တစ်စုံတစ်ဦးသည် မိမိအိမ်နီးချင်းကို ပြစ်မှားမိသဖြင့် ကျိန်ဆိုစရာအကြောင်းရှိ၍ ဤအိမ်တော်ရှိ ကိုယ်တော်၏ယဇ်ပလ္လင်ရှေ့တွင် လာရောက်ကျိန်ဆိုလျှင်
``လူတစ်ယောက်သည် အခြားသူတစ်ယောက်အား ပြစ်မှားမှုနှင့်စွပ်စွဲခြင်းခံရသဖြင့် မိမိတွင် အပြစ်မရှိကြောင်းဤဗိမာန်တော်ရှိကိုယ်တော် ၏ယဇ်ပလ္လင်တော်ရှေ့၌ကျမ်းကျိန်သောအခါ၊-
လူ တစ် ဦး သည် သူ တစ် ပါး ကို ပြစ် မှား၍ သစ္စာ ဆို ရန် တာ ဝန် ရှိ သည့် အ တိုင်း ဤ ဗိ မာန် တော် တွင် ပူ ဇော် ရာ ပ လ္လင် တော် ရှေ့ ဝင် ရောက် သ စ္စာ ဆို လျှင်
လူသည် မိမိအိမ်နီးချင်းကိုပြစ်မှားသောကြောင့်၊ အကျိန်ခံရမည်ဟု အိမ်နီးချင်းဆိုလျက်၊ ဤအိမ်တော်၌ ကိုယ်တော်၏ယဇ်ပလ္လင်ရှေ့မှာ အကျိန်တိုက်လျှင်၊
ကိုယ်တော်သည် ကောင်းကင်ဘုံမှ နားညောင်းတော်မူ၍ ကိုယ်တော်၏အစေအပါးတို့အား အရေးယူစီရင်တော်မူပါ။ အပြစ်ရှိသူကို သူပြုခဲ့သည့်အပြစ်အတိုင်း ပြန်ခံရစေရန် စီရင်တော်မူပါ။ ဖြောင့်မတ်မှန်ကန်သူကိုမူ သူဖြောင့်မတ်သည့်အတိုင်း အကျိုးကိုခံစားရစေရန် စီရင်တော်မူပါ။
သို့မဟုတ်လျှင် အကျွန်ုပ်သည် ပြည့်စုံကြွယ်ဝ၍ “ထာဝရဘုရားသည် မည်သူနည်း”ဟု ဆိုလျက် ကိုယ်တော်ကိုငြင်းပယ်မိပါလိမ့်မည်။ သို့တည်းမဟုတ် အကျွန်ုပ်သည် ဆင်းရဲ၍ခိုးယူကာ အကျွန်ုပ်ဘုရားသခင်၏နာမတော်ကို ထိခိုက်မိစေပါလိမ့်မည်။
တစ်စုံတစ်ယောက်သည် ကျိန်ဆိုသံကိုကြားသော်လည်း မိမိမြင်သောအရာ၊ သိသောအရာကို သက်သေအဖြစ် ထုတ်ဖော်ပြောဆိုခြင်းမပြုလျှင် အပြစ်ပြုရာရောက်၍ သူသည် အပြစ်ဒဏ်ခံရမည်။
လူလူချင်းပြစ်မှားမိလျှင် ဘုရားသခင်သည် ထိုသူအတွက် ကြားဝင်ဖြေရှင်းပေးနိုင်၏။ သို့သော် လူသည် ထာဝရဘုရားကိုပြစ်မှားမိလျှင် မည်သူသည် သူ့အတွက် ကြားဝင်ဖြေရှင်းပေးနိုင်မည်နည်း”ဟု ဆိုဆုံးမသော်လည်း ဖခင်၏စကားကို နားမထောင်ကြ။ အကြောင်းမူကား ထာဝရဘုရားသည် သူတို့ကိုကွပ်မျက်ရန်အလိုရှိတော်မူ၏။