“သင်တို့သည် ယုဒဘုရင် ဟေဇကိမင်းကြီးအား ‘သင်ယုံကြည်ကိုးစားသောသင်၏ဘုရားသခင်က ဂျေရုဆလင်မြို့သည် အဆီးရီးယားဘုရင်၏လက်သို့ ရောက်မည်မဟုတ်’ဟု သင့်အား လှည့်စားမိန့်ဆိုသည်ကို သင်မခံနှင့်။
ထိုသတင်းကိုကြားသောအခါဧကရာဇ်မင်း သည် ယုဒဘုရင်ဟေဇကိထံသို့အမှာတော် စာပေးပို့လိုက်လေသည်။ ထိုအမှာတော်စာ တွင်``သင်ကိုးစားသည့်ဘုရားကသင်သည် ငါ ၏လက်တွင်းသို့ကျရောက်လိမ့်မည်မဟုတ် ကြောင်းမိန့်တော်မူသောစကားကြောင့်နား မယောင်နှင့်။-
အာ ရှု ရိ ဘု ရင့် လက် တွင်း သို့ ယေ ရု ရှ လင် မြို့ မ ရောက် ရ ဟူ သော သင် ကိုး စား သော ဘု ရား သ ခင်၏ လှည့် ဖြား ခြင်း ကို နား မ ယောင် နှင့်။
သင်တို့သည် ယုဒမင်းကြီးဟေဇကိကို ပြောရသောစကားဟူမူကား၊ သင်ကိုးစားသော ဘုရားသခင်က၊ ယေရုရှလင်မြို့သည် အာရှုရိရှင်ဘုရင်လက်သို့ မရောက်ရဟူ၍ သင့်ကို မလှည့်စားစေနှင့်။
သင်တို့ အသက်မသေ ရှင်ကျန်နေမည့်အကြောင်း ငါသည် လာ၍ သင်တို့ပြည်ကဲ့သို့ ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ထွက်သောပြည်၊ အစားအစာနှင့် စပျစ်ခြံပေါများသောပြည်၊ သံလွင်ဆီနှင့် ပျားရည်ရှိရာပြည်သို့ သင်တို့ကို ခေါ်ဆောင်သွားမည်။ ဟေဇကိက ထာဝရဘုရားသည် ငါတို့ကိုကယ်နုတ်တော်မူမည်ဟု ဆိုလျက် လှည့်စားသည်ကို မခံကြနှင့်။
သူသည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို ယုံကြည်ကိုးစား၏။ ယုဒဘုရင်အပေါင်းတို့တွင် သူ့အလျင်ရှိခဲ့သောဘုရင်များနှင့် သူ့နောက်မှဘုရင်များပါ သူနှင့်တူသောဘုရင် တစ်ပါးမျှမရှိ။
ကြည့်ရှုလော့။ အဆီးရီးယားဘုရင်တို့သည် တိုင်းပြည်အားလုံး အကုန်အစင်ပျက်စီးသွားအောင် မည်သို့ပြုခဲ့သည်ကို သင်ကြားရပြီ။ သင်လည်း လွတ်မြောက်မည်ဟုမထင်နှင့်။
“အီသီယိုးပီးယားဘုရင်တိရက္ကမင်းကြီးသည် သင့်ကိုတိုက်ခိုက်ရန်စစ်ချီလာပြီ”ဟူသော သတင်းကို အဆီးရီးယားဘုရင် ကြားရ၏။ သို့သော် ဟေဇကိမင်းကြီးထံသို့ စေတမန်တို့ကို တစ်ဖန်စေလွှတ်၍