ယွာဘနှင့်သူ၏အပေါင်းပါတို့သည် လာ၍ ရှေဘတည်းခိုနေသောအာဗေလဗက်မာခါမြို့ကိုဝိုင်းထားကြ၏။ ထို့နောက် မြို့တံတိုင်းအပြင်ဘက်တွင် မြေကတုတ်ဖို့၍ မြို့ရိုးကို ဖြိုချဖျက်ဆီးကြ၏။
၄ ရာ 19:32 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ထာဝရဘုရားသည် အဆီးရီးယားဘုရင်ကို ရည်ညွှန်း၍ ‘သူသည် ဤမြို့သို့ဝင်ရမည်မဟုတ်။ ဤအရပ်၌ မြားကိုပစ်ရမည်မဟုတ်။ ဤမြို့ရှေ့သို့ ဒိုင်းလွှားဖြင့် ချဉ်းကပ်ရမည်မဟုတ်။ မြေကတုတ်လည်း ဆောက်ရမည်မဟုတ်’ဟု မိန့်တော်မူ၏။ Common Language Bible ``အာရှုရိဧကရာဇ်မင်း၏အကြောင်းနှင့်ပတ် သက်၍ ထာဝရဘုရားက`သူသည်ဤမြို့သို့ ဝင်ရမည်မဟုတ်။ မြို့ထဲသို့လည်းမြားတစ် လက်မျှပစ်လွှတ်ရမည်မဟုတ်။ မြို့ကိုဝိုင်းရံ တိုက်ခိုက်ရန်မြေကတုတ်များကိုလည်းဖို့ လုပ်ရမည်မဟုတ်။- Garrad Bible အာ ရှု ရိ ဘု ရင် ကို ရည် ၍ ငါ ထာ ဝ ရ ဘု ရား မိန့် ပြန် သည် ကား ထို မင်း သည် မြို့ ကို ချဉ်း ခွင့်၊ မြှား ပစ် ခွင့်၊ မြို့ ပြင် တွင် ဒိုင်း လွှား ရေး ပြ ခွင့်၊ က တုတ် လှန် ခွင့် ရ မည် မ ဟုတ် ချေ။ Judson Bible သို့ဖြစ်၍ ထာဝရဘုရားသည် အာရှုရိရှင်ဘုရင်ကိုရည်မှတ်၍ မိန့်တော်မူသည်ကား၊ သူသည် ဤမြို့သို့မဝင်ရ။ မြို့ထဲသို့ မြားကိုမပစ်ရ။ မြို့ရှေ့မှာ ဒိုင်းလွှားကိုမပြရ။ မြို့ပြင်မှာ မြေရိုးကိုမဖို့ရ။ |
ယွာဘနှင့်သူ၏အပေါင်းပါတို့သည် လာ၍ ရှေဘတည်းခိုနေသောအာဗေလဗက်မာခါမြို့ကိုဝိုင်းထားကြ၏။ ထို့နောက် မြို့တံတိုင်းအပြင်ဘက်တွင် မြေကတုတ်ဖို့၍ မြို့ရိုးကို ဖြိုချဖျက်ဆီးကြ၏။
ဂျေရုဆလင်မြို့သို့သွား၍ တုံးမောင်းကိုချထားရန်၊ သတ်မိန့်ပေးရန်၊ စစ်ငြာသံပေးရန်၊ တုံးမောင်းကိုချထားပြီး မြို့တံခါးကို ဖြိုဖျက်ရန်၊ မြေကတုတ်များနှင့် ခံတပ်များကို တည်ဆောက်ရန် သူ၏လက်ယာလက်ထဲသို့ မဲကျ၏။