တွန်းလှည်းတစ်ခုစီတွင် ကြေးနီဘီးလေးဘီးစီနှင့် ကြေးနီဝင်ရိုးများပါရှိ၏။ ထောက်တိုင်လေးတိုင်သည် အင်တုံအောက်၌ ထောက်ထား၏။ ထိုအင်တုံကိုထောက်ထားသောတိုင်တစ်တိုင်စီတွင် ကနုတ်ပန်းများ သွန်းလုပ်ထား၏။
၃ ရာ 7:34 - မြန်မာ့စံမီသမ္မာကျမ်း တွန်းလှည်းတစ်ခုစီ၏ထောင့်လေးထောင့်တွင် ထောက်တိုင်လေးတိုင်ပါရှိ၏။ ထောက်တိုင်တို့သည် လှည်းနှင့်တစ်သားတည်းဖြစ်၏။ Common Language Bible လှည်းအိမ်အောက်ပိုင်းထောင့်လေးထောင့်၌ လှည်း နှင့်တစ်ဆက်တည်းသွန်းလုပ်ထားသောထောက် တိုင်လေးခုရှိ၏။- Garrad Bible အောက် ခံ လေး ထောင့်၊ တစ် ထောင့် တစ် ထောင့်၌ တစ် ဆက် တည်း သွန်း လုပ် သော ခ နောက် ရှိ၏။ Judson Bible ခုံလေးထောင့်၌ တစ်စပ်တည်းသွန်းသော ပခုံးလေးခုရှိသဖြင့်၊ |
တွန်းလှည်းတစ်ခုစီတွင် ကြေးနီဘီးလေးဘီးစီနှင့် ကြေးနီဝင်ရိုးများပါရှိ၏။ ထောက်တိုင်လေးတိုင်သည် အင်တုံအောက်၌ ထောက်ထား၏။ ထိုအင်တုံကိုထောက်ထားသောတိုင်တစ်တိုင်စီတွင် ကနုတ်ပန်းများ သွန်းလုပ်ထား၏။
ဘီးများကို ရထားဘီးကဲ့သို့ သွန်းလုပ်ထား၏။ ဝင်ရိုးတံများ၊ ဘီးခွေများ၊ ထောက်တိုင်များ၊ ဝင်ရိုးအုံများအားလုံးကို ကြေးနီနှင့်သွန်းလုပ်ထား၏။
တွန်းလှည်း၏အပေါ်ဘက်တွင် တစ်ထွာခန့်ထူသောခွေဖြင့် ကွပ်ထား၏။ တွန်းလှည်းအပေါ်ဘက်ရှိ လက်ကိုင်များသည် ဘောင်များနှင့် တစ်သားတည်းသွန်းထား၏။