ထိုသို့ မြို့ကိုဝိုင်းထားချိန်ကြာလာသောအခါ ရှမာရိမြို့တွင်း၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကြီး ဆိုက်ရောက်ပြီး မြည်းခေါင်းတစ်ခေါင်းကို ငွေစရှစ်ဆယ်ရှယ်ကယ်၊ ခိုချေးတစ်ကက်၏လေးပုံတစ်ပုံကို ငွေစငါးရှယ်ကယ် ဖြစ်သွားလေ၏။
မြည်းခေါင်းတစ်လုံးကိုငွေသားရှစ်ဆယ်ဖြင့် လည်းကောင်း၊ ခိုချေး အစိတ်သားကိုငွေသားငါးခုဖြင့်လည်းကောင်း ဝယ်ယူရသည့်တိုင်အောင်ထိုမြို့တွင်အစာ ခေါင်းပါး၏။
မြည်း ခေါင်း တစ် လုံး ကို ငွေ ရှစ် ဆယ် နှင့် လည်း ကောင်း၊ ချိုး ငှက် ချေး တစ် စ လယ် ကို ငွေ ငါး ကျပ် နှင့် လည်း ကောင်း၊ ဝယ် ရ မန်း တိုင် အောင် ထို မြို့ တွင် ကြီး စွာ သော မွတ် သိပ် ခြင်း ဖြစ် ၏။
ကြာမြင့်စွာဝိုင်းထားသောကြောင့်၊ ရှမာရိမြို့၌ အလွန်အစာခေါင်းပါး၍၊ မြည်းခေါင်းတစ်လုံးကို ငွေရှစ်ဆယ်နှင့်လည်းကောင်း၊ ပဲကြမ်းတစ်ပြည်ကို ငွေငါးကျပ်နှင့်လည်းကောင်း ရောင်းရ၏။
အီဂျစ်ပြည်တစ်ပြည်လုံးဆာလောင်မွတ်သိပ်သောအခါ လူတို့သည် အစားအစာအတွက် ဖာရောမင်းကြီးထံ အော်ဟစ်ကြ၏။ ထိုအခါ ဖာရောမင်းကြီးသည် အီဂျစ်ပြည်သားအပေါင်းတို့အား “ယောသပ်ထံသို့ သွားကြလော့။ သင်တို့အား သူပြောသည့်အတိုင်းပြုကြလော့”ဟု မိန့်ဆို၏။
ထို့ကြောင့် ဧလိယသည် အာဟပ်မင်းကြီးထံ ကိုယ်တိုင်သွားလေ၏။ ထိုစဉ်က ရှမာရိပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကြီး ဆိုက်ရောက်နေ၏။
ထိုနှစ် စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲ၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုးရွားစွာဖြစ်သဖြင့် မြို့သူမြို့သားတို့ စားစရာအလျှင်းမရှိတော့ပေ။
အစ္စရေးဘုရင်သည် မြို့ရိုးပေါ်တွင်ဖြတ်လျှောက်စဉ် အမျိုးသမီးတစ်ဦးက သူ့အား “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ အကျွန်ုပ်ကို ကယ်တော်မူပါ”ဟု အော်ဟစ်၏။
ရှင်ဘုရင်လည်း ညတွင်းချင်းထ၍ အမှုထမ်းတို့အား “ဆီးရီးယားလူမျိုးတို့ မည်သို့ကြံစည်နေသည်ကို သင်တို့အား ငါပြောပြမည်။ ငါတို့ငတ်ပြတ်နေသည်ကို သူတို့သိသဖြင့် တပ်စခန်းမှထွက်သွားပြီး တောထဲတွင် ပုန်းရှောင်နေကြ၏။ သူတို့က ‘အကယ်စင်စစ် မြို့သားတို့သည် မြို့ထဲမှထွက်လာကြလိမ့်မည်။ သူတို့ထွက်လာလျှင် ငါတို့က သူတို့ကို အရှင်ဖမ်းပြီး မြို့ထဲသို့ဝင်ကြမည်’ဟူ၍ သူတို့ကြံစည်ကြပြီ”ဟု မိန့်ဆို၏။
မြို့ထဲသို့ဝင်မည်ဆိုလျှင်လည်း မြို့ထဲမှငတ်မွတ်ခြင်းဘေးကြောင့် သေရလိမ့်မည်။ ဤနေရာမှာ ထိုင်နေလျှင်လည်း သေရမည်။ ထို့ကြောင့် ယခု ဆီးရီးယားတပ်စခန်းသို့ သွားကြစို့။ သူတို့က အသက်ချမ်းသာပေးလျှင် ငါတို့အသက်ရှင်ရမည်။ သူတို့သတ်လျှင်လည်း ငါတို့ သေရမည်”ဟု အချင်းချင်းပြောဆိုကြပြီးလျှင်
ကွင်းပြင်သို့ထွက်သွားသော် ဓားဖြင့်အသတ်ခံရသောသူတို့ကို တွေ့ရ၏။ မြို့ထဲသို့ဝင်သော် ငတ်မွတ်ခေါင်းပါးခြင်းဝေဒနာခံစားနေရသောသူတို့ကို တွေ့ရ၏။ ပရောဖက်နှင့် ယဇ်ပုရောဟိတ်တို့သည် သူတို့မသိသောပြည်သို့ သွားကြပြီ’ဟူသောစကားကို ပြောကြားရမည်”ဟု မိန့်တော်မူ၏။
ကြည့်ရှုတော်မူပါ။ မြို့ကိုသိမ်းယူရန် မြေကတုတ်ကို တည်ဆောက်ကြပြီ။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ကြောင့် ဤမြို့သည် တိုက်ခိုက်လာသောခါလဒဲတပ်၏လက်သို့ ရောက်ရလိမ့်မည်။ ကြည့်ရှုတော်မူပါ။ မိန့်တော်မူသည့်အတိုင်း ဖြစ်လာသည်ကို ကိုယ်တော်မြင်တော်မူပါ၏။
ထိုနှစ် စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲ၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုးရွားစွာဖြစ်သဖြင့် မြို့သူမြို့သားတို့ စားစရာအလျှင်းမရှိတော့ပေ။
မုန့်နှင့်ရေ ရှားပါးသောကြောင့် သူတို့သည် တစ်ဦးကိုတစ်ဦး တအံ့တဩကြည့်ကြလိမ့်မည်။ ကိုယ့်အပြစ်ကြောင့် ခွန်အားယုတ်လျော့သွားကြလိမ့်မည်။
အသက်အတွက် အမှီသဟဲဖြစ်သော အစားအစာကို သင်တို့ထံမှ ငါဖြတ်တောက်လိုက်သောအခါ မိန်းမဆယ်ယောက်တို့သည် မီးဖိုတစ်ခုတည်း၌ သင်တို့စားဖို့မုန့်ကို ဖုတ်၍ ထိုမုန့်ကို အချိန်အဆဖြင့်သာ သင်တို့ကို ပြန်ဝေပေးလိမ့်မည်။ သင်တို့သည်လည်း ဝလင်စွာ စားရကြလိမ့်မည်မဟုတ်။