ရှောလမုန်မင်းကြီးသည် မိမိအား နှစ်ကြိမ်တိုင်တိုင် ကိုယ်ထင်ရှားပြခဲ့သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံမှ စိတ်ပြောင်းသွားသောကြောင့် ထာဝရဘုရားသည် ရှောလမုန်မင်းကြီးအား အမျက်ထွက်တော်မူ၏။
၃ ရာ 9:2 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက ဂိဗောင်မြို့၌ ကိုယ်ထင်ရှားပြခဲ့သကဲ့သို့ ရှောလမုန်မင်းကြီးအား ဒုတိယအကြိမ် ထင်ရှားပြတော်မူ၏။ Common Language Bible ထာဝရဘုရားသည်ဂိဗောင်မြို့မှာကဲ့သို့ သူ့ အားထင်ရှား၍ဗျာဒိတ်ပေးတော်မူပြန်၏။- Garrad Bible ဂိ ဗောင် မြို့၌ ထင် ရှား ခဲ့ သည့် နည်း တူ တစ် ဖန် ထာ ဝ ရ ဘု ရား ထင် ရှား ပြန် လျက် ဗျာ ဒိတ် ပေး တော် မူ သည် မှာ Judson Bible ထာဝရဘုရားသည် ဂိဗောင်မြို့၌ ထင်ရှားတော်မူသကဲ့သို့၊ ဒုတိယအကြိမ်၌ ထင်ရှားတော်မူလျက်၊ |
ရှောလမုန်မင်းကြီးသည် မိမိအား နှစ်ကြိမ်တိုင်တိုင် ကိုယ်ထင်ရှားပြခဲ့သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံမှ စိတ်ပြောင်းသွားသောကြောင့် ထာဝရဘုရားသည် ရှောလမုန်မင်းကြီးအား အမျက်ထွက်တော်မူ၏။
ဂိဗောင်မြို့၌ ထာဝရဘုရားသည် ရှောလမုန်မင်းကြီးအား ညအချိန်အိပ်မက်ထဲတွင် ကိုယ်ထင်ရှားပြတော်မူ၏။ ဘုရားသခင်က “ငါပေးရမည့်ဆုကို တောင်းလော့”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် ရှောလမုန်မင်းကြီးအား ညအချိန်ထင်ရှားပြတော်မူ၍ “သင့်ဆုတောင်းသံကို ငါနားညောင်းပြီ။ ဤနေရာကို ငါ့အဖို့ ယဇ်ပူဇော်ရာအိမ်အဖြစ် ငါရွေးချယ်ပြီ။