ထို့နောက် ဧလိရှဲသည် စမ်းရေထွက်သောနေရာသို့သွား၍ ထိုနေရာကိုဆားခတ်ပြီးလျှင် “ထာဝရဘုရားက ‘ဤရေကို ငါသန့်ရှင်းစေပြီ။ နောက်တစ်ဖန် အပင်သေခြင်း၊ မဖြစ်ထွန်းခြင်း မရှိတော့စေရ’ဟူ၍ မိန့်တော်မူပြီ”ဟု ဆို၏။
၄ ရာ 2:22 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့မှစ၍ ယနေ့တိုင်အောင် ထိုရေသည် ဧလိရှဲဆင့်ဆိုသည့်စကားအတိုင်း သန့်ရှင်းလေ၏။ Common Language Bible ဧလိရှဲပြောသည့်အတိုင်းပင်ထိုအချိန်မှအစ ပြု၍ ယနေ့တိုင်အောင်ထိုရေသည်သန့်စင်လျက်ရှိ သတည်း။ Garrad Bible ထို ရေ သည် ယ နေ့ တိုင် အောင် ဥ ပဒ် ကင်း လေ သ တည်း။ Judson Bible ဧလိရှဲဆင့်ဆိုသောအမိန့်တော်အတိုင်း ထိုရေသည် ယနေ့တိုင်အောင် ချိုလေ၏။ |
ထို့နောက် ဧလိရှဲသည် စမ်းရေထွက်သောနေရာသို့သွား၍ ထိုနေရာကိုဆားခတ်ပြီးလျှင် “ထာဝရဘုရားက ‘ဤရေကို ငါသန့်ရှင်းစေပြီ။ နောက်တစ်ဖန် အပင်သေခြင်း၊ မဖြစ်ထွန်းခြင်း မရှိတော့စေရ’ဟူ၍ မိန့်တော်မူပြီ”ဟု ဆို၏။
ဧလိရှဲသည် ထိုမြို့မှ ဗေသလမြို့သို့ တက်သွားလေ၏။ သူတက်သွားရာလမ်းတွင် လူငယ်တစ်စုက မြို့ထဲမှထွက်လာပြီး “ဟေး ထိပ်ပြောင်ကြီး တက်သွားပါ။ ဟေး ထိပ်ပြောင်ကြီး တက်သွားပါ”ဟု ပြောင်လှောင်ကြ၏။