ကြည့်ပါ။ အစ္စရေးစစ်သူရဲခြောက်ဆယ်တို့နှင့် ခြံရံထားသော ရှောလမုန်မင်းကြီး၏ဝေါယာဉ်ပါတကား။
၃ ရာ 9:22 - မြန်မာ့စံမီသမ္မာကျမ်း ရှောလမုန်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကို ကျွန်အဖြစ်မထားရှိဘဲ စစ်သူရဲများ၊ မင်းမှုထမ်းများ၊ အကြီးအကဲများ၊ တပ်မှူးများ၊ ရထားမှူးများ၊ မြင်းစီးသူရဲများအဖြစ် ထားရှိ၏။ Common Language Bible ရှောလမုန်သည်ယုဒအမျိုးသားတို့ကိုမူ ကျွန်ခံစေတော်မမူ။ သူတို့သည်စစ်သူရဲ များ၊ မှူးမတ်များ၊ စစ်ရထားမှူးများနှင့် မြင်းစီးသူရဲများအဖြစ်ဖြင့်အမှုထမ်း ရကြလေသည်။ Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ ကို မ ဖွဲ့ ဘဲ ရဲ မက် တော်၊ ကျေး ကျွန် သင်း ပင်း၊ မှူး တော်၊ မတ် တော်၊ စစ် ကဲ၊ ရ ထား တပ် ဗိုလ်၊ မြင်း တပ် ဗိုလ် ရာ ထူး များ တွင် သာ ခန့် ထား လေ ၏။ Judson Bible ဣသရေလအမျိုးသားတို့ကိုကား၊ ရှောလမုန်သည် ကျွန်မခံစေ။ စစ်သူရဲ၊ အမှုတော်စောင့်၊ မှူးမတ်၊ စစ်ကဲ၊ ရထားတော်အုပ်၊ မြင်းတော်အုပ်အရာ၌ ခန့်ထားတော်မူ၏။ |
ကြည့်ပါ။ အစ္စရေးစစ်သူရဲခြောက်ဆယ်တို့နှင့် ခြံရံထားသော ရှောလမုန်မင်းကြီး၏ဝေါယာဉ်ပါတကား။
သင့်ထံ ကိုယ့်ကိုယ်ကိုယ် ကျွန်အဖြစ်ရောင်းလိုက်သော ဟေဗြဲအမျိုးသားချင်းတို့ကို သတ္တမနှစ်အဆုံးတွင် လွတ်မြောက်ခွင့်ပေးရမည်။ သင့်ထံ ခြောက်နှစ်အစေခံပြီးလျှင် သူ့ကိုလွတ်မြောက်ခွင့်ပေးရမည်ဟု ဆိုသော်လည်း သင်တို့၏ဘိုးဘေးတို့သည် ငါ့စကားကို နားမထောင်ကြ၊ ဂရုမစိုက်ကြ။
သင်၏အမျိုးသားချင်းတစ်ဦးသည် ဆင်းရဲသွား၍ သင့်ထံ၌ သူ့ကိုယ်သူရောင်းလျှင် သင်သည် သူ့အား ကျွန်ကဲ့သို့ မစေခိုင်းရ။