အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၃ ရာ 8:26 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အို အစ္စရေး​လူမျိုး​၏​ဘုရားသခင်​၊ ကိုယ်တော်​၏​အစေအပါး အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား မိန့်ဆို​ခဲ့​သည့်​ကတိ​တော်​ကို ယခု အမှန်​ဖြစ်လာ​စေ​တော်မူ​ပါ​။

အခန်းကိုကြည့်ပါ။

Common Language Bible

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​၏​ခ​မည်း​တော်​ကိုယ် တော့်​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​တော်​မူ​သည့် ကတိ​တော်​ကို အ​ကောင်​အ​ထည်​ပေါ်​စေ​တော် မူ​ရန်​လျှောက်​ထား​ပါ​၏။''

အခန်းကိုကြည့်ပါ။

Garrad Bible

အို ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ကျွန် တော် ရင်း ခ မည်း တော် ဒါ ဝိဒ် မင်း အား မိန့် ဖူး သော ဗျာ ဒိတ် ကို ယ ခု တည် မြဲ စေ တော် မူ ပါ။

အခန်းကိုကြည့်ပါ။

Judson Bible

အို ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန် အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်​အား မိန့်​တော်​မူ​သော​စ​ကား​တော်​ကို ယ​ခု​ပြည့်​စုံ​စေ​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။



၃ ရာ 8:26
14 ပူးပေါင်းရင်းမြစ်များ  

“​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၊ အထက်​ကောင်းကင်​၊ အောက်​မြေကြီး​ပေါ်တွင် ကိုယ်တော်​နှင့်​တူ​သော​ဘုရား​မ​ရှိ​ပါ​။ ရှေ့​တော်​၌ စိတ်နှလုံး​အကြွင်းမဲ့​လိုက်လျှောက်​သော ကိုယ်တော်​၏​အစေအပါး​တို့​အား ကရုဏာ​တော်​ကို ပြ​တော်မူ​ပြီ​။ ပဋိညာဉ်​ကို တည်​စေ​တော်မူ​ပြီ​။


အကယ်စင်စစ် ဘုရားသခင်​သည် ဤ​မြေကြီး​ပေါ်တွင် ကိန်းဝပ်​တော်မူ​မည်လော​။ ကြည့်ရှု​လော့​။ ကောင်းကင်​သာမက အမြင့်ဆုံးသောကောင်းကင်ကြီး​ပင် ကိုယ်တော်​နှင့်​မ​ဆံ့​နိုင်​ပါ​။ သို့ဖြစ်၍ အကျွန်ုပ်​ဆောက်ထား​သော​ဤ​အိမ်​တော်​ကား အဘယ်ဆိုဖွယ်​ရာ​ရှိ​ပါ​လိမ့်​မည်နည်း​။


အို ထာဝရဘုရား​၊ ယခုမှာ ကိုယ်တော့်​အစေအပါး​အတွက်​၊ ကိုယ်တော့်​အစေအပါး​၏​အမျိုးအနွယ်​အတွက် ကိုယ်တော်​ထား​တော်မူ​သော​ကတိ​တော်​ကို အစဉ်​တည်​စေ​တော်မူ​ပါ​။ ကတိ​တော်​အတိုင်း​လည်း ပြု​ပေး​တော်မူ​ပါ​။


ယခုမှာ အို ဘုရားသခင်​ထာဝရဘုရား​၊ မြေမှုန့်​ကဲ့သို့ များပြား​လှ​သော​လူ​တို့​ကို အကျွန်ုပ်​အား အုပ်စိုး​စေ​တော်မူ​ပြီ​ဖြစ်၍ အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား ပေး​ထား​သော​ကတိစကား​တော်​သည် တည်​ပါစေသော​။


ကိုယ်တော်​ကို​ကြောက်ရွံ့​ခြင်း​ရှိ​စေရန် ကိုယ်တော်​၏​ကတိ​တော်​ကို ကိုယ်တော်​၏​အစေအပါး​၌ ပြည့်စုံ​စေ​တော်မူ​ပါ​။


ကိုယ်တော်​၏​အစေအပါး​အား မိန့်​တော်မူ​သော​နှုတ်ကပတ်တော်​ကို အောက်မေ့​တော်မူ​ပါ​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို ထို​နှုတ်ကပတ်တော်​၌ မျှော်လင့်ကိုးစား​စေ​ပါ​၏​။


အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​သည် ထာဝရ​ကာလ​မှ ထာဝရ​ကာလ​တိုင်အောင် မင်္ဂလာရှိ​ပါစေသော​။ အာမင်​နှင့် အာမင်​။


အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ကို ဖူးမြင်​ကြ​၏​။ ခြေ​တော်​အောက်​၌ ကောင်းကင်​ကဲ့သို့​ကြည်လင်​သော နီလာ​ကျောက် ခင်း​ထား​သကဲ့သို့​ဖြစ်​၏​။


ဆင်းရဲ​နွမ်းပါး​သော​သူ​တို့​သည် ရေ​ကို​ရှာ​ကြ​၏​။ ရေ​မ​ရှိ​သောကြောင့် သူ​တို့​သည် ရေငတ်​၍ အာခေါင်​ခြောက်ကပ်​သောအခါ ငါ​ထာဝရဘုရား​သည် သူ​တို့​ကို​ထူး​မည်​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင် ငါ​သည် သူ​တို့​ကို စွန့်ပစ်​မည်​မ​ဟုတ်​။


ငါ​သည် သင့်​ကို အမည်​ဖြင့်​ခေါ်​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား ဖြစ်​တော်မူ​ကြောင်း​ကို သင်​သိရှိ​စေရန် အမှောင်​ထဲမှ​ဥစ္စာဘဏ္ဍာ​၊ လျှို့ဝှက်​သော​အရပ်​မှ​ဝှက်ထား​သော​ဘဏ္ဍာ​တို့​ကို သင့်​အား​ငါ​ပေး​မည်​။


ဤသို့ဖြင့် သင်​တို့​၏​ဘိုးဘေး​တို့​အား နို့​နှင့်​ပျားရည်​စီး​သော​ပြည်​ကို​ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သော​ကတိ​ကို​တည်​စေ​နိုင်​ခဲ့​ပြီး ယနေ့ ထိုကဲ့သို့​ဖြစ်​လေ​ပြီ”​ဟု မိန့်​တော်မူ​၏​။ ထိုအခါ ငါ​က “​အို ထာဝရဘုရား​၊ အာမင်​”​ဟု လျှောက်​လေ​၏​။


ဧလိ​က “​ငြိမ်ဝပ်​စွာ​သွား​လော့​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​သည် သင်​တောင်းလျှောက်​သော​ဆု​ကို ပေးသနား​တော်မူ​ပါစေသော​”​ဟု ဆို​၏​။