သင်သည် သက်တမ်းစေ့နေပြီးမှ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင့်ရင်သွေးဖြစ်သော သင့်သားဦးတစ်ဦးကို ငါချီးမြှောက်မည်။ သူ့နိုင်ငံကိုလည်း ငါတည်မြဲစေမည်။
၄ ရာ 10:35 - မြန်မာ့စံမီသမ္မာကျမ်း ယေဟုမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ရှမာရိမြို့တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယောခတ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။ Common Language Bible ယေဟုကွယ်လွန်သောအခါသူ၏အလောင်း ကိုရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက် သူ၏သားတော်ယောခတ်သည် သူ့ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်း တက်လေသည်။- Garrad Bible ယေ ဟု မင်း သည် ရှ မာ ရိ မြို့၌ ဣ သ ရေ လ နိုင် ငံ ကို နှစ် ဆယ့် ရှစ် နှစ် စိုး စံ ပြီး မှ ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက် ရှ မာ ရိ မြို့ တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင် သား တော် ယော ခတ် သည် အ ရိုက် အ ရာ၌ နန်း စံ လေ ၏။ Judson Bible ယေဟုသည် ရှမာရိမြို့၌မင်းပြု၍၊ ဣသရေလနိုင်ငံကို နှစ်ဆယ်ရှစ်နှစ်စိုးစံပြီးမှ၊ ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ယောခတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။ |
သင်သည် သက်တမ်းစေ့နေပြီးမှ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင့်ရင်သွေးဖြစ်သော သင့်သားဦးတစ်ဦးကို ငါချီးမြှောက်မည်။ သူ့နိုင်ငံကိုလည်း ငါတည်မြဲစေမည်။
သို့မဟုတ်လျှင် အကျွန်ုပ်၏သခင်အရှင်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်ပြီးနောက်တွင် အကျွန်ုပ်နှင့် အကျွန်ုပ်၏သားရှောလမုန်သည် ရာဇဝတ်သားများ ဖြစ်ရပါလိမ့်မည်”ဟု လျှောက်တင်လေ၏။
ယေရောဗောင်မင်းကြီးသည် နှစ်ဆယ့်နှစ်နှစ်နန်းစံပြီး ဘိုးဘေးတို့နှင့်အတူအိပ်ပျော်သွား၏။ သူ၏သားတော်နာဒပ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
ရောဗောင်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ဘိုးဘေးတို့နှင့်အတူ သူ့ကိုဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။ မယ်တော်ကား အမ္မုန်အမျိုးသမီး နေမအမည်ရှိ၏။ ရောဗောင်မင်းကြီး၏သားတော်အဘိယံသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။
ထာဝရဘုရားက ယေဟုအား “သင်သည် ငါ့ရှေ့၌ ဖြောင့်မတ်မှန်ကန်စွာ ပြုလေပြီ။ အာဟပ်မင်းမျိုးမင်းနွယ်ကို ငါပြုစေလိုသည့်အတိုင်း သင်ပြုသောကြောင့် သင်၏သားစဉ်မြေးဆက်လေးဆက်တိုင်တိုင် အစ္စရေးရာဇပလ္လင်ပေါ်တွင် စံမြန်းရလိမ့်မည်”ဟု မိန့်တော်မူ၏။
ကျန်ရှိနေသော ယေဟုမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအမှုများ၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံများကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ယေဟုမင်းကြီးသည် ရှမာရိမြို့တွင် အစ္စရေးလူမျိုးကို နှစ်ဆယ့်ရှစ်နှစ်တိုင်တိုင် အုပ်စိုးလေ၏။
အာခဇိမင်းကြီး၏သားတော် ယုဒဘုရင်ယောရှမင်းကြီး နန်းစံနှစ်ဆယ့်သုံးနှစ်တွင် ယေဟုမင်းကြီး၏သားတော် ယောခတ်သည် အစ္စရေးပြည်၌နန်းတက်ပြီး ရှမာရိမြို့တွင်တစ်ဆယ့်ခုနစ်နှစ် စိုးစံ၏။
ယောခတ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယောရှသည် သူ့အရိုက်အရာကို ဆက်ခံ၏။