ယောခတ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ယောရှမင်းကြီး နန်းစံနှစ်နှစ်တွင် ယုဒဘုရင်ယောရှမင်းကြီး၏သားတော်အာမဇိ နန်းတက်၏။
၄ ရာ 14:2 - မြန်မာ့စံမီသမ္မာကျမ်း အာမဇိနန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် နှစ်ဆယ့်ကိုးနှစ် စိုးစံ၏။ မယ်တော်ကား ဂျေရုဆလင်မြို့သူ ယုဒ္ဒန်အမည်ရှိ၏။ Garrad Bible အိမ် နိမ့် နှစ် ဆယ့် ငါး နှစ် ရှိ သော် နန်း တက်၍ ယေ ရု ရှ လင် မြို့၌ နှစ် ဆယ့် ကိုး နှစ် စိုး စံ လေ၏။ မယ် တော့် အ မည် ကား ယေ ရု ရှ လင် မြို့ သူ ယု ဒ္ဒန် တည်း။ Judson Bible ယုဒရှင်ဘုရင် ယောရှသားအာမဇိသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်ဆယ်ကိုးနှစ်စိုးစံ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သူ ယုဒ္ဒန်အမည်ရှိ၏။ |
ယောခတ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ယောရှမင်းကြီး နန်းစံနှစ်နှစ်တွင် ယုဒဘုရင်ယောရှမင်းကြီး၏သားတော်အာမဇိ နန်းတက်၏။
သူသည် ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မတ်စွာပြုကျင့်သော်လည်း ဘိုးဘေးဒါဝိဒ်မင်းကြီးကဲ့သို့မဟုတ်၊ ခမည်းတော်ယောရှမင်းကြီးပြုကျင့်သမျှအတိုင်း ပြုကျင့်၏။
အာမဇိနန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် နှစ်ဆယ့်ကိုးနှစ် စိုးစံ၏။ မယ်တော်ကား ဂျေရုဆလင်မြို့သူ ယုဒ္ဒန်အမည်ရှိ၏။