သင်သည် ငါ့ကိုအမျက်ထွက်ပြီး စော်ကားပြောဆိုသောစကားကို ငါကြားရသောကြောင့် ငါသည် သင့်ကို နဖားကြိုးတပ်မည်၊ ဇက်ခွံ့မည်။ သင်လာသောလမ်းဖြင့် သင့်ကိုပြန်စေမည်။
၄ ရာ 19:33 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက ‘သူသည် လာသောလမ်းဖြင့် ပြန်သွားရမည်။ ဤမြို့ထဲသို့ ဝင်ရမည်မဟုတ်။ Common Language Bible သူသည်မြို့ထဲသို့မဝင်ရဘဲလာလမ်းဖြင့်ပြန် ရမည်။ ဤကားငါထာဝရဘုရားမိန့်တော်မူ သောစကားဖြစ်၏။- Garrad Bible ငါ ဘု ရား အ တွက် ကျွန် တော် ရင်း ဒါ ဝိဒ် အ တွက် ဤ မြို့ ကို ငါ ကွယ် ကာ၍ အာ ရှု ရိ ဘု ရင် ချဉ်း ကပ် ခွင့် မ ရ ဘဲ လာ လမ်း ဖြင့် ပြန် ရ မည် ဟူ သော ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ကို ကြား လိုက် လေ ၏။ Judson Bible လာသောလမ်းဖြင့် ပြန်သွားရမည်။ ဤမြို့ထဲသို့ မဝင်ရ။ |
သင်သည် ငါ့ကိုအမျက်ထွက်ပြီး စော်ကားပြောဆိုသောစကားကို ငါကြားရသောကြောင့် ငါသည် သင့်ကို နဖားကြိုးတပ်မည်၊ ဇက်ခွံ့မည်။ သင်လာသောလမ်းဖြင့် သင့်ကိုပြန်စေမည်။
အကြောင်းမူကား ငါသည် ငါ့အတွက်၊ ငါ့အစေအပါးဒါဝိဒ်မင်းကြီးအတွက် ဤမြို့ကို ကာကွယ်မည်၊ ကယ်တင်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုစေ၏။
ထိုအခါ အဆီးရီးယားဘုရင် သနာခရိပ်မင်းကြီးသည် တပ်ဆုတ်၍ လှည့်ပြန်သွားပြီး နိနေဝေမြို့၌ စံမြန်းလေ၏။
ကြည့်ရှုလော့။ ငါသည် သူ၌အခြားသောစိတ်သဘောကိုသွင်းပေးမည်။ သူသည် သတင်းတစ်ခုကြား၍ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ ထို့နောက် သူ့ပြည်၌ သူ့ကို ဓားဖြင့်ကျဆုံးစေမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆို၏။
ရှင်ဘုရင်၏စိတ်နှလုံးသည် ထာဝရဘုရား၏လက်တော်၌ရှိ၍ ရေစီးသောချောင်းများကဲ့သို့ဖြစ်၏။ ကိုယ်တော်သည် ၎င်းကို အလိုတော်ရှိသည့် နေရာတိုင်းသို့ လှည့်စေတော်မူ၏။