ထာဝရဘုရားက “ဤအမှုကို မပြုရ”ဟု တားမြစ်ထားသောရုပ်တုကိုးကွယ်ခြင်းအမှုကို သူတို့ပြုကြ၏။
၄ ရာ 17:40 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူတို့သည် နားမထောင်ကြဘဲ ဓလေ့ထုံးတမ်းဟောင်းများအတိုင်းသာ ပြုကျင့်ကြ၏။ Common Language Bible သို့ရာတွင်သူတို့သည်နားမထောင်ဘဲ မိမိ တို့ဋ္ဌလေ့ထုံးစံဟောင်းများကိုသာဆက်လက် ကျင့်သုံးကြလေသည်။ Garrad Bible ဝင် နေ သူ လူ မျိုး တို့ လည်း မ လိုက် မ နာ ဘဲ ရှေး ထုံး နည်း အ တိုင်း ပြု၍ Judson Bible သူတို့သည်နားမထောင်၊ ရှေးထုံးစံဓလေ့သို့လိုက်ကြ၏။ |
ထာဝရဘုရားက “ဤအမှုကို မပြုရ”ဟု တားမြစ်ထားသောရုပ်တုကိုးကွယ်ခြင်းအမှုကို သူတို့ပြုကြ၏။
ယနေ့ထိတိုင်အောင် ဓလေ့ထုံးတမ်းဟောင်းများအတိုင်း ပြုကျင့်လျက်နေကြ၏။ ထာဝရဘုရားအား ကြောက်ရွံ့ခြင်းအလျှင်းမရှိ။ အစ္စရေးဟု အမည်ရသောယာကုပ်၏သားတို့အား ထာဝရဘုရားမိန့်မှာထားတော်မူသော ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များ၊ ဥပဒေသများ၊ ပညတ်ချက်များ စသည်တို့ကိုလည်း မလိုက်နာကြပေ။
သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုသာလျှင် ကြောက်ရွံ့ရမည်။ သို့ပြုလျှင် ကိုယ်တော်သည် ရန်သူအပေါင်းတို့၏လက်မှ သင်တို့ကို ကယ်နုတ်တော်မူလိမ့်မည်”ဟု မိန့်တော်မူခဲ့၏။
ထို့ကြောင့် ထိုလူမျိုးတို့သည် ထာဝရဘုရားကို ကြောက်ရွံ့သော်လည်း သူတို့၏ရုပ်တုများကိုလည်း ဝတ်ပြုကြသေး၏။ သူတို့၏သားစဉ်မြေးဆက်တို့သည်လည်း ယနေ့တိုင်အောင် ဘိုးဘေးတို့ပြုကျင့်သကဲ့သို့ ပြုကျင့်ကြလေ၏။
အစ္စရေးအမျိုးသားတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူခဲ့သော လူမျိုးခြားတို့နှင့် အစ္စရေးဘုရင်တို့ပြုကျင့်သောဓလေ့စရိုက်များနောက်သို့ လိုက်ကြ၏။
အီသီယိုးပီးယားလူသည် မိမိအသားအရေကိုလည်းကောင်း၊ ကျားသစ်သည် အကွက်အကျားဖြစ်နေသည်ကိုလည်းကောင်း ပြောင်းလဲပစ်နိုင်သလော။ ပြောင်းလဲနိုင်မည်ဆိုလျှင် ဆိုးညစ်သောအမှုကိုပြုမြဲပြုတတ်သောသင်တို့သည် ကောင်းသောအမှုကိုပြုလာနိုင်လိမ့်မည်။
သင်တို့သည် ထိုအရပ်၌ လူ့လက်ဖြင့်လုပ်၍ မမြင်နိုင်၊ မကြားနိုင်၊ မစားနိုင်၊ အနံ့မရနိုင်သော သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။