ရှောလမုန်မင်းကြီးထံ၌ အထမ်းသမား အယောက်ခုနစ်သောင်းနှင့် တောင်ပေါ်တွင် ကျောက်ဆစ်သမား အယောက်ရှစ်သောင်းရှိ၏။
၄ ရာ 12:12 - မြန်မာ့စံမီသမ္မာကျမ်း ပန်းရန်သမားများ၊ ကျောက်ဆစ်သမားများကို ပေး၏။ ထာဝရဘုရား၏အိမ်တော်အပျက်အစီးများကို ပြုပြင်ရာ၌လိုအပ်သော ဆစ်ပြီးသားကျောက်များ၊ သစ်သားများကို ထိုငွေဖြင့် ဝယ်ယူ၏။ အိမ်တော်ပြုပြင်ရာတွင် အခြားကုန်ကျစရိတ်အားလုံးအတွက် အသုံးပြု၏။ Common Language Bible ပန်းရံသမားနှင့်ကျောက်ဆစ်သမားတို့၏ လုပ်ခများအတွက်လည်းကောင်း၊ မွမ်းမံပြင် ဆင်ရာတွင်လိုအပ်သောသစ်သား၊ ကျောက် ဝယ်ယူရန်နှင့်အခြားလိုအပ်သည့်စရိတ် များအတွက်လည်းကောင်းအသုံးပြုကြ၏။- Garrad Bible ဗိ မာန် တော်၌ လုပ် ရ သော ပန်း တဉ်း၊ ပန်း ပု၊ ပန်း ရန်၊ ကျောက် ဆစ် သ မား တို့ အ တွက် လည်း ကောင်း၊ ဗိ မာန် တော် အက် ကွဲ ရာ များ ကို ထေး ဖာ ရာ သစ် သား နှင့် ဆစ် ပြီး ကျောက် မှ စ သော ကိ ရိ ယာ အ မျိုး မျိုး ကို ဝယ် ရန် အ တွက် လည်း ကောင်း ပေး ကြ ၏။ Judson Bible ပန်းရန်သမား၊ ကျောက်ဆစ်သမားတို့အတွက် ဗိမာန်တော်ပြိုပျက်ရာကို ပြုပြင်စရာကျောက်နှင့် သစ်သားကိုဝယ်၍ ကုန်သမျှသောအတွက် ပေးဝေကြ၏။ |
ရှောလမုန်မင်းကြီးထံ၌ အထမ်းသမား အယောက်ခုနစ်သောင်းနှင့် တောင်ပေါ်တွင် ကျောက်ဆစ်သမား အယောက်ရှစ်သောင်းရှိ၏။
ထို့နောက် ရေတွက်ပြီးသောထိုငွေတို့ကို ထာဝရဘုရား၏အိမ်တော်အဖို့ ခန့်ထားသောအလုပ်ကြီးကြပ်သူတို့လက်သို့ အပ်၏။ အလုပ်ကြီးကြပ်သူတို့လည်း ထိုငွေကို ထာဝရဘုရား၏အိမ်တော်တွင် အလုပ်လုပ်သော လက်သမားများ၊ ဆောက်လုပ်ရေးသမားများ၊
ကျောက်ဆစ်သမား၊ လက်သမားတို့ကို ငွေပေး၍ခိုင်းစေ၏။ ပါးရှားဘုရင် ကုရုမင်းကြီး၏ခွင့်ပြုချက်ဖြင့် ဆီဒုန်အမျိုးသား၊ တိုင်ရာအမျိုးသားတို့ကို စားနပ်ရိက္ခာနှင့်ဆီကိုပေး၍ သစ်ကတိုးသားများကို လက်ဘနွန်တောမှ ယုပ္ပေမြို့အရောက် မျှောချစေ၏။
အကျွန်ုပ်တို့သည် ယုဒပြည်ရှိ ကြီးမြတ်တော်မူသောဘုရားသခင်၏အိမ်တော်သို့ ရောက်ခဲ့ကြောင်း၊ ထိုအိမ်တော်ကို ကျောက်တုံးကြီးများနှင့်ဆောက်ထားပြီး နံရံတွင်သစ်သားများထည့်ထားကြောင်း၊ သူတို့သည် အားကြိုးမာန်တက်လုပ်ဆောင်သဖြင့် သူတို့၏အလုပ်သည် အထမြောက်အောင်မြင်လျက်ရှိကြောင်းကို အရှင်မင်းကြီးအား သိစေပါ၏။
ဗိမာန်တော်ကို လှပသောကျောက်တုံးများမှစ၍ လှူဒါန်းထားသောဝတ္ထုပစ္စည်းများဖြင့် တန်ဆာဆင်ထားကြောင်း လူအချို့တို့ကပြောဆိုနေကြ၏။