သို့သော် ဂိလဒ်ပြည်သား ဗာဇိလဲ၏သားတို့ကို မေတ္တာကရုဏာပြ၍ သင်နှင့် တစ်စားပွဲတည်း၌စားရသောသူတို့နှင့်အတူ စားစေလော့။ အကြောင်းမူကား သင့်အစ်ကို အဗရှလုံကြောင့် ငါပြေးခဲ့ရစဉ်က သူတို့သည် ငါ့ကို လာရောက်မေတ္တာပြခဲ့ကြပြီ။
၄ ရာ 25:30 - မြန်မာ့စံမီသမ္မာကျမ်း သူအသက်ရှင်သမျှကာလပတ်လုံး သူ့အဖို့ စားစရိတ်၊ သုံးစရိတ်စသည့် နေ့စဉ်လိုအပ်ချက်ကို ရှင်ဘုရင်သည် သူ့အား ပေးသနားလေ၏။ Common Language Bible မိမိလိုအပ်သလိုသုံးစွဲနိုင်ရန်နေ့စဉ်မှန်မှန် အသုံးစရိတ်ကိုလည်း တစ်သက်လုံးရရှိ၏။ ဋ္ဌမ္မရာဇဝင်စတုတ္ထစောင်ပြီး၏။ Garrad Bible အ သက် ထက် ဆုံး ပင် ပွဲ တော် စာ ကို ဗာ ဗု လုန် ဘု ရင် အ စဉ် ကျွေး မွေး သ တည်း။ Judson Bible အသက်ရှည်သမျှ နေ့ရက်အစဉ်မပြတ် သူစားစရာဖို့ ဗာဗုလုန်ရှင်ဘုရင် ပေးသနားတော်မူ၏။ ဓမ္မရာဇဝင်စတုတ္ထစောင်ပြီး၏။ |
သို့သော် ဂိလဒ်ပြည်သား ဗာဇိလဲ၏သားတို့ကို မေတ္တာကရုဏာပြ၍ သင်နှင့် တစ်စားပွဲတည်း၌စားရသောသူတို့နှင့်အတူ စားစေလော့။ အကြောင်းမူကား သင့်အစ်ကို အဗရှလုံကြောင့် ငါပြေးခဲ့ရစဉ်က သူတို့သည် ငါ့ကို လာရောက်မေတ္တာပြခဲ့ကြပြီ။
ရှင်ဘုရင်သည် သီချင်းသည်များနေ့စဉ်နေ့တိုင်းပုံမှန်ပြုရမည့်အမှုကို စီရင်ချမှတ်ထား၏။
ဇေရုဗဗေလနှင့် နေဟမိတို့ခေတ်တွင်လည်း အစ္စရေးလူအပေါင်းတို့သည် သီချင်းသည်များနှင့် တံခါးစောင့်များအတွက် နေ့စဉ်လိုအပ်သည်များကို ပေးလှူကြ၏။ လေဝိအမျိုးတို့အတွက်လည်း သီးသန့်ပေးလှူကြ၏။ လေဝိအမျိုးတို့သည်လည်း အာရုန်သားမြေးတို့အတွက် သီးသန့်ပေးလှူကြ၏။
ငါသည် သင်နှင့် သင့်မွေးသမိခင်ကို သင်တို့မွေးဖွားရာအရပ်မဟုတ်သောအခြားပြည်သို့ နှင်ထုတ်လိုက်မည်။ ထိုပြည်၌ပင် သင်တို့သေရလိမ့်မည်။
သူအသက်ရှင်သမျှကာလပတ်လုံး သူ့အဖို့ စားစရိတ်၊ သုံးစရိတ် စသည့် နေ့စဉ်လိုအပ်ချက်ကို သူအနိစ္စရောက်သည်အထိ ဘေဘီလုံဘုရင်သည် သူ့အား ပေးသနားလေ၏။
ရှင်ဘုရင်သည် ထိုသူတို့အား ဘုရင်စားသောအစားအစာ၊ ဘုရင်သောက်သောစပျစ်ဝိုင်ကို နေ့စဉ်ကျွေးမွေး၍ သုံးနှစ်တိုင်တိုင် သင်ကြားလေ့ကျင့်ပေးစေ၏။ သုံးနှစ်စေ့သောအခါ ဘုရင့်ရှေ့တော်တွင် အမှုထမ်းရန် စီရင်၏။
ထိုနေ့ရက်များ၌ တပည့်တော်များတိုးပွားလာရာ ဂရိစကားကိုပြောသောဂျူးလူမျိုးတို့က မိမိတို့ထဲမှမုဆိုးမများသည် နေ့စဉ်ထောက်ပံ့ခြင်းအမှုတွင် လျစ်လျူရှုခံရသည်ဟု ဟေဗြဲစကားကိုပြောသောဂျူးလူမျိုးတို့အပေါ် အပြစ်တင်ပြောဆိုကြ၏။