သူသည် အာဟပ်မင်းကြီး၏သမီးတော်ကို မိဖုရားမြှောက်ထား၍ အာဟပ်မင်းမျိုးမင်းနွယ်ကဲ့သို့ပင် အစ္စရေးဘုရင်တို့လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ပြီး ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုလေ၏။
၄ ရာ 8:27 - မြန်မာ့စံမီသမ္မာကျမ်း သူသည် အာဟပ်မင်းကြီး၏သမက်တော်ဖြစ်သည်နှင့်အညီ အာဟပ်မင်းမျိုးမင်းနွယ်လျှောက်သောလမ်းအတိုင်း လိုက်လျှောက်၏။ အာဟပ်မင်းမျိုးမင်းနွယ်ကဲ့သို့ပင် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကို ပြု၏။ Common Language Bible အာခဇိသည်အာဟပ်မင်းနှင့်အိမ်ထောင်ရေး အရဆွေမျိုးတော်စပ်သဖြင့် အာဟပ်မင်းအိမ် ထောင်စုနည်းတူထာဝရဘုရားအားပြစ်မှား လေသည်။ Garrad Bible အာ ခ ဇိ မင်း သည် အာ ဟပ် မင်း သ မက် တော် ဖြစ်၍ အာ ဟပ် မင်း မျိုး နည်း လမ်း ကို လိုက် လျက် ထို အ မျိုး ကဲ့ သို့ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် ၏။ Judson Bible အာခဇိသည် အာဟပ်၏သမက်ဖြစ်သဖြင့်၊ အာဟပ်အမျိုးလိုက်ရာလမ်းသို့ လိုက်၍၊ အာဟပ်အမျိုးကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ |
သူသည် အာဟပ်မင်းကြီး၏သမီးတော်ကို မိဖုရားမြှောက်ထား၍ အာဟပ်မင်းမျိုးမင်းနွယ်ကဲ့သို့ပင် အစ္စရေးဘုရင်တို့လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ပြီး ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုလေ၏။
တစ်ဖန် ပိုက်ကွန်နှင့်ထောင်ပိုက်ကဲ့သို့သောစိတ်နှလုံးရှိ၍ လက်ထိတ်ကဲ့သို့သောလက်ရှိသည့်မိန်းမသည် သေခြင်းထက် ပို၍ခါးသည်ကို ငါတွေ့ရ၏။ ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူသည် ထိုမိန်းမ၏လက်မှလွတ်မြောက်လိမ့်မည်။ အပြစ်ပြုသောသူမူကား သူ၏ဖမ်းမိခြင်းကိုခံရလိမ့်မည်။