာ မည်သူနေမည်နည်း”ဟု မေး၏။ ထိုအခါ မိန်းမစိုးနှစ်ဦးသုံးဦးက သူ့ကို ငုံ့ကြည့်ကြသဖြင့်