လူ၏အသက်ကိုသတ်သောသူသည် လူ့လက်ဖြင့်အသတ်ခံရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိ၏ပုံသဏ္ဌာန်အတိုင်း လူကိုဖန်ဆင်းတော်မူ၏။
၄ ရာ 14:5 - မြန်မာ့စံမီသမ္မာကျမ်း သူသည် မိမိလက်ထက် နိုင်ငံတော်တည်မြဲလာသည့်အခါ ရှင်ဘုရင်ဖြစ်သောမိမိခမည်းတော်ကို လုပ်ကြံခဲ့သော မင်းမှုထမ်းတို့အား ကွပ်မျက်ပစ်လိုက်လေ၏။ Common Language Bible အာမဇိသည်မိမိ၏အာဏာတည်သည်နှင့် တစ်ပြိုင်နက် ခမည်းတော်ဘုရင်မင်းကိုလုပ် ကြံသည့်မှူးမတ်တို့ကိုကွပ်မျက်လေ၏။- Garrad Bible အာ မ ဇိ မင်း သည် အာ ဏာ တော် ခိုင် ခံ့ လျှင် ခိုင် ခံ့ ချင်း၊ ခ မည်း တော် အား လုပ် ကြံ သူ ကျေး ကျွန် တို့ ကို ကွပ် မျက် လေ ၏။ Judson Bible အာမဇိသည် မင်းအာဏာတည်သောအခါ၊ ခမည်းတော်မင်းကြီးကို သတ်သောကျွန်တို့ကို သတ်လေ၏။ |
လူ၏အသက်ကိုသတ်သောသူသည် လူ့လက်ဖြင့်အသတ်ခံရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိ၏ပုံသဏ္ဌာန်အတိုင်း လူကိုဖန်ဆင်းတော်မူ၏။
အဆီးရီးယားဘုရင်ပုလမင်းကြီးသည် အစ္စရေးပြည်ကို လာရောက်တိုက်ခိုက်သဖြင့် မေနဟင်က ပုလမင်းကြီး မိမိနှင့်လက်တွဲပြီး မိမိလက်ထဲ၌နိုင်ငံတော်တည်မြဲလာစေရန် ငွေတာလန်တစ်ထောင်ကို ဆက်သလိုက်၏။
ထိုအခါ ပြည်သူပြည်သားတို့သည်အာမုန်မင်းကြီးအား လုပ်ကြံခဲ့သူအားလုံးကို ပြန်သတ်ပြီး ထိုပြည်သူပြည်သားတို့ကပင် မင်းကြီး၏သားတော်ယောရှိအား ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေ၏။
သွေးသည် ပြည်ကို ညစ်ညူးစေသည်ဖြစ်၍ သင်တို့နေထိုင်သောပြည်ကို မညစ်ညူးစေရ။ ပြည်၌ သွန်းသောသွေးအတွက် သွေးသွန်းသောသူ၏သွေးမှတစ်ပါး ထိုပြည်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုမပြုနိုင်။