ဗာလကျောက်တိုင်ကို ဖြိုဖျက်ပစ်ပြီး ဗာလဝတ်ကျောင်းကိုလည်း ဖြိုဖျက်ကာ ထိုနေရာကို အလေးအပေါ့စွန့်ရာနေရာအဖြစ် ယနေ့တိုင် ထားရှိလေ၏။
၄ ရာ 10:28 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ယေဟုသည် ဗာလဘုရားကို အစ္စရေးပြည်ထဲမှ ဖယ်ရှားပစ်လေ၏။ Common Language Bible ဤကားဗာလဘုရားအားကိုးကွယ်မှုကို ဣသရေလပြည်တွင်ပယ်ရှားခဲ့ပုံပင်ဖြစ်၏။- Garrad Bible ယေ ဟု မင်း သည် ဗာ လ နတ် ကို ဣ သ ရေ လ ပြည် မှ ပယ် ရှား လေ ၏။ Judson Bible ထိုသို့ယေဟုသည် ဗာလကို ဣသရေလပြည်မှ ပယ်ရှားဖျက်ဆီးလေ၏။ |
ဗာလကျောက်တိုင်ကို ဖြိုဖျက်ပစ်ပြီး ဗာလဝတ်ကျောင်းကိုလည်း ဖြိုဖျက်ကာ ထိုနေရာကို အလေးအပေါ့စွန့်ရာနေရာအဖြစ် ယနေ့တိုင် ထားရှိလေ၏။
သို့သော် ယေဟုသည် အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သား ယေရောဗောင်ပြုသောအပြစ်တည်းဟူသော ဗေသလမြို့နှင့် ဒန်မြို့ရှိ နွားသငယ်ရုပ်တို့ကို မစွန့်ဘဲနေ၏။
သူသည် ဗာလဘုရားပွဲနေ့များ၌ နံ့သာပေါင်းကိုမီးရှို့၍ နှာကွင်းနှင့် လက်ဝတ်ရတနာကိုဆင်မြန်းလျက် ချစ်သူများနောက်သို့လိုက်ပြီး ငါ့ကိုမေ့လျော့သည့်အတွက် သူ့အား ငါဒဏ်ခတ်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။