ဟေဇကိမင်းကြီးက “အရိပ်သည် ရှေ့သို့အထစ်တစ်ဆယ်တိုးရန် လွယ်၏။ ထိုသို့မဟုတ်ဘဲ အရိပ်ကို အနောက်သို့ အထစ်တစ်ဆယ်ဆုတ်သွားစေပါ”ဟု တောင်းဆို၏။
၄ ရာ 20:11 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပရောဖက်ဟေရှာယက ထာဝရဘုရားထံဆုတောင်းရာ အာခတ်မင်းကြီး၏လှေကားထစ်များပေါ်မှ အချိန်တိုင်းအရိပ်ကို အနောက်သို့ အထစ်တစ်ဆယ်ပြန်ဆုတ်စေတော်မူ၏။ Common Language Bible ဟေရှာယသည်ထာဝရဘုရားထံပတ္ထနာ ပြုခြင်းအားဖြင့် အာခတ်မင်းဆောက်လုပ်ထား ခဲ့သည့်လှေကားပေါ်တွင်ကျလျက်ရှိသော အရိပ်သည်နောက်သို့ဆယ်ထစ်ဆုတ်လေ၏။ Garrad Bible ထာ ဝ ရ ဘု ရား ထံ ပ ရော ဖက် ဟေ ရှာ ယ ပ နာ ပြု ခြင်း အား ဖြင့် အာ ခတ် မင်း နေ ချိန် တွင် မွန်း လွဲ ဆယ် ဖ ဝါး ကို ဆုတ် စေ တော် မူ၏။ Judson Bible ပရောဖက်ဟေရှာယသည်လည်း၊ ထာဝရဘုရားအား ဆုတောင်းသောအခါ၊ အာခတ်၏ နေတိုင်းနာရီပေါ်မှာ ဆယ်ချက်ရွေ့ပြီးသောအရိပ်ကို ဆယ်ချက်ပြန်စေတော်မူ၏။ |
ဟေဇကိမင်းကြီးက “အရိပ်သည် ရှေ့သို့အထစ်တစ်ဆယ်တိုးရန် လွယ်၏။ ထိုသို့မဟုတ်ဘဲ အရိပ်ကို အနောက်သို့ အထစ်တစ်ဆယ်ဆုတ်သွားစေပါ”ဟု တောင်းဆို၏။
ထိုကာလတွင် ဟေဇကိမင်းကြီးသည် သေလုနီးပါးနာမကျန်း ဖြစ်၍ ထာဝရဘုရားထံ ဆုတောင်းသောအခါ ကိုယ်တော်သည် သူ့ကို အဖြေပေးတော်မူ၏။ အံ့ဖွယ်နိမိတ်လက္ခဏာကိုလည်း ပြပေးတော်မူ၏။
သို့သော် တိုင်းပြည်တွင်ဖြစ်ပျက်ခဲ့သောအံ့ဖွယ်အမှုတို့ကို သိလို၍ ဘေဘီလုံမှူးမတ်တို့သည် သူ့ထံသို့ သံတမန်ကိုစေလွှတ်၍မေးမြန်းစေသောအခါ ဘုရားသခင်သည် ဟေဇကိမင်းကြီး၏စိတ်ထဲရှိသမျှကိုသိလို၍ သူ့ကိုစမ်းသပ်သည့်အနေဖြင့် လွှတ်ထားလိုက်လေ၏။
ထာဝရဘုရားက မောရှေအား “သင်သည် အဘယ်ကြောင့် ငါ့ထံအော်ဟစ်နေသနည်း။ အစ္စရေးအမျိုးသားတို့အား ဆက်၍ခရီးပြုကြရန် ဆင့်ဆိုလော့။
ကြည့်ရှုလော့။ နေရွေ့သည်နှင့်အမျှလိုက်ရွေ့သွားသော အာခတ်မင်းကြီး၏လှေကားထစ်များပေါ်မှ အချိန်တိုင်းအရိပ်ကို အနောက်သို့ဆယ်ထစ် ငါပြန်ဆုတ်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြောကြားလော့။ ထို့ကြောင့် လှေကားထစ်ပေါ်မှ ရွေ့သွားပြီးသည့်နေ၏အရိပ်သည် နောက်သို့ဆယ်ထစ်ပြန်ဆုတ်လေ၏။
ပေတရုသည် အားလုံးကို အခန်းအပြင်သို့ထွက်စေပြီးလျှင် ဒူးထောက်လျက် ဆုတောင်းလေ၏။ ထို့နောက် အလောင်းဘက်သို့လှည့်၍ “တဗိသ၊ ထလော့”ဟု ဆိုလေရာ တဗိသသည် မိမိမျက်စိကိုဖွင့်ပြီး ပေတရုကိုမြင်သောအခါ ထ၍ထိုင်လေ၏။