အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ဝတ်ကျောင်းများကို တည်ဆောက်ပြီး လေဝိအမျိုးမဟုတ်သော သာမန်လူများအား ယဇ်ပုရောဟိတ်အဖြစ် ခန့်ထား၏။
၄ ရာ 17:29 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် လူမျိုးတိုင်း မိမိတို့၏ဘုရားများကို ပြုလုပ်ပြီး ရှမာရိမြို့သားတို့တည်ထားသော အထွတ်အမြတ်ထားရာကုန်းမြင့်ရှိ ဝတ်ကျောင်းတို့တွင် ထားရှိကြ၏။ လူမျိုးတိုင်း မိမိတို့နေထိုင်ရာမြို့ရွာတို့တွင် ထိုသို့ပြုကြ၏။ Common Language Bible သို့ရာတွင်ရှမာရိပြည်တွင်လာရောက်နေထိုင် ကြသူတို့သည် မိမိတို့သက်ဆိုင်ရာရုပ်တုများ ကိုပြုမြဲပြုလုပ်၍ ဣသရေလအမျိုးသား တို့တည်ဆောက်ခဲ့သည့်တန်ဆောင်းများတွင်ထား ရှိကြ၏။ ထိုသူတို့သည် အုပ်စုအလိုက်သက် ဆိုင်ရာရုပ်တုများကိုမိမိတို့နေထိုင်ရာ မြို့များတွင်ပြုလုပ်ကြ၏။- Garrad Bible သို့ ရာ တွင် ထို လူ မျိုး အ သီး အ သီး တို့ သည် ကိုယ့် ဘု ရား ရုပ် များ ကို လုပ် ပြီး လျှင် တစ် မျိုး စီ အ တည် ကျ သော မြို့ ရွာ၌ ရှ မာ ရိ ပြည် ရင်း သား တို့ တည် ဆောက် ခဲ့ သော မြင့် ရာ ဌာ န ရှိ ကျောင်း အ တွင်း တင် ထား ကြ သော ဘု ရား များ ကား Judson Bible သို့သော်လည်း ထိုလူမျိုးအသီးအသီးတို့သည် မိမိတို့ဘုရားကိုလုပ်၍ နေရာကျသောမြို့ရွာတွင် မြင့်သောအရပ်ပေါ်မှာ ရှမာရိမြို့သားလုပ်နှင့်သော အိမ်တို့၌ တင်ထားကြ၏။ |
အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ဝတ်ကျောင်းများကို တည်ဆောက်ပြီး လေဝိအမျိုးမဟုတ်သော သာမန်လူများအား ယဇ်ပုရောဟိတ်အဖြစ် ခန့်ထား၏။
ဗေသလမြို့ရှိယဇ်ပလ္လင်၊ ရှမာရိမြို့ရွာရှိအထွတ်အမြတ်ထားရာကုန်းမြင့်မှဝတ်ကျောင်းများနှင့်ပတ်သက်၍ ထာဝရဘုရား၏စကားတော်အတိုင်း ထိုသူကြွေးကြော်ခဲ့သောအရာသည် အမှန်ဖြစ်လာလိမ့်မည်”ဟု မှာကြားလေ၏။
ထို့ကြောင့် ရှမာရိမြို့မှ သူတို့ဖမ်းခေါ်သွားသောယဇ်ပုရောဟိတ်တစ်ပါး ပြန်ရောက်လာကာ ဗေသလမြို့တွင် နေထိုင်ပြီး ထာဝရဘုရားအား မည်သို့ကြောက်ရွံ့ရိုသေရမည်ကို သူတို့အား သွန်သင်ပြသပေး၏။
လူမျိုးအပေါင်းတို့သည် မိမိတို့ဘုရားများ၏နာမ၌ အသီးသီးလိုက်လျှောက်ကြလိမ့်မည်။ ငါတို့မူကား ငါတို့၏ဘုရားသခင် ထာဝရဘုရားနာမတော်၌ ကာလအစဉ်အဆက်လိုက်လျှောက်ကြမည်။
ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသော ဘုရားသခင်၏ဘုန်းအသရေတော်ကို ဖောက်ပြန်ပျက်စီးတတ်သော လူ၊ ကျေးငှက်၊ ခြေလေးချောင်းသတ္တဝါနှင့် တွားသွားသတ္တဝါတို့၏သဏ္ဌာန်နှင့်တူသော ရုပ်တုဖြင့် လဲလှယ်ကြ၏။