သူသည် အမြင့်တစ်ဆယ့်ရှစ်တောင်၊ လုံးပတ်တစ်ဆယ့်နှစ်တောင်ရှိသော ကြေးနီတိုင်နှစ်တိုင်ကို သွန်းလုပ်၏။
၄ ရာ 25:13 - မြန်မာ့စံမီသမ္မာကျမ်း ခါလဒဲစစ်သည်တို့သည် ထာဝရဘုရား၏အိမ်တော်၌ရှိသောကြေးနီတိုင်များ၊ ထာဝရဘုရား၏အိမ်တော်၌ရှိသောကြေးနီရေကန်နှင့်တွန်းလှည်း တို့ကိုချိုးဖဲ့၍ ကြေးနီရှိသမျှကို ဘေဘီလုံမြို့သို့ ယူဆောင်သွားကြ၏။ Common Language Bible ဗာဗုလုန်အမျိုးသားတို့သည်ဗိမာန်တော်ရှိ ကြေးဝါတိုင်ကြီးများ၊ ကြေးဝါလှည်းများ၊ ကြေးဝါရေကန်ကြီးကိုအစိတ်စိတ်အမြွှာ မြွှာချိုးဖဲ့ပြီးလျှင် ကြေးဝါမှန်သမျှကို ဗာဗုလုန်ပြည်သို့ယူဆောင်သွားကြ၏။- Garrad Bible ဗိ မာန် တော် ရှိ ကြေး တိုင် များ၊ ကြေး ရေ ကန်၊ ကြေး အောက် ခံ များ ကို ခါ လ ဒဲ လူ မျိုး တို့ ဖဲ့၍ ဗာ ဗု လုန် မြို့ သို့ ယူ သွား ကြ ၏။ Judson Bible ဗိမာန်တော်၌ ကြေးဝါတိုင်တို့ကိုလည်းကောင်း၊ ကြေးဝါရေကန်ကိုလည်းကောင်း၊ ရေချိုးအင်တုံ အခြေအမြစ်တို့ကိုလည်းကောင်း၊ ခါလဒဲလူတို့သည် ချိုးဖဲ့၍၊ ကြေးဝါရှိသမျှကို ဗာဗုလုန်မြို့သို့ ယူသွားကြ၏။ |
သူသည် အမြင့်တစ်ဆယ့်ရှစ်တောင်၊ လုံးပတ်တစ်ဆယ့်နှစ်တောင်ရှိသော ကြေးနီတိုင်နှစ်တိုင်ကို သွန်းလုပ်၏။
‘ကြည့်ရှုလော့။ သင်၏နန်းတော်ထဲရှိအရာအားလုံး၊ သင်၏ဘိုးဘေးတို့စုဆောင်းထား၍ ယနေ့တိုင်အောင်ရှိနေသည့်အရာအားလုံးတို့ကို ဘေဘီလုံမြို့သို့ ယူဆောင်သွားမည့်နေ့ ရောက်လာလိမ့်မည်။ တစ်စုံတစ်ခုမျှကြွင်းကျန်လိမ့်မည်မဟုတ်’ဟု ထာဝရဘုရားမိန့်တော်မူပြီ။
ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်းပင် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်တို့မှ ရှိသမျှကို ယူဆောင်သွား၏။ ထာဝရဘုရား၏ဗိမာန်တော်ရှိ အစ္စရေးဘုရင်ရှောလမုန်မင်းကြီးပြုလုပ်ထားခဲ့သော ရွှေအသုံးအဆောင်အားလုံးကိုလည်း ချိုးဖဲ့ဖျက်ဆီး၍ယူဆောင်သွားလေ၏။
အိမ်တော်မျက်နှာစာတွင် အမြင့်သုံးဆယ့်ငါးတောင်ရှိသော တိုင်နှစ်တိုင်စိုက်ထူ၍ ထိုတိုင်တို့၏ထိပ်ရှိ တိုင်ထိပ်အုပ်မှာ ငါးတောင်စီမြင့်၏။
ဘုရားသခင်၏အိမ်တော်အသုံးအဆောင်အကြီးအသေးရှိသမျှ၊ ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာများ၊ ရှင်ဘုရင်နှင့် မှူးမတ်တို့၏ဘဏ္ဍာများအားလုံးကို ဘေဘီလုံမြို့သို့ ယူဆောင်သွား၏။
ယဇ်ပလ္လင်မှပြာကိုဖယ်ရှားရန်အတွက် အိုး၊ ဂေါ်ပြား၊ ဇလုံ၊ ခက်ရင်းခွ၊ မီးကျီးခံဗန်းတို့ကိုလည်း လုပ်ရမည်။ ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှတို့ကို ကြေးနီဖြင့်လုပ်ရမည်။
‘ကြည့်ရှုလော့။ သင်၏နန်းတော်ထဲရှိအရာအားလုံး၊ သင်၏ဘိုးဘေးတို့စုဆောင်းထား၍ ယနေ့တိုင်အောင်ရှိနေသည့်အရာအားလုံးတို့ကို ဘေဘီလုံမြို့သို့ ယူဆောင်သွားမည့်နေ့ ရောက်လာလိမ့်မည်။ တစ်စုံတစ်ခုမျှကြွင်းကျန်လိမ့်မည်မဟုတ်’ဟု ထာဝရဘုရားမိန့်တော်မူပြီ။
ငါသည် ဤမြို့၏စည်းစိမ်ဥစ္စာ၊ ချွေးနှဲစာ၊ အဖိုးတန်ရတနာရှိသမျှတို့ကိုလည်းကောင်း၊ ယုဒဘုရင်တို့၏ဥစ္စာဘဏ္ဍာရှိသမျှတို့ကိုလည်းကောင်း ရန်သူ့လက်သို့ အပ်မည်။ ရန်သူတို့သည် သူတို့ကို လုယူတိုက်ခိုက်၍ ဘေဘီလုံမြို့သို့ ယူဆောင်သွားလိမ့်မည်။
ရန်သူတို့သည် သူ၏အဖိုးတန်ပစ္စည်းအားလုံးကို လက်ဝါးကြီးအုပ်လေပြီ။ လူမျိုးခြားတို့သည် ကိုယ်တော်၏လူအစုအဝေးထဲသို့မဝင်ရဟု ကိုယ်တော်မိန့်မှာတော်မူခဲ့သော်လည်း သန့်ရှင်းရာဌာနတော်အထိပင် သူတို့ဝင်ရောက်ကြသည်ကို သူတွေ့မြင်ရလေပြီ။