ယွာဘနှင့် သူ့ဖခင်အိမ်သူအိမ်သားအားလုံးတို့၏ခေါင်းပေါ် ကျရောက်ပါစေ။ ယွာဘအမျိုးထဲတွင် အရိအရွဲထွက်သောသူ၊ အနာကြီးရောဂါစွဲသောသူ၊ ခါးချည့်သောသူ၊ ဓားဖြင့်သေရသူ၊ ငတ်မွတ်သောသူတို့ မပြတ်ပါစေနှင့်”ဟု မိန့်ဆိုလေ၏။
၄ ရာ 15:5 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် အာဇရိမင်းကြီးကို ဒဏ်ခတ်တော်မူသဖြင့် သူသည် အနိစ္စရောက်သည်အထိ အနာကြီးရောဂါစွဲကပ်ပြီး သီးခြားနန်းဆောင်တွင် စံမြန်းရ၏။ သားတော်ယောသံသည် နန်းတွင်းကိုအုပ်စိုး၍ တိုင်းသူပြည်သားလူအပေါင်းတို့ကို စီရင်အုပ်ချုပ်ရလေ၏။ Common Language Bible ထာဝရဘုရားသည်သြဇိအားအရေပြား ရောဂါစွဲကပ်စေတော်မူသဖြင့် သူသည်သေ သည့်တိုင်အောင်ထိုရောဂါကိုခံစားရ၏။ သို့ ဖြစ်၍သားတော်ယောသံအား တိုင်းပြည်အုပ် ချုပ်မှုတာဝန်ကိုလွှဲအပ်ပြီးလျှင် သီးခြား အိမ်တော်တွင်စံတော်မူရလေသည်။- Garrad Bible ထာ ဝ ရ ဘု ရား ဒဏ် ခတ် တော် မူ သ ဖြင့် ဘု ရင် မင်း သည် အ သက် ထက် ဆုံး၊ နူ နာ စွဲ သည့် အ တွက် စံ နန်း ဆောင် တွင် သီး ခြား စံ နေ ရ လျှင် သား တော် ယော သံ သည် နန်း တော်၊ နိုင် ငံ တော် ကို အုပ် စိုး စီ ရင် ရ ၏။ Judson Bible ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ ရှင်ဘုရင်သည် သေသည်တိုင်အောင် နူနာစွဲ၍ ခြားနားသောနန်း၌ နေရ၏။ သားတော်ယောသံသည် နန်းတော်ကိုအုပ်၍ နိုင်ငံတော်မှုကို စီရင်ရ၏။ |
ယွာဘနှင့် သူ့ဖခင်အိမ်သူအိမ်သားအားလုံးတို့၏ခေါင်းပေါ် ကျရောက်ပါစေ။ ယွာဘအမျိုးထဲတွင် အရိအရွဲထွက်သောသူ၊ အနာကြီးရောဂါစွဲသောသူ၊ ခါးချည့်သောသူ၊ ဓားဖြင့်သေရသူ၊ ငတ်မွတ်သောသူတို့ မပြတ်ပါစေနှင့်”ဟု မိန့်ဆိုလေ၏။
ဒါဝိဒ်မင်းကြီးသည် အစ္စရေးတစ်မျိုးလုံးကို အုပ်စိုး၍ ပြည်သူပြည်သားအပေါင်းတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာ အုပ်ချုပ်၏။
အစ္စရေးလူမျိုးအပေါင်းတို့သည် ထိုသို့ရှင်ဘုရင်စီရင်လိုက်သောအမှုကို ကြားသိရသောအခါ ရှင်ဘုရင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ဉာဏ်ပညာတည်နေသောကြောင့်သာ ဤသို့စီရင်နိုင်ကြောင်းကို သိကြသောကြောင့် ရှင်ဘုရင်ကို ကြောက်ရွံ့ရိုသေကြလေ၏။
ဤများပြားလှသောကိုယ်တော်၏လူမျိုးတော်ကို မည်သူအုပ်ချုပ်နိုင်ပါမည်နည်း။ ထို့ကြောင့် ကိုယ်တော့်အစေအပါးအား ကိုယ်တော်၏လူမျိုးတော်ကို စီရင်အုပ်ချုပ်နိုင်ရန်နှင့် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ရန်အတွက် သိနားလည်နိုင်သောနှလုံးသားကို ပေးတော်မူပါ”ဟု တောင်းလျှောက်၏။
ရေမလိ၏သား အစ္စရေးဘုရင်ပေကာမင်းကြီး နန်းစံနှစ်နှစ်တွင် ယုဒဘုရင်ဩဇိမင်းကြီး၏သားတော်ယောသံ နန်းတက်၏။
ကျန်ရှိနေသော အာဇရိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
သို့ဖြစ်၍ နေမန်၌စွဲသောအနာကြီးရောဂါသည် သင်နှင့် သင့်သားစဉ်မြေးဆက်တို့၌ အမြဲစွဲကပ်နေလိမ့်မည်”ဟု ဆို၏။ ဂေဟာဇိလည်း အနာကြီးရောဂါစွဲကပ်ပြီး နှင်းပွင့်ကဲ့သို့ဖြစ်၍ ဧလိရှဲထံမှ ထွက်သွားလေ၏။
ထိုအချိန်တွင် မြို့တံခါးဝ၌ အနာကြီးရောဂါစွဲနေသူလူလေးယောက်ရှိ၏။ သူတို့က “ငါတို့သည် အဘယ်ကြောင့် သေသည်အထိ ဤနေရာမှာထိုင်နေရမည်နည်း။
ဤသူအပေါင်းတို့သည် ယုဒဘုရင်ယောသံမင်းကြီးလက်ထက်နှင့် အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးလက်ထက်တွင် မျိုးရိုးစဉ်ဆက်စာရင်းဝင်သူများ ဖြစ်ကြ၏။
ကိုယ်တော်သည် အကြီးအကဲတို့ကို မျက်နှာလိုက်သည်မဟုတ်။ သူဌေးကို ဆင်းရဲသားထက် ပို၍အသိအမှတ်ပြုသည်မဟုတ်။ အကြောင်းမူကား လူအားလုံးသည် ဖန်ဆင်းခံလက်ရာတော်များ ဖြစ်ကြ၏။
အို ဘုရားသခင်၊ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကို ရှင်ဘုရင်အားလည်းကောင်း၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ရှင်ဘုရင်၏သားတော်အားလည်းကောင်း ပေးတော်မူပါ။
ယုဒဘုရင် ဩဇိမင်းကြီး၊ ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီးလက်ထက်၊ အစ္စရေးဘုရင် ယောရှသားယေရောဗောင်မင်းကြီးလက်ထက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗေရိ၏သားဟောရှေထံသို့ ရောက်လာ၏။
သူ၌ အနာစွဲနေသည့်ကာလပတ်လုံး သူသည် မစင်ကြယ်။ မစင်ကြယ်သဖြင့် သူတစ်ယောက်တည်းနေရမည်။ သူ၏နေရာသည် တပ်စခန်းအပြင်ဘက် ဖြစ်ရမည်။
ယုဒဘုရင် ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီးတို့လက်ထက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် မောရရှက်မြို့သားမိက္ခာထံသို့ရောက်လာ၍ ရှမာရိမြို့၊ ဂျေရုဆလင်မြို့တို့နှင့်ပတ်သက်သောနိမိတ်အာရုံကို မြင်ရ၏။
မိုးတိမ်သည် တဲတော်အပေါ်မှ ကွာသွားသည်နှင့် မိရိအံသည် အနာကြီးရောဂါစွဲ၍ နှင်းပွင့်ကဲ့သို့ဖြူလေ၏။ အာရုန်သည် မိရိအံကိုလှည့်ကြည့်သောအခါ အနာကြီးရောဂါစွဲနေသည်ကို မြင်လျှင်
ထာဝရဘုရားက မောရှေအား “သူ့ဖခင်သည် သူ့မျက်နှာကို တံတွေးထွေးလျှင် သူသည် ခုနစ်ရက်ပတ်လုံး အရှက်ရမည်မဟုတ်လော။ သူ့ကို တပ်စခန်း၏အပြင်ဘက်၌ ခုနစ်ရက်ပတ်လုံး နေစေရမည်။ ထို့နောက်မှ သူ့ကိုပြန်ခေါ်လာရမည်”ဟု မိန့်တော်မူ၏။
အနာကြီးရောဂါလက္ခဏာနှင့်ပတ်သက်၍ သတိပြုလော့။ လေဝိအမျိုးယဇ်ပုရောဟိတ်တို့က သင်တို့အားညွှန်ကြားသောအရာရှိသမျှကို အထူးလိုက်နာစောင့်ထိန်းရမည်။ လေဝိအမျိုးယဇ်ပုရောဟိတ်တို့အား ငါမိန့်မှာထားသည့်အတိုင်း သင်တို့ လိုက်နာစောင့်ထိန်းရမည်။